POPPY

POPPY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from POPPY, Dog Breeder, Katha, Katha.

⛔️Stop Dog Fighting လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းမှာ ခွေးနှစ်ကောင် အသေအကြေကိုက်ကြတာကို အရသာခံပြီး ထိုင်ကြည့်နေတာမျိုးကို ဘ...
15/02/2023

⛔️Stop Dog Fighting
လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းမှာ ခွေးနှစ်ကောင် အသေအကြေကိုက်ကြတာကို အရသာခံပြီး ထိုင်ကြည့်နေတာမျိုးကို ဘယ်လိုမြင််ပါသလဲ။
Dog fight မှာ သေကြေပျက်စီးမှုမရှိလည်း ခွေးလေးတွေဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မသန်စွမ်းဘဝနဲ့ အဆုံးသတ်ရနိုင်ပါတယ်။
သက်ရှိတွေရဲ့ ဘဝကို လောင်ကြေးထပ်ပြီး ပျော်ရွှင်မှုနဲ့ ပိုက်ဆံကိုရှာဖွေတာ မတရားပါဘူး။
သက်ရှိအချင်းချင်း အပြစ်မဲ့တဲ့သူကိုစောင့်ရှောက်ဖို့သာလျှင် လောကပါလတရားနဲ့ ကိုက်ညီပါတယ်။
ခုခွေးတိုက်ပွဲပိုင်ရှင်ပို့စ်ကို report မလုပ်ပါနဲ့၊ Community Voice အနေနဲ့ သက်ဆိုင်ရာမြင်နိုင်ဖို့ public နဲ့ မိမိ wall ပေါ်မှာ ပြန်တင်ပေးပါ။

Stop dog fighting campaign မှာပါဝင်ဖို့ ခုဒီစာနဲ့ ပုံကို မိမိ wall ပေါ်မှာ copy& paste လုပ်ပြီး hash tag နဲ့အတူ မိမိသည် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကို လက်မခံကြောင်း ပြပေးပါ။

ခွေး ၂ ကောင် ကိုက်ခိုင်းပြီး အလောင်းအစားပွဲလုပ်သူကို ဝေဖန်မှုများမြင့်တက်နေ
=================

ကီရာ

မဇ္ဈိမ။ ။ Thu Yeinn ဆိုသည့် ဖေ့ဘွတ်စ်အကောင့် တစ်ခုမှ ခွေးနှစ်ကောင်ကို ကိုက်ခိုင်းပြီး အလောင်းအစားပွဲပြုလုပ်နေသည့်အပေါ် လူမှုကွန်ရက်တွင် လူအများမှ ပြစ်တင်ဝေဖန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။

Thu Yeinn ဆိုသည့်အကောင့်ပိုင်ရှင်သည် လွန်ခဲ့သည့် သုံးရက်က ၎င်းပိုင်ဆိုင်သည့် မောင်ဇိုးဟု အမည်ပေးထားသော ခွေးတစ်ကောင်ကို လည်ပင်းကြိုးအထိန်းဖြင့် လူတစ်ဦးက ဆွဲထားပြီး တခြားခွေးတစ်ကောင်ဖြင့် ကိုက်နေသည့် ဗီဒီယိုကို တင်ခဲ့ရာမှ လူအများမှ ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင် "မောင်ဇိုးရဲ့ သွေးပူစမ်းတဲ့ လမ်းဘေးတိုက်ပွဲလေးပါ ။ မောင်ဇိုးရဲ့ တိုက်ခိုက်ပုံကတော့ ချက်ကောင်းကို အမိအရခဲပြီး မေးရိုးကတော့ လော့ခ်ကျသလို ပြန်မလွှတ်တော့ပါဘူး"ဆိုသည့် စာသားကိုလည်း ရေးထားသည်ကို တွေ့ရသည်။

" နင်တို့ ပိုင်ရှင်နှစ်ကောင် ကိုက်ကြပါလား၊ မန်ဘာကြေးပေးပြီး ကြည့်မယ်လေ ၊ ပိုင်ရှင်နှစ်ကောင် ကိုက်တဲ့ပွဲအရင်လုပ်ပေး ၊ အောက်တန်းစားပိုင်ရှင်အချင်းချင်းပဲ ကိုက်ကြပါလား၊ မန်ဘာကြေး ငါးဆလောက်ပေးပြီး ကြည့်မယ် အစရှိသည့် ကွန်မန့်များကို ရေးသားထားကြပြီး အဆိုပါဖြစ်စဉ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများမှ ဝေဖန်မှုများ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

ယင်းဗီဒီယိုကြောင့် ယခုလိုဝေဖန်ပြစ်တင်မှုများ မြင့်တက်နေသော်လည်း ဖေဖော်ဝါရီ ၁၄ရက်က ခွေးနှစ်ကောင်ကိုက်သည့်ပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ကြည့်ရှုလိုသူများအတွက် မက်ဆင်ဂျာဂရုဖွဲ့ပေးမည်ဖြစ်ကာ ဂရုဝင်ကြေးပေး၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အလောင်းအစားလည်း ပြုလုပ်နိုင်ကြောင်း ၎င်း၏ Thu Yeinn အကောင့်မှ ဆက်လက်ကြော်ငြာထားသည်။

"ပွဲဖြစ်မြောက်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူစီစဉ်ပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ပထမဆုံးပြည်တွင်းတွဲဆိုင်းဖြစ်လို့ ဒီပွဲကိုမကြည့်လိုက်ရရင် ရင်နာစရာ နှမြောစရာကောင်းမှာကြောင့် လက်လွှတ်မခံသင့်ပါဘူး။ ကြည့်ရှုလိုသူများ စာရင်းကြိုတင်သွင်းကြပါ။ မက်ဆင်ဂျာဂရုရှိပါတယ်။ အဖွဲ့ဝင်ကြေး ရှိပါမယ်။ ကြည့်ရှုသူအချင်းချင်း အပျော်တမ်းလောင်းကြေးထပ်ခွင့်ပေးပါမယ်"ဟု ရေးသားကြော်ငြာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#ဖေ့ဘွတ်စ်အကောင့်
#ခွေးနှစ်ကောင်

#အလောင်းအစား

13/02/2023

ခြံထဲသွားချင်လို့လာခေါ်နေတဲ့ရုပ်ပါ
အဲ့တိုင်းကြီးထိုင်ကြည့်နေတာ

17/12/2022

အိပ်ခါနည်းဆိုဒီအမေစိတ်ညစ်ရပါပီ😢

16/12/2022

😁😁

24/11/2022

ခဏလောက်အိပ်ပါရစေမားရယ်🥴

23/11/2022

🐹-မားရေ
👸-အင်း
🐹-အဲ့ရန်ပွဲpoppyသွားမှဖြစ်မှာနော်🙄

23/11/2022

စိတ်ကောက်ခြင်းနည်းပညာ

19/11/2022

❤️❤️❤️

Address

Katha
Katha
69960011

Telephone

+959455030112

Website

Alerts

Be the first to know and let us send you an email when POPPY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category