19/07/2023
အချစ်တော် ခွေးလေးတွေ သက်တမ်းပြည့်နေနိုင်စေဖို့
အထူးသတိပြုသင့်သော မွှားမှတစ်ဆင့် ကူးစက်နိုင်သော Ehrlichiosis ရောဂါ ☣️☣️
Ehrlichiosis ရောဂါဆိုတာ ဘာလဲ ❓️
■ Ehrlichia Organism ကူးစက်ခံရသော မွှားကောင် အကိုက်ခံရတဲ့ ခွေးလေးတွေမှာတွေ့ရှိရတဲ့ ဘက်တီးရီးယားရောဂါတစ်မျိုးပါ
အခုနှစ်ပိုင်း မြန်မာနိုင်ငံက ခွေးလေးတွေ
ရဲ့ အသက်ကို နှုတ်ယူနေသော အလွန်ကြောက်ဖို့ကောင်းတဲ့ ဘက်တီးရီးယား ရောဂါဖြစ်ပါတယ်.
Ehrlichiosis ရောဂါ လက္ခဏာတွေက ဘာတွေလဲ ❓️
● ခြေလက်များ ရောင်ရမ်းခြင်း
● ကိုယ်အလေးချိန်ကျခြင်း
● မကြာခဏ ဖျားခြင်း
● အားအင်ချိနဲ့ နှုံးနေခြင်း
● သွေးအားနည်းခြင်း
● သွေးယို/သွေးမတိတ်ခြင်း
● မျက်စီသွေးကြောပေါက်ခြင်း
● မျက်စီကွယ်ခြင်း
● အာရုံကြောများဆိုင်ရာ ပြသနာများဖြစ်ခြင်း
Ehrlichiosis ဘက်တီရီယားတွေဟာ
ခွေး၏ ရိုးတွင်း ခြင်ဆီ သွေးဆဲလ်များ စားသုံးပြီး သွေးဖြူဥများနှင့် သွေးနီဥများ ကို လျော့နည်းလာစေပြီး အထက်ပါ လက္ခဏာတွေကို ဖြစ်လာစေတယ် ။ ရောဂါလက္ခဏာများဟာလည်း ရောဂါပြင်းထန်လာမှသာ ဖြစ်ပေါ်လာတာကြောင့် အထူးသတိထားသင့်သော ရောဂါတစ်ခုဖြစ်ပါတယ် ။
Ehrlichiosis ရောဂါ ခံစားနေရတာကို
ဘယ်လိုသိရှိနိုင်မလဲ❓️
✅️ နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းတွေမှာ စစ်ဆေးနိုင်ပြီး မွှားကိုက်ခံရဖူးသောခွေးလေးတိုင်း စစ်ဆေးသင့်ပါတယ် ။
Ehrlichiosis ရောဂါက ကုသလိုရပါသလား ❓️
✅️ ဟုက် ရပါတယ်
အရေးကြီးဆုံးအချက်က ရောဂါအခြေအနေမပြင်းထန်ခင် ကြိုတင်သိရှိလက်ဦးကာ ကုသမှုခံယူခြင်း ဖြစ်ပါတယ်
Ehrlichiosis ရောဂါကို ဘယ်လိုကာကွယ်မလဲ ❓️
အကောင်းဆုံးနှင့်တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ခွေးလေးကို 12 လ တစ်နှစ်ပတ်လုံး မွှား မကိုက်ခံရစေဖို့ပါပဲ ။ သင့်ခွေးလေး၏ ဆရာဝန်ဖြင့်တိုင်ပင်ကာ မွှား အန္တရာယ်ကို ကာကွယ်ထားလိုက်ပါ ။
Ehrlichiosis ရောဂါကာကွယ်ဖို့ လိုက်နာရမှာက
✅️""" သင့်ခွေးလေးကို မွှားမကိုက်ခံရအောင်ထားပါ """
✅️"""မွှားကိုက်ခံရတာနဲ့ဆေးစစ်ပါ"""
မိုးရာသီတွင် မွှားများပေါများလာသည့် အတွက် မွှားမှတဆင့် ကူးစက်တတ်သော Ehrlichiosis ရောဂါကို ပို၍သတိထားသင့်ပါသည်။
မိမိအချစ်တော်လေးများနှင့် ကျန်းမာပျော်ရွှင်စွာ
ဘဝကို ဖြတ်သန်းနိုင်ပါစေ