23/01/2024
❗ကိုယ်ချစ်ရတဲ့ ကလေးလေးတွေ အသက်မဆုံးရှုံးရအောင် မဖြစ်ခင်က ကြိုတင် ကာကွယ်ထားဖို့ လိုအပ်ပါတယ်❗
✅ ရာသီဥတုကလည်း ဒီရက်ပိုင်း ပိုအေးလာတာမို့ ကလေးတွေ ရာသီတုပ်ကွေးဖြစ်တာ အအေးမိတာမျိုးလေးတွေ ဖြစ်တတ်တာမို့ အက်မင်တို့ဘက်က လိုအပ်တဲ့အချက်လေးတွေကို ပြောပြပေးပါမယ်နော် (လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း cmt မှာ မန့်ခဲ့ပေးလို့ရပါတယ်ရှင့်၊ ညီမတို့ကလည်း အတွေ့အကြုံလေးတွေကိုပဲ sharing လုပ်ပေးတာဖြစ်ပါတယ်) 🙏🙏
❗ကလေးတွေကို နွေးနွေးထွေးထွေးထားပေးပါ
❗ကိုယ်ခံအားကောင်းအောင် အားရှိတဲ့အစားအစာလေးတွေကျွေးပေးပါ (ကြက်ပြုတ်ရည်၊ ခွင်မီချောင်း၊ အစာပျော့၊ဘရန်းကြက်ပေါင်း စသဖြင့်)
❗ကလေးတွေ သောက်မယ့် ရေခွက်ကို သန့်အောင်ထားပေးပြီး ရေ ပုံမှန်လဲပေးပါ
✅ ကိုယ်ခံအားကောင်းစေတဲ့ spray ၊ အားဆေးအရည်တွေ တိုက်ထားချင်ရင်လည်း ရပါတယ်
❗အိမ်မကပ်တဲ့ ကလေးတွေရှိမယ်ဆိုရင်တော့ တုပ်ကွေး အအေးမိတာမျိုး မဖြစ်စေဖို့ တိကုဆရာဝန်နဲ့ တိုင်ပင်ပြီး တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်ရှင့်
❣️ကလေးတွေအားလုံး နေကောင်း ကျန်းမာကြပါစေလို့ အက်မင်တို့က ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏