ပိုင် တိရစ္ဆာန်ဆေးကုခန်း

  • Home
  • Myanmar
  • Lewe
  • ပိုင် တိရစ္ဆာန်ဆေးကုခန်း

ပိုင် တိရစ္ဆာန်ဆေးကုခန်း May be always for your pet.

01/03/2025
01/03/2025

🐕‍🦺🐕‍🦺ဆေးခန်းရှေ့က ဖြတ်သွားတဲ့ ကလေးတစ်ကောင် canine Pro ခွေးစာ ကျွေးပြီး ကုသိုလ်ပြု
Pro
#ခွေးစာ
ပိုင် တိရစ္ဆာန်ဆေးကုခန်း

အရည် အသွေး ကောင်း မွန်ပြီး ခွေး၊ ကြောင် လေးတွေ အရမ်းကြိုက်တဲ့ ခွေးစာ ကြောင်စာ များလည်း ရရှိနိုင်ပါတယ်ရှင့်📌အဟာရပြည့်ဝစွာ...
01/03/2025

အရည် အသွေး ကောင်း မွန်ပြီး ခွေး၊ ကြောင် လေးတွေ အရမ်းကြိုက်တဲ့ ခွေးစာ ကြောင်စာ များလည်း ရရှိနိုင်ပါတယ်ရှင့်

📌အဟာရပြည့်ဝစွာ ပါ ရှိ ခြင်း

📌အရေပြားနှင့် အမွေးများ ကျန်းမာသန်းစွမ်း တောက် ပြောင်စေခြင်း

📌အရိုးများ ကျန်းမာ၊ ကြံ့ခိုင်ခြင်း

bee 🐝 နဲ့ မျက်နှာချင်းဆိုင်၊ ရုံးလမ်း၊ အမှတ်(၄)ရပ်ကွက်လယ်ဝေးမြို့
#ပိုင်တိရစ္ဆာန်ဆေးကုခန်း

🌺လယ်ဝေး မြို့မှ တိချစ်သူ🐶🐱ဖေဖေ၊ မေမေ တို့ အတွက် 🌺ပိုင် တိရစ္ဆာန် ဆေးကုခန်း 🏥🦮🐈ကို🌎ရုံးလမ်း၊ အမှတ် (၄) ရပ်ကွက်၊ လယ်ဝေးမြိ...
25/02/2025

🌺လယ်ဝေး မြို့မှ တိချစ်သူ🐶🐱ဖေဖေ၊ မေမေ တို့ အတွက်
🌺ပိုင် တိရစ္ဆာန် ဆေးကုခန်း 🏥🦮🐈ကို
🌎ရုံးလမ်း၊ အမှတ် (၄) ရပ်ကွက်၊ လယ်ဝေးမြို့ မှာ 📆၂၅. ၂. ၂၀၂၅ အင်္ဂါနေ့မှ စတင်၍ ဖွင့်လှစ်လိုက်ပါပြီရှင့်။
💕ဆေးခန်းဖွင့်တဲ့ အထိမ်းအမှတ် အနေ နဲ့
💉ကာကွယ်ဆေးလာထိုးသော ခွေး၊ ကြောင် လေးများအား သန်ချဆေး 💊အခမဲ့ တိုက်ကျွေးပေးခြင်း အပြင်
🩺အထွေထွေရောဂါကုသခြင်း နှင့်
🔪ခွဲစိတ်ကုသခြင်းများ အတွက် 📌၂၀% discount ကို ၂၅. ၂. ၂၀၂၅ မှ ၆. ၃. ၂၀၂၅ ထိ (၁၀) ရက်တိုင်တိုင် ပြုလုပ်ပေးသွား မှာ ဖြစ်ပါတယ်ရှင့်။ 💞

✳ သားအိမ်ပြည်တည်နာ ခွဲစိတ်ကုသပေးခြင်း ✳  📢📢📣 ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ ⛔ သားလျောခြင်း ⛔ သာ...
28/06/2024

✳ သားအိမ်ပြည်တည်နာ ခွဲစိတ်ကုသပေးခြင်း ✳

📢📢📣 ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ
⛔ သားလျောခြင်း
⛔ သားအိမ်ပြည်တည်နာဖြစ်ခြင်း
⛔ နို့အကျိတ်ကင်ဆာဖြစ်ခြင်း
⛔ အဝလွန်ခြင်း
⛔ အရေပြားရောဂါများဖြစ်ပေါ်ခြင်း
⛔ အသက်သေဆုံးခြင်းများ ဖြစ်ပေါ်စေပါတယ်။
တားဆေး ထိုးခြင်းဟာ ကောင်းကျိုးမရှိသလို ဆိုးကျိုးပိုများစေပါတယ်။

❎❎❎📣📢တား ဆေး ထိုးခြင်းရဲ့ ဆိုး ကျိုး တစ်ခု🐈သားအိမ်ပြည်တည်နာ ခွဲ စိတ် ကုသပေးခြင်း #ငဖဲ #ပဒါန်း
06/06/2024

❎❎❎📣📢တား ဆေး ထိုးခြင်းရဲ့ ဆိုး ကျိုး တစ်ခု
🐈သားအိမ်ပြည်တည်နာ ခွဲ စိတ် ကုသပေးခြင်း
#ငဖဲ
#ပဒါန်း

The first dayof June 2024သားသား ၂ ကောင် 🥚🥚ဖြုတ် 😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ- ထိန်းချုပ်ရလွယ်ကူခြင်း- ရာသ...
01/06/2024

The first dayof June 2024
သားသား ၂ ကောင် 🥚🥚ဖြုတ်

😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ
- ထိန်းချုပ်ရလွယ်ကူခြင်း
- ရာသီချိန် လေ လွင့်သွားလာခြင်း မှကာ ကွယ်ခြင်း
- နေရာအနှံ့ ဆီးသွားခြင်းမှ ကာကွယ်ခြင်း
- ရန်လိုမှု နည်းစေခြင်း
- တစ်ကောင်နဲ့ တစ်ကောင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
- ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ခြင်း
- ကူးစက်ရောဂါများ ကူးစက်ခံရမှု နည်းပါးစေခြင်း
- လိင်မှ တဆင့်ကူးစက်သောရောဂါများမှ ကာကွယ်ပေးခြင်း
- ဟော်မုန်းကြောင့်ဖြစ်သော အရေပြားရောဂါများမှ ကာကွယ်ပေး ခြင်း စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။😊😊
#ငဖဲ
#ပဒါန်း

🐶🍏မဲတလုံး၊ ဘိုနီ၊ ဘိုကျား၊ မိကျား၊ နေညိုရီ၊ ဝိုင်းလုံ တို့အား💉💉 🐶🐶DHPPL ရောဂါ (၅) မျိုး ကာကွယ်ဆေးနှင့်ခွေးရူးပြန်ရောဂါကာ...
28/05/2024

🐶🍏မဲတလုံး၊ ဘိုနီ၊ ဘိုကျား၊ မိကျား၊ နေညိုရီ၊ ဝိုင်းလုံ တို့အား
💉💉 🐶🐶DHPPL ရောဂါ (၅) မျိုး ကာကွယ်ဆေးနှင့်
ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်း။

📣📣❇✳ မိမိတို့ ရဲ့ အသဲကျော် ပဲလှော် လေး တွေ
- ရောဂါကူးစက် မခံရစေချင်ရင်
- ရောဂါဝေဒနါ မခံစားရစေချင်ရင်
- မိမိတို့ရဲ့ ရင်ခွင်ထဲကနေ မထွက်ခွာသွားစေချင်ရင်
- မိမိ နဲ့ မိမိ မိသားစုအား ရောဂါမကူးစက်စေချင်ရင် တော့
မဖြစ်မနေ ထိုးထားဖို့ လိုပါတယ် ရှင့် ။
#ငဖဲ
#ပဒါန်း

သားသား မိုနို ကာကွယ်ဆေးတွေစုံပြီး ရေချိုးလို့ရပါ ပြီ 🐶🐶
25/05/2024

သားသား မိုနို ကာကွယ်ဆေးတွေစုံပြီး ရေချိုးလို့ရပါ ပြီ 🐶🐶

မီးမီး snow လေး ဗိုက်အပ် 😘😍
24/05/2024

မီးမီး snow လေး ဗိုက်အပ် 😘😍

🐶 ခွေးလေးတွေ အတွက် 5in 1 (ခေါ်) ရောဂါငါးမျိုးကာကွယ်ဆေး💉  က မဖြစ်မနေထိုးဖို့ လို လား❓🤔🤔 အဲဒီမေးခွန်းကို မဖြေခင် မေးခွန်း ...
22/05/2024

🐶 ခွေးလေးတွေ အတွက် 5in 1 (ခေါ်) ရောဂါငါးမျိုးကာကွယ်ဆေး💉 က မဖြစ်မနေထိုးဖို့ လို လား❓
🤔🤔 အဲဒီမေးခွန်းကို မဖြေခင် မေးခွန်း တခု ရှိပါတယ်။
လူတွေ ဘာ လို့ ကာကွယ်ဆေးကိုတီထွင်ခဲ့ကြတာလဲ❓❓
⛔၁။ အသက်သေဆုံးနိုင်လို့
⛔ ၂။ ရောဂါဝေဒနါ ပြင်းထန်စွာခံ စားရလို့
⛔ ၃။ လူကို ကူးစက်နိုင်လို့ (ကူးဆက်နှုန်းမြန်လို့)
အဓိက ဒီအချက်တွေကြောင့် ကာကွယ်ဆေးကိုတီ ထွင် ကြတာ ဖြစ်ပါ တယ်။
➡ ဒါဆို ရောဂါ (၅) မျိုး ကာကွယ်ဆေး က ဘာ ရောဂါတွေ ကာ ကွယ်နိုင်တာလဲ❓
💉 ရော ဂါ(၅) မျိုး ကာကွယ်ဆေးကို အတိုကောက် ➡DHPPL ⬅ လို့ ခေါ်ကြပါတယ်။
၁။ (Distember) ခွေးကျောက်ရောဂါ
- အသက်ရှုလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောများအဓိကတိုက်ခိုက်ပြီး အသက်သေဆုံးနိုင်ပါတယ်။
၂။ (hepatitis) အသည်းရောင် အသားဝါရောဂါ
၃။ (Parvo) သွေးဝမ်းရောဂါ
- ကူးစက်နှုန်း မြန်ပြီး ခွေးငယ်လေးတွေမှာ အသက်သေဆုံးနှုန်း များသောရောဂါဖြစ်တယ်။
၄။ (Parainfluenza) တုပ်ကွေးရောဂါ
- အသက်ရှုလမ်းကြောင်းကိုအဓိကတိုက်ခိုက်ပြီး ခွေးငယ်လေးတွေမှာ ရောဂါလက္ခဏာပြင်းထန်နိုင်တယ်။
၅။ (leptospirosis)
- လူကိုကူးစက်နိုင်တဲ့ bacteria ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တယ်။
📣📣 ငါးမျိုးစပ် ကာကွယ်ဆေး ထိုးခြင်းဖြင့် အပေါ်ကရှင်းပြခဲ့တဲ့ ရောဂါငါးမျိုးလုံးကို ကာကွယ်နိုင်ပါတယ်။
🤔ဘယ်အချိန်တွေမှာ ထိုးရလဲ❓
☑ ခွေး လေး အသက် (၄၅)ရက်သားမှစ၍ထိုးနှံရမယ်
☑ ပြီးလျှင် (၂၁) ရက်ခြားပြီး booster တစ်ကြိမ်
☑ နောက် (၂၁) ရက်ခြားပြီး booster တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် ထိုးနှံ ပြီးလျှင်
☑ တစ်နှစ် ( ၁)ကြိမ် နှစ်စဥ်ထိုးနှံသွား ရ မှာ​ဖြစ်ပါတယ်ရှင့်။
✳❇❗ ကာကွယ်ဆေး မဖြစ်မနေထိုးဖို့လိုလား ဆိုတဲ့မေးခွန်း အတွက်
🍏 မိမိတို့ ရဲ့ အသဲကျော် ပဲလှော် လေး တွေ
- ရောဂါကူးစက် မခံရစေချင်ရင်
- ရောဂါဝေဒနါ မခံစားရစေချင်ရင်
- မိမိတို့ရဲ့ ရင်ခွင်ထဲကနေ မထွက်ခွာသွားစေချင်ရင်
- မိမိ နဲ့ မိမိ မိသားစုအား ရောဂါမကူးစက်စေချင်ရင် တော့
မဖြစ်မနေ ထိုးထားဖို့ လိုပါတယ် ရှင့် ။

ခွေးရူးပြန် ရောဂါကာကွယ်ဆေးထိုးခြင်း💉💉နှင့်သန်ချခြင်း 💊💊 #ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကို အသက် ၃လမှ စတင်၍ထိုးနှံနိုင်သည်။
20/05/2024

ခွေးရူးပြန် ရောဂါကာကွယ်ဆေးထိုးခြင်း💉💉နှင့်
သန်ချခြင်း 💊💊
#ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကို အသက် ၃လမှ စတင်၍ထိုးနှံနိုင်သည်။

ကျားကျားပေါများလွန်း၍ TVT လိင်မှတဆင့်ကူးစက်သော ကင်ဆာ ရောဂါ ခံ စားနေရတဲ့ လီလီလေး ပါတားဆေး လည်း ထိုး ထားပြီးသားလျော ထားတာက...
08/04/2024

ကျားကျားပေါများလွန်း၍ TVT လိင်မှတဆင့်ကူးစက်သော ကင်ဆာ ရောဂါ ခံ စားနေရတဲ့ လီလီလေး ပါ
တားဆေး လည်း ထိုး ထားပြီးသားလျော ထားတာကြောင့် သားအိမ် ပါ ထုတ် လိုက်ပါပြီ။
ကင်ဆာ ဆေး သွင်း ပြီး ကင်ဆာရောဂါလည်း ပျောက်ကင်းသွားပါပြီ။

🐕🐈 ​ခွေး၊ ကြောင် များ အတွက် ဖြည့်စွက်စာ💊💊 (အားဆေး) များ ရရှိနိုင်ပါတယ်။
22/03/2024

🐕🐈 ​ခွေး၊ ကြောင် များ အတွက် ဖြည့်စွက်စာ💊💊 (အားဆေး) များ ရရှိနိုင်ပါတယ်။

🐕 🐩 စွာတေးမလေးမေပျိုဖြူ🐩🐕😎 မေပျိုဖြူတကောင်💉💉 တားဆေးထိုးပြီး မှ ခြံ ထဲ က လစ်ထွက်ပြီး ယောက်ျား ရသွားခဲ့ပါတယ်😔 သားအိမ်ပြည်တ...
08/03/2024

🐕 🐩 စွာတေးမလေးမေပျိုဖြူ🐩🐕
😎 မေပျိုဖြူတကောင်💉💉 တားဆေးထိုးပြီး မှ ခြံ ထဲ က လစ်ထွက်ပြီး ယောက်ျား ရသွားခဲ့ပါတယ်
😔 သားအိမ်ပြည်တည်နာ ကို close type ပုံစံ ဖြစ်နေ ခဲ့တာပါ
🙂 ပိုင်ရှင်နဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
🤔😏 အရမ်းစွာလွန်းလို့ ချုပ်ရိုးဖြေမရမှာ စိတ်ပူတာနဲ့ ချုပ်ရိုး​ဖြေစရာမလိုအောင် ချုပ်ပေးခဲ့ပါတယ်😁😉 ဘယ်လောက် ထိစွာ လည်း ဆို ခွဲစိတ်ပြီးကထဲက ကျမ ကပ် လို့ မရတော့တာပဲ
🦊ခွဲစိတ်ပြီး ၂ပတ် ကြာတဲ့အချိန်မှာ ဖလန်း ဖလန်း နဲ့ ​စွာတေးပြန်လုပ်နေပါပြီ
#တားဆေးထိုးခြင်းသည်မလိုလားအပ်သောပြဿနာများဖြစ်ပေါ်စေသည်။
#စနစ်တကျတားဆက်ခြားခြင်းများဆောင်ရွက်ပေးကြပါ။

🐶🐶🍀🍀 တောလိုက်တော်သော ညိုမ 🍀☘🍁🎋🐶🐶💉💉ညိုမ တစ်ကောင် ကလေးတွေ ပွားမှာကြောင့် ပိုင်ရှင်ကိုယ်တိုင် တားဆေးထိုး လိုက်တာ​​ဖြစ်ပါတယ်...
03/03/2024

🐶🐶🍀🍀 တောလိုက်တော်သော ညိုမ 🍀☘🍁🎋🐶🐶
💉💉ညိုမ တစ်ကောင် ကလေးတွေ ပွားမှာကြောင့် ပိုင်ရှင်ကိုယ်တိုင် တားဆေးထိုး လိုက်တာ​​ဖြစ်ပါတယ်။💉💉
🕦🕦၂လ အကြာမှာ မစားနိုင်မသောက်နိုင် အမတန်ဆာမှ အရည်တွေကျနေတာ ကြောင့်တကြောင်း
🌵🌵☘🌿🐕 တောလိုက်အင်မတန်တော်သောကြောင့် တစ်ကြောင်း ခွဲစိတ်ဖို့ ရွေးချယ်လိုက်ပါတယ်။
အခုတော့🐕 ညို မ ဟာရာသက်ပန်အပျိုကြီးဘဝရောက်သွားခဲ့ပါပြီ။
တောလိုက်တာ ဘယ်လောက်စွမ်းသလဲဆို ၂ပတ်ပြည့်လို့ချုပ်ရိုးဖြေ ဖို့ ကို တောလိုက်သွားနေတာကြောင့်
၃ပတ်ပြည့်မှ ဖြည်ခဲ့ရ ပါ တယ်
ညိုမ တစ်ကောင် တောမှာပျော်ပြီး ပိုင်ရှင်အတွက်ဟင်းစာတွေ အများကြီး ရှာပေးနိုင်ပါစေ။

သားရှင်📣📣📣 ဖေဖေ၊မေမေ များသို့📣📣📣⛔ ဖေဖေ၊ မေမေ တို့ရဲ့ သားသား လေးများ မိန်းမနောက် ကောက်ကောက်ပါအောင် လိုက်ရာမှ ထိခိုက်ဒဏ်ရာ...
26/02/2024

သားရှင်📣📣📣 ဖေဖေ၊မေမေ များသို့📣📣📣
⛔ ဖေဖေ၊ မေမေ တို့ရဲ့ သားသား လေးများ မိန်းမနောက် ကောက်ကောက်ပါအောင် လိုက်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကူးစက်ခြင်း ပိန်ချုံးချိနဲ့ကာ အိမ်သို့ ပြန် လာချိန် တွေ ကြုံနေ ရ ပြီ လား❓
⛔ သင်းကွပ် ပေးရင်လည်း ငရဲ ကြီးမှာ စိုးရိမ်နေလား❓
❇✳ ဒီလိုစိုးရိမ်နေကြတဲ့ ဖေဖေ၊ မေမေ တို့အတွက် သင်းကွပ် ခြင်းရဲ့ အကြောင်းလေးကို ဗဟုသုတ အနေ နဲ့ ပြော ပြ သွားမှာဖြစ်ပါတယ်။
😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ
- ထိန်းချုပ်ရလွယ်ကူခြင်း
- ရာသီချိန် လေ လွင့်သွားလာခြင်း မှကာ ကွယ်ခြင်း
- နေရာအနှံ့ ဆီးသွားခြင်းမှ ကာကွယ်ခြင်း
- ရန်လိုမှု နည်းစေခြင်း
- တစ်ကောင်နဲ့ တစ်ကောင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
- ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ခြင်း
- ကူးစက်ရောဂါများ ကူးစက်ခံရမှု နည်းပါးစေခြင်း
- လိင်မှ တဆင့်ကူးစက်သောရောဂါများမှ ကာကွယ်ပေးခြင်း
- ဟော်မုန်းကြောင့်ဖြစ်သော အရေပြားရောဂါများမှ ကာကွယ်ပေး ခြင်း စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
📢ဒါ ကြောင့် သားသား လေးများ ကို သင်းကွပ်ခြင်းက သူတို့လေးတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။
‼ငရဲ ကြီးမှာ လား❓ ဆိုတဲ့ မေးခွန်းကိုတော့ သားရှင် များကိုယ်တိုင်တွေးတော ဆင်ခြင်ကြ ကုန်လော့😊😊

Address

Office Street
Lewe

Telephone

+959256192956

Website

Alerts

Be the first to know and let us send you an email when ပိုင် တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပိုင် တိရစ္ဆာန်ဆေးကုခန်း:

Videos

Share

Category