17/09/2023
မင်းတို့တွေခွေးကျွေးမယ့်အစား လူတွေကိုကျွေးပါလားကွာ ပိုပြီးကုသိုလ်ရတာပေါ့ ....လူနဲ့ခွေးဘယ်ဟာပိုမြတ်သလည်းပြော ...
ဟုတ်ကဲ့ လူနဲ့တိရစ္ဆာန်ဆို လူကပိုမြတ်တာပေါ့ဗျာ ...ခွေးကိုကျွေးတာထက်စာရင် လူတွေကိုကျွေးမွေးအလှူပြုလုပ်တာ ပိုမြတ်တာပေါ့ ...လူလူခြင်းတူရင်တောင် သီလရှိတဲ့လူကို လှူရင်ပိုမြတ်တာပေါ့ဗျာ ..သီလရှိတဲ့လူနဲ့ ရဟန်းကို လှူရင် ရဟန်းသံဃာကိုလှူရတဲ့အလှူကပိုမြတ်တာပေါ့ဗျာ နောက်ဆုံးကုန်ကုန်ပြောရင် ရဟန္တာကိုလှူရင် ပိုတောင်မြတ်သေးတာပေါ့ ...ရဟန္တာခြင်းတူရင် တောင် နိဂျောဓ သမာပတ်က ထလာတဲ့ရဟန္တာကိုလှူရင် ပိုမြတ်တာပေါ့ဗျာ ...
ဒါတွေကို တိချစ်သူတွေ မသိတာမဟုတ်ဘူးသိတယ် ..နားမလည်တာမဟုတ်ဘူး နားလည်တယ် .,
တိချစ်သူတွေဆိုတာ ဘယ်တော့မှကုသိုလ်အကျိုးကို မမျှော်မှန်းဘူး ကြုံရင်ကြုံသလို လှူကြတဲ့သူတွေ ဒါနပြုကြတဲ့သူတွေချည်းဘဲ ...
ဆင်းရဲဒုက္ခရောက်နေကြတဲ့လူတွေကိုတွေ့ရင်လည်း ကြုံသလိုလှူတယ် ရဟန်းသံဃာတွေကိုလှူဖို့ကြုံရင်လည်း မြတ်သောအလှူကိုပြုလိုက်ကြတာဘဲ
တိရစ္ဆာန်တွေကိုတောင် ကိုယ်ချင်းစာနာစိတ်ထားပြီး လှူဒါန်းကြတယ်ဆိုရင် လူသားအချင်းချင်းနဲ့ မြတ်သော ပုဂ္ဂိုလ်တွေအတွက် မလှူဒါန်းဘဲနေပါ့မလားဗျာ ..
တိချစ်သူတွေဆိုတာ အလှူခံရဟန်းနဲ့ ဆင်းရဲသောလူ နဲ့ ဆာလောင်နေသောခွေး အတူတူတွေ့ခဲ့ရင် ..ဆာလောင်နေသော ခွေးကို ပိုပြီးဦးစားပေးပြီးကျွေးမွေးတတ်ကြတယ် ...ဘာကြောင့်လည်းဆိုတော့ တိချစ်သူတွေရဲ့ စိတ်ဟာ စွန့်လွှတ်နိုင်စွမ်းရှိကြတယ် ကိုယ်ချင်းစာတရားရှိကြတယ် မေတ္တာစိတ်ရှိကြတယ် ရောင့်ရဲတတ်ကြတယ် ..ဒါကြောင့် ထိုထိုကုသိုလ်အကျိုးတွေရှိမယ်ဆိုတာ သိတာတောင် ခွေး ကြောင် အစရှိသော တိရစ္ဆာန်များကိုသာ ပိုပြီး လှူဒါန်းတတ်ကြပါတယ် ..မြတ်သော ပုဂ္ဂိုလ်တွေကိုလှူဒါန်းလို့ရှိလာမယ် ကုသိုလ်အကျိုးထက် ဆာလောင်ချိနဲ့သော ခွေးတစ်ကောင်ကို ကျွေးမွေးခြင်းကြောင့် တိသတ္တဝါရဲ့ လက်ရှိဒုက္ခအခိုက်အတန့်အားဖြင့်ကင်းဝေးစေလိုတဲ့ စိတ် ..အဲ့ဒီကိုယ်ချင်းစာစိတ်ဟာ တိချစ်သူတွေမှာအပြည့်ရှိတတ်ကြပါတယ် ..
လူတစ်ယောက် ဆင်းရဲဒုက္ခရောက်နေလျှင်အနည်းဆုံးတော့ တောင်းရမ်းစားသောက်နိုင်သေးသည် အစာငတ်၍မသေနိုင်သေး
ရဟန်းတစ်ပါးကိုဆွမ်းမလောင်းလိုက်ရလျှင်တောင် အခြားလောင်းလှူမည့်သူများရှိနေနိုင်သေးသည်
လူသားတွေလိုအသိဥာဏ်မရှိသော တောင်းရမ်းစားသောက်ခြင်းမပြုတတ်သော ဆာလောင်ချိနဲ့နေသော ခွေးတစ်ကောင်ကိုမူ မည်သူမျှ အလေးဂရုပြု၍ကျွေးမွေးကြမည်မဟုတ်ပါ ....ထိုထိုသောအချင်းအရာများကြောင့် တိချစ်သူများသည် ဆင်းရဲဒုက္ခရောက်ဆာလောင်ချိနဲ့နေကြသော တိလေးများကို ကိုယ်ချင်းစာတရားဖြင့် ကျွေးမွေးနေကြခြင်းသာဖြစ်ပါတယ် ....
ဒါကြောင့် တိချစ်သူတွေဆိုတာကုသိုလ် လောဘကြီးသူတွေမဟုတ်ပါ ...ရောင်ရဲ့တင်းတိမ်တတ်ကြသော ကိုယ်ချင်းစာစိတ်အပြည့်ရှိကြသည့် နှလုံးလှ မေတ္တာရှင် များသာ ဖြစ်ကြသည်ဟု မှတ်ချက်ပေးချင်သည် ..။ ။
John Korner