Aung Khaing Vet-Clinic & Pets Accessories Distribution

Aung Khaing Vet-Clinic & Pets Accessories Distribution We're servicing our best for your pets. Come and show your beloved pets to our Veterinarians
Doctor Mr.
(1)

Aung Khaing Soe(B.V.Sc) &
Assistant Veterinarian Nay Minn Thiha(D.V.M). Other Services Pets Associated Services, Variety of Pets Foods & Accessories Now we have successfully opened 3 clinics for your pets around MyitKyiNa city and later our servies will improve more and more. You can have pets care service, veterinary counselling service by professional doctors, pets grooming service, pets hair salon, pets selling service, pets cafe, etc.

Castration of Dog (ခွေးအထီးအား သင်းကွပ်ခြင်း)ပုံထဲကခွေးလေးကတော့ Dee De ဆိုတဲ့ Local Breed Dog လေးပါ။Dee De လေးဟာ ခွေးလေး...
02/12/2023

Castration of Dog
(ခွေးအထီးအား သင်းကွပ်ခြင်း)

ပုံထဲကခွေးလေးကတော့ Dee De ဆိုတဲ့
Local Breed Dog လေးပါ။

Dee De လေးဟာ ခွေးလေးတွေရဲ့ မိတ်လိုက်ရာသီမှာ ထုံးစံအတိုင်း လမ်းမပေါ်ထွက်/ ခွေး အမလိုက်ရှာ/ အိမ်ပြန်မလာ/ အစာမစား၊ မှိုင်တိုင်
စတဲ့ အထီးတို့သဘာဝအတိုင်း Hormonal Desire တွေကြောင့် ပုံမှန်နဲ့ မတူတဲ့ စိတ်ခံစားချက်တွေ လွှမ်းမိုးမှုကို ခံနေတဲ့ခွေးလေးပါ။

သူ့ပိုင်ရှင်တွေ အနေနဲ့ ကြတော့လည်း အိမ်ဝင်းကျယ်ကြီးကို လုံခြုံမှုရှိအောင် နဲ့ သံယောဇဉ်ရှိလို့ ကျွေးမွေးထားတော့ ခွေးလေး မိန်းမလိုက်ရှာရင်း ကားလမ်းပေါ်မှာ မတော်တဆဖြစ်မှာတွေ၊ တခြားခွေးတွေနဲ့ ရန်ဖြစ်ပြီး ဒဏ်ရာ/ မလိုလားအပ်တဲ့ ရောဂါ ပိုးမွှားတွေ ကူးမှာတွေ စိုးရိမ်ပြီး Dee De လေးကို အိမ်မှာပဲ ကျန်းမာအသက်ရှည် နေစေလိုတာကြောင့် သင်းကွပ်ပေးဖို့ အကြောင်းဖန်
လာခဲ့ပါတယ်။

ခွေးလေးအနေနဲ့ကလည်း အသက်အရွယ်အရ သင်းကွပ်ဖို့ အဆင်ပြေ/ ပြီးတော့ သူ့ဘဝအနေနဲ့ ကြည့်ရင်လည်း မိန်းမနဲ့ ကလေးလည်း ရပြီးသားဆိုတော့ နောက်ဆံမတင်းတော့ဘဲ
အမြန်ပဲ သင်းကွပ်ပေးဖြစ်ခဲ့ပါတယ်။

Operation Procedure အနေနဲ့ကလည်း အချိန်မကြန့်ကြာ/ လွယ်ကူပြီး/ မေ့ဆေး အကောင်းဆုံး၊ခွဲစိတ် ပစ္စည်း ချုပ်ကြိုး (Best Quality)
တို့ကိုသာသုံးပြီး Operate လုပ်ခဲ့တော့ Recovery Time ကလည်း မြန်ဆန်၊ ချုပ်ရိုးလည်း ပြန်ဖြေစရာမလိုတော့တဲ့ အပြင် Post Operation (၃) ရက်ပဲ ထပ်ယူခဲ့ပြီး လိုအပ်တဲ့ သောက်ဆေး/ လိမ်းဆေး တွေပဲ ထပ်သုံးရတော့ Dee De လေးတစ်ကောင် အိမ်မှာပဲ ကပ်ပြီး အိမ်လုံခြုံရေးကို စောင့်ရှောက်ကာ / သူသိပ်ချစ်တဲ့ သူ့သခင်တွေနဲ့အတူ တသက်လုံး စိတ်ချမ်းသာ/ ကိုယ်ကျန်းမာပြီး သက်တမ်းစေ့နေနိုင်သွားပါတော့မယ်။

Spay or Neuter - It's the Right Thing to Do for Your Pet

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

You Dare Messing With Us Hooman?
11/11/2023

You Dare Messing With Us Hooman?

“သီတင်းကျွတ် ပွဲတော် အထူးလျှော့စျေး”  အောင်ခိုင် အိမ်မွေးတိရစ္ဆာန် ကုသရေးဆေးခန်း၊အသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်း ရောင်းချ...
27/10/2023

“သီတင်းကျွတ် ပွဲတော် အထူးလျှော့စျေး”

အောင်ခိုင် အိမ်မွေးတိရစ္ဆာန် ကုသရေးဆေးခန်း၊အသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်း ရောင်းချ၊ ဖြန့်ဖြူးရေး ကို စဉ်ဆက်မပြတ် အားပေးလာခဲ့ ကြသော မိတ်ဟောင်း၊ မိတ်သစ်များအားလုံးကို သီတင်းကျွတ် ပွဲတော် အထူး အစီအစဉ်အဖြစ်ဘယ်ပစ္စည်းမဆို “လျော့စျေး ၅-၁၀ ရာခိုင်နှုန်း” ဖြင့် မေတ္တာတုံ့ ပြန်သွားပါမည်။

အောက်တိုဘာလ (၃၁) ရက်နေ့အထိလည်း ဧည်သည်တို့၏ ချစ်ရပါသော တိလေးများအတွက် အထွေထွေရောဂါ ကုသခြင်းများ အားလုံးကို အဖိုးခမဲ့ ကုသပေးသွားဦးမည် ဖြစ်ပါတယ်။

Discount ကာလက ဒီလကုန် အထိပဲဆိုတော့ပစ္စည်းတွေကို အမြန်ဆုံး စိတ်ကြိုက်၊ ရွေးဝယ်ကြပါဗျို့။

မြစ်ကြီးနားမြို့ရှိ တိချစ်သူများအားလုံး သီတင်းကျွတ်မှာ မိမိတို့၏ တိလေးများနဲ့ အတူ ပျော်ရွင်စွာဖြတ်သန်းနိုင်ပါစေ။

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

(ဆိုင်-၁) - အမှတ် (၁၅၈)၊ ယက္ကန်းကျောင်းလမ်း၊ ဧရာရပ်ကွက်။
(ဆိုင်-၂) - အမှတ် (၅၉/B)၊ မြို့သစ်ရပ်ကွက်၊ ပြည်နယ် လဝကရုံးနှင့် မျက်စောင်းထိုး၊ ပြည်ထောင်စုလမ်းမကြီး။

ဖုန်း - 09 977 092 379

23/10/2023

Lovely To Watch Those Pets Videos

Artificial Insemination of Tu Tu (Male) & Lylia (Female)    အသက် ၁ နှစ် ခွဲကျော် Tu Tu ဆိုတဲ့ Poodle အထီးလေးဟာ Lylia ဆို...
15/09/2023

Artificial Insemination of
Tu Tu (Male) & Lylia (Female)

အသက် ၁ နှစ် ခွဲကျော် Tu Tu ဆိုတဲ့ Poodle အထီးလေးဟာ Lylia ဆိုတဲ့အသက် (၂) နှစ် Poodle ခွေးမလေး အရွယ်ရောက်ပြီး သားတောင်းတဲ့အချိန် Tu Tu လည်း အရွယ်ရောက်နေပေမယ့်
သူ့ကိုသင်ပေးမယ့် ခွေးအကြီးတွေ နဲ့မနေခဲ့ဖူးတော့အမလေးကို သေချာ မိတ်မလိုက်တက် ဖြစ်နေတာပေါ့…

Lylia လေးကလည်း တစ်ချက်တစ်ချက်ပြန်ပြန်ကိုက်တော့ Tu Tu လည်း ကြောက်ကကြောက်သေး/ မိတ်ကလိုက်ချင်သေး ဖြစ်နေရတာပေါ့ အဲ့တာနဲ့ ပိုင်ရှင်တွေကလည်း ကလေးကို ကြည့်ပြီး အားမရတော့ ဆရာဝန်ကို အကူညီတောင်းရပြီလေ…

အထီးပိုင်ရှင်ကော/ အစ်မ ပိုင်ရှင်တွေကပါ ဆိုင်ရဲ့
ပုံမှန်ဖောက်သည်တွေပဲဆိုတော့ အိမ်အထိ လိုက်ပြီး AI သားစပ်နည်းနဲ့ Tu Tu လေးရဲ့ Sperms ကို ထုတ်ပြီး ခွေးမလေးရဲ့ သားအိမ်ထဲကို ကိုယ်တိုင်
ထည့်ပေးရတာပေါ့/ AI Procedure တစ်ခုလုံး အတက်နိုင်ဆုံး ပိုးဝင်ခြင်းမရှိအောင် ဂရုစိုက်ပြီး ပြုလုပ်ခဲ့ပါတယ်…

Tu Tu လေးကော Lylia လေးကပါ မျိူးရိုးကောင်း/ မျိုးအောင်ကြတဲ့အပြင် AI သားစပ်ခြင်းကို
(၂) ကြိမ်တိတိ ဆရာဝန်ကိုယ်တိုင် သေချာစပ်ပေးခဲ့တော့ Lylia လေး ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတဲ့အခါ Poodle ဆိုတဲ့ခွေးအသေးမျိုးလေးကနေ ကလေး (၇) ကောင်တိတိ မွေးလာခဲ့ပါတယ်…

ကျွန်တော့်ဘဝမှာလည်း Poodle အမျိုးအစားကို (၇) ကောင်မွေးတာမျိုး တစ်ခါမှမကြုံဖူးသေးပါ/
ဒီလို အောင်အောင်မြင်မြင်နဲ့မွေးနိုင် စပ်နိုင်ခဲ့တာတွေဟာ သူတို့ရဲ့ သခင်တွေကလည်း ဆရာဝန်မှာကြားထားတဲ့အတိုင်း အားဆေးတွေ အစာတွေသေချာကျွေးမွေး/ ဂရုစိုက်ထားကြလို့ ဖြစ်ပါတယ်…

ကလေးတွေကိုလည်း ပိုပိုပြီးလှသွားအောင် Tail Docking (အမြှီးဖြတ်ခြင်း) & Declawing (လက်အဆစ်ဖြုတ်ခြင်း) စတာတွေကို သူတို့လေးတွေ နာကျင်မှုကို အနည်းဆုံး ခံစားရချိန်အတွင်း ပိုးဝင်မှု အနည်းဆုံးဖြစ်အောင် Surgical Removing ပြုလုပ်ပေးခဲ့ပါတယ်….

မြစ်ကြီးနားက တိလေးတွေတို့ရဲ့ပိုင်ရှင်တွေလည်း မိမိတို့ရဲ့ ကလေးတွေကို လိုအပ်တဲ့ ဆေးကုသမှုများ ကုသနိုင်ရန် ကျွန်တော်တို့ရဲ့ Aung Khaing Vet-Clinic & Pets Accessories Distribution သို့လှမ်းလာခဲ့ပါခင်ဗျ။

WE CARE FOR YOUR PETS

Hysterectomy for Abortion + Severe Tick Infestation Bitch named Berryမွှား ကပ်ပါးကူးစက်တာ အပြင်ကိုမှ ကိုယ်ဝန်ပျက်ကျထားသေ...
15/09/2023

Hysterectomy for Abortion + Severe Tick Infestation Bitch named Berry

မွှား ကပ်ပါးကူးစက်တာ အပြင်ကိုမှ ကိုယ်ဝန်ပျက်ကျထားသော ခွေးမလေး
Berry အား သားဆက်ခြား ခွဲစိတ်မှု

Berry လေးဟာ အစာမစား/ ပိန်ချူံးပြီး မွှားတွေကိုမှ တစ်ကိုယ်လုံး နီးပါး အကိုက်ခံထားရပါတယ်…

လွန်ခဲ့တဲ့ (၃) ရက်လောက်ကလည်း ကိုယ်ဝန် ပျက်ကျထားပြီး Vaginal Discharge တွေပါကျနေလို့ ဆေးခန်းကို ညနေခင်း ရောက်လာခဲ့ပါတယ်….

ပိုင်ရှင်တွေက ဆေးထိုး/ ဆေးသောက်ရုံနဲ့
ရောဂါသက်သာမယ် တွေးပြီး ဆေးခန်းပြပေမယ့် ခွေးမလေးရဲ့အခြေအနေနဲ့ ရောဂါလက္ခဏာကို Diagnosed လုပ်ပြီး သားအိမ်တစ်ခါတည်း ထုတ်ရမယ့် အပြင် လိုအပ်တဲ့ဆေးဝါးတွေပါတိုက် ဖို့ ပိုင်ရှင်တွေကို အကြံပေးခဲ့ပါတယ်…

အကြမ်းဖျင်းကုန်ကျမယ့် Amount + Additional Charges တွေပါ တစ်ခါတည်းပြောပြီး ပိုင်ရှင်ဖက်ကလည်း တစ်ခါတည်းသဘောတူတော့ နောက်တစ်နေ့ကို ရက်ချိန်းယူပြီး ခွေးမလေးကို Operation လုပ်ပေးခဲ့ပါတယ်….

Operation မလုပ်ခင်က အစာမစား/ နှုံးချိနေတဲ့ Berry လေးဟာ Hysterectomy Operation (သားအိမ်ခွဲစိတ်ကုသမှု) အပြီး အစာလည်း သေချာစားတဲ့အပြင်/ ချုပ်ရိုးအခြေအနေလည်း ကောင်းကာ/ ဆေးတွေလည်း လိမ်လိမ်မာမာ သောက်နေပြီး လိုအပ်တဲ့ Post Operation Treatment ကို ခံယူနေပါတယ်….

မြစ်ကြီးနားမှ တိလေးတွေပိုင်ရှင်များလည်း မိမိတို့ရဲ့ တိလေးတွေကို လိုအပ်တဲ့ ကုသမှုများ ကုသနိုင်
ရန် ဆေးခန်းသို့ လှမ်းလာခဲ့ပါ ခင်ဗျ။

WE CARE FOR YOUR PETS

ဆိုင်မှာ Stock တွေ ပြတ်ခဲ့တဲ့ AIRMAN လေးတွေ ပစ္စည်း ပြန်ရောက်ထားပါပြီခင်ဗျ။ အခုချိန် ဘယ်ပစ္စည်းမဆို စျေးတက်နေပေမယ့် Air ...
02/09/2023

ဆိုင်မှာ Stock တွေ ပြတ်ခဲ့တဲ့ AIRMAN
လေးတွေ ပစ္စည်း ပြန်ရောက်ထားပါပြီခင်ဗျ။

အခုချိန် ဘယ်ပစ္စည်းမဆို စျေးတက်နေပေမယ့်
Air Man Smell Remover လေးတွေကတော့
မပြောင်းလဲသေးတဲ့ အရင်က စျေးနှုန်းအတိုင်းပဲ
ရောင်းချပေး နေပါတယ်ခင်ဗျ။

…အခန်းတွင်း အနံ့ဆိုး တွေပျောက်ချင်တယ်ဆိုရင် Organic Substances တွေနဲ့ လုပ်ထားတဲ့
Air Man သာ ထားထားလိုက်ပါ….

Air Man ကို မှာယူချင်ပါက Page Chat Box မှာ လိပ်စာ/ Contact No: တို့နဲ့အတူ Cash On Delivery Services ဖြင့် အိမ်အရောက် ငွေချေ ပို့ဆောင်ပေးနေပါပြီ။

18/08/2023

Awwn What an adorable puppies there! 🥰

❤️
10/08/2023

❤️

Ywel Ywel လေးဟာ အသက် (၁)နှစ်ကျော် Terrier ခွေးမလေးတစ်ကောင်ပါ/Ywel Ywel လေး မျိုးတောင်းနေတဲ့ တစ်ညနေမှာပဲ အထီးအမ သဘာဝ ခွေး...
02/08/2023

Ywel Ywel လေးဟာ အသက် (၁)နှစ်ကျော် Terrier ခွေးမလေးတစ်ကောင်ပါ/

Ywel Ywel လေး မျိုးတောင်းနေတဲ့ တစ်ညနေမှာပဲ အထီးအမ သဘာဝ ခွေးအထီးလေး တစ်ကောင်နဲ့ မိတ်လိုက်မိခဲ့ပါတယ်….

သူ့သခင်အနေနဲ့ ကလေးကို ကလေးတွေမွေးပြီး ပင်ပန်းမှာကိုမကြည့်ရက်တာနဲ့ ကိုယ်ဝန်
တားချင်တော့ ဆေးခန်းလာတိုင်ပင်တာပေါ့…

မိတ်လိုက်ပြီးတာမကြာသေးဘူးဆိုပေမယ့်လည်း
DEPO ဆိုတဲ့ သန္ဓေတားဆေးတွေထိုးပြီး မလုပ်
သင့်ကြောင်းပြောကာ သားအိမ်ထုတ်ဖို့နည်းလမ်းကိုပဲ ရွေးချယ်စေခဲ့ပါတယ်…

Ywel Ywel လေးဟာ Operation လည်းအောင်မြင်/ ဆေးတွေလည်းပုံမှန်ထိုး/ သောက် အပြီး ချုပ်ရိုးလည်း ဖြေပြီး အခုဆိုရင်
တသက်လုံး သူ့သခင်နဲ့ အတူ ကျန်းကျန်းမာမာနဲ့ နေနိုင်သွားတော့မှာပါ။

WE CARE FOR YOUR PETS
Aung Khaing Vet-Clinic & Pets Accessories Distribution

“A Dog that swallowed Sewing Needle with Thread”အပ်ချည်ကြိုး တွဲထားတဲ့ အဝတ်ချုပ်အပ်ကို မျိုချတဲ့ ခွေးလေး     No No ဆိုတဲ...
24/07/2023

“A Dog that swallowed Sewing Needle with Thread”
အပ်ချည်ကြိုး တွဲထားတဲ့ အဝတ်ချုပ်အပ်ကို မျိုချတဲ့ ခွေးလေး

No No ဆိုတဲ့ Terrier အထီးလေးဟာ တစ်ခုသော ညနေမှာ သခင်ရှေ့မှာပဲ အပ်နဲ့ အပ်ချည် တွဲလျက် တစ်ချောင်းလုံးကို ဆော့နေရင်းတန်းလန်းကောက်မျိုချ လိုက်ပါတယ်…

သူ့သခင်လည်း စိတ်ပူပြီးဆေးခန်းရောက်လာတာပေါ့/ အဲ့တာနဲ့ ဆရာလည်း ခွေးလေးရဲ့ အခြေအနေ
လိုအပ်တာတွေ စစ်စရာရှိတာ စစ်ပြီး ထပ်ပြီးလိုအပ်တဲ့ X-Rays ရိုက်ခိုင်း/ ပြန်စစ်…

ပုံထဲမှာတွေတဲ့ အတိုင်း အစာအိမ်အူ
လမ်းကြောင်းမှာ ထင်းကနဲပဲ/ ပိုင်ရှင်တွေကိုလည်း ဘယ်လိုနည်းလမ်းနဲ့ကုမယ်/ ဘယ်လောက်ကုန်ကျမယ် သေချာတိုင်ပင်ဆွေးနွေးပြီး ရက်ချိန်းသတ်မှတ်ခဲ့ပါတယ်…

သူများနိုင်ငံတွေကလို Canine EDG တွေလည်းမရှိတော့ အူအထိခွဲစိတ်ပြီး ထုတ်ရတာပေါ့/ ခွဲစိတ်ဖို့အတွက် Surgical Equipments အစုံကို Steriles လုပ် / Surgical Table/ Wrapping Towel စတဲ့ လိုအပ်တဲ့ပစ္စည်း အကုန်ကိုလည်း သေချာပြင်ဆင်ပြီးလုပ်ခဲ့တော့

ခွဲစိတ်တဲ့အခါ မေ့ဆေးကလည်း ခန္ဓာကိုယ် အလေးချိန်နဲ့တွက်ပြီး Minimum Dosage လောက်ပဲထိုးခဲ့ရတော့ ခွဲစိတ်မှုကစိတ်ချခဲ့ရပြီးအကောင်းမွန်ဆုံး ဖြစ်ခဲ့ပါတယ်။

အခုဆိုရင် No No လေးဟာ သူ့သခင်တွေနဲ့အတူ
အရင်လို အဆော့လွန်/ အပျော်လွန်တဲ့ ခွေးလေးပြန်ဖြစ်နေပါပြီ။

Pawrents တို့လည်း ကိုယ့်သားသမီးလေးတွေကို အရုပ်တွေ/ အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းတွေကို မျိုချမိတာမျိုး မဖြစ်ရအောင် အထူးဂရုပြု
ကြပါခင်ဗျာ။

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

One of the Successful Surgery Cases from June

Feline Cesarean Section Case    တစ်ခုသော ညနေခင်းမှာ ကြောင်မလေး ကလေးမမွေးနိုင်လို့ ဆေးခန်းရောက်လာခဲ့တာပေါ့….    နေတဲ့နေရာ...
07/06/2023

Feline Cesarean Section Case

တစ်ခုသော ညနေခင်းမှာ ကြောင်မလေး ကလေးမမွေးနိုင်လို့ ဆေးခန်းရောက်လာခဲ့တာပေါ့….

နေတဲ့နေရာကလည်း ဝေး / နေ့တိုင်းလည်း ဆေးခန်းမလာနိုင်တော့ ဆေးခန်းမှာပဲ ခွဲမွေး ဆေးရုံတင်ထားခဲ့မယ့် Option ကို ရွေးချယ်လိုက်ပါတယ်…

Feed intake & Water Intake ကို ရပ်ပြီး နောက်တစ်နေ့ ပဲ ခွဲစိတ်ပစ္စည်းတွေ ပိုးသတ်စရာ
ရှိတာလုပ်/ ခွဲခန်းပြင်စရာရှိတာပြင်ပြီး တစ်ခါတည်း ခွဲစိတ်ခဲ့ပါတယ်….

ကလေးက လေးကောင်မွေးရမှာ ၂ ကောင်ကတော့ မခွဲခင်တစ်ရက် ကတည်းက ညစ်ထားတော့ အသက်ရှင်ခွင့်မရခဲ့ဘဲ ကြောင်မေကြီး နဲ့တူတဲ့ ကလေး ၂ ကောင်ကတော့ ကျန်းကျန်းမာမာနဲ့ပဲ အသက်ရှင်ခွင့်ရခဲ့ပါတယ်….

ပြီးတော့ ပိုင်ရှင်ရဲ့ ဆန္ဒအတိုင်းပဲ သားဆက်ခြားချင်တယ်ပြောတာနဲ့ ကလေးတွေကို ခွဲမွေးပြီးတာနဲ့ သားအိမ်ကိုပါထုတ်လိုက်ပါတယ်….

အခုဆို ကြောင်မေကြီးလည်း အစာတွေသေချာစားနေပြီး ကြောင်လေး ၂ ကောင်ကလည်း အားရပါးရ နို့သောက်နေကြတာမြင်ရတော့ ကိုယ်တိုင် အသက်ကယ်ခဲ့တဲ့ ကြောင်လေးတွေကျန်းမာနေတာကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရပါတယ်….

WE CARE FOR YOUR PETS
Aung Khaing Vet-Clinic & Pets Accessories Distribution

3 Toy Poodle Puppies For Sale1st Vaccination and Deworming - DoneNo Declawed & No Tail Docked Color - Apricot / Age - 45...
09/05/2023

3 Toy Poodle Puppies For Sale
1st Vaccination and Deworming - Done
No Declawed & No Tail Docked
Color - Apricot / Age - 45 days old
Price - 6 lakhs
Contact for Further Information

06/05/2023

I never get tired of watching these contents.
A Golden Retriever A Day Keeps Doctor Away 🥰

Belgian Malinois အထီးလေး (၂) ကောင် ထိန်းမနိုင်တော့၍ အမြန်ရောင်းပါမည်။(၆) ကောင် ပေါက်တဲ့ အသုတ်ထဲက အရောင်းပိုစ့်သာ မတင်ဖြစ...
02/05/2023

Belgian Malinois အထီးလေး (၂) ကောင်
ထိန်းမနိုင်တော့၍ အမြန်ရောင်းပါမည်။

(၆) ကောင် ပေါက်တဲ့ အသုတ်ထဲက အရောင်းပိုစ့်သာ မတင်ဖြစ်တာ အမလေးတစ်ကောင်နဲ့ အထီးလေးတစ်ကောင်က ရောင်းထွက်ပြီးပြီ/
အခုတော့ အထီးလေး (၂) ကောင်ပဲ ရောင်းဖို့ ကျန်ပါတော့တယ်။

6 in 1 Vaccination Completed
Deworming Cycle Complete for 3 months of age.

Malinois ဆိုတဲ့အတိုင်းပဲ ကျွေးနိုင်/ မွေးနိုင်/အချိန်ပေးနိုင်တဲ့ သူမျိုးဆိုမှသာ ဝယ်ပါခင်ဗျ။

မျိုးရိုး/ ရုပ်ထွက် နဲ့ စျေးနှုန်းလေးတွေကတော့ ရှယ်တန်မယ့် ကောင်လေးတွေမို့လို့ လက်မနှေးဘဲ အမြန်သာ ပြေးဝယ်လိုက်ပါ လို့ညွှန်းလိုက်ပါတယ်။

Rottweiler Female For SaleVaccination 2 Doses & Deworming WeeklyFor more information - Contact CB
02/05/2023

Rottweiler Female For Sale
Vaccination 2 Doses & Deworming Weekly
For more information - Contact CB

As a veterinarian, I am sorry to hear that Bo Bo, the Burmese local dog, has been infected by Canine Ehrlichiosis and Ca...
28/04/2023

As a veterinarian, I am sorry to hear that
Bo Bo, the Burmese local dog, has been infected by Canine Ehrlichiosis and Canine Heartworm through the bite of brown dog ticks and mosquitos.

These infections can cause serious health problems and even death if left untreated.

To determine the extent of Bo Bo's infection, we will need to perform a thorough examination and use diagnostic tools.

One such tool is the
(SensPERT CHW Ag / Anaplasma Ab / E.canis Ab / Lyme Ab Test Kit)
produced by VetAll Laboratories Korea.

The test kit is a simple and effective tool that can detect four common canine infections: heartworm, Lyme disease, ehrlichiosis, and anaplasmosis.

The test works by analyzing a small blood sample for the presence of antibodies or antigens associated with these diseases.

To perform the test, we will first collect a small blood sample from Bo Bo.
This can be done quickly and easily using a scalp vein set.

The blood sample will then be placed into the mini test tube and then we centrifuge, after that we then collect a drop of serum with micropipette & pour it onto the test kit - after complete absorption of serum we added 2 drops of buffers and we will wait for the results.

The test kit uses color-coded bands to indicate the presence or absence of each infection. If a band appears in a certain location, it means that Bo Bo has been exposed to that particular infection. If no bands appear, it means that Bo Bo is likely free from infection.

If the test results show that Bo Bo has been infected with any of the four diseases, we will develop a treatment plan specific to his needs. Treatment may include medication & other interventions depending on the severity of the infection.

In addition to treating the underlying infection, we will also need to take steps to prevent further infections from occurring. This may include regular tick control measures, such as applying tick-repellent medication or keeping Bo Bo indoors during tick season.

In conclusion, the 4 in 1 test kit produced by VetAll Laboratories Korea is a valuable diagnostic tool that can help us determine the extent of Bo Bo's infection and develop an appropriate treatment plan. With proper care and treatment, we can help Bo Bo recover from his infections and enjoy a healthy, happy life.

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

(Terrier အမ လေး Sold Out)Terriers for saleSpaniel Terriers လေးနှစ်ကောင်ရောင်းရန်ရှိသည်။အထီး(ဘယ်)/ အမ(ညာ)ကျန်းမာရေး စိတ်ခ...
26/04/2023

(Terrier အမ လေး Sold Out)

Terriers for sale

Spaniel Terriers လေးနှစ်ကောင်
ရောင်းရန်ရှိသည်။

အထီး(ဘယ်)/ အမ(ညာ)

ကျန်းမာရေး စိတ်ချရ/ သန် (၃)ကြိမ်ချပြီး/ Vaccination တစ်ကြိမ်ထိုးပြီး။

For more information- contact page messenger

ဟိုတစ်ခေါက်က သားအိမ်ထုတ် ခွဲမွေးပေးထားတဲ့ လမ်းဘေးကြောင်မလေးကို မွေးစားဖို့ ပိုင်ရှင်ရှာတွေ့သွားပါပြီဗျ။ တကယ် ကြောင်မလေးက...
20/04/2023

ဟိုတစ်ခေါက်က သားအိမ်ထုတ် ခွဲမွေးပေးထားတဲ့ လမ်းဘေးကြောင်မလေးကို မွေးစားဖို့ ပိုင်ရှင်
ရှာတွေ့သွားပါပြီဗျ။

တကယ် ကြောင်မလေးကို ကြင်နာတက်မယ့်သူမျိုးမို့ ပိုင်ရှင်သစ်လက်ထဲ အပ်လိုက်ပါပြီ။

Aung Khaing Vet-Clinic & Pets Accessories Distribution
WE CARE FOR TOUR PETS

Cesarean Section + Hysterectomy    ဆိုင်နားမှာ အစာလာတောင်းစားနေကျ Stray Cat အမလေး တစ်ကောင် ကလေးတွေ တစ်သားပြီး တစ်သားဆက်တ...
08/04/2023

Cesarean Section + Hysterectomy

ဆိုင်နားမှာ အစာလာတောင်းစားနေကျ Stray Cat အမလေး တစ်ကောင် ကလေးတွေ တစ်သားပြီး တစ်သားဆက်တိုက်မွေး…

တစ်သားမှ သာအဖက်မတင်တာ ကြောင်မလေး
ခဗျာတော့ ပိန်လှီပြီး ညတိုင်း တခြား လမ်းဘေးကြောင်လေးတွနဲ့ အစာလေးရဖို့ ရန်ဖြစ်…

အသက်အန္တရာယ် ကြားထဲကနေ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အထဲကနေ ကိုယ်ဝန် ကပြန်ကပ်ပါလေရော…

ဒီတစ်ခါကိုယ်ဝန်မကပ်ခင်က တားဆေးကလည်းထိုးထားသေးတော့ ကိုယ်ဝန်စေ့လို့ ကလေးမွေးဖို့ အခက်အခဲဖြစ်နေတာနဲ့ တစ်ခါတည်း သားကြောဖြတ်ပြီး သေချာမွေးနိုင်မည့် ပိုင်ရှင်ရှာပေးဖို့ လုပ်လိုက်ရတာပေါ့….

ကြောင်မလေး ကံကောင်းတယ်ပဲပြောရမလား Operation လုပ်နေတုန်းတော့ ဘာတစ်ခုမှ
ခက်ခက်ခဲခဲ လုပ်လိုက်ရတာမရှိပါဘူး…

ကလေးတွေက အစကတည်းက မမျှော်လင်ထားပေမယ့် အဖြူကြားလေး (၁) ကောင်ကတော့ Survive ဖြစ်ဖို့ တော်တော်ကြိုးစားရှာတယ်/ အခုလည်း ကြောင်မကြီးနို့ကို မလွှတ်တန်းပဲ စို့နေတော့တာပါပဲ။

ဆိုင်လာကြည့်တဲ့သူတိုင်းကလည်း ကလေးတွေနဲ့ ကြောင်မကြီးကို ချစ်နေကြတော့ ကြာလာရင် သံယောဇဉ်တွယ်ပြီး မပေးဖြစ်မှာကို စိုးရိမ်နေရတော့တာပေါ့။

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

22/03/2023

This one is hilarious 🤣

ညကြီးမင်းကြီး ကလေးမမွေးနိုင်လို့ရောက်လာပြီး တစ်ကောင်မှ ခွဲမမွေးလိုက်ရတဲ့ Pel Pelပိုင်ရှင်က Pomeranian အမလေးမွေးထားတော့ သ...
11/03/2023

ညကြီးမင်းကြီး ကလေးမမွေးနိုင်လို့ရောက်လာပြီး တစ်ကောင်မှ ခွဲမမွေးလိုက်ရတဲ့ Pel Pel

ပိုင်ရှင်က Pomeranian အမလေးမွေးထားတော့ သင့်တော်မယ့် အထီးလေးနဲ့ ပေးစားဖို့ပြင်ထား
ပေမယ့်…

သမီး Pel Pel လေးက ခဏဆိုတဲ့ အချိန်လေးမှာပဲ အိမ်နားက Terrier အထီးနဲ့ ရပြီး (၂)လပြည့်တဲ့ နေ့မှာပဲ ရေမွှာလေးစထွက်လာတာပေါ့…

ပိုင်ရှင်တွေကလည်း Pel Pel လေးက ကလေးတွေ ကိုမညစ်နိုင်လို့ ဆရာဆိုပြီး ဆေးခန်းခေါ်လာရတာပေါ့….

ဆေးခန်းရောက်တော့ Pel Pel လေးက မညစ်တော့ဘူး ပင်ပန်းနေတော့/ ဓာတ်ဆားတိုက်/ အစာကျွေးလုပ်ပြီး ကလေးမွေးကူရတာပေါ့….

သိပ်မကြာပါဘူး တစ်ကောင်ပြီးတစ်ကောင် မွေးတော့တာပဲ/ ပိုင်ရှင်တွေလည်း အဲ့အချိန်မှ
စိတ်ချမ်းသာရတော့တာပဲ၊ အကယ်၍ မမွေးနိုင်ခဲ့ရင် ခွဲထုတ်ပြီးမွေးရတော့မှာလေ…

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

Different types of Dog Breeds
08/03/2023

Different types of Dog Breeds

ကြောင်ကြီး ရွှေဝါအိုလည်း (ဥ) မရှိတော့ပါဒါကတော့ SUGA ရဲ့ အဖေ ရွေဝါအိုပါ/     သူ့ကတော့ အဖွားရဲ့ ကြောင်ဆိုးပေကြီးပါ/ တစ်အိမ...
22/02/2023

ကြောင်ကြီး ရွှေဝါအိုလည်း (ဥ) မရှိတော့ပါ

ဒါကတော့ SUGA ရဲ့ အဖေ ရွေဝါအိုပါ/

သူ့ကတော့ အဖွားရဲ့ ကြောင်ဆိုးပေကြီးပါ/ တစ်အိမ်လုံးက ကြောင်တွေကို ပတ်ကိုက်/ ရန်ဖြစ်…

အဖွားကလွှဲလို့ တခြား သူ ဘယ်သူမဆို ထိန်းမရလို့ သူ့အတွက်လည်း Castration လုပ်ပေးဖြစ်ပါတယ်…

ခွဲစိတ်မှုပြုလုပ်တဲ့ အခါတိုင်းလည်း Autoclave Sterilizer နဲ့ ပိုးသတ်ထားတဲ့ ခွဲစိတ်ပစ္စည်း၊ အဝတ်…

Quality ကောင်းတဲ့ ခွဲစိတ် ချုပ်ကြိုး တွေသုံးပြီး Operation လုပ်တော့ (၃)ရက်ဆိုရင် Healing Process ကောင်းနေပြီး (၇)ရက်ကြာရင်ကို ချုပ်ကြိုး ဖြေလို့ရနေပါပြီ…

အခုဆို ရွှေဝါအိုလည်း အရင်ကလို
Best Cat Fighter ကြီး မလုပ်တော့တဲ့အပြင်အိမ်အပြင်လည်း သိပ်မထွက်တော့ပါ။

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

မြောင် SUGA လေး (ဥ) မရှိတော့ပါ။    ညတိုင်း အိမ်ပြင်ထွက် -  စော်ရှာ - အထီးအကြီးတွေနဲ့ ရန်ဖြစ် - ဒဏ်ရာ ဗလပွနဲ့ပဲပြန်လာရတဲ့...
22/02/2023

မြောင် SUGA လေး (ဥ) မရှိတော့ပါ။

ညတိုင်း အိမ်ပြင်ထွက် - စော်ရှာ - အထီးအကြီးတွေနဲ့ ရန်ဖြစ် - ဒဏ်ရာ ဗလပွနဲ့ပဲပြန်လာရတဲ့ အပြင်ကိုမှ

ကြောင်မတွေကလည်း ပြန်မကြိုက်တော့
မြောင် SUGA လေးခဗျာ အသက် ၁ နှစ်ခွဲကျော်ကိုမှ ကြောင်ပျိုကြီး ဖြစ်နေခဲ့တာပေါ့…

အဲ့တာကိုမှ စော်ကလည်း လိုချင်လွန်းတော့ SUGA လေးအတွက် ညတိုင်းဟာ ခေါင်မိုးပေါ်က ရန်ပွဲတွေ ထပ်နေခဲ့ပြီး ဒဏ်ရာတွေပဲ ဆက်တိုက်ရနေခဲ့တော့…

ပိုင်ရှင်တွေကလည်း SUGA လေးကို ရန်ထပ်မဖြစ်ဘဲ မိန်းမ ထပ်မလိုချင်တော့အောင် Castration လုပ်ပေးဖို့ အကြောင်းဖန်လာခဲ့တာပေါ့…

အခုဆိုရင် SUGA လေးလည်း (ဥ) နှစ်လုံး
မလိုတော့ဘဲ ကျန်းမာ ဝဖြိုး ပြီးနေသွားပါတော့မယ် ခင်ဗျ။

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

Belgian Malinois လေးတွေ ရောင်းဖို့ရှိပါမယ်။4th/ Feb/ 2023 မှမွေးထားတာလေးတွေပါ/ နောက် (၂) လနေ ကာကွယ်ဆေးစုံမှ ရောင်းပါမယ်။...
22/02/2023

Belgian Malinois လေးတွေ ရောင်းဖို့ရှိပါမယ်။

4th/ Feb/ 2023 မှမွေးထားတာလေးတွေပါ/ နောက် (၂) လနေ ကာကွယ်ဆေးစုံမှ ရောင်းပါမယ်။

သန်ချ/ ကာကွယ်ဆေးထိုး Program ကို
ရက်အတိအကျ လုပ်ပြီး ကလေးတွေအကုန် ကျန်းမာရေး စိတ်ချရမယ့် အချိန် မှသာ ရောင်းမှာဖြစ်ပါတယ်ဗျ။

အခုလို ပြည့်စုံနေအောင်လုပ်ပြီးမှ ရောင်းမယ့် ကလေးတွေဆိုတော့ ဝယ်မယ့် သူတွေလည်း
စိတ်ချလက်ချ မွေးလို့ အဆင်ပြေမှာဆိုတော့ လက်မနှေးဘဲ ကြိုတင် Booking ချိတ်ထား
နိုင်ပါတယ်ဗျ။

“သတ္တိခဲလေး မိကောက်”သုံးဘီးဆိုင်ကယ် နဲ့ အိမ်ပြန်လာတဲ့ အိမ်သား ကိုပြေးကြိုရင်း ပိုင်ရှင်က “ခွေးလေးရှိတယ် မောင်းဦး” လို့ပြ...
11/02/2023

“သတ္တိခဲလေး မိကောက်”

သုံးဘီးဆိုင်ကယ် နဲ့ အိမ်ပြန်လာတဲ့ အိမ်သား ကိုပြေးကြိုရင်း ပိုင်ရှင်က
“ခွေးလေးရှိတယ် မောင်းဦး” လို့ပြောပေမယ့် Back ဂီယာထိုးချမိလိုက်တာ မိကောက်လေးကို ကြိတ်မိသွားခဲ့ပါတယ်။

ပိုင်ရှင် ဖြစ်တဲ့ အစ်ကိုလည်း မိကောက်လေးကို ချစ်တော့ ၈ မိုင်လောက် ဝေးတဲ့ အိမ်ကနေ ဆေးခန်းကို လာပြ/ ဆရာကယ်ပါဦး Accident ဖြစ်ခဲ့တာဆိုတော့ မိကောက်လေးရဲ့
အခြေအနေ နဲ့ ဒဏ်ရာ အခြေအနေ စစ်ဆေးကြည့်ရတာပေါ့…

မိကောက်လေးက တော်တော်ကိုသတ္တိ ရှိ
တယ်ပြောရမယ်၊ ဆေးခန်းရောက်လာတာ အသံတစ်ချက်မှ မထွက်ဘူး၊ သူ့ဒဏ်ရာ ကို
ကိုင်ကြည့် စစ်ဆေးကြည့်တော့လည်း
တစ်ချက်မှ မအော်ဘူး၊ အာဂ ခွေးလေး…

ဒဏ်ရာကို စစ်ဆေးပြီး မိကောက်လေးရဲ့အခြေအနေကလည်း ကောင်းတော့ Operation လုပ်မယ်၊ Consent Form ဖြည့်ရမယ်၊ ဘယ်လောက်ကုန်မယ်၊ ဆေးခန်းမှာ အနည်းဆုံး (၃) ရက်ထားရမယ် လိုအပ်တာတွေ အားလုံး အပြည့်အစုံ ရှင်းပြတော့….

ပိုင်ရှင်က အားလုံး လက်ခံတယ်ဆရာ
မိကောက်လေးကိုပဲ အဆင်ပြေအောင် လုပ်ပေးပါ သူက ပိုင်ရှင်ကို အရမ်းသိတက်တော့
အိမ်သားအားလုံးက သံယောစဉ်ဖြစ်နေကြတာ ဆရာ လို့ပြောတော့ မိကောက်လေးကို
တက်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး Operation လုပ်ပေးရတာပေါ့…

အခုဆို မိကောက်လေးလည်း Accident ဖြစ်တဲ့နေ့ကနေ Operation လုပ်ပြီး၊ ဆေးရုံဆင်းတဲ့ နေ့အထိ (၁) ပတ်ပဲ ကြာသွားပါတယ်။ (၁ )ပတ်အတွင်းကို ပဲဆေးခန်းမှာ Operation ပြီးတဲ့နေ့ကတည်းက အစားသေချာစားပြီး ဆေးထိုး/ ဆေးသောက်/ လိမ်း သေချာလိုက်လုပ်တော့ အနာတွေလည်း ကျက်ပြီး/ အိမ်မှာ တစ်အိမ်သားလုံး
ဂရုစိုက်တာ ခံနေရပါပြီ။

WE CARE FOR YOUR DOG

Aung Khaing Vet-Clinic & Pets Accessories Distribution

သွေးဝမ်းဖြစ်လို့ ဆေးခန်းစပြတုန်းက အင်းခွေးလို့တောင် မထင်ရတဲ့ အကောင်သေးလေး/ ဆေးသွင်းဖို့ အကြောတောင် ရှာမရလို့ အရေပြားထဲ ဆ...
10/02/2023

သွေးဝမ်းဖြစ်လို့ ဆေးခန်းစပြတုန်းက အင်းခွေးလို့တောင် မထင်ရတဲ့ အကောင်သေးလေး/ ဆေးသွင်းဖို့ အကြောတောင် ရှာမရလို့ အရေပြားထဲ ဆေးသွင်းပေးရတဲ့ ကလေးလေး

အခုတော့ သူမဟုတ်တဲ့ အတိုင်းပဲ ရောဂါကနေလည်း သက်သာ၊ ကာကွယ်ဆေးတွေလည်း စုံတော့မယ်၊ အားဆေးတွေပါ ဆက်တိုက်သောက်နေတဲ့ အင်းခွေးကြီးဖြစ်လာပါပြီဗျ။

VACCINATION IS A MUST

Aung Khaing Vet-Clinic & Pets Accessories Distribution
WE CARE FOR YOUR PETS

ပိုင်ရှင်က မထိန်းနိုင်လို့ ပြန်ရောင်းချင်တယ်ပြောပါတယ်ဗျ။ပိုင်ရှင်နဲ့ပဲ တိုက်ရိုက်ဆက်သွယ် ဝယ်ယူပါ။
28/01/2023

ပိုင်ရှင်က မထိန်းနိုင်လို့ ပြန်ရောင်းချင်တယ်
ပြောပါတယ်ဗျ။

ပိုင်ရှင်နဲ့ပဲ တိုက်ရိုက်ဆက်သွယ် ဝယ်ယူပါ။

သွေးဝမ်း ရောဂါကနေပြန်သက်သာသွားကြတဲ့ ကလေးတွေ    တစ်ကောင်နဲ့ တစ်ကောင်ကတော့ ကိုယ်ခံစွမ်းအား မတူကြပေမယ့်/ ရောဂါကနေတော့ အမြန်...
24/01/2023

သွေးဝမ်း ရောဂါကနေပြန်သက်သာသွားကြတဲ့ ကလေးတွေ

တစ်ကောင်နဲ့ တစ်ကောင်ကတော့ ကိုယ်ခံစွမ်းအား မတူကြပေမယ့်/ ရောဂါကနေတော့ အမြန်ဆုံး
(၃) ရက် နဲ့တင် သက်သာသွားကြပါတယ်။

သခင်တွေကို ကလေးအခြေအနေဘယ်လိုလဲ ပြန်မေးလိုက်တိုင်း မျောက်လိုပဲ ဗျောင်းဆန်အောင် ဆော့ကြတဲ့ကောင်တွေ…

ဝက်လိုပဲ အရမ်းစားတယ်ဆိုတဲ့ ကလေးတွေချည်းပဲဆိုတော့ ဝမ်းသာရပါတယ်/ သခင်တွေ အတွက်ကတော့ ထိန်းပေတော့ပဲ။

သွေးဝမ်းလိုရောဂါမျိုးက ကာကွယ်ဆေး ကိုသေချာ ထိုးရင် ကာကွယ်နိုင်ပါတယ်ဗျ။

ဆရာဝန်/ ဆေးခန်းတွေမှာ သာ ကလေးတွေအတွက် ကာကွယ်ဆေးကို အချိန်မှီထိုးနှံကြရန် တိုက်တွန်းလိုက်ပါတယ်။

WE CARE FOR YOUR PETS

VACCINATION IS A MUST

Aung Khaing Vet-Clinic & Pets Accessories Distribution

Cosmetic Surgery on Chinese New Year    Poodle Terriers Mix Breed လေး သုံးကောင်ရဲ့ အမြှီးဖြတ်/ ခြေ/လက် ဆစ်ဖြုတ် တဲ့ Oper...
23/01/2023

Cosmetic Surgery on Chinese New Year

Poodle Terriers Mix Breed လေး သုံးကောင်ရဲ့ အမြှီးဖြတ်/ ခြေ/လက် ဆစ်ဖြုတ် တဲ့ Operation လေးပါ။

သခင်တွေရဲ့ ဆန္ဒအတိုင်း ကလေးတွေကိုရုပ်ထွက်လှအောင် လုပ်ပေးဆိုတော့လည်း ညကြီးမင်းကြီး Operation လုပ်ပေးရတာပါပဲ။

ခြေလက် အဆစ်လေးတွေက ဘာလို့ဖြုတ်လဲဆိုတာတော့ အရှေ့က ကောင်လေးတွေရဲ့ Post မှာသေချာ ရှင်းပြထားပြီးသားပါ။

အသက်ကြီးလာတဲ့ အခါ ပိုပိုပြီး လှနိုင်ကြပါစေ ကလေးတို့ရေ…

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

3 (10 months old) dogs infected by CPV except the vaccinated Mommy     သူတို့အိမ်ကတော့ ခွေးကလေး (၄) ကောင်ရှိတဲ့ အိမ်ပါ/ ...
15/01/2023

3 (10 months old) dogs infected by CPV except the vaccinated Mommy

သူတို့အိမ်ကတော့ ခွေးကလေး (၄) ကောင်ရှိတဲ့ အိမ်ပါ/ ခွေးအမေကြီး(ရိုစီ)ရယ် ခွေးသားလေးတွေ (၃) ကောင် (ဖြူလုံး/ညိုလုံး/မဲလုံး) ရယ်ပါ….

ခွေးအမေကြီး ရိုစီလေး ကတော့ ငယ်တုန်းက ဆေးခန်းမှာ ကာကွယ်ဆေးထိုးဖူးထားပါတယ်….

ခွေးကလေး (၃) ကောင်ကတော့ မြန်မာခွေးလေးနဲ့ ရထားတယ်ဆိုပြီး အိမ်က ကာကွယ်ဆေးထိုးဖို့ကို ပေါ့လျော့ နေခဲ့လိုက်တာ…

ဖြူလုံး နဲ့ ညိုလုံးက အသက် (၁၀)လ လောက်ရောက်မှ သွေးဝမ်း စဖြစ်ကြရော….

အကောင်တွေကလည်း ကြီးတော့ အိမ်ကို ဆေးလိုက်ကုပေးရတာပေါ့/ ၃ ရက်လောက်
ဆေးသွင်း/ ဆေးထိုး နဲ့ သက်သာသွားမှ မဲလုံးကပါ ထပ်ဖြစ်ပါလေရော….

တော်ပါသေးရဲ့ မဲလုံးလေးလည်း (၃) ရက်ပဲ ဆေးကုလိုက်ရတယ် အခုဆို သူတို့တွေ သွေးဝမ်းကနေ ပြန်လည်သက်သာပြီး ပထမအကြိမ် ကာကွယ်ဆေး စထိုးရတဲ့ နေ့ရောက်လာပါပြီ….

အိမ်ထဲဝင်သွားတာနဲ့ (၃) ကောင်လုံး ဝိုင်းဟောင်ပါလေရော / ညိုလုံးကတော့ လည်တယ် ဟောင်ပြီး ချက်ချင်း သွားပုန်းနေလိုက်တာ တော်တော်ပြန်ခေါ်ယူရတယ်….😅

ဆေးထိုးဖို့ချူပ်လိုက်မှ ခုနကဟောင်နေတဲ့ ကောင်တွေ မဟုတ်တော့တဲ့ အတိုင်းပဲ တုန်နေလိုက်တာများ 🤣…

ကာကွယ်ဆေးသာ အချိန်မှန် ထိုးသွား/ Medical Check-Up သာသေချာလုပ်သွားရင် နောက်တော့လည်း ဒီကောင်တွေ အကုန်လုံး ကျန်းမာရေး ဒေါင်”မည် နဲ့ အသက်အရှည်ကြီး နေသွားကြရမှာပါ။
Moral of the Story

VACCINATE YOUR PETS NO MATTER WHAT

WE CARE FOR YOUR PETS
Aung Khaing Vet-Clinic & Pets Accessories Distribution

ဆေးမှာထားတာတွေတော့ ရောက်လာပြီပိုက်ဆံရှင်းဖို့ပဲ ကျန်တော့တယ် 🥲      အရေအတွက် က အများကြီးမပါသေးလို့ လိုအပ်ရင်မြန်မြန်သာ လာ...
15/01/2023

ဆေးမှာထားတာတွေတော့ ရောက်လာပြီ

ပိုက်ဆံရှင်းဖို့ပဲ ကျန်တော့တယ် 🥲

အရေအတွက် က အများကြီးမပါသေးလို့ လိုအပ်ရင်မြန်မြန်သာ လာဝယ်ကြပါဗျို့။

Feline Panleukopenia Viral Infection ကနေ ပြန်လည် သက်သာသွားသော ကြောင်လေး    သူကတော့ အသက် 3 လကျော်/ အလေးချိန် 2 kg ပဲရှိတဲ...
15/01/2023

Feline Panleukopenia Viral Infection ကနေ ပြန်လည် သက်သာသွားသော ကြောင်လေး

သူကတော့ အသက် 3 လကျော်/ အလေးချိန် 2 kg ပဲရှိတဲ့ ကြောင်ထီးလေးပါ….

ဆရာ ကြောင်လေး က ဝမ်းသွားတာ သွေးတွေ နဲ့/အကျိအချွဲ တွေလည်းပါတယ်/ အန်လည််း အန်တယ်ဆိုပြီးရောက်လာရော…

ကာကွယ်ဆေးထိုးမှတ်တမ်းကို ကြည့်လိုက်တော့လည်း တစ်ကြိမ်ထိုးထားပြီးသား/ သန်ချဖူးလားဆိုတော့ သေချာ မသိကြဘူး….

အဲ့တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်လိုက်တော့ FPV လို့ခေါ်တဲ့ ကြောင်တွေ မှာဖြစ်တက်တဲ့
သွေးဝမ်းရောဂါဖြစ်နေပါရော….

ပိုင်ရှင်ကိုလည်း ဆေးကုတာ ဘယ်နှစ်ရက်
ကုရမယ်/ ဘယ်လောက်ကုန်မယ်/ ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမယ်ဆိုတာ သေချာရှင်းပြပြီး သေချာ ကုသမှုခံယူတော့…

အခုဆိုရင် (၃) ရက်မြောက်နေ့မှာပဲ ကြောင်လေး ဟာ ရောဂါဆိုးကြီးကနေသက်သာပြီး သန်ပြန်ချ/ အားဆေး သောက်ပြီး ဗြောင်းဆန်အောင် ဆော့နေပါပြီ…

VACCINATION IS A MUST

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

သွေးဝမ်းဖြစ်နေတဲ့ ကလေး သန်ပါထိုးနေတာ။    ဆေးသွင်းပြီးတော့ ထတောင် ထိုင်နေသေးတယ်/ သူ့ပိုင်ရှင်လည်း သေချာ ဂရုစိုက်တော့ ရက် ...
15/01/2023

သွေးဝမ်းဖြစ်နေတဲ့ ကလေး သန်ပါထိုးနေတာ။

ဆေးသွင်းပြီးတော့ ထတောင် ထိုင်နေသေးတယ်/ သူ့ပိုင်ရှင်လည်း သေချာ ဂရုစိုက်တော့
ရက် အနည်းငယ်အတွင်း သက်သာမှာပါ…

ဒါမျိုးတွေ မဖြစ်ရအောင် ကာကွယ်ဆေးတွေ သေချာထိုးဖို့လိုပါမယ်/ သန်လည်းပုံမှန်ချဖို့လည်း လိုပါမယ်…

VACCINATION IS A MUST

Aung Khaing Vet-Clinic & Pets Accessories Distribution

WE CARE FOR YOUR PETS

14/01/2023

Looks Delicious 😍

ဒီကောင်လေးတွေ အကုန်လုံး Canine Parvovirus လို့ခေါ်တဲ့ သွေးဝမ်းရောဂါ ကူးစက်မှုကနေ သက်သာသွားကြပါတယ်။    တစ်ကောင်ကို Story ...
12/01/2023

ဒီကောင်လေးတွေ အကုန်လုံး Canine Parvovirus လို့ခေါ်တဲ့ သွေးဝမ်းရောဂါ ကူးစက်မှုကနေ သက်သာသွားကြပါတယ်။

တစ်ကောင်ကို Story တစ်မျိုး စီနဲ့တော့ ဆေးခန်း ရောက်လာကြတာပါပဲ….

ဘေးအိမ်ကခွေးလေးတွေ အကုန်သေကုန်ကြပြီ၊ သူလည်း အန်ပြီး သွေးဝမ်းတွေသွားနေလို့…

အစာမစားဘဲ အန်နေတာ ၃ ရက်လောက်ရှိပြီ
သေတော့မှာလားမသိဘူး ဆရာ…

တစ်အိမ်ထဲကပဲ အရှေ့ကသေသွားတဲ့
ကောင်လေးဆီက ကူးတာ ဆရာ….

အမျိုးမျိုးသော အကြောင်းပြချက်တွေ နဲ့ပါပဲ၊
သို့ပေမယ့် အားလုံး တူညီနေတဲ့ အချက်
တစ်ချက်တော့ ရှိပါတယ်….

တစ်ကောင်မှ ကာကွယ်ဆေး မထိုးထားကြတာပါ၊ ဟုတ်ပါတယ် ကာကွယ်ဆေး ကို အချိန်မှီ သေချာ
မထိုးထားကြတော့ သွေးဝမ်း Outbreak ဖြစ်တက်တဲ့ အခုလိုရာသီမှာ အကုန်ကူးကြတာပါ…

ခွေးလေးတွေ မွေးရင် ချစ်လို့ပဲ မွေးလို့မရပါဘူးဗျ၊ တာဝန်ယူတက်ပြီး ချစ်တက်ဖို့ လိုပါတယ်/

ကာကွယ်ဆေးထိုးရမယ့် အချိန် ပုံမှန်ထိုး/ သန်ချရမယ့် အချိန် သန်ချ/ အချိန်ပေး ရမယ့်အချိန်ပေး/ အစာဆိုလည်း အာဟာရပြည့်ဝအောင်

ကျွေးမွေးမှသာ Responsible Pawrents တွေ
ဖြစ်မှာပါ….

ကဲစာလည်း ရှည်သွားပြီဆိုတော့ ကလေးတွေကိုကာကွယ်​ဆေးလာ ထိုးကြပါ….

WE CARE FOR YOUR PETS

Aung Khaing Vet-Clinic & Pets Accessories Distribution

VACCINATION IS A MUST

Address

Pyi Thaung Su Road
Myitkyina
99QX+7H

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959977092379

Alerts

Be the first to know and let us send you an email when Aung Khaing Vet-Clinic & Pets Accessories Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Khaing Vet-Clinic & Pets Accessories Distribution:

Videos

Share

Category


Other Pet Services in Myitkyina

Show All