SUMO Belgian Malinois Farm

SUMO Belgian Malinois Farm Thank all my customers

12/06/2019



Belgian Malinoisတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ခင်ဗျားတို့ ကျွန်တော်တို့ မသိခဲ့တဲ့ အချက်များ.....Belgian Malinoisဆိုတာ ...
12/06/2019

Belgian Malinoisတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ခင်ဗျားတို့ ကျွန်တော်တို့ မသိခဲ့တဲ့ အချက်များ.....

Belgian Malinoisဆိုတာ သခင့်အပေါ် သစ္စာအရှိဆုံး၊Working dogဆိုတဲ့အတိုင်း အလုပ်လုပ်ရာမှာ အင်တိုက်အားတိုက် ရှိတဲ့ ခွေးအမျိုးအစား တစ်မျိုးပါ။ရုတ်တရက်ကြည့်လိုက်ရင် German Shepherd Dogs(GSD)တွေနဲ့ ခပ်ဆင်ဆင်လေး ဖြစ်နေတတ်ပါတယ်။ဒာပေမဲ့ လုံးဝမတူပါဘူး။GSDတွေက အလုံးအထည်ပိုကြီးပြီး အရိုးအဆစ်တွေက ပိုကြီးပါတယ်။Malinoisတွေနဲ့ တခြားworking dogတွေနဲ့ မတူတာကတော့ သူတို့ရဲ့work ethicလို့ခေါ်တဲ့ အလုပ်တစ်ခုကို စ လုပ်ပြီးရင် အပြီးသတ်တဲ့အထိ ကျားကုတ်ကျားခဲ လုပ်ကြတာရယ် သင်ယူလွယ် တတ်မြောက်လွယ်တာကြောင့် ဘာပဲသင်သင် ခနနဲ့တတ်ကြတာပဲ ဖြစ်ပါတယ်။ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ဆက်ကြည့်လိုက်ကြရအောင်....

၁.သူတို့ကို Belgian Cityကို အစွဲပြုပြီး ခေါ်ကြတာပါ

Belgian Malinois(အသံထွက်အမှန်က mal-in-wa မလင်ဝါး) တွေဟာ Belgiumအနောက်မြောက်ပိုင်းက Malinesမြို့အနီးတဝိုက်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ် ။1911ခုနှစ်နောက်ပိုင်းမှာ Americanကို စတင်ရောက်ရှိခဲ့ပြီး ရဲဖက် စစ်ဖက်တွေမှာ သုံးခဲ့ကြပါတယ်။

၂.သူတို့ကို တိရစ္ဆာန်အုပ်တွေကို ကျောင်းဖို့ မွေးမြူခဲ့ကြတာပါ

Belgian Malinoisတွေဟာ တကယ်တော့ Belgiumနေရာအနံ့မှာ ရှိတဲ့ သိုးထိန်းခွေးလေးမျိုးထဲက တစ်မျိုးပါ။ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာတော့ Malinoisတွေက သိုးထိန်းခွေးအဆင့်ကနေ အရာအရာကို သင်လွယ် တတ်လွယ်တဲ့ အထိ အဆင့်မြင့်လာခဲ့ကြပါတယ်။

၃.သူတို့တွေက ရဲတွေရဲ့ bestiesတွေပါ

1908ခုနှစ်ကနေစပြီး Belgian sheepdogsတွေကို New York city police forceအဖြစ် သုံးခဲ့ကြပါတယ်။အဲ့ဒီအချိန်တုံးက ဒီမျိုးစိတ်ဟာ United Statesအတွက်တော့ အသစ်ပါ။AKCလို့ခေါ်တဲ့ American Kennel Clubလို အဖွဲ့အစည်းကတောင် မလင်ဝါးတွေကို အဲ့အချိန်ကတည်းက အရေးတယူရှိခဲ့ပါတယ်။ဒီနေ့အချိန်အခါမှာတော့ Malinoisတွေက ရဲဖက် စစ်ဖက်တွေရဲ့ မရှိမဖြစ် ခွေးအမျိုးအစား တစ်မျိုး ဖြစ်နေပါပြီ။

၎.Malinoisတွေက ပထမကမ္ဘာစစ်မှာ ပါဝင်ခဲ့ပါတယ်

ပထမကမ္ဘာစစ်မှာကတည်းက Malinoisတွေက ရှေ့ပြေးတွေ၊ကြက်ခြေနီအကူတွေအဖြစ် ပါဝင်ခဲ့ပါတယ်။တချို့တွေဆိုရင် လူနာတင်လှည်းတွေ၊လက်နက်တင်လှည်းတွေ ဆွဲတဲ့အထိတောင် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

၅.Malinoisတွေက Navy SEALSတွေရဲ့မရှိမဖြစ်တွေပါ

ဒီနေ့အချိန်အခါမှာဆိုရင်တော့ဖြင့် Malinoisတွေက အမေရိကန်စစ်တပ်ရဲ့ မရှိမဖြစ် ဘက်စုံသုံး စစ်ခွေးတွေဖြစ်နေကြပါပြီ။Navy SEALSရဲ့ ခွေးအကောင်ရေ တော်တော်များများက ဟုတ်ပါတယ် Malinoisတွေပါ။Cairoဆိုပြီး နာမည်ပေးထားတဲ့ကောင်ကိုတော့ မိတ်ဆွေတို့ သိကြမယ်ထင်ပါတယ်။ 2011ခုနှစ်မှာ Osama Binladinကို နိမ်နှင်းခဲ့တဲ့ SEAL team6ရဲ့ အဓိကဇာတ်ကောင်ပါပဲ။သူတို့အတွက် အထူးပြုလုပ်ထားတဲ့ ကျည်ကာတွေ ပြီးတော့ အထူးစပါယ်ရှယ် ညကြည့်မှန်ဘီလူးတွေပါ တပ်ဆင်ပေးထားကြပါတယ်။

၆.Malinoisတွေက sky divingလုပ်နိုင်ကြပါတယ်

စစ်တပ်တွေမှာ GSDတွေထက် Malinoisတွေကို သုံးရတဲ့ အဓိကအချက်က သူတို့တွေက Sky divingခုန်နိုင်
ကြတာပါ။Malinoisတွေက GSDတွေထက် ပိုပေါ့၊ပိုပြီးရဲရင့်တာကြောင့် လူတွေနဲ့အတူ လေထီးခုန်ရာမှာ ပိုအဆင်ပြေတာကြောင့်ပါ။Malinoisတွေက လူမပါပဲနဲ့တောင် ကိုယ့်ဖာသာကိုယ် လေထီး ခုန်နိုင်ကြပါတယ်(Amazing...)

၇.Eva Mendesစီက Malinois

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Eva Memdesစီမှာ Hugoလို့နာမည်ပေးထားတဲ့ Malinoisတစ်ကောင်ရှိပါတယ်။အဆိုပါ မင်းသမီးက 2011ခုနှစ်မှာ မလိုမုန်းထားသူတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရရာမှာ Hugoဆိုတဲ့ သူ့Malinoisလေးက ရဲရဲရင့်ရင့် ကယ်တင်ခဲ့ပြီးတော့ Hugoရှိရင် သူ့ဘဝက လုံခြုံတယ်လို့ ဆိုပါတယ်။Malionisတွေက သခင့်အတွက်ဆို သက်စွန့်ဆံဖျား ကာကွယ်စောင့်ရှောက်တတ်တဲ့ ဉာဏ်ကောင်းတဲ့ Guard dogတွေပါပဲ....

နောက်ထပ် နောက်ထပ်လဲ Malinoisတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုတင်ဆက်ပေးဦးမှာမို့လို့ နားစွင့်ပေးကြပါဦးဗျ...အားလုံးကို ကျေးဇူးအထူးပါ...

Cairoနဲ့Hugoပုံလေးပါ ဖော်ပြပေးလိုက်ပါတယ်


Crd Dr Moe Myint

အဖြဲသံသရာကျွန်တော်လဲ မွေးတဲ့ခွေးဆိုဖြဲမှကြိုက်တာ ကိုက်မှကြိုက်တာဗျ။ကိုယ်ကခွေးနဲ့လမ်းလျှောက်ထွက်နေတုန်း ဒီခွေးက ချစ်စရာကြ...
11/06/2019

အဖြဲသံသရာ

ကျွန်တော်လဲ မွေးတဲ့ခွေးဆိုဖြဲမှကြိုက်တာ ကိုက်မှကြိုက်တာဗျ။
ကိုယ်ကခွေးနဲ့လမ်းလျှောက်ထွက်နေတုန်း ဒီခွေးက ချစ်စရာကြီးဆိုတာထက် ကြောက်စရာကြီးဆိုပြီး ဘေးကပ်သွားတာကိုပိုသဘောကျတဲ့သူဗျ။
လမ်းဘေးခွေးတွေ့လို့ ကိုယ့်ခွေးကမလိုက်တတ်ရင်တောင်တမင်လိုက်တတ်အောင်ရှူးတိုက် လေ့ကျင့်ပေးခဲ့တာမျိုး။
ဒီလိုနဲ့ ကိုယ်က ဒီ Breed တွေကိုအရမ်းသဘောကျ လာတော့ တဖက်ကသက်ဆိုင်ရာခွေးတွေရဲ့ စိတ်နေစိတ်ထားတွေ ပုံတိုပတ်စတွေ နဲ့ စည်းမျဉ်းဥပဒေသလေးတွေလက်လှမ်းမီသလောက်ဖတ်တာပေါ့ဗျာ။
အဲဒီချိန်မှာ ကိုယ်တွေးခဲ့တာတွေ ကိုယ့်အတ္တနဲ့ ဖြဲချင် ရမ်းချင်ခဲ့တာတွေက အမှားတွေမှန်းသိခဲ့တယ်။
တကယ်က Rottweiler ဆိုတဲ့ Breed က အရမ်းကို ပုံသွင်းရလွယ်တဲ့အမျိုးစားထဲပါပါတယ်။
မိဘ မျိုးရိုးနဲ့ Genes ကိုသိမယ် မဟုတ်လဲ cross breed မထိုးထားတဲ့ pure breed ဆိုရင်ပေါ့။သူတို့ကို မိသားစုဝင်လိုထားမလားရတယ်။တဖက်က အရမ်းကိုကြမ်းချင်လား တဖက်က working အတွက်သုံးချင်လားအစရှိသဖြင့်ရပါတယ်။စိတ်ကတည်ငြိမ်ရပါတယ်။ ဗြူး ဗြဲ ဆိုပြီး စိတ်မငြိမ်တာ အလကားနေရင်း aggressive ဖြစ်နေတာက မှားယွင်းနေတဲ့ အချက် တွေဖြစ်ပါတယ်။သူတို့ရဲ့ ဦးနှောက်တွေက လူစိမ်းလား မိတ်ဆွေလား ရန်သူလားတကယ်ခွဲခြားနိင်ပါတယ်။
စွယ်စုံရနေတဲ့သူတို့ရဲ့စိတ်တွေကို မွေးနေတဲ့ကျွန်တော်တို့လူသားတွေက ကိုယ်လိုချင်တဲ့အပိုင်းကိုပုံတွေသွင်းရာမှပြသနာတွေစလာတာပါ။
လွန်ခဲ့နှစ်တွေတုန်းက ခုလို FB တွေသိပ်ခေတ်မစားခင်ပေါ့ဗျာ Rottweiler တွေက မမွေးသင့်တဲ့ ခွေးအမျိုးစားဆိုပြီး နိုင်ငံတော်တော်များများမှာ အပိတ်ခံခဲ့ရတယ်။လူကိုလည်ပင်းတက်ခဲနေတဲ့ ပုံတွေ ခွေးခွေးချင်းကိုက်သတ်ထားတာတွေ ကလေးငယ်လေးကို ကိုက်ပလိုက်လို့ ဘဝပျက်မတတ်ချုပ်ခဲ့ရတာတွေ အစရှိသဖြင့်ပေါ့ဗျာ။ဒီလိုအဖြစ်ပျက်တွေကြားမှာ ဝါသနာရှင်တွေကို Breeder တွေ Kennel Club တွေကနေ မွေးမြူသင့်တဲ့ပုံစံတွေ အနေထားတွေ ရှင်းပြကြ သူတို့ရဲ့ စိတ်ရင်းအစစ်ကိုရှင်းပြကြ ကြောက်မက်ဖွယ် သွားကြီးတွေဖြဲနေတဲ့ Rottweiler တံဆိပ်ပါတဲ့ ပုံတွေ ကြေငြာတွေကို ကန့်ကွက်ကြပြီး ချစ်စရာကောင်းတဲ့ သူတို့ရဲ့အလေ့ထလေးတွေ သစ္စာရှိတဲ့ အကြောင်းတရားတွေနဲ့ လုံခြုံရေးအတွက်ပါထူးချွန်တဲ့ Breed တခုအဖြစ် High Light ပြရင်း ကောင်းမွန်တဲ့ ပုံရိပ်တွေကို recovery ပြန်ယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ ခုအများသူငါရှေ့က Rottweiler ကြီးတွေပြန်ဖြစ်လာတာပါ။
အခုနောက်ပိုင်းကျွန်တော်ဝါသနာရှင်တစ်ယောက်အနေနဲ့ပြန်မွေးဖြစ်တော့ မထင်မှတ်စရာတွေပြန်တွေ့လာရပါတယ်။
သူငယ်ချင်းတစ်ယောက်ပြတာကြည့်မိတော့ Rottweiler လေးကို သာသနာ့နယ်မြေထဲထိခေါ်ပြီး ဘုန်းကြီးကျောင်းကခွေးကို ဖြဲနေတာကို မထိန်းတဲ့အပြင် မြှောက်ပေးနေတာမျိုး၊အရွယ်ကောင်းခါစ Rottweiler ၂ကောင်ကို မြန်မာခွေးနဲ့တည်ပေးနေတာမျိုးတွေပါတွေ့လာရတယ်။
တဖက်ကလဲ ငါ့ခွေး ငါ့ပိုက်ဆံနဲ့ဝယ်ထားတာ ကိုက်ရင် လျော်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကိုမွေးလာကြပါတယ်။
အရင်ကသင်ခန်းစာတွေရှိပါတယ်။
ငယ်ငယ်ကရပ်ကွက်ထဲကခွေးတွေးကိုဖြဲဖို့သင်ထား မြှောက်ပေးထား၊ကြီးလာတော့ လမ်းဘေးခွေး မလွတ်စေရ လူလားအနားကပ်တာနဲ့ဆွဲပီးသားဆိုတဲ့ ကောင်ကြီးဖြစ်လာတယ်။တညမှာတော့ ခြံထဲပစ်ထည့်ထားတဲ့ အသားတုန်းနဲ့သေတာပါပဲ။
ဒါဆိုဒီခွေးကိုတကယ်ဘယ်သူသတ်တာပါလဲ?
နောက်တစ်ကောင်ကတော့ သခင်ကငယ်ငယ်ကတည်းကအလိုလိုက်မွေးထား တစ်လက်ကိုင်မှတစ်လက်ကိုင် သူလဲခရီးထွက်ခွေးကဘယ်သူ့စကားမှနားမထောင် လာနေကြ အဝတ်လျော်သည်ကြီးလျော်နေတုန်း မိန်းမလုပ်သူက ခွေးကိုအစာကျွေးချိန် ဒီမိန်းမကြီးရှိလဲ လွှတ်ပေးနေကြဆိုတော့ လွှတ်ပေးထားရာကနေ ကိုက်ပလိုက်လို့ အသက်ပါမနည်းယူလိုက်ရတယ်။ဘယ်သူမှဆွဲလို့လဲမရ ဟန့်လို့လဲမရ။အဝတ်လျော်သည်ကြီးက လှောင်အိမ်ထဲပြေးပြီးအထဲဝင်နေလို့သာ အသက်အန္တရယ်မဖြစ်တာ။
၂ယောက် ၃ယောက်ဖြစ်လာတော့
မိန်းမနဲ့ မိသားစုဝင်တွေက မမွေးရဲတော့လို့ အဲ့ခွေးရဲ့ ဇာတ်သိမ်းလဲမကောင်းခဲ့ဘူး။
အဲဒါကရောဘယ်သူ့ကြောင့်လို့ထင်ပါသလဲ?

ဒီလိုနဲ့ တဖက်ကပြောင်းမြင်ကြည့်တယ်။
အိမ်ကစထွက်တာနဲ့ တွေ့တဲ့သူတိုင်းကို ဆဲဆို ဟိန်းဟောက် ဖြဲခြောက်နေတဲ့ သူနဲ့
ကိုယ့်ဘာသာအေးဆေး လမ်းလျောက်စရာရှိလျောက်မယ် လုပ်စရာရှိတာလုပ် သွားစရာရှိတာသွားနေတာကိုမှ ကိုယ့်ကို စိန်ခေါ်မယ် ရန်မူမယ်ဆိုမှ တုန့်ပြန်တဲ့သူ ဘယ်သူ ဥာဏ်ပိုရှိမလဲ?
ခွဲစိတ်အထူးကုဆရာဝန်ကတော့ အရက်သမားအလင်းဆိုင်ထဲက လှမ်းစိန်ခေါ်နေတာကိုတော့ လက်ခံမှာမဟုတ်ပါဘူး။
လမ်းဘေးခွေး အများစုရောဂါပိုးတွေ တွေ့ရှိနေရပါတယ်လို့အကြိမ်ကြိမ်ကြေငြာနေတာကိုမှ ကိုယ့်အိမ်မွေးခွေးကြီးကို တန်းတူယှဉ်ကိုက်ခိုင်းဦမှာလား?

မြန်မာနိုင်ငံ Guard Dog Line မှာ အောင်မြင်နေတဲ့ Breed တွေ အရမ်းကိုခေတ်မပျက်ပဲ
ခုထိ လိုင်းငြိမ်းနေတဲ့ Breed တွေစဉ်းစားကြည့်ပါ။အဲဒီထဲမှာ GSD နဲ့ Rottweiler ပါတယ်။
ဘာလို့လဲဆိုတော့ စွယ်စုံဆိုတဲ့စကားတခုအပြင် မိသားစုတွေကပါလက်ခံထားတဲ့အရာတခုပါ။
နောက်ပိုင်း raise လုပ်တဲ့ breed တွေ ယောက်ျားလေးတွေကသာ ကြိုက်ပေမဲ့ ရေရှည်ရပ်တည်မရပဲ ခုထိဝယ်လိုအားနည်းနေတဲ့ Breed တွေ ဘာလို့ဒီမှာ မအောင်မြင်တာလဲ
ဆိုတာကိုပါဆက်စပ်တွေးမိပါသလား?

Rottweiler တွေကိုသင်တကယ်ချစ်တာလား?


crd Bro Ko Kyi Thet Han

  Wick 3... 🐕😍🐕   Dog
20/05/2019

Wick 3... 🐕😍🐕

Dog

အိမ်မွေးခွေးလေးတွေနဲ့တော့ မဆိုင်ပါဘူးကိုယ့်မြို့နဲ့ဆိုင်လာလို့ပါ  ပခက အဝင် တမာနံ မမွှေးရင် ဘယ်မှာ ပခက ဖြစ်မှာတဲ့လဲကွာ
16/05/2019

အိမ်မွေးခွေးလေးတွေနဲ့တော့ မဆိုင်ပါဘူး
ကိုယ့်မြို့နဲ့ဆိုင်လာလို့ပါ
ပခက အဝင် တမာနံ မမွှေးရင် ဘယ်မှာ ပခက ဖြစ်မှာတဲ့လဲကွာ

Max ကားထဲက ကလေးတွေပါအာဖဂန်မှာလည်း စစ်မှုထမ်းပြီးပြီ ဘင်လာဒင်လဲ ဝင်ဖမ်းပြီးပြီ လက်ရှိ မှာလည်း Special force တွေမှာ ထမ်းဆော...
07/05/2019

Max ကားထဲက ကလေးတွေပါ
အာဖဂန်မှာလည်း စစ်မှုထမ်းပြီးပြီ
ဘင်လာဒင်လဲ ဝင်ဖမ်းပြီးပြီ
လက်ရှိ မှာလည်း Special force တွေမှာ ထမ်းဆောင်နေပြီ
Pure Breed ပါ
Belgian Malinois လေး တွေ ၄လသားလေးတွေပါ အကုန်အထီးပါ ဈေးက ၃၅၀၀၀၀
Local ပေါက်တွေဖြစ်နေပါပြီ အဖေ အမေ ကတော့ Import တွေပါ 2015 လောက်ကတည်းက မြန်မာပြည်ရောက်နေတာပါ
အိမ်ဝိုင်းလုံအောင်မွေးဖို့
ကိုယ့်ကို Guard လုပ်ဖို့
လမ်းတူတူလျှောက်ဖို့ ကစားဖို့
ဘက်စုံ သုံးလေးတွေပါ
အရွယ်ကောင်းလေးတွေပါ
စိတ်ဝင်စားရင်
Ph no0977 899 9752
ကျေးဇူးပါ
ဒီဈေးနဲ့ ဘယ်မှ မရပါဘူး

ကူShare ပေးကြပါဦး Please

07/05/2019

ရက်​၂၀သား မျိုးဆက်​သစ်​ MALINOIS ​လေး​တွေပါ အ​ဖေ ​အ​မေ import ပါ male 3 and female 4 ပါ SUMO 2 ထင်းတန်းလမ်း ပခုက္ကူမြို့တွင်​ မျက်​မြင်​ ကြည့်​ရှုဝယ်​ယူနိင်​ပါသည်​။နယ်ပို့ပေးပါသည်။

Ph 09778999752,09440320321

Malinois 10mthsVaccine completeကျန်းမာရေး အာမခံပါတယ်Price ၅သိန်းအရမ်းတန်ပါတယ် ပခုက္ကူ ပုဂံ ညောင်ဦး မြင်းခြံ ကမ္မ မျက်မြင်...
06/05/2019

Malinois
10mths
Vaccine complete
ကျန်းမာရေး အာမခံပါတယ်
Price ၅သိန်း
အရမ်းတန်ပါတယ်
ပခုက္ကူ ပုဂံ ညောင်ဦး မြင်းခြံ ကမ္မ မျက်မြင်လာဝယ်လို့ရပါတယ်
Ph no 0977 899 9752

06/05/2019

Sale post
Malinois male
10mths
Vaccine complete
Mom and Dad Thailand Imported

K-9 (Canine unit)(သို့)အထူးရဲ​ခွေးတပ်​ဖွဲ့==================   ကျွန်တော်တို့​လူသား​တွေရဲ့အ​ကောင်းဆုံး သစ္စာ အရှိဆုံး သတ္တ...
06/05/2019

K-9 (Canine unit)(သို့)အထူးရဲ​ခွေးတပ်​ဖွဲ့
==================
ကျွန်တော်တို့​လူသား​တွေရဲ့အ​ကောင်းဆုံး သစ္စာ အရှိဆုံး သတ္တဝါကိုပြပါဆိုရင်​ကျွန်တော်​က​တော့​ခွေး​လေး​တွေကိုပဲ လက်​ညှိုးထိုးပြမှာပဲ။သူတို့​လေး​တွေကို အလယ်ေ​ခတ်​Middle ageမှစပြီး​လူသားများကဲ့သို့​ကောင်းစွာ​အသိဥာဏ်​မြင့့်​မားလာသည့်အချိန်​ကစပြီး ​ခွေး​တွေကိုသူတို့ရဲ့ဝမ်းစာအတွက်အမဲလိုက်ကြရာမှာ
ပါတနာအဖြစ်စတင်အသုံးပြုလာကြတယ်​။ရဲတပ်​ဖွဲ့​တွေမှာ​တော့14century မှာပထမဆုံးစတင်မှတ်တမ်းတင်ခံခဲ့ရတာက​​​တော့bloodhound အမျိုးအစား​ခွေး​တွေပဲဖြစ်တယ်။သူတို့ကိုပြင်သစ်နိုင်ငံတွင်တင်ပီးအသုံးပြုလာ
ခဲ့ပါတယ်​။နောက်​ပိုင်းမှာ အခြားခြား​သောနိုင်​ငံ​ရဲတပ်ဖွဲ့ေ​တွကပါ တွင်​ကျယ်​စွာအသုံးပြုလာခဲ့ကြပါတယ်​။

K-9ဆို​သောနာမည်​မှာcanine (​ဖြောင့်​မတ်​တည်​ကြည်​ကာ ယုံကြည်​စိတ်​ချ​ရ​သော လူမဟုတ်​​သည့်​ ​ခွေးတပ်ဖွဲ့)မှ​နောက်ပိုငှ်း K-9ဟူပြီး​ပြောင်းလဲ​ခေါ်ဆိုခဲ့သည်​။ ပထမဆုံးစတင်အသုံးပြုသည်ဟုသတ်​မှတ်​မှတိတမိးတင်​ထားသည်​မှာလန်​ဒန်​မှ sir ​​charlen warren မှ bloodhound dogအမျိုးအစားများကို်​​လေ့ကျင့်​​ပေးခဲ့သည်​။ထို့​နောက်ဘယ်​ဂျီယံမှ police dog servic programကို​ရေးဆွဲကာ မိတ်ဆက်​ပြသခဲ့သည်​။ထို့​နောက်​ သြစ​တေးလျ၊ ဟန်​​ဂေရီ၊ဂျာမနီစ​သောနိုင်​ငံ​တွေမှာ unit​တွေအလျှင်​အမြန်​ဖွဲ့စည်းလာကြသည်​။1920ခုနှစ်​မှာတရားဝင်​ police dog training schoolကိုဖွင့်​လှစ်​ခဲ့ကြသည်​။

K-9unit ဆိုတာနဲ့ လူ​တော်​​တော်​များများ သိကြမှာပါ အထူး​လေ့ကျင့်​ထားတဲ့​ လိမ်​မာပါးနပ်​ပြီး သာမာန်​​ခွေး​တွေထက်​ intelligence ​ကောင်းတဲ့ခွေး​တွေနဲ့ စိတ်​ရှည်​ပြီး မိမိပါတနာ
အ​ပေါ်ကို ​ကောင်း​ကောင်း handleလုပ်​နိုင်​တဲ့ ကိုင်​တွယ်​ထိန်း​ကြောင်းသူ( professional dog handler​)တွေကို​ပြေးမြင်​မိမှာပါ။
သူတို့ကို လူ​ပျောက်​ရှာ​ဖွေခြင်း၊ သဘာဝ​ဘေးအန္တယ်​များ​ကြောင့်
ပျက်​စီးပြိုလဲ​နေသည့်အ​ဆောက်​အဦးများကြားတွင်​ပိ​နေ​သောလူများ
(သို့)ရုပ်အ​​​လောင်းများကိုရှာ​ဖွေခြင်း၊
အစာ​ရေစာများ ပို့​ပေး​စေခြင်း၊
ပေါက်​ကွဲ​စေ​သောပစ္စည်းများကိုရှာ​ဖွေခြင်း၊ မူးယစ်​​ဆေးဝါးများရှာ​ဖွေခြင်း၊ လျှပ်​တပြက်​ဝင်​​ရောက်​စီးနင်းခြင်း၊
ထွက်​​ပြေးလွတ်​​မြောက်​ခါနီး​တရားခံကို
ဖမ်းဆီးခြင်း၊ကင်းလှည့်ခြင်း​​​စသည့်​ operation မှာ
အသုံးပြုကြပါတယ်​။ သူတို့ကို​ရွေးချယ်​ရာမှာလည်း အနယ်​နယ်​အရပ်​ရပ်​မှ​ခွေးပိုင်​ရှင်​များသည်​ မိမိ​ခွေးကိုK-9
တပ်​ဖွဲ့ ဝင်​အဖြစ်​လာ​ရောက်​​ရွေးချယ်​ခံ
ကြသည်​။ထို့အပြင်​​​ခွေးထိန်းသိမ်း​​ရေး​နှင့်​အခြားး​သော​နေရာ့်မှလည်းစီစစ်​​ရွေးချယ်​ကြပါသည်​။ သူတို့ကို
အဓီကအားဖြင့်​ အနံ့ခံအာရုံ​ကောင်းမွန်​ခြင်း(sense smell skill )၊ အမိန့်​နာခံတတ်​ခြင်း(obedience skill)၊ကြံ့ခိုင်​သွက်​လက်​ခြင်း(strong )၊ညဏ်​​ရည်​ညဏ်​​သွေး​ကောင်းမွန်​ခြင်းIntelligence( skill)၊ handlerရဲ့​စေညွှန်း​ချက်​ကိုနားလည်​လွယ်​ကူခြင်း (understanding skill)စသည့်​ အ​ခြေခံအရည်​အ​သွေး​တွေကို စီစစ်​​ရွေးချယ်​ကြပါသည်​။များ​သောအားဖြင့်​ဥာဏ်​ရည်​​ကောင်းမွန်​​သော German Shepherd, Belgian Malinois,Bull dog, Bloodhound နှင့်​ Dutch Shepherdစသည့်​အမျိုးအစား​တွေကိုဦးစား​ပေး​ရွေးချယ်​ကြသည်​။

လေ့ကျင့်​သင်​ကြား​ပေးရာမှာလည်း handlerနဲ့အတူ obedience ​ကောင်း​အောင်​၊ ကျန်းမာသန်​စွမ်းကာ အမြင့့်​ခုန်​ အတားအဆီးဖြတ်​​ကျော်​ခြင်း/ လုံး​ထွေးသတ်​ဖြတ်​ခြင်း၊ အ​ပေးအယူညီမျှတမှုတို့နှင့််​ sence smell search skillတို့ကို ​​လေ့ကျင့်သင်​ကြား​ပေးသည်​။
သူတို့ကိုအပိုင်းအားဖြင့်​unitအ​သေး​လေး​တွေထပ်​ခွဲထားပြန်​ပါတယ်​။
Sentry and attack K9s (SAA)-ကင်းလှည့်​ခြင်း၊ ထွက်​​ပြေး​သော တရားခံကို ရှာဖွေဖမ်းဆီးခြင်းစသည့်​​နေရာ​တွေမှာလည်းအသုံးပြုသည်​။

Search and rescue K9s (SAR)-​ခြေရာခံခြင်း၊ကယ်​​ဆယ်​ရှာ​ဖွေ​ရေး​တွေမှာ Bloodhounds ​တွေကိုအသုံးပြုပါတယ်​။

Detection or explosive K9(DOE)​ပေါက်​ကွဲ​စေ​သောပစ္စည်းများ၊ မူးယစ်​​ဆေးဝါးများရှာဖွေခြင်းဆိုပြီးးခွဲခြားထားပါတယ်​။
အ​ခြေခံအားဖြင့်​သူတို့Unitမှာ single နဲ့ dualဆိုပြီး အတန်းအစားခွဲခြားထားပါ​သေးသည်​။
Singleမှာဆိုလျှင်​ personal protection, ​ခြေရာခံခြင်း(tracking) ၊စသည့်​ရိုးရှင်း​သော operation ​တွေမှာ
သာအသုံးပြုကြသည်​။ Dualက​တော့
ပေါက်​ကွဲ​စေ​သောပစ္စည်းရှာ​ဖွေခြင်း၊
မူးယစ်​​ဆေးဝါးရှာ​ဖွေခြင်း၊လျှပ်​တပြက်​စီးနင်း​တိုက်​ခိုက်​ခြင်း(Raid)စသည်​တို့အပြင်​ single purpose ​တွေလုပ်​နိုင်​သောအရာ​တွေအကုန်​လုံးကို လည်းသင်​ကြား​ပေးထားသည်​။

အချို့နိုင်ငံများတွင်အမျိုးအစားအလိုက်​ တာဝန်​​တွေခွဲ​ဝေထားသေးသည်။
Basset Hound (ဗုံးရှာ​ဖွေခြင်း)

Beagle (မူးယစ်​​ဆေးဝါး နှင့်​ဗုံးရှာခြင်း)

Belgian Malinois (ကာကွယ်​ခြင်း၊တိုက်​ခိုက်​ခြင်း၊အကျဉ်းသား​ပြောင်းရာမှာလိုက်​ပါ ​စောင့်​ကြပ်​ခြင်း၊IED location ရှာ​ဖွေခြင်း.)

Bloodhound (​ခြေရာခံခြင်း၊ဗုံးတည်​​နေရာရှာခြင်း.)

Rottweiler (ကာကွယ်​ခြင်း၊တိုက်​ခိုက်ခြင်း)

English Cocker Spaniel (လက်​နက်​ခဲယမ်းနှင့်​စက်ပစ္စည်းများ၊​ပေါက်​ကွဲ​စေ​သောပစ္စည်းများရှာ​ဖွေခြင်း)

Doberman Pinscher (တိုက်​ခိုက်​ခြင်း၊
Dutch Shepherd (ကာကွယ်​​ပေးခြင်း၊တဖက်​ရန်​သူကို​ချေမှုန်းရန်)

Springer Spaniel (မူးယစ်​​ဆေးဝါးနှင့်​​ပေါက်​ကွဲ​စေတတ်​​သောပစ္စည်းနှင့်​ဗုံးများရှာ​ဖွေခြင်း)

German Shepherd (ကာကွယ်​ခြင်း၊တိုက်​ခိုက်​ခြင်း၊ ground-based tracking and air-based tracking, သဘာဝ​ဘေးအန္တရယ်​များ​ကြောင့်​​ပျောက်​ဆုံး​သေဆုံးသူများကိုရှာ​ဖွေခြင်း)

German Shorthaired Pointer (ground-based tracking and air-based tracking, မူးယစ်​​ဆေးဝါးရှာ​ဖွေခြင်း)

Labrador Retriever (ကာကွယ်​ခြင်း၊တိုက်​ခိုက်​ခြင်း၊တည်​​နေရာရှာခြင်း၊ဗုံးရှာ​ဖွေခြင်း၊ မူးယစ်​​ဆေးဝါးရှာ​ဖွေခြင်း)၊
စသည်​အားဖြင့်​ အမျိုးအစားအလိုက်​ ထူးချွန်​​သောပင်​ကိုယ်​အရည်​အ​သွေးများအလိုက်​operation typeများကိုခွဲခြားထားပါသည်။သို့​ပေမယ့်​ နိုဂ်​ငံအလိုက်​ဖွဲ့စည်းပုံနှင့်​ ​ပေါင်းစပ်​တာဝန်​ထမ်း​ဆောင်​ပုံကွာခြားပါသည်​။

ထို့အတူကိုင်​တွယ်​ထိန်း​ကြောင်းသူ
(Dog handler)အ​နေနဲ့လည်း ​သာမာန်​ရဲတစ်​​ယောက်​ရဲ့ လုပ်​ထုံးလုပ်​နည်းဥပ​ဒေပညာရပ်​များကို ကျွမ်းကျင်​ပိုင်​နိုင်​ရ​ပေသည်​။ K-9တပ်​ဖွဲ့ဝင်​handlerတစ်​​ယောက်​အဖြစ်​​အ​ရွေးခံရန်​ အရည်​အချင်းစစ်​စာ​မေးပွဲများကို​ဖြေဆိုရမည်​။ဥပ​ဒေပညာ၊ ကြံ့ခိုင်​ခြင်း၊ ဥာဏ်​​ရည်​ဥာဏ်​​သွေး၊ပူး​ပေါင်းပြီး အ​ပေးအယူမျှတခြင်းစသည်​အရည်အသွေးစစ်သောမေးပွဲများကို
ဖြေဆိုကြရသည်​။ စာမေးပွဲဖြေဆို၍​ရွေးချယ်​ခံပြီးမှသာdog handlerသင်​တန်းကိုတက်​ရသည်​။ထိုမှတဆင့်​ အထက်​ကချ​ပေး​သော မိမိပါတနာ(​ခွေး)နှင့်​အတူ အ​ပေးအယူမျှ​အောင်
ထပ်​မံ​လေ့ကျင့်​ရပါသည်​။အချို့သူများသည်​ အိမ်​သို့်​ခေါ်ရန်​ ခွင့်ပြုချက်​​တောင်းပြီး ပါတနာနှင့်​အတူ​နေထိုင်​နိုင်​ပါသည်​။

သူတို့ operation ကို့်​ အခြားအထူးတပ်​ဖွဲ့များနှင့်​ ​ဒေသခံရဲများနှင့်​အတူ​ပူး​ပေါင်း​ဆောင်​ရွက်​ရပါသည်​။သူတို့ကို vest, flack jacket, GPS tracking system,cameraအပြင်​ အချို့တွင်​ bullet proof hehelmetပါတပ်​ဆင်​​ပေးထားပါသည်​။2011mayတွင်​ The Bureau of Labor and Statistics (BLS),ကသတ်​မှတ်​ထား​သောပျမ်းမျှလစာမှာ $21,120 မှ $112,730 per yearရရှိပါသည်​။တာဝန်​ထမ်း​ဆောင်​သက်​တမ်းမှာ 6နှစ်​မှ9ထိတာဝန်​ထမ်း​ဆောင်​ရပါသည်​။သူတို့်လေး​တွေကို သတ်​ဖြတ်​မိသည်​ဖြစ်​​စေ ၊ ဒဏ်​ရာအနာတရဖြစ်​​အောင်​လုပ်​မိသည်​ဖြစ်​​စေ ထိုသူသည်​ သာမာန်​ရဲတပ်​ဖွဲ့ဝင်​တစ်​​ယောက်​ကို အနာတရဖြစ်​​အောင်​လုပ်​​ဆောင်​ခြင်း၊သတ်​ဖြတ်ြ​ခင်း​ကြောင့်​ခံစားရ​သောပြစ်​ဒဏ်​နီးပါးခံရနိုင်​​ကြောင်း ဥပဒေပြဋ္ဌာန်းထားပါသည်​။

Lin Tun
(Myanmar weapon observers)
Sources from Internet

ခွေးတကောင်မွေးတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါ..(၁)ရှာထားတဲ့ ပိုက်ဆံနဲ့ ဝယ်ပြီးမွေးရခြင်း(၂) အခန့်မသင့်လို့ အကြောင်းကြောင့်ေ...
04/05/2019

ခွေးတကောင်မွေးတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါ..

(၁)ရှာထားတဲ့ ပိုက်ဆံနဲ့ ဝယ်ပြီးမွေးရခြင်း

(၂) အခန့်မသင့်လို့ အကြောင်းကြောင့် သေဆုံးသွားခဲ့
လျှင် ငွေအား၊ လူအားနှင့် ရင်းထားရသော
အချိန်များပါ ဆုံးရှုံးသွားသောကြောင့် ခဲလေသမျှ
သဲရေကျ ဖြစ်ရခြင်း..

(၃)စမွေးခါကာစမှာ မည်သူမဆို ဂျင်းထည့်ခံရတတ်ခြင်း
(တအားမွေးချင်နေတဲ့ စိတ်ကြောင့် ဂျင်းထည့်မည့်
သူတို့၏ ဓားစာခံ ဖြစ်သွားတတ်သည်)
မွေးချင်တဲ့စိတ် ပျောက်မယ့်အနေအထားလောက်
ထိရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတတ်ခြင်း..
ငွေကုန် အချိန်ကုန် လူပမ်းဖြစ်ကာ စိတ်ကူးစိတ်သန်း ရည်ရွယ်ထားတဲ့ ဆုံးရှုံးသွားရတတ်ခြင်း..

(၄)မနက်နိုးတာနဲ့ မျက်နှာတောင်မသစ်နိုင်သေးပဲ
ခွေးဆီသွားပြီး အန်ထားသလား ၊ ဝမ်းသွားထား
သလား စောလျှင်စွာ အရင်သွားကြည့်ရခြင်း...

(၅)အကယ်၍ အန်ခဲ့သည်ရှိသော် အန်သောပုံစံမှာ
ဘယ်လိုအရောင် ဘယ်လိုပုံစံ ဆိုတာကိုကြည့်ပြီး
ဘာကြောင့်အန်လဲဆိုတာ အဖြေရှာရခြင်း..

(၆)သွားတဲ့ ဝမ်းမှန်သမျှကိုလည်း ဘယ်လိုအရောင်
ဘယ်လိုပုံသဏ္ဏာန်ဆိုတာကို သတိထားပြီး ကြည့်
ရခြင်း..

(၇)နေ့စဉ်နဲ့အမျှ ကျွေးတဲ့ အစားအသောက်ကို
စားသလား(သို့)မစားပဲမသောက်ပဲ နေလျှင်
ဘာ့ကြောင့် မစားလဲဆိုတာ အဖြေရှာရခြင်း..

(၈)အန်တဲ့အရည် ၊ သွားတဲ့ဝမ်းကအစ အကုန်ကြုံးရခြင်း
ဆေးကြောရခြင်း ၊ သန့်ရှင်းရခြင်း...

(၉)အသားငါး၊ အစာ၊ ဆေး အစရှိတာတွေ နေ့စဉ်နဲ့အမျှ
ဝယ်ခြမ်းကျွေးရခြင်းကြောင်း ပုံမှန်ဝင်ငွေ ရှိရခြင်း..

(၁၀)ခွေးမဆိုလျှင် သူ့ရဲ့ သဘာဝ ဟိလာတဲ့ အချိန်
ရောက်လျှင်ဟိလာတဲ့အရောင် အနေအထားကအစ
ဟိမကျော်အောင် သားတင်တာမလွတ်အောင်
နေ့စဉ်နဲ့အမျှ သတိထားကြည့်ရခြင်း၊ခွေးထီးမရှိခဲ့ပါက
သားတင်ဖို့ရာအတွက် အရည်အသွေး ၊ ရုပ်ထွက်
ကအစ သင့်တင့်လှပတဲ့လက္ခဏာမျိုးရှိတဲ့ ခွေးထီး
ကို တကူးတက ရှာရခြင်း..

(၁၁)သားတင်တဲ့အချိန်မှာလည်း ခွေးထီးဖြစ်စေ
ခွေးမဖြစ်စေ အာဝါဟ ဝိဝါဟ ဖြစ်မြောက်ဖို့ရာ
အတွက် ကိုင်ရပြုရ ခက်ခဲပါက အချိန်ကုန်
လူပမ်းဖြစ်ကာ ဇွဲရှိရှိနဲ့ အပင်ပမ်းခံကာ သားတင်ရ
ခြင်း..

(၁၂)သားတင်ပြီးတဲ့နောက်မှာလည်း အနေအထိုင်
အသွားအလာ အနေအထားကအစ သားမလျှော
အောင် ဂရုစိုက်ရခြင်း...

(၁၃)သားအောင်မအောင် နေ့စဉ်နဲ့အမျှ မျှော်လင့်တကြီး
နဲ့ ကြည့်ရှုရခြင်း...

(၁၄)ဒီကြားထဲမှာမှ ခွေးကြီးမျိုးမွေးတဲ့သူဆိုလျှင်
အိမ်အဝင်အထွက် သူစိမ်း လူစိမ်းများအား
မကိုက်အောင် ထိန်းသိမ်းရခြင်း၊ကြည့်ရှုရခြင်း..

(၁၅)အလုပ်မအားတဲ့ ကြားထဲကနေ မရမက
အချိန်လုပြီး သွားကြည့်ရခြင်း၊ သွားကျွေးရခြင်း..

(၁၆)တခါတလေ ကိုယ်တယောက်တည်း ခွေးမွေးခြင်း
ဝါသနာ ပါသောကြောင့် ခွေးကို ချစ်သောကြောင့်
ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ထားချင်သော်
လည်း အိမ်ရှိမိသားစုမျာထဲမှ ခွေးမချစ်သောသူများနှင့်
အဆင်မပြေဖြစ်ရခြင်း.

(၁၇)ရှာထားတဲ့ ပိုက်ဆံနဲ့ဝယ်မွေးထားတဲ့ ခွေး
အကြောင်းကြောင်းကြောင့် သေသွားခဲ့သည်ရှိသော် အရှုံးနဲ့တော့အပိုင်းမခံဘူး ဆိုတဲ့မလျှော့သော
စိတ်ဓာတ်နှင့် အရင်းခံတဲ့ဝါသနာကို အမှီပြုပြီး
တဖန်ပြန်၍ မွေးဦးမယ်ဆိုတဲ့ စိတ်ဓာတ်သစ်ကို
ပြန်ပြီးမွေးရခြင်း...

ထို့ကြောင့် ခွေးမွေးမည်ဆိုလျှင် ဤအချက်(၁၇) ချက် အတိုင်း လုပ်ဆောင်နိုင်မှ ပြုလုပ်နိုင်မှ ကျော်ဖြတ်နိုင်မှ
သာလျှင် ကိုယ်ရည်ရွယ်ထားတဲ့ စိတ်ကူးစိတ်သန်းတွေ
ဝါသနာတွေ တစတစ ပြည့်လာပါလိမ့်မည်...

ထို့ကြောင့် ခွေးမွေးသူများကို လျှော့မတွက်ပါနှင့်..
လေးစားပါလို့ စကားပါးလိုက်ပါရစေ..

ထိုအချက်တွေအားလုံး ကိုယ်တိုင် ကြုံတွေ့ခံစား
လာခဲ့ခြင်းကို စာအဖြစ်ပြန်လည်ရေးသား
လိုက်ခြင်းဖြစ်သည်...

Crd

မျိုးဆက်​သစ်​​လေး​တွေ လာပြီ​နော်
02/05/2019

မျိုးဆက်​သစ်​​လေး​တွေ လာပြီ​နော်

02/05/2019
ဒီနေ့  တောင်ကြီးမှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ကြောင်းသတင်းဖတ်လိုက်ရတယ်..ဘာမှမသိသေးတဲ့ ၇လ အရွယ်ကလေးပါ မချန်ခဲ့တာကိုတော့ ဖတ...
29/04/2019

ဒီနေ့  တောင်ကြီးမှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ကြောင်းသတင်း
ဖတ်လိုက်ရတယ်..ဘာမှမသိသေးတဲ့ ၇လ အရွယ်ကလေးပါ
မချန်ခဲ့တာကိုတော့ ဖတ်ရင်း ဒေါသထွက်မိတယ်..ဒီအမှု တွေကို
ပြည်ထဲရေးမျက်နှာလွှဲနေသ၍ မကြာမကြာ ဆက်ဖြစ်နေကြမှာပါပဲ.
ဒီတော့ ပြည်သူတွေ ကိုယ့်အသက်ကိုယ်သာ ဂရုစိုက်ကြယုံပဲ
ရှိပါတော့တယ်. ကဲ ဘယ်လို ကိုယ့်အသက်ကို ဂရုစိုက်ကြမလဲ
ဆိုရင် အနီးအနား လက်နက် တခုခု ဆောင်ထားခြင်းတွေ
ကိုယ်ခံ ပညာ တခုခုရှိထားခြင်းတွေ အစရှိတာတွေဆိုပါတော့.
သို့ ပေမယ့် ဒါတွေက နိုးကြားနေစဉ်မှာပဲ ကာကွယ်လို့ ရတယ်လို့ မြင်မိတယ်.
ဥပမာ အိပ်နေတုန်း သတ်သွားကြတဲ့ ၄လောင်းပြိုင်လူသတ်မှု
တွေကိုလည်း တွေ့ရပါတယ်. ဒါ့ကြောင့် ဒီထက်ပိုပြီး
မိမိအသက် အပြင် မိမိ မိသားစု မိမိအိုးအိမ် မိမိ ခြံဝန်း မိမိ နေအိမ်
တွေကိုပါ အမြဲတမ်း လုံခြုံစေချင်လျှင်တော့ ခွေးမွေးပါ.
အဲဒီ အထဲက guard dog အမျိုးအစားတွေမွေးပါ.(guard
မဟုတ်တဲ့ golden retriver တို့  husky တို့ alaskan တို့  ဆိုရင်တော့ မလုံခြုံပါ) ..မယုံမရှိပါနဲ့.
ခွေးရှိခြင်းဟာ အိမ်ကို အင်မတန် ဟန့် စေပါတယ်.
ခွေးရှိလျှင် သာမန်လူတယောက် အိမ်ရှိလူမသိပဲ အစိမ်းသက်သက်
ဝင်လာဖို့ တွန့် စေပါတယ်..ဒီလို ပြောလို့ ခွေးပဲ ဟောင်ရုံပဲရှိတယ်
လို့ မမြင်ပါနဲ့. guard dog & fight dogတွေဖြစ်တဲ့ rottweiler တို့ doberman တို့ alsation တို့ 
pitbull တို့ အစရှိတဲ့ခွေးတွေဟာ တခြားခွေးတွေထက်
အင်မတန် လူကဲခတ် သိပ်နပ်တဲ့ ခွေးတွေပါ.. မူမမှန်တဲ့သူ
မသင်္ကာစရာလူတွေဆို သူ တို့ ရဲ့ အတွင်းစိတ်သန္ဓေကိုက အလိုလို
သိတတ်တဲ့ ဓာတ်ခံသူတို့ မှာ ရှိပါတယ်. နောက်တချက်က
သခင်အပေါ် ကာကွယ်လိုစိတ် အင်မတန်ကြီးမားကြပါတယ်.
သည်လို ပြောလို့ ဟုတ်ပါ့မလားထင်နေရင် သူတို့ သခင်နဲ့
သူ့ ရှေ့မှာ နပမ်းလုံးကြည့်ပါ. ဟောင်နေ ထိုင်နေမယ့်အစား
မဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်.သူရှေ့ လင်မယားချင်း
ရန်ဖြစ်လျှင်တောင် သင့်ဘက်ပါပါလိမ့်မည်.
နောက်တချက်က အဲဒီခွေးတွေဟာ ဒုတ်တချောင်းပါလာတဲ့ လူတယောက်လောက်ကတော့ အသာလေး ဖြိုနိုင်ပါတယ်. ဒုတ် ဓား လက်နက် ပါလာတဲ့သူတယောက် ရုတ်တရက် သည်ခွေးတွေ ဝင်ကိုက်ချိန်မှာ လုပ်ဖို့ ကိုင်ဖို့ ရာ ဟန်ပျက်မူပျက်ဖြစ်သွားကြပြီး
ဝင်အလုံးခံကြရတဲ့ video တွေ youtube မှာ ရှိကြပါတယ်..
ယခု တောင်ကြီး ဖြစ်စဉ်မှာ guard dog တကောင်ကောင်သာ
ရှိမယ်ဆို ဒီကိစ္စလုံးလုံးလျားလျား မဖြစ်ဘူးလို့ မပြောန်ုင်ပေမယ့်
ယခု ဖြစ်ပွားခဲ့တဲ့ အခင်းထက် ပိုလျော့တဲ့ ဖြစ်စဉ်မှုတော့ ဖြစ်သွား
နိုင်ပါလိမ့်မည်. (ခွေးကို ခြံထဲ ထည့်မထားဘူးဆိုရင်ပေါ့)
ခွေးမွေးထားတဲ့ အတွက် မသင်္ကာဖွယ်ရာ လူတဦး အိမ်ရှေ့ရစ်သီ
လာဝဲနေလျှင် မနားတမ်းထိုးဟောင်ပါမည်..မနားတမ်းထိုး
ဟောင်နေမှုကြောင့် အိပ်ရေးဆတ်တဲ့သူဖြစ်ပါက ထကြည့်ခဲ့လျှင်
အခင်းဖြစ်ပွားမှုမကြီးမားအောင်ထိန်းနိုင်ပါလိမ့်မည်. လာသည့်ရန်သူ
သည်လည်း ခွေးရှိသည့်အတွက် အိမ်ထဲအဝင်မှာ ဘယ်နေရာက
ပြေးဝင်ကိုက်မလဲဆိုသည့်စိတ်ကြောင့် နောက်ဆံတခု တင်းသွားပါ
လိမ့်မယ်. ထိုနောက်ဆံတင်းသည့်စိတ်ကြောင့် စီစဉ်ထားမှုတွေဟာ
လည်း အနည်းအကျဉ်းတော့ အာရုံထွေပါးသွားတတ်ပါလိမ့်မယ်
အကယ်၍ ခွေးမှေးကနဲအိပ်နေခဲ့လို့ ခွေးအငိုက်မှာ အသံမကြား
အောင်ဝှက်ကာ ရန်သူ အိမ်ထဲဝင်ရောက်ရှိခဲ့ကာ ရုန်းရင်းဆန်ခတ်တွေ
ဖြစ်ခဲ့ပါမူ အသံကြားရာ ပြေးဝင်လာပြီး ရန်သူကို
လူတယောက်အင်အားနဲ့ညီတူစွာ ဝင်လုံးပါလိမ့်မယ်. သည်အခါမှာ အိမ်ရှင်တဦးဦး အသက်ဘေးလွတ်ဖို့  အခွင့်ရေးပိုရသလို ဝင်ရောက်
တိုက်ခိုက်လာတဲ့ ရန်သူသည်လည်း ပိုအထိနာဖို့ များပါလိမ့်မည်.
ခွေးတကောင်များ ဖျားယောင်ရတာ အလွယ်လေးလို့ လည်းမထင်
ပါနဲ့.ဒီကောင်တွေဟာ ဗမာခွေးလို လက်ဖျောက်တီး မုန့် ကျွေးခေါ်
ရတယ် သွားထင်ရင်တော့ မှားပါလိမ့်မည်..
မယုံလျှင် ညအခါ guard တကောင်ကောင်ရှိတဲ့အိမ်ရှေ့
သွားပြီး မုန့် ကျွေး လက်ဖျောက်တီး တတောက်တောက်ခေါ်ကာ
စည်းရုံးကြည့်ပါ. သင်သိရပါလိမ့်မည်.

" အထက်ပါ ပြောခဲ့သလို ခွေးရှိခြင်းဟာ အိမ်ဟန့် စေတယ်ဆိုတာ
မယုံမရှိပါနှင့်. ကျွနိုပ်တို့ အိမ်ခွေးမမွေးခင်တုန်းက ရပ်ကွက်ခံ
မဟုတ်တဲ့ မျက်နှာစိမ်းအကျီ င်္စိမ်း လူစိမ်းသူစိမ်းတွေ ရေတခွက်
ဝင်ရောက်တောင်းသောက်ခြင်း ပိုက်ဆံအကြွေ ဝင်ရောက်
တောင်းခံခြင်း သူ တယောက်စ ၂ယောက်စ လာကြဖူးကြတယ်.
ခွေးလည်း မွေးပြီးချိန်မှာ ထိုသို့ လာဖူးသော သူတွေ ယောင်လို့ ပင်
မတွေ့ရချေတော့ပါ. .သောက် ရေသန့် ဗူးလာချတဲ့သူတွေ
အဝတ်အပေတွေလျှော်ဖို့  လာကောက်တဲ့သူတွေကအစ အရင်လို
အဝင်အထွက်မရဲတော့ပဲ ခွေးကြည့်ပေးပါဦး ပြောပြီးမှ ဝင်ကြ
တတ်ပါတော့တယ်.

ဒါ့ကြောင့် အိမ်လုံချင်လျှင် ခွေးမွေးပါ
အထူးသဖြင့် အဓိကအားဖြင့် guard dog ခွေးမွေးပါ
မယုံလျှင် အပိုပြောတယ်ထင်လျှင် သင်စမ်းပြီး မွေးကြည့်ပါ
အိမ်ရဲ့ရှုထောင့်ပေါင်းစုံက ထွက်လာနေကြတဲ့ တဝေါင်းဝေါင်း
အသံကြီးတွေကြောင့် တနေကုန် သင့်အိမ်အလိုလို လုံသွားခြင်းကို တွေ့ရပါလိမ့်မည် ထို့ အပြင် သူတို့ နဲ့လမ်းလျှောက်ထွက်ချိန်မှာ
လည်း မှောင်ရိပ်ထဲမှာ ဘာအရိပ်ရိပ်ပဲတွေ့တွေ့ သတိအနေထားနဲ့
စူးစိုက်စွာ သင့်ရှေ့က ရပ်တည်နေခြင်းကိုလည်း တွေ့ရပါလိမ့်မည်
ကျနော့်ကို လမ်းညွှန်ပါဆိုရင်တော့ အတိုက်အခိုက်ကော
ရဲရင့်မှုကော စူးစိုက်မှုကော မာန်ပါမှုကော အင်အားကြီးမားမှုကော
ကိုက်အားမြင့်မှုကော အမိန့် နာခံမှုကော ဘက်စုံပြီးပြည့်စုံတဲ့ မျိုးမှန်
ရိုးမှန် သခင်ကို ကာကွယ်လိုစိတ်အားကြီးသည့် rottweiler
ခွေးကြီးတွေမွေးပါ.

ရန်သူဟာ အငိုက်မိနေတဲ့ လူတယောက်ကိုသာ လုံးဖို့ ရာ လွယ်ပါလိမ့်မည် .တဇွတ်ထိုးဝင်ကိုက်လေ့ရှိတတ်တဲ့အင်အားကြီး
ခွေးတကောင်ကိုတော့ သူလုံးဖို့ ရာ မဖြစ်နိုင်ပါ.
လက်သီးဖြင့် ချမည်လား ခြေထောက်ဖြင့် ချမည်လား
သူဘယ်လို ခုခံမည်နည်း?

(အိမ်ထဲဝင်ရောက်လာတဲ့ သူစိမ်း သူခိုးကို မွေးထားတဲ့
rottweiler က ဝင်လုံးတိုက်ခိုက်သည့် အပြင် အသေပါကိုက်သတ်
ပစ်သည့် အမှန်တကယ် cctv မှတ်တမ်း record video တွေ youtube မှာ ကြည့်နိုင်ပါသည်)

ဒါဟာ အင်အားကြီးခွေးတကောင်ရဲ့ အင်အားကိုချပြခြင်းပါ
၁ကောင်ထက် ပိုရှိလျှင်တော့ သင့်အိမ် ပို၍သာ လုံခြုံနေပေလိမ့်မည်
Crd ko thurein

အိမ်​မှာရှိတဲ့သားသားမီးမီးတို့အတွက်​အရမ်းစိတ်​ချလို့ရတဲ့က​လေးထိန်း​ခွေး​လေး​တွေလည်းSU MOမှာဆိုဒ်​မျိုးစုံရှိတယ်​​နော်...
28/04/2019

အိမ်​မှာရှိတဲ့သားသားမီးမီးတို့အတွက်​အရမ်းစိတ်​ချလို့ရတဲ့က​လေးထိန်း​ခွေး​လေး​တွေလည်းSU MOမှာဆိုဒ်​မျိုးစုံရှိတယ်​​နော်​ -(1)မျိုး​ကောင်းတယ်​(2)ကျန်းမာ​ရေးစိတ်​ချရတယ်​(3)​ဈေးတန်း​လေး​တွေအရမ်းတန်​တယ်​​နော်​ ဆိုဒ်​မျိုးစုံရှိတယ်​ ယုံကြည်​စွာနဲ့လာ​ရောက်​ကြည့်​ရှူ့လို့ရတယ်​​နော်(​ဈေးတန်း​လေး​တွေကိုcb မှာ​မေးနိုင်​တယ်​​နော်​)

ဘင်လာဒင်ဝင်ဖမ်းတုန်းက US Special force,Seal Team Six  ကဆရာတွေWhite House Guard dog တွေဘက်စုံသုံး ခွေးကြမ်းတွေကျွနိတော်တိ...
28/04/2019

ဘင်လာဒင်ဝင်ဖမ်းတုန်းက US Special force,Seal Team Six ကဆရာတွေ
White House Guard dog တွေ
ဘက်စုံသုံး ခွေးကြမ်းတွေ
ကျွနိတော်တို့ ဗမာအခေါ် စစ်ခွေးတွေ
အခု ပိုင်ဆိုင်နိုင်ပါပြီ
ကျွန်တော်ကိုယ်တိုင်ကလည်း မွေးချင်လွန်းလို့ အိပ်မက်တွေတောင်မက်ခဲ့တာပါ
ခွေးချစ်သူ ဘော်ဒါတွေ အတွက် ကြမ်းမယ့်ရမ်းမယ့်

malinois (7 month)
#5*****ks
Vaccine complete
If u want more information
U can contact
Ph no 09778999752
Size စုံရှိပါသည်
ပခက မှဆိုလျှင်မျက်မြင်လာရောက်ကြည့်ရှုနိုင်ပါသည်
Sumo 1 ဧရာဝတီတံတား တောင်ဘက် လက်ပံခြေပေါ် ပခုက္ကူ မှ ညောင်ဥိး သွားလမ်း ညာဘက်ခြမ်း
Sumo 2 အမှတ် ၃ ဂ ကွင်း ၂လမ်း ထင်းတန်းလမ်းအရှေ့ဘက်

တခြားနယ်မှ ဆိုလျှင်ကားဂိတ်မှတဆင့်ပို့ပေးပါသည်
ကျန်းမာရေး အာမခံပါသည်
PLEASE LIKE AND SHARE
Like 1K ပြည့်လျှင် Lab or Malinois တကောင် မဲဖောက်ပေးပါမည်
ကျေးဇူးတင်ပါတယ်ခင်ဗျာ

Why Value????********************တစ်ခါက ဆရာကြီး ဦးအောင်သင်း ခွေးသင်တန်းကျောင်း ရောက်တုန်း သင်တန်းနည်းပြတွေကိုမေးမိသတဲ့။...
28/04/2019

Why Value????
********************
တစ်ခါက
ဆရာကြီး ဦးအောင်သင်း
ခွေးသင်တန်းကျောင်း
ရောက်တုန်း သင်တန်း
နည်းပြတွေကိုမေးမိသတဲ့။

"မောင်ရင်တို့
သင်တန်းကျောင်းက
ခွေးတွေ၊ နိုင်ငံခြားမျိုးတွေ
ဆိုတော့ ဈေးကြီးလှသကွာ။
ဗမာခွေးတွေ
သင်လို့ မရဘူးလားဟ။
ဘာကွာလို့လဲ ..."

"ရပါတယ်ဆရာကြီး၊
ဗမာခွေးတွေက
ဉာဏ်လည်း ကောင်းပါတယ်။
တတ်လည်း တတ်လွယ်ပါတယ်။
အကြမ်းလည်းပိုခံပါတယ်ခင်ဗျ "

"ဒါပေသိ သူတို့
အလုပ်လုပ်တဲ့အခါကျ
ဗမာလူမျိုးနဲ့တူပြန်ရောခင်ဗျလ။
စိတ်အခန့်မသင့်ရင်
မလုပ်ကြတော့ဘူးခင်ဗျ ။
စိတ်မပါရင် ခိုင်းမရတော့ဘူး။
အချင်းချင်းလည်းမသင့်မြတ်ကြဘူး။
ရန်ဘဲစောင်နေကြတာ။
ခွေးရာသီကျရင် ပိုဆိုးတယ်​။
ဘာမှခိုင်းမရဘဲ ခွေးမဆီဘဲ
သွားချင်နေကြတာ။
အဲဒါ ခက်နေတာ။ တိုက်ပွဲဆိုတာ
အချိန်မရွေးဖြစ်နိုင်တာလေ။
_________________________________
#သူတို့စိတ်မပါရင်ဒုက္ခရောက်ကရော။
_________________________________
နိုင်ငံခြားခွေးတွေကတော့
ပရော်ဖက်ရှင်နယ် စိတ်ဓာတ်
အပြည့်ရှိတယ်။
ကြိုက်တဲ့အချိန် ခိုင်းခင်ဗျ ။
ဒေါင်ဒေါင်မြည်ဘဲ။
အဲလိုကွာတယ်ခင်ဗျ ..."

"အော် ဒုက္ခ ...။
ဘာကြောင့်လို့ ထင်သတုန်း"

"ကျွန်တော့်အထင် ပြောမယ်နော်။
ဗမာခွေးတွေက အမြဲနှိမ့်ချ
ဆက်ဆံခံရတယ်။ ပွတ်တာတောင်
ခြေထောက်နဲ့ဘဲ ပွတ်ပေးတာ။
နေရတာအိမ်အောက်ခွေးကတက်။
ဘယ်တုန်းကမှလေးလေးစားစားနဲ့
အဆက်ဆံမခံရ။
ကျွန်လိုဘဲ အထားခံရတာ။
ကျွေးတော့လည်း စားကြွင်းစားကျန်။
ဒီတော့သူတို့တတွေ ခွေးစိတ်
ပေါက်ပေါက်ကုန်ကြတာပေါ့ခင်ဗျာ။
နိုင်ငံခြား ခွေးတွေကတော့
မွေးကထဲက တလေးတစား
ဆက်ဆံခံရတယ်။
ပွတ်တာတောင်လက်နဲ့တယုတယ။
နေဘို့ စားဘို့ကလည်းရှယ်ဘဲလေ။
ဒီတော့ ဂျင်းတဲလမင်းစိတ်တွေ
အပြည့်ဖြစ်တော့တာပေါ့ခင်ဗျာ"

"အော် ................

crdးးး owner

Address

Thit Htunt Village
Mandalay
44

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959778999752

Website

Alerts

Be the first to know and let us send you an email when SUMO Belgian Malinois Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share