Fear Not Tarantulas

Fear Not Tarantulas Tarantula knowledge sharing & Collection
(1)

HELLO !   မင်မင် အရှေ့လတွေက နေရာပြောင်းပြီး အလုပ်တွေရှုပ်နေလို့ post တွေလည်း မတင်နိုင် replay တွေလည်းမပြန်နိုင်တဲ့ အတွက်...
24/02/2024

HELLO ! မင်မင် အရှေ့လတွေက နေရာပြောင်းပြီး အလုပ်တွေရှုပ်နေလို့ post တွေလည်း မတင်နိုင် replay တွေလည်းမပြန်နိုင်တဲ့ အတွက် sorry ပါဗျာ🥹 နောက်ရက်ကစပီး အရင်လို အကုန်ပြန် runပါတော့မယ်နော် 😁knowledge sharing တွေလည်းလာမယ် အကောင်တွေလည်း ရောင်းပေးပါတော့မယ်နော်😚

Straight Horned Baboon Tarantula 🕸️🦄 ဒီနေ့ကတော့ Straight horned baboon or Great horned baboon လို့ခေါ်တဲ့ ဂျိုအဖြောင့်လေ...
17/01/2024

Straight Horned Baboon Tarantula 🕸️🦄
ဒီနေ့ကတော့ Straight horned baboon or Great horned baboon လို့ခေါ်တဲ့ ဂျိုအဖြောင့်လေးပါတဲ့ tarantula လေးအကြောင်းပြောပြပါ့မယ်ဗျ။ ကျွန်တော့်ရဲ့ tarantula collection’s ထဲကအကြိုက်ဆုံး tarantula ဆိုလည်း မမှားပါဘူး။ Scientific name ကတော့ Ceratogyrus marshalli ဖြစ်ပြီး အများစုကတော့ great horned လို့ အတိုခေါက် ခေါ်ကြပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ သူ့ရဲ့ဂျိုလေးက C.darlingi(Rear horned baboon) လိုအနောက်ကိုထောင်ထွက်မနေဘဲ တဖြောင့်တည်း အပေါ်တည့်တည့်ကိုထောင်ထွက်နေတာကြောင့် Straight horned baboon လို့အသိများကြပါတယ်။ Old world tarantula ဖြစ်ပြီး baboon မျိုးနွယ်ဖြစ်တာကြောင့် အဆိပ်အရမ်းပြင်းပါတယ်။ အရောင်ကတော့ မီးခိုးရောင် နဲ့ ရွှံ့ညိုရောင်တို့ပေါင်းစပ်ထားပါတယ်။ Straight horned baboon တွေအများစုဟာ C.darlingiတွေလို တွင်းတူးနေကြတဲ့ အတွက် အခင်းအထူကို ၃လက်မ ၄လက်မလောက်ထားပေးရပါမယ်။ တချို့အကောင်တွေကတော့ တွင်းမတူးဘဲ ကုန်းပေါ်မှာ webခင်းကာလည်းနေကြပါတယ်။ ကန်ရဲ့အစိုဓာတ်ကတော့ 50-60% လောက်သာထားရှိပေးရပါမယ်။ အစိုဓာတ်အရမ်းမကြိုက်တဲ့အတွက် အခင်းကို စိုစွတ်အောင်ထားပေးလို့မရပါဘူး။ Straight horned baboon တွေဟာ ကြီးထွားမှုနှုန်းမြန်တဲ့မျိုးစိတ်ဖြစ်တဲ့အတွက် တစ်နှစ်အတွင်းကို သိသိသာသာကြီးထွားနိုင်ပါတယ်။ သက်တမ်းကတော့ အမတွေဟာ 8-10 နှစ်လောက်အထိသာ နေနိုင်ကြပြီး အထီးတွေကတော့၃နှစ်ဝန်းကျင်လောက်သာနေနိုင်ကြပါတယ်။(C.marshalli တွေဟာ C.darlingi တွေထက် သက်တမ်းပိုတိုပါတယ်)Straight horned baboon တွေကိုတော့ ကိုင်တွယ်ဖို့အားမပေးပါဘူး။ Baboon မျိုးစိတ်ဖြစ်ပြီး ရန်လိုတဲ့အပြင် အကိုက်ခံရပါက ရောင်ရမ်းခြင်း၊ အပြင်းအထန်ဖျားခြင်းနှင့် ကြွက်သားအကြောဆွဲခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ beginner တွေအတွက်တော့ recommend မပေးပါဘူး။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်ဗျ။
❗️ပုံနဲ့စာအား ကူးယူခွင့်မပေးပါ။❗️

Hello ❗️ မင်မင်ဒီရက်ပိုင်း မင်္ဂလာကိစ္စလေးရှိတော့အလုပ်ရှုပ်နေလို့ ဘာမှမတင်နိုင်ဘူး… အခုအားပြီဆိုတော့ မနက်ဖြန်ကစပြီး know...
12/01/2024

Hello ❗️ မင်မင်ဒီရက်ပိုင်း မင်္ဂလာကိစ္စလေးရှိတော့အလုပ်ရှုပ်နေလို့ ဘာမှမတင်နိုင်ဘူး… အခုအားပြီဆိုတော့ မနက်ဖြန်ကစပြီး knowledge sharing post လေးတွေ ပြန်တင်ပေးပါမယ်နော် 😚

10/01/2024

How to takecare of tarantula sling ❗️   ဒီနေ့ကတော့ Tarantula sling size မွေးထားတဲ့ သူတွေအတွက် ဘယ်လိုဂရုစိုက်မွေးမြူရမလဲဆ...
06/01/2024

How to takecare of tarantula sling ❗️
ဒီနေ့ကတော့ Tarantula sling size မွေးထားတဲ့ သူတွေအတွက် ဘယ်လိုဂရုစိုက်မွေးမြူရမလဲဆိုတာကို ပြောပြပေးပါမယ်ဗျ။
1. Tarantula sling sizeတွေဟာ 1cm,2cm အရွယ်သာရှိတဲ့အတွက် မွေးမြူရမဲ့ကန်ကို 2” , 3” အရွယ်အစားရှိတဲ့ ကန်နဲ့သာမွေးမြူသင့်ပါတယ်။ ကန်အရွယ်အစားကြီးလွန်းလျှင် အကောင်အတွက် stress ဝင်နိုင်သလို အစာကျွေးရတာလည်း ခက်နိုင်တဲ့အတွက်ကြောင့်ပါ။
2. Sling size အရွယ်တွေကို handle မလုပ်သင့်ပါ။ Handling လုပ်ဖို့အတွက်ဆိုရင်တော့ sling sizeအရွယ်တွေကို အားမပေးပါဘူးခင်ဗျ။ Sling size တွေဟာ အရမ်းသေးသလို အရမ်းလည်း နုတဲ့အတွက် ခနခနထုတ်ကိုင်မယ် ဆိုပါက အကောင်အတွက် မကောင်းသလို stress ဝင်ကာ shaw နိုင်ပါတယ်။
3. Tarantula sling size တွေဟာ ရေဓာတ်လိုပေမဲ့ ရေခနခန မဖြန်းပေးသင့်ပါဘူး။ တစ်ပတ်တစ်ခါလောက်သာ ကန်ရဲ့အခင်းကို ရေ 3 4စက်လောက်ချပေးရင် အဆင်ပြေပါတယ်။(အကောင်အပေါ်တော့ ရေမစိုအောင် ဂရုစိုက်ပါ) အခုက ဆောင်းတွင်းဖြစ်တဲ့အတွက် sling size လေးတွေကို သေချာတော့ ဂရုစိုက်ပေးသင့်ပါတယ်ဗျ။
4. Tarantula sling တွေကို 3 4ရက်ခြားတစ်ခါ အစာကျွေးနိုင်ပါတယ်ခင်ဗျ။ Sling ဖြစ်တဲ့အတွက် ကျွေးမဲ့အစာကိုတော့ သေချာဂရုစိုက်ရပါမယ်။ ကျွေးမဲ့အစာက ကိုယ်မွေးထားတဲ့ tarantula ထက် သေးရပါမယ်ဗျ။ ကိုယ်မွေးထားတဲ့ အကောင်ထက်ကြီးလျှင် အစာက ကိုယ့်အကောင်ကို ပြန်စားသွားနိုင်လို့ပါ။ အစာကိုတော့ mini meal worm တို့ ပုရစ်ဖြူအသေးပေါက်စလေးတွေ ကျွေးနိုင်ပါတယ်။ Mini meal worm တို့ ပုရစ်ဖြူအပေါက်တို့ မရလျှင်လည်း ခြင် တို့ ယင်ကောင်အသေးလေးတို့ကို အတောင်ပံဖြုတ်ကာကျွေးလို့ရပါတယ်ဗျ။
5. Tarantulas တွေရဲ့ ကန်ကိုဘယ်လိုနေရာမှာထားသင့်လဲ ဆိုတာကိုပြောပြပေးပါမယ်ဗျ။ Tarantula တွေဟာ အမှောင်ကြိုက်တဲ့ အကောင်တွေ ဖြစ်တဲ့အတွက် adult size ဖြစ်ဖြစ် sling size ဖြစ်ဖြစ် သူတို့ကို နေရောင် အလင်းရောင် တိုက်ရိုက်မကျတဲ့ နေရာမှာထားပေးသင့်ပါတယ်ဗျ။ Aircon အခန်းထဲထားမယ်ဆိုလျှင်လည်း လေတိုက်ရိုက်မကျတဲ့ လေကွယ်နေရာမှာ ထားပေးရင် အဆင်ပြေပါတယ်ဗျ။
6. အများစုလာမေးနေကြမေးခွန်းလေးဖြေပေးပါမယ်ဗျ။ Tarantula တွေကြီးဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ။ Tarantula တွေဟာ တစ်ကောင်နဲ့တစ်ကောင် အမျိုးအစားမတူသလို growth rate မတူတဲ့အတွက် အတိအကျတော့ ပြောလို့မရပါဘူးဗျ။ ပုံမှန်အားဖြင့်တော့ tarantula အများစုဟာ သေချာမွေးမြူပါက တစ်နှစ်ဝန်းကျင်လောက်ဆို သိသိသာသာ အရွယ်ရောက်ပါတယ်ဗျ။
အဆုံးထိ ဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်ခင်ဗျ။
❗️ပုံနဲ့စာအား ကူးယူခွင့်မပေးပါ။❗️

🥹🥹🥹
05/01/2024

🥹🥹🥹

Mexican Red Knee Tarantula    ဒီနေ့တော့ မင်မင် မွေးထားတဲ့ tarantula တွေထဲက Flame knee tarantula ပြီးရင် ဒုတိယအကြိုက်ဆုံး...
03/01/2024

Mexican Red Knee Tarantula
ဒီနေ့တော့ မင်မင် မွေးထားတဲ့ tarantula တွေထဲက Flame knee tarantula ပြီးရင် ဒုတိယအကြိုက်ဆုံး tarantula ဖြစ်တဲ့ Red knee tarantula လေးအကြောင်းပြောပြပေးပါမယ်ဗျ။ Mexican Red knee tarantula တွေကိုတော့ Mexico 🇲🇽 နိုင်ငံရှိ အပူပိုင်းရွက်ကြွေတောများ၊ ခြောက်သွေ့သစ်တောများနဲ့ သဲကန္တာရများတွင် အများဆုံးတွေ့ရှိရပါတယ်။ Scientific name ကတော့ Brachypelma hamorii ဖြစ်ပြီး Theraphosidae Family မှဆင်းသက်လာပါတယ်။ Common name ကတော့ Mexican Red Knee Tarantula ဖြစ်ပါတယ်။ Red knee တွေဟာ new world tarantula ဖြစ်ပြီး Terrestrial type (ကုန်းတွင်းနေမျိုးစိတ်) ဖြစ်ပါတယ်။ အကြီးဆုံးအရွယ်အစား 5-6လက်မအထိ ကြီးထွားနိုင်ပြီး ကြီးထွားမှုနှုန်း နှေးတဲ့အမျိုးအစားဖြစ်ပါတယ်။ Red kneeတွေဟာ တခြား tarantula တွေလိုပဲ female တွေဟာ 25-30နှစ်အထိနေနိုင်ပြီး maleတွေကတော့ 4-5နှစ်အထိသာနေနိုင်ပါတယ်။ Red knee tarantula တွေကိုမွေးတော့မယ်ဆိုရင်တော့ ကန်ကိုအမြင့်ထက်အကျယ်ကိုပိုပြီးဦးစားပေးသင့်ပါတယ်။ Tarantula အရွယ်နဲ့လိုက်မဲ့ကန်ကိုရွေးချယ်ပေးရပါမယ်။ Terrestrial type ဖြစ်တဲ့အတွက် အခင်းအထူကိုတော့ 2လက်မလောက်သာခင်းပေးပြီး ကန်အတွင်း ပုန်းစရာဂူတစ်ခုရယ် ရေခွက်ရယ်ထည့်ပြီး အပင်အတုများထည့်ကာ ကန်ကိုအလှဆင်ပေးလို့လည်းရပါတယ်။ Red knee တွေဟာ ခြောက်သွေ့တာကိုကြိုက်တဲ့အတွက် Humidity (စိုထိုင်းစ) ကိုတော့ 50-60လောက်ထားပေးသင့်ပြီး temperature ကိုတော့ normal room temperature နဲ့မွေးမြူလို့ရပါတယ်။ အစာကတော့ ငယ်ရွယ်စဉ်မှာ ပုရစ်၊ဝါးပိုးတို့ကို တစ်ပတ်လျှင်နှစ်ကြိမ်ကျွေးနိုင်ပြီး အရွယ်ရောက်လာချိန်မှာတော့ တစ်ပတ်တစ်ကြိမ်လောက်ပဲ ကျွေးရင် ပိုအဆင်ပြေပါတယ်။ Red knee tarantula တွေဟာ ရန်လိုတဲ့မျိုးစိတ်မဟုတ်တဲ့အတွက် အခုမှစမွေးမဲ့ beginner တွေအတွက်သင့်တော်ပါတယ်။ New world tarantula ဖြစ်တဲ့အတွက် venom level နိမ့်ကာ ကိုက်လေ့ကိုက်ထလည်း သိပ်မရှိကြပါဘူး။ သူတို့လန့်တဲ့အခါမျိုးမှသာ အမွှေးခါလေ့ရှိကြပါတယ်။ အမွှေးခါခံရရင်တော့ ယားယံလေ့ရှိပြီး ဓာတ်မတည့်လျှင်တော့ allergic ဖြစ်နိုင်ပါတယ်။ Red knee tarantula တွေဟာ ထိန်းသိမ်းရလွယ်ပြီး မွေးရလွယ်တဲ့ မျိုးစိတ်တစ်မျိုးဖြစ်တဲ့အတွက် အခုမှစမွေးမဲ့ beginner တွေအတွက်လည်း recommend ပေးပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်။

❗️ပုံနဲ့ စာအား ကူးယူခွင့်မပေးပါ။❗️



🥹
02/01/2024

🥹

Difference between Tarantula & Spider    ဒီနေ့တော့ မင်မင်က အများစုလာမေးနေကြတဲ့  tarantula နဲ့ spider ကြားက ကွာခြားချက်လေ...
01/01/2024

Difference between Tarantula & Spider
ဒီနေ့တော့ မင်မင်က အများစုလာမေးနေကြတဲ့ tarantula နဲ့ spider ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးပါမယ်ဗျ။ Tarantula ဆိုတာကတော့ တော့ ကျွန်တော်တို့ မြန်မာလို တောကြီးပင့်ကူလို့ခေါ်ကြတယ်။ Spider ဆိုတာကတော့ ပင့်ကူပေါ့ဗျာ။ Tarantula ထဲမှာ ကျွန်တော်ပြောပြထားတဲ့ မျိုးစိတ်တွေအများကြီးရှိသလို spider ထဲမှာလည်း မျိုးကွဲမျိုးစိတ်တွေအများကြီးရှိပါတယ်။(Spider မျိုးစိတ်တွေအကြောင်းကိုတော့ post သတ်သတ်တင်ပေးပါ့မယ်ဗျ) တချို့ beginner တွေက spider မျိုးစိတ်ထဲက wolf spider နဲ့ tarantula ကို အတူတူပဲလို့ထင်ကြတယ်။ တကယ်တမ်းတော့ မတူပါဘူး။Tarantula ကသတ်သတ် spider ကသတ်သတ်ပါ။ Tarantula နဲ့ spider ဘယ်လိုခွဲလဲဆိုတော့ ခွဲရလွယ်ပါတယ်။ Tarantula တွေက အမွှေးအမျှင်တွေများပြီး ခြေဆစ်လက်ဆစ်တွေက ကြီးသလို Tarantula တွေရဲ့ ခန္တာကိုယ်ကလည်း spider တွေထက်ကြီးပါတယ်။ Spider အများစုကတော့ ခြေဆစ်လက်ဆစ်တွေသေးပြီး အကောင်လည်းသေးပါတယ်။ Tarantula တွေက သက်တမ်းက ရှည်ပြီး spider အများစုကတော့ 2နှစ်3နှစ်အထိသာရှင်သန်နိုင်ပါတယ် စသည်တို့ကိုကြည့်ပြီး tarantula နဲ့ spider ခွဲခြားလို့ရပါတယ်ဗျ။ ဒီ post တင်ရခြင်းကတော့ တချို့ beginner တွေ sling size အရွယ်မှာ tarantula နဲ့ spider မှားဝယ်မိမှာစိုးလို့ တင်ပေးရခြင်းဖြစ်ပါတယ်ဗျ။ Tarantula တွေကိုဝယ်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူ တွေဆီကသာ သေချာစိစစ်ပြီး ဝယ်ကြပါခင်ဗျ။ အဆုံးထိ ဖတ်ပေးတဲ့အတွက် FNT မှ ကျေးဇူးတင်ပါတယ်ဗျ။
❗️စာအား ကူးယူခွင့်မပေးပါ။❗️

31/12/2023

Everyone Happy New year 2024🥳
အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
လုပ်သမျှအလုပ် အားလုံးအဆင်ပြေပါစေလို့ မင်မင် ဆုတောင်းပေးပါတယ်နော်။ မင်မင်လည်း ဒီနှစ်သစ် 2024 ကစပြီး အရင်ကလို knowledge sharing post တွေတင် မဟုတ်ဘဲ မကြာခင်အချိန်အတွင်း tarantula တွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာအစုံကို video နဲ့တင်ပေးပါမယ်နော်။ မကြာမီအချိန်များအတွင်းလည်း Mandalay မှာ tarantula mini showroom လေး ဖွင့်ဖို့ပြင်ဆင်နေပါတယ်။ အားလုံးပြင်ဆင်ပြီးရင် မင်မင် အားလုံးကို ဖိတ်ခေါ်ပါမယ်နော်။ Tarantula တွေရောင်းဖို့တော့မဟုတ်ပေမဲ့ လေ့လာပြီး လာကြည့်ချင်တဲ့သူတွေ အတွက်ပါဗျ။ အမြဲအားပေးနေတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော် 🩶။


30/12/2023

Messenger group ရှိလား လာမေးကြတဲ့သူတွေအတွက် Fear not tarantula messenger group ရှိပါတယ်နော် tarantula နဲ့ပတ်သတ်ပြီး သိချင်တဲ့သူများ join လို့ရပါတယ်ခင်ဗျ။ Link ကို comment မှာ ချပေးထားပါတယ်ဗျ ။

မနက်ဖြန်ကျရင် မင်မင် ဒီ Feather Leg Baboon tarantula လေးအကြောင်း ပြောပြမယ်နော်…
29/12/2023

မနက်ဖြန်ကျရင် မင်မင် ဒီ Feather Leg Baboon tarantula လေးအကြောင်း ပြောပြမယ်နော်…

27/12/2023

Hello Everyone ❗️
Winter လည်းရောက်ပြီဆိုတော့ Tarantula မွေးတဲ့သူတွေရော တခြား pet တွေမွေးထားတဲ့သူတွေရော သေချာဂရုစိုက်ကြပါဗျို့…

Costa Rican Zebra Tarantula 🦓 🕸️   ဒီနေ့ကတော့ Costa Rican Zebra tarantula or Striped-knee tarantula အကြောင်းလေးပြောပါမယ်...
27/12/2023

Costa Rican Zebra Tarantula 🦓 🕸️
ဒီနေ့ကတော့ Costa Rican Zebra tarantula or Striped-knee tarantula အကြောင်းလေးပြောပါမယ်ဗျ။ Costa Rican Zebra tarantula လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဒီ tarantula မျိုးစိတ်ကို Western Costa Rica 🇨🇷 မှာအဓိကတွေ့ရသောကြောင့် Costa Rican Zebra tarantula(CRZT) လို့ခေါ်ရခြင်းဖြစ်ပါတယ်။ Costa Rican အပြင်နောက်ထပ် Central America 🇺🇸 အတွင်းရှိ Honduras, 🇭🇳 Nicaragua 🇳🇮 နဲ့ Guatemala 🇬🇹 နိုင်ငံများတွင်လည်း တွေ့ရှိရပါတယ်။ CRZT တွေဟာ new world tarantula species ဖြစ်ပြီး လူကြိုက်များတဲ့ tarantula တစ်ကောင်လည်းဖြစ်ပါတယ်။ အဓိက လူကြိုက်များရတဲ့ အချက်ကတော့ Zebra tarantula ဆိုတဲ့အတိုင်း ခြေဆစ်လက်ဆစ်တွေမှာ အဖြူအမဲပေါင်းစပ်ထားတဲ့ လိုင်းစင်းအကြီးကြီးတွေကြောင့်ဖြစ်ပါတယ်။ Scientific name ကတော့ Aphonopelma
seemanni ဖြစ်ပါတယ်။ Terrestrial type(ကုန်းတွင်းနေမျိုးစိတ်)ဖြစ်ပြီး avid burrowers (မြေတူးရတာဝါသနာပါတဲ့မျိုးစိတ်) လည်းဖြစ်ပါတယ်။ CRZT တွေကိုမွေးမြူမယ်ဆိုရင်တော့ ကန်အပြင်အဆင်ကို အမြင့်ရောအကျယ်ရော တန်းတူမျှတတဲ့ ကန်နဲ့ မွေးမြူသင့်ပါတယ်။ အခင်းအထူကိုတော့ 3.5”-4” ခင်းပေးရင်အဆင်ပြေပါတယ်။ ကုန်းတွင်းလည်းနေသလို မြေလည်းတူးတတ်တဲ့အတွက်ကြောင့်ပါ။ အစိုဓာတ်ကြိုက်တဲ့အတွက် Humidity ကိုတော့ 70-85%လောက်ထားပေးရပြီး normal room temperature နဲ့ မွေးမြူလို့ရပါတယ်။ CRZT တွေဟာ giant မျိုးနွယ်ထဲ မပါဝင်တဲ့အတွက်ကြောင့် 5.5” လောက်အထိသာ ကြီးထွားနိုင်ပြီး ကြီးထွားမှုနှုန်းကတော့ ပုံမှန်ပဲဖြစ်ပါတယ်။ Lifespan အနေနဲ့ female တွေဟာ 20 years အထိနေနိုင်ပြီး male တွေကတော့ 7 years အထိနေနိုင်ကြပါတယ်။ CRZT တွေဟာ new world species tarantula ဆိုပေမဲ့ beginner တွေ handling လုပ်ဖို့တော့အားမပေးပါဘူး။ New world species tarantula ဖြစ်တဲ့အတွက်ကြောင့် venom သိပ်မပြင်းပေမဲ့ defensive t-species ထဲမှာပါတာကြောင့် တခြား new world tarantula တွေထက် အမွှေးခါပြီး ထွက်ပြေးတတ်တာကြောင့် beginner တွေ handling လုပ်ဖို့ recommend မပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ handling ခနခန မလုပ်ဖူးဆိုရင်တော့ မွေးလို့တော်တော်ကောင်းတဲ့ tarantula တစ်ကောင်ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် FNT မှ ကျေးဇူးတင်ပါတယ်ဗျ။
❗️စာအား ကူးယူခွင့် မပေးပါ။❗️


🎅Christmas giveaway မှာ မဲပေါက်တဲ့ 3 ယောက်ပါခင်ဗျ။ 🎁🎄မဲပေါက်တဲ့သူတွေ Cb ကိုလာပေးပါခင်ဗျ။1. Khant Thu Zaw2.Htoo Nyi Win3....
25/12/2023

🎅Christmas giveaway မှာ မဲပေါက်တဲ့ 3 ယောက်ပါခင်ဗျ။ 🎁🎄မဲပေါက်တဲ့သူတွေ Cb ကိုလာပေးပါခင်ဗျ။
1. Khant Thu Zaw
2.Htoo Nyi Win
3.Oak Kar

အခု giveaway မှာ မပေါက်တဲ့သူတွေလည်း စိတ်မညစ်ပါနဲ့နော်🥹
New year ကျရင် giveaway ထပ်ပေးပါဦးမယ်နော် 😚


❄️ Merry Christmas 🎄Giveaway 🎁    Fear not tarantulas ကနေ Merry Christmas မှာလူ 3 ယောက်ကို giveaway လေးဖောက်ပေးမယ်နော်။🎄...
24/12/2023

❄️ Merry Christmas 🎄Giveaway 🎁
Fear not tarantulas ကနေ Merry Christmas မှာလူ 3 ယောက်ကို giveaway လေးဖောက်ပေးမယ်နော်။

🎄 1. Acrylic Tarantulas enclosure & setup

🎄 2. Fear Not Tarantulas T-shirt

🎄 3. Plastic enclosure & coconut substrate
3မျိုးမဲဖောက်ပေးပါမယ်နော်။

လူတိုင်းပါဝင်လို့ရပြီး
Rules လေးတွေတော့ သတ်မှတ်ထားပါတယ်ဗျ။

1. Page ကို Like &Followထားပေးရပါမယ်။
2. ဒီPost ကို react လေးတစ်ခုပေးပြီး Public နဲ့ Share ပြီးရင် ss လေးကို cmt မှာမန့်ပေးရပါမယ်နော်။

Comment picker နဲ့ ဖောက်ပေးပါမယ်နော်။
Good luck for everyone 🍀 🎁


24/12/2023

🚨🚨🚨အခုနောက်ပိုင်း Tarantula ရောင်းတဲ့ group တွေထဲမှာ scammer တွေများလာပါတယ်။ ဝယ်တဲ့သူတွေ Profile အမှန် official account မဟုတ်ရင် သတိထားပြီးဝယ်ကြပါဗျ။ လိမ်တဲ့သူတွေ အရမ်းများနေလို့ပါ။ကျွန်တော့ဆီတော့ tarantula တွေရောင်းဖို့မရှိသေးပါဘူးခင်ဗျ။ ကျွန်တော် collection အနေနဲ့စုထားတဲ့ tarantulas တွေပဲ ရှိကျန်တာပါဗျ။ ကျွန်တော်ရောင်းမဲ့ အကောင်ရှိရင်လည်း post တင်ပေးပါမယ်ဗျ။ အားလုံးပဲ သတိထားကြပါခင်ဗျ။

Socotra Island Blue Baboon Tarantula ( M.balfouri )   ဒီနေ့ကတော့ Socotra Island Blue Baboon Tarantula လို့ခေါ်တဲ့ Old wo...
23/12/2023

Socotra Island Blue Baboon Tarantula
( M.balfouri )
ဒီနေ့ကတော့ Socotra Island Blue Baboon Tarantula လို့ခေါ်တဲ့ Old world species tarantula လေးအကြောင်းပြောပြပေးပါမယ်ခင်ဗျ။ အရင်ဆုံး SIBB လို့ခေါ်ရတဲ့အကြောင်းအရင်းကတော့ Africa ကမ်းရိုးတမ်းအလွန်မှာရှိတဲ့ Socotra Island မှာတွေ့ရှိခဲ့ရတဲ့အတွက် ကျွန်းနာမည်ကို အစွဲပြုပြီး SIBB လို့ခေါ်ရခြင်းဖြစ်ပါတယ်။ Scientific name ကတော့ Monocentropus balfouri ဖြစ်ပြီး Theraphosidae family ကပဲဖြစ်ပါတယ်။ SIBB တွေရဲ့ ထူးခြားချက်ကတော့ တခြား tarantula တွေလို တစ်ကောင်တည်းမွေးစရာ မလိုဘဲ မျိုးတူ တွေအုပ်စုလိုက် ရောမွေးလို့ရတဲ့ tarantula ဖြစ်ပြီး အမကလည်း အထီးကိုမိတ်လိုက်ပြီးရင် ပြန်စားလေ့မရှိတဲ့ မျိုးစိတ် တစ်ခုဖြစ်ပါတယ်။ Color rays ကတော့ ခြေလက်တွေဟာ အပြာရောင်ရှိပြီး ခန္တာကိုယ်ကတော့ Sandy color ရှိပါတယ်။ Terrestrial type(ကုန်းတွင်းနေအမျိုးအစား)ဖြစ်သလို တစ်ခါတစ်လေ တွင်းတူးပြီးလည်းနေလေ့ရှိပါတယ်။ Size အနေနဲ့ကတော့ 6” (14cm) အထိကြီးထွားနိုင်ပါတယ်။ Lifespan အနေနဲ့ကတော့ female တွေဟာ 10-14 years အထိနေနိုင်ပြီး male တွေကတော့ 3-4 years အထိသာနေနိုင်ပါတယ်။ SIBB တွေဟာ အပူပိုင်းနေ tarantula တွေဖြစ်တဲ့အတွက် မွေးမြူမယ်ဆိုပါက စိုထိုင်းစကို 60-70% လောက်အထိသာထားရှိသင့်ပါတယ်။ SIBB tarantula တွေဟာ old world species ဖြစ်တဲ့အပြင် aggressive ဖြစ်ပြီး ရန်အလိုတတ်ဆုံး tarantula ဖြစ်တဲ့အတွက် handling လုပ်ဖို့တော့မသင့်တော်ပါဘူး။ ရောထားလို့ရတဲ့ မျိုးစိတ်ဖြစ်တဲ့အတွက် ကန်ကို သေချာဆင်ပြီး မွေးရင်တော့ တခြား tarantula တွေ မွေးရတာထက် တော်တော်ကို မိုက်တဲ့ feeling ရရှိမှာပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်ခင်ဗျ ။
❗️စာအား ကူးယူခွင့်မပေးပါ။❗️


မနက်ဖြန် တခြား tarantula တွေထက် နည်းနည်းထူးခြားတဲ့ ဒီကောင်လေးအကြောင်းပြောပြမယ်နော်😚
22/12/2023

မနက်ဖြန် တခြား tarantula တွေထက် နည်းနည်းထူးခြားတဲ့ ဒီကောင်လေးအကြောင်းပြောပြမယ်နော်😚

December 25, Monday ကျရင် Christmas 🎄 Giveaway 🎁လေးရှိတယ်နော်… မင်မင် 25ရက်နေ့တင်တဲ့ post မှာ page ကို like & follow လုပ...
21/12/2023

December 25, Monday ကျရင် Christmas 🎄 Giveaway 🎁လေးရှိတယ်နော်… မင်မင် 25ရက်နေ့တင်တဲ့ post မှာ page ကို like & follow လုပ်ထားတဲ့သူတွေကို Cmt picker နဲ့မဲဖောက်ပေးပါမယ်နော်… အဲ့တာလေး လာပြောတာပါခင်ဗျာ။😚


Brazilian Blue Tarantula ( P.sazimai )   ဒီနေ့ကတော့ Cobalt Blue Tarantula နဲ့အရောင်ဆင်သလိုရှိတဲ့ New world beginner type...
20/12/2023

Brazilian Blue Tarantula ( P.sazimai )
ဒီနေ့ကတော့ Cobalt Blue Tarantula နဲ့အရောင်ဆင်သလိုရှိတဲ့ New world beginner type tarantula တစ်ကောင်အကြောင်း ပြောပြပါမယ်ခင်ဗျ။ အဲ့ကောင်လေးကတော့ Brazilian blue tarantula လေးပဲဖြစ်ပါတယ်။ Brazilian blue tarantula တွေကိုတော့ Brazil 🇧🇷 နိုင်ငံရဲ့ Bahia နဲ့ Minas Gerais ဒေသတွေမှာ အများဆုံးတွေ့ရပါတယ်။ Scientific name ကတော့ Pterinopelma sazimai ဖြစ်ပြီး Theraphosidae family ကပဲဆင်းသက်လာတာဖြစ်ပါတယ်။ Terrestrial type(ကုန်းတွင်းနေအမျိုးအစား) ဖြစ်ပြီး တခြား terrestrial type တွေမွေးသလိုပဲ လွယ်လွယ်ကူကူမွေးမြူလို့ရပါတယ်။ စိတ်နေစိတ်ထားကလည်း နူးညံ့သိမ်မွေ့ပြီး တော်ရုံ aggressive မဖြစ်ပဲ beginner တွေအတွက်မွေးလို့ အဆင်ပြေတဲ့အကောင်လည်းဖြစ်ပါတယ်။ Brazilian blue tarantula တွေဟာ new world species ဖြစ်ပြီး အဆိပ်လည်း မပြင်းသလို ကိုက်လေ့ကိုက်ထလည်းသိပ်မရှိပါဘူး၊ လန့်တဲ့အခါ အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အခါမျိုးမှသာ အမွှေးခါလေ့ရှိပါတယ်။ ( New world tarantula အများစုက handleလုပ်ဖို့လွယ်ပြီး ကိုက်လေ့ကိုက်ထမရှိတဲ့အတွက် အများစုက handling လုပ်ပြီးလက်ပေါ်တင်တာ ကိစ္စမရှိပေမဲ့ မျက်နှာပေါ်တော့ မတင်သင့်ပါဘူး။ အခန့်မသင့်ဘဲ မျက်နှာပေါ်တင်နေတဲ့အချိန် အမွှေးခါပြီး မျက်စိထဲဝင်ရင် မျက်လုံး ကန်းသွားနိုင်လို့ပါ။ )
Brazilian blue tarantula တွေရဲ့သက်တမ်းကတော့ အမတွေဟာ 12နှစ်ဝန်းကျင်လောက်နေနိုင်ပြီး အထီးတွေကတော့ 2နှစ်ဝန်းကျင်လောက်သာနေနိုင်ပါတယ်။ Growth rate ကတော့ ငယ်သေးတဲ့အချိန်မှာ မြန်ပေမဲ့ adult stage ရောက်တဲ့အခါမှာတော့ နှေးလာပါတယ်။ Humidity (စိုထိုင်းစ)ကတော့ 60-70%လောက်ထားပေးသင့်ပြီး normal room temperature နဲ့မွေးမြူလို့ အဆင်ပြေပါတယ်။ Brazilian blue tarantula တွေဟာ beginner typeထဲပါဝင်ပြီး အရောင်လည်းတော်တော်လှကာ မွေးရလွယ်တဲ့ tarantula တစ်ကောင်ဖြစ်တာကြောင့်မို့လို့ beginner တွေအတွက် recommend ပေးပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်ခင်ဗျ ။
❗️စာအား ကူးယူခွင့်မပေးပါ။❗️


19/12/2023

ဒီကောင်လေးအကြောင်း မနက်ဖြန်တင်ပေးမယ်နော်

Address

60 C/117 A
Mandalay
05061

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Alerts

Be the first to know and let us send you an email when Fear Not Tarantulas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fear Not Tarantulas:

Videos

Share

Category


Other Pet Stores in Mandalay

Show All