MTK Rottie Home

MTK Rottie Home MTK

 # Mating DateFirst Mating - 1.11.2023Second Mating - 3.11.2023Third Mating - 5.11.2023Gari From House Medinic(Virtus Fr...
09/11/2023

# Mating Date

First Mating - 1.11.2023
Second Mating - 3.11.2023
Third Mating - 5.11.2023

Gari From House Medinic
(Virtus From Royal Breed & Anja vh Pista)
&
Golden Eye Of KPOL

_Rottie _Home

" ပယ် ​ခွေး  နှင့် ပြစ်ချက် ကြီး "​pure breed ​ခွေးမျိုးတိုင်း ၎င်းခွေးမျိုးရဲ့ စံ သတ်မှတ်ချက် (breed standard) ဆိုတာ သတ...
09/11/2023

" ပယ် ​ခွေး နှင့် ပြစ်ချက် ကြီး "

​pure breed ​ခွေးမျိုးတိုင်း ၎င်းခွေးမျိုးရဲ့ စံ သတ်မှတ်ချက် (breed standard) ဆိုတာ သတ်မှတ် ပြဌာန်း ထားကြပါတယ်......

ရုပ်ပိုင်း စိတ်ပိုင်း ဘယ်လိုရှိရမယ် ဆိုတာကို အ​သေးစိတ် ​ဖော်ပြထားပါတယ်.....

သတ်မှတ်ထားတဲ့ ကျယ်ပြန့်တဲ့ စံ ​ဘောင်ထဲ က ​နေ..လွတ်လပ်စွာကွဲလွဲ နိုင်ကြပါတယ်

​ဘောင်​တော့​ကျော်လို့မရပါ

​ဘောင်​ကျော်ချင် တာ​လေး​တွေကို faults ပြစ်ချက် အ​သေး​လေး ​တွေ အဖြစ်သတ် မှတ်ပြီး ပြိုင်ပွဲ မှ postion ​နေရာ အတွက် အမှတ်​လျော့ပါတယ်
​ခွေးတိုင်း​တော့ မပြီး ပြည့်စုံတဲ့ အတွက် အဲဒီ ပြစ်ချက် ဆိုတိုင်း တန်ဖိုး မရှိ​တော့ တာ မဟုတ် ပါဘူး........​နောင်မျိုးဆက် မှာဘယ်လို ပြင်ရမလည်း...ဘယ်လိုတိုးတက်​အောင်လုပ်မလည်း သတိပြုမိ​အောင်လို့

ဒါ​ပေမဲ့ ​​ဘောင်အပြင်သိပ် ​ရောက်သွားပြီ စံသတ်မှတ်ချက်နဲ့ လုံးဝ ကို​သွေ ဖယ် သွားပြီ ဆိုရင်​တော့ disqualifing faults.....အဲ​ခွေးကို တန်း ပယ်​တော့တာပဲ.......AKC မှာဆို အထက်ကို report လုပ်ရပါတယ်.....သားစပ်ဖို့ မသင့်....သား​ပေါက်​တွေ pedigree မ​ပေးတဲ့ စည်းမျဥ်းရှိ

ဘာလို့လည်းဆို​တော့ ဒီ​ခွေးရဲ့မျိုးဆက် မပြန့်ပွား​စေချင်​တော့လို့ပါ....ဒီပြစ်ချက်​တွေက မျိုးရိုးလည်း လိုက်ပါတယ်

Rottweiler တစ်​ကောင်
မြင်တာနဲ့တန်းပယ်တဲ့ အချက်က

Scissor biteမဖြစ်ခြင်း.... သွားစိစိ မှန်မှန် မထပ်ခြင်း(under bite and scissor bite) နဲ့ .....အထီး ​​ဝှေးစေ့ ကပ်ပယ်အိပ်ထဲ နှစ်လုံး လုံး မဆင်းခြင်း

သွားမထပ်တာနဲ့ အဲသ​လောက်မပြစ်ကြီးသလား ​မေးစရာရှိပါတယ်

အပြစ်ကြီးပါတယ်
အရှင်းဆုံးဖြေရရင် စံ ရဲ့​ဘောင်​ကျော်ရုံမက ဆန်.ကျင်ဘက်ကို​ရောက်​နေလို့ပါ

Rottweiler ဟာ working breed ပါ...ဘယ်နိုင်ငံ ဘယ် ​ခွေးအဖွဲ့ အစည်း မဆို rottweiler ဟာ working group ​သတ်မှတ်ထားပါတယ်

ကပ်​​ကြေး အသွား​တွေဟာ သွား​တွေဆိုပါစို့.....ကပ်​ကြေးညှပ်တဲ့ လက်က...​ခွေးရဲ့ ပါးစပ် ကြွက်သား​တွေနဲ့တူပါတယ်
ကပ်​ကြေး အ​ချောင်ကြီး (over bite..under bite ) ဖြင့် အသားတုံးကို ကိုက်ကြည့်ရင် အသားလည်း မပြတ်သလို အားသုံး​လေ သင့်လက်ပဲ နာမှာ ဖြစ်ပါတယ်. ​ခွေး လည်းဒီ သ​ဘောပါ.

ကျွန်​တော်တို့ က ​ခေါင်းပဲ ရုပ်ပဲ ကြည့်တာ....သွားက အ​ရေးမကြီးဘူး ဆိုသူများအတွက်​တော့....

နိုင်ငံခြားမျိုး​ခွေးကို ကြိုက်ပြီး
သူတို့စည်းမျဥ်း ( ကမ္ဘာ့စည်းမျဥ်း)မသိပဲ
သူတို့​တွေ ပယ်တဲ့ အချက်ပါတဲ့ ​ခွေးကို
​ပျော်​​ပျော်ကြီး မျက်​​စေ့ နား စုံ ပိတ်
​သိန်းသန်းချီ ​ပေးဝယ် တာနဲ့ သွားတူ​နေမလားပဲ

(​ခွေး​ပေါက်​လေး​တွေမှာ scissor bite သွားအ​နေ အထား အမှန်...ဖြစ်ခြင်းသည်.......ကြီးသွားလဲပြီးချိန် မှ သိနိုင်သလို....အ​ဖေ အ​မေ သွားမှန် မမှန်​ပေါ် များစွာမူတည် ပါသည်)


Dr.Wai Phyo Htet(Kennel Mandalay)

19/09/2023

မြန်မာနိုင်ငံတစ်ဝှမ်းမှ 🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခေါ်သွားလို့ရသည့် Pet Hotel များ...

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾

ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး

ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach

ငပလီ-Silver Beach Hotel

ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel

ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel

ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်

ဘားအံ-Hpa-An Breeze Hotel

မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်

ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U

ပုပ္ပား-Hotel King

ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)

ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy

က​လော-Seint Hotel
ကလော-Hill Lodge

မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )

ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel

တောင်ကြီး - Hotel La Vista ( Fees charge)

ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်

တောင်ငူ-Hotel Amazing

ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel

အင်းလေး- weaver’s Boutique Homestay

မြစ်ကြီးနား- Plam spring resort

သီပေါ- Hsipaw resort

ချင်း-Sor long cbt community lodge

Credit ©May Thiri Khin



ခွေးတွေက သူတို့ သခင်များ သူတို့ကိုအရိုက်ခံရချိန်မှာ မခုခံနိုင်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ထိုထဲမှ တိကျသော ၅ ချက်က...
10/09/2023

ခွေးတွေက သူတို့ သခင်များ သူတို့ကို
အရိုက်ခံရချိန်မှာ မခုခံနိုင်ရတဲ့ အကြောင်း
အရင်းများစွာရှိပါတယ်။ ထိုထဲမှ တိကျ
သော ၅ ချက်ကို ဖော်ပြပေးလိုက်ပါသည်။

1. သစ္စာစောင့်သိမှု ဗီဇ- ခွေးများသည် ပိုင်ရှင်များကို နာခံလိုသည့် ဗီဇဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့သည် စော်ကားခံရသော်လည်း ပိုင်ရှင်များကို သစ္စာရှိရှိ နာခံရမည်ဟု သူတို့ရဲ့ အသိစိတ်က အလိုလို ဖြစ်ပြီး ဒါကြောင့်လည်းပိုင်ရှင်သခင်များ နှင့် ဆန့်ကျင်လိုစိတ် မထားကြပေ။

2. လူမှုရေးဆိုင်ရာ အထက်တန်းကျသော အယူအဆအရ ခွေးများသည် ၎င်းတို့၏ပိုင်ရှင်များကို ခေါင်းဆောင်များအဖြစ် မှတ်ယူကြပြီး ပိုင်ရှင်၏ ညွှန်ကြားချက်များကို နာခံလိုစိတ်ရှိပြီး ၎င်းတို့ကို စော်ကားခံရလျှင်ပင် ပိုင်ရှင် နဲ့ သူတို့ကြား ဆက်ဆံရေး မပျက်ဆီးအောင်ထိန်းသိမ်းပေးတတ်ကြသည်။

3. စိတ်ခံစားမှုဆိုင်ရာ မှီခိုမှု- ခွေးများသည် များသောအားဖြင့် ၎င်းတို့၏ပိုင်ရှင်များအပေါ်တွင် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ မှီခိုမှုရှိပြီး ပိုင်ရှင်များနှင့် သဘောထားကွဲလွဲရန် ဆန္ဒမရှိသောကြောင့်၊ ၎င်းတို့၏ အပြုအမူများသည် ပိုင်ရှင်များ၏ စိတ်ခံစားချက်များကို ထိခိုက်စေမည်ဟု ထင်သောကြောင့် ဖြစ်သည်။

4. ကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်း- အလွဲသုံးစားလုပ်ခြင်းသည် ခွေးတစ်ကောင်အား အလွန်အမင်းကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်းတို့ကို ခံစားရစေကာ ပုံမှန်အတိုင်းတုံ့ပြန်နိုင်စွမ်းမရှိသည့်အပြင် ဖုံးကွယ်ခြင်း၊ တုန်လှုပ်ခြင်းနှင့် ပုံမှန်အမူအကျင့်များကို မပြသနိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။

5. ခွေးအများစုက အစာငတ်မှာကိုကြောက်တတ်ကြတယ် ပိုင်ရှင်က အစာမကျွေးတော့မှာကို ခွေးတွေအများစုကကြောက်တတ်ပြီး ငတ်မွတ်တဲ့ဘဝနဲ့ ရှင်သန်နေရမှာကို စိုးရိမ်ကြသောကြောင့်လည်း သည်းခံကြပါသည်။

အာဝုများနှင့်ရေကူးခြင်း အာဝုများနှင့်ရေကူးခြင်း ရေကူးတာ ဝုတွေအတွက်အသင့်တော်ဆုံးသော အားကစားတွေထဲကတခုပါ။ ရေကူးခြင်းက low i...
09/09/2023

အာဝုများနှင့်ရေကူးခြင်း

အာဝုများနှင့်ရေကူးခြင်း

ရေကူးတာ ဝုတွေအတွက်အသင့်တော်ဆုံးသော အားကစားတွေထဲကတခုပါ။ ရေကူးခြင်းက low impact, high resistance exercise ဖြစ်လို့ အဆစ်အမြစ်ရောဂါရှိတဲ့ကလေးတွေအတွက်တောင် သင့်တော်ပါတယ်နော်။ hip
dysplasia ရှိတဲ့ကလေးတွေအတွက်ဆိုရင် ball and socket joint ကို ပံ့ပိုးပေးတဲ့ ဖင်နားက ကြွက်သားတွေကို ကိတ်လာအောင်လုပ်ပေးနိုင်လို့ ဝေဒနာတောင်သက်သာစေပါတယ်။
တကိုယ်လုံးသုံးရတဲ့အားကစားမျိုးမလို့ energy များတဲ့ဝုတွေအတွက်လည်း ဆေးကောင်းတခွက်ပါ။

ရေကူးခြင်းရဲ့တခြားကောင်းကျိုးတွေက:

၁၊) ခွဲစိတ်ထားတာ၊ ခြေခေါက်လက်ခေါက်ဖြစ်ထားတာတွေကနေသက်သာနှုန်းမြန်စေတယ်
၂၊) နာကြင်မှုလျှော့ချပေးတယ်
၃၊) စိတ်ဖိစီးမှုလျော့စေတယ်
၄၊) ဝိတ်များတဲ့ကလေးတွေအတွက် အလွယ်ကူဆုံး ဝိတ်ချနည်းလည်းဖြစ်တယ်
၅၊) နှလုံးကြွက်သားနဲ့ အသက်ရှူလမ်းကြောင်းကျန်းမာစေတယ်
၆၊) အသက်ရလာတဲ့ကလေးတွေအတွက်လည်း တောင့်တင်းမှုတွေဖြေလျော့ပြီး လေးဖက်နာလည်းသက်သာတယ်
၇၊) ကြွက်သားတက်စေတယ်
၈၊) ကုန်းပေါ်လမ်းလျှောက်တာထပအများကြီးပိုအားစိုက်ရလို့ လက်လက်စိန်တွေအတွက် အရမ်းကောင်းတယ်။

မကောင်းတာက:
မရှိသလောက်ပါပဲ။ ဝိတ်လည်းမထမ်းရ၊ တနေရာထဲကိုအားစိုက်ပြီးလုပ်ရတဲ့ အားကစားမျိုးမဟုတ်တဲ့အတွက် အထူးသင့်လျှော်ပါတယ်။

ကိုယ့်ကလေးကို တခါရေကူးရင် ၅ မိနစ် ၁၀ မိနစ်လောက်ခွငိ့ပြုတာကတော့အကောင်းဆုံးပါ။ ဆိုဒ်သေးလေ အချိန်အများကြီးမကူးခိုင်းသင့်လေပေါ့နော်။ energy burning အရမ်းဖြစ်တော့ကုန်းပေါ်ရောက်မှ ခြေကုန်လက်ပန်းမကျအောင်လို့ပေါ့နော်။

ရေကူးပြီး သေချာလေးသုတ်ပေးဖို့လိုပါတယ်။ မဟုတ်ရင် ဗောက်၊ မှို စတဲ့အရေပြားပြဿနာတွေကပ်လိုက်နိုင်ပါတယ်။ ရေကူးပြီး ရေပြန်ချိုးပေးရပါမယ်နော်…

၁ ပတ် ၁ ခါလောက်စကူးခိုင်းပြီး နောက်ပိုင်းတော့ ၃ ခေါက်လောက်ထိကူးလို့ရပါတယ်။

သတိထားရမှာက ကလေးတွေတိုင်းကတော့ သူတို့ပင်ကိုယ်သဘာဝ instinct အရရေကူးတတ်ပေမယ့် ပထမဆုံးတကြိမ်ဆိုရင်တော့ သေချာလေးကြည့်ပေးဖို့လိုပါတယ်။ ရေကြိုက်တဲ့ကလေးရှိသလို ရေကြောက်တဲ့ကလေးလည်းရှိတာမို့လို့ ကိုယ့်ကလေး မကြောက်အောင် ကိုယ်ရှိပေးနိုင်ပြီး လမ်းညွှန်ပေးနိုင်ရင်ပိုအဆင်ပြေပါတယ်။

ပျော်ပျော်ပါးပါးရေကူးကြမယ်။
ဆရာရှားကတော့ ရေသိပ်မကြိုက်ပေမယ့် ကူးဆိုကူးတယ်။ အစပိုင်းတော့ာတဗွမ်းဗွမ်းနဲ့နောက်တော့တော်တော်အဆင်ပြေတယ်။ ကြွက်သားတက်ဖို့ အစားတင်မက အားကစားပါလုပ်ခိုင်းရတယ်လေ

လိုကယ်ပေါက်လေး မောင်တုတ်ပေါ၁၀လပြည့်အမှတ်တရ
29/08/2023

လိုကယ်ပေါက်လေး မောင်တုတ်ပေါ
၁၀လပြည့်အမှတ်တရ

06/07/2023

Shout out to my newest followers! Excited to have you onboard!

Tadau Thanlone, Aungmyo Htike, U Thant Zin, Thain Gi Oo, Win Thu Aung, Ngu, Thaethae Thaethae, စုန်း ပြူး, Alin Young, Zoe Zkk, ကြိုက် ကောင်းအောင်, Thu Ya, KO KO

12/06/2023
07/06/2023

ROTTWELIER ခလေးမွေးဖွားခါနီးလက္ခဏာများ

#မွေးခါနီး၁ပတ်အလို
- သိသာထင်ရှားသည့် အမူအရာများ ပြတတ်ပါသည်။
- မွေးဖွားမည့် နေရာအား ရှာဖွေခြင်းကိုတွေ့ရမည်။
- စက္ကူစ၊ စက္ကူပုံး၊ အဝတ်စများ ရှဖွေစုဆောင်းပြီး
အသိုက်လုပ်ခြင်း။
- သခင်၏အနားတွင်ကပ်နေလိုခြင်း။
- အစာစားလိုစိတ် နည်းသွားခြင်း။
- ဝမ်းချုပ်ခြင်း။
- နို့အုံများဖွံဖြိုးလာခြင်း။နို့ညှစ်ကြည့်ပါက နို့ရည်ကြည်များထွက်ခြင်း။

#မမွေးခင်၃ရက်အလို
- အမအဂ်ါ ကြီးမားရောင်ရမ်းလာခြင်း။
- ဂနာမငြိမ်ဖြစ်ခြင်း။


#မမွေးခင်၂၄နာရီ
- ကုတ်ခြစ်ခြင်း၊ မြေကြီးကို ယက်၍ကျွင်းတူးခြင်း။
- ပုံမှန်ထက် အသက်ရှုနှုန်းမြန်လာခြင်း။
- ကိုယ်အပူချိန်တိုင်းကြည့်ပါက သာမန်ထက် 1C လျော့
နည်းလာခြင်း။
- နံနက်၌ လုံးဝအစာမစားလျှင် ညမွေးလိမ့်မည်ဖြစ်ပြီး
ညလုံးဝအစာမစားလျှင် လင်းအားကြီးပိုင်းတွင် မွေး
လိမ့်မည်ဖြစ်ပါသည်။
- ခွေးမသည် အဂ်ါမှ အရည် အချွဲများဆင်းပြီး မသိမသာ
ညှစ်စပြုပါက စတင်မွေးပြီဟုမှတ်ယူနိုင်ပါသည်။
တစ်ကောင်နှင့်တစ်ကောင်ကြား နာရီဝက်၊ ၁နာရီ
သို့မဟုတ် ၂ နာရီကြာတတ်ပါသည်။ ⏰⏰

အတေွ့အကြုံမရှိသောသူအများအနေနှင့်
နားလည်တတ်ကျွမ်းသူ၏ အကူအညီဖြင့် မွေးဖွားသင့်သည်။

#အယူအဆအမှားများ🗯🗯🗯

- ခွေးမွေးနေစဥ် တွေ့ကြုံရဖူးသည်များ ရှိပါတယ်။

ခွေးမမီးဖွားနေစဥ် အချိန်တွင်း ကြက်ဥအစိမ်းများကို အလုံးလိုက် ဖောက်ကျွေးနေကြခြင်းပင်ဖြစ်ပါတယ်။

မေးကြည့်သောအခါ
ခွေးမအားရှိအောင်ကျွေးခြင်း ဟုပြောကြပါတယ်။
-
အခု ကြက်ဥချက်ချင်းသောက် ချက်ချင်းအားမရှိနိုင်ပါ။

ကလေးမီးဖွားထား၍ အားပျက်နေသည်ကတစ်ကြောင်း၊ အခန့်မသင့်လျှင် ဝမ်းကိုက်၊ ဝမ်းလျှော၍ ဒုက္ခရောက်သွားနိုင်ပါတယ်။
-
အချို့ကလည်း နို့ထွက်အားကောင်းအောင်ဆို၍ ကြက်ဥအခွံတွေကို ထောင်းကျွေးကြသည်ကိုလည်း တွေ့ရပါတယ်။

ကြက်ဥအခွံ များသည် အစာမကြေ၊ အူလမ်းကြောင်းတလျှောက် စူးခြင်းတို့ ဖြစ်ခဲ့ပါလျှင် ပို၍ပင်ဒုက္ခရောက်စေနိုင်ပါတယ်။
-
နို့ထွက်ကောင်းအောင် Calcium & Phosphorus ဆေးများ အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အတွက် ထိုဆေးများကိုသာ ထိရောက်စွာ တိုက်ကျွေးပေးကြပါလို့ အကြံပေး တိုက်တွန်းလိုက်ပါရစေ.......

My name is တုတ်ပေါOver 6 Months DOB _ 29.10.2022
14/05/2023

My name is တုတ်ပေါ
Over 6 Months
DOB _ 29.10.2022

ပူပြင်းတဲ့နွေရာသီ နှင့် ခွေးများအသက်ဆုံးရှုံးစေနိုင်သော အပူရှပ်ခြင်း Heat stroke ဖြစ်ပါက ဆောင်ရွက်ရမည့်အရေးပေါ်အသက်ကယ်နည...
01/05/2023

ပူပြင်းတဲ့နွေရာသီ နှင့် ခွေးများအသက်ဆုံးရှုံးစေနိုင်သော အပူရှပ်ခြင်း Heat stroke ဖြစ်ပါက ဆောင်ရွက်ရမည့်အရေးပေါ်အသက်ကယ်နည်းများ

ဒီနှစ်နွေဟာ ခါတိုင်းထက်ပိုပူပါတယ်။ ပူရတဲ့အထဲ လျှပ်စစ်မီးပါပျက်တော့ နေရိပ်ထဲ၊ အိမ်ထဲနေလည်း ပန်ကာ၊ Aircon မဖွင့်ထားနိုင်တော့ ပိုပြီး နေမထိထိုင်မရအောင်ကိုပူပါတယ်။ အမွေးထူတဲ့ခွေးကလေးတွေမှာ ချွေးထွက်စရာ ချွေးပေါက်တွေမပါတော့ အပူဒဏ်ကို လူတွေထက် ပိုခံကြရတဲ့အတွက် ပြင်းထန်စွာကိုယ်ပူတက် အပူရှပ်ပြီး သေဆုံးကြရတယ်ဆိုတဲ့ သတင်းတွေ မကြာခဏကြားရတဲ့အတွက် စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။
ဒါကြောင့် ခွေးတွေမှာ အသက်ဆုံးရှုံးနိုင်တဲ့ထိ Heat stroke ဝင်ရင် ဘယ်လိုလက္ခဏာတွေပြမလဲဆိုတာကို သိရှိထားနိုင်ဖို့နဲ့ ဒီလိုလက္ခဏာတွေဖြစ်လာရင် ဆေးခန်းမပြေးမီ အိမ်မှာ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲဆိုတဲ့ အရေးပေါ်အသက်ကယ်နည်းများကို ဗဟုသုတအနေနဲ့တင်ပြချင်ပါတယ်။

ခွေးတွေမှာ Heat stroke ဝင်ပြီဆိုရင် အောက်ပါလက္ခဏာများ တွေ့ရပါမယ်။

၁။ အသက်ရှူမြန်လာခြင်း၊ အသက်ရှူခက်လာခြင်း
၂။ တံတွေးတွေ ပါးစပ်ထဲစေးပျစ်နေခြင်း၊ တံတွေးများ အလွန်အမင်း အတန်းလိုက်ကျခြင်း၊ သွားဖုံးနဲ့လျှာများအလွန်အမင်းနီရဲလာခြင်း
၃။ ရုတ်တရက် အားအင်ယုတ်လျော့လာခြင်း၊ မူးဝေလာခြင်း၊ ဒယီးဒယိုင်ဖြစ်လာခြင်း
၄။ မျက်လုံးများ ခြောက်သွေ့လာခြင်း၊ ကြောက်ရွံ့သည့်အမူအယာပြခြင်း
၅။ လဲပြိုကျခြင်း၊ အန်ထွက်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ သတိလက်လွတ်မေ့မျောခြင်း။

အထက်ပါ လက္ခဏာများထဲမှာ အချို့သို့မဟုတ် တော်တော်များများတွေ့ရလျှင် မိမိတို့ခွေးလေးများတွင် အပူရှပ်ပြီဆိုတာကို သိရှိနိုင်ပြီး အောက်ဖော်ပြပါ အရေးပေါ်နည်းများဖြင့် သက်သာအောင် ပြုလုပ်ပေးပါ။

၁။ Heat stroke ဖြစ်နေသော ခွေးကို အရိပ်ရပြီး အေးတဲ့နေရာ လေဝင်လေထွက်ကောင်းသောနေရာသို့ ချက်ချင်းရွှေ့ပါ။

၂။ ခွေးရဲ့ ခန္ဓာကိုယ်ပေါ်သို့ ရေအေးနဲ့ တကိုယ်လုံးစိုစွတ်တဲ့ထိ လောင်းချပေးပါ။
မှတ်ချက်။ ရေခဲရေအသုံးပြုခြင်းဟာ အပူအအေးရုတ်တရက်ပြောင်းပြီး shock ဖြစ်စေနိုင်သဖြင့် ရိုးရိုးရေအေးကိုသာ အသုံးပြုပါ။ အကောင်းဆုံးရေရဲ့အပူချိန်ဟာ ၁၆ ကနေ ၁၇ ဒီဂရီစင်တီဂရိတ်အတွင်း ခပ်အေးအေးဖြစ်နေတဲ့ရေပါ။

၃။ ရေစိုအဝတ်နဲ့ တကိုယ်လုံးလုံအောင်ဖုံးအုပ်ထားခြင်းဟာ ကိုယ်အပူချိန်ကို မကျစေနိုင်ပဲ ပိုပြီးဆိုးရွားစေတဲ့အတွက် နဖူး၊ လည်ပင်း၊ ဝမ်းဗိုက်နဲ့၊ နားရွက်များ၊ ခြေဖျား၊ လက်ဖျားများကိုသာ ကပ်ပေးပါ။

၄။ ရေအေးအေးလေးကို ဖြည်းဖြည်းနဲ့ နည်းနည်းချင်းတိုက်ပေးပါ။

၅။ ခွေးရဲ့ ခန္ဓာကိုယ်အပူချိန်လျော့ကျသွားပြီး အသက်ရှူနှုန်းပုံမှန်ဖြစ်လာတဲ့ထိ ရေကို လောင်းနေပေးပါ။ ခွေးချမ်းတုန်လာလျှင် ရေလောင်းတာကိုချက်ချင်းရပ်ပါ။ ရေပတ်ဝတ်တွေခွာပစ်ပါ။

၆။ ရေလောင်းတဲ့အခါ ဦးခေါင်းပိုင်းကို မလောင်းရပါ။ ဦးခေါင်းပိုင်းကို ရေလောင်းပါက သတိလစ်နေတဲ့ခွေး နှင့် မျက်နှာပြားနှာတိုခွေးမျိုးများတွင် အသက်ရှူလမ်းကြောင်းထဲရေဝင်ပြီး ရေမွှန်းခြင်းကြောင့် အသက်ဆုံးရှုံးစေတတ်ပါသည်။

အထက်ပါနည်းများဖြင့် ခွေးရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချစေပြီးလျှင်လည်း ပေါ့ဆမနေပဲ နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းများသို့ ခေါ်ဆောင်ပြီး လိုအပ်သည့် ကုသမှုများကို ခံယူစေရပါမည်။

အထူးသဖြင့် အသက်ကြီးလွန်း၊ ငယ်လွန်းသောခွေးများ၊ အမွေးထူသောခွေးများ၊ ရောဂါအခံရှိသောခွေးများ နှင့် မျက်နှာပြား နှာတိုသော Pugs နှင့် Bulldogs များဟာ Heat stroke ဒဏ်ကို ပိုမိုပြင်းထန်စွာခံစားရပြီး အိမ်တွင်အရေးပေါ်ကုသပေးပြီးသော်လည်း စိတိမချရပဲ Heatstroke ရဲ့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်ပါသဖြင့် နီးစပ်ရာကျွမ်းကျင်သော တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ဆက်လက်ပြသကုသမှုခံယူစေရပါမည် ။

ကျမရေးတဲ့ ဒီစာစုလေးဟာ တဖက်တလမ်း၊ တထောင့်တနေရာကနေ ခွေးလေးတွေရဲ့အသက်များစွာကို ကယ်ပေးနိုင်မယ်လို့ မျှော်လင့်ရင်း

Dr. Swe Mar Tun
B. V. Sc., M.V.Sc. (Pathology)

ဒီနှစ်နွေက အရမ်းပူပါတယ်။ ကျမတို့လိုလူတွေတောင်  အရေပြားပေါ်မှာ အဝတ်မကပ်ချင်ကြတာ။ သူတို့လေးတွေရဲ့ မွေးရာပါသဘာဝအရပါတဲ့အမွေး...
29/04/2023

ဒီနှစ်နွေက အရမ်းပူပါတယ်။ ကျမတို့လိုလူတွေတောင် အရေပြားပေါ်မှာ အဝတ်မကပ်ချင်ကြတာ။ သူတို့လေးတွေရဲ့ မွေးရာပါသဘာဝအရပါတဲ့အမွေးတွေကြောင့် အနွေးထည်ထူထူဝတ်ထားသလိုဖြစ်နေကြရှာတဲ့ ခွေးကလေးတွေဟာ နွေရာသီရဲ့ပြင်းထန်တဲ့ အပူဒဏ်ကို ဆိုးရွားစွာခံစားရပြီး တချို့ကလေးတွေမှာ အသက်ဆုံးရှုံးသည်ထိ ဖြစ်တတ်ကြပါတယ်။

မီးမမှန်တဲ့အတွက် Aircon နဲ့၊ ပန်ကာနဲ့အမြဲထားဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နေပြင်းတဲ့အချိန်မှာ ခန္ဓာကိုယ်အပူတက်နှုန်းသက်သာအောင် မနက်ကိုးနာရီမတိုင်ခင်အစာကျွေးပေးပြီး၊ ကျန်နေ့လည်ပိုင်းများတွင် အောက်ပါ post တွင် ဖော်ပြထားသည့်အတိုင်း ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ အရိုးပြုတ်အရည်များကို ရေခဲတုံးလေးများထည့်၍တိုက်ကျွေးပေးကြပါ။ ညပိုင်း ၇ နာရီကျော်မှ အစာပြန်ကျွေးကြပါ။

ပူပြင်းတဲ့နွေရာသီမှာ ခွေးလေးတွေကို အပူဒဏ်သက်သာအောင်နဲ့ အာဟာရပြည့်အောင် ဘယ်လိုတွေ စီမံပေးမလဲ

မြန်မာနိုင်ငံဟာ ခုလိုနွေရာသီမှာ အရမ်းကိုပူပြင်းလွန်းလို့ အအေးပိုင်းဒေသအများစုရဲ့မျိုးစိတ်တွေဖြစ်တဲ့ နိုင်ငံခြားခွေးမျိုးတွေအတွက် အပူဒဏ်ကိုပြင်းထန်စွာခံစားရပြီး အစာမစားနိုင်ခြင်း၊ ကိုယ်အပူချိန်ရုတ်တရက်တက်ပြီး ကျန်းမာရေးထိခိုက်ရာမှ သေဆုံးသည်ထိ ဖြစ်တတ်တာမို့ ဒီ post လေးက အထောက်အကူဖြစ်စေဖို့ တင်ပြလိုက်ပါတယ်။

၁။ အစာကျွေးတဲ့နေရာ နဲ့ အနားယူတဲ့နေရာဟာ အရိပ်ရပြီး အေးမြတဲ့နေရာဖြစ်ရပါမယ်။

လေဝင်လေထွက်ကောင်းတဲ့အခန်းမှာ ဖျာနဲ့ ကြမ်းခင်းများကို မနက်ပိုင်း ဆယ်နာရီခန့်ထဲက ရေဖြင့်ကြိုဖျန်းပြီး အေးအောင် ပြုလုပ်ပေးခြင်း၊ ပန်ကာ ဖွင့်ပေးခြင်း၊ Aircon ခန်း တွင် ထားပေးခြင်း၊ အဝတ်ရေစိုများခင်းပေးထားခြင်း၊

၂။ Yin food လို့ ခေါ်တဲ့ အောက်ပါ အအေးစာများကို ရွေးချယ်ကျွေးမွေးခြင်း
* အသည်း
* ဘဲသား
* ကွကျဥ
* တို့ဟူး
* ကြက်ဆင်သား
* ဒိန်ချဉ်
* ပန်းသီး
* သခွားသီး
* ဆလတ်ရွက်
၃။ Yang food လို့ခေါ်တဲ့ အောက်ပါအပူစာများကို တတ်နိုင်သမျှ လျှော့ကျွေးပါ။
* ကြက်သား
* သိုးသား
* ငါးသလောက်အုပ်စုဝင်ငါးများ
* ကန်စွန်းဥ
* ရွှေဖရုံသီး

၄။ အပူအအေးမျှတသင့်လျှော်တဲ့ အောက်ပါအစာများကို ရွေးချယ်ကျွေးမွေးပါ။
* ပဲနီ၊ ပဲစိမ်း နှင့် ပဲမျိုးစုံ
* အမဲသား၊ အမဲအသည်း
* ကွကျဥ
* ဝက်သားအသား
* ဆယ်လ်မွန်ငါး
* ငါးသတျတောငါး
* ငါးကွမ်းရှပ်
* ပဲနီလေး

၅။ မိမိတို့ခွေးလေးတွေရဲ့ အစာစားချင်စိတ်ရှိမရှိ မပြတ်စောင့်ကြည့်ရပါမယ်။
နွေရာသီမှာ အစားနည်းတာ ထုံးစံဆိုပေမယ့် လုံးဝမစားတာကတော့ ပြသနာပါ။ အန်ပါအန်လာတာ၊ မူးဝေယိုင်ခွေတာမျိုးဆို ဆေးခန်းချက်ချင်းပြပါ။

၆။ ခွေးလေးတွေ အပူဒဏ်ကြောင့် မောနေ၊ လျှာထွက်နေချိန်မှာ အစာမကျွေးပါနဲ့။

၇။ သန့်ရှင်းအေးမြတဲ့ရေကိုလုံလောက်စွာပေးပါ။
ရေထဲမှာ ရေခဲတုံးအနည်းငယ်ထည့်ပြီး ရေခွက်များ လုံလောက်စွာချထားပေးပါ။ ခွေးတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဆယ်ပေါင်ရှိရင် ရေ 300 ml
နှုန်း အနည်းဆုံးတိုက်ကျွေးပေးပါ။ ရေလုံစွာမသောက်ရင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်လာပါက သွားဖုံး နဲ့ လျှာများခြောက်သွေ့ခြင်း၊ သွားရည်အတန်းလိုက်ကျခြင်းတို့ဖြစ်လာပါတယ်။ ဒီလိုအခြေအနေဖြစ်လာရင်၊ လျှာအလျားလိုက်ထွက်ပြီး အရမ်းမောလာရင် နီးစပ်ရာဆရာဝန်ထံအမြန်ဆုံးဆက်သွယ်ပါ။

၈။ ရေခဲစိမ် သို့မဟုတ် ရေခဲအခန်းထဲထည့်ထားတဲ့ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီး နဲ့ မုန်လာဥနီ တို့ကို ကျွေးပေးရပါမယ်။

၉။ အရိုးပြုတ်ရည်ကို ခွက်ငယ်များဖြင့် ခဲ၍ကျွေးမွေးခြင်း၊ သစ်သီးအစစ်ဖျော်ရည်များကို ခွက်ဖြင့်ခဲ၍ ကျွေးမွေးခြင်းပြုလုပ်ပေးပါ။

၁၀။ Peanut butter banana ice-cream ကဲ့သို့သော xylitol မပါတဲ့ ice-cream များ လုပ်ပြီး ကျွေးမွေးခြင်း

၁၁။ အရိုးကြီးတစ်ခုပေးထားပြီး ငြိမ်ပြီး ကိုက်စေခြင်းဖြင့် လှုပ်ရှားမှုလျော့နည်းစေရန်ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူတက်စေခြင်းကို လျှော့ချပေးရပါမယ်။

Dr. Swe Mar Tun
B.V.Sc., M.V.Sc. ( Pathology)

25/04/2023

ခွေးလေးတွေကို ကိုယ်ဝန်ဆောင်ကာလ🐶🐺🐕 အလိုက် ဘယ်လို စောင့်ရှောက်ရမလဲ❓❓❓

ခွေးလေးတွေ ကိုယ်ဝန်ဆောင်ပြီ ဆိုရင် ပိုင်ရှင်တွေ အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်မသိနဲ့ အတော်လေး စိတ်ပူတတ်ကြတာကို တွေ့ရပါတယ် အဲ့ဒါကြောင့် မို့ ကိုယ်ဝန်ဆောင် ကာလအလိုက် ဖြစ်တတ်တာလေးတွေ နဲ့ ဘာတွေ လုပ်ရမယ် ဆိုတာ ဖော်ပြပေးလိုက်ပါတယ် ခွေးလေးတွေရဲ့ ကိုယ်ဝန်ဆောင်ကာလ ဟာ ပျှမ်းမျှအားဖြင့် ရက် 60-65 ရက်ထိ ကြာတတ်ပါတယ် အဲ့ဒါကြောင့်မို့ တစ်ပတ်ခြင်းစီအလိုက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်
1️⃣
Week one(days 0-7)
ခွေးလေးတွေ မြိုင်ကာလအတွင်း မိတ်လိုက်ပြီး ရက်အနည်းငယ် အတွင်းမှာ သားအောင်ခြင်းဖြစ်စဉ်စတင်ပါတယ် အဲ့ဒါကို ကိုယ်ဝန်ဆောင်ကာလ ပထမ အပတ်လို့ ခေါ်ဆိုနိုင်ပါတယ် ပထမပတ်မှာ ဆိုရင် ခွေးမလေးဟာ morning sickness လို့ ခေါ်တဲ့ မူးတာ မောတာ အန်တာ နဲ့ ပင်ပန်းတဲ့ လက္ခဏာ မျိုးတွေ တွေ့ရတတ်ပါတယ် အဲ့လိုမျိုး ပထမအပတ်မှာ အထွေးအထူး ပြုလုပ်စရာ ဘာမှ မလိုအပ်ပါဘူး
2️⃣
Week Two(days 7-14)
ဒုတိယ အပတ်မှာတော့ မျိုးအောင်ထားတဲ့ မျိုးဥလေးဟာ သားအိမ် ထဲကို တွယ်ကပ်ဖို့ရန် ရောက်ရှိလာပါပြီ ဒီချိန်မှာလည်း ဘာမှ အထူးတလည် လုပ်စရာတော့ မလိုအပ်သေးပါဘူး
3️⃣
Week Three(days 14-21)
သုံးပတ်မြောက်မှာတော့ သန္ဓေအောင်မျိုးဥလေးဟာ သားအိမ်ရဲ့ နံရံကို စတင်တွယ်ကပ်ပြီး မိခင်ဆီမှာ အစာအဟာရကို ရယူဖို့ စတင်ပြင်ဆင်လာပြီပဲ ဖြစ်ပါတယ် ဒါကြောင့်မို့ ခွေးမလေးဟာ အစားတွေကို အရင်ထက်ပိုမို စားသောက်လာတာ ကို သတိပြုရမှာ ပဲဖြစ်ပါတယ် နောက်တစ်ခုကတော့ နို့အုံတွေလည်း စတင်လို့ ဖွံ့ဖြိုးနေပါပြီ
4️⃣
Week Four(days 21-28)
လေးပတ်မြောက်မှာတော့ သင့်ရဲ့ခွေးလေးကို မွေးဖွားရ လွယ်ကူစေရန်နဲ့ အဟာရချို့တဲ့တာမျိုး မဖြစ်အောင် သင့်ရဲ့ တိကုဆရာဝန်နဲ့ တိုင်ပင်သင့်တဲ့ အချိန်လည်း ဖြစ်ပါတယ် ဆရာဝန်က မပင်ပန်းစေတဲ့ အပေါ့စား လမ်းလျှောက် လေ့ကျင့်ခန်းနဲ့ သုံးစွဲသင့်တဲ့ အားဆေးအချို့ အစားအစာ အချို့ကို လမ်းညွန်ပေးမှာ ဖြစ်ပါတယ် ဥပမာ သံဓာတ် folic acid နဲ့ vitamin ,protein ညီမျှတဲ့ အစားအစာတွေ ကျွေးဖို့လိုအပ်လာပါပြီ ultrasound🔬🔬 နဲ့လည်း ကိုယ်ဝန် 25 ရက်မြောက်နေ့လောပ်မှာ အတည်ပြုလို့ရနေပါပြီ
5️⃣
Week Five(days 28-35).
ကိုယ်ဝန်ကာလ ငါးပတ်မြောက်မှာတော့ ရေမြွှာ အိတ်အတွင်းမှ အရည်တွေဟာလည်း တဖြည်းဖြည်း များလာပြီးတော့ ခွေးပေါက်လေးတွေလည်း စတင်လှုပ်ရှာ လာပါပြီ ဒီချိန်မှာ ခွေးမလေးရဲ့ အလေးချိန် သိသိသာသာ တိုးတက်လာတာကို သတိပြုရမှာပါ ပြီးတော့ ခွေးမေတွေတွက် အထူးထုတ် အစားအစာ မျိုးတွေ ကိုကျွေးသင့်နေပါပြီ
6️⃣
Week Six(days 35-42)
ကိုယ်ဝန်ဆောင်ကာလ အရင့်အမာအချိန်ကို စတင်ရောက်ရှိလို့လာပါပြီ ခွေးမလေးဟာ သန္ဓေသားလောင်းတွေကို အဟာရထောက်ပံပေးဖို့ အစာစားချင်စိတ် ပိုမိုဖြစ်လာမယ် ဒါပေမဲ့ နည်းနည်းဆီပဲ စားနိုင်မှာပါ ဘာလို့လည်းဆို ရင် သန္ဓေသားလောင်းလေးတွေ ခွေးမလေးရဲ့ အစာအိမ်ကို ဖိမိထားတာကြောင့်ဖြစ်ပါတယ် ဒါကြောင့် နည်းနည်းနဲ့ အကြိမ်ရေ များများကျွမွေးဖို့ လိုအပ်ပါတယ် ခွေးမလေး မတန်ဆာ ကနေ အရည်အကျိအချွဲလေးတွေ ကျတတတ်တာလည်း ပုံမှန်ပဲ ဖြစ်ပါတယ်
7️⃣
Week Seven(days42-49)
ခုနှစ်ပတ်မြောက်မှာတော့ ခွေးမလေးရဲ့ နို့အုံတွေဟာ တင်းကားပြီးတော့ ဝမ်းဗိုက်က အမွှေးလေးတွေ လည်း စတင်ကျွတ်လာပါပြီ အဲ့ဒါဟာ colostrum ခေါ် နို့ဦးရည် ထုတ်ဖို့ စတင်ခြင်းပဲ ဖြစ်ပါတယ် ဒီချိန်မှာ သူမဟာ မောပန်းနွမ်းနယ် လွယ်ပါတယ် ဘာလို့လဲ ဆိုတော့ များစွာသော ခွေးပေါက်လေးတွေ ရဲ့ ထမ်းထားရတာကြောင့်ပဲ ဖြစ်ပါတယ် ဒီ stage မှာတော့ ခွေးမလေးအတွက် မီးဖွားခန်းကို စတင်ပြင်ဆင်ပြီးတော့ ရင်နီးအောင် ထားသင့်နေပါပြီး မီးဖွားခန်းဟာ ခြောက်သွေ့ တိတ်ဆိတ် သန့်ရှင်းတဲ့ ပတ်ဝန်ကျင် ဖြစ်ဖို့ လိုအပ်ပြီး သတ္တော သို့ စက္ကူပုံးအထူတွေ နဲ့ လုပ်ပေးလို့ရပါတယ်
8️⃣
Week eight(days 49-57)
ရှစ်ပတ်မြောက်မှာတော့ သူမ လှဲလျောင်းနေချိန်မှာတောင် ခွေးလေးတွေရဲ့ လှုပ်ရှားမှုတွေကို အတိုင်းသားမြင်နေရပါပြီ ဒီချိန်မှာ သူမကို အေးချမ်းသက်သာစွာနေစေသင့်ပါတယ် သူမအနေနဲ့ကတော့ အသိုက်ဆောက်တဲ့ လက္ခဏာ တွေကိုလုပ်နေမှာပါ ဥပမာ နို့ရည်တွေ ထွက်တာ မြေကျင်းတူးတာမျိုးနဲ့ ဂဏှာမငြိမ်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်
9️⃣
Week Nine(days 57-65)
သူမ မွေးဖွားတော့မဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ဒီလိုချိန်မှာ သူမရဲ့ ကိုယ်တွင်းအပူချိန်ကို မကြာခဏ စစ်ဆေးသင့်ပါတယ် BT 100-101 ကနေ 97 လောက်ထိ ကျသွားတဲ့ အခါ နောက် 24-48 hr အတွင်းမွေးဖွားတော့မယ် ဆိုတာ သိရပါမယ်
ပထမ ကလေးမွေးဖွားပြီးနောက် မိခင်ဟာ သူ့ဘာသာသူ အရည်အိတ်ကို ကိုက်ပြီး ဖောက်ပေးတာ အချင်းဖြတ်တာတွေ ကို လုပ်ဆောင်ပါလိမ့်မယ် အဲ့လိုမလုပ်ဆောင်ဘူးဆိုရင်တော့ ဘေးက လူအကူအညီ လိုအပ်လာပြီး ကူညီ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ် အဲ့ဒါကြောင့် မိမိတို့ရဲ့ ခွေးလေးတွေ နဲ့ ရင်းနှီးအောင် နေထားဖို့တော့ လိုအပ်ပါလိမ့်မယ် နော်
ကျန်းမာပျော်ရွှင်သောတိလေးများကိုပိုင်ဆိုင်နိုင်ကြပါစေ

to original writer

My name is Wambu @ တုတ်ပေါOver 5 Months DOB _ 29.10.2022
12/04/2023

My name is Wambu @ တုတ်ပေါ
Over 5 Months
DOB _ 29.10.2022

My name is Wambu @ တုတ်ပေါDOB _ 29.10.2022
22/02/2023

My name is Wambu @ တုတ်ပေါ
DOB _ 29.10.2022

04/02/2023

၃လပြည့် အမှတ်တရ
30/01/2023

၃လပြည့် အမှတ်တရ

ခွေးလေးတွေ ဘယ်အချိန်သွားပေါက်လဲ ဆိုတာ သိချင်တယ် ဆိုလို့တင်ပေးလိုက်ပါတယ်ခွေးကြီးတွေ မှာ သွား ၄၂ ချောင်း(အပေါ်သွား ၂၀ချောင...
09/01/2023

ခွေးလေးတွေ ဘယ်အချိန်သွားပေါက်လဲ ဆိုတာ သိချင်တယ် ဆိုလို့တင်ပေးလိုက်ပါတယ်

ခွေးကြီးတွေ မှာ သွား ၄၂ ချောင်း
(အပေါ်သွား ၂၀ချောင်း
အောက်သွား၂၂ချောင်း)
ရှိပြီး
ပါပီလေးတွေ မှာ သွား ၂၈ချောင်း
(အပေါ်သွား ၁၄ချောင်း
အောက်သွား ၁၄ချောင်း)
ရှိပါတယ်

ပါပီလေးတွေ ရဲ့ ငယ်သွားဟာ ၃-၄ပတ် အရွယ်မှာ စပေါက်ကြပြီး ကြီးသွားစလဲ တဲ့ အချိန်ကတော့ ၃-၄ လ အရွယ်ဖြစ်ပါတယ်
ပါပီလေးတွေမှာ အံကြီးသွားတွေ(Molars)နဲ့
ရှေ့အံသေးသွား(premolar 1)မရှိပါဘူး

သွားပေါက်ချိန် အချိန်ဇယား

ပါပီ ခွေးကြီး
အရှေ့သွား ၄ပတ်-၆ပတ် ၃လ-၅လ

အစွယ်သွား ၅ပတ်-၆ပတ် ၄လ-၆လ

အံသေးသွားများ ၆ပတ် ၄လ-၅လ

အံသွားများ - ၅လ-၇လ

CRD

💥ခွေးမွေးမိတဲ့ နောင်တ🤷ကြည့်နေခွေး မွေးပြီးခွေးဖေဖေ ခွေးမေမေလုပ်နေသူတွေတစ်နေ့ နောင်တ ရလိမ့်မယ်🤷ရတာမှ တစ်ကြိမ်တစ်ခါထဲမဟုတ်...
08/01/2023

💥ခွေးမွေးမိတဲ့ နောင်တ

🤷ကြည့်နေ
ခွေး မွေးပြီး
ခွေးဖေဖေ ခွေးမေမေလုပ်နေသူတွေ
တစ်နေ့ နောင်တ ရလိမ့်မယ်

🤷ရတာမှ တစ်ကြိမ်တစ်ခါထဲမဟုတ်ဘူး
အကြိမ်ကြိမ်ကို ရမယ့်နောင်တ
✅ ခွေးကြီးက လှလိုက်တာ မိုက်လိုက်တာကွာ
ဘယ်က ဝယ်တာလဲဆိုပြီး
လူတွေမေးတိုင်း
ပြုံးပြုံးကြီးပြန်ဖြေရင်း
မွေးမိတာ နောက်ကျလေးခြင်းဆိုပြီး
ရတဲ့ နောင်တ
✅ အခုလို ခေတ်ပျက်ကြီးမှာ
ခွေးရှိတဲ့ အိမ်ကိုကျော်ပြီး
တခြားအိမ် သူခိုးဝင်ခိုးတာကို
ကြားရ ကြုံရတိုင်း
ခေါင်းပြားအောင်အိပ်ရင်း
မွေးမိတာ နောက်ကျလေးခြင်းဆိုပြီး
ရတဲ့ နောင်တ
✅ ကျေးဇူးမသိ သစ္စာမရှိတဲ့
လူတွေနဲ့ကြုံတိုင်း
သခင့်မျက်နှာ တစ်ဘဝ ထင်ပြီး
ကျေးဇူးသိတတ် သစ္စာရှိတဲ့
ခွေးလေးတွေနဲ့ အတူရှင်သန်
ဘဝအမောတွေ ဖြည်ရင်း
မွေးမိတာ နောက်ကျလေးခြင်းဆိုပြီး
ရတဲ့ နောင်တ
⚠️ဒီလိုနဲ့ ခွေးမွေးမိတာ
အကြိမ်ကြိမ် နောင်တတွေ
ရနေမိတော့ တာပါပဲ 🥰🥰🥰
CRD_KPOL

Address

Mandalay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 23:00
Sunday 09:00 - 21:00

Telephone

+959969000900

Website

Alerts

Be the first to know and let us send you an email when MTK Rottie Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Dog Breeder in Mandalay

Show All

You may also like