အောင် -De heus မွေးမြူရေးအစာများ ဖြန့်ချီရေး

  • Home
  • Myanmar
  • Mandalay
  • အောင် -De heus မွေးမြူရေးအစာများ ဖြန့်ချီရေး

အောင် -De heus မွေးမြူရေးအစာများ ဖြန့်ချီရေး မွေးမြူးရေး​ဆေး၊ အစာ၊ ကြက်ပေါက် နှင့် ဝက်​ပေါက် မျိုးစုံ ရပါပြီ
(1)

ဆိုဒ်သေး မထွက်ဖို့ ဆေးတိုက်စို့🐥🐥🐥🐥🐥🐥🐥🐥🐥🐥ဘာဆေးလဲ ? #အသည်းအားဆေး ပါ
22/01/2024

ဆိုဒ်သေး မထွက်ဖို့ ဆေးတိုက်စို့

🐥🐥🐥🐥🐥🐥🐥🐥🐥🐥

ဘာဆေးလဲ ?

#အသည်းအားဆေး ပါ

Small Size ( ဆိုဒ်သေး ) အထွက် မများရင်တော့ဖမ်းစျေး 5300 က မရှုံးဘူး
21/01/2024

Small Size ( ဆိုဒ်သေး ) အထွက် မများရင်တော့

ဖမ်းစျေး 5300 က မရှုံးဘူး

De Heus  #ရေပေါ် ငါးစာ မျိုးစုံ ရောက်ပါပြီ အမျိုးတို့ရေ 🐠🐟🐡☎️ 09259012725      စက်ကွေ့ ၊ မြစ်ငယ်၊ ရန်-မန်း လမ်းဟောင်းပေါ...
20/01/2024

De Heus #ရေပေါ် ငါးစာ မျိုးစုံ ရောက်ပါပြီ အမျိုးတို့ရေ 🐠🐟🐡

☎️ 09259012725

စက်ကွေ့ ၊ မြစ်ငယ်၊ ရန်-မန်း လမ်းဟောင်းပေါ်။

  Tonic ပြန်ရောက်လာရင်လည်း စျေးတော့ အနည်းငယ် တက်ပါမယ် အမျိုးတို့ ရေလောလောဆယ် ရှိတဲ့အသည်းအားဆေး ကိုတော့ မဖြစ်မနေ တိုက်ပေး...
20/01/2024

Tonic ပြန်ရောက်လာရင်လည်း စျေးတော့

အနည်းငယ် တက်ပါမယ် အမျိုးတို့ ရေ

လောလောဆယ် ရှိတဲ့အသည်းအားဆေး ကိုတော့ မဖြစ်မနေ တိုက်ပေးကြပါ

၁) ပထမ အပါတ်
၂) တတိယ အပါတ် နဲ့
၃) Antibiotics တိုက်ပြီးတိုင်း တိုက်ပေးရင် အကောင်းဆုံးပါ

#အသည်း Liver က စကားပြောနေပါပြီ

အသည်းအားဆေးတိုက်လို့ Small Size ( ဆိုဒ်သေး ) မထွက်တာ “ ကံကောင်းသွားတာလား “ မသိရသေးDOC 3100ကြက်ထည့်ရက် > 4-12-2023ကြက်ထုတ...
20/01/2024

အသည်းအားဆေးတိုက်လို့ Small Size ( ဆိုဒ်သေး ) မထွက်တာ “ ကံကောင်းသွားတာလား “ မသိရသေး

DOC 3100
ကြက်ထည့်ရက် > 4-12-2023
ကြက်ထုတ်ရက် > 18-1-2024
မွေးမြူရက် > 45
အသေ > အကောင် ( 80 ) 2.53%
ပျမ်းမျှဝိတ် ( Avg. wt. ) > 1.7 viss ( 2.77 Kg )

နောက် အသုတ် ထည့်တဲ့ အခါ အဖြေ ထင်ရှားမည်

Tonic ပိုလန်အသည်းအားဆေး တော့ သူ့အတွက် ချန်ပေးထားရသည် 😊

လှေမျှောရင် လှေနဲ့လိုက်🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️ကိုယ့်ဆရာတွေ ရှုံးကြသော်လည်း 16 kg တစ်ကောင် တစ်သိန်း နဲ့ ရတုန်...
19/01/2024

လှေမျှောရင် လှေနဲ့လိုက်
🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️🚣🏻‍♀️

ကိုယ့်ဆရာတွေ ရှုံးကြသော်လည်း 16 kg တစ်ကောင် တစ်သိန်း နဲ့ ရတုန်း တိတ်တိတ်လေး ကြိတ်ထည့်နေကြပါလား

ဝက်ပေါက်သယ်ဖို့ ကားဌားကြည့်မှ “ တန်းစီ “ နဲ့ တိုးနေတယ် 😃😃

ကုမ္ပဏီတွေကလည်း နောက်လတော့ တစ်သိန်းနဲ့ မရတော့ဘူး စျေးတက်လိမ့်မယ် ဆိုတော့ မရလိုက်မှာ စိုးကြတယ် ထင်ပါတယ်
( ဝက်ပေါက်နည်းသွားဖို့ လျှော့ထုတ်ရင်တောင် သားတင်ပြီးသား ဝက်မတွေက ၃ လ ၃ ပါတ် ကျော်တော့ မွေးနေအုံးမှာပဲ ၊ ကြက်ပေါက်လို မမြန်ဘူး ၊ ကုမ္ပဏီတွေက တကယ်ကော လျှော့ထုတ်ပြီလား )

လူ့သဘာဝ က ရှုံးလေ နိုင်ချင်စိတ်ပြင်းပြလေ၊ အရှုံးနဲ့ ထွက်လိုက်ရတာမျိုးဆိုရင် တမြေ့မြေ့နဲ့ စားမဝင် အိပ်မပျော်ဘူး ကိုး 😊

ဒါကြောင့် “ လှေမျှောရင် လှေနဲ့ လိုက်၊ ငွေမျှောရင် ငွေနဲ့လိုက် “ စကားပုံလို

“ နားတဲ့သူတွေ များသွားပြီ ဟေ့ “ လို့ ကိုယ့်ကိုယ်ကို မိုတီ ပေးရင်း

ဝက်ပေါက်တွေများ ပြန် ထည့်ကြလေသလား 🐖🐖🐖

ဆောင်းရာသီမှာ ဝက်တွေ ရေသောက်နှုန်း နည်းလို့ အဖြစ်များတဲ့ ၁) ဆီးချုပ်ဝမ်းချုပ်ခြင်း၂) အစာမကြေခြင်း ၃) ခုခံအားကျပြီး အအေးမ...
17/01/2024

ဆောင်းရာသီမှာ ဝက်တွေ ရေသောက်နှုန်း နည်းလို့ အဖြစ်များတဲ့

၁) ဆီးချုပ်ဝမ်းချုပ်ခြင်း
၂) အစာမကြေခြင်း
၃) ခုခံအားကျပြီး အအေးမိလွယ်ခြင်း
၄) မကြာခဏ ဝမ်းလျှောတတ်ခြင်း

စတဲ့ ပြဿနာတွေကို ကုန်ကျစရိတ်အနည်းဆုံး နဲ့

#အကောင်းဆုံး ဖြေရှင်းပေးနိုင်တာ

ဆေးရည် ပါ

ကျေးဇူးကမ္ဘာဆိုင်

ဒီနေ့ မန္တလေး တစ်ခြံထုတ် 7500 MMK/viss( Size မရွေး ဂျွန်စျေး )အရောက်ပို့ 7800 MMK လို့ ခြံသမားတစ်ဦးမှ ပြောပြ16-1-2024
16/01/2024

ဒီနေ့ မန္တလေး တစ်ခြံထုတ် 7500 MMK/viss

( Size မရွေး ဂျွန်စျေး )

အရောက်ပို့ 7800 MMK လို့ ခြံသမားတစ်ဦးမှ ပြောပြ

16-1-2024

ဝက်ဖမ်းစျေးက 8000 ဖြစ်သင့်ပါပြီရွှေဘို ဒိုင်ကတော့ စဉ့်ကူးမြို့နယ်ထဲမှာ 8000 ပေးဖမ်းပါပြီဝက်မွေးတဲ့သူ နည်းသွားရင် ဝက်ရှာရ...
15/01/2024

ဝက်ဖမ်းစျေးက 8000 ဖြစ်သင့်ပါပြီ

ရွှေဘို ဒိုင်ကတော့ စဉ့်ကူးမြို့နယ်ထဲမှာ 8000 ပေးဖမ်းပါပြီ
ဝက်မွေးတဲ့သူ နည်းသွားရင် ဝက်ရှာရတာ အရင်လောက် မလွယ်နိုင်ဘူးလေ

မဟုတ်ရင် ဝက်ပေါက်စျေး ပြန်တက်တာနဲ့ မွေးမဲ့သူ ရှိမှာ မဟုတ်တော့ပါဘူး

ကုမ္ပဏီတွေပဲ ကျန်တော့မှာပါ

Fattening catching price should be 8000 MMK/viss ( live wt. ) at least because production cost is more than 9000 MMK/viss with high piglet price of last four months!
Even if we raise with current piglet price 120,000 MMK/16 kg & using concentrate, production cost will be 7500 MMK/viss.
So most of pig farmers are not interested in raising pigs in the future due to lower catching price than production!
You know there will be companies’ farms only near FUTURE!

Week- 3 အတွက် ကြက်ပေါက်/ ဝက်ပေါက်စျေးများ CP မှာ အပြောင်းအလဲ မတွေ့ရပေမဲ့Sunjin ကတော့ ဝက်ပေါက်စျေး ပြန်တက်လိုက်ပြီဝက်ပေါက...
14/01/2024

Week- 3 အတွက် ကြက်ပေါက်/ ဝက်ပေါက်စျေးများ CP မှာ အပြောင်းအလဲ မတွေ့ရပေမဲ့

Sunjin ကတော့ ဝက်ပေါက်စျေး ပြန်တက်လိုက်ပြီ

ဝက်ပေါက် အဝယ်လိုက်လာပြီ လို့ ပြောတာပဲ

ရာသီဥတုထက် စျေးက ပိုအေးနေသလား ကိုရွှေဝက် 🥶🐖❄️⛄️ဒီရက်ပိုင်း ကျွန်တော် ထည့်ပေးခဲ့တဲ့ ခြံတစ်ခြံနှစ်ခြံ ထုတ်ဖို့ရယ်၊ မိတ်ဆွေ...
13/01/2024

ရာသီဥတုထက် စျေးက ပိုအေးနေသလား ကိုရွှေဝက် 🥶🐖❄️⛄️

ဒီရက်ပိုင်း ကျွန်တော် ထည့်ပေးခဲ့တဲ့ ခြံတစ်ခြံနှစ်ခြံ ထုတ်ဖို့ရယ်၊ မိတ်ဆွေတစ်ချို့ကလည်း ထုတ်ချင်လို့ ဖုန်းဆက်လာလို့ရယ် မန္တလေးက ဖမ်းပေးနေကျ မိတ်ဆွေဒိုင်တွေနဲ့ ပြောကြည့်တော့ စျေးက ပြန်အေးသွားသယောင်တော့ ဖြစ်နေတယ်

ဘန့်ဘွေး၊ နောင်ချိုနယ် ပြင်ဦးလွင် မိုးကုတ်လမ်းမှာ မွေးတဲ့ခြံတွေ မိုးကုတ်သွားပို့လို့ ရရင် အတော်အဆင်ပြေကြမှာ

စျေးများတဲ့နေရာက ကုန်ပစ္စည်းလိုနေပြီး ၊ ကုန်ပေါတဲ့နေရာတွေလိုတာက စျေး ဖြစ်နေပြန်တယ်

“ ဘယ်တော့ စျေးပြန်တက်နိုင်မလဲ “ ဆိုတာကတော့

နေ့စဉ် “ ကုန်မပြတ်ရေး “ Plan ဆွဲ ခြံတွေနဲ့ ချိတ်ဆက်နေရသော ဒိုင်များကသာ ပြောပြနိုင်ပါလိမ့်မည်

အထက်မြန်မာပြည် မွေးမြူရေးသမား အများစု ဝက်ပေါက်မထည့်ကြတာတော့ ( ၃ ) လ ထဲ ရောက်လာပါပြီ

အအေးပတ် ချွဲကြပ် ရင်   Hexine နဲ့ အရင်ရှင်း “ အပ်နဲ့ထွင်းသင့်တာဆို ပုဆိန် ( Antibiotics ) နဲ့ မရှင်းနဲ့ “
13/01/2024

အအေးပတ် ချွဲကြပ် ရင် Hexine နဲ့ အရင်ရှင်း

“ အပ်နဲ့ထွင်းသင့်တာဆို ပုဆိန် ( Antibiotics ) နဲ့ မရှင်းနဲ့ “

အအေးမိနေသော Broiler စျေးကွက် 🥶🐓❄️⛄️ကြက်စျေးကျရင် ကြက်တစ်သုတ်စာ ကြာတတ်သည်
13/01/2024

အအေးမိနေသော Broiler စျေးကွက် 🥶🐓❄️⛄️

ကြက်စျေးကျရင် ကြက်တစ်သုတ်စာ ကြာတတ်သည်

11-1-2024 ၊ ၁၃၈၅ ပြာသိုလဆန်း ( ၁ ) ရက်
11/01/2024

11-1-2024 ၊ ၁၃၈၅ ပြာသိုလဆန်း ( ၁ ) ရက်

အိတ်ပေါ်မှာ “ ဒေသဝက်အစာနု “ လို့ မြန်မာလို ရေးထားတော့ဝက်ဖမ်းစျေး 15,000 MMK/viss ( live wt. ) ပေါက်နေတဲ့ နေရာတွေက မွေးသူ...
09/01/2024

အိတ်ပေါ်မှာ “ ဒေသဝက်အစာနု “ လို့ မြန်မာလို ရေးထားတော့
ဝက်ဖမ်းစျေး 15,000 MMK/viss ( live wt. ) ပေါက်နေတဲ့
နေရာတွေက မွေးသူတွေ အကြိုက်ဖြစ်နေတဲ့

#ရွှေဆင်မင်း Concentrate K888

ကားနဲ့ တစ်လကျော်ကြာမှ ရောက်တဲ့နေရာတွေပါ

မရေးချင်ဆုံး အကြံပြုစာ~~~~~~~~~~~~~~~~ဝက်မွေးချင်တဲ့ မိတ်ဆွေများ ခင်ဗျာအသင့်မွေးလို့ ရတဲ့ ခြံများ ရောင်းစရာ ( သို့မဟုတ် ...
08/01/2024

မရေးချင်ဆုံး အကြံပြုစာ
~~~~~~~~~~~~~~~~

ဝက်မွေးချင်တဲ့ မိတ်ဆွေများ ခင်ဗျာ

အသင့်မွေးလို့ ရတဲ့ ခြံများ ရောင်းစရာ ( သို့မဟုတ် ) ငှါးစရာခြံတွေ ရှိပါတယ်

မြေအလွတ် ဝယ်ပြီး ခြံအသစ် ဆောက်နေရင် ကုန်ကျစရိတ် ပိုများမယ် အချိန် ပိုကြာပါတယ်

ဝက်ပေါက် ( ၁ ) ကောင် ( ၁ ) သိန်းစျေးနဲ့ ရတုန်း “ မြေစမ်း ခရမ်းပျိုး “ ဆိုသလို ခြံအရင် ဌားပြီး မွေးကြည့်နိုင်ပါတယ်

အစာစျေးက ကြီးနေတော့ လက်ရှိ ဝက်ဖမ်းစျေးနဲ့ အရှုံးနည်းအောင် မနည်းလုပ်နေကြရပါတယ်

ဒါကြောင့်

မကိုက်ရင် တစ်သုတ်တည်းနဲ့ ရပ်လိုက်လို့ ရပါတယ်၊ မြေဝယ် ခြံဆောက်ပြီးမှ မကိုက်တော့လို့ ပြန်ရောင်းရရင် ပိုခက်ပါလိမ့်မယ်

Photo credit ; ဝက်ပေါက်များ တောင်ကြီးမြို့သို့ ရောက်ကြပုံ

☎️ 09256028018

မေတ္တာများဖြင့်

အအေးပိုလာမယ်❄🌸🌸🌸🌸🌸❄❄❄၂၀၂၄ ဇန်နဝါရီလ ၉ရက်နေ့မှ ၁၄ရက်နေ့အတွင်းမြန်မာတစ်နိုင်ငံလုံးမှာ အအေးအနည်းငယ်ပိုလာပါလိမ့်မယ်issued ti...
08/01/2024

အအေးပိုလာမယ်
❄🌸🌸🌸🌸🌸❄❄❄
၂၀၂၄ ဇန်နဝါရီလ ၉ရက်နေ့မှ ၁၄ရက်နေ့အတွင်းမြန်မာတစ်နိုင်ငံလုံးမှာ အအေးအနည်းငယ်ပိုလာပါလိမ့်မယ်
issued time
08/01/2024 6:22pm(MMT)
Su Su San မင်း ဂွတ် သီး

ကြက်တွေရော ဝက်တွေရော လူတွေရော အအေးမမိအောင် ( Cold Stroke ) ဂရုစိုက်ကြပါ အမျိုးတို့ရေ

ကြက်စျေး မကောင်းလို့ စျေးနည်းတဲ့ အစာ ရှာနေတာလား🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓ကျွေးနေကျ အစာတွေထက် ကြက်လတ်စာ မှာ တစ်အိတ် 8000 ကျော်၊ ကြ...
08/01/2024

ကြက်စျေး မကောင်းလို့ စျေးနည်းတဲ့ အစာ ရှာနေတာလား

🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓🐓

ကျွေးနေကျ အစာတွေထက် ကြက်လတ်စာ မှာ တစ်အိတ် 8000 ကျော်၊
ကြက်ကြီးစာ မှာ 5800 ကျော် သက်သာတဲ့ အစာတွေ မှာလို့ ရနေပါပြီ

ကျွေးနေတဲ့သူတွေကို မေးကြည့်တော့

“ ကောင်းတယ် လက်ခံတယ် “ ပြောကြပါတယ်

1, 2 , 3 တဲ့

စျေးနှုန်းသင့်ပြီး အရည်အသွေး စိတ်ချရတဲ့ ကြက်ပေါက်ပါ
08/01/2024

စျေးနှုန်းသင့်ပြီး အရည်အသွေး စိတ်ချရတဲ့ ကြက်ပေါက်ပါ

6-1-2024 ဝက်ဖမ်းစျေး 🐖အရှေ့မြောက်ဒေသ ဘက် ပို့တဲ့သူတွေက ပြင်ဦးလွင်မှာ 7300 MMK/viss ပေးပြီး ( ၂ ) ပါတ်အကြာ မှာ မန္တလေးဒို...
06/01/2024

6-1-2024 ဝက်ဖမ်းစျေး 🐖

အရှေ့မြောက်ဒေသ ဘက် ပို့တဲ့သူတွေက ပြင်ဦးလွင်မှာ 7300 MMK/viss ပေးပြီး ( ၂ ) ပါတ်အကြာ မှာ မန္တလေးဒိုင်တွေလည်း 7200 MMK လိုက်ပေးလာပါတယ်

မန္တလေး မှာတော့ ကုမ္ပဏီခြံတွေက လွှဲရင် မွေးမြူရေးသမားလက်ထဲ ဝက်ကြီး အလွန်နည်းပါတယ်

မိတ္ထီလာတဝိုက်မှာလည်း ဝက်မွေးမြူရေး အတော်တိုးတက်လာတာလို့ ဟောပြောပွဲတွေ လုပ်ကြတာ မြင်ရ၊ ကြားရ တာနဲ့ သိရပါတယ်
အခု 7200 ရောက်လာတာ 5500 ကနေပါ
( မြို့နဲ့ ( ၁၀ -၁၅ ) မိုင် ကျော်ဝေးရင်တော့ စျေးအနည်းငယ် ကွာတာမျိုးတော့ နေရာတိုင်း ရှိပါတယ် )

ရန်ကုန်က ဝက်မွေးမြူရေးနဲ့ဝက်အရှင်ရောင်းဝယ်လုပ်ငန်းရှင်ကြီး တစ်ဦးကို မေးကြည့်တော့

“ ဝက်တွေက နည်းလာပါပြီ ဖမ်းစျေးက 72 က မတက်ဘဲ အီလည်လည် ဖြစ်နေတာ “ တဲ့

ပြောရရင် ဝက်ပေါက်ပို့မရ ဝက်စာသယ်ရခက်တဲ့ မြို့တွေမှာ ပေါက်နေတဲ့ ဝက်စျေးက လွဲရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ထုတ်လုပ်မှုစရိတ်အောက် မှာ ရှိနေပါသေးတယ်

ဝက်စျေးတက်လာဖို့ ( အရှုံးနည်းဖို့ ) မထုတ်သေးဘဲ စောင့်နေကြတဲ့သူတွေလည်း မမှားနိုင်သလို
မစောင့်နိုင်တော့လို့ ရောင်းလိုက်ကြရတဲ့သူတွေလည်း မမှားနိုင်ပါဘူး
#အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF ) ဝင်မှာလည်း စိုးရိမ်ရတာကိုး
မှန်တယ် မှားတယ် ပြောရခက်တဲ့ အကူးအပြောင်းကာလ ဖြစ်နေပါတယ်

လူတိုင်းကို မစောင့်နိုင်အောင် ဆုံးဖြတ်ချက်တွေ မြန်မြန်ချအောင် လှုံ့ဆော်နေသလိုအခြေအနေပါ

အပြောင်းအလဲကာလ ကြာရှည်လေ ဇွဲနဘဲနဲ့ သည်းခံပြီး စောင့်ရလေပါပဲ

ဝက်မွေးသမားတွေ စောင့်နေရတဲ့အချိန် မကြာခင် ရောက်လာတော့မှာပါ

ကျွန်တော်ရေးတာတွေကို မန္တလေးက ဝက်သားထုတ်လုပ်သူများကပါ ကြည့်နေ တွေးနေပြီး ပြန်လည် ဆွေးနွေးလာကြလို့လည်း ကျေးဇူးတင်ရပါတယ်❤️

အားလုံး 😊💪🥰

Biosecurity

Week - 2 မှာCP ကြက်ပေါက်/ ဝက်ပေါက်စျေး အပြောင်းအလဲ မရှိပါဒါပေမဲ့ ဝက်ပေါက် Extra kg ဖိုးကို 4600 မှ 4500 MMK အဖြစ် ပြောင်...
06/01/2024

Week - 2 မှာ

CP ကြက်ပေါက်/ ဝက်ပေါက်စျေး အပြောင်းအလဲ မရှိပါ

ဒါပေမဲ့ ဝက်ပေါက် Extra kg ဖိုးကို 4600 မှ 4500 MMK

အဖြစ် ပြောင်းထားတာတော့ တွေ့ရတယ် 😊

ရိုးသားလွန်းတဲ့ သိုး ဟာ ကောက်ကျစ်တတ်တဲ့ မျက်နှာနဲ့2024 မှာ Broiler DOC စျေး မကြီးနိုင်တော့ဘူးဥစားကြက် နဲ့ ဝက်က စျေးမကောင...
05/01/2024

ရိုးသားလွန်းတဲ့ သိုး ဟာ ကောက်ကျစ်တတ်တဲ့ မျက်နှာနဲ့

2024 မှာ Broiler DOC စျေး မကြီးနိုင်တော့ဘူး

ဥစားကြက် နဲ့ ဝက်က စျေးမကောင်းလို့ Concentrate ( စပ်စာ ) တွေဘက် လှည့်ကျွေးနေကြရတော့ ကုမ္ပဏီတွေက ရောင်းအား ( Sales Volume ) ကျမှာစိုးလို့ အသားတိုးကြက်ပေါက်တွေ တိုးထုတ်ပြီး ရောင်းအားပြန်တက်အောင်
လုံးပန်းကြရမှာ အသေအချာပါပဲ

Red Ocean သွေးချင်းချင်းနီ တဲ့ စျေးကွက်ကြီးတောင် ဖြစ်သွားလေမလား မသိ

ဒါပေမဲ့ ဝက်ပေါက်တွေကိုတော့ မဖြစ်မနေ လျှော့ထုတ်ကြရပါလိမ့်မယ်

နှမြောလို့ပါ🐖🐖🐖🐖🐖မွေးအုံးမယ်လို့ ဆုံးဖြတ်ထားရင်တော့ရိုက်စက် ဆင်ပါ မွှေပါ ၊ သို့သော်“ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွ...
04/01/2024

နှမြောလို့ပါ
🐖🐖🐖🐖🐖

မွေးအုံးမယ်လို့ ဆုံးဖြတ်ထားရင်တော့

ရိုက်စက် ဆင်ပါ မွှေပါ ၊ သို့သော်

“ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက် လေး “ ဆိုသလို

အစာမွှေတဲ့နေရာမှာ သေသေချာချာ အချိန်မပေးနိုင်ရင်တော့ ဝက်ပေါက် ( ၁ ) ကောင် ( ၁ ) သိန်း နဲ့ ရလည်း

မလွယ်သေးပါဘူး၊ သုတေသနဆန်ဆန် မှတ်တမ်းမှတ်ရာနဲ့ ကျွေး မွေးပါမှ တော်ကာကျပါမယ်

တနေ့က ရိုက်စက် (Hummer mill ) ဝယ်လာတဲ့ မိတ်ဆွေကို

ထည့်ဖို့ ပြောတော့ “ မသိဘူး ခင်ဗျာ “ တဲ့

ဘိုတော်ဘုရားက ပညာရှိ ဦးပေါ်ဦး ကို မေးတယ်

“ ဟဲ့ ပေါ်ဦး မတတ်တာ နဲ့ မရှိတာ ထက် ခက်တာ ဘာရှိသေးလဲ “

“ မသိ တာပါ ဘုရား “ ဆိုသလို

ပြောင်းတွေရိုက်ပြီး ထည့်ရမှန်း မသိသေးရင်တော့ ပုံထဲက ခြံလို မြောင်းထဲ ရောက်သွားအုံးမဲ့ ပြောင်းတွေအတွက် နှမြောနေမိပါတယ်

အမှုန့်ကျွေးတဲ့အခါ အလေအလွင့် နည်းအောင် အကြိမ်ရေ များများ ကျွေးပေးပါ

Ready Made အစာတွေ ကျွေးတာတောင် 40 % လောက်က မစင်အပါအဝင် Waste တွေ ဖြစ်သွားသေးတာလေ

751 Super ကို အထက်မြန်မာပြည်မှာ ကျွန်တော်တို့ဆိုင်ကနေ အရင်ဆုံး စတင်မိတ်ဆက်ပေးခဲ့ပါတယ်ကျွေးဖူး/ကျွေးနေတဲ့သူတွေ ဘယ်လောက် အ...
02/01/2024

751 Super ကို အထက်မြန်မာပြည်မှာ ကျွန်တော်တို့ဆိုင်ကနေ အရင်ဆုံး စတင်မိတ်ဆက်ပေးခဲ့ပါတယ်

ကျွေးဖူး/ကျွေးနေတဲ့သူတွေ ဘယ်လောက် အဆင်ပြေတယ်ဆိုတာ သိကြပါတယ်

ဒီပုံထဲက CP ဝက်က 18 kg Size ထည့်တာ ( ၃ ) လ နဲ့ ( ၅ ) ရက်ပဲ ရှိပါသေးတယ် ပိဿာ 70 လောက် ဖြစ်နေပါပြီ

To be honest ( ရိုးရိုးသားသား ပြောရရင် )
ရည်ရွယ်ချက် (၂ ) ချက်နဲ့ ကျွေးထားတာ

၁) အစာစျေး သက်သာပြီး အရှုံးသက်သာချင်လို့
၂) ဝက်ထုတ်တာ ( ၁ ) လ လောက် နောက်ကျချင်လို့

အခုတော့ ကြီးထွားနှုန်း ထိန်းမရတော့လို့ အတောင့်ကျွေးတာနဲ့ မထူးဘူး ထုတ်ရတော့မှာ

751 Super ကျွေးလို့ မစားဘူး/ ဝိတ်မတက်ဘူးဆိုရင် လာခဲ့ပါ အဖြေရှာ ကူညီပေးပါမယ် 😊

မစားဘူး ဆိုတာ က ဝက်ရဲ့ အရွယ်အလိုက် စားရမဲ့ စံနှုန်းကို မမီတာလား / စားစေချင်သလောက် မစားတာလား ဆိုတာ ရှိသေးတယ်
အခု မွေးသူတော်တော် များများက ဝက်ကြီးရင် စားသလောက် ( 3-4 Kg ) ကျွေးနေကြတာက ဝက်ရုပ်ပျက် ( အဆီပေါက်ပြီး ) ပြီး ဒိုင်က မကြိုက်တာမျိုးတွေနဲ့ ကြုံနေကြရတယ်

01/01/2024

မန္တလေး >7500 MMK/viss

ပြင်ဦးလွင် > 7300 MMK/viss

ရန်ကုန် CP ကလည်း ဒီနေ့စတက်မယ် လို့ သိရ

1-1-2024

Good Bye 2023 👋Welcome 2024 😊 🤝😊
01/01/2024

Good Bye 2023 👋

Welcome 2024 😊 🤝😊

2024 အစ ကြက်ပေါက်၊ ဝက်ပေါက် စျေးများရန်ကုန် - မန္တလေး ( ပြင်စာ ) = ရန်ကုန် - တောင်ကြီးဝက်ပေါက်သယ်ခ ( 35 Kg အထက် ) 18,500...
30/12/2023

2024 အစ ကြက်ပေါက်၊ ဝက်ပေါက် စျေးများ

ရန်ကုန် - မန္တလေး ( ပြင်စာ ) = ရန်ကုန် - တောင်ကြီး

ဝက်ပေါက်သယ်ခ ( 35 Kg အထက် )

18,500 MMK ကားတစ်စီး အကောင် 180 သာ ဆံ့သည်

ဝက်ပေါက် 16 kg စျေး ( ၁ ) သိန်း = ဝက်ဖမ်းစျေး 7400

အစ ကောင်းမှ အနှောင်း သေချာ  🐖🐖🐖🐖🐖🐖🐖🐖🐖မကြာခင် 2023 ကနေ 2024 ထဲသို့ ကူးဝင်ပြန်တော့မည်။ အချိန်က အရပ်မနား သွားနေသလို လုပ်ငန်...
29/12/2023

အစ ကောင်းမှ အနှောင်း သေချာ
🐖🐖🐖🐖🐖🐖🐖🐖🐖

မကြာခင် 2023 ကနေ 2024 ထဲသို့ ကူးဝင်ပြန်တော့မည်။ အချိန်က အရပ်မနား သွားနေသလို လုပ်ငန်းတွေရဲ့ အရှုံး/အမြတ်၊ ရလဒ်တွေကို ချိန်ထိုးရာမှာလည်း “ အချိန် “ ပါနေသည်။ ငွေတိုးနဲ့ တွက်ရင် ဘယ်လောက် % ရှုံးတယ်/မြတ်တယ် လို့ ပြောကြသလို

ဝက်ပေါက်တွေ သယ်ယူရာ၌လည်း Weight Loss ( အလေးချိန်လျော့ ) တို့ သေနှုန်းတို့ကိုလည်း % နဲ့ ပြောနေ/တွက်နေကြပါတယ်။

ဝက်အရွယ်အလိုက် ခန္ဓာကိုယ်( Body ) ထဲမှာ ရေဓာတ် ဘယ်လောက် % ရှိတယ် ဆိုတာ တော်တော်များများ သိကြပြီးသားပါ၊

ဥပမာ-

နွေရာသီမှာ ဝက်ပေါက်သယ်ရင် ( ရန်ကုန် နဲ့ မန္တလေး ) Weight Loss > 8 % ရှိပြီး
အခုလို အေးတဲ့ ဆောင်းရာသီဆိုရင် > 3 - 5 % ရှိနိုင်ပါတယ်။
ဒါက ပုံမှန် 16 Kg Size တွေ သယ်တဲ့အခါမှာပါ။

“ ကုမ္ပဏီက ချိန်ပေးလိုက်တာနဲ့ ဝိတ်တွေ အများကြီး ကွာနေတယ် “

လို့ ပြောပြကြတာကို ခဏခဏ ကြားခဲ့ရပါတယ်။ တကယ်တော့ အဲ့ဒါတွေဟာ ရေဓာတ် 70 % အထက်ရှိနေတဲ့ ကြီးထွားဆဲဝက်ရဲ့ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ အများဆုံး ဆုံးရှုံးသွားလို့ပါ၊

လာမဲ့ January, February လတွေမှာ သယ်မဲ့ ဝက်ပေါက်တွေဆို 35 Kg အထက်တွေ သယ်ရမှာပါ။ ဒါကြောင့် အကောင်ကြီးလေ Weight Loss များလေ ပါပဲ၊ သေနှုန်းလည်း မြင့်နိုင်လေ ပါပဲ။ အထူးသဖြင့် ကားခ ခါတိုင်းထက် နည်းနည်း ပိုများသွားပါမယ်။

ဒါကြောင့် မိမိတို့ခြံကို ဝက်ပေါက် မရောက်လာခင် Dehydration ( ရေဓာတ်ဆုံးရှုံးခြင်း ) နဲ့ ခရီးပန်းဒဏ် ( Transportation Stress ) တွေကို အမြန်သက်သာစေပြီး ကြီးထွားနှုန်း နှေးသွားတာမျိုး မဖြစ်ရလေအောင် ဝက်အတွက် သီးသန့်ထုတ်ထားတဲ့ အကောင်းဆုံး ဆေးတစ်လက်ကို တင်ဆက်ပေးလိုက်ပါရစေ အမျိုးတို့ရေ

“ အစ ကောင်းမှ အနှောင်း သေချာအောင်

-S ကို ဆောင် “ ကြရအောင် နော်

ဝမ်းလျှောရင်လည်း MINETONE-S ကိုပဲ တိုက်ပါ Zinc ပါလို့ အမြန်သက်သာစေပါတယ်

Price ကလည်း 1 Kg မှ 12,500 MMK ပါ

အနယ်နယ် အရပ်ရပ် ကိုလည်း ပို့ပေးနေပါပြီ 🚙

Vitamin - C လေးနဲ့ ပေါင်းပေးလိုက်ရင် Dehydration နဲ့ Transportation Stress ဆိုတာ ဝက်ပေါက်တွေက “ ဘာမှန်းတောင် သိလိုက်မှာ မဟုတ်တော့ပါဘူးဗျာ “

ပြီးတော့ ဝက်ပေါက် အကောင် 200 ယူရင် #အာဖရိက ဝက်အပြင်းဖျားရောဂါ ( ASF ) မဝင်အောင် ကာကွယ်ပေးတဲ့ အထူးခြံဖြန်းဆေး ( 5 Kg ) တစ်ဗူးပါ လက်ဆောင် ရအုံးမှာပါ နော်၊ ကြမ်းခင်း နဲ့ ဝက်တွေပေါ် ဖြန်းရုံတင် မကဘဲ ရေဖျော်ပြီး တိုက်ပေးရင်း ရောဂါပိုးတွေကို ထိန်းထားနိုင်တဲ့ မွေးမြူရေးလုပ်ငန်ရှင်တွေလည်း 2023 ထဲမှာ အများကြီး ရှိနေနှင့်ပါပြီ 😊👍

2024 မှာ ဝက်ကို များများမွေးတာထက် တစ်ကောင်ချင်းစီရဲ့ Performances တွေကိုပါ ကြည့်နိုင် ဂရုစိုက်နိုင်တဲ့ အကောင်ရေလောက် မွေးတာက ပို စကားပြောလာမှာပါ၊

ဒါက 2024 အတွက် ဇာတ်ညွှန်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်

📞 09256028018

မန္တလေး

ထုတ်တဲ့အချိန်တော့ ဘယ်စျေးပေါက်မလဲ မသိနိုင်သေးအခု ထုတ်နေတဲ့ ဝက်တွေနဲ့ နောက်တစ်လ လောက်မှာ ထုတ်မဲ့ ဝက်တွေက ဝက်ပေါက်စျေးအမြင...
27/12/2023

ထုတ်တဲ့အချိန်တော့ ဘယ်စျေးပေါက်မလဲ မသိနိုင်သေး

အခု ထုတ်နေတဲ့ ဝက်တွေနဲ့ နောက်တစ်လ လောက်မှာ ထုတ်မဲ့ ဝက်တွေက ဝက်ပေါက်စျေးအမြင့်ဆုံး နဲ့ ထည့်ထားခဲ့ကြရတာမို့ အရှုံး သက်သာအောင် ရှာကြံကျွေးနေကြရတယ်

27-12-2023 နေ့

မန္တလေး ဝက်ဖမ်းစျေး > 7400 MMK/viss တော့ ရပါပြီ

Source; မန္တလေး ဒိုင်တစ်ဦး

Address

111-I လမ်း၊ ၅၂ လမ်း နှင့် ၅၃ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်
Mandalay

Telephone

+959256028018

Website

Alerts

Be the first to know and let us send you an email when အောင် -De heus မွေးမြူရေးအစာများ ဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Mandalay pet stores & pet services

Show All