Lucky Veterinary Clinic&Pet Accessories

Lucky Veterinary Clinic&Pet Accessories none

ဆေးခန်းလာပြတဲ့ patient owners များကို မေတ္တာရပ်ခံအပ်ပါတယ်ရှင် .... operation ခန်းဝင်ချိန်နှင့် အရေးပေါ်ကုသမှု များပြုလုပ...
12/05/2023

ဆေးခန်းလာပြတဲ့ patient owners များကို မေတ္တာရပ်ခံအပ်ပါတယ်ရှင် .... operation ခန်းဝင်ချိန်နှင့် အရေးပေါ်ကုသမှု များပြုလုပ်နေချိန်တွင် နောက်ထပ်လာပြသော ကလေးများကိုမကြည့်ပေးနိုင်သည့်အတွက် တောင်းပန်ပါတယ်ရှင် ...စိတ်ရှည်ရှည်နဲ့သည်းခံစောင့်ဆိုင်းပေးတဲ့ patient owners များကိုလည်း ကျေးဇူးတင်ပါတယ်နော်

19.4.2023 ကုသိုလ်ပြု အလှူလေးပါရှင့်
17/04/2023

19.4.2023 ကုသိုလ်ပြု အလှူလေးပါရှင့်

မဂ်လာအ​ပေါင်းနှင့်ပြည့်စုံ​သော နှစ်သစ်အခါသမယ ဖြစ်ပါ​စေလို့ Blooming Pet Spa မိသားစုမှ ၇ ရက်သားသမီး ထမင်းရှင် ​ကျေးဇူးရှင် အ​ပေါင်းအား နှုတ်ခွန်းဆက် ​မေတ္တာပို့သအပ်ပါသည်။
မြန်မာနှစ်ဆန်း ၃ရက်​နေ့ ၁၉.၄.၂၀၂၃ ဗုဒ္ဓဟူး​နေ့တွင်
(၁) " Blooming " Pet Spa
(၂) '' Aung " Vet Clinic
(၃) " Lucky " Vet Clinic
(၄) " သဇင် " Vet Clinic
(၅) " နွယ်သာကီ " Vet Clinic
(၆) " Dr Myat " Vet Clinic
(၇) " City Vet " Vet clinic
စသည့် တိရစ္ဆာန်​ဆေးကုခန်းများတွင် ​မိမိတို့၏ ​ခွေး​ကြောင်​လေးများအား ခွေးရူး​ရောဂါကာကွယ်​ဆေး လာ​ရောက်ထိုးနှံပါက ကုသိုလ်ဖြစ် အခမဲ့ ထိုးနှံ​ပေးမည် ဖြစ်​​ကြောင်း သတင်း​​ကောင်း ပါးအပ်ပါသည်။
[ ၁၉.၄.၂၀၂၃ ဗုဒ္ဓဟူး​နေ့ တစ်ရက်တည်းသာ ]
အထက်​ဖော်ပြပါ ​​Vet Clinic
များ၏ FB link နှင့် လိပ်စာများကို ​အောက်တွင် တစ်ပါတည်း
​ဖော်ပြထားပါသည်။ ​
နှစ်သစ်မှာ ကျန်းမာရွှင်လန်း ​ဘေးဘယာ ​ဝေးကွာ၍ စီပွားဥစ္စာတိုးတက်ကြပါ​စေရှင့် 🙏🙏🙏

https://www.facebook.com/profile.php?id=100057539705332&mibextid=ZbWKwL

https://www.facebook.com/profile.php?id=100076559443121&mibextid=ZbWKwL

https://www.facebook.com/profile.php?id=100070431386891&mibextid=ZbWKwL

https://www.facebook.com/profile.php?id=100075748582277&mibextid=ZbWKwL

https://www.facebook.com/profile.php?id=100066177409823&mibextid=ZbWKwL

Dr Thazin Myint Aung
" သဇင် " Vet Clinic
​လှော်ကားလမ်း၊ ၁၉ရပ်ကွက် ၊ ​တောင်ဒဂုံ ။

Dr ငြိမ်း​ပေါ
" နွယ်သာကီ " Vet clinic
အမှတ် ၅၂ ၊ ​မြေညီထပ် ၊မအူပင်လမ်း ၊ စမ်း​ချောင်း။

18/03/2023

ဆရာ Revo နဲ့ ဆရာ Yuki တို့ရဲ့ swimming time😍😍

🥰🥰🥰
11/03/2023

🥰🥰🥰

Winners Pet Swimming Pool & Spa ဖွင့်ပွဲကို လာရောက်အားပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်🥰🥰🥰
09/03/2023

Winners Pet Swimming Pool & Spa ဖွင့်ပွဲကို လာရောက်အားပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်🥰🥰🥰

မနက်ဖြန် မင်မင်တို့ရဲ့ Winners Pet Swimming Pool & Spa ဖွင့်ပွဲလေးလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်
08/03/2023

မနက်ဖြန် မင်မင်တို့ရဲ့ Winners Pet Swimming Pool & Spa ဖွင့်ပွဲလေးလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်

ဆရာမလေး ခရီးသွားနေစဥ်ကာလအတွင်း ဆေးခန်းပြလိုပါက ဒေါက်တာဝဏ္ဏဟန် 09751848036 သို့ ကြိုတင်ဆက်သွယ်ပေးပါရှင်
29/09/2022

ဆရာမလေး ခရီးသွားနေစဥ်ကာလအတွင်း ဆေးခန်းပြလိုပါက ဒေါက်တာဝဏ္ဏဟန် 09751848036 သို့ ကြိုတင်ဆက်သွယ်ပေးပါရှင်

27/09/2022

-Assuming that most drugs administered to the pregnant or lactating bitch or queen will
reach the offspring is prudent.

-Water-soluble drugs should be chosen when possible if therapy is necessary.

-ကိုယ်ဝန်​ဆောင် နဲ့ နို့တိုက်မိခင်​တွေကို ဆေးကုသဖို့ လိုအပ်လာတဲ့အခါမှာ သုံးလိုက်တဲ့ဆေးရဲ့အာနိသင်​တွေက က​လေးဆီကို သက်​ရောက်မှုရှိတာ​ကြောင့် ဖြစ်​ပေါ်လာမဲ့
အကျိုးဆက်​တွေကို တွက်ဆပြီး ချင့်ချိန်သုံးဖို့လိုပါတယ်။

-မဖြစ်မနေသုံးဖို့ လိုအပ်လာခဲ့ရင်လည်း ရေမှာ​ပျော်ဝင်လွယ်တဲ့ဆေး အမျိုးအစားတွေကို ရွေးချယ်သုံးစွဲဖို့ လိုပါတယ်။

- Small Animal Clinical Pharmacology & Therapeutics (2nd Edition) -

08/07/2022

Hello
Lucky Veterinary clinic {၁} နှစ်ပြည့်အမှတ်တရအနေနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည့်အစီစဥ်ရှိပါတယ်ရှင်☘️☘️☘️

ထိုးနှံပေးမည့်ရက်စွဲ•••••••••••• ၁၀.၇.၂၀၂၂

ထိုးနှံပေးမည့်ကောင်ရေ•••••••••• (၂၅)

ထိုးနှံပေးမည့်အချိန် •••••••••••• မနက် ၉ နာရီမှ ည ၇ နာရီအထိ

✍️ ကာကွယ်ဆေးထိုးနှံလိုသည့် 🐶🐱 စာရင်းများ page cb တွင်လာရောက်ပေးပို့နိုင်ပါပြီရှင်

04/06/2022
Edit ပိုင်ရှင်ပြန်တွေ့သွားပါပြီအာဝု တစ်ကောင်လမ်းမှားပြီးရောက်လာပါတယ် ပိုင်ရှင်အစစ်မှန်လေးလာခေါ်ယူပေးပါနော် Lucky တိရိစ္ဆ...
12/04/2022

Edit ပိုင်ရှင်ပြန်တွေ့သွားပါပြီ

အာဝု တစ်ကောင်လမ်းမှားပြီးရောက်လာပါတယ် ပိုင်ရှင်အစစ်မှန်လေးလာခေါ်ယူပေးပါနော်
Lucky တိရိစ္ဆာန်ဆေးကုခန်းပြည်တော်သာလမ်းနှင့် ၁၉ လမ်းထောင့် မကွေးမြို့

6 in 1 ထိုးဖို့စောင့်ဆိုင်းနေတဲ့ အာဝုလေးတို့ ဆေးခန်းကိုလာခဲ့လို့ရပါပြီနော်
08/03/2022

6 in 1 ထိုးဖို့စောင့်ဆိုင်းနေတဲ့ အာဝုလေးတို့ ဆေးခန်းကိုလာခဲ့လို့ရပါပြီနော်

08/12/2021

မင်မင်တို့ pet clinic ကို( ၁၀.၁၂.၂၀၂၁) မှ (၁၅. ၁၂.၂၀၂၁) ရက်နေ့ထိ ပိတ်ပါမယ်နော်

skin infection အတွက် ထိရောက်မှုရှိတဲ့ဆေးပါ
23/11/2021

skin infection အတွက် ထိရောက်မှုရှိတဲ့ဆေးပါ

တိလေးတွေရဲ့ ကျန်းမာရေးခံတွင်းသန့််ရှင်းရေးကိုအလေးထားပေးဖို့လိုပါတယ်နော်..... အာဝုတို့မြောင်တို့ ခံတွင်းသန့်ရှင်းရေးကအရေး...
22/10/2021

တိလေးတွေရဲ့ ကျန်းမာရေးခံတွင်းသန့််ရှင်းရေးကိုအလေးထားပေးဖို့လိုပါတယ်နော်.....
အာဝုတို့မြောင်တို့ ခံတွင်းသန့်ရှင်းရေးကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ ခံတွင်းမှာ ရောဂါဖြစ်တယ်အဲ့ကနေတဆင့် နှလုံး၊ အသည်း၊ ကျောက်ကပ်တို့ကို ထိခိုက်နိုင်တဲ့အပြင် ကင်ဆာနဲ့ ဆီးချို အထိပါ သက်ရောက်မှုရှိပါတယ်
🐶အာဝုတို့မှာဆိုရင် ခံတွင်းနဲ့ပတ်သက်တဲ့ရောဂါ အများစုရဲ့အကြောင်းအရင်းကတော့ အစာကြောင့်ဖြစ်ပါတယ်.....
🐱မြောင်တို့မှာဆိုရင်တော့ အစာကြောင့်အပြင် အသက်အရွယ်ကြောင့် နှင့် virus (feline immunodeficiency virus & feline leukemia virus) တို့ကြောင့် ခံတွင်းရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်.....

📌 ခံတွင်းရောဂါ ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ❓
👉 အာဝုတို့ မြောင်တို့အစာစားပြီးရင်အော်ပြီးပြေးမယ်၊လန့်မယ်
👉သွားရည်တွေကျနေမယ်၊ အနံ့အသက်မကောင်းတော့ဘူး (ပုံမှန်ထက် အနံ့ပိုမကောင်း၊တခါတရံ ပြည်တွေပါကျတတ်)
👉အစာမစားဘဲနေခြင်း
👉ပါးစပ်နားတစ်ဝိုက်ညစ်ပတ်နေပြီး အကိုင်မခံတော့ခြင်း စသည့်လက္ခဏာတွေကို တွေ့မြင်ရရင်တော့ ခံတွင်းစစ်ဆေးမှုလုပ်ဖို့လိုအပ်နေပါပြီ

📌 ခံတွင်းစစ်ဆေးတဲ့အခါ ဘာတွေကြည့်ရမလဲ❓
🔍 Dental plaque ( သွားဂျီး)
🔍 Gingivitis ( သွားဖုံးရောင်ရောဂါ)
🔍 Dental calculus (သွားကျောက်တည်ခြင်း)
🔍သွားဖုံးမှာ အနာဖြစ်နေလား၊ အရိုးစူးနေလား

📌 Dental plaque ဆိုတာကဘာလဲ❓
👉 Plaque ဆိုတာက သွားဖုံးပေါ်မှာရှိတဲ့ အလွှာတစ်ခုပါဘဲ။ အဲ့အလွှာလေးဘယ်လိုဖြစ်လာတာလဲဆိုတော့ အစာစားပြီး နာရီအနည်းငယ်အကြာမှာ စတင်ဖြစ်ပေါ်လာတယ်။ ၂၄ နာရီကြာတဲ့အခါမှာတော့ အဲ့အလွှာလေးက သားရည်ထဲမှာပါတဲ့အငန်ဓာတ်နဲ့ပေါင်းပြီး မာကြောတဲ့အလွှာတစ်ခုအဖြစ်သို့ပြောင်းလဲသွားပါတယ်

📌 Dental calculus ကရော❓
👉 Plaque ကို မဖယ်ရှားနိုင်ခဲ့ရင် မာကြောတဲ့အလွှာတွေ ဆက်တိုက်စုပုံလာပြီး မာကျောတဲ့အစိုင်အခဲ သွားကျောက် Dental calculus ( tartar) အဖြစ်သို့ပြောင်းလဲသွားပါတယ်

📌 Dental calculus တွေရှိရင်ဘာဖြစ်နိုင်လဲ❓
👉 1. Supraginginval calculus
2. Subginginval calculus ဆိုပြီး ၂ မျိုးရှိတယ်။ Supraginginval calculus က သွားဖုံးအပေါ်မှာရှိနေပြီးတော့ bacteria တွေပေါက်ပွားလာပြီး သွားဖုံးရောင်ရောဂါ (Gingivitis) ဖြစ်မယ် အဲ့ကနေတဆင့် ရေစီးကမ်းပြိုရောဂါ ( periodontal disease) တွေဖြစ်လာမယ်။ Subginginval calculus ကတော့ သွားဖုံးအတွင်းထဲမှာ bacteria တွေပေါက်ပွားပြီးသွေးကြောထဲကို ရောက်သွားတဲ့အခါမှာ နှလုံးတို့ ကျောက်ကပ်တို့ကိုသွားပြီးတိုက်ခိုက်ကြတော့တာဘဲ။

📌 Gingivitis ဆိုတာကဘာလဲ❓
👉 Gingivitis ဆိုတာက သွားဖုံးတွေရောင်ပြီး သွားတွေပျက်စီးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Gingivitis ဖြစ်စေတဲ့ microorganisms ကတော့ gram negative bacteria တွေဖြစ်တဲ့ A.actinomycetemcomitan / P.gingivalis နဲ့ P. intermedia တို့ကြောင့်ဖြစ်ပါတယ်
👉 Gingivitis ဖြစ်ရင် တွေ့ရမယ့်လက္ခဏာတွေက
✅ ခံတွင်းအနံ့ပြင်းခြင်း
✅သွားဖုံးတွေက နီရဲပြီး ရောင်ရမ်းနေခြင်း
✅ မျက်နှာပါ ဖောရောင်လာခြင်း
✅သွားရည်တွေကျနေခြင်း
✅သွားမှာအလွှာတွေတက်နေခြင်း ( plaque တွေတွေ့ရမယ်)
✅သွားအရောင်ပြောင်းသွားခြင်း ပုံမှန်အဖြူကနေ အဝါရောင် အညိုရောင်ထိပါ ပြောင်းလဲတတ်ပါတယ်
✅ပါးစပ်နားတစ်ဝိုက် နာကျင်နေလို့အထိမခံခြင်း
✅အစာစားရတာခက်ခဲခြင်း၊ တစ်​​ခြမ်းတည်းဝါးနေခြင်း အစာစားဖို့ကိုငြင်းဆန်နေခြင်း စသည့်လက္ခဏာတွေကိုတွေ့ရမှာပါ
📌 မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ❓
👉 တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် ပုံမှန် ခံတွင်းသန့်ရှင်းရေးလုပ်ပေးခြင်းက အထိရောက်ဆုံးကာကွယ်မှုပါနော်
📌 ဖြစ်လာခဲ့ရင်ရော ဘယ်လိုလုပ်သင့်လဲ❓
👉 Gingivitis ဖြစ်လာခဲ့ပြီဆိုရင်တော့ တိရိစ္ဆာန်ဆေးကုခန်းသို့ သွားရောက်ကုသမှု ခံယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိက အကြောင်းအရင်းဖြစ်တဲ့ Plaque တွေ tartar တွေဖယ်ရှားပေးမှ သက်သာမှာမလို့ပါနော်
📌 Plaque တွေ မဖြစ်ပေါ်အောင် ဘယ်လိုတွေလုပ်ကြမလဲ ❓
👉 vet use toothpaste သုံးလို့ရတယ် ( သေချာလေးတိုက်ပေးဖို့လိုတယ်နော်)
👉 dental gel သွားနဲ့သွားဖုံးပေါ်ညှစ်ချလိုက်ရုံဘဲ
👉 dental water ပိုတောင်လွယ်ကူပါတယ် ရေခွက်ထည့်တိုက်ရုံပါဘဲနော်
👉 dental spray ခံတွင်းဖြန်းပေးရုံပါဘဲ
👉 dental food သွားနှင့်ခံတွင်းအတွက် ကျွေးပေးသင့်ပါတယ်
👉 dental stick က အာဝုတို့အတွက်တော့ အဆင်ပြေတယ်
👉 dental toy အာဝုရော မြောင် အတွက်ပါ အဆင်ပြေပါတယ်
🍄 ဒီနည်းလမ်းတွေကတော့ အသုံးပြုရလွယ်ကူပြီးအဆင်ပြေပါတယ်နော်။ တစ်ချို့ Pet Clinic ၊ Pet Accessories shop တွေနဲ့အလှမ်းဝေးတဲ့ အာဝုပိုင်ရှင်၊ မြောင်ပိုင်ရှင်တို့ အတွက် အိမ်သုံးနည်းတွေကတော့👇
💧Coconut oil
အုန်းဆီ သုံးပေးလို့ရပါတယ်။ အုန်းဆီကို အဝတ်သန့်သန့်လေးစွတ်ပြီး သွားဖုံးပေါ်မှာလိမ်းပေးတာ၊ သွားတိုက်ပေးလို့ရပါတယ်။ အုန်းဆီမှာ anti-inflammatory and antimicrobial properties ရှိတဲ့အတွက် သွားဖုံးယောင်တာတွေ သက်သာစေပါတယ်
💧Aloe Vera
ရှားစောင်းလက်ပတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ သွားဖုံးအနာပေါ်မှာ သုတ်လိမ်းပေးလို့ရပါတယ် ။သွားဖုံး နာကျင်မှု ၊ ရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်
💧Egg shell
ကြက်ဥခွံ၊ ဘဲဥခွံ များကိုသေချာဆေးကြောအခြောက်ခံပြီး မှုန့်ညှက်နေအောင်ထောင်းပြီး အသုံးပြုလို့ရပါတယ်။ Egg shell အမှုန့်နဲ့ သွားတိုက်ပေးလို့ရပြီး သွားအတွက် Calcium ဓာတ်ပါပြည့်ဝစေပါတယ်

🍀 Plaque ကင်းစင်သောအာဝုတို့မြောင်တို့ရဲ့ ပိုင်ရှင်များဖြစ်ကြပါစေ🍀

19/10/2021
အာဝုပိုင်ရှင်တို့အတွက် ခွေးကျောက်ရောဂါ (Canine Distemper)ခွေးကျောက်ရောဂါက ကူးစက်မြန်သေနှုန်းမြင့်တဲ့ရောဂါတမျိုးလည်းဖြစ်ပ...
07/10/2021

အာဝုပိုင်ရှင်တို့အတွက် ခွေးကျောက်ရောဂါ (Canine Distemper)

ခွေးကျောက်ရောဂါက ကူးစက်မြန်သေနှုန်းမြင့်တဲ့ရောဂါတမျိုးလည်းဖြစ်ပါတယ်။ Canine distemper ဖြစ်စေတဲ့ရောဂါပိုးကတော့ paramyxovirus ဘဲဖြစ်ပါတယ်။ ရောဂါပိုးက အစာအိမ်အူလမ်းကြောင်း၊ အသက်ရှုလမ်းကြောင်း၊အရေပြားနှင့်အာရုံကြောအဖွဲ့အစည်းကို အဓိကထားပြီးတိုက်ခိုက်ပါတယ်။ ခွေးကျောက်ရောဂါက တစ်နှစ်ပတ်လုံး ဖြစ်ပွားနိုင်ပြီး virus ကအအေးဒဏ်ကိုခံနိုင်ရည်ရှိတဲ့အတွက် အအေးပိုင်းကာလမှာ ပိုဖြစ်တတ်ပါတယ်နော်။ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁၀ ရက်မှ ၁၄ ရက်အတွင်း ရောဂါလဏ္ခာတွေတွေ့ရမှာဖြစ်ပြီးတော့ ခွေးငယ်လေးတွေမှာ သေနှုန်း ၈၀% ခွေးကြီးတွေမှာ သေနှုန်း ၅၀% ထိရှိပါတယ်ရှင်။

🤔 အာဝုတို့ဘယ်လိုကူးစက်ခံရတာလဲ?
👉 ရောဂါပိုးရှိနေတဲ့ အာဝုတို့ရဲ့ ဆီး၊ဝမ်း၊သွေး၊နှာရည်၊ သားရည်တွေကိုထိတွေ့ခြင်း
👉 ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့ခြင်း(အစာခွက်၊ ရေခွက်၊ လှောင်အိမ်၊ အခင်း၊ အရုပ်)
👉 လေထုထဲမှ တဆင့်ကူးစက်ခြင်း
👉 မိခင်မှတဆင့် သန္ဓေသားကိုကူးစက်ခြင်း

🤔 ရောဂါလက္ခဏာက ဘာတွေတွေ့ရမှာလဲ?

♦Stage 1
👉 ဖျားခြင်း 🤒
👉 မျက်လုံးကမျက်ဝတ်တွေထွက်ခြင်း😵
👉 နှာခေါင်းမှ နှာရည်ကျခြင်း၊ နှာချေခြင်း 🤧
👉 ချောင်းဆိုးခြင်း၊ အန်ခြင်း🤢
👉 ဝမ်းလျှောခြင်း😓
👉 အသက်ရှူရခက်ခဲခြင်း
👉 နှာခေါင်း၊ခြေဖဝါးလက်ဖဝါးတွေမှာနေခြင်း🐾
👉 ဝမ်းဗိုက်တစ်ဝိုက် အရေပြားပေါ်တွင် အဖုလေးတွေပေါက်ခြင်း
♦ Stage 2
👉 သားရည်တွေအများကြီးကျခြင်း
👉 မျက်လုံးလှုပ်ရှားမှုနည်းခြင်း
👉 ကြွက်သွားတွေတဆတ်ဆတ်တုန်ခြင်း
👉 တက်ခြင်း (ရေကူးသလိုမျိုးလက်တွေခတ်နေခြင်း)
👉 အကြောဆွဲခြင်း
👉 လေဖြတ်ခြင်း စသည့်လက္ခဏာများကိုတွေ့ရပါမယ်နော်။

🤔 ဘယ်လိုကာကွယ်ရမလဲ?
👉 ကာကွယ်ဆေးထိုးခြင်းကသာ အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းဘဲဖြစ်ပါတယ်။ ခွေးလေးတွေ အသက် (၄၅) ရက်ပြည့်တာနဲ့ စတင်ထိုးနှံပြီးကာကွယ်လို့ရပါတယ်။

🤔 အာဝုတို့ရောဂါကူးစက်ခံရရင် ဘယ်လိုလုပ်ရမလဲ?
👉 ရောဂါလက္ခဏာများစပြချိန် ၃ ရက်ကနေ ၇ ရက်အတွင်း သေဆုံးနိုင်သဖြင့် အကောင်းဆုံးနည်းလမ်းက ဆေးခန်းသွား၍ ကုသမှုခံယူခြင်းဘဲဖြစ်ပါတယ်နော်။ အာဝုတို့ ကျောက်ရောဂါရှိမရှိကိုလည်း တိရိစ္ဆာန်ဆေးခန်းတွေမှာ Rapid Test Kit များဖြင့်လည်းစစ်ဆေးနိုင်ပါတယ်ရှင်။

♦ အခြားဆောင်ရန်/ ရှောင်ရန်များ
👉 အစာအိမ်အူလမ်းကြောင်း ရောင်နေတဲ့အတွက် အစာမာတွေ မကျွေးသင့်ပါဘူး ( ဆန်ပြုတ်၊ စွတ်ပြုတ်၊ အရိုးပြုတ်ရည်၊ အစာပျော့ပျော့များသာကျွေးသင့်)
👉 ဓာတ်ဆားရည်၊ prebiotics ဝင်အောင်တိုက်ပေးပါ
👉 အဖျားအရမ်းတက်နေရင် အပူချပေးပါ
👉 အာဝုတို့ ပိုင်ရှင်ရဲ့ ဂရုစိုက်မှု၊ နွေးထွေးမှုတို့ကလည်းအရေးပါတာမလို့ ဂရုစိုက်ပေးပါနော်
👉 ရောဂါခံစားနေရတဲ့ အာဝုနဲ့ အခြားအာဝုကိုလည်းခွဲထားပေးပါနော် (ကူးစက်ခံရနိုင်ပါတယ်)
👉 ရောဂါခံစားနေရတဲ့ အာဝုတို့ရဲ့ အသုံးအဆောင်ပစ္စည်းများကို စနစ်တကျသန့်ရှင်းပေးရပါမယ်နော်
👉 ရောဂါကုသမှု ခံယူပြီးနောက်ပိုင်း ဆရာဝန်နဲ့ တိုင်ပင်၍ ကာကွယ်ဆေးထိုးနှံပေးရပါမယ်

🍀 အားလုံးသော အာဝုပိုင်ရှင်အပေါင်းတို့ အာဝုလေးတွေကို Canine distemper အန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေ🍀


နေမကောင်းဖြစ်နေတဲ့ တိရိစ္ဆာန်လေးတွေကို မှန်ကန်စွာပြုစုနိုင်စေရန်အတွက် အိမ်တွင်းပြုစုနည်းလေးတွေကိုမျှဝေပေးချင်ပါတယ်🔴 တိလေ...
05/10/2021

နေမကောင်းဖြစ်နေတဲ့ တိရိစ္ဆာန်လေးတွေကို မှန်ကန်စွာပြုစုနိုင်စေရန်အတွက် အိမ်တွင်းပြုစုနည်းလေးတွေကိုမျှဝေပေးချင်ပါတယ်
🔴 တိလေးတွေ ဖျားနာလာတဲ့အခါမှာ တိချစ်သူတို့က စိုးရိမ်တဲ့စိတ် ၊သက်သာစေချင်တဲ့စိတ်တွေနဲ့ အမှားလေးတွေလုပ်မိတတ်ကြပါတယ်။ တိလေးတွေခမျာ ရောဂါတွေကိုခံစားရတာကတစ်ဖက် တိချစ်သူတို့ချစ်တဲ့ စိတ်နဲ့ လုပ်မိတဲ့အမှားကြောင့် ခံစားရတာတစ်ဖက်ဖြစ်တဲ့အတွက် မသက်သာတဲ့အပြင်အခြေအနေတွေပိုဆိုးလာပါတယ်နော်။
🍀အကောင်းဆုံးနည်းလမ်းကတော့ တိလေးတွေဖျားနာလာပြီဆိုတာနဲ့ တိရိစ္ဆာန်ဆေးကုခန်းကို သွားပြတာပါဘဲ။ဒါပေမယ့် တိရိစ္ဆာန်ဆေးခန်းနဲ့ဝေးတဲ့အခါ၊တိရိစ္ဆာန်ဆေးကုဆရာဝန်နဲ့ ဆက်သွယ်လို့မရတဲ့အခါမျိုးမှာ လတ်တလောပြုစုပေးလို့ရမယ့်နည်းလေးတွေကို ပြောပြပေးမှာဘဲဖြစ်ပါတယ်

👉 သက်သောင့်သက်သာနေပါစေ
ပထမဆုံးအနေနဲ့ တိလေးတွေကလည်း ဖျားလာတဲ့အခါမှာ လူတွေလိုဘဲ အေးအေးဆေးဆေး နေချင်ကြပါတယ်။ဒါကြောင့်မလို့ တစ်နေရာရာမှာ ပုန်းနေတာ ခွေနေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါကြောင့်ဖျားနာနေတဲ့ အချိန် လှောင်အိမ်ထဲထားတာမျိုး၊လည်ပင်းသိုင်းကြိုးတွေဆွဲထားမျိုး၊ အဝတ်တွေဝတ်ပေးထားမျိုးတွေက သူတို့ကို စိတ်ဖိစီးစေပါတယ်။ဘယ်လိုမျိုးထားပေးရမလဲဆိုရင် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ၊လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာ သက်သောင့်သက်နေဖို့အတွက်ပြင်ဆင်ပေးရပါမယ်

👉 ရေပတ်တိုက်ပေးပါ
တိလေးတွေအနေနဲ့ ဖျားတဲ့အခါမျိုးမှာ ခန္ဓာကိုယ် အပူချိန်တတ်တတ်ပါတယ်။ နားရွက်ဖျားလေးကို စမ်းကြည့်လို့ နွေးမနေဘဲ ပူနေတာမျိုး၊ခန္ဓာကိုယ်ဝမ်းဗိုက်ပိုင်းတစ်ဝိုက် ပူနေတာမျိုးမှာ အပူချိန်တက်ပြီးအဖျားဝင်နေပါပြီ။ ဒီလိုချိန်မျိုးမှာ အပူချိန်ကိုလျှော့ချဖို့အတွက်ရေပတ်တိုက်ဖို့လိုပါတယ်။ ရိုးရိုးရေအေးကိုဘဲ သုံးအပြုပြီးတော့ နားရွက်နောက်ဘက်၊ ခြေဖဝါး၊လက်ဖဝါး၊ဝမ်းဗိုက်ပိုင်းနဲ့ ပေါင်ခြံတစ်ဝိုက် တိုက်ပေးလို့ရပါတယ်။ ရေပတ်တိုက်ပြီးရင်တော့ အဝတ်ခြောက်သန့်သန့်လေးနဲ့ခြောက်အောင် ပြန်သုတ်ပေးရပါမယ်နော်။ ကိုယ်အပူချိန်တက်ရင် ကျအောင်လုပ်ဖို့လွယ်ကူပေမယ့် ရေခဲကပ်တာ၊ ရေပတ်ဝတ်ကပ်တာမျိုးတွေလည်း လုပ်လို့ရပေမယ့် အပူချိန်ကျလွန်းသွားရင် ပြန်တက်ဖို့ခက်ခဲပါတယ်။ အပူချိန်ကျလွန်းနေရင်တော့ အသက်အန္တရာယ်ရှိပါတယ်နော်

👉 ရေဓာတ်မဆုံးရှူံးရအောင်ကာကွယ်ပါ
ရေဓာတ်ကအရေးကြီးပါတယ်။ တိလေးတွေနေမကောင်းတာနဲ့ ရေဓာတ်လျော့ကျလာပါတယ်။နဂိုကမှရေသောက်နည်းတဲ့အထဲမှာ ဖျားတဲ့အခါမျိုးမှာ ရေမသောက် အစာမစားတာတွေကြောင့် ရေဓာတ်ခမ်းခြောက်လာပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းကို လျော့ကျစေဖို့အတွက် ရေများများဝင်အောင် တိုက်ပေးရပါမယ်။ ရေအစား ဓာတ်ဆားရည်၊ glucose မှုန့်ဖျော်ရည်၊ အုန်းရေ စတဲ့ အရည်တွေလည်းတိုက်ပေးလို့ရပါတယ်

👉 ကြက်စွပ်ပြုတ်လေးတိုက်ပေးပါ
တိလေးတွေနေမကောင်းတဲ့အခါ အစာစားချင်စိတ်မရှိတော့ဘဲ အားနည်းနေတာကြောင့် အာဟာရပြည့်ဝစေရန်တိုက်ရခြင်းဖြစ်ပါတယ်။ကြက်စွပ်ပြုတ်တိုက်ခြင်းအားဖြင့် တိလေးတွေရဲ့ ကိုယ်ခံစွမ်းအားမြင့်တက်လာပြီး ရေဓာတ်ခမ်းခြောက်ခြင်းမှလည်းကာကွယ်ပေးပါတယ်

👉 နွေးနွေးထွေးထွေးထားပေးပါ
တိလေးတွေဖျားတဲ့အခါမှာ တခါတရံ ခန္ဓာကိုယ်က အေးနေပြီး ချမ်းတုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒီလိုအချိန်မျိုးမှာ နွေးနွေးထွေးထွေးထားပေးဖို့လိုအပ်ပါတယ်။ ​အခင်းလေးသေချာခင်းပေးမယ်၊ စောင်လေးခြုံပေးတာမျိုး၊ ရေနွေးအိတ်၊ အနွေးဘူး ဘေးနားမှာထားပေးတာမျိုးလုပ်ပေးသင့်ပါတယ်နော်


Happy World Animal Day!
04/10/2021

Happy World Animal Day!

တိချစ်သူတို့အတွက် ပြောပြပေးချင်တဲ့အကြောင်းကတော့ကြောင်ဆေးပင် အကြောင်းလေးမျှဝေပေးချင်ပါတယ်🌿🌿🌿  ကြောင်ဆေးပင်ကို Eng လို Cat...
03/10/2021

တိချစ်သူတို့အတွက် ပြောပြပေးချင်တဲ့အကြောင်းကတော့ကြောင်ဆေးပင် အကြောင်းလေးမျှဝေပေးချင်ပါတယ်🌿🌿🌿
ကြောင်ဆေးပင်ကို Eng လို Catnip လို့ခေါ်ကြပြီး Binomial name ကတော့ Nepeta cataria ဖြစ်ပါတယ် ဥရောပ နဲ့ အာရှမှာ အများဆုံးပေါက်ရောက်ပါတယ်။ Catnip မှာ active ingredient အနေနဲ့ပါဝင်တာကတော့ Nepetalactone ဖြစ်ပါတယ်။ ဒါ့အပြင် Vitamin E Vitamin C magnesium tannins flavonoids နဲ့ essential oil တွေပါဝင်ပါတယ် 💊💊💊

🌿ကြောင်ဆေးပင်ရဲ့အနံ့ကို ရှုမိရုံနဲ့ ရရှိလာမယ့်အကျိုးကျေးဇူးကတော့👇

Nepetalactone ကကြောင်ရဲ့ nasal tissue ဆီကိုဝင်သွားပြီးတော့ brain မှာရှိတဲ့ protein receptors ပေါင်းပြီး Amygdala နဲ့ hypothalamus ကို လှုံဆော်ပေးတယ်။ Amygdala နဲ့ Hypothalamus ကိုလှုံဆော်ပေးမှုတွေကြောင့် ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တက်ကြွလာပါတယ်🐱🐈🐾🌿

🌿 Catnip ကို စားမိရင်ရောဘယ်လိုအကျိုးရနိုင်လဲ?

Catnip က အစာအိမ်လမ်းကြောင်းတစ်လျှောက် ကောင်းမွန်အောင် လှုံဆော်ပေးတဲ့အတွက် အစာကြေတယ် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေတယ်။ Antidiarrheal properties ရှိတဲ့အတွက် ဝမ်းလျှောတဲ့အခါမှာလည်းအသုံးပြုနိုင်ပါတယ်

🌿 Catnip ရဲ့အခြားအသုံးပြုလို့ရတဲ့အကြောင်းများ👇👇👇

Catnip ကို insect repellantအနေနဲ့ ခြင်တွေ ပိုးဟပ်တွေ သန်းတွေကို ခွေးကြောင်အတွက်သာမက လူတွေအတွက်ပါအသုံးပြုနိုင်ပါတယ်
🌿 sedative အနေနဲ့လည်း အသုံးပြုလို့ရပါတယ်

🌿 Catnip ကို အများကြီးကျွေးမိရင် ဘာတွေဖြစ်နိုင်လဲ?👇👇
👉 အော့အန်ခြင်း
👉 ဝမ်းသွားခြင်း
👉မူးဝေခြင်းကြောင့်ကောင်းစွာလမ်းမလျှောက်နိုင်ခြင်း
👉 ကြောင်လေးတွေမှာဆိုရင် aggressive behavior တွေဖြစ်ပေါ်လာခြင်း

🌿 Catnip ကို ဘယ်လိုဝယ်ယူသုံးစွဲနိုင်လဲ?
👉🌿 catnip ကိုအပင်လိုက် ပတ်ဝန်းကျင်မှာပေါက်ရောက်တာမျိုးလည်းရှိနိုင်သလို စျေးထဲမှာလည်းရောင်းလေ့ရှိပါတယ်
👉🌿catnip ကို အခြောက်ခံပြီးအမှုန့်ပုံစံ၊ spray ပုံစံ၊ cookies ပုံစံမျိုး
👉🌿 ကြောင်လေးတွေအတွက် catnip ကို ကစားတဲ့အရုပ်၊ဘောလုံးထဲမှာ မြှုပ်ထားတဲ့ toys စသဖြင့် ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်ပါတယ်

တိချစ်သူတို့အတွက် ဒီအပတ်မျှဝေပေးမယ့်အကြောင်းအရာကတော့ တိချစ်သူတို့လုပ်ဆောင်ရမည့် နေ့စဉ်၊အပတ်စဉ်၊လစဉ်၊နှစ်စဉ် ပြုလုပ်ရမယ့်...
01/10/2021

တိချစ်သူတို့အတွက် ဒီအပတ်မျှဝေပေးမယ့်အကြောင်းအရာကတော့ တိချစ်သူတို့လုပ်ဆောင်ရမည့် နေ့စဉ်၊အပတ်စဉ်၊လစဉ်၊နှစ်စဉ် ပြုလုပ်ရမယ့်တာဝန်တွေဘဲဖြစ်ပါတယ်ရှင်✍✍✍

နေ့စဥ်တာဝန်👇
- တိလေးတွေကို နေ့စဥ်လေ့ကျင့်ပေးရပါမယ်
- တနေ့ကို ၁၅ မိနစ်မှ နာရီဝက်အထိ တိလေးတွေနဲ့ဆော့ပေးရပါမယ်နော်
-တိလေးတွေနဲ့ နေ့စဥ် နာရီဝက်ခန့် အတူလမ်းလျှောက်ထွက်ပေးရပါမယ်ရှင်
-တိလေးတွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးမစင်များကိုလည်း နေ့စဥ်သန့်ရှင်းရေးလုပ်ပေးဖို့လည်းလိုအပ်ပါတယ်နော်
- အစာခွက် ရေခွက်တွေကတော့ နေ့စဥ်သန့်ရှင်းရပါမယ်။ ပြီးပြီး​ရော အစာတွေကို တနေကုန်ထည့်ထားတာမျိုး၊ စာကြွင်းစာကျန်တွေကို သေချာမသန့်ရှင်းဘဲထပ်ထည့်ကျွေးတာမျိုးတွေမလုပ်ရပါဘူး။အစာကဘယ်လောက်သန့်သန့်အစာခွက်မသန့်ရင်လည်း bacterial infection ဝင်နိုင်လို့ပါနော်။ရေဆိုလည်းမကြာခဏလဲပေးမှာသာ တိလေးတွေရဲ့ရေသောက်ချင်ပိုမိုဖြစ်ပေါ်လာမှာပါရှင်။

အပတ်စဥ်တာဝန်👇
-တိလေးတွေရဲ့ သွားတွေကို တစ်ပတ်သုံးကြိမ် ခံတွင်းသန့်ရှင်းရေးလုပ်ပေးရပါမယ် ( brush လေးနဲ့တိုက်တာဖြစ်ဖြစ်၊ dental gel သုံးတာဖြစ်ဖြစ်၊ dental stick ကျွေးတာဖြစ်ဖြစ်၊dental water သုံးတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်)
-ခန္ဓာကိုယ်ကို သန့်ရှင်းစေရန်အတွက် တစ်ပတ်နှစ်ကြိမ် ရေချိုးသန့်ရှင်းပေးရပါမယ်
-တိလေးတွေ အိပ်တဲ့အိပ်ရာခင်းတွေကို တစ်ပတ်တစ်ကြိမ်လျှော်သင့်ပြီး နေ့စဥ် နေပူလှန်းပေးနိုင်ရင်ပိုကောင်းပါတယ်ရှင်

လစဥ်တာဝန်👇
-တိလေးအတွက် ဝယ်ပေးထားတဲ့ကစားစရာအရုပ်တွေကို ဆေးကြောပေးတာ၊ အသစ်လဲလှယ်ပေးတာမျိုးလုပ်ရပါမယ်နော်
-လစဥ် ပုံမှန် သန်းချတာ၊ သန်ချတာတွေလည်းလုပ်ပေးရပါမယ်
-လက်သည်းတွေရှည်လာရင် ညှပ်ပေးဖို့၊အမွှေးတွေရှည်လာရင်လည်းပုံသွင်းပေးဖို့လိုအပ်ပါတယ်ရှင်

နှစ်စဥ်တာဝန်👇
-တိရိစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပုံမှန် checkup လုပ်ပေးသင့်ပါတယ်
-သွားနှင့်ခံတွင်း သန့်ရှင်းရေးအတွက် dental checkup လုပ်ပေးဖို့လည်းလိုအပ်ပါတယ်
-နှစ်စဥ်ထိုးနေကျကာကွယ်ဆေးတွေကိုလည်း ထိုးပေးဖို့မမေ့ပါနဲ့ဦးနော်

🍀🍀🍀 တိချစ်သူတို့အနေနဲ့ နေ့စဥ်၊အပတ်စဥ်၊လစဥ်၊နှစ်စဥ် ဆောင်ရွက်ရမယ့်တာဝန်များကို ပုံမှန်လုပ်ဆောင်ခြင်းအားဖြင့် ကျန်းမာလှပတဲ့ တိလေးတွေကိုပိုင်ဆိုင်ရမှာဘဲဖြစ်ပါတယ်ရှင်

အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် သန်ကောင်အကြောင်းတွေလေ့လာကြမယ် တိရိစ္ဆာန်လေးတွေမှာ ရှိတတ်တဲ့ ကိုယ်တွင်းကပ်ပါးကောင်တွေကတော့ ...
29/09/2021

အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် သန်ကောင်အကြောင်းတွေလေ့လာကြမယ် တိရိစ္ဆာန်လေးတွေမှာ ရှိတတ်တဲ့ ကိုယ်တွင်းကပ်ပါးကောင်တွေကတော့
◾ Roundworm
◾ Hookworm
◾ Tapeworm
◾ Whipworm
◾ Coccidia
◾ Giardia

◾ Roundworm
Roundworm ကတော့ သန်လုံးကောင် ဖြစ်ပြီး ခွေးကြောင်တွေရဲ့ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ အများဆုံးတွေ့ရပါတယ်။ အခြားသန်ကောင်တွေလိုမျိုး အစာအိမ်နံရံမှာ တွယ်ချိတ်မနေပေမယ့်တိလေးတွေစားလိုက်တဲ့အစာအာဟာရကို စုပ်ယူပါတယ်
◾Hookworm
Hookworm ချိတ်သန်ကောင် အုပ်စုကသေးငယ်ပြီးတော့ ပါးစပ်မှာ နံရံတွေကို ချိတ်ဖို့ရာအတွက် ချိတ်လေးတွေပါပါတယ်။ အစာအိမ်နံရံကို တွယ်ချိတ်ပြီးတော့ တိရိစ္တာန်လေးတွေရဲ့ သွေးကိုပါစုပ်ယူပါတယ် ဒါကြောင့် တိလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ Hookworm တွေများနေရင် anemia ဖြစ်တတ်ပါတယ်
◾Tapeworm
Tapeworm ကတော့ ရှည်ပြီး ပြားတဲ့ သန်ပြားကောင်ဘဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အဆစ်တွေနဲ့ဖွဲ့စည်းထားပြီး အဆစ်တစ်ဆစ်ခြင်းဆီကနေ သန်းဥပေါင်းများစွာထုတ်ပေးပါတယ်။ သန်ဥတွေကိုသယ်ဆောင်ထားတဲ့ သန်းတွေကနေတဆင့် ကူးစက်ခံရပါတယ်
◾Whipworm
Whipworm ကတော့ ကြာပွတ်လို ပုံစံမျိုးအဖျားပိုင်းလေးခွေနေတတ်ပါတယ်။တိရိစ္ဆာန်လေးတွေရဲ့အူသိမ်ပိုင်းမှာအများဆုံးတွေရပြီးတော့ အူနံရံတွေကို ဖျက်ဆီးကြပါတယ်
◾Coccidia
Coccidia ကတော့ cell တစ်လုံးတည်းရှိတဲ့ ကိုယ်တွင်းကပ်ပါးကောင်ဘဲဖြစ်ပါတယ်။ အစာအိမ်ထဲမှာနေပြီးတော့ အစာအိမ်နံရံတွေကို ဖျက်ဆီးတဲ့အပြင် တိရိစ္ဆာန်လေးတွေစားလိုက်တဲ့အစာ အဟာရ ကိုစုပ်ယူပါတယ်။ Cocci infection ဝင်တဲ့အခါ ဝမ်းအရည်တွေအများကြီးသွားပြီး ရေဓာတ်ချို့တဲ့လက္ခဏာတွေပါတွေ့ရပါတယ်
◾Giardia
Giardia ကလည်း cocci လိုမျိုး cell တစ်လုံးတည်းရှိတဲ့ကပ်ပါးအမျိုးအစားဖြစ်ပါတယ်။ Cocci လိုမျိုး အစာအိမ်နံရံတွေကို ဖျက်ဆီးပြီး nutrients တွေကိုစုပ်ယူပါတယ်။ Cocci နဲ့မတူတဲ့အချက်က infection ရရင်တောင် လက္ခဏာတွေမပြတတ်ပါဘူး။
သန်စွဲတဲ့အခါတွေ့ရတဲ့လက္ခဏာအများစုကတော့----
👉 ဝမ်းသွားခြင်း (ဝမ်းထဲမှာ အချွဲတွေ သွေးတွေ ပါတတ်ပါတယ်)
👉 ချောင်းဆိုးခြင်း၊ အန်ခြင်း (တခါတရံ သန်ကောင်တွေပါတတ်ပါတယ်)
👉 ခန္ဓာကိုယ်က ပိန်ပြီး ဝမ်းဗိုက်ဖောင်းနေတတ်ခြင်း
👉ကိုယ်အလေးချိန် ကျဆင်းခြင်း
👉လေးလံထိုင်းမှိုင်းနေခြင်း
👉 အမွှေးတွေအရောင်မွဲခြောက်နေခြင်း
ကပ်ပါးကောင်တွေ တိရိစ္ဆာန်လေးတွေရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်တဲ့လမ်းကြောင်းတွေကတော့
🐾 သန်ဥပါတဲ့ အစာတွေ ရေတွေကို စားသောက်မိရင်သော်လည်းကောင်း
🐾 သန်စွဲနေတဲ့ တိရိစ္ဆာန်တွေနဲ့ထိတွေ့မိရင်သော်လည်းကောင်း
🐾 သန်ဥရှိနေတဲ့ အရာဝတ္တုများနဲ့ ထိတွေ့မိရင်လည်းကောင်း
🐾 သန်းတွေ မွှားတွေမှတဆင့်ကူးစက်ခြင်း
🐾 သန်စွဲနေတဲ့မိခင်မှ တဆင့်ကူးစက်ခြင်း
🐾 ခွေး၊ကြောင်လေးတွေဟာ အမဲလိုက်တဲ့အလေ့အကျင့်ရှိတဲ့အတွက် ဖမ်းမိတဲ့ ကြွက်တွေ ပိုးဟပ်တွေ ကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်

🔴 အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အမြဲတမ်း နီးကပ်ပွေ့ဖက်နေလေ့ရှိကြတဲ့အတွက် တိလေးတွေမှာ သန်မစင်ခဲ့ရင် သန်ကောင်တွေ သန်ဥတွေကတဆင့် တိရိစ္ဆာန်ပိုင်ရှင်လေးတွေကူးစက်ခံရနိုင်ပါတယ်။ တိလေးတွေမှာရှိတဲ့ Roundworm နဲ့ Hookworm ကအများဆုံးလူတွေဆီကူးစက်နိုင်တာကိုတွေ့ရပါတယ်။ လူတွေရဲ့ကျန်းမားရေးကလည်း အရေးကြီးတာဖြစ်တဲ့အတွက် အိမ်မှာမွေးထားတဲ့ အိမ်မွေးအချစ်တော်လေးများကို ပုံမှန်သန်ချပေးခြင်းအားဖြင့် လူထုကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုသွားမှာဘဲဖြစ်ပါတယ်ရှင်။

19/09/2021
မင်္ဂလာပါ တိချစ်သူတို့ရေတိချစ်သူလေးတို့ကိုမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ တိရိစ္ဆာန်လေးတွေရဲ့ အခြေခံကျန်းမာရေးစစ်ဆေးခ...
19/09/2021

မင်္ဂလာပါ တိချစ်သူတို့ရေ
တိချစ်သူလေးတို့ကိုမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ တိရိစ္ဆာန်လေးတွေရဲ့ အခြေခံကျန်းမာရေးစစ်ဆေးချက်လေးတွေဘဲဖြစ်ပါတယ်.....
-👁👁 မျက်လုံးတွေကကြည်လင်တောက်ပသန့်ရှင်းနေရပါမယ် (နီနေတာ မျက်ဝတ်တွေအများကြီးထွက်နေတာမျိုးတွေ မဖြစ်ရပါဘူး)
-👂👂နားရွက်လေးကလည်း သန့်ရှင်းပြီးအနံ့ကင်းနေရပါမယ်နော် ( နားဖာချေးတွေ အရမ်းများနေတာ မွှားတွေတွယ်နေတတ်တာ မျိုးတွေ မဖြစ်ပါစေနဲ့နော်)
-👅 ပါးစပ်ကိုကြည့်တဲ့အခါမှာ ခံတွင်းအနံ့အရမ်းပြင်းနေတာမျိုး အစားကောင်းကောင်းမစားနိုင်တာမျိုး သားရေတွေ အရမ်းကျနေတာမျိုးတွေ မဖြစ်ရပါဘူး
-🐽 နှာခေါင်းလေးတွေဟာဆိုရင်လည်း ပုံမှန်အစိုဓာတ်လေးရှိနေရပါမယ် ( နှာရည်တွေ အရမ်းကျနေတာမျိုး နှာခေါင်းကခြောက်နေတာမျိုးတွေ မဖြစ်ရပါဘူး)
-🐱🐶 အမွှေးလေးတွေကလည်း စောင်းနေတာမျိုး ကျဲနေတာမျိုးတွေမဖြစ်ရပါဘူး
-🐈🐕 လမ်းလျှောက်တဲ့အခါမှာဆိုရင်လည်း ခြေလှမ်းတွေဟန်ချက်ညီနေရပါမယ်နော်
-🐶🐱 အသက်ရှုတဲ့အခါမှာလည်း အရမ်းမြန်နေတာ မောနေတာ အသက်ကိုအားစိုက်ရှူနေတာမျိုးမဖြစ်ရပါဘူး
-💩💩 တိလေးတွေရဲ့ မစင်ကို ကြည့်မယ်ဆိုရင်လည်း ပုံမှန်ဝမ်းလား အရည်လား အချွဲပါလား သွေးပါလား အဖြူအစက်လေးတွေပါလား ဝမ်းချုပ်လား ဒါမျိုးလေးတွေ သတိထားပြီးကြည့်ပေးရပါမယ်
-🐱🐶 တွေဆီးသွားတဲ့အခါ ပုံမှန်သွားရဲ့လား အရမ်းအားစိုက်ပြီးသွားနေရလား ဆီးထဲမှာ သွေးပါလား အနည်တွေပါလား အရောင်အနံ့တွေပြောင်းသွားသလားဆိုတာ သတိထားပြီးကြည့်ပေးဖို့လိုအပ်ပါတယ်
အထက်ပါအခြေခံအချက်လေးတွေကို စောင့်ကြည့််​​ခြင်းအား​​ဖြင့်တိချစ်သူတို့ရဲ့ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်

10/07/2021

🐱🐶🐭🐹🐰🦊🐷🐮

10/07/2021

Address

Magway

Telephone

+959751848034

Website

Alerts

Be the first to know and let us send you an email when Lucky Veterinary Clinic&Pet Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category