ADL ဆိတ်မွေးမြူရေး

ADL ဆိတ်မွေးမြူရေး ဘိုဝါဆိတ်နှင့်အခြားမျိုးကောင်းမျိ?
(1)

10/04/2023

ဆိတ် ခြံ ပြတ် ရောင်း မယ်. ကြိုက် သလောက် ယူ လဲ ရပါတယ်

၂ နှစိ ကနေ ၃ နှစိ သား ဆိတိ အထီး ကြီး ၆ ကောငိ

ဆိတိအမ အ ကြီး မျိုး ရှိ ၆၀ ကောငိ

ဆိတ် အမ အကြီး မျိုး မရှိ ၂၉ ကောငိ

၈ လ ၉ လသား ဆိအလတိ ဘိုဝါ ၁၀၀ ရာ ချုင် နှုနိး ၂ ကောင်

၈ လ ၉ လ သား ဆိတိ အထီ း ၁၃ ကောင်

ဆိတိ အလတိ အမ ဘို ဝါ ၅ ကောင်

ဆိတိ အလတိ အမ ၉ ကောင်

ဆိတိ အငယ် ၃ လ ၄ လသား အထီး ၂၀ အမ ၂၅ ကောင် ရောင်း မညိ.

ဖုနိး ၀၉၇၉၇၆၄၀၉၈၄. နေ ပြည် တောိ အမြန် လမိး မနဘေး မိုင် ၂၁၃ မိုငိ

ဒီနေ့ မိုးမရွာတော့ စောစောလေး ဆိတ်ကျောင်းနေပါသည်
05/07/2022

ဒီနေ့ မိုးမရွာတော့ စောစောလေး ဆိတ်ကျောင်းနေပါသည်

၃ လနှင့် ၇ ရက်သား ဘိုဝါမ နှစ်ကောင်း
25/03/2022

၃ လနှင့် ၇ ရက်သား ဘိုဝါမ နှစ်ကောင်း

28 ရက်သား ဘိုဝါမလေး 2ကောင်
17/01/2022

28 ရက်သား ဘိုဝါမလေး 2ကောင်

ဒီရာသီဥတု ကတော့ သာသာယာယာဘဲ
15/01/2022

ဒီရာသီဥတု ကတော့ သာသာယာယာဘဲ

ဘိုဝါဆိတ် မလေးတွေမွေး ပြီ. ၁၀၀ ရာ နှုန်း ဘိုဝါ ဆိတိ တွေပါ
24/12/2021

ဘိုဝါဆိတ် မလေးတွေမွေး ပြီ. ၁၀၀ ရာ နှုန်း ဘိုဝါ ဆိတိ တွေပါ

ဆောင်းတွင်း ဆိုတော့ နှင်းကွဲမှ ဆိတ်ကျောင်း
12/12/2021

ဆောင်းတွင်း ဆိုတော့ နှင်းကွဲမှ ဆိတ်ကျောင်း

ဆိတ်တွေ ကပ်ပါးဆေး ထိုးပြီး ဆိတ်ကျောင်း
30/11/2021

ဆိတ်တွေ ကပ်ပါးဆေး ထိုးပြီး ဆိတ်ကျောင်း

ဆိတ်ကျောင်း
14/11/2021

ဆိတ်ကျောင်း

ဆောင်းတွင်း‌ေရာက်ပြီဆို‌ေတာ့ နှင်းကွဲမှ ဆိတ်ကျောင်း
03/11/2021

ဆောင်းတွင်း‌ေရာက်ပြီဆို‌ေတာ့ နှင်းကွဲမှ ဆိတ်ကျောင်း

ဒီနေ့တော့ ရာသီဥတု က သာယာတော့ အေးစေးပေါ့
25/10/2021

ဒီနေ့တော့ ရာသီဥတု က သာယာတော့ အေးစေးပေါ့

ဘိုဝါ
17/10/2021

ဘိုဝါ

ဒီနေ့ မိုးမရွာတော့ အမုန်းစားနေ
17/10/2021

ဒီနေ့ မိုးမရွာတော့ အမုန်းစားနေ

ဒီနေ့ ဆိတ်တွေကို လျှာနာခွာနာ ကာကွယ်ဆေး တစ်ခြံလုံးထိုးလိုက်ပါတယ်
25/09/2021

ဒီနေ့ ဆိတ်တွေကို လျှာနာခွာနာ ကာကွယ်ဆေး တစ်ခြံလုံးထိုးလိုက်ပါတယ်

မိုးမရွာခင်လေး ဆိတ်ကျောင်း
21/09/2021

မိုးမရွာခင်လေး ဆိတ်ကျောင်း

ဆိတ်ကျောင်း အမုန်းစား
28/08/2021

ဆိတ်ကျောင်း အမုန်းစား

မိုးမရွာခင်လေး ဆိတ်ကျောင်းနေပါသည်
21/08/2021

မိုးမရွာခင်လေး ဆိတ်ကျောင်းနေပါသည်

ဘိုဝါ နဲ့ ဆိတ်မတွေနဲ့ တွေ့ပြီပေါ့ လာမယ် လေး လလောက်ဆိုရင် ဘိုဝါလေးတွေများတော့မယ်
08/08/2021

ဘိုဝါ နဲ့ ဆိတ်မတွေနဲ့ တွေ့ပြီပေါ့ လာမယ် လေး လလောက်ဆိုရင် ဘိုဝါလေးတွေများတော့မယ်

 # # #တင်း ဝါး နှငိ့ ကြသောငိး ဝါးရောငိး ရနိ ရနိ ရှိပါ သည်. နေ ပြည် တောိ ရနိ ကူန် မနိးလေ း အမြန် လမိ းနဘေး မိုငိ တိုငိ ၂၁...
07/08/2021

# # #တင်း ဝါး နှငိ့ ကြသောငိး ဝါးရောငိး ရနိ ရနိ ရှိပါ သည်. နေ ပြည် တောိ ရနိ ကူန် မနိးလေ း အမြန် လမိ းနဘေး မိုငိ တိုငိ ၂၁၃ မိုငိ ၃ ဖာလုံ. တစ် လုံး ၆၀ ကျပိ. ကြိုက် တာရွေးခုတိ ပါ. ဖုနိး ၀၉၇၆၅၁၁၂၀၈၆ ၀၉၇၉၇၆၄၀၉၈၄

ဆိတ်တွေက stylo Hamata မြက်ခင်းထဲဆိုတော့ စားတာခေါင်တောင်မဖော်တော့ဘူး
01/08/2021

ဆိတ်တွေက stylo Hamata မြက်ခင်းထဲဆိုတော့ စားတာခေါင်တောင်မဖော်တော့ဘူး

မိုးအေးအေးနဲ့ဆိတ်ကျောင်းနေ
30/07/2021

မိုးအေးအေးနဲ့ဆိတ်ကျောင်းနေ

12/07/2021

Page နဲ့ ပါတ် သက် တာလေး Review လုပ် ပေး ပါ အုန် းခင် ဗျာ

ဆိတ်ကျောင်းနေပါသည်
21/06/2021

ဆိတ်ကျောင်းနေပါသည်

ဘိုဝါ ‌‌ဆိတ်ကလေတော့ စမွေးပြီ
14/06/2021

ဘိုဝါ ‌‌ဆိတ်ကလေတော့ စမွေးပြီ

ဆိတ်လေးတွေ ကတော့ ခြံကျယ်ကြီးထဲမှာ သာယာနေလို့ပေါ့
08/06/2021

ဆိတ်လေးတွေ ကတော့ ခြံကျယ်ကြီးထဲမှာ သာယာနေလို့ပေါ့

သရက်‌‌ေတွကတော့ပန်းပွင့်ပြီဆိုတော့ ဆိတ်တွေနဲ့တော့ တွေ့ကုန်ကျပြီ ခြံပြင် နှမ်းခင်းကျွတ်နဲ့ ယူကလစ်ခင်းထဲပဲ ကျောင်းတော့မယ်
25/01/2021

နှမ်းခင်းကျွတ် ‌စားလိုက် ခြံထဲစားလိုက် ဟုတ်နေတာ
22/01/2021

နှမ်းခင်းကျွတ် ‌စားလိုက် ခြံထဲစားလိုက် ဟုတ်နေတာ

18/01/2021

ဘိုဝါ နှင့်ဘိုဝါမ ဘိုဝါနှင့် ဒေသဆိတ်နဲ့ မျိုးဆပ်နေပါသည်နောက်နှစ်ဆို ဘိုဝါ ဆိတ်မျိုးများရနိုင်တော့ပါမည်

ဆိတ်ကျောင်နေပါသည်
15/01/2021

ဆိတ်ကျောင်နေပါသည်

ဘို ဝါ ဆိတ် လေး တွေ ခြံ ထဲရောက်။ ဆက် တိုက် စား
05/01/2021

ဘို ဝါ ဆိတ် လေး တွေ ခြံ ထဲရောက်။ ဆက် တိုက် စား

02/01/2021

ခြံ ထဲ ရောက် တော့ မည့် ဘို ဝါ ဆိတိ မျိုး များ

ခြံ ထဲ ရောက် တော့ မယ် ဘို ဝါ ဆိတ် ထီးအ စစ် ပါ.တောင် အာဖရိက က မှာထား တာ ပါ. မိတိဆွေ တစိ ယောက် ဆီ ကမှာတာ ပါ စျေး က တော့10 ...
02/01/2021

ခြံ ထဲ ရောက် တော့ မယ် ဘို ဝါ ဆိတ် ထီးအ စစ် ပါ.တောင် အာဖရိက က မှာထား တာ ပါ. မိတိဆွေ တစိ ယောက် ဆီ ကမှာတာ ပါ စျေး က တော့10 ကျော် ပါတယ်

တောင် အာ ဖရိက က ဘို ဝါ ဆိတိ မလေး ခြံ ထဲ ကို ရောကိ တော့ မယ်.  ဒေသ ကို မျိုး တစ် ချို့ ဖြနိ နိုင်တော့ မယ်

“အလွယ်မွေး၍ရသော ဆိတ်များ ကျန်းမာစေဖို့”“ဆိတ်”ကိုယေဘုယျ အားဖြင့် ဒေသကြီးများကို ပိုင်းခြားကြည့် မည်ဆိုလျှင် မြန်မာပြည်အထက...
30/12/2020

“အလွယ်မွေး၍ရသော ဆိတ်များ ကျန်းမာစေဖို့”

“ဆိတ်”ကို
ယေဘုယျ အားဖြင့် ဒေသကြီးများကို ပိုင်းခြားကြည့် မည်ဆိုလျှင် မြန်မာပြည်အထက်ပိုင်းတွင် မွေးမြူကြသော “အညာဆိတ်"
နှင့် မြန်မာ ပြည်အောက် ပိုင်းတွင် မွေးမြူ ကြသော “အောက်ဆိတ်”ဟူ၍ တွေ့ရ ပါသည်။

ဆိတ်ကို မည်သည့်နေရာတွင် မွေးမြူကြသည်ဖြစ်စေ၊ “ဆိတ်ဓလေ့”မှာ ဒေသတစ်ခုနှင့် တစ်ခု ခြားနားမှုမရှိဘဲ တူညီကြပါ
သည်။ သို့သော် မွေးမြူသည့် ဒေသ၏ ရာသီဥတုနှင့် ပတ်သက်၍ ဒေသဆိတ် များ၏ တုံ့ပြန်မှုများမှာ ခြားနားပါသည်။ ဆိတ်
သည် သဘာဝအားဖြင့် ပူပြင်းခြောက်သွေ့သော ဒေသနှင့် ရာသီဥတုကို ပို၍ကြိုက်နှစ်သက်၏။ ထိုဒေသ များတွင် ပို၍ဖြစ်
ထွန်း၏။

ဆိတ်ကြိုက်သော အစားအစာများဖြစ်သည့် ဆူးပင်၊ ခြုံပုတ် ပေါများသော တောင်ကုန်း၊ တောင်ပူစာများ၊ ဇီး၊ တမာ၊ ထနောင်း၊
ဘောစကိုင်း၊ ကုက္ကို၊ ဆေးရိုးပင်များ ပေါများ ခြင်းဖြင့် သဘာ၀ ဆိတ်စာများ အလိုရှိသလောက် ရရှိနိုင်၏။ မိုးတွင်းကာလတွင်
မိုးရွာသွန်းမှု အလွန် နည်းပါးသဖြင့် ဆိတ် ကျောင်းသားများမှ ဆိတ်စားကျက်ပေါရာ၊ ရေကြည်ရာ၊ မြက် နုရာနေရာများ ရှာဖွေ
၍ ဆိတ်ကို လွှတ် ကျောင်းခြင်းဖြင့်၊ ဆိတ်စာမရှားသဖြင့် လည်း အညာဒေသသည် အောက်ပိုင်း ဒေသများထက် ဆိတ်ကို စီး
ပွားဖြစ်မွေးမြူကြခြင်း ဖြစ်၏။ “အညာဆိတ်”များကို အောက်ဒေသသို့ သယ်ဆောင်ကြ၍ မွေးမြူကြလို လျှင် မိုးများသော မိုး
တွင်းကာလကို ရှောင်ကြဉ်ရာ၏။

မိုးကာလများတွင် ဆိတ် ကျောင်းသားများမှ အောက်ပြည်၊ အောက် ရွာ၊ ရာသီဥတုနှင့် မယဉ်ပါးသော အညာဆိတ်များကို
ဆိတ်တဲနှင့်ဝေးရာ စားကျက် များသို့ လွှတ်ကျောင်းခြင်း မပြုရန် ကြပ်မတ် ပေးရပါမည်။ “အောက်ဆိတ်”မှာ ဒေသနှင့် ရာသီ
ဥတုကို ရင်းနှီးပြီးဖြစ်သဖြင့် ရာသီကြောင့် ဖြစ်သော၊ အနာ၊ အဖျားများကို ခံနိုင်ရည်ရှိ၏။

အောက်ပြည်၊ အောက်ရွာမှ လွှတ် ကျောင်းမွေးမြူသည့် ဆိတ်များသည် စား ကျက်တွင် စားနေရာမှ မိုးညိုပြီဆိုသည်နှင့် အမိုး
အကာအောက်သို့ ၀င်ရောက်ပြီးဖြစ် ၏။ တချို့ဆိတ်များမှာ မိုးဖွဲဖွဲတွင်ပင် အစားမပျက်တတ် တော်ရုံ၊ တန်ရုံ လေစိမ်းတိုက်
သည့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိ၏။ ရာသီ ဥတုနှင့် ပတ်သက်၍ ယဉ်ပါးပြီးဖြစ်သဖြင့် ရာသီဥတုဖောက်ပြန်မှုကလည်း “ဆိတ်”
ကို အလွယ်တကူဥပါဒ် မပေးနိုင်ပါ။ သို့ သော် အညာဆိတ်များက အောက်ပြည် အောက်ရွာ၏ ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံ
နိုင်ရည် အလွန်နည်း၏။

အတုံးအရုံးသေ ကြေသည်အထိ ဖြစ်ပွားတတ်၏။ စာရေးသူ၏ ကိုယ်တွေ့အဖြစ်အပျက်ကလေးတစ် ခုကို တင်ပြလိုပါသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဖြစ်၏။ နောက်ဆုံး အကြိမ် ကျင်းပပြု လုပ်မည့် ညီလာခံ၌ ကျွေးမွေးရန် မိတ္ထီလာမှ
အညာဆိတ်ကောင်ရေ ၄၀၀ ခန့်ကို လှည်းကူးမြို့နယ်ရှိ၊ ပင်မစစ် လက်နက်ပစ္စည်းတပ် (C.O.D) ၌၊ စခန်းထောက်အဖြစ်
မွေးမြူထားစဉ်က ဖြစ်ပါ သည်။

ဇွန်လ၊ ဇူလိုင်လ မိုးစရွာသည်နှင့် “အညာဆိတ်”များကို မိုးဦးရာသီ၏ တုန့် ပြန်မှုက ပြင်းထန်ကြောင်းတွေ့ရ၏။ ဆိတ်များ
ထားသည့် “ဘားတိုက်”က အလုံပိတ် ဖြစ်၏။ လွှတ်ကျောင်းဆိတ်များ၊ မိုးစိုသဖြင့် အအေးမိကုန်၏။ ကိုယ်ခံအား ကျဆင်း
သော ဆိတ်များမှ စတင်ကာ၊ ပြင်းထန်သော အအေးမိသည့်ဝေဒနာကို စတင်ခံစားရ တော့၏။ နှာရည်“တရွှဲရွှဲ”နှာချေ၍
ထွက် လာသော အသံ“တရွှီးရွှီး”နှင့် ချောင်း“တဟွတ်ဟွတ်”ဆိုးနေသော ဆိတ်များ၏ အသံသည် ဆိတ်အုပ်အတွင်း၌ ဆူ
ညံ နေတော့၏။

အဆိုပါအခြေအနေသည် ဆိတ်အုပ် အတွက် အန္တရာယ်ရှိသည့် အခြေအနေပင် ဖြစ်၏။ အထက်က တင်ပြထားသည့်အ
တိုင်း ဘားတိုက်သည် လေးဘက်၊ လေးတန်၊ ပြု တင်း၊ တံခါးမကြီးများ ပိတ်ထားလျှင် လေဝင်လေထွက် အလွန်ညံ့ဖျင်း၏။
ဆိတ်ထိန်းသူများမှ ဆိတ်များ အအေးမိ၍ ရောဂါဖြစ်သည်ဟု ယူဆသဖြင့် “ဘားတိုက်”တံခါး များကို အလုံပိတ်ထားတော့
၏။

ရောဂါဖြစ်ဆိတ်များ၊ နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ရောဂါဖြစ်စေသော၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်(စ်) ပိုးများကြောင့် တစ်
ကောင်မှ စလိုက်သောရောဂါသည် ရက်ပိုင်းအတွင်း ဆယ်ဂဏန်း၊ ဆယ်ဂဏန်းမှသည် ရာ ဂဏန်းသို့ ကူးစက်ဖြစ်ပွားလေ
တော့၏။ ဆိတ်များတွင် အထက်က တင်ပြ သကဲ့သို့ အအေးမိ၍ ဖြစ်ပွားလာသည့် ရောဂါကို နမိုးနီးယားရောဂါဟု ခေါ်၏။

အဆိုပါရောဂါတွင် - အသက်ရှုပြင်းခြင်း၊ နှာရည်ကျခြင်း၊ နှာချေဆတ်ခြင်း၊ ဆိတ်၏ ကိုယ်တွင်း သာမန်အပူူချိန်တွင်ပင်ဤ
ရောဂါဖြစ်သကဲ့သို့ အပူချိန်မြင့်တက်၊ အဖျားဝင်၍လည်း ဤရောဂါဖြစ်နိုင်ပါ သည်။ (ဆိတ်၏ ကိုယ်တွင်းသာမန်အပူချိန်
သည် အဖျားတိုင်းသာမိုမီတာဖြင့် စအို၀ တိုင်းတာမှုအရ (၁၀၁ ဒသမ ရ ဒီဂရီဖာရင်ဟိုက်မှ ၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိ
ဖြစ်နိုင် ပါသည်။

ဖော်ပြပါ အဆုပ်အအေးမိသည့် ဝေဒနာ၊ နမိုးနီးယားရောဂါဖြစ် အခြေအနေသည် အောက်ပါအကြောင်းများကြောင့် ဖြစ်
ပွားတတ်၏။ အအေးမိလာသော ဆိတ်များထားသိုရာသည် အောက်ပါအခြေအနေအတိုင်းဖြစ်ပါက ရောဂါဖြစ်အခြေအ
နေ ပြင်းထန်လာပါသည်။

- ဆိတ်ခြံ၊ လေဝင်လေထွက်ညံ့ဖျင်း ခြင်း။
- ကောင်ရေများစွာ ထားခြင်း။
- ဆိတ်များထားရာ ကြမ်းခင်းများ ညစ်ပတ်နံစော်ခြင်း။
- ဆိတ်ချေး၊ ဆိတ်သေးများကို စနစ်တကျမစွန့်ပစ်ခြင်း။
- သိမ်းဆည်းခြင်း စသည့်အစီအမံ များမပြုလုပ်နိုင်ခြင်း။
ဤရောဂါဖြစ် အခြေအနေတွင် မွေး မြူသူမှ အောက်ပါအတိုင်းပြုပြင်ဆောင် ရွက်ရန် လိုအပ်ပါသည်။

ဆိတ်ခြံကို၊ လေဝင်၊ လေထွက် ကောင်းအောင်ပြုပြင်ခြင်း၊ ဆိတ်ကောင်ရေ ကို ကြပ်တီးစွာ များများမထားခြင်း၊ ရောဂါ
ဖြစ်ဆိတ်များကို သီးခြားနေရာ စီစဉ်၍ ကုသပေးခြင်း၊ ဆိတ်များထားရန် ဆိတ်ခြံ၏ နေရာလိုအပ်ချက်ကို တွက်ချက်နိုင်
ရန်အတွက် ဆိတ်တစ်ကောင်၏ အခြေခံလိုအပ် သည့် နေရာအကျယ်အဝန်းကို သိရှိရန် လိုအပ်ပါသည်။

ဆိတ်မွေးမြူရာ၌ ဆိတ်တစ်ကောင်း ၏ နေရာလိုအပ်ချက်ကို အောက်ပါအတိုုင်း သတ်မှတ်နိုင်ပါသည်။ ဆိတ်ကလေး ၃
ဒသမ ၃ စတုရန်း ပေ၊ ဆိတ်ကြီး ၁၄ စတုရန်းပေ၊ ဆိတ်မကြီး (ဇီးရှိ) ၁၈ စတုရန်းပေ၊ ဆိတ်သိုးကြီး ၂၈ စတုရန်းပေ ဖြစ်ပါ
သည်။

တစ်နိုင်မွေးမြူမည့် သူများအတွက် ဆိတ် သုံးကောင်မှ ငါးကောင်အထိ မွေးမြူလိုပါက နေရာလိုအပ်ချက်မှာ အလျား ရှစ်
ပေ၊ အနံရှစ်ပေနှင့် ဆိတ်ခြံအမြင့် ခုနစ်ပေရှိလျှင် လုံလောက်ပါသည်။ အထက်ဖော်ပြပါ အဆုပ်အအေးမိ ရောဂါ အခြေအ
နေတွင် ခွဲခြားထားသော ဆိတ်များကို ပဋိဇီဝဆေးထိုုးပေးခြင်း၊
- Procaine Pewiullin နှင့့်ှ hfhStreptomycin ဆေးများ ထိုးနှံပေးခြင်း။
- Broad-Spectrun ဟုခေါ်သော Tetrueyclive နှင့် Amoxycillin ဆေးများ တိုက်ကျွေး ကုသပါသည်။

ဤနမိုးနီးယားရောဂါကြောင့် မဟုတ်ဘဲ သာမန်အခြေအနေတွင် ဆိတ်များ ချောင်းဆိုးခြင်း ဖြစ်လာပါက အောက်ပါအ
ခြေ အနေများကြောင့် ဖြစ်ပွားလာကြောင်း ခန့် မှန်းရပါသည်။

-Endoparasites ဟုခေါ်သော ၀မ်း တွင်းသံကောင်များ။
- ဆိတ်များအအေးမိ၍ တုပ်ကွေး ဖျားခြင်း။
- ဖုန်မှုန့်များကပ်သော အစာများ စားမိခြင်း။

နမိုးနီးယားရောဂါကဲ့သို့ သေဆုံးနှုန်းမများပါ။ နမိုးနီးယားရောဂါကဲ့သို့ နှာရည် တရွှဲရွှဲကျခြင်းနှင့် ချေဆတ်ခြင်း နည်းပါး
သည်။ အဆက်မပြတ်ချောင်းဆိုးခြင်းများ ကို တွေ့ရပါသည်။

- ဤအခြေအနေတွင် ရောဂါဖြစ် ဆိတ်ကို ခွဲခြားထားပါ။
- ဆိတ်၏ ရင်၊ အာခေါင်တို့ကို ပရုပ်ပါသောဆီဖြင့် လိမ်းပေးပါ။
- ဓာတ်ခွဲခန်းနီးစပ်ပါက သန်ကောင်ရှိ၊ မရှိ စစ်ဆေးပါ။
- ဆိတ်ချေးများ ပျော့လာပြီး သန် ကောင်ပါသော ၀မ်းသွားတတ်၍ ၀မ်းအခြေအနေကို စောင့်ကြည့်ပါ။
- သန်ရှိကြောင်းသေချာပါက ရောဂါဖြစ်ဆိတ်နှင့် ဆိတ်အုပ်ကို သံချဆေးတိုက် ကျွေးခြင်းဖြင့် ချောင်းဆိုးခြင်းနှင့်
တခြားဒွန်တွဲနေသော ရောဂါများကို ပျောက်ကင်း အောင် ကုသ၍ ရပါသည်။

တိရစ္ဆာန်မွေးမြူရန် စိတ်ပါ၀င်စား သည့် မိသားစုတစ်ခုသည် တိရစ္ဆာန်မွေးမြူ ခြင်းဖြင့် သီးခြားဝင်ငွေတစ်ရပ်ရရှိလိုပါက
အလွယ်တကူမွေးမြူ၍ရသော ဆိတ်ကို မွေးမြူသင့်ပါသည်။ ဆိတ်သည် ကြက်ကဲ့သို့ လူမျိုးမရွေး၊ ဘာသာမရွေး မွေး
မြူ၍ရသော တိရစ္ဆာန်ဖြစ်သည်။ စာရေးသူ၏ အတွေ့အကြုံအရ တိရစ္ဆာန်မွေးမြူရာတွင် ရောဂါဖြစ်ပွားမှု အနည်းဆုံး
သော မွေးမြူရေးမှာဆိတ် မွေးမြူရေးပင်ဖြစ်သည်။

သို့သော်လည်း ဆိတ်မွေးမြူရာတွင် မွေးမြူသည့်ပတ်ဝန်း ကျင်နှင့် အဆင်ပြေအောင် မိမိမွေးမြူသည့် ဆိတ်များကို
ထိန်းကျောင်းပေးရန် လိုအပ် ပါသည်။ မွေးမြူသူအနေနှင့် မိမိမွေးမြူထားသည့် ဆိတ်များကို ပတ်ဝန်းကျင်နှင့် သဟ
ဇာတတည့်အောင် မွေးမြူနိုင်ပြီဆိုပါက အလွယ်မွေး၍ရသော ဆိတ်များ ကျန်းမာစေဖို့အတွက် နည်းလမ်းကောင်းများ
ရှိပါ ကြောင်း တင်ပြအပ်ပါသည်။

- ဒေါက်တာ ရဲမြင့်

https://www.facebook.com/groups/2642953112651658/?ref=share

“အလွယ်မွေး၍ရသော ဆိတ်များ ကျန်းမာစေဖို့”

“ဆိတ်”ကို
ယေဘုယျ အားဖြင့် ဒေသကြီးများကို ပိုင်းခြားကြည့် မည်ဆိုလျှင် မြန်မာပြည်အထက်ပိုင်းတွင် မွေးမြူကြသော “အညာဆိတ်"
နှင့် မြန်မာ ပြည်အောက် ပိုင်းတွင် မွေးမြူ ကြသော “အောက်ဆိတ်”ဟူ၍ တွေ့ရ ပါသည်။

ဆိတ်ကို မည်သည့်နေရာတွင် မွေးမြူကြသည်ဖြစ်စေ၊ “ဆိတ်ဓလေ့”မှာ ဒေသတစ်ခုနှင့် တစ်ခု ခြားနားမှုမရှိဘဲ တူညီကြပါ
သည်။ သို့သော် မွေးမြူသည့် ဒေသ၏ ရာသီဥတုနှင့် ပတ်သက်၍ ဒေသဆိတ် များ၏ တုံ့ပြန်မှုများမှာ ခြားနားပါသည်။ ဆိတ်
သည် သဘာ၀အားဖြင့် ပူပြင်းခြောက်သွေ့သော ဒေသနှင့် ရာသီဥတုကို ပို၍ကြိုက်နှစ်သက်၏။ ထိုဒေသ များတွင် ပို၍ဖြစ်
ထွန်း၏။

ဆိတ်ကြိုက်သော အစားအစာများဖြစ်သည့် ဆူးပင်၊ ခြုံပုတ် ပေါများသော တောင်ကုန်း၊ တောင်ပူစာများ၊ ဇီး၊ တမာ၊ ထနောင်း၊
ဘောစကိုင်း၊ ကုက္ကို၊ ဆေးရိုးပင်များ ပေါများ ခြင်းဖြင့် သဘာ၀ ဆိတ်စာများ အလိုရှိသလောက် ရရှိနိုင်၏။ မိုးတွင်းကာလတွင်
မိုးရွာသွန်းမှု အလွန် နည်းပါးသဖြင့် ဆိတ် ကျောင်းသားများမှ ဆိတ်စားကျက်ပေါရာ၊ ရေကြည်ရာ၊ မြက် နုရာနေရာများ ရှာဖွေ
၍ ဆိတ်ကို လွှတ် ကျောင်းခြင်းဖြင့်၊ ဆိတ်စာမရှားသဖြင့် လည်း အညာဒေသသည် အောက်ပိုင်း ဒေသများထက် ဆိတ်ကို စီး
ပွားဖြစ်မွေးမြူကြခြင်း ဖြစ်၏။ “အညာဆိတ်”များကို အောက်ဒေသသို့ သယ်ဆောင်ကြ၍ မွေးမြူကြလို လျှင် မိုးများသော မိုး
တွင်းကာလကို ရှောင်ကြဉ်ရာ၏။

မိုးကာလများတွင် ဆိတ် ကျောင်းသားများမှ အောက်ပြည်၊ အောက် ရွာ၊ ရာသီဥတုနှင့် မယဉ်ပါးသော အညာဆိတ်များကို
ဆိတ်တဲနှင့်ဝေးရာ စားကျက် များသို့ လွှတ်ကျောင်းခြင်း မပြုရန် ကြပ်မတ် ပေးရပါမည်။ “အောက်ဆိတ်”မှာ ဒေသနှင့် ရာသီ
ဥတုကို ရင်းနှီးပြီးဖြစ်သဖြင့် ရာသီကြောင့် ဖြစ်သော၊ အနာ၊ အဖျားများကို ခံနိုင်ရည်ရှိ၏။

အောက်ပြည်၊ အောက်ရွာမှ လွှတ် ကျောင်းမွေးမြူသည့် ဆိတ်များသည် စား ကျက်တွင် စားနေရာမှ မိုးညိုပြီဆိုသည်နှင့် အမိုး
အကာအောက်သို့ ၀င်ရောက်ပြီးဖြစ် ၏။ တချို့ဆိတ်များမှာ မိုးဖွဲဖွဲတွင်ပင် အစားမပျက်တတ် တော်ရုံ၊ တန်ရုံ လေစိမ်းတိုက်
သည့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိ၏။ ရာသီ ဥတုနှင့် ပတ်သက်၍ ယဉ်ပါးပြီးဖြစ်သဖြင့် ရာသီဥတုဖောက်ပြန်မှုကလည်း “ဆိတ်”
ကို အလွယ်တကူဥပါဒ် မပေးနိုင်ပါ။ သို့ သော် အညာဆိတ်များက အောက်ပြည် အောက်ရွာ၏ ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံ
နိုင်ရည် အလွန်နည်း၏။

အတုံးအရုံးသေ ကြေသည်အထိ ဖြစ်ပွားတတ်၏။ စာရေးသူ၏ ကိုယ်တွေ့အဖြစ်အပျက်ကလေးတစ် ခုကို တင်ပြလိုပါသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဖြစ်၏။ နောက်ဆုံး အကြိမ် ကျင်းပပြု လုပ်မည့် ညီလာခံ၌ ကျွေးမွေးရန် မိတ္ထီလာမှ
အညာဆိတ်ကောင်ရေ ၄၀၀ ခန့်ကို လှည်းကူးမြို့နယ်ရှိ၊ ပင်မစစ် လက်နက်ပစ္စည်းတပ် (C.O.D) ၌၊ စခန်းထောက်အဖြစ်
မွေးမြူထားစဉ်က ဖြစ်ပါ သည်။

ဇွန်လ၊ ဇူလိုင်လ မိုးစရွာသည်နှင့် “အညာဆိတ်”များကို မိုးဦးရာသီ၏ တုန့် ပြန်မှုက ပြင်းထန်ကြောင်းတွေ့ရ၏။ ဆိတ်များ
ထားသည့် “ဘားတိုက်”က အလုံပိတ် ဖြစ်၏။ လွှတ်ကျောင်းဆိတ်များ၊ မိုးစိုသဖြင့် အအေးမိကုန်၏။ ကိုယ်ခံအား ကျဆင်း
သော ဆိတ်များမှ စတင်ကာ၊ ပြင်းထန်သော အအေးမိသည့်ဝေဒနာကို စတင်ခံစားရ တော့၏။ နှာရည်“တရွှဲရွှဲ”နှာချေ၍
ထွက် လာသော အသံ“တရွှီးရွှီး”နှင့် ချောင်း“တဟွတ်ဟွတ်”ဆိုးနေသော ဆိတ်များ၏ အသံသည် ဆိတ်အုပ်အတွင်း၌ ဆူ
ညံ နေတော့၏။

အဆိုပါအခြေအနေသည် ဆိတ်အုပ် အတွက် အန္တရာယ်ရှိသည့် အခြေအနေပင် ဖြစ်၏။ အထက်က တင်ပြထားသည့်အ
တိုင်း ဘားတိုက်သည် လေးဘက်၊ လေးတန်၊ ပြု တင်း၊ တံခါးမကြီးများ ပိတ်ထားလျှင် လေ၀င်လေထွက် အလွန်ညံ့ဖျင်း၏။
ဆိတ်ထိန်းသူများမှ ဆိတ်များ အအေးမိ၍ ရောဂါဖြစ်သည်ဟု ယူဆသဖြင့် “ဘားတိုက်”တံခါး များကို အလုံပိတ်ထားတော့
၏။

ရောဂါဖြစ်ဆိတ်များ၊ နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ရောဂါဖြစ်စေသော၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်(စ်) ပိုးများကြောင့် တစ်
ကောင်မှ စလိုက်သောရောဂါသည် ရက်ပိုင်းအတွင်း ဆယ်ဂဏန်း၊ ဆယ်ဂဏန်းမှသည် ရာ ဂဏန်းသို့ ကူးစက်ဖြစ်ပွားလေ
တော့၏။ ဆိတ်များတွင် အထက်က တင်ပြ သကဲ့သို့ အအေးမိ၍ ဖြစ်ပွားလာသည့် ရောဂါကို နမိုးနီးယားရောဂါဟု ခေါ်၏။

အဆိုပါရောဂါတွင် - အသက်ရှုပြင်းခြင်း၊ နှာရည်ကျခြင်း၊ နှာချေဆတ်ခြင်း၊ ဆိတ်၏ ကိုယ်တွင်း သာမန်အပူချိန်တွင်ပင်ဤ
ရောဂါဖြစ်သကဲ့သို့ အပူချိန်မြင့်တက်၊ အဖျား၀င်၍လည်း ဤရောဂါဖြစ်နိုင်ပါ သည်။ (ဆိတ်၏ ကိုယ်တွင်းသာမန်အပူချိန်
သည် အဖျားတိုင်းသာမိုမီတာဖြင့် စအို၀ တိုင်းတာမှုအရ (၁၀၁ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်မှ ၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိ
ဖြစ်နိုင် ပါသည်။

ဖော်ပြပါ အဆုပ်အအေးမိသည့် ဝေဒနာ၊ နမိုးနီးယားရောဂါဖြစ် အခြေအနေသည် အောက်ပါအကြောင်းများကြောင့် ဖြစ်
ပွားတတ်၏။ အအေးမိလာသော ဆိတ်များထားသိုရာသည် အောက်ပါအခြေအနေအတိုင်းဖြစ်ပါက ရောဂါဖြစ်အခြေအ
နေ ပြင်းထန်လာပါသည်။

- ဆိတ်ခြံ၊ လေ၀င်လေထွက်ညံ့ဖျင်း ခြင်း။
- ကောင်ရေများစွာ ထားခြင်း။
- ဆိတ်များထားရာ ကြမ်းခင်းများ ညစ်ပတ်နံစော်ခြင်း။
- ဆိတ်ချေး၊ ဆိတ်သေးများကို စနစ်တကျမစွန့်ပစ်ခြင်း။
- သိမ်းဆည်းခြင်း စသည့်အစီအမံ များမပြုလုပ်နိုင်ခြင်း။
ဤရောဂါဖြစ် အခြေအနေတွင် မွေး မြူသူမှ အောက်ပါအတိုင်းပြုပြင်ဆောင် ရွက်ရန် လိုအပ်ပါသည်။

ဆိတ်ခြံကို၊ လေ၀င်၊ လေထွက် ကောင်းအောင်ပြုပြင်ခြင်း၊ ဆိတ်ကောင်ရေ ကို ကြပ်တီးစွာ များများမထားခြင်း၊ ရောဂါ
ဖြစ်ဆိတ်များကို သီးခြားနေရာ စီစဉ်၍ ကုသပေးခြင်း၊ ဆိတ်များထားရန် ဆိတ်ခြံ၏ နေရာလိုအပ်ချက်ကို တွက်ချက်နိုင်
ရန်အတွက် ဆိတ်တစ်ကောင်၏ အခြေခံလိုအပ် သည့် နေရာအကျယ်အ၀န်းကို သိရှိရန် လိုအပ်ပါသည်။

ဆိတ်မွေးမြူရာ၌ ဆိတ်တစ်ကောင်း ၏ နေရာလိုအပ်ချက်ကို အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။ ဆိတ်ကလေး ၃
ဒသမ ၃ စတုရန်း ပေ၊ ဆိတ်ကြီး ၁၄ စတုရန်းပေ၊ ဆိတ်မကြီး (ဇီးရှိ) ၁၈ စတုရန်းပေ၊ ဆိတ်သိုးကြီး ၂၈ စတုရန်းပေ ဖြစ်ပါ
သည်။

တစ်နိုင်မွေးမြူမည့် သူများအတွက် ဆိတ် သုံးကောင်မှ ငါးကောင်အထိ မွေးမြူလိုပါက နေရာလိုအပ်ချက်မှာ အလျား ရှစ်
ပေ၊ အနံရှစ်ပေနှင့် ဆိတ်ခြံအမြင့် ခုနစ်ပေရှိလျှင် လုံလောက်ပါသည်။ အထက်ဖော်ပြပါ အဆုပ်အအေးမိ ရောဂါ အခြေအ
နေတွင် ခွဲခြားထားသော ဆိတ်များကို ပဋိဇီဝဆေးထိုးပေးခြင်း၊
- Procaine Pewiullin နှင့်ှ့ hfhStreptomycin ဆေးများ ထိုးနှံပေးခြင်း။
- Broad-Spectrun ဟုခေါ်သော Tetrueyclive နှင့် Amoxycillin ဆေးများ တိုက်ကျွေး ကုသပါသည်။

ဤနမိုးနီးယားရောဂါကြောင့် မဟုတ်ဘဲ သာမန်အခြေအနေတွင် ဆိတ်များ ချောင်းဆိုးခြင်း ဖြစ်လာပါက အောက်ပါအ
ခြေ အနေများကြောင့် ဖြစ်ပွားလာကြောင်း ခန့် မှန်းရပါသည်။

-Endoparasites ဟုခေါ်သော ၀မ်း တွင်းသံကောင်များ။
- ဆိတ်များအအေးမိ၍ တုပ်ကွေး ဖျားခြင်း။
- ဖုန်မှုန့်များကပ်သော အစာများ စားမိခြင်း။

နမိုးနီးယားရောဂါကဲ့သို့ သေဆုံးနှုန်းမများပါ။ နမိုးနီးယားရောဂါကဲ့သို့ နှာရည် တရွှဲရွှဲကျခြင်းနှင့် ချေဆတ်ခြင်း နည်းပါး
သည်။ အဆက်မပြတ်ချောင်းဆိုးခြင်းများ ကို တွေ့ရပါသည်။

- ဤအခြေအနေတွင် ရောဂါဖြစ် ဆိတ်ကို ခွဲခြားထားပါ။
- ဆိတ်၏ ရင်၊ အာခေါင်တို့ကို ပရုပ်ပါသောဆီဖြင့် လိမ်းပေးပါ။
- ဓာတ်ခွဲခန်းနီးစပ်ပါက သန်ကောင်ရှိ၊ မရှိ စစ်ဆေးပါ။
- ဆိတ်ချေးများ ပျော့လာပြီး သန် ကောင်ပါသော ၀မ်းသွားတတ်၍ ၀မ်းအခြေအနေကို စောင့်ကြည့်ပါ။
- သန်ရှိကြောင်းသေချာပါက ရောဂါဖြစ်ဆိတ်နှင့် ဆိတ်အုပ်ကို သံချဆေးတိုက် ကျွေးခြင်းဖြင့် ချောင်းဆိုးခြင်းနှင့်
တခြားဒွန်တွဲနေသော ရောဂါများကို ပျောက်ကင်း အောင် ကုသ၍ ရပါသည်။

တိရစ္ဆာန်မွေးမြူရန် စိတ်ပါ၀င်စား သည့် မိသားစုတစ်ခုသည် တိရစ္ဆာန်မွေးမြူ ခြင်းဖြင့် သီးခြား၀င်ငွေတစ်ရပ်ရရှိလိုပါက
အလွယ်တကူမွေးမြူ၍ရသော ဆိတ်ကို မွေးမြူသင့်ပါသည်။ ဆိတ်သည် ကြက်ကဲ့သို့ လူမျိုးမရွေး၊ ဘာသာမရွေး မွေး
မြူ၍ရသော တိရစ္ဆာန်ဖြစ်သည်။ စာရေးသူ၏ အတွေ့အကြုံအရ တိရစ္ဆာန်မွေးမြူရာတွင် ရောဂါဖြစ်ပွားမှု အနည်းဆုံး
သော မွေးမြူရေးမှာဆိတ် မွေးမြူရေးပင်ဖြစ်သည်။

သို့သော်လည်း ဆိတ်မွေးမြူရာတွင် မွေးမြူသည့်ပတ်၀န်း ကျင်နှင့် အဆင်ပြေအောင် မိမိမွေးမြူသည့် ဆိတ်များကို
ထိန်းကျောင်းပေးရန် လိုအပ် ပါသည်။ မွေးမြူသူအနေနှင့် မိမိမွေးမြူထားသည့် ဆိတ်များကို ပတ်၀န်းကျင်နှင့် သဟ
ဇာတတည့်အောင် မွေးမြူနိုင်ပြီဆိုပါက အလွယ်မွေး၍ရသော ဆိတ်များ ကျန်းမာစေဖို့အတွက် နည်းလမ်းကောင်းများ
ရှိပါ ကြောင်း တင်ပြအပ်ပါသည်။

- ဒေါက်တာ ရဲမြင့်
https://www.facebook.com/groups/2642953112651658/?ref=share

[Zawgyi]ဆိတ်နဲ့ပတ်သတ်တာလေးကိုလေ့လာရသလောက်တင်ပြပေးပါမယ်ရှင်🐐ဆိတ်ကလည်းနွားလိုပဲအစာအိမ်လေးခုပါတဲ့စားမြုံ့ပြန်သတ္တဝါပါ။နို့စ...
27/12/2020

[Zawgyi]
ဆိတ်နဲ့ပတ်သတ်တာလေးကိုလေ့လာရသလောက်တင်ပြပေးပါမယ်ရှင်
🐐ဆိတ်ကလည်းနွားလိုပဲအစာအိမ်လေးခုပါတဲ့
စားမြုံ့ပြန်သတ္တဝါပါ။
နို့စားနွားအတွက်စပ်ထားတဲ့ဖြည့်စွက်စာကိုလည်းဆိတ်ကိုကျွေးလို့ရပါတယ်။
🐐ဆိတ်ကအစာကြမ်း၊မြက်အစို ကို တနေ့တာအတွက်
သူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့10%လိုအပ်ပါတယ်
ပြီးတော့ဗီတာမင်နဲ့သတ္တုဓာတ်ရဖို့အတွက်ဖြည့်စွက်စာကိုတနေ့တာအတွက်0.5-1.0kgလိုအပ်ပါတယ်
🐐ဆိတ်ကတနေ့တာအတွက်ရေချို5-9 လီတာလိုအပ်ပါတယ်
(ကိုယ်ခန္ဓာအရွယ်အစားနဲ့ရာသီဥတုအပေါ်မူတည်)
ရေကိုလုံလောက်စွာမသောက်သုံးရရင်ဆိတ်ကရောဂါထူပါတယ်
#ဖြည့်စွက်စာ
ဖြည့်စွက်စာမှာတော့
1)ပြောင်းဖူးမှူန့်-50kg
2) ဖွဲနု-35kg
3) ပဲပိစပ်စေ့ဖတ်(သို့)မြေပဲဖတ်-15kg
4) ဆားမှူန့်-3kg
5) အရိုးမှူန့်-2 kg အကြမ်းဖျင်းပါဝင်ပါတယ်

#ဆိတ်သားပေါက်အတွက်အစာ
ဒီအချိန်ဟာဆိတ်ရဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးမှူအတွက်အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်မွေးပြီး10ရက်အတွင်းမှာဆိတ်ကလေးဟာ
ကိုယ်ခန္ဓာအပူချိန်ကပုံမှန်မဟုတ်၊ရောဂါကာကွယ်နိုင်စွမ်းနည်း
အသားအရည်နှူးညံ့ပြီး၊အစာအိမ်လမ်းကြောင်းကဆဲလ်တွေလည်းမသန်မာသေးတဲ့အတွက်
မိခင်ရဲ့နို့ဦးရည်ကလွဲလို့ဘာမှကျွေးလို့မရပါဘူး
မွေးပြီး10-40ရက်အတွင်းမှာနို့ကဆိတ်သားပေါက်အတွက်အဓိကအစာပါ။

🐐40-80ရက်သားမှာအစာစိမ်းကျွေးလို့ရပါပြီ။80ရက်သားမှာသန်မာတဲ့ဆိတ်သားပေါက်ကလေးတွေကိုနို့ဖြတ်လို့ရပါပြီ။
မွေးမြူသူတွေအနေနဲ့လည်းဆိတ်သားပေါက်ကို
နို့ဖျော်စပ်တိုက်ကျွေးလို့ရပါတယ်
မွေးပြီး10-40ရက်အတွင်းမှာတရက်ကိုနို့လိုအပ်ချက်က
600-1200ccပါ 4-5ခါခွဲကျွေးလို့ရပါတယ်
40-60ရက်သားမှာ400-500ccပါ
3-4ခါခွဲကျွေးလို့ရပါတယ်
80ရက်ကျော်ရင်တဖြည်းဖြည်းလျော့ပြီးနို့ဖြတ်လို့ရပါပြီ
နို့အပူချိန်က38°C-40°Cရှိဖို့လိုပါတယ်
နို့အပူချိန်35°Cအောက်(သို့)43°C အထက် ကိုမကျွေးသင့်ပါဘူး
ဆိတ်သားပေါက်ရောဂါရပြီးအန္တရာယ်ရှိတတ်ပါတယ်။

#အရွယ်ရောက်ပြီးဆိတ်အစာ
🐐နို့ဖြတ်ပြီးစအရွယ်မှမျိုးပွားတဲ့အရွယ်အထိဆိုရင်
ဆိတ်တွေရဲ့ကိုယ်ခန္ဓာအရိုးတည်ဆောက်မှူ၊ကြွက်သားတည်ဆောက်မှူ
မျိုးပွားမှူအတွက်တည်ဆောက်မှူတွေရှိပါတယ်
အဲဒီအတွက် နို့ဖြတ်ပြီးတာနဲ့အစာစိမ်းကိုအဓိကအစာအနေနဲ့ကျွေးသင့်ပြီးဖြည့်စွက်စာကိုလည်းအနည်းငယ်ကျွေးသင့်ပါတယ်။

#ဆိတ်တွေကြီးထွားသန်မာပြီးအလေးချိန်စီးဖို့အစာစပ်နည်း8မျိုးပါ

#နည်း1:
ငှက်ပျောပင်ကိုအဓိကအစာအဖြစ်ကျွေးတာပါ
ငှက်ပျောပင်ကိုနုတ်နုတ်စင်းပြီးအစာတောင့်နဲ့ရောကျွေးတာပါ
အစာစိမ်းရှားတဲ့အရပ်ဒေသအတွက်သင့်လျှော်ပါတယ်
#နည်း2;
ဘောစကိုင်းအရွက်ကျွေးခြင်း
ဘောစကိုင်းရွက်မှာ(mimosine)ဆိုတဲ့အဆိပ်ပါဝင်တဲ့အတွက်
နွားတွေကိုရေရှည်ကျွေးရင်ကိုယ်ခံအားကျပြီးဖျားနာတတ်ပါတယ်
ဒါပေမဲ့ဆိတ်တွေကိုလာကျွေးတဲ့အခါမှာဆိုးကျိုးမတွေ့ရပါဘူး
အစာစဉ်းစက်နဲ့စဉ်းပြီးကျွေးနိုင်သလို၊အကိုင်းခုတ်ပြီးခြံထဲမှာချထားပြီးစားခိုင်းရင်လဲဆိတ်ကလေးတွေကိုကျန်းမာသန်စွမ်းစေပါတယ်
#နည်း3;
ဆီအုန်းအရွက်ကျွေးခြင်း
အစာစိမ်းရှားပါးတဲ့အချိန်တွေမှာအသုံးပြုနိုင်ပါတယ်
ဆီအုန်းအလက်ကိုအစာစဉ်းစက်နဲ့စဉ်းပြီးမခြောက်အောင်ဆာလာအိတ်ထဲထည့်ပြီးဖြည့်စွက်စာနဲ့ရောကျွေးနိုင်ပါတယ်
ဆီအုန်းလက်စဉ်းပြီးသား2kgနဲ့ဖြည့်စွက်စာ0.4kgကျွေးလို့ရပါတယ်
ဆီအုန်းလက်30ကိုဆိတ်အကောင်ရေ100ကျွေးလို့ရပါတယ်
ဒီနည်းကမွေးမြူရေးစားရိတ်လျော့ချနိုင်ပြီး
ဆိတ်ကလေးတွေသန်မာကြီးထွားပြီးသန်ကောင်ကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်နိုင်ပါတယ်
#နည်း4;
ဆီထုတ်ပြီးသားဆီအုန်းဖတ်ကျွေးခြင်း
ဒီနည်းကတော့ဆိတ်တွေကိုယ်ခံအားကောင်းပြီးရောဂါကာကွယ်နိုင်ပါတယ်
1)ဆီထုတ်ပြီးသားဆီအုန်းဖက်-100kg
2) ဆီအုန်းအစေ့-50kg
3) စပ်စာ၊အစာတောင့်-50kg
အထက်ပါ3မျိုးကိုနှံ့စပ်အောင်ရောစပ်ပြီး
အသားတိုးဆိတ်ကိုတနေ့တာအတွက်မနတ်-ည2ခါကျွေးပါ
အမျိုးထားတဲ့ဆိတ်မကိုတော့မနတ်စာ1ခါပဲကျွေးပါ
#နည်း5;
ပဲပိစပ်အခွံကိုကြိတ်ပြီးကျွေးတာပါ
ပဲပိစပ်စေ့အခွံမှာပရိုတင်းနဲ့အရေးကြီးတဲ့အစာအဟာရပါဝင်နှူန်းများပါတယ်အသားတိုးဆိတ်ကိုလာကျွေးမယ်ဆိုရင်
အရည်အသွေးကောင်းပြီးစားလို့ကောင်းတဲ့ဆိတ်သားရပါတယ်
1)အစာတောင့်၊စပ်စာ-တစိတ်
2)ပဲပိစပ်အခွံကြိတ်ပြီးသား-တစိတ်
3)မြက်-တစိတ်
အားလုံးကိုရောသမမွေပြီး ညနေစာတနပ်ပဲကျွေးပါ
အဲ့လိုဆိုရင်အရည်အသွေးကောင်းတဲ့ဆိတ်သားရပါတယ်။

#အကြံပေးချက်
ဆိတ်ကိုလွတ်ကျောင်းမယ်ဆိုရင်နေ့လည်ပိုင်းအချိန်မှလွတ်တာအကောင်းဆုံးပါ လွတ်ကျောင်းခြင်းအားဖြင့်ဆိတ်တွေကျန်းမာပါတယ်
မနတ်ပိုင်းအချိန်မှာမြေကြီးပေါ်မှာ၊မြက်ခင်းပေါ်မှာသန်ကောင်ဥတွေကပ်နေတဲ့အတွက်ဆိတ်တွေရောဂါရတတ်ပါတယ်။

#ပလောပီနံကျွေးခြင်း
ဒီနည်းကဆိတ်အတွက်လိုအပ်တဲ့အစာအဟာရအပြည့်ရပါတယ်
1)ပလောပီနံ-တစိတ်
2)ဘောစကိုင်း-တစိတ်
3)ဖွဲနုတစိတ်
4)ပဲပိစပ်ဖတ်-တစိတ်
ပလောပီနံနဲ့ဘောစကိုင်းကိုနုတ်နုတ်စင်းပြီး
ဖွဲနုနဲ့ဆီထုတ်ပြီးသားပဲပိစပ်ဖတ်ကိုရောနယ်ပြီးကျွေးလို့ရပါတယ်။

#ပြောင်းဖူးပင်ကျွေးခြင်း
ပရိုတင်းဓာတ်ဖြည့်ပေးပြီးမွေးမြူရေးစားရိတ်တဝက်လျော့ချပေးပါတယ်
1.ပြောင်းပင်စင်းပြီးသား-30kg
2.ဘောစကိုင်းအပင်နဲ့အရွက်စဉ်းပြီးသား-3kg
3.သာကူမှူန့်-2kg
ပါဝင်ပစ္စည်းများကိုရောစပ်ပြီးလေလုံတဲ့အိပ်မှာထည့်သိမ်းပြီး7ရက်မြောက်နေ့မှဆိတ်ကိုကျွေးပါ။

#မြက်ကိုဆားဖြင့်ချဉ်ဖောက်ကျွေးခြင်း
ဒီနည်းကအစာကိုရေရှည်သိမ်းထားနိုင်ပြီး
ပရိုတင်းပါဝင်မှူနှူန်းကဖြည့်စွက်စာနဲ့ညီပါတယ်
1.မြက်(ဘယ်လိုအမျိုးအစားမဆို)၊ဘောစကိုင်း၊ပြောင်းဖူး၊ပလောပီနံ၊
ဆီအုန်းလက်၊ကြံရွက်ဘယ်အရာမဆိုတမျိုးစီလဲရရောရာလဲရပါတယ်
100kg
2.ဆားခဲ-1kg
3.200လီတာဆန့်သောပုံးတပုံး
ပြုလုပ်နည်း;ဆားကိုလေးပုံပုံပါ
နံပါတ်1မှာပါတဲ့အရွက်တွေကိုနုတ်နုတ်စင်းပါ
ဆားတပုံကို200လီတာဆန့်တဲ့ပုံထဲအနှံ့ဖြန့်ပြီးဖြူးပါ
စဉ်းထားသောအရွက်တဝက်ထည့်ပါ
ပြီးတော့သိပ်သည်းအောင်၊လေမခိုအောင်တက်နင်းပေးပါ
ဆားတပုံအရွက်ပေါ်ထပ်ဖြူးပါ
စဉ်းထားသောအရွက်အကုန်ထည့်ပါ
လေမခိုအောင်တက်နင်းပေးပါ
ပြီးတော့ကျန်တဲ့ဆား2ပုံထည့်ပြီးပုံးကိုလေလုံအောင်ပိတ်ထားပါ
21ရက်မြောက်နေ့မှာယူလာကျွေးလို့ရပါပြီ
ဆိတ်ကိုမနတ်စာနဲ့ညစာကျွေးပါ
မြက်ကိုဆားနဲ့အချဉ်ဖောက်တာကတခါလုပ်ပြီးရင်တနှစ်ထားလို့ရပါတယ်
#အထက်ပါအကြောင်းအရာတွေကထိုင်းနိုင်ငံမွေးမြူရေးပညာရှင်တွေတင်ပြထားတဲ့အချက်အလက်တွေကိုဘာသာပြန်ပေးထားတာပါရှင်
အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်

[Unicode]

ဆိတ်နဲ့ပတ်သတ်တာလေးကိုလေ့လာရသလောက်တင်ပြပေးပါမယ်ရှင်
ဆိတ်ကလည်းနွားလိုပဲအစာအိမ်လေးခုပါတဲ့စားမြုံ့ပြန်သတ္တဝါပါ
နို့စားနွားအတွက်စပ်ထားတဲ့ဖြည့်စွက်စာကိုလည်းဆိတ်ကိုကျွေးလို့ရပါတယ်
ဆိတ်ကအစာကြမ်း၊မြက်အစို ကို တနေ့တာအတွက်သူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့10%လိုအပ်ပါတယ်
ပြီးတော့ဗီတာမင်နဲ့သတ္တုဓာတ်ရဖို့အတွက်ဖြည့်စွက်စာကိုတနေ့တာအတွက်0.5-1.0kgလိုအပ်ပါတယ်
ဆိတ်ကတနေ့တာအတွက်ရေချို5-9 လီတာလိုအပ်ပါတယ်
(ကိုယ်ခန္ဓာအရွယ်အစားနဲ့ရာသီဥတုအပေါ်မူတည်)
ရေကိုလုံလောက်စွာမသောက်သုံးရရင်ဆိတ်ကရောဂါထူပါတယ်
#ဖြည့်စွက်စာ
ဖြည့်စွက်စာမှာတော့
1)ပြောင်းဖူးမှူန့်-50kg
2) ဖြဲနု-35kg
3) ပဲပိစပ်စေ့ဖတ်(သို့)မြေပဲဖတ်-15kg
4) ဆားမှူန့်-3kg
5) အရိုးမှူန့်-2 kg အကြမ်းဖျင်းပါဝင်ပါတယ်။

#ဆိတ်သားပေါက်အတွက်အစာ
ဒီအချိန်ဟာဆိတ်ရဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးမှူအတွက်အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်မွေးပြီး10ရက်အတွင်းမှာဆိတ်ကလေးဟာ
ကိုယ်ခန္ဓာအပူချိန်ကပုံမှန်မဟုတ်၊ရောဂါကာကွယ်နိုင်စွမ်းနည်း
အသားအရည်နှူးညံ့ပြီး၊အစာအိမ်လမ်းကြောင်းကဆဲလ်တွေလည်းမသန်မာသေးတဲ့အတွက်
မိခင်ရဲ့နို့ဦးရည်ကလွဲလို့ဘာမှကျွေးလို့မရပါဘူး
မွေးပြီး10-40ရက်အတွင်းမှာနို့ကဆိတ်သားပေါက်အတွက်အဓိကအစာပါ။

🐐40-80ရက်သားမှာအစာစိမ်းကျွေးလို့ရပါပြီ
80ရက်သားမှာသန်မာတဲ့ဆိတ်သားပေါက်ကလေးတွေကိုနို့ဖြတ်လို့ရပါပြီ
မွေးမြူသူတွေအနေနဲ့လည်းဆိတ်သားပေါက်ကို
နို့ဖျော်စပ်တိုက်ကျွေးလို့ရပါတယ်
မွေးပြီး10-40ရက်အတွင်းမှာတရက်ကိုနို့လိုအပ်ချက်က
600-1200ccပါ 4-5ခါခွဲကျွေးလို့ရပါတယ်
40-60ရက်သားမှာ400-500ccပါ
3-4ခါခွဲကျွေးလို့ရပါတယ်
80ရက်ကျော်ရင်တဖြည်းဖြည်းလျော့ပြီးနို့ဖြတ်လို့ရပါပြီ
နို့အပူချိန်က38°C-40°Cရှိဖို့လိုပါတယ်
နို့အပူချိန်35°Cအောက်(သို့)43°C အထက် ကိုမကျွေးသင့်ပါဘူး
ဆိတ်သားပေါက်ရောဂါရပြီးအန္တရာယ်ရှိတတ်ပါတယ်။

#အရွယ်ရောက်ပြီးဆိတ်အစာ
နို့ဖြတ်ပြီးစအရွယ်မှမျိုးပွားတဲ့အရွယ်အထိဆိုရင်
ဆိတ်တွေရဲ့ကိုယ်ခန္ဓာအရိုးတည်ဆောက်မှူ၊ကြွက်သားတည်ဆောက်မှူ
မျိုးပွားမှူအတွက်တည်ဆောက်မှူတွေရှိပါတယ်
အဲဒီအတွက် နို့ဖြတ်ပြီးတာနဲ့အစာစိမ်းကိုအဓိကအစာအနေနဲ့ကျွေးသင့်ပြီးဖြည့်စွက်စာကိုလည်းအနည်းငယ်ကျွေးသင့်ပါတယ်

#ဆိတ်တွေကြီးထွားသန်မာပြီးအလေးချိန်စီးဖို့အစာစပ်နည်း8မျိုးပါ

#နည်း1:
ငှက်ပျောပင်ကိုအဓိကအစာအဖြစ်ကျွေးတာပါ
ငှက်ပျောပင်ကိုနုတ်နုတ်စင်းပြီးအစာတောင့်နဲ့ရောကျွေးတာပါ
အစာစိမ်းရှားတဲ့အရပ်ဒေသအတွက်သင့်လျှော်ပါတယ်
#နည်း2;
ဘောစကိုင်းအရွက်ကျွေးခြင်း
ဘောစကိုင်းရွက်မှာ(mimosine)ဆိုတဲ့အဆိပ်ပါဝင်တဲ့အတွက်
နွားတွေကိုရေရှည်ကျွေးရင်ကိုယ်ခံအားကျပြီးဖျားနာတတ်ပါတယ်
ဒါပေမဲ့ဆိတ်တွေကိုလာကျွေးတဲ့အခါမှာဆိုးကျိုးမတွေ့ရပါဘူး
အစာစဉ်းစက်နဲ့စဉ်းပြီးကျွေးနိုင်သလို၊အကိုင်းခုတ်ပြီးခြံထဲမှာချထားပြီးစားခိုင်းရင်လဲဆိတ်ကလေးတွေကိုကျန်းမာသန်စွမ်းစေပါတယ်
#နည်း3;
ဆီအုန်းအရွက်ကျွေးခြင်း
အစာစိမ်းရှားပါးတဲ့အချိန်တွေမှာအသုံးပြုနိုင်ပါတယ်
ဆီအုန်းအလက်ကိုအစာစဉ်းစက်နဲ့စဉ်းပြီးမခြောက်အောင်ဆာလာအိတ်ထဲထည့်ပြီးဖြည့်စွက်စာနဲ့ရောကျွေးနိုင်ပါတယ်
ဆီအုန်းလက်စဉ်းပြီးသား2kgနဲ့ဖြည့်စွက်စာ0.4kgကျွေးလို့ရပါတယ်
ဆီအုန်းလက်30ကိုဆိတ်အကောင်ရေ100ကျွေးလို့ရပါတယ်
ဒီနည်းကမွေးမြူရေးစားရိတ်လျော့ချနိုင်ပြီး
ဆိတ်ကလေးတွေသန်မာကြီးထွားပြီးသန်ကောင်ကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်နိုင်ပါတယ်
#နည်း4;
ဆီထုတ်ပြီးသားဆီအုန်းဖတ်ကျွေးခြင်း
ဒီနည်းကတော့ဆိတ်တွေကိုယ်ခံအားကောင်းပြီးရောဂါကာကွယ်နိုင်ပါတယ်
1)ဆီထုတ်ပြီးသားဆီအုန်းဖက်-100kg
2) ဆီအုန်းအစေ့-50kg
3) စပ်စာ၊အစာတောင့်-50kg
အထက်ပါ3မျိုးကိုနှံ့စပ်အောင်ရောစပ်ပြီး
အသားတိုးဆိတ်ကိုတနေ့တာအတွက်မနတ်-ည2ခါကျွေးပါ
အမျိုးထားတဲ့ဆိတ်မကိုတော့မနတ်စာ1ခါပဲကျွေးပါ
#နည်း5;
ပဲပိစပ်အခွံကိုကြိတ်ပြီးကျွေးတာပါ
ပဲပိစပ်စေ့အခွံမှာပရိုတင်းနဲ့အရေးကြီးတဲ့အစာအဟာရပါဝင်နှူန်းများပါတယ်အသားတိုးဆိတ်ကိုလာကျွေးမယ်ဆိုရင်
အရည်အသွေးကောင်းပြီးစားလို့ကောင်းတဲ့ဆိတ်သားရပါတယ်
1)အစာတောင့်၊စပ်စာ-တစိတ်
2)ပဲပိစပ်အခွံကြိတ်ပြီးသား-တစိတ်
3)မြက်-တစိတ်
အားလုံးကိုရောသမမွေပြီး ညနေစာတနပ်ပဲကျွေးပါ
အဲ့လိုဆိုရင်အရည်အသွေးကောင်းတဲ့ဆိတ်သားရပါတယ်။

#အကြံပေးချက်
ဆိတ်ကိုလွတ်ကျောင်းမယ်ဆိုရင်နေ့လည်ပိုင်းအချိန်မှလွတ်တာအကောင်းဆုံးပါ လွတ်ကျောင်းခြင်းအားဖြင့်ဆိတ်တွေကျန်းမာပါတယ်
မနတ်ပိုင်းအချိန်မှာမြေကြီးပေါ်မှာ၊မြက်ခင်းပေါ်မှာသန်ကောင်ဥတွေကပ်နေတဲ့အတွက်ဆိတ်တွေရောဂါရတတ်ပါတယ်။

#ပလောပီနံကျွေးခြင်း
ဒီနည်းကဆိတ်အတွက်လိုအပ်တဲ့အစာအဟာရအပြည့်ရပါတယ်
1)ပလောပီနံ-တစိတ်
2)ဘောစကိုင်း-တစိတ်
3)ဖွဲနုတစိတ်
4)ပဲပိစပ်ဖတ်-တစိတ်
ပလောပီနံနဲ့ဘောစကိုင်းကိုနုတ်နုတ်စင်းပြီး
ဖွဲနုနဲ့ဆီထုတ်ပြီးသားပဲပိစပ်ဖတ်ကိုရောနယ်ပြီးကျွေးလို့ရပါတယ်။

#ပြောင်းဖူးပင်ကျွေးခြင်း
ပရိုတင်းဓာတ်ဖြည့်ပေးပြီးမွေးမြူရေးစားရိတ်တဝက်လျော့ချပေးပါတယ်
1.ပြောင်းပင်စင်းပြီးသား-30kg
2.ဘောစကိုင်းအပင်နဲ့အရွက်စဉ်းပြီးသား-3kg
3.သာကူမှူန့်-2kg
ပါဝင်ပစ္စည်းများကိုရောစပ်ပြီးလေလုံတဲ့အိပ်မှာထည့်သိမ်းပြီး7ရက်မြောက်နေ့မှဆိတ်ကိုကျွေးပါ

#မြက်ကိုဆားဖြင့်ချဉ်ဖောက်ကျွေးခြင်း
ဒီနည်းကအစာကိုရေရှည်သိမ်းထားနိုင်ပြီး
ပရိုတင်းပါဝင်မှူနှူန်းကဖြည့်စွက်စာနဲ့ညီပါတယ်
1.မြက်(ဘယ်လိုအမျိုးအစားမဆို)၊ဘောစကိုင်း၊ပြောင်းဖူး၊ပလောပီနံ၊
ဆီအုန်းလက်၊ကြံရွက်ဘယ်အရာမဆိုတမျိုးစီလဲရရောရာလဲရပါတယ်
100kg
2.ဆားခဲ-1kg
3.200လီတာဆန့်သောပုံးတပုံး
ပြုလုပ်နည်း;ဆားကိုလေးပုံပုံပါ
နံပါတ်1မှာပါတဲ့အရွက်တွေကိုနုတ်နုတ်စင်းပါ
ဆားတပုံကို200လီတာဆန့်တဲ့ပုံထဲအနှံ့ဖြန့်ပြီးဖြူးပါ
စဉ်းထားသောအရွက်တဝက်ထည့်ပါ
ပြီးတော့သိပ်သည်းအောင်၊လေမခိုအောင်တက်နင်းပေးပါ
ဆားတပုံအရွက်ပေါ်ထပ်ဖြူးပါ
စဉ်းထားသောအရွက်အကုန်ထည့်ပါ
လေမခိုအောင်တက်နင်းပေးပါ
ပြီးတော့ကျန်တဲ့ဆား2ပုံထည့်ပြီးပုံးကိုလေလုံအောင်ပိတ်ထားပါ
21ရက်မြောက်နေ့မှာယူလာကျွေးလို့ရပါပြီ
ဆိတ်ကိုမနတ်စာနဲ့ညစာကျွေးပါ
မြက်ကိုဆားနဲ့အချဉ်ဖောက်တာကတခါလုပ်ပြီးရင်တနှစ်ထားလို့ရပါတယ်
#အထက်ပါအကြောင်းအရာတွေကထိုင်းနိုင်ငံမွေးမြူရေးပညာရှင်တွေတင်ပြထားတဲ့အချက်အလက်တွေကိုဘာသာပြန်ပေးထားတာပါရှင်
အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်
ချစ်ခင်လေးစားစွာဖြင့်
Sweet Grass
09448253987

25/12/2020

ဘယ်မှမသွားရတော့ဆိတ်ကျောင်းနေပါသည်

21/12/2020

အိမ်ပြန်ချိန်

Address

Naypyidaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959797640984

Website

Alerts

Be the first to know and let us send you an email when ADL ဆိတ်မွေးမြူရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ADL ဆိတ်မွေးမြူရေး:

Videos

Share

Category

Other Naypyidaw pet stores & pet services

Show All