REVO Veterinary Clinic

REVO Veterinary Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from REVO Veterinary Clinic, Veterinarian, လင်းရောင်ခြည်လမ်း, Myitkyina.
(1)

နာမည်လေး စနိုးလို့ခေါ်ပါတယ်ဒီနေ့ညနေ ရန်ကြီးအောင်ရပ်ကွက်မှာ ပျောက်သွားလို့ပါသံကြိုးလေးတန်းလန်းနှင့်ပါတွေ့ရှိပါက ဆက်သွယ်ပေ...
09/11/2023

နာမည်လေး စနိုးလို့ခေါ်ပါတယ်

ဒီနေ့ညနေ ရန်ကြီးအောင်ရပ်ကွက်မှာ ပျောက်သွားလို့ပါ

သံကြိုးလေးတန်းလန်းနှင့်ပါ

တွေ့ရှိပါက ဆက်သွယ်ပေးပါအံုးဗျ

☎️09425154518

ပြန်ရသွားပါပြီဗျ

ကလေးလေး မျက်စိလည်လမ်းမှားပြီး ယုဇန ရပ်ကွက်ကK6 စားသောက်ဆိုင်ရှေ့ရောက်နေပါတယ်တခြားခွေးတွေကလည်း ကိုက်နေလို့ပါပျောက်နေတဲ့ပို...
04/11/2023

ကလေးလေး မျက်စိလည်လမ်းမှားပြီး ယုဇန ရပ်ကွက်က
K6 စားသောက်ဆိုင်ရှေ့ရောက်နေပါတယ်
တခြားခွေးတွေကလည်း ကိုက်နေလို့ပါ
ပျောက်နေတဲ့ပိုင်ရှင်များရှိရင် ဆက်သွယ်ပေးပါရှင်

☎09963073698

နာမည္ေလးက Hugo🐶Hugo ေ လးကေ တာ့ entropionဖြစ်နေတာ ၁နှစ်ဝန်းကျင် ကြာေ နပါပီ ခွဲစိတ်ပီး ၁ပတ်အတွင်း မျက်လုံးအခြေေ နေ လးပါ😊En...
26/09/2023

နာမည်လေးက Hugo🐶
Hugoေ လးကေ တာ့ entropionဖြစ်နေတာ ၁နှစ်ဝန်းကျင် ကြာေ နပါပီ
ခွဲစိတ်ပီး ၁ပတ်အတွင်း မျက်လုံးအခြေေ နေ လးပါ😊
Entropion in dog

အရိုးရှင်းဆုံးပြောရရင်တော့ မျက်ခွံအတွင်းဘက်ကို လိပ်ဝင်သွားတာပါ
-မျက်ရည် အမြဲကျခြင်း
-မျက်ဝတ် ထွက်ခြင်း
-ပုံမှန်ထက် မျက်လုံးအရမ်းကျဉ်းလာခြင်း
-လက်နဲ့မျက်လုံးကို ခဏခဏပွတ်ခြင်း
ဒီလိုေ တြွဖစ်နေပီဆို ကျွမ်းကျင်တဲ့ဆရာဝန်တွေဆီမှာ တိုင်ပင်ဆွေးေ နွးသင့်ပါတယ်ခင်ဗျာ
မျက်ရည်ကျလို့ မျက်ဝတ်ထွက်လို့ဆိုပီး မျက်စဉ်းခတ်ပေးေ နလို့ မရပါဘူး

ဖြစ်ရတဲ့​အကြောင်းရင်း-

👉မျိုးရိုး(eg.pug,boxer,bulldog)
👉ပိုးဝင်ခြင်း
👉အရမ်းပိန်ပီး အေ ရပြားတွန့်ေ ခါက်လာခြင်း
👉အာရုံကြောထိခိုက်မိခြင်း
👉မျက်ခွံဝန်းကျင် ရှိ အမာရွတ်များကြောင့်လဲ ဖြစ်တတ်ပါတယ်

-ပုံမှန်အားဖြင့် အသက် ၁နှစ် ၂နှစ် ဝန်းကျင် မှာ စဖြစ်တတ်ကြပါတယ်
-entropion ကြောင့် မျက်လုံးမကွယ်နိုင်ပါဘူး သို့ေ သ်ာမျက်လုံးကို လက်နဲ့ခဏခဏ ပွတ်ရင်း မျက်ကြည်လွှာကို ထိခိုက်မိရင်တော့ မျက်လုံးကွယ်တဲ့ထိ ဖြစ်နိုင်လို့ မေ ပါ့ဆသင့်ပါဘူး
-entropion ဖြစ်ရင် ခွဲစိတ်ခြင်းက သင့်ေ တာ်
မှန်ကန်တဲ့ ကုသခြင်းဖြစ်ပါတယ်



သန္ဓေတားဆေးတွေ ထပ်ခါထပ်ခါထိုးပြီး ဘာလုပ်မှာလဲဗျာအရင်က—ဘယ်လောက်ပမာဏထိထိုးထားဖူးမှန်းမသိမထိုးခင်ချိတ်မိထားသလားလဲမသိထိုးပြီ...
01/08/2023

သန္ဓေတားဆေးတွေ ထပ်ခါထပ်ခါထိုးပြီး ဘာလုပ်မှာလဲဗျာ
အရင်က—
ဘယ်လောက်ပမာဏထိထိုးထားဖူးမှန်းမသိ
မထိုးခင်ချိတ်မိထားသလားလဲမသိ
ထိုးပြီးပြီးချင်း ချိတ်မိနိုင်သလားလဲမသိ
ဘယ်ချိန်မျိုးဥကြွေပြီး ဘယ်အချိန်နောက်ဆုံးထိုးရမလဲလဲမသိ
မသိခြင်းတွေများနေနိုင်တာကိုး
ခနခနလဲထိုးရသေးတယ် ဟော်မုန်းတွေလဲကမောက်ကမ ဖြစ်နိုင်သေးတာ

နောက်ဆုံးသားအိမ်ပြည်တည်နာဖြစ်လာခဲ့ရင်လဲ အန္တရာယ်ပိုရှိတဲ့ ခွဲစိတ်မှုကိုပဲ ရွေးခြယ်ရတော့တာ
Puppy 🐶 Kitty 🐱 လေးတွေကို ကလေးမမွေးစေချင်ရင် စနစ်တကျသားကြောဖြတ်တဲ့လုပ်ငန်းစဉ်ကိုပဲ ပိုရွေးချယ်သင့်ပါတယ်

ဒီတပတ်အတွင်းထုတ်ရတဲ့သားအိမ်တွေက ပုံမှန်ပြည်တည်နာတွေထက်လဲပိုဆိုးလာတာလဲပါပါတယ်

ကလေးလေးက အသက်၁၀နှစ်ကျော် ရှိနေပါပီပိုင်ရှင်ကို မခွဲဖို့တော့ အကြံပေးခဲ့သေးတယ်ပိုင်ရှင်ကလဲ ဒီတိုင်းကြည့်နေရတာအရမ်းသနားလို့...
26/07/2023

ကလေးလေးက အသက်၁၀နှစ်ကျော် ရှိနေပါပီ
ပိုင်ရှင်ကို မခွဲဖို့တော့ အကြံပေးခဲ့သေးတယ်
ပိုင်ရှင်ကလဲ ဒီတိုင်းကြည့်နေရတာအရမ်းသနားလို့ ဘလိုပဲဖြစ်ဖြစ်ခွဲပေးပါဆိုပီး တောင်းဆိုတာနဲ့ ခွဲပေးဖြစ်ခဲ့ပါတယ်
risk ယူပီးခွဲရတယ်ဆိုပေမဲ့ အောင်မြင်တော့ ကိုယ်လဲပျော် ပိုင်ရှင်လဲပျော်လို့ 🤍🤍🥰

အကြောင်းအရာ- GSD Myanmar ချစ်သူများ Facebook group တွင် Post တင်ထားသော ဒေစီ(GSD canine) ၏ပိုင်ရှင် ကိုရဲမင်းသူ သိရှိစေရန...
15/07/2023

အကြောင်းအရာ- GSD Myanmar ချစ်သူများ Facebook group တွင် Post တင်ထားသော ဒေစီ(GSD canine) ၏ပိုင်ရှင် ကိုရဲမင်းသူ သိရှိစေရန် ။

ပထမအချက်အနေဖြင့် - ဒေစီ(GSD)သေဆုံးသည့်အတွက် Revo တိရစ္ဆာန်ဆေးကုခန်းမှ များစွာ စိတ်မကောင်းဖြစ်ရပါသည်။

ဒုတိယအချက်အနေဖြင့် -
9/7/2023 ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကိုရဲမင်းသူ၏ ဒေစီ(GSD)သည် Revo vet clinic သို့ ဆေးခန်းလာပြခဲ့ပါသည်။
-လာပြစဉ်တွင် “ဆေးခန်းသို့ရောက်ရောက်ခြင်း ၅ မိနစ်လောက်ထိ ဆေးပြမလို့လား ဘာပြချင်လို့လဲ လာမမေးပါ” ဟုရေးထားရာတွင် ယင်းအချိန်အတွင်း ဆေးခန်းတွင်ရှိသော ဆရာဝန်များ/ဆေးခန်းအကူများအပါအဝင် ဝန်ထမ်းများအားလုံး လူကြီးမင်းရှေ့တွင်ဆေးပြလျက်ရှိသော လူကြီးမင်း၏သမီးဒေစီကဲ့သလို့ပင် ၄င်းတို့၏ ပိုင်ရှင်အသီးသီးအတွက်အရေးကြီးသော အခြေအနေ စိုးရိမ်ရသောကလေးများအား ဆေးကုသလျက်ရှိသည်။နာရီနှင့်ချီစောင့်ရသော ပိုင်ရှင်များပင်ရှိသည်။ ဆေးခန်းဖက်မှ ဒေစီအားအမြန်ဆုံးဆေးကုသရန်ပြင်ဆင်ခဲ့သည်။

တတိယအချက်အနေဖြင့်

-ပထမအကြိမ်တိုင်းတာရာတွင်ကိုယ်အပူချိန်သည် ၁၀၆.၆ ဖြစ်သည် ။ ကိုရဲမင်းသူရေးထားသကဲ့သို့ ၁၀၅ မဟုတ်ပါ ။
ထို့ကြောင့် အရေးတကြီးဆေးချိတ်ရန်လိုအပ်ကြောင်း ပိုင်ရှင်ကိုအသိပေးကာ cannula ပိုက်ဖောက်ရန်စပြင်ခဲ့သည်။
Cannula ဖောက်သောအချိန်တွင် ကလေးမှ ကြောက်လန့်တကြားရုန်းကန်နေသည့်အတွက် နှလုံးခုန်မြန်ကာ ကိုယ်အပူချိန်ထပ်တက်မည်စိုးရိမ်သောကြောင့် cannula ဆက်မဖောက်ပဲ
Acepromazine 0.02mg/Kg (မှိန်းဆေး) စတင်ပေးခဲ့သည်။
-မှိန်းဆေးဖြစ်သည့်အတွက် အိပ်ချင်လာခြင်း/ခြေလက်ယိုင်လာခြင်း/မှိန်းလာခြင်းတို့ဖြစ်မည်။

ဆေးထိုးပြီးမှ ကလေးမှ မနေတတ်၍ဟုဆိုကာ ကိုရဲမင်းသူမှ ဒေစီ(GSD)အား ကားပေါ်သို့ပြန်ခေါ်တင်သွားခဲ့သည်။

ထို့နောက် မိနစ်ပိုင်းအကြာတွင် ကားပေါ်တွင် ဒေစီအန်နေသည်ဟုပြော၍ ဆေးခန်းထဲပြန်ခေါ်ခဲ့ပြီးစစ်ဆေးရာတွင် ကိုယ်အပူချိန်မှာ ၁၀၉ အထက်သို့ကျော်လွန်လျှက်ရှိပြီး အောက်စီဂျင် ၇၃ သာရှိတော့သည်။
ဆေးခန်းဖက်မှ အောက်ဆီဂျင် ချက်ချင်းပေး၍ အသက်ကယ်ဆေးထိုးခြင်း၊အပူချိန်အမြန်ကျစေရန် ရေခဲရေအသုံးပြုခြင်းများပြုလုပ်ခဲ့သည်။

ပြုလုပ်နေစဉ်အတွင်း အပူချိန် ၁၀၉ ဖြစ်သည့်အ တွက် ချက်ချင်းကိုယ်အပူချိန်ပြန်ကျရန်လိုကြောင်း
ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးနိုင်ကြောင်း ပိုင်ရှင်အားရှင်းပြခဲ့ပါသည်။ ထိုစဉ်ကိုယ်အပူချိန် ၁၁၀ အထက် သာမိုမီတာ မဖတ်တော့သည့်အထိ ဆက်လက်တက်လာပြီး စိတ်မကောင်းစွာဖြင့် ဒေစီ သေဆုံးခဲ့သည်။

သေဆုံးရသည့်အကြောင်းရင်းသည် ရောဂါကြောင့်မဟုတ်
ပတ်ဝန်းကျင်အပူချိန်အလွန်အမင်းပြောင်းလဲမှုကြောင့် accident ဖြစ်ကာ ခန္ဓာကိုယ်အပူချိန်ဆောင့်တက်၍ သေဆုံးရခြင်းဖြစ်ကြောင်း ပိုင်ရှင်အားရှင်းပြခဲ့သည်။

https://www.facebook.com/100064778343856/posts/649717270530879/?mibextid=cr9u03

ဆေးခန်းဖက်မှ ဆေးကုသမှုနှင့်သေဆုံးရသည့်အကြောင်းရင်းထုတ်ပေးရန်လိုအပ်ပါသလားဟု မေးခဲ့ပါသည်။

https://www.facebook.com/100014934646525/posts/1477049642802843/?mibextid=cr9u03

—- ဆေးခန်းဖက်မှ ဖြေရှင်းခြင်း —-

၁- မှိန်းဆေးထိုးနှံခြင်းအပြင် မည်သည့်ဆေးကုသမှုမှ ပေးထားရခြင်းမရှိသေးပါ
၂- ကားပေါ်တွင်တင်ထားလိုက်ခြင်းက အသက်ရှူမဝဖြစ်ကာ အောက်ဆီဂျင်ပမာဏ ကျစေခဲ့ပြီး ခန္ဓာကိုယ်အပူချိန်အလွန်တက်စေခဲ့သည်။
၃- “ပြနေကျဆေးခန်းမပြပဲ လျှာရှည်ပြီး Revo ဆေးခန်းပြလိုက်တာပါ” ဟုရေးထားခြင်းသည် ဆေးခန်းမှ ကိုရဲမင်းသူ၏ကလေးအား ဆေးမှားထိုးခြင်း / ဆေးလွဲထိုးခြင်း / ဆေးပိုထိုးခြင်း တို့ကြောင့် ဆေးကုသမှုကြောင့် သေရသည်ဟု စွပ်စွဲရာရောက်နေသည် ။
ဆေးမှတ်တမ်းလာရောက်ထုတ်ယူကာနှစ်သက်ရာ ကျွမ်းကျင်သော တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်၍ ဆေးခန်း၏ အမှားကြောင့်ဆိုလျှင် တရားစွဲဆိုနိုင်ပါသည် .

၄- ဒေစီ၏ သေဆုံးမှုအတွက် ပိုင်ရှင်၏ဆုံးရှုံးမှု အပေါ်တွင် နားလည်သော်လည်း GSD Myanmar ချစ်သူများ Facebook group တွင် ကိုရဲမင်းသူမှ Revo တိရစ္ဆာန်ဆေးကုခန်းအပေါ် အခြေအမြစ်မရှိပဲ အသရေပျက်စေသော အရေးအသားအပြောအဆိုများအတွက် အထူးသတိပေးအပ်ပါသည် ။

11/07/2023

12.7.2023နေ့တွင်
Khun Thiha မွေးနေ့အလှူအဖြစ်
REVO တိရိစ္ဆာန်ဆေးကုခန်းတွင်
ခွေးရူးပြန်ရောဂါကာကွယ်ဆေး
ကောင်ရေ ၁၀၀ စာ အခမဲ့ ထိုးနှံပေးပါမည်
လိုအပ်သည့်အချက်များ
-အသက်(၃)လအထက်ဖြစ်ရမည်
-ကျန်းမာရေးကောင်းမွန်ရမည်
-ထိုးနှံမည့် ခွေးလေးအမည် /ပိုင်ရှင်နာမည်များကို
09964602929
သို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ခင်ဗျာ

အပ်မျိုချ လိုက်တဲ့ ကလေးလေး ပိုင်ရှင်ကလဲ ချက်ချင်းသိကျွန်တော်တို့လဲ ချက်ချင်း ခွဲစိတ်ကုသနိုင်လိုက်တော့ ကလေးလေး အရမ်းအဆင်ပ...
05/07/2023

အပ်မျိုချ လိုက်တဲ့ ကလေးလေး

ပိုင်ရှင်ကလဲ ချက်ချင်းသိ
ကျွန်တော်တို့လဲ ချက်ချင်း ခွဲစိတ်ကုသနိုင်လိုက်တော့ ကလေးလေး အရမ်းအဆင်ပြေသွားတယ်ဗျာ

ချွန်ထက်တဲ့အရာတွေ မျိုချမိတာက တော်တော်
အန္တရာယ်များပါတယ် operation လုပ်နေတဲ့အချိန်မှာတောင် ရှာနေတဲ့အပ်က တခြား organ တွေကို သွားထိုးမိမှာ ပေါက်မှာ တော်တော်သတိထားရတာဖြစ်လို့ မပေါ့ဆစေချင်ပါဘူးနော်

လေဘောလုံးလေး တော်တော်သက်သာလာပီ🥰🥰🥰ခွေးကိုက်ခံရပီး လေပြွန်တွေလဲပေါက် အရေပြားထဲ လေတွေဝင်ပီး လေဘောလုံးဖြစ်တဲ့ကလေးလေး
21/06/2023

လေဘောလုံးလေး တော်တော်သက်သာလာပီ🥰🥰🥰
ခွေးကိုက်ခံရပီး လေပြွန်တွေလဲပေါက် အရေပြားထဲ လေတွေဝင်ပီး လေဘောလုံးဖြစ်တဲ့ကလေးလေး

ခွေးလေးတွေမှာ မြေကြီးတူးပီး ဆော့တတ်/စားတတ်တဲ့ အကျင့်လေးတစ်ခု ရှိပါတယ်နော်‼️‼️အမူအကျင့်လေးတွေဆိုပေမဲ့ တခါတရံမှာ အခုလို ca...
12/06/2023

ခွေးလေးတွေမှာ မြေကြီးတူးပီး ဆော့တတ်/စားတတ်တဲ့ အကျင့်လေးတစ်ခု ရှိပါတယ်နော်‼️‼️

အမူအကျင့်လေးတွေဆိုပေမဲ့ တခါတရံမှာ အခုလို caseမျိုးလေးတွေလဲ ဖြစ်လာ ကြုံလာနိုင်ပါတယ်

သူ့နာမည်လေးက - ပန်ဒါ🐶🐶
👉ဝမ်းချုပ်တယ် အစာလဲမစားဘူးဆိုပီး ရောက်လာတဲ့ကလေးလေး
👉ဓာတ်မှန်ရိုက်ကြည့်တော့ အူလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတာကို တွေ့ရပီး ခွဲစိတ်လိုက်တဲ့အခါ သဲ မြေကြီးတွေ တွေ့ရတော့တာပါပဲဗျာ
👉ခုတော့ ချုပ်းရိုးတွေလဲကျက် အစာတွေလဲစားပီးကျန်းမာတဲ့ပန်ဒါလေးဖြစ်နေပါပီ

👉တိချစ်သူ ဖီဖီ မီမီ တို့လဲ သတိပြုနိုင်ကြပါစေခင်ဗျာ🤍🤍🤍
Sand impaction‼️‼️

ဆရာရေ ကျွန်မတို့က ကလေးမမွေးစေချင်လို့ တားဆေးပဲထိုးလာတာ ၃နှစ်လောက်ရှိပီ‼️‼️👉တားဆေးတားဆေးကတော့ မထိုးဖြစ်လေ ကောင်းလေပါပဲဗျာ...
11/06/2023

ဆရာရေ ကျွန်မတို့က ကလေးမမွေးစေချင်လို့
တားဆေးပဲထိုးလာတာ ၃နှစ်လောက်ရှိပီ‼️‼️

👉တားဆေး

တားဆေးကတော့ မထိုးဖြစ်လေ ကောင်းလေပါပဲဗျာ

Doberman Ear cropping 🤍နာမည်လေးက Brown တဲ့ရိုးရှင်းတဲ့နာမည်လေးနဲ့🐶🐶ဆိတ်ပေါက်နဲ့တူနေလို့ မခံစားနိုင်တော့ဘူး ဆရာရေ ဆိုပီး ...
11/06/2023

Doberman Ear cropping 🤍

နာမည်လေးက Brown တဲ့
ရိုးရှင်းတဲ့နာမည်လေးနဲ့🐶🐶

ဆိတ်ပေါက်နဲ့တူနေလို့ မခံစားနိုင်တော့ဘူး ဆရာရေ ဆိုပီး နားလာသတာ ခုတော့ မောင်Brown တို့အရမ်းတွေချောလှနေပါပီ🥰🥰🥰



27.1.2023ရက်အတွက် spaလုပ်ချင်သော ကလေးများ booking ပြည့်သွားပါပြီရှင်28.1.2023 အတွက် ကြိုတင်bookingယူလို့ရပါပြီရှင်
26/01/2023

27.1.2023ရက်အတွက် spaလုပ်ချင်သော ကလေးများ booking ပြည့်သွားပါပြီရှင်

28.1.2023 အတွက် ကြိုတင်bookingယူလို့ရပါပြီရှင်

ညမိုးချုပ် အရေးပေါ်ဆိုပီး ဆေးခန်းကို ရောက်လာတာ တကယ်ကို အရေးပေါ်ပါပဲ🚨ဆီးမသွားနိုင်တာ ၃ရက်လောက်ရှိပီတဲ့ ဆီးပိုက်ထည့်ပေးပီး...
19/01/2023

ညမိုးချုပ် အရေးပေါ်ဆိုပီး ဆေးခန်းကို ရောက်လာတာ တကယ်ကို အရေးပေါ်ပါပဲ🚨
ဆီးမသွားနိုင်တာ ၃ရက်လောက်ရှိပီတဲ့
ဆီးပိုက်ထည့်ပေးပီး ထွက်လာတဲ့ဆီးအရောင်ကိုကြည့်ပီး ပိုင်ရှင် အန်တီဆို ငိုလိုက်တာ တအားပဲ
ကလေးကလဲ မျက်ခမ်းတွေလဲဖွေး ပျော့ဖတ်လို့ သွေးတွင်း Gulcoseကလဲ 575mg/dl⚠️⚠️
အန်တီဆိုဘုရားစာတွေရွတ်တာလဲ စုံလို့ပါဗျာ
ကျွန်တော်တို့လဲ စိတ်မကောင်းဘူး
ပြောနိုင်တဲ့ စကားကတော့

“ဟုတ်ကဲ့…အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားပေးပါ့မယ်ခင်ဗျ”

နေ့စဉ် မနက် ၉ ည ၇ အချိန်ပြည့်စောင့်ကြည့်ပီး
ဆေးကုသရင်း ၄ရက်ကျော်လာခဲ့ပီ

ခုတော့ ပီကားတို့ အစာတွေပါကောင်းကောင်းမွန်မွန်စားပီး ကျွန်တော်တို့ကို ရန်လုပ်နိုင်နေပါပီဗျာ🥰🥰
ပီတိလေးတွေဆိုတာ Revo ဆေးခန်းရဲ့အသက်ပါပဲ🫶🏻🫶🏻

ချစ်သူလေးများ အားလုံး         မဂ်လာပါရှင် 🫶🏻ယနေ့မှစ …👇    REVO တိရိစ္ဆာန်ဆေးကုခန်းတွင်Home vist(အိမ်တိုင်ရာရောက်ဆေးကုရေး...
19/01/2023

ချစ်သူလေးများ အားလုံး

မဂ်လာပါရှင် 🫶🏻
ယနေ့မှစ …👇
REVO တိရိစ္ဆာန်ဆေးကုခန်းတွင်

Home vist(အိမ်တိုင်ရာရောက်ဆေးကုရေးဝန်ဆောင်မူ ) လိုက်ပါ ဆောင်ရွက်ပေးနေပီ ဖြစ်ပါတယ်ရှင် 💁🏻‍♀️

Home call တွက်
ရရှိနိုင်သည့် ဝန်ဆောင်မူများ

-ကာကွယ်ဆေးထိုးနှံပေးခြင်း
-ကျန်းမာရေးစစ်ဆေးပေးခြင်း
-အရေပြားရောဂါများ စစ်ဆေးကုသပေးခြင်း
-ကျောက်ရောဂါ သွေးဝမ်းရောဂါ စစ်ဆေးပေးခြင်း
-နှလုံးသန် စစ်ဆေးပေးခြင်း

-(ခွေး/ကြောင် )ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးပေးခြင်း

-သားစပ်ခြင်းနှင့်သားဆက်ခြားဆိုင်ရာ ဝန်ဆောင်မူပေးခြင်း
-AI သားစပ်ခြင်း
အစရှိသည်များကို လိုက်လံကုသပေးမှာဖြစ်ပါတယ်

နေ့စဉ် Home call များကို မနက် ..11:30နာရီမှ ညနေ 3:00နာရီ အတွင်းသာ လိုက်ပါကုသပေးမှာ ဖြစ်တဲ့အတွက်
မနက်9:00နာရီမှ 11:00နာရီ အတွင်း

ကြိုတင်ပီး ဆက်သွယ် စာရင်းပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် …🙏


ဆက်သွယ်ရန်
☎️ 09964602929
-လင်းရောင်ခြည်လမ်း (စိမ်မြဧရာပန်း
ခြံအဆုံး )

-ရန်ကြီးအောင် ရပ်ကွက်

-မြစ်ကြီးနားမြို့

09/01/2023

မိမိတို့ရဲ့အာဝုလေးတွေတွက်ကံစမ်းမဲလေးဖောက်ပေးပါမယ်ရှင်🥰

Glaucoma ဖြစ်တဲ့ ကလေးလေးတွေနဲ့ဆေးပေးပီး တစ်ပတ်အတွင်း results လေးတွေကျေနပ်😊😊😊
05/01/2023

Glaucoma ဖြစ်တဲ့ ကလေးလေးတွေနဲ့
ဆေးပေးပီး တစ်ပတ်အတွင်း results လေးတွေ
ကျေနပ်😊😊😊

မြစ်ကြီးနားက တိချစ်သူတွေ အတွက် နှစ်သစ်ကူး promotion လေး လာပါပီနော်🎉🎉🎊🎊🎊ဇန်နဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့ထိ promotion လုပ်ပေးမ...
31/12/2022

မြစ်ကြီးနားက တိချစ်သူတွေ အတွက် နှစ်သစ်ကူး promotion လေး လာပါပီနော်🎉🎉🎊🎊🎊

ဇန်နဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့ထိ promotion လုပ်ပေးမှာဖြစ်ပီး

ယခုpost ကို like and share လုပ်ပေးတဲ့သူတွေအတွက် ကံစမ်းမဲ အစီစဉ်လေးလဲရှိပါသေးတယ်နော် 🥰🥰

ကံစမ်းပေးမဲ့ ပစ္စည်းလေးတွေက
-Royal Canin နှစ်သက်ရာ 1kg တစ်အိတ်
-Smart Heart နှစ်သက်ရာ 1kg တစ်အိတ်
-Calcium အားဆေး
-Bioline shampoo
- Pet shedding Brush
- mask
-လည်ဆွဲ ခြူ
-အစာခွက် အသေး
-ကြောင် creamy ချောင်းလေးတွေ
-အသားဘူးလေးတွေရော ပါတာမို့
မူရင်း postကို Like and share လေးလုပ်ပီး နှစ်ကူးလက်ဆောင်လက်ဆောင်လေးတွေရယူနိုင်ပါပီရှင်🥰🥰🥰🥰

ဆေးခန်းလာပြတဲ့ကလေးလေးကြည့်ပါအုံးဘယ်လိုတွေချစ်ဖို့ကောင်းနေသလည်းဆိုတာ💜💜💜ဓာတ်ပုံရိုက်မယ်လည်းဆိုရောပဲထုတ်တာတဲ့😁အူယားစရာလေး💜💜...
15/10/2022

ဆေးခန်းလာပြတဲ့ကလေးလေးကြည့်ပါအုံးဘယ်လိုတွေချစ်ဖို့ကောင်းနေသလည်းဆိုတာ💜💜💜
ဓာတ်ပုံရိုက်မယ်လည်းဆိုရောပဲထုတ်တာတဲ့😁
အူယားစရာလေး💜💜💜

BJ သွေးလှူထားတဲ့ ကလေးလေး နေပြန်ကောင်းသွားပါပီရှင်😍😍😍
06/07/2022

BJ သွေးလှူထားတဲ့ ကလေးလေး နေပြန်ကောင်းသွားပါပီရှင်😍😍😍

13/02/2022
မိမိတို့ရဲ့ကလေးလေးတွေ သားတင်ပီး ကိုယ်ဝန်ရှိ/မရှိ သိလိုပါသလား🤔သားတင်ပီး ကိုယ်ဝန်တု ဖြစ်နေမှာ စိုးရိမ်နေပါသလား😕REVO Clinic...
11/02/2022

မိမိတို့ရဲ့ကလေးလေးတွေ သားတင်ပီး ကိုယ်ဝန်ရှိ/မရှိ သိလိုပါသလား🤔
သားတင်ပီး ကိုယ်ဝန်တု ဖြစ်နေမှာ စိုးရိမ်နေပါသလား😕
REVO Clinic မှာ လာရောက် စစ်ဆေးလို့ရပါပီနော်🤗🤗


တချို့ချို့သောလူတွေက သိပ်ရက်စက်ကြတယ်ခုလို အကြောက်တရားကြီးတဲ့ ကလေးရဲ့မျက်နှာကိုမှ အုတ်နီခဲနဲ့ ပစ်ထုလိုက်တာ မျိုးပေါ့💔တွေ့...
22/01/2022

တချို့ချို့သောလူတွေက သိပ်ရက်စက်ကြတယ်
ခုလို အကြောက်တရားကြီးတဲ့ ကလေးရဲ့မျက်နှာကိုမှ အုတ်နီခဲနဲ့ ပစ်ထုလိုက်တာ မျိုးပေါ့💔
တွေ့တွေ့ချင်းတုန်းက အရမ်းစိတ်မကောင်းဖြစ်ရတယ်
ဒီနေ့တော့တော်တော်လေး စိတ်သက်သာရာရခဲ့ပါပြီ😊

ကလေးလေးတွေ ထိခိုက်ဒဏ်ရာ ဖြစ်ရင် မပေါ့ဆသင့်ပါဘူးနော်Be kind to your pets
21/01/2022

ကလေးလေးတွေ ထိခိုက်ဒဏ်ရာ ဖြစ်ရင် မပေါ့ဆသင့်ပါဘူးနော်

Be kind to your pets

14/01/2022

ကလေးတွေ နားကို အရမ်းကုတ်နေပီဆို 🦮
မပေါ့ဆသင့်ပါဘူးနော်
တချို့ နားထဲက ပိုးမွှားလေးတွေက 🦠🦠
သာမာန်မျက်စိနဲ့ ကြည့်ရုံနဲ့မမြင်နိုင်လို့ပါ

21/12/2021

👉သင့် ကလေးကို တကယ်ချစ်တယ်ဆိုရင် အောက်က အခြေခံ အချက်လေးတွေကို အရင်လုပ်ပေးကြပါနော်

👉ပထမ ၁ ချက် သံချဆေးကို ကလေး၂ပါတ်သားမှာ စတိုက်ပေးရပါတယ်
👉နောက်ထပ် ၂ပါတ်နေရင် ဒုတိယတစ်ကြိမ် သံထပ်ချပေးရပါတယ်
👉42/45ရက်နေရင် 5 in 1 or 6 in 1 ထိုးပေးရပါတယ် (ကောင်းတာက 28ရက်နဲ့ ထိုးလို့ရတဲ့ ဆေး ရနေပါပီနော်)
👉နောက်ထပ် 12/21ရက်နေရင် ဒုတိယ အကြိမ် Booster လိုက်ပေးရပါတယ်
👉နောက်ထပ်21ရက်နေရင် တတိယ အကြိမ် booster လိုက်ပေးရပါတယ်
👉Rabies ကိုတော့ အသက် ၃လ နေမှ ထိုးပေးရတယ်
👉ဒီစာကိုဖတ်ပီးတဲ့ အချိန် အပေါ်ကအချက်လေးတွေ မလုပ်ရသေးရင် နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာတို့နဲ့ တိုင်ပင်ပီး ကလေးတွေအတွက် လိုအပ်တာတွေ လုပ်ပေးကြပါ😊
တိချစ်သူများလည်း ကျန်းမာတဲ့ကလေးငယ်များပိုင်ဆိုင်ပီး အမြဲအတူ ပျော်ရွှင်ကြပါစေနော်🥰🥰🥰

23/11/2021
13/10/2021
ဆေးခန်းထဲထိခေါ်မရတဲ့ ကောင်ဇိုးလေး😁😁
03/09/2021

ဆေးခန်းထဲထိခေါ်မရတဲ့ ကောင်ဇိုးလေး😁😁

Address

လင်းရောင်ခြည်လမ်း
Myitkyina

Telephone

+959964602929

Website

Alerts

Be the first to know and let us send you an email when REVO Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Myitkyina pet stores & pet services

Show All