Tulip & Rockie

Tulip & Rockie Pet Supplies in Mandalay, Myanmar

🙏 စစ်မှန်သော အောင်မြင်ခြင်း 🙏
31/01/2025

🙏 စစ်မှန်သော အောင်မြင်ခြင်း 🙏

ကျောက်စိမ်း သည် နတ်ပြည်ဘုံမှ ကျလာသော ကျောက် အမျိုးစားဖြစ်သည်ဟု တရုတ် ဒဏ္ဍာရီအရ ပြောဆိုကြသည်။  တချို့ဒဏ္ဍာရီအရ ပြောကြတာတေ...
26/01/2025

ကျောက်စိမ်း သည် နတ်ပြည်ဘုံမှ ကျလာသော ကျောက် အမျိုးစားဖြစ်သည်ဟု တရုတ် ဒဏ္ဍာရီအရ ပြောဆိုကြသည်။

တချို့ဒဏ္ဍာရီအရ ပြောကြတာတော့ ကျောက်စိမ်းသည် လရောင် ရဲ့ အလင်းကြောင့် ပုံဆောင်ခဲဖြစ်လာသော ကျောက်အမျိုးစားဟု ယုံကြည်ကြသည်။

တချို့ဒဏ္ဍာရီအရ ကျောင်စိမ်းဟာ မိုးခြိမ်းသံဖြင့် ဖြစ်ပေါ်လာပြီး နတ်ပြည်ဘုံရဲ့ စွမ်းအားများကို စုပ်ယူထားသည်ဟု ဆိုကြသည်။

ထို့ကြောင့် ကျောက်စိမ်းကို အင်္ဂလိပ်လို Stone of heaven နတ်ပြည်ဘုံမှ ကျောက်ဖြစ်သည်။

🇹🇭 THAILAND ထိုင်းနိုင်ငံ |  ဘန်ကောက်မြို့မှ blood moon ခေါ် အနီရောင် သွေး လမင်း   ၂၀၂၅ ဇန်နဝါရီ 12 ရက် နေ့ ပေါ်ထွက်လာခဲ...
18/01/2025

🇹🇭 THAILAND ထိုင်းနိုင်ငံ | ဘန်ကောက်မြို့မှ blood moon ခေါ် အနီရောင် သွေး လမင်း ၂၀၂၅ ဇန်နဝါရီ 12 ရက် နေ့ ပေါ်ထွက်လာခဲ့ခြင်းပဲ ဖြစ်ပါသည်။

ထို သွေးလမင်း ပေါ်ထွက်ရခြင်း အယူဝါဒ
များစွာရှိသည့် အနက် တချို့ အယူဝါဒတွေထဲက
နာမည်ကြီးခဲ့တဲ့ ရှေးအယူဝါဒများတချို့ကို
ဖော်ပြပေးလိုက်ပါသည်။

Mesopotamians နှင့် Incas တို့၏အဆိုအရ သွေးလမင်း သည် ဘုရင်၏သေခြင်းနှင့် ကျဆုံးခြင်းတို့ကို ကိုယ်စားပြုသည်။ သို့သော်၊ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု ကင်းမဲ့သွားသောအခါတွင်လည်း လမင်းကြီးသည် အနီရောင်ပြောင်းသွားသည်ဟု Native American မျိုးနွယ်အချို့က ယူဆကြသည်။

--နတ်တို့သည် လူတို့ကဲ့သို့မျက်​တောင်မခတ်​ပေ။--နတ်တို့အားလုံး ပါဋိဘာသာဖြင့်စကား​ပြောဆိုကြသည်။--နတ်တို့​သေလျှင် အသုဘအ​လောင...
17/01/2025

--နတ်တို့သည် လူတို့ကဲ့သို့မျက်​တောင်မခတ်​ပေ။

--နတ်တို့အားလုံး ပါဋိဘာသာဖြင့်စကား​ပြောဆိုကြသည်။

--နတ်တို့​သေလျှင် အသုဘအ​လောင်း​ကောင် မကျန်ရစ်​ပေ။ဆီမီး​တောက်ငြိမ်းသကဲ့သို့ ခန္ဓာကိုယ်ချုပ်ငြိမ်း​ပျောက်သွားသည်။

--နတ်တို့သည် ကိုယ်ထည်အလွန်နူးညံ့​သော​ကြောင့်​ ပကတိ​မြေ၌မတည်နိုင်။ပကတိ​မြေ​ပေါ်နင်းလျှင်​ အောက်နစ်ဝင်သည်။သို့အတွက် ရုန့်ရင်းကြမ်းတမ်း​သောအတ္တ​ဘောကိုဖန်ဆင်းရသည်။

--နတ်တို့သည် ကမ္မဇ​တေ​ဇောအားကြီးပြီး ခန္ဓာကိုယ်နူးညံ့လွန်း​သော​ကြောင့်အစာစားချိန်မစားဘဲ အချိန်လွန်သွား​သော်​သေဆုံး၏။

--နတ်တို့သည် လူတို့၏ကိုယ်နံ့ကို ယူဇနာတစ်ရာကပင်နံ​စော်သည်ဟုဆို၏။
--တာဝတိသာနတ်ပြည်၊စိတ္တလတာဥယျာဥ်ရှိ အာသာဝတီနွယ်နီနတ်ပန်းတို့သည်လူတို့၏အ​ရေအတွက်အားဖြင့် နှစ်​ပေါင်းတစ်​ထောင်ကြာမှတစ်ခါပွင့်၏။

--နတ်ပြည်၌ နတ်သားအားလုံးတို့သည် အရွယ်ချင်းတူမျှကုန်၏။

--​အောက်​အောက်နတ်တို့သည် အထက်အထက်နတ်တို့ကို မမြင်ရ​ပေ။ဘုမ္မစိုးနတ်၊ရုက္ခစိုးနတ်၊ကိုယ်​စောင့်နတ်၊ယမမင်းနှင့်​မြေဘုတ်ဘီလူးတို့သည် စတုမဟာရာဇ်ဘုံ၌စာရင်းဝင်​သောနတ်များဖြစ်ကြ၏။

--နတ်တို့သည် ဥယျာဥ်ရှိကသစ်ပန်းကိုခူးလို​သော် အပင်​ပေါ်တက်ပြီးခူးစရာမလို။ချွန်းဖြင့်အကိုင်းအခက်တို့ကိုညွှတ်​စေရန်လဲမလို။ပန်းများကိုပန်း​တောင်းဖြင့်ခံယူရန်လဲမလို။ပန်းခူး​သော​လေသည်အပင်​ပေါ်တက်ပြီးလျှင် ပန်းများကို​ချွေချ၏။​​ကြွေကျ​သောပန်းတို့ကို ခံယူ​သော​လေက ပန်း​တောင်းအလားခံယူ၏။နတ်သဘင်သို့ ပန်းများက ယူ​ဆောင်သွင်း​သော​လေက ယူသွင်း၏။တံမြက်လှည်း​သော​လေက ပန်း​ဟောင်းတို့ကို လှည်းထုတ်၏။

--နတ်သားတို့မှာ အသက်၂၀အရွယ်၊နတ်သမီးတို့မှာ အသက်၁၆နှစ်အရွယ်အမြဲရှိကြ၏။

--​​ရှေး​ရှေးဘဝက ကမ္မဝါဒီအယူရှိ​သောနတ်တို့သည် ဘယ်ဘဝကဘယ်ကံကိုပြု၍နတ်ဖြစ်လာသည်ကိုသိ၏။​ရှေးဘဝက​လောကကို ဗြဟ္မာဖန်ဆင်း၏စသည်ဖြင့်မိစ္ဆာအယူရှိခဲ့​သောနတ်တို့သည် မိမိတို့ဘယ်ကံဖြင့်နတ်ဖြစ်လာသည်ကိုမသိ​ချေ။

--ဘုရားအ​လောင်းနတ်သားတို့သည် နတ်ပြည်၌နတ်သမီးတို့၏ပွတ်သီးပွတ်သတ်ပြုလုပ်မှုများ​ကြောင့်နတ်ပြည်၌ပါရမီဖြည့်ခွင့်မရ​ချေ။

--နတ်တို့၏​ဗေလုဝနတ်​စောင်းသည် လက်သည်းဖျားဖြင့် တစ်ကြိမ်မျှတီးခတ်ရုံဖြင့်​လေးလကြာ​အောင်အသံမစဲမြည်​လေ၏။

---သားသမီးဖြစ်ထိုက်​သော နတ်သားနတ်သမီးတို့သည် နတ်တို့၏ရင်ခွင်၌ဖြစ်လာကြ၏။မယားဖြစ်ထိုက်​သော နတ်သမီးတို့မှာအိပ်ရာ၌ဖြစ်လာကြ၏။ပန်းနံ့သာလိမ်းကျံမှုနှင့်တန်ဆာဆင်​ပေးမှုပြုရ​သောနတ်သမီးတို့မှာ အိပ်ရာ​ဘေး၌ခြံရံကာဖြစ်လာကြ၏။အမှုကြီးငယ်ပြုလုပ်​ပေးရ​သောနတ်တို့မှာ ဘုံဗိမာန်အတွင်း၌ဖြစ်လာကြ၏။

# Credit ဓမ္မာစရိယ ဦးစိုးဝင်း

ဘုန်းရှင်ကံရှင်ပါရမီရှင်တို့စံ​ပျော်ရာဌာနနတ်ပြည်​​လောကစာအုပ်မှကူးယူ​ဖော်ပြသည်။

စွမ်းအားသည် တန်ခိုးမှ လာသည်မဟုတ်။  မှန်တာကို အမှန်အတိုင်း လုပ်ရဲတဲ့သတ္တိကနေလာခြင်းသာ ဖြစ်သည်။🙏 🕉️ ဘုရားရှင် ဗီသနိုး 🕉️ 🙏...
16/01/2025

စွမ်းအားသည် တန်ခိုးမှ လာသည်မဟုတ်။
မှန်တာကို အမှန်အတိုင်း လုပ်ရဲတဲ့သတ္တိကနေ
လာခြင်းသာ ဖြစ်သည်။

🙏 🕉️ ဘုရားရှင် ဗီသနိုး 🕉️ 🙏
🙏 Om Namo Narayana 🙏

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုလ် တည်ရှိသည့်စကြာဝဠာကြီး ဘယ်လောက်ကျယ်လဲဆိုရင် ကျွန်ုပ်တို့၏ နေကြီးသည် နဂါးငွေ့တန်း ဂလက်...
15/01/2025

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုလ် တည်ရှိသည့်စကြာဝဠာကြီး ဘယ်လောက်ကျယ်လဲဆိုရင် ကျွန်ုပ်တို့၏ နေကြီးသည် နဂါးငွေ့တန်း ဂလက်ဆီ ကို လှည့်ပတ်ရန် နှစ်ပေါင်း သန်း 250 ကြာသည်။

ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းသည် ဂလက်ဆီဗဟိုမှ အလင်းနှစ် ၂၆၀၀၀ ခန့်အကွာတွင် တည်ရှိသည်။

အံ့ဩစရာ ကောင်းတာက ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်သည် Milky Way ရှိ ကြယ်ပေါင်း 200 ဘီလီယံအနက်မှ 1 ခုသာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဂလက်ဆီတွင် ဂြိုဟ်ပေါင်း ၃.၂ ထရီလီယံအထိ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

အခုဖော်ပြပါ အရာများသည် ကျွန်ုပ်တို့၏သေးငယ်သော ဂလက်ဆီအတွက် နံပါတ်များသာဖြစ်သည်။ NASA ၏ အဆိုအရ စကြာဝဠာတွင် ဂလက်ဆီ ၂ ထရီလျံခန့် ရှိနိုင်လို့ ခန့်မှန်းထားသည်။

"အတွေးလွန်ခြင်းက မင်းဘဝကို ဖျက်ဆီးစေသလို၊ မင်းရဲ့ပျော်ရွှင်မှုကို ခိုးယူပြီး၊ မင်းရဲ့အပြုံးကိုပါ ခိုးယူသွားပါတယ်။"  🧠😞
15/01/2025

"အတွေးလွန်ခြင်းက မင်းဘဝကို ဖျက်ဆီးစေသလို၊ မင်းရဲ့ပျော်ရွှင်မှုကို ခိုးယူပြီး၊ မင်းရဲ့အပြုံးကိုပါ ခိုးယူသွားပါတယ်။" 🧠😞

ယောက်ျားပီသဖို့ဆိုရင်###############xxသားရေ....မေးလို့သာဖြေလိုက်ရတယ်။ သားကအဲဒါတွေနားလည်ဖို့ အသက်ငယ်လွန်းပါသေးတယ်။ ဒါပေမဲ...
15/01/2025

ယောက်ျားပီသဖို့ဆိုရင်
###############xx

သားရေ....

မေးလို့သာဖြေလိုက်ရတယ်။ သားကအဲဒါတွေနားလည်ဖို့ အသက်ငယ်လွန်းပါသေးတယ်။ ဒါပေမဲ့ သားမေးတုန်း၊ ပူပူနွေးနွေးရှိတုန်း ဖြေဆိုထားချင်တယ်။ သားနားမလည်နိုင်သေးရင်လည်း စာနဲ့ဖြေဆိုထားတာပေါ့။ ဒီထဲမှာ ပါတဲ့အချက်တွေ အားလုံး ဖေဖေလည်း မလိုက်နာနိုင်ခဲ့ပါဘူး၊ ဒါကြောင့်မို့လို့လည်း ဖေဖေဘ၀ မအောင်မြင်ခဲ့တာပါ။ သားကို ပျော်ရွှင်စေချင်တယ်။ အောင်မြင်စေချင်တယ်။ ယောက်ျားပီသစေချင်တယ်။ ယောက်ျားပီသဖို့ဆိုရင်......

၁ ။ တည်ငြိမ်ဖို့လိုပါတယ်။
------------------------

(က) လွယ်လွယ်နဲ့ ကိုယ့်ခံစားချက်ကို မျက်နာမှာ မပြသရဘူး။

(ခ) တွေ့တဲ့လူနဲ့ ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေ မပြောရဘူး။

(ဂ) သူများရဲ့ အကြံအဥာဏ်ကို မတောင်းဆိုခင် ကိုယ်ကိုယ်တိုင်အရင် စဉ်းစားထားပါ။ ဒါပေမဲ့ အရင်မပြောပါနှင့်။

(ဃ) အတတ်နိုင်ဆုံး complain မတက်ပါနှင့်။ မငြီးညူ ပါနှင့်။

(င) အရေးကြီးတဲ့ ကိစ္စများကို အတတ်နိုင်ဆုံး သူများနဲ့ အရင်ဆွးနွေးပါ။ ဖြစ်နိုင်ရင် တစ်ရက်ကျော်ပြီးမှ အပြင်ကို ဖေါ်ထုတ်ပါ။

(စ) စကားပြောတာ၊ အလုပ်လုပ်တာက အစ၊ လမ်းလျှောက်တာက အဆုံး ဘယ်တော့အခါမှ မလောပါနှင့်။

(ဆ) ကိုယ့်ကိုယ်ကို ယုံကြည်မူ ရှိတာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့ အယူအဆကို လည်း လစ်လျူမရူ့ ပါနှင့်။

(ဇ) လူတိုင်းအပေါ် ယဉ်ကျေးဖို့ မင်းမှာ တာ၀န်ရှိတယ်။ သိထားရမှာက မင်းဘယ်သူ့ထက်မှ မထူးချွန်ပါဘူး။

၂။ အလေးထားဖို့ လိုပါတယ်။
-------------------------

(က) ကိုယ့်ပတ်၀န်းကျင်မှာ ဖြစ်ပေါ်သမျှ အကျိုးအကြောင်းဆက်စပ်မူ သွေးခေါ် စဉ်းစားရပါမယ်။

(ခ) မပြည့်စုံ မပြီးမြောက်လိုက်တဲ့ ကိစ္စများအပေါ် အကြောင်းရင်း ရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်တတ်ရပါမယ်။

(ဂ) ဓမ္မရိုးကျ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်များအပေါ် ထိုးထွင်းမြင်တတ်အောင်ကြိုးစားရပါမယ်။

(ဃ) ဘာပဲလုပ်လုပ် အစီအစဉ် လုပ်ငန်းစဉ်အတိုင်း ပြုလုပ်တဲ့ အကျင့်ရှိရပါမယ်။

၃။ ယုံကြည်မူ ရှိရပါမယ်။
------------------------

(က) ဘယ်တော့မှ ယုံကြည်မူ ယုတ်လျှော့စေတဲ့ စကားမပြောဆိုပါနှင့်။

(ခ) ကိုယ့်ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ မပြုပြင်ပါနှင့်၊ ခဏခဏ နောင်တရတာမျိုး မဖြစ်စေနင့်။

(ဂ) လူအများ အငြင်းအခုန်ဖြစ်ပေါ်နေတဲ့ နေရာများမှာ ကိုယ့်ရပ်တည်ချက် မပျောက်ဆုံးပါစေနှင့်။

(ဃ) လူအများ စိတ်ဓါတ်ကျနေတဲ့ ပတ်၀န်းကျင်နဲ့ ကြုံခဲ့လို့ရှိရင် ကိုယ်ကအကောင်းမြင်နိုင်အောင်ကြိုးစားရမည်။

(င) ဘာကိုပဲလုပ်လုပ်၊ စိတ်နှစ်ကိုယ်နှစ် လုပ်တတ်တဲ့အကျင့် မွေးမြူထားရပါမယ်။

(စ) တစ်ခုခု အဆင်မပြေရင် ခဏရပ်လိုက်ပါ ။ ဖြေရှင်း ထိုးဖေါက်နိုင်ဖို့ နည်းလမ်းရှာပါ။ ချက်ချင်းပြန်စပါ။

၄။ သဘောထားကြီးရပါမယ်။
------------------------

(က) မိတ်ဆွေဖြစ်နိုင်တဲ့ မည်သူ့ကိုမဆို ပြိုင်ဘက်ဖြစ်အောင် မတွန်းပို့ပါနှင့်။

(ခ) သူများရဲ့ သေးငယ်တဲ့အမှား၊ ပျော့ကွက် ဟာကွက်တွေအပေါ် လုံး၀မတွက်ကပ်ပါနှင့်။

(ဂ) ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အတတ်နိုင်ဆုံး သဘောထားကြီးပါ။

(ဃ) ဘယ်တော့မှ ဘ၀င်မမြင့်အောင်နေထိုင်ပါ။

(င) မည်သည့်အောင်မြင်မူ မဆို သူများနဲ့ မျဝေနိုင်အောင် ကြိုးစားပါ။

၅။ ဂတိတည်ရပါမယ်။
--------------------

(က) မဖြစ်နိုင်တဲ့အရာ ဘယ်တော့မှ လွယ်လွယ် နဲ့ မပြောမိပါစေနှင့်။

(ခ) မဖြစ်နိုင်တဲ့ ကြွေးကြော်သံတွေ ဘယ်တော့မှ အသုံးမပြုပါနှင့်၊

(ဂ) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ သူများသိသိမသိသိ တပတ်ရိုက်တဲ့ အလုပ်မျိုး အမြဲရှောင်ရှားပါ။

(ဃ) လူလည်ကျတာမျိုး ဘယ်တော့မှ မပတ်သက်မိပါစေနှင့်၊

၆။ တာ၀န်ယူရဲ ရပါမယ်။
--------------------

(က) အပြစ်အနာအဆာ တစ်ခုခုကို ပြန်လည်သုံးသပ်တော့မယ်ဆိုရင် ကိုယ်ကနေ အရင်စသုံးသပ်ပါ။

(ခ) ဘာစီမံကိန်းပဲဆွဲဆွဲ တစ်ခုလုံး ခြုံငုံသုံးသပ်တတ်တဲ့ အကျင့်မွေးမြူထားပါ။

(ဂ) ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘယ်ပြသနာကိုမဆို တာ၀န်ယူရဲပါ။

၇။ တိုးတက်အောင်အမြဲ ကြိုးစားနေပါစေ။
---------------------------

(က) ဗဟုသုတ စုဆောင်းတတ်တဲ့အကျင့်၊ မှတ်စုရေးတဲ့အကျင့် မွေးမြူထားပါ။

(ခ) ကိုယ့်ကိုယ်ကို နားလည်အောင် အမြဲကြိုးစားပါ။ ကိုယ့်ကိုယ်ကိုမှ အဆင်မပြေရင် ဘယ်သူ့နဲ့မှ အဆင်မပြေနိုင်ပါ။

(ဂ) ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ထားရှိပါ။

(ဃ) ဘာသာရေးကို ကိုင်းရိူင်းပါ။ ဒါပေမဲ့ ကိုယ်အစွမ်းကုန်မကြိုးစားလို့၊ ကိုယ်ကောင်းကောင်း မစီမံခံ့ခွဲတတ်လို့၊ ဘ၀မှာ ဆုံးရူံးမူ (သို့) မအောင်မြင်မူ နဲ့ ကြုံလာခဲ့ရင် ဘဝပေးကုသိုလ်မကောင်းလို့၊ ကံမကောင်းလို့ ဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းပြချက်မရှာပါနှင့်၊ ဆက်ကြိုးစားပါ။

ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေ...
13/01/2025

ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပပုံကို ထိုရာဇဝင်တော် ကြီးတွင် ဤသို့တွေ့ရလေသည်။ မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါး တောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်.မင်းညီ မင်းသား၊ ဝန်ကြီး၊ အတွင်း ဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်း၊ မောက် တို၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ . စက်စွဲသည့် မင်းညီ မင်းသား၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ်၊ သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ .စက် ထိုးသဘင်ပြီးလျှင် ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာ ရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ်၊ မြင်းအစိုင်းအနှင့် အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့ ဝင်တော်မူသည်။ .လပြည့်ကျော် လေးရက်နေ့ ဘဝရှင် မင်းတရားကြီးဘုရား .ထွက်စံတော်မူပြီးလျှင် ဆင်တော် စီးရေသုံးဆဲ့နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေ အရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား အကြောက်အရွံ့ မရှိရအောင် သေနတ်၊ မီးပေါက်၊ ယမ်းမီး၊ ဗြောက်၊ ဒိုင်း၊ ကာတို့ဖြင့် ပစ်တောက် ရိုက်ခတ် ခြောက်လှန့်စမ်းသပ် သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော် မူသည်။

ပ္လသိုဝ် (ပြာသို)သည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လ ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ ပြာသိုလတွင် ၃၀ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'ပ္လ' ကို 'ပျ' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။

✴️✳️ 2025 နှစ်သစ်မှာ ✳️✴️စိတ်သစ် လူသစ် ဆန္ဒအသစ်အောင်မြင်မှုအသစ် တွေနဲ့အန္တရာယ်ဘေး ကင်းရလိုပါ၏ဂေါတမ ဗုဒ္ဓ မြတ်စွာ ဘုရား န...
31/12/2024

✴️✳️ 2025 နှစ်သစ်မှာ ✳️✴️

စိတ်သစ် လူသစ် ဆန္ဒအသစ်
အောင်မြင်မှုအသစ် တွေနဲ့
အန္တရာယ်ဘေး ကင်းရလိုပါ၏

ဂေါတမ ဗုဒ္ဓ မြတ်စွာ ဘုရား နဲ့ အတူ
စကြဝဠာအတွင်းတွင် နေထိုင်ကြကုန်သော
နတ် ဗြဟ္မာ အပေါင်းတို့ ကူညီကာကွယ်
စောင့်ရှောက်တော်မှု ပေးပါလို့ ဆုတောင်း
တောင်းမေတ္တာပို့အပ်လိုက်ပါသည်။

🕉️☸️🙏🙏🙏☸️🕉️

Credit 👈
31/12/2024

Credit 👈

အားလုံးပဲ ဘုရား ကောင်းချီးပေးတဲ့ လိုအင်ဆန္ဒတွေပြည့်စုံမည့် ပျော်ရွှင်ဖွယ်ရာခရစ္စမတ်လေးတစ်နေ့ ဖြစ်ပါစေ🙏✝️✝️✝️✝️✝️🙏
25/12/2024

အားလုံးပဲ ဘုရား ကောင်းချီး
ပေးတဲ့ လိုအင်ဆန္ဒတွေပြည့်စုံ
မည့် ပျော်ရွှင်ဖွယ်ရာ

ခရစ္စမတ်လေးတစ်နေ့ ဖြစ်ပါစေ

🙏✝️✝️✝️✝️✝️🙏

25 / Dec / 2024 ခုနှစ်ခရစ္စမတ် နေ့ထူးနေ့မြတ် သို့မဟုတ်စကြာဝဠာအတွင်းတွင် တည်ရှိနေထိုင်သော ထဝရ ဘုရားရှင် အားလုံးရဲ့ သားတော...
25/12/2024

25 / Dec / 2024 ခုနှစ်

ခရစ္စမတ် နေ့ထူးနေ့မြတ် သို့မဟုတ်

စကြာဝဠာအတွင်းတွင် တည်ရှိ
နေထိုင်သော ထဝရ ဘုရားရှင် အားလုံး
ရဲ့ သားတော် သခင် ယေရှု ၏ မွေးနေ့မှာ

သခင် ယေရှု၏ ဘုန်းတန်ခိုး နာမတော် နဲ့ တိုင်တည်ပြီး

ကမ္ဘာပေါ်ရှိ လူသားအားလုံး
နှင့် သက်ရှိ သတ္တဝါ အားလုံး

ဘေးရန်ကင်းပြီး

စိတ်ချမ်းသာ / ကိုယ်ကျန်းမာ ပြီး
လိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့

ဆုတောင်း မေတ္တာပို့အပ်
လိုက်ပါသည်

🙏✝️✝️✝️✝️✝️✝️🙏

🙏🕉️ Hare Krishna 🕉️🙏အားလုံးပဲ ဘဂဝဒ်ဂီသာကျမ်းပွင့်တော်မှုသောနေ့ထူးနေ့မြတ်မှာဘုရားရှင် ခရစ်ရှနား ရဲ့ ဘုန်းတန်ခိုးနာမတော် န...
11/12/2024

🙏🕉️ Hare Krishna 🕉️🙏

အားလုံးပဲ ဘဂဝဒ်ဂီသာကျမ်း
ပွင့်တော်မှုသောနေ့ထူးနေ့မြတ်မှာ

ဘုရားရှင် ခရစ်ရှနား ရဲ့ ဘုန်းတန်ခိုး
နာမတော် နဲ့ တိုင်တည်ပြီး လောကီသား
တွေအားလုံး ကောင်းမွန် မှန်ကန်တဲ့ ဓမ္မလုပ်ရပ်
တိုင်းမှာ အဆင်ပြေပြီး အောင်မြင် နိုင်ကြပါစေ 🙏

🕉🙏🙏🙏🕉️

🙏☸️☸️☸️🙏
07/12/2024

🙏☸️☸️☸️🙏

07/12/2024

တနေကုန်ထိုင်ပြီး ကြည့် 😁

မင်းရဲ့ အကြီးမားဆုံးရန်သူက မင်းရဲ့ ထိန်းမရတဲ့ မကောင်းတဲ့ စိတ်
04/12/2024

မင်းရဲ့ အကြီးမားဆုံးရန်သူက
မင်းရဲ့ ထိန်းမရတဲ့ မကောင်းတဲ့ စိတ်

04/12/2024

ခက်ခဲသောအချိန်တို့က
တာရှည်မခံ

အခက်အခဲဒဏ် ခံနိုင်သူတို့သာ တာရှည်ခံစမြဲ

Address

ရာပြည့်လမ်း
Mandalay

Website

Alerts

Be the first to know and let us send you an email when Tulip & Rockie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category