မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic

  • Home
  • Myanmar
  • Naypyidaw
  • မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic

မင်း တိရစ္ဆာန်ကု ဆေးခန်း     Minn pet clinic Caring pets with the best service

မနက်ဖြန် တန်ဆောင်မုန်း လပြည့်နေ့  ဆေးခန်း တစ်ရက် ပိတ်ပါမယ် ခင်ဗျာ
14/11/2024

မနက်ဖြန် တန်ဆောင်မုန်း လပြည့်နေ့ ဆေးခန်း တစ်ရက် ပိတ်ပါမယ် ခင်ဗျာ

သီတင်းကျွတ်ပိတ်ပါတယ်ခင်ဗျာ ။
15/10/2024

သီတင်းကျွတ်ပိတ်ပါတယ်ခင်ဗျာ ။

Sharing is caring !ဝမ်ဝမ်းလေး အမြန်ပြန်တွေ့ပါစေ🙏
23/09/2024

Sharing is caring !
ဝမ်ဝမ်းလေး အမြန်ပြန်တွေ့ပါစေ🙏

“တွေ့ရှိပါက ဆုငွေ ၅ သိန်း ကျေးဇူးဆပ်ပါမည်” တဲ့မစ်ကီလေး အမြန်တွေ့ပါစေ🙏“Sharing is Caring “
05/09/2024

“တွေ့ရှိပါက ဆုငွေ ၅ သိန်း ကျေးဇူးဆပ်ပါမည်” တဲ့
မစ်ကီလေး အမြန်တွေ့ပါစေ🙏

“Sharing is Caring “

ဆေးတွေ စျေးတက်ပြီးလိုသလောက် ပြန်ဝယ်လို့မရနေပေမဲ့…..Baby လေးတွေအတွက်ဆို ဘာမဆို လိုအပ်သလို..ဂရုစိုက်ပေးနေသူ pawrent တို့ကိ...
18/08/2024

ဆေးတွေ စျေးတက်ပြီး
လိုသလောက် ပြန်ဝယ်လို့မရနေပေမဲ့…..
Baby လေးတွေအတွက်ဆို ဘာမဆို လိုအပ်သလို..
ဂရုစိုက်ပေးနေသူ pawrent တို့ကို လေးစားလျက်🥰🙏

Human တွေ ဘယ်လောက်အလုပ်ရှုပ်ရှုပ်…,မြောင်ကလည်း မြောင့်အလုပ် အိပ်မှာပဲ 😴💤
11/08/2024

Human တွေ ဘယ်လောက်အလုပ်ရှုပ်ရှုပ်…,
မြောင်ကလည်း မြောင့်အလုပ် အိပ်မှာပဲ 😴💤

08/08/2024

🥰😍😍

ပန်ပန် ရဲ့ လှပနေမှုကြီး   😍😍😍
06/08/2024

ပန်ပန် ရဲ့ လှပနေမှုကြီး 😍😍😍

ချစ်ဖို့ကောင်းတဲ့ ဒေါ်လာ…ဆေးသောက်ဖို့ ready စောင့်နေတာ🥰
29/07/2024

ချစ်ဖို့ကောင်းတဲ့ ဒေါ်လာ…
ဆေးသောက်ဖို့ ready စောင့်နေတာ🥰

သန်း မွှား လှေး ဝဲ သတ်အစက်ချဆေး (Detick) နှင့် အိမ်မွေးတိရစ္ဆာန်‌Detick လို့ပြောလိုက်တာနဲ့ ခွေးချစ်သူတွေ ကြောင်ချစ်သူတော...
25/04/2024

သန်း မွှား လှေး ဝဲ သတ်အစက်ချဆေး (Detick) နှင့် အိမ်မွေးတိရစ္ဆာန်

‌Detick လို့ပြောလိုက်တာနဲ့ ခွေးချစ်သူတွေ ကြောင်ချစ်သူတော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။တော်တော်များများလည်းအသုံးပြုဖူးကြပါတယ်။တချို့ကလည်းစနစ်တကျအသုံးပြုနည်းကို တိကုဆရာဝန်တွေကညွှန်ပေးလို့ သိပြီးကောင်းစွာအသုံးပြုတတ်ကြပါတယ်။သို့သော်လည်း ယခုကာလတွင် အိမ်မွေးတိရစ္ဆာန် ဆက်စပ်ပစ္စည်းအရောင်းဆိုင်တွေအပြင် ဈေးအတွင်းကဆေးဆိုင်အချို့ကလည်းအလွယ်တကူရောင်းပေးကြပါတယ်။ဒါပေမယ့် ဘယ်လိုအသုံးပြုရမယ်။ဘယ်လိုအသုံးပြုပေးသင့်တယ်။ဆိုကျိုးဘာတွေရှိတယ်။ဘယ်နစ်လတစ်ခါသုံးပေးရမယ်ဆိုတာကိုတော့ တိတိကျကျညွှန်းပေးနိုင်ခြင်းမရှိတာကြောင့် ခွေးချစ်သူနဲ့ကြောင်ချစ်သူတော်တော်များများလည်းအခက်တွေ့နေကြပါတယ်။တချို့ကလည်း ရမ်းသမ်းအသုံးပြုနေကြရတော့ အဲ့ဆေးကြောင့်စိတ်မချမ်းမသာဖြစ်နေရတာကို ကျွန်တော့်ဆေးခန်းလာပြသူတော်တော်များများကိုတွေ့ရပါတယ်။

အဲ့တော့ Detickဆိုတဲ့သန်း မွှား လှေး ဝဲသတ်ဆေးအကြောင်းကိုဆွေးနွေးကြည့်ရအောင်ပါ။

Detickဆိုတဲ့ဆေးဟာ chemical compoundဆေးတစ်မျိုးဖြစ်ဖြစ်ပြီး သန်း မွှား လှေး ဝဲပိုး ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Gamma Amino Butyric acid ကို
ဟန့်တားပေးတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ဒီဆေးဟာဆိုရင်တော့ ခွေးကြောင်လေးတွေအသက် ၈ ပတ်သား သို့မဟုတ် ၂ လသားမှာမှစတင်အသုံးပြုဖို့အတွက် သူ့ဆေးအညွှန်းကညွှန်းထားပါတယ်။

ဒီဆေးအစက်ချဆေးဟာစတင်အသုံးပြုပြီးတာနဲ့ သူ့ရဲ့အာနိသင်ဟာ သန်း‌ လှေး ကို ၄၈ နာရီအတွင်းသတ်ပေးနိုင်သလို မွှားကိုတော့ ၂၄နာရီအတွင်းသုတ်သင်ပေးနိုင်တာကိုတွေ့ရပါတယ်။

၎င်းဆေးဟာ တစ်ခါအစက်ချပြီးရင် ကြောင်သန်း လှေးကို ၅ ပတ်လောက်ထိသတ်ပေးနိုင်ပါတယ်။ခွေး သန်း လှေး ကိုတော့ ၂ လထိသတ်ပေးနိုင်ပါတယ်။တစ်နည်းပြောရရင် သန်း လှေး ရှိတဲ့ ကြောင်တွေဆို ၅ ပတ်တစ်ခါအသုံးပြုပေးနိုင်ပါတယ်။ ခွေးသန်း လှေးရှိတဲ့အကောင်တွေဆိုရင် ၂ လမှတစ်ကြိမ်အသုံးပြုပေးရမယ်လို့ဆိုလိုတာပါ။

ခွေးကြောင်မွှားတွေကိုတော့ တစ်လတိတိသတ်ပေးနိုင်ပါတယ်။တစ်နည်းအားဖြစ် မွှားအတွက်အသုံးပြုမယ်ဆိုရင်တစ်လတစ်ကြိမ်အသုံးပြုပေးရမှာဖြစ်ပါတယ်။အဲ့တော့ကိုယ်ကဒီဆေးကို သန်းသတ်ချင်တာလား လှေးသတ်ချင်တာလား မွှားအတွက်အသုံးပြုမှာလားပေါ်မူတည်ပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။

ဒီဆေးကိုအသုံးပြု‌ပြီး ၄၈ နာရီကြာမှသာရေချိုးပေးရမယ်ဆိုတာလည်းသိထားသင့်ပါတယ်။ဆေးအသုံးပြုခင် တစ်ရက် သို့မဟုတ် နှစ်ရက် ကြိုတင်ပြီး ရေချိုးပေးထားရမှာဖြစ်ပါတယ်။ရေချိုးပေးပြီး တစ်ရက် နှစ်ရက်ကြာမှ သာဆေးကိုအသုံးပြုပေးရမှာဖြစ်ပါတယ်။

#ဆေးအသုံးပြုပုံ

ခွေးကြောင် ခန္ဓာကိုယ်အလေးချိန် ၁၀ ကီလို ဆိုရင် ဆေး ၁ စီစီ တစ်လုံးအစက်ချအသုံးပြုပေးရမှာဖြစ်ပါတယ်။

အကယ်၍ မိမိခွေးဟာ ၁၁-၂၀ ကီလိုရှိတယ်ဆိုရင်တော့ ဆေး ၁စီစီ ပုလင်း ၂လုံးအသုံးပြုပေးရမှာဖြစ်ပါတယ်။

အသုံးပြုမယ်ဆိုရင် ခွေးကြောင်လေးများ ဂုတ်အထက်မှာရှိတဲ့အမွှေးကို လက်နဲ့ အရေပြားပေါ်အောင်သပ်ပေးပြီး ဆေးကိုအစက်ချပေးရမှာဖြစ်ပါတယ်။အဓိကအားဖြင့်ခွေး လျှာနဲ့ လှမ်းလျက်လို့မမီတဲ့နေရာကိုအစက်ချပေးရမှာဖြစ်ပါတယ်။

ဆေးအသုံးပြုပြီး ၃ ရက်နေမှသာရေချိုးပေးသင့်ပါတယ်။ထိုနောက် မိမိရဲ့အိမ်မွေးတိရစ္ဆာန်လေးများကို ခြောက်သွေ့နေအောင်ထားပေးရမှာဖြစ်ပါတယ်။

#သတိပြုရန်အချက်များ

ကလေးများမမြင်နိုင်တဲ့နေရာတွင်ထားရန်။

ခွေးကြောင် ငယ်လေးများတွင် အသက် ၆ပတ်အောက်တွင်အသုံးမပြုပေးရပါ။

ကာကွယ်ဆေးထိုးထိုးပြီးချင်း အသုံးမပြုရ။

တိရစ္ဆာန်‌ ဆေးကု ဆရာဝန် လမ်းညွှန်ချက်မပါပဲ အလွန်အကျွံအသုံးမပြုရ။

References
www.pet.com
ဒေါက်တာခွန်သူရ
တိရစ္ဆာန် ဆေးကု ဆရာဝန်
B.V.Sc,E.D.B.M(MESI),E.D.B.A.M(Abe UK)

နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးစွမ်းနိုင်ဖို့ ခေတ္တ Refresh….
09/04/2024

နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးစွမ်းနိုင်ဖို့ ခေတ္တ Refresh….

အပူဒဏ်ကာကွယ်ရေး   ဂရုပြုရန်
08/04/2024

အပူဒဏ်ကာကွယ်ရေး ဂရုပြုရန်

ပူပြင်းတဲ့နွေရာသီ နှင့် ခွေးများအသက်ဆုံးရှုံးစေနိုင်သော အပူရှပ်ခြင်း 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ဖြစ်ပါက ဆောင်ရွက်ရမည့်အရေးပေါ်အသက်ကယ်နည်းများ

ဒီနှစ်နွေဟာ ခါတိုင်းထက်ပိုပူပါတယ်။ ပူရတဲ့အထဲ လျှပ်စစ်မီးပါပျက်တော့ နေရိပ်ထဲ၊ အိမ်ထဲနေလည်း ပန်ကာ၊ 𝗔𝗶𝗿𝗰𝗼𝗻 မဖွင့်ထားနိုင်တော့ ပိုပြီး နေမထိထိုင်မရအောင်ကိုပူပါတယ်။ အမွေးထူတဲ့ခွေးကလေးတွေမှာ ချွေးထွက်စရာ ချွေးပေါက်တွေမပါတော့ အပူဒဏ်ကို လူတွေထက် ပိုခံကြရတဲ့အတွက် ပြင်းထန်စွာကိုယ်ပူတက် အပူရှပ်ပြီး သေဆုံးကြရတယ်ဆိုတဲ့ သတင်းတွေ မကြာခဏကြားရတဲ့အတွက် စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။
ဒါကြောင့် ခွေးတွေမှာ အသက်ဆုံးရှုံးနိုင်တဲ့ထိ 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ဝင်ရင် ဘယ်လိုလက္ခဏာတွေပြမလဲဆိုတာကို သိရှိထားနိုင်ဖို့နဲ့ ဒီလိုလက္ခဏာတွေဖြစ်လာရင် ဆေးခန်းမပြေးမီ အိမ်မှာ ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲဆိုတဲ့ အရေးပေါ်အသက်ကယ်နည်းများကို ဗဟုသုတအနေနဲ့တင်ပြချင်ပါတယ်။

ခွေးတွေမှာ 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ဝင်ပြီဆိုရင် အောက်ပါလက္ခဏာများ တွေ့ရပါမယ်။

၁။ အသက်ရှူမြန်လာခြင်း၊ အသက်ရှူခက်လာခြင်း
၂။ တံတွေးတွေ ပါးစပ်ထဲစေးပျစ်နေခြင်း၊ တံတွေးများ အလွန်အမင်း အတန်းလိုက်ကျခြင်း၊ သွားဖုံးနဲ့လျှာများအလွန်အမင်းနီရဲလာခြင်း
၃။ ရုတ်တရက် အားအင်ယုတ်လျော့လာခြင်း၊ မူးဝေလာခြင်း၊ ဒယီးဒယိုင်ဖြစ်လာခြင်း
၄။ မျက်လုံးများ ခြောက်သွေ့လာခြင်း၊ ကြောက်ရွံ့သည့်အမူအယာပြခြင်း
၅။ ကြွက်သားများဆတ်ဆတ်တုန်ပြီး ကြွက်တက်သလိုတောင့်တင်းလာခြင်း
၆။ လဲပြိုကျခြင်း၊ အန်ထွက်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ သတိလက်လွတ်မေ့မျောခြင်း။

အထက်ပါ လက္ခဏာများထဲမှာ အချို့သို့မဟုတ် တော်တော်များများတွေ့ရလျှင် မိမိတို့ခွေးလေးများတွင် အပူရှပ်ပြီဆိုတာကို သိရှိနိုင်ပြီး အောက်ဖော်ပြပါ အရေးပေါ်နည်းများဖြင့် သက်သာအောင် ပြုလုပ်ပေးပါ။

၁။ 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ဖြစ်နေသော ခွေးကို အရိပ်ရပြီး အေးတဲ့နေရာ လေဝင်လေထွက်ကောင်းသောနေရာသို့ ချက်ချင်းရွှေ့ပါ။

၂။ ခွေးရဲ့ ခန္ဓာကိုယ်ပေါ်သို့ ရေအေးနဲ့ တကိုယ်လုံးစိုစွတ်တဲ့ထိ လောင်းချပေးပါ။
မှတ်ချက်။ ရေခဲရေအသုံးပြုခြင်းဟာ အပူအအေးရုတ်တရက်ပြောင်းပြီး 𝗦𝗵𝗼𝗰𝗸 ဖြစ်စေနိုင်သဖြင့် ရိုးရိုးရေအေးကိုသာ အသုံးပြုပါ။ အကောင်းဆုံးရေရဲ့အပူချိန်ဟာ 𝟭𝟲 ကနေ 𝟭𝟳 ဒီဂရီစင်တီဂရိတ်အတွင်း ခပ်အေးအေးဖြစ်နေတဲ့ရေပါ။

၃။ ရေစိုအဝတ်နဲ့ တကိုယ်လုံးလုံအောင်ဖုံးအုပ်ထားခြင်းဟာ ကိုယ်အပူချိန်ကို မကျစေနိုင်ပဲ ပိုပြီးဆိုးရွားစေတဲ့အတွက် နဖူး၊ လည်ပင်း၊ ဝမ်းဗိုက်နဲ့၊ နားရွက်များ၊ ခြေဖျား၊ လက်ဖျားများကိုသာ ကပ်ပေးပါ။

၄။ ရေအေးအေးလေးကို ဖြည်းဖြည်းနဲ့ နည်းနည်းချင်းတိုက်ပေးပါ။

၅။ ခွေးရဲ့ ခန္ဓာကိုယ်အပူချိန်လျော့ကျသွားပြီး အသက်ရှူနှုန်းပုံမှန်ဖြစ်လာတဲ့ထိ ရေကို လောင်းနေပေးပါ။ ခွေးချမ်းတုန်လာလျှင် ရေလောင်းတာကိုချက်ချင်းရပ်ပါ။ ရေပတ်ဝတ်တွေခွာပစ်ပါ။

၆။ ရေလောင်းတဲ့အခါ ဦးခေါင်းပိုင်းကို မလောင်းရပါ။ ဦးခေါင်းပိုင်းကို ရေလောင်းပါက သတိလစ်နေတဲ့ခွေး နှင့် မျက်နှာပြားနှာတိုခွေးမျိုးများတွင် အသက်ရှူလမ်းကြောင်းထဲရေဝင်ပြီး ရေမွှန်းခြင်းကြောင့် အသက်ဆုံးရှုံးစေတတ်ပါသည်။

အထက်ပါနည်းများဖြင့် ခွေးရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချစေပြီးလျှင်လည်း ပေါ့ဆမနေပဲ နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းများသို့ ခေါ်ဆောင်ပြီး လိုအပ်သည့် ကုသမှုများကို ခံယူစေရပါမည်။

အထူးသဖြင့် အသက်ကြီးလွန်း၊ ငယ်လွန်းသောခွေးများ၊ အမွေးထူသောခွေးများ၊ ရောဂါအခံရှိသောခွေးများ နှင့် မျက်နှာပြား နှာတိုသော 𝗣𝘂𝗴𝘀 နှင့် 𝗕𝘂𝗹𝗹𝗱𝗼𝗴𝘀 များဟာ 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ဒဏ်ကို ပိုမိုပြင်းထန်စွာခံစားရပြီး အိမ်တွင်အရေးပေါ်ကုသပေးပြီးသော်လည်း စိတိမချရပဲ 𝗛𝗲𝗮𝘁𝘀𝘁𝗿𝗼𝗸𝗲 ရဲ့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်ပါသဖြင့် နီးစပ်ရာကျွမ်းကျင်သော တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ဆက်လက်ပြသကုသမှုခံယူစေရပါမည် ။

ကျမရေးတဲ့ ဒီစာစုလေးဟာ တဖက်တလမ်း၊ တထောင့်တနေရာကနေ ခွေးလေးတွေရဲ့အသက်များစွာကို ကယ်ပေးနိုင်မယ်လို့ မျှော်လင့်ရင်း

Dr. Swe Mar Tun
B. V. Sc., M.V.Sc. (Pathology)

25/03/2024

💕 Love you all 💕

မုန်တိုင်းကျတဲ့ အချိန် မွေးလို့ သူ့နာမည်က  မိုခါ  😍😍😍တဲ့
29/01/2024

မုန်တိုင်းကျတဲ့ အချိန် မွေးလို့
သူ့နာမည်က မိုခါ 😍😍😍တဲ့

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်🩼💉🩺💊
17/01/2024

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်🩼💉🩺💊

ကာကွယ်ဆေး Schedule ခဏခဏမေးနေတဲ့ puppy ဖေဖေမေမေများအတွက်...

10/12/2023

Mochie

Address

Zizawar Street. Shwekyarbin , Zabuthiri Township
Naypyidaw
15012

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959428323866

Website

Alerts

Be the first to know and let us send you an email when မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic:

Videos

Share

Category


Other Pet Services in Naypyidaw

Show All