Bago GSD Kennel Myanmar

Bago GSD Kennel Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bago GSD Kennel Myanmar, Pet service, Bago.

15/04/2024

တစ်နေ့တစ်ခြားအရွယ်ရောက်လာတဲ့ ကလေးတွေ ချစ်ဖို့ကောင်းချက်🥰🥰🥰

အရွယ်ရောက်ပြီဖြစ်တဲ့ ချစ်သမီးလေး😍😍😍
13/04/2024

အရွယ်ရောက်ပြီဖြစ်တဲ့ ချစ်သမီးလေး😍😍😍

ချစ်စရာကောင်းတဲ့ သားကြီးနဲ့ သမီးလေး
21/02/2024

ချစ်စရာကောင်းတဲ့ သားကြီးနဲ့ သမီးလေး

ငြိမ်ဆေးကြွေးထားတာ🤣🤣🤣
09/02/2024

ငြိမ်ဆေးကြွေးထားတာ🤣🤣🤣

German Shepherd Dogအကြောင်းအရင်ဆုံး talent ဖော်ပြပါရစေ😇 #တာဝန်အမျိုးမျိုးထမ်းဆောင်နိုင်ပါတယ် #လေးစားအထင်ကြီးစရာကောင်းတဲ့...
10/01/2024

German Shepherd Dogအကြောင်း

အရင်ဆုံး talent ဖော်ပြပါရစေ😇
#တာဝန်အမျိုးမျိုးထမ်းဆောင်နိုင်ပါတယ်
#လေးစားအထင်ကြီးစရာကောင်းတဲ့အသွင်အပြင်ရှိပါတယ်
#သစ္စာရှိသောအဖော်မွန်ဆိုတာပြောစရာလိုမယ်မထင်
#အားကစားစွမ်းရည်လည်းပြနိုင်ပါတယ်နော်
#လျင်မြန်စွာလေ့လာသင်ယူနိုင်စွမ်းရှိခြင်း
#ခန္တာကိုယ်အရွယ်အစားကြီးမား

တို့အတူ GSDတွေဟာ အလွန့်အလွန် မှန်ကန်စွာတုန့်ပြန်နိုင်တဲ့အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရည်ရွယ်ချက်အမျိုးမျိုးနှင့် လေ့ကျင့်ပေးခဲ့ကြပါတယ်
ရဲတပ်ဖွဲ့ဝင်ခွေး အစောင့်ခွေး လူများကိုရှာဖွေကယ်တင်သောခွေး
မျက်မမြင်များအတွက် လမ်းပြခွေး စသော ကွဲပြားခြားနားသည့်တာဝန်များကိုလည်း ထမ်းဆောင်နိုင်ကြပြန်တယ်

"သမိုင်းကြောင်းကိုလည်းလေ့လာကြည့်ပါဦး"😊

အနောက်ဥရောပရဲ့ နေရာအနှံ့အပြားမှာ သိုးထိန်းခွေးအမျိုးမျိုးရှိကြပြီး သူတို့ရဲ့တာဝန်ဟာ သိုးတွေကိုစောင့်ကြည့်ရန် သိုးအုပ်ထဲမှ သီးခြားခွဲထွက်မသွားဖို့ ကာကွယ်ရန်ဖြစ်တယ် ထိုတာဝန်ဟာ အာရုံစူးစိုက်မှုအပြည့်ရှိနေရမယ် အခြားသောသိုးများ မထိန့်လန့်စေရန် ခွဲထွက်သွားတယ့်သိုးကို အုပ်စုထဲသို့ပြန်သွင်းနိုင်ရမယ်😎
ယခင်ခေတ် GSD တွေမှာတော့ ယခုခေတ်GSDတွေလို ရှည်လျားပြီး စောင်းလျှောကျသွားသည့်ကျောပြင်မရှိကြဖူးတဲ့ဗျ🤔
သူတို့က ပိုမိုမြင့်မတ်တဲ့ ပုံစံရှိတယ်
ဟိုးအရင်က Alsationလို့ဘဲလူသိများတယ်
ဂျာမနီနဲ့ပြင်သစ်နယ်မှာရှိတဲ့ Alsace ဒေသကသူတို့ရဲ့
မူလစတင်ဖြစ်ထွန်းရာဖြစ်လို့ Alsationလို့အမည်တွင်ရခြင်းပေါ့
ပထမကမ္ဘာစစ်အပြီးတုန်းက ဗြိတိန်နိုင်ငံရှိ anti Germany တွေက GSD အစား Alsationလို့ဘဲခေါ်ခဲ့ကြသတဲ့

"မျက်မှောက်ခေတ် မျိုးရိုးကိုတချက်ပြန်ရှိုး"

Belgian Shepherd တွေကို မကြာခဏမြင်တွေ့ရတက်ပေမယ့်
ဥရောပ Shepherdတွေထဲမှာ လူသိများပြီး အတွေ့ရဆုံးကတော့ GSDဘဲမဟုတ်လား😍
တဖန်ထပ်ချီးမွမ်းရရင်ဖြင့်😅 အဖော်ခွေးအနေနဲ့ GSDက အလွန်သစ္စာရှိပြီး Respondအလွန်ကောင်းကြတယ်
ဒါပေမယ့်လည်း အချို့ဂဏှာမငြိမ်တဲ့ကြောက်ရူးလေးတွေရှိတက်တယ်နော် သိဖို့😝
အထူးသဖြင့်ကတော့ ငယ်ရွယ်စဉ်ကတည်းက လုံလောက်တဲ့လေ့ကျင့်မှုမရခဲ့တဲ့ကောင်တွေပေါ့
သိုးအုပ်များရှိတဲ့ နေရာကိုရှောင်ပါ

#ကိုယ်ရည်ကိုယ်သွေး

လိုက်လျောညီထွေနေတတ်ပြီး အာရုံစူးစိုက်မှုရှိတယ်
အထီးတွေက စိတ်ဓာတ်ပိုမိုပြင်းထန်တက် တက်ကြွတဲ့ကြက်ဖဆိုသလို😆
လူစိမ်းများကိုစောင့်ကြည့်တက်ကြပါသေးတယ်
မှတ်ချက်- လူစိမ်းများရှိတဲ့အခါ ခွေးကို သတိထားကြည့်ပါရန်

#အရွယ်အစား

ပြောဖို့လိုမယ်မထင်ပေမယ့် အတိအကျသိဖို့
အမြင့် ၅၆-၆၆စင်တီ(၂၂-၂၆လက်မ)
အလေးချိန် ၂၉.၄-၃၈.၅ကီလို (၅၈-၆၅ပေါင်)
အထီးတွေဟာ ပေါင်တရာနီးပါးအထိကြီးနိုင်

#လှုပ်ရှားမှု
နေ့စဉ်လမ်းလျှောက်ပေးပါရန်
ကြိုးမပါဘဲ ခွင့်ပြုသင့် ရေကူးနိုင် ခုန်ပျံကျော်လွှားနိုင်

#အိမ်တွင်းအခြေနေ

နိုးကြားသော အစောင့်ခွေး လူ၏အဖော်မွန်ဖြစ်ရခြင်းကိုနှစ်သက်
မှတ်ချက်- ငယ်စဉ်အခါကပင် ပေါင်းသင်းဆက်ဆံတက်အောင် လေ့ကျင့်ပေးသင့်

#အပြုအမူ

လျင်မြန်စွာသင်ယူနိုင်
ဆော့ကစားရခြင်းကိုပျော်ရွှင်
လွှမ်းမိုးအနိုင်ယူလိုသော သဘာဝရှိ
မှတ်ချက်- အနိုင်ယူလိုစိတ်လျော့နည်းအောင် လေ့ကျင့်ပျိုးထောင်သင့်

#သန့်ရှင်းသပ်ရပ်ဖို့

ဘရပ်ရ်ှနှင့် အနည်းငယ်ဖြီးပေးရန်
အမွှေးရှည်မျိုးအတွက် ပိုမိုလိုအပ်
တပတ်(သို့)နှစ်ပတ်တကြ်ိမ်ဖြီးပေးရန်

#ကျန်းမာရေးပြဿနာ

တင်ပါးခွင်နေရာလွဲခြင်း
ပန်ကရိယရောဂါကြောင့် အစာချေဖျက်မှုအားနည်းပြီး ကိုယ်အလေးချိန် လျော့ကျနိုင်

ကျန်းမာသောခွေးကတော့ ခုနှစ်နှစ်မှဆယ်နှစ်အထိအသက်ရှည်နိုင်
ခန့်မှန်းချေနော်😔

"သွင်ပြင်လက္ခဏာ"

-ခွေးထီးရဲ့ခေါင်းဟာ ခွေးမထက် အဖိုသဘာဝသွင်ပြင် ပိုထင်ရှား
-နားရွက်တွေဟာ ထောင်မတ်ပြီး ဖျက်လတ်နိုးကြားသည့်ပုံရှိ
အဖျားချွန်
-အပြာရင့် အဖြူ အသည်းညိုရောင်တို့မှအပ
ကျန်အရောင်အသွေးကို ခွင့်ပြု
-ရှေ့ခြေဟာ တောင့်တင်းကြံ့ခိုင်ပြီး ခြေဖဝါးဟာ တိုပြီးကျစ်လစ်
ဖဝါးထူပြီး ခြေချောင်းများမို့မောက်

စိတ်ထားမပြောင်းဘဲ တည်ငြိမ်သောအဖော်ခွေးကိုရှာနေသူများ
ကလေးကြီးများရှိသောမိသားစု
မြို့လယ်ခေါင်မှာမနေဘဲ ကိုယ်ပိုင်ခြံဝန်းနှင့် သီးသန့်နေသူများ
အလုပ်မှစောစီးစွာ ပင်စင်ယူပြီး ခွေးနှင့်အတူလမ်းလျှောက်လိုသူများအတွက် GSDသည် အထူးသင့်လျော်သောခွေးအမျိုးအစားတမျိုးဖြစ်ပေသည်

Credit from
The Dog Selector
David Alderton
အိမ်မွေးခွေးအမျိုးစားရွေးချယ်ခြင်း
ဒေါက်တာခင်စန်းမော်
# all credit

GSD ဆိုတာ🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺GSD( Deutscher Schaferhund)GSD တွေဟာ ဂျာမဏီကနေ စပြီးပေါ်ပေါက်လာတဲ့ အလတ်စားကနေ အကြီးစားထိ အရွယ...
09/01/2024

GSD ဆိုတာ
🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺🐕‍🦺
GSD( Deutscher Schaferhund)
GSD တွေဟာ ဂျာမဏီကနေ စပြီးပေါ်ပေါက်လာတဲ့ အလတ်စားကနေ အကြီးစားထိ အရွယ်အစားရှိတဲ့ ခွေးအမျိုးအစား ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ German Shepherd Dog(ဂျာမန်သိုးထိန်းခွေး)လို့ ခေါ်ပါတယ်။ အယ်ဇေးရှင်း(Alsatian) ဆိုပြီးလည်း အင်္ဂလန်နဲ့ အိုင်ယာလန်မှာ လူသိများပါတယ်။ သူတို့ဟာ ၁၈၉၉ခုနှစ်မှာ စတင်ပြီး မျိုးစပ်ပြီးဖြစ်လာတဲ့ ခွေးမျိုးဖြစ်ပြီး သိုးအုပ်တွေကို ထိန်းကျောင်းရပါတယ်။ နောက်ပိုင်းတော့ သူတို့ရဲ့ ခွန်အားရှိမှု၊ အသိဉာဏ်မြင့်မားမှု၊ သင်ကြားရလွယ်ကူမှုနဲ့ အမိန့်နာခံမှုတွေကြောင့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ၊ စစ်ဘက်နဲ့ ရဲဘက်လုပ်ငန်းတွေ၊ Disabled ဖြစ်နေသူတွေရဲ့အကူခွေးတွေ စသည်ဖြင့် ကမ္ဘာတစ်ဝန်းမှာ အသုံးပြုလာကြပါတယ်။ သူတို့ရဲ့ ပျမ်းမျှသက်တမ်းက (၁၁)နှစ် ဖြစ်ပါတယ်။

ကိုယ်ခန္ဓာအရွယ်အစား
အမြင့်(အထီး) = ၆၀-၆၅ စင်တီမီတာ ( ၂၄-၂၆ လက်မ)
အမြင့်(အမ) = ၅၅-၆၀ စင်တီမီတာ ( ၂၂-၂၆ လက်မ)
ကိုယ်အလေးချိန် = ၃၀-၄၀ ကီလိုဂရမ် ( ၆၆-၈၈ ပေါင်)
ကိုယ်အလေးချိန် = ၂၂-၃၂ ကီလိုဂရမ် ( ၄၉-၇၁ ပေါင်)

အသိဉာဏ်
GSD တွေဟာ အသိဉာဏ်မြင့်တဲ့ခွေးတွေဖြစ်ပြီး အဲ့အတွက်လည်း ထင်ရှားပါတယ်။ Stanley Coren ရေးတဲ့ ဉာဏ်ရည်မြင့်တဲ့ခွေးစာရင်းမှာ အဆင့်(၃) ချိတ်ပါတယ်။ ( အဆင့် ၁။ Border Collies နဲ့ အဆင့် ၂ ။Poodles ) အခြားသော ခွေးမျိုးစိတ်တွေထက် အမျိုးမျိုးသောအလုပ်တွေနဲ့ ညွှန်ကြားချက်တွေကို လျင်မြန်စွာ သင်ယူနိုင်စွမ်း ရှိပါတယ်။

ပင်ကိုစရိုက်
သူတို့ဟာ လူစိမ်းတွေနဲ့ မိတ်ဆွေ ချက်ခြင်းမဖြစ်နိုင်သလို သူတို့ရဲ့သခင်ကိုလည်း ကောင်းစွာ ကာကွယ်ပေးပါတယ်။

ရန်လိုမှုနဲ့ ကိုက်ခဲနိုင်စွမ်း
ကောင်းစွာ လေ့ကျင့်ပေးထားတဲ့ သူတို့ဟာ လုံခြုံရေးအတွက် ဂုဏ်သတင်းကြီးပါတယ်။ သုတေသနပြုချက်အရ( From CDC) ၁နှစ်မှာ အမေရိကန်ရှိ လူပေါင်း (၄.၅)သန်းဟာ ခွေးကိုက်ခံရပါတယ်။ ဒါပေမဲ့ GSD တွေကြောင့် အကိုက်ခံရတဲ့ လူအရေအတွက်က အခြားခွေးတွေ အကိုက်ခံရတဲ့ အရေအတွက်ထက် နည်းပါတယ်။
National Geographic Channel မှာ ဖော်ပြတဲ့ အန္တရာယ်ရှိခွေးတွေရဲ့ ကိုက်အားကတော့-
1. GSD 1060 N (238 lbf)
2. Rottweiler 1180-1460 N (265-328 lbf)
3. Pit bull 1050 N ( 235 lbf)
4. Labrador Retriever 1000 N ( 230 lbf)

အသုံးဝင်ပုံ
ရဲဘက်- ရာဇဝတ်ကောင်များကို ခြေရာခံခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်သောနေရာများနှင့် သံသယဖြစ်ဖွယ်နေရာများကို ကင်းလှည့်ရှာဖွေခြင်း။
စစ်ဘက်- ကင်းထောက်တာဝန်၊ ရန်သူ၏ ထောင်ချာက်ဆင်ထားမှုများကို ရှာဖွေပေးခြင်း၊ (GSD တစ်ချို့အား လေထီးဖြင့် စစ်မြေပြင်သို့ ဆင်းသက်နိုင်သိအထိ လေ့ကျင့်ပေးထားပါတယ်) တင့်ဖျက်မိုင်းများ ရှာဖွေခြင်း။

ယနေ့မျက်မှောက်ခေတ်မှာတော့ လူသေအလောင်းရှာဖွေခြင်း၊ မူးယစ်ဆေးဝါးနဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများ ရှာဖွေရေးတွင်ပါ အသုံးပြုလာကြပါတယ်။
Crd #

Address

Bago

Telephone

+959445449637

Website

Alerts

Be the first to know and let us send you an email when Bago GSD Kennel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Services in Bago

Show All