Zinthu Rose Aquarium

Zinthu Rose Aquarium Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zinthu Rose Aquarium, Pet service, Mandalay.

ရေစစ်ကန်တွေရပါပြီ ခင်ဗျာ လိုချင်တဲ့ အတိုင်းအတာကို‌ စိတ်တိုင်းကျမှာလို့ရပါတယ် 🐟 Media များများထည့်၍ အသုံးပြုနိုင်ခြင်း🐟 ရ...
28/01/2022

ရေစစ်ကန်တွေရပါပြီ ခင်ဗျာ
လိုချင်တဲ့ အတိုင်းအတာကို‌ စိတ်တိုင်းကျမှာလို့ရပါတယ်

🐟 Media များများထည့်၍ အသုံးပြုနိုင်ခြင်း
🐟 ရေလဲရသက်သာခြင်း
🐟 ရေရဲ့ quality ကိုထိန်းသိမ်းနိုင်ခြင်း
🐟 ရေစစ်ကန်တွင် media လေးများဖြတ်၍ စီးဆင်း‌ေနခြင်းကြောင့် ကြည့်ရှုသူ ပိုအရသာရှိတာပါတယ်ခင်ဗျာ

🇲🇲🇲🇲🇲🇲MDY ကပါခင်ဗျာ နယ်ပို့ပေးပါတယ်

သိလိုသောအရာများကို Cb or 0943162649

ငါး‌မှန်ကန်များကိုလဲ မိမိလိုချင်သော size ပုံစံ အမျိုးမျိုးကို ကော်ကပ် ညီညီ လေးနဲ့ အလှဆုံးဖြစ်အောင် ပြုလုပ်ပေးပါတယ်...

ရေစစ်ကန်တွေရပါပြီ ခင်ဗျာ သုံးပေကန် နှစ်ပေကန် တစ်ပေကန်လိုချင်တဲ့ အတိုင်းအတာကို‌ေပြာ၍လဲမှာလို့ရပါတယ် Media များများထည့်၍အသ...
30/12/2021

ရေစစ်ကန်တွေရပါပြီ ခင်ဗျာ
သုံးပေကန် နှစ်ပေကန် တစ်ပေကန်
လိုချင်တဲ့ အတိုင်းအတာကို‌ေပြာ၍လဲမှာလို့ရပါတယ်
Media များများထည့်၍အသံုးပြနိုင်ခြင်း
ရေလဲရသက်သာခြင်း
ရေရဲ့ quality ကိုထိန်းသိမ်းနိုင်ခြင်း
ငါးကျန်းမာရေးကိုလဲ အထောက်အကူပြုပါတယ်
ရေစစ်ကန်တွင် media လေးများဖြတ်၍ စီးဆင်းနေခြင်းကြောင့် ကြည့်ရှုသူ ပိုအရသာရှိတာပါတယ်ခင်ဗျာ
MDY ကပါ နယ်ပို့ပေးပါတယ်
သိလိုသောအရာများကို
Cb or 0943162649 ကိုဆက်သွယ်၍မေးမြန်းနိုင်ပါတယ်ခင်ဗျာ

🌈ငါးမှန်ကန်အမျိုးမျိုးနှင့်ရေစစ်ပုံးအမျိုးမျိုးတို့ကိုစိတ်တိုင်းကျမှာယူနိုင်ပါသည်💕လက်ခအနည်းကိုသာယူ၍ ငါးချစ်သူ ဖိုးဖိုး၊ဖ...
03/08/2021

🌈ငါးမှန်ကန်အမျိုးမျိုးနှင့်ရေစစ်ပုံးအမျိုးမျိုးတို့ကိုစိတ်တိုင်းကျမှာယူနိုင်ပါသည်

💕လက်ခအနည်းကိုသာယူ၍ ငါးချစ်သူ ဖိုးဖိုး၊ဖွားဖွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ညီလေး၊ညီမလေး တို့အတွက် စေတနာ ကိုအဓိကထားပြီးပြုလုပ်ပေးပါတယ်

👍ဈေးလည်းသက်သာ၊လက်ရာလဲ‌ကောင်း၊ခိုင်ခန့်လှပပြီးစိတ်တိုင်းကျအောင်ပြုလုပ်ပေးပါတယ်ခင်ဗျာ
💌အသေးစိတ်သိလိုပါက
☎️0943162649 OR messenger မှာလာရောက်စုံစမ်းလို့ရပါတယ်ခင်ဗျာ

ကျေးဇူးတင်ပါတယ်ခင်ဗျာ☺️☺️☺️

✈️MDY ကပါခင်ဗျာ နယ်လဲပို့ပေးပါတယ်
🦸မှတ်ချက် - မှန်ကပ်ကော်အရောင်ကို (အကြည်,အနက်,အဖြူ) ဖြင့်စိတ်တိုင်ကျပြီး လက်ရာသပ်ရပ်စွာ လက်ခံပြုလုပ်ပေးပါသည် မှန် sticker ကိုလူကြီးမင်းတို့ကြိုက်နှစ်သပ်ရာ အရောင်ကိုရွေးချယ် မှာယူနိုင်ပါသည်

26/07/2021

#ကိုဗစ်ဖြစ်ပြီး_Home_Q_ပြည့်တော့
#အလုပ်ပြန်ဆင်းရရင်_တခြားသူတွေကကိုဗစ်ဖြစ်နေကြတော့_ပြန်ကူးမှာကြောက်တယ်



Virus ကြောင့်ဖြစ်တဲ့ ရောဂါအများစုမှာ ခန္ဓာကိုယ်ထဲဝင်ပြီးဒုက္ခပေးတဲ့ Virus ကိုဖျက်ဆီးနိုင်တဲ့ Antibody-ပဋိပစ္စည်း ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်
Antibody ပမာဏ လုံလောက်ပြီဆိုရင် Virus တွေအကုန် ရှင်းလိုက်နိုင်ပြီပေါ့။

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ချစ်ဖို့ကောင်းတဲ့ အချက်က အဲ့ဒီထွက်လာတဲ့ Antibody တွေက သူတို့နိုင်လိုက်တဲ့ Virus ကို အချိန်အတိုင်းအတာတစ်ခုအထိ သိရှိမှတ်မိပြီး
ခန္ဓာကိုယ်ထဲ Virus ဝင်လာတာနဲ့ (Special Force အထူးတပ်ဖွဲ့အနေနဲ့ရှိနေတဲ့ Antibody တွေက) Virus ကို ဒုက္ခမပေးနိုင်ခင် သတ်ပစ်လိုက်နိုင်တာပါပဲ။
ရန်သူတွေရဲ့ ဓာတ်ပုံကို နယ်စပ်အဝင်ဂိတ်တွေမှာ ကပ်ထားပြီးတော့ ဝင်လာတာနဲ့ ခန္ဓာကိုယ်ထဲမရောက်ခင် သတ်ပစ်လိုက်ကြတာပေါ့။

အချိန်အတိုင်းအတာတစ်ခု အထိလို့ပြောရတာက
👉 အဲ့ဒီ Special Force အထူးတပ်ဖွဲ့အနေနဲ့ရှိနေတဲ့ Antibody တွေက အချိန်ကြာလာရင် Virus မဝင်လောက်တော့ဘူးဆိုပြီး တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်လို့ပါ
အခုလက်ရှိ လူလိုနေလို့ရတဲ့ တိုင်းပြည်များက သုတေသနတွေအရ
ကိုဗစ်ရဲ့ အထူးတပ်ဖွဲ့ဟာ (၈) လ အထိ တာဝန်ထမ်းဆောင်ကြတယ် လို့ သိရပါတယ်။
(ဆိုလိုတာက တစ်ခါဖြစ်ပြီးရင် (၈) လ အတွင်း ပြန်မဖြစ်ဘူးပေါ့၊ ဖြစ်ခဲ့ရင်လည်း ပြင်းပြင်းထန်ထန် မခံစားရဘူးပေါ့)

ဒါပေမယ့် ချွင်းချက်ဆိုတာတော့ အမြဲရှိပါတယ်။

ဥပမာဗျာ ။ ။ ကိုဗစ်ရဲ့ပုံကို နယ်စပ်ဂိတ်မှာ ကပ်ထားပြီး ဝင်လာတာကို အထူးတပ်ဖွဲ့က စောင့်ကြည့်နေတယ်
ကိုဗစ်ရဲ့ ပုံတွေ့ဖူးကြတယ်မလား အလုံးပေါ်မှာအပေါ်က အချောင်းတွေနဲ့ ( ဆံပင်ထောင်ထောင် နဲ့ကောင်ပေါ့)
ကိုဗစ်ပဲဗျာ ဆံပင်ထောင်မလာပဲ ဘိုကေဖီးပြီး မျက်မှန်တပ်လာတယ်။ အဲ့လိုဆိုရင်တော့ မမှတ်မိပဲ နယ်စပ်ဂိတ်ကနေ လွတ်ထွက်ပြီး ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးနိုင်ပါတယ်။
ပြန်ဖြစ်နိုင်တယ်ပေါ့။

တနည်းပြောရရင်
ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ကိုဗစ်က သူ့မှာရှိတဲ့ အချွန်တွေ (Spike) ကိုသုံးပြီးဝင်ပါတယ် (သော့တူပေါ့)
တစ်ခါဖြစ်ပြီးတဲ့သူမှာ အဲ့ဒီ Spike protein ကို သိတဲ့ Antibody တွေထုတ်ထားပါတယ်။
အဲ့တော့ Spike ပါတဲ့ Covid ဝင်လာရင် ခန္ဓာကိုယ်က ဖျက်ဆီးပစ်ပါတယ်။

"ဆံပင်ထောင်ထောင်နဲ့ကိုဗစ်မဟုတ်ပဲ ဘိုကေနဲ့ကိုဗစ်ဆိုသလို" Spike protein ကို ဗီဇပြောင်းထားတဲ့ ကိုဗစ်ဝင်တဲ့ အခါကျရင်တော့ Antibody တွေက မမှတ်မိပဲ လွတ်ထွက်ပြီး ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးနိုင်ပါတယ်။
(ဗီဇပြောင်း ကိုဗစ် ပေါ့)
အခုဝင်တဲ့ ကိုဗစ်မဟုတ်တဲ့ အသစ်တစ်မျိုးဆိုရင်တော့ ပြန်ဖြစ်ဖို့ရှိပါတယ်။

👉 စိတ်သက်သာရာ ရအောင်ပြောရရင်တော့ ဘယ်လိုပဲဗီဇပြောင်းပြောင်း Covid ဆိုတာ Corona Virus ဖြစ်လို့ တစ်ခါဖြစ်ဖူးတဲ့သူမှာ ပြန်ဖြစ်ရင် တခြားသူတွေလောက် မပြင်းထန်ပါဘူး

__________
အခွင့်သင့်တုန်းပြောရရင် Vaccine ဆိုတာလည်း Virus ရဲ့ ပုံတူကို ခန္ဓာကိုယ်ထဲ ထည့်ပေးတာဖြစ်လို့ ရောဂါဖြစ်ဖူးထားသလိုပဲ အထူးတပ်ဖွဲ့ ရှိနေတဲ့အတွက်
- ကူးစက်မှုနည်းပါတယ်
- ဖြစ်ခဲ့ရင်တောင် တခြားသူတွေလောက် မခံစားရပါဘူး

တခြားသူတွေလောက်မခံစားရဘူးဆိုလို့ အိမ်က (အသက် ၇၀) အဘိုးက vaccine ထိုးထားပေမယ့် ကိုဗစ်ဖြစ်တာ အလူးအလဲပဲ မသေတာကံကောင်း သူ့မြေး အသက် ၃၀ က Vaccine မထိုးထားပဲ ဖျားတောင်မဖျားလိုက်ပဲ အနံ့ပျောက်ရုံနဲ့ ပြီးသွားတာ
အဲ့လိုတော့ မယှဉ်နဲ့ပေါ့ဗျာ
ယှဉ်ချင်ရင် သက်သူရွယ်တူ၊ ရောဂါအခံရှိသူတွေမှာ Vaccine ထိုးသူနဲ့ မထိုးသူ ယှဉ်ကြပေါ့

အဲ့တော့ ကျွန်တော်ကို အမေးများတဲ့ Vaccine ထိုးသင့်လားဆိုရင် #စိတ်ချရတဲ့_Vaccine_အစစ်အမှန် ဆိုရင် ***ထိုးသင့်ပါတယ်
___________
အများကြီး ရှုပ်အောင်ပြောပြီးတော့

👉 ကိုဗစ်ဖြစ်ပြီး ချက်ချင်းပြန်ဖြစ်လားဆိုရင် မဖြစ်ဖို့ (တော်တော်ကို) များပါတယ်
👉 ဘယ်လောက်အထိလဲ ဆိုရင် (၈ လ) လောက်အထိပါ
👉 Vaccine ကရောဆိုရင် (ဆေးအစစ်ကို Course အပြည့်ထိုးထားရင်) ကိုဗစ်ဖြစ်ဖူးတဲ့ လူအတိုင်းပဲ ကာကွယ်ပါတယ်

ဒါပေမယ့်
👉 ကိုယ်ခံအားတော်တော်ကို မကောင်းတဲ့လူတွေမှာ Reinfection (ဒီအကောင်ပဲ) ပြန်ဖြစ်နိုင်ပါတယ်
(တော်တော့ကို အရမ်း အရမ်း ရှားပါတယ်)
👉 Mutation ဗီဇပြောင်း ကိုဗစ် အသစ်ဆိုရင် ပြန်ဖြစ်နိုင်ပါတယ်။

အဲ့ဒါအပြင် ကိုဗစ်ပဲဖြစ်တာဖြစ်လို့
- Flu တုပ်ကွေးကြောင့် ဖျားနိုင်ပါတယ်
- Common Cold ရာသီဖျား ကြောင့်ဖျားနိုင်ပါတယ်
- ကိုဗစ်နှိပ်စက်ထားတဲ့ အဆုတ်ဟာ Bacteria ဝင်ပြီး Pneumonia ရနိုင်ပါတယ်

အဲ့ဒါတွေကြောင့်

1. Mask တပ်ရပါဦးမယ်
2. လက်ဆေးရပါဦးမယ်
3. လူထူတဲ့နေရာ ရှောင်ရပါဦးမယ်
4. ကိုယ်ခံအားကောင်းအောင် စားသောက်၊ အိပ်၊ နား ရပါမယ်
💪💪💪
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
05:20 pm/26.07.2021

Thailand 🇹🇭🇹🇭🇹🇭 Boost ငါးစာဝယ်တာများသွားလို့ ပြန်မျှပေးပါ့မယ် 🥫1Kg ကို 8000 Ks ပါ ✨MDY ✨☎️Ph.0943162649
25/07/2021

Thailand 🇹🇭🇹🇭🇹🇭 Boost ငါးစာဝယ်တာများသွားလို့ ပြန်မျှပေးပါ့မယ်

🥫1Kg ကို 8000 Ks ပါ ✨MDY ✨
☎️Ph.0943162649

တစ်ပေပတ်လည်ကန်လေးတွေပါ fancy ငါးလေးတွေမွေး‌မွေး🐠🐠 ငါးလေးတွေဓာတ်ပုံရိုက်ချင်လို့ပဲဖြစ်ဖြစ် ငါးဆေးကုကန်အဖြစ်သုံးသုံး တစ်ကန...
15/07/2021

တစ်ပေပတ်လည်ကန်လေးတွေပါ
fancy ငါးလေးတွေမွေး‌မွေး🐠🐠 ငါးလေးတွေဓာတ်ပုံရိုက်ချင်လို့ပဲဖြစ်ဖြစ်
ငါးဆေးကုကန်အဖြစ်သုံးသုံး တစ်ကန်ကို 7000 ကျပ်ပါ

🌈မှတ်ချက်-နောက်ခံစတေကာကပ်မထားပါ အရောင်ကပ်ချင်ရင်လက်ဆောင်အနေဖြင့်ကပ်ပေးပါသည် ဖြူ/နီ/ပြာ/နက်
လေးမျိုးရမည်

MDY ကပါနယ်ပို့ပေးပါသည် ပို့ခ ၃၀၀၀
In-stock လေးကန်ရှိမည်
CB or ☎️ 0943162649

15/07/2021

share မရလို့ ကော်ပီယူလာတယ် သတိထားရအောင်ပါ

မိုက်ရိုင်းတဲ့ ပိုက်ဆံပဲသိတဲ့ အမြတ်ကြီးစား လူ့သူတောင်းစားတွေ မလုပ်သင့်တာ လုပ်တော့ မ​​သေသင့်ပဲသေကြရအုန်းမယ်
🙁🙁🙁
CNG အိုးအလွတ်တွေကို ပုဂ္ဂလိကဆိုင်တွေမှာလိုက်ဝယ်နေကြတယ်ရောင်းတဲ့ဆိုင်တွေကလည်းရောင်းပေးလိုက်ကြတယ် မရောင်းတဲ့ဆိုင်တွေကလည်းမရောင်းဘူး
အသိ Gas ဆိုင်တွေရှိရင်စုံစမ်းကြည့်လို့ရတယ်
CNG အိုးတွေကိုဝယ်ပြီး ခေါင်းဖြုတ်တယ် ပြီးတော့ ဆေးတယ် အထဲကို
ဒါပေမယ့် CNG ဂျိုးတွေဟာဘယ်လိုမှဆေးလို့မကုန်ဘူး
ဒါပေမယ့် သင့်သလောက်ဆေးပြီး Oxygen ခေါင်းပြောင်းတပ်တယ်
ပြီးတော့ oxygen ထည့်ပြီးရောင်းစားနေကြတယ်
လူမမာရှုမိရင် သေပြီလေ
အာ့လိုတွေလူမမာတွေဘယ်လောက်များများသေပြီးကြပြီလည်းမသိဘူး

ဒီမနက် မိသားစုလိုပတ်သက်နေတဲ့အိမ်က online ကနေတွေ့လို့တဲ့ Oxygen ၄ အိုးမှာလိုက်တာ ၅ ရက်နေတော့ ဒီနေ့လာပို့တယ်
မသင်ကာလို့နားလည်သူကိုခေါ်ပြတော့ CNG အိုးတွေဖြစ်နေတယ်
ဖုံးပြန်ခေါ်တော့ လိုင်းပိတ်သွားပြီ
၁၆ သိန်းပေးလိုက်ရတယ်တဲ့ ၄ အိုးဘိုး

ရှူမိတဲ့ သေတဲ့ DB တွေက နှုတ်ခမ်းတွေပြာနေတယ် အသားတွေပြာနေတယ်
အဆုတ်ကွဲသေတယ်ကြားပါတယ်

အောက်ဆီဂျင်အိုးဝယ်ယူရာမှာ ဂရုစိုက်ကြပါခဗျာ
နားလည်သူနဲ့ပြပြီးမှ ဝယ်ကြပါ

ပြောရတာ ကျွန်မတို့လဲတော်တော်အာပေါက်နေပါပြီ။ မောနေလို့ oxygen ရှာနေပါတယ် ဆိုတဲ့ လူနာပုံတွေတက်လာတွေ့တယ် အကုန်ပက်လက်တွေကြီး...
14/07/2021

ပြောရတာ ကျွန်မတို့လဲ
တော်တော်အာပေါက်နေပါပြီ။

မောနေလို့ oxygen ရှာနေပါတယ်
ဆိုတဲ့ လူနာပုံတွေတက်လာတွေ့တယ်

အကုန်ပက်လက်တွေကြီးပဲ ။ (ကဲ ပြီးရော) 🤦‍♀️

မှောက်ရက်နေပြီး ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးလေး ခံထားတဲ့ ပုံစံနဲ့ နေရင် မောတာ သက်သာ တယ်ဆိုတာ တလောကလုံးက ပြောပြနေတာကို မမှတ်ထားတာလား ၊ ပေါ့ပေါ့ပျက်ပျက်တွေလုပ်နေတာလား လုပ်နေတဲ့သူတွေ ဖြေဖို့ပဲ ထား
ထားလိုက်မယ်။

ဆေးမီးတိုတွေ လျောက်လုပ်မနေပါနဲ့။

သိပ္ပံ science မှာ အဖြေတွေရှိပြီးသားပါ။

ဖြစ်ကာမှ မထိတ်လန့်ပဲ ဗဟုသုတလေးတွေ
အခုထဲက ကြိုစုထားဖို့ အကြံပြုပါရစေ။

ကျွန်မ ကိုဗစ်ဖြစ်တုံးကတောင် ဒီလောက်
မမောမိဘူး။ 😵‍💫

မှောက်ရက် fashion က ပက်လက် fashionထက် ပိုအထာကျပါတယ်။

Credit : Yamone Scarlett

ကိုဗစ်နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ (၆)အရက် သောက်လို့ရလား????အခု ကာလ က အာဟာရ ပြည့်အောင် စားရမယ့် အချိန်ပါ။ကျွ...
13/07/2021

ကိုဗစ်နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ (၆)

အရက် သောက်လို့ရလား????

အခု ကာလ က အာဟာရ ပြည့်အောင် စားရမယ့် အချိန်ပါ။

ကျွန်တော်တို့ အာဟာရပညာရပ်မှာ အရက် (alcohol) ဟာ Energy yielding non nutrient (ကယ်လိုရီသာပါဝင်ပြီး အာဟာရတန်ဖိုးမရှိ) တဲ့ အရာ တခု ဖြစ်ပါတယ်။

နောက်တခု က အရက် (alcohol) နှင့် စပ်ဆက် ပစ္စည်းတွေ ဖြစ်တဲ့ vodka, Gin, Beer စတာတွေဟာ ရေဓါတ်ဆုံးရှူံး (Dehydration) စေပါတယ်။

ဒါကြောင့် ကိုဗစ်မဖြစ်နေသည့်တိုင်အောင် မသောက်သင့်ပါ။

အာဟာရ ချို့တဲ့စေပြီးနောက်ဆက်တွဲ မှာ ကိုယ်ခံအားကျလာစေပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Covid Positive ဖြစ်နေပေမယ့် အရမ်း မပြင်းထန်တဲ့ Mild , Moderate ဖြစ်တဲ့ သူတွေ အတွက်ဆောင်ရန် ရှောင်ရန် လေးတွေ၊ Home Care T...
13/07/2021

Covid Positive ဖြစ်နေပေမယ့် အရမ်း မပြင်းထန်တဲ့ Mild , Moderate ဖြစ်တဲ့ သူတွေ အတွက်

ဆောင်ရန် ရှောင်ရန် လေးတွေ၊ Home Care Tips လေးတွေပြောပြပေးထားပါတယ်

Information Reference: Dr.Sushila Kataria

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

0943162649

Website

Alerts

Be the first to know and let us send you an email when Zinthu Rose Aquarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category