Kyu Kyu & Sons Orchard by Bo Bo Link Suisse Co.

Kyu Kyu & Sons Orchard by Bo Bo Link Suisse Co. Kyu Kyu & Sons organic farming project is initiated by the husband of Kyu in the little hope of saving the nature and beauty of Shwegyin from gold hunters
(19)

ယနေ့ စိတ်ချမ်းသာမှု 😘😘😘🍈ဒူးရင်းသီးနု ပြွတ်ပြွတ်ဥ🍇ကနစိုတွေ အလွန်ချို
22/03/2024

ယနေ့ စိတ်ချမ်းသာမှု 😘😘😘

🍈ဒူးရင်းသီးနု ပြွတ်ပြွတ်ဥ
🍇ကနစိုတွေ အလွန်ချို

အဆင်းမလှသည့် လင်းတ မိတ်ကောင်းငှက်များ ထိန်းသိမ်းရေး ပြီးခဲ့တဲ့ တစ်ပတ်က Wild Wings Group အဖွဲ့ဝင် စနိုးနဲ့ ကေကေတို့နှစ်ယေ...
04/04/2023

အဆင်းမလှသည့် လင်းတ မိတ်ကောင်းငှက်များ ထိန်းသိမ်းရေး

ပြီးခဲ့တဲ့ တစ်ပတ်က Wild Wings Group အဖွဲ့ဝင် စနိုးနဲ့ ကေကေတို့နှစ်ယောက်ဟာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ဦးဆောင်ပြုလုပ်တဲ့ ရှမ်းပြည်တောင်ပိုင်း လင်းတငှက်လေ့လာရေး၊ ထိန်းသိမ်းရေး အသိပညာပေးခြင်းနဲ့ ဒေသခံအသင်းအဖွဲ့ဝင်များကို ငှက်ကြည့်သင်တန်းပို့ချမှု ခရီးစဉ်မှာ ပါဝင်လေ့လာခွင့် ရခဲ့ကြပါတယ်။
လင်းတငှက်တွေဟာ ကမ္ဘာပေါ်မှာ တဖြည်းဖြည်း ရှားပါးလာပြီး မျိုးတုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံမှာ လင်းတမျိုးစိတ် (၆) မျိုး ကျက်စားပြီး အရှေ့ တောင်အာရှမှာ လင်းတမျိုးစိတ် အများဆုံးကျက်စားတယ်လို့ သိရပါတယ်။ လင်းတကျောဖြူ (White-rumped Vulture) ၊ လင်းတနှုတ်သီးရှည် (Slender-billed Vulture) ၊ လင်းတခေါင်းနီ (Red-headed Vulture) တို့ဟာ မြန်မာနိုင်ငံမှာ သားပေါက်နေထိုင်ကြတဲ့ ဌာနေငှက်တွေ ဖြစ်ပြီီီး ‌ကမ္ဘာပေါ်မှာ စိုးရိမ်ရသည့် မျိုးသုဉ်းမှုအန္တရာယ်ရှိနေတဲ့ (Critically Endangered- CR) ငှက်များ ဖြစ်ပါတယ်။ ဆောင်းခိုလင်းတများဖြစ်တဲ့ ဟိမဝန္တာလင်းတ (Himalayan Griffon) နဲ့ လင်းတမည်း (Cinereous Vulture) တို့အနက် ဟိမဝန္တာလင်းတက မြန်မာနိုင်ငံကို နှစ်စဉ်ဆောင်းခိုရန် ရောက်လာပါတယ်။ လင်းတဖြူ (Egyptian Vulture) ကတော့ ပုံမှန်လာရောက်ဆောင်းခိုတဲ့ ငှက်မျိုးစိတ် မဟုတ်ပါဘူး။
လင်းတငှက်ကို ဟိုးရှေးရှေးကတည်းက လူတို့ရင်းနှီးခဲ့ကြပြီး အမှိုက်ပုံတွေ၊ သုဿန်တွေမှာ အသေကောင်တွေကို စားတယ်ဆိုတာလည်း သိကြပါတယ်။ ဒီအချက်ကြောင့်ပဲ လင်းတလို့ ဆိုလိုက်တာနဲ့ ကျက်သရေ မရှိတဲ့ငှက်၊ အမင်္ဂလာငှက်ရယ်လို့ လူအများက ထင်မှတ်ကြပါတယ်။ တကယ်တော့ လင်းတတွေဟာ အသေကောင် အပုပ်အသိုးများကို စားသောက်ပေးတဲ့ လူသားတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ သန့်ရှင်းရေးလုပ်သားငှက်ကြီးများ ဖြစ်ပါတယ်။
ဘယ်လိုအကျိုးပြုလဲ ရှင်းပြရရင်
သတ္တဝါတွေ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးပြီး ကြာလာတာနဲ့အမျှ ပုပ်ပွလာတဲ့ အသေကောင်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါတယ်။ အဲ့ဒီအသေကောင်ကို ခွေးက စားမိရင် ခွေးရူးရောဂါ စတဲ့ ရောဂါဆိုးတွေ ဖြစ်ပွါးစေပြီး လူနဲ့ လူ့ပတ်ဝန်းကျင်ကို ဘေးဒုက္ခဖြစ်စေပါတယ်။ ဒါပေမဲ့လင်းတတွေ စားရင်တော့ ရောဂါရှိနေတဲ့ အသေကောင်ဖြစ်ခဲ့ရင်တောင် လင်းတရဲ့ ဝမ်းတွင်းအစာခြေရည်က pH အဆင့်နိမ့်၊ အက်ဆစ်ဓာတ်ပြင်းတာမို့ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ ဆက်လက် မရှင်သန်နိုင်တော့ဘဲ လင်းတငှက်ဆီမှာပဲ အဆုံးသတ်သွားပါတော့တယ်။ ဒါ့အပြင် မစင်စွန့်တဲ့အခါကျပြန်တော့လည်း လင်းတရဲ့မစင် အညစ်အကြေး ကျရာနေရာတဝိုက်ရှိ ဘက်တီးရီးယား ပိုးမွှားများကို ထပ်မံရှင်းလင်းပေးပါတယ်။
ငှက်လေ့လာသူတို့အတွက်တော့ ရှားပါးလင်းတငှက်များကို မြင်တွေ့ရတာဟာ တန်ဖိုးကြီး ရတနာတစ်ခုကို ပိုင်ဆိုင်လိုက်ရတဲ့ပီတိလိုမျိုး အဖိုးတန်လှပါတယ်။ ဒါကြောင့် စနိုးနဲ့ ကေကေတို့ရဲ့ ခရီးစဉ်မှာ မှတ်တမ်းရခဲ့တဲ့ လင်းတကျောဖြူ၊ လင်းတနှုတ်သီးရှည်နဲ့ ဟိမဝန္တာလင်းတတို့ရဲ့ ဓာတ်ပုံများကို ငှက်လေ့လာသူ/ ငှက်ချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
သဘာဝထဲမှာ အေးဆေးစွာ နေထိုင်ရင်း အခြားသတ္တဝါတွေကို တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုဘဲ အပုပ်အစပ်တွေကိုသာ ရှာဖွေစားသောက်ရင်း ရှင်သန်နေကြရတဲ့ လင်းတငှက်များကို တတ်နိုင်သမျှ ပါဝင်ထိန်းသိမ်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။
*ကျေးဇူးတင်လွှာ*
ခရီးစဉ်တွင် လိုက်ပါလေ့လာခွင့်ပေးခဲ့တဲ့ BANCAမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်နှင့် အဖွဲ့ဝင်များ၊ ဟိုက်ဖတ်ကျေးရွာမှ ဒေသခံရွာသူရွာသားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောလိုက်ပါရစေ။




-billed_vulture

#လင်းတကျောဖြူ
#လင်းတနှုတ်သီးရှည်
#ဟိမဝန္တာလင်းတ

[English Below]သေးငယ်သော်လည်း အဆိပ်ပြင်းတဲ့ ဆေးလိပ်ဖင်ဆီခံများဆေးလိပ်သောက်သူတိုင်း လုပ်တတ်တဲ့အကျင့်လေး တစ်ခုရှိပါတယ်။ အဲ...
02/03/2023

[English Below]
သေးငယ်သော်လည်း အဆိပ်ပြင်းတဲ့ ဆေးလိပ်ဖင်ဆီခံများ

ဆေးလိပ်သောက်သူတိုင်း လုပ်တတ်တဲ့အကျင့်လေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆေးလိပ်သောက်လို့ ကုန်ခါနီးပြီဆို လက်ကျန်ဆေးလိပ်အတိုလေးကို မြေပေါ်ပစ်ချ, ခြေနဲ့နင်းလို့ ဆေးလိပ်မီးသတ်လိုက်တာပါ။ ဘယ်သူကမှ ဒီအပြုအမူကို အများပြည်သူပိုင်နေရာမှာ အမှိုက်ချတယ်လို့ မယူဆကြပါဘူး။ ဘာလို့ဆို ဆေးလိပ်ဖင်ဆီခံရဲ့အရွယ်အစားက သေးငယ်လို့ပါ။ ဒါ့ကြောင့်ပဲ ဆေးလိပ်ဖင်ဆီခံတွေဟာ ကမ္ဘာပေါ်မှာ စွန့်ပစ်မှုအများဆုံးအမှိုက်ဖြစ်နေတာပေါ့။ သေးသေးလေးပေမယ့် ဆေးလိပ်ဖင်ဆီခံတွေဟာလည်း အခြားပလတ်စတစ်ပစ္စည်းများနည်းတူ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးပါသေးတယ်။

ဆေးလိပ်ဖင်ဆီခံမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ ခဲ နှင့် ကြွက်သတ်ဆေးတွေမှာ သုံးလေ့ရှိသော အာဆင်းနစ်ဓာတ်များ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖင်ဆီခံများကို မြေပေါ်စွန့်ပစ်တဲ့အခါ သူ့မှာပါရှိတဲ့ဓာတ်တွေက အပင်ကြီးထွားမှုကို ဟန့်တားစေပြီး ရေထဲပစ်တဲ့အခါမှာလည်း ရေထုကိုညစ်ညမ်းပါတယ်။ ဒါ့အပြင် သူတို့ပုံစံက ရေမျက်နှာပြင်ပေါ်မှာ မျောနေတဲ့အခါ အစာအပိုင်းအစလေးတွေနဲ့ ဆင်နေတာကြောင့် ရေနေသတ္တဝါတွေဟာ အစာမှတ်ပြီး စားသုံးရာမှ အဆိပ်သင့်တတ်ပါတယ်။ ဒီရေနေသတ္တဝါတွေကို စားသုံးမိတဲ့လူသားတွေမှာလည်း အကျိုးသက်ရောက်မှုက အနည်းနဲ့အများ ရှိနိုင်ပါတယ်။

အပြင်ပိုင်းကြည့်လိုက်ရင် ဆေးလိပ်ဖင်ဆီခံတွေဟာ ဝါဂွမ်းနဲ့ပြုလုပ်ထားတယ် ထင်ရပေမယ့် အမှန်တော့ သူတို့ရဲ့ ၉၈%က Cellulose Acetate လို့ခေါ်တဲ့ ပလတ်စတစ်အမျှင်တွေနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီပလတ်စတစ်အမျှင်တွေကြောင့်ပဲ ဆေးလိပ်ဖင်ဆီခံတွေဟာ နေ,မိုးစတဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဆွေးမြေ့မို့ (၁၈လ မှ ၁၀နှစ်အထိ) ကြာမြင့်တတ်ပါတယ်။

ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်စေတဲ့ဆေးလိပ်ကို တတ်နိုင်ပါက လုံးဝမသောက်မိအောင်နှင့် ချက်ချင်း လုံးဝမလျှော့ချနိုင်သေးပါကလည်း ဆေးလိပ်အတိုများကို စနစ်တကျအမှိုက်ပုံးထဲမှာပဲ စွန့်ပစ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

“Tiny but deadly Cigarette Butts”

There’s a habit that almost every smoker always does. It is throwing a cigarette butt on the ground and stepping on it to kill the fire after smoking a cigarette. No one assumes this action as littering in public areas because cigarette butts are too small. That’s why they are the most littered item in the world. Besides, they are even more toxic to the environment than plastic bags.

Cigarette butts leach toxic chemicals such as lead and arsenic (used to kill rats) into our environment. When they are littered on land, they inhibit plant growth. When they are dumped into water, they contaminate water and poison marine animals as they look like a piece of food on the water surface. It also affects people who eat these marine animals to some extent.

Moreover, even though cigarette butts may look like cotton, 98% of them are made of plastic fibers called cellulose acetate that are tightly packed together. As the plastic fibers in them are non-biodegradable, they take (18 months to 10 years) to degrade depending on environmental conditions like the rain and sun.

That’s why, we would like to urge you to stop smoking if possible as it is bad for our health and environment. If you can’t quit it now, you can help the environment by littering cigarette butts only in the trash bin.
credit original uploader

ရွှေကျင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ========================ရွှေကျင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေက...
28/08/2022

ရွှေကျင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
========================
ရွှေကျင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။ ယခင်က ရွှေကျင်ခရိုင်ခွဲနှင့် ရွှေကျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရွှေကျင်ခရိုင်ခွဲသည် ရှေးအခါက သီးခြား ခရိုင်တစ်ခု ဖြစ်ခဲ့သော်လည်း ခရစ် ၁၈၉၅ ခုနှစ်မှစ၍ အသွား အလာ ပိုမိုလွယ်ကူသော သထုံမြို့သို့ ခရိုင်ဝန်ရုံးပြောင်းရွေ့သွား ကာ ရွှေကျင်ခရိုင်ခွဲကိုလည်း တောင်ငူခရိုင်အတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့သည်။ ယခုအခါ ပဲခူးခရိုင်တွင် ပါဝင်သည်၊ ရွှေကျင် ခရိုင်ခွဲသည် ပဲခူးခရိုင်အတွင်းရှိ မြောက်ဘက်အကျဆုံး ခရိုင်ခွဲ ဖြစ်၍ ရွှေကျင်မြို့နယ်တစ်ခုသာ ပါဝင်သည်။

ရွှေကျင်မြို့
ရွှေကျင်မြို့နယ်သည် စတုရန်းမိုင် ၉၅၃ မိုင် ကျယ်ဝန်း၍ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂၇၃၈ ယောက် ရှိပြီးလျှင် ၁၉၅၆ ခုနှစ် ခန့်မှန်းခြေအရ ၅၅၂၃၆ ယောက် ရှိသည်။ မြို့နယ်အတွင်းတွင် ရွှေကျင်မြို့နှင့်တကွ ကျေးရွာ အုပ်စုပေါင်း ၆၉ ခု ပါဝင်သည်။ ရွှေကျင်မြို့နယ်သည် အနောက် ဘက်တွင် စစ်တောင်းမြစ်က ပဲခူးခရိုင်ခွဲနှင့်ခြားလျက် ရှိ၍ အရှေ့ဘက်တွင် ကော်သူးလေပြည်နယ်နှင့် စပ်လျက်ရှိသည်။

မဒေါက်မြို့ အောက်ဘက်နားတွင် စစ်တောင်းမြစ်မှ အရှေ့ဘက်သို့ ခွဲထွက်သွားသော ရွှေကျင်ချောင်း၏ မြောက် ဘက်ကမ်းပေါ်တွင် ရွှေကျင်မြို့ တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် မတိုင်မီက စစ်တောင်းမြစ်သည် ရွှေကျင်မြို့ အနောက်ဘက်မှ ကပ်၍ စီးသွားသော်လည်း ထိုနောက်တွင် အင်းပလဲရွာနှင့် သောင်ကြီးရွာအကြား မြစ်ကွေ့ကြီးနှစ်ကွေ့ ဖြစ်နေရာမှ အထက်မြစ်ကွေ့ကြီးကို မဒေါက်မြို့အနီး ဖြတ်၍ ကျိုး ကျစီးဆင်းရာ ရွှေကျင်မြို့သည် ယခုအခါ စစ်တောင်းမြစ် မှ တစ်မိုင်ကျော် ကွာဝေးလျက်ရှိသည်။ ရန်ကုန် မန္တလေး မီးရထားလမ်းပေါ်ရှိ ညောင်လေးပင်မြို့ အရှေ့ဘက် ၁၂ ၁/၂ မိုင် ဝေး၍ ညောင်လေးပင်မဒေါက် ရထားလမ်းခွဲ လမ်းဆုံးမြို့ ဖြစ်သော မဒေါက်မြို့မှ ၁ ၁/၂ မိုင် ဝေးသည်။ ညောင်လေး ပင်မြို့မှ၎င်း၊ ပဲနွယ်ကုန်းမြို့မှ ကျောက်ကြီးဘောဂထ စသော မြို့များကို ဖြတ်၍၎င်း မော်တော်ကားလမ်းများ ဖောက်လုပ်ထား သည်။ ပဲနွယ်ကုန်းမြို့မှ ကားလမ်းဖြင့် ၅၃ မိုင် သွားရ၍ ကျောက်ကြီးမြို့မှ တောင်ဘက်သို့ ၃၆ မိုင် သွားရသည်။ ရွှေကျင်မြို့၏ လူဦးရေသည် ၁၉၆၃ ခုနှစ် ခန့်မှန်းခြေအရ ၇၇ဝ၂ ဖြစ်သည်။

ရွှေကျင်မြို့သည် မြန်မာသက္ကရာဇ် ၁၁၁ဝ ကျော်မှ ပေါ် ပေါက်လာသောမြို့ ဖြစ်သည်ဟုဆိုသည်။ ၁၁၁၃ ခုနှစ်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို မွန်တို့ ဟံသဝတီသို့ ဆောင်ယူသွားရာ ပဲခူးမြို့၌ ခေတ္တစံနေတော်မူသည်။ တစ်နေ့ သော် နဂရံ တံတွန်၊ နဂရံ နလွှတ်၊ နဂရံ ဝါခရီအမည်ရှိသော မွန်ညီနောင်လေးဦးသည် ဟံသာဝတီရောက်မင်းထံ ရွှေမှုန်များ လာရောက်ဆက်သလေသည်။ ယင်းရွှေမှုန်များကို စားသုံးရန် ခူးလာသော ဆိတ်ဖူးပင်တွင် တွေ့ရှိသဖြင့် ယင်းဆိတ်ဖူးပင် နုတ်ခူးရာမြေကို ကျင်ခွက်ဖြင့် ကျင်ယူရာမှ ရခဲ့ခြင်း ဖြစ်သည်။ မင်းတရားကြီးလည်း အားရဝမ်းသာရှိလှသဖြင့် ထိုညီနောင်လေးဦးအား မိမိတို့ ပျော်ပိုက်ရာ ဒေသများတွင် ကျေးရွာပြုစု နေထိုင်ရန် မြေတိုင်သူကြီးများ ခန့်အပ်သောအမိန့်စာ ပေးအပ် လိုက်လေသည်။ ညီနောင်လေးဦးလည်း ပဲခူးမြို့မှ ပြန်လာကြ ပြီးနောက် အသီးအသီး မြို့ရွာတည်ထောင်နေထိုင်ကြသည်။ ယင်းတို့တည် ထောင်ကြရာတွင် နဂရံရာမှတ်သည် ရွှေကျင် ချောင်း၏ တောင်ဘက်၌ အိမ်ခြေ ၄ဝ ခန့်ဖြင့် စိန်တောင်ရွာ ကို တည်နေသည်။ ထိုစိန်တောင်ရွာနှင့် တစ်ဖက်ကမ်းချောင်း ၏ မြောက်ဘက်တွင် တည်ရှိသောအရပ်သည် တောများ ထူထပ်ပေါများပြီးလျှင် လူနေအိမ်ခြေ ငါးအိမ် ခြောက်အိမ်သာ ရှိ၏။ ထိုနေရာသို့ ဆတ်များလာရောက် အော်သည်ကို အကြောင်းပြု၍ ဆတ်တစ်ရွာဟု ခေါ်သည်။ ထိုဆတ်တစ်ရွာ ပင်လျှင် ရွှေကျင်မြို့၏ ပထမကနဦး လူနေအိမ်ခြေနှင့် ပေါ် ပေါက်လာသော အစဒေသဖြစ်သည်။

မြေတိုင်သူကြီး ခန့်အပ်ခံရသူများကို ခွာဟု မွန်ဘာသာ ဖြင့် ခေါ်၍ ထိုခွာများအပေါ်တွင် ခွာမှူးခေါ် လူတစ်ယောက် ခန့်ထား၍ အခွန်များ ကောက်ယူဆက်သစေသည်။ ခွာမှူးက တစ်အိမ်လျှင် ရွှေမှုန်ချိန် ကိုးပဲခြောက်ရွေးကျစီ နှစ်စဉ်ကောက် ၍ ဆက်သွင်းရသည်။ ထိုအခါ ထိုဒေသရှိ လူတို့သည် အခွန် တော်အတွက် ရွှေမှုန်များရရှိအောင် အနီးအနားချောင်းမြောင်း တို့သို့ ထွက်၍ ကျင်ခွက်ဖြင့်ကျင်၍ ရွှေမှုန် အခွန်တော် ဆက် သွင်းရသည်။ ယင်းသို့ ရွှေကို ကျင်ယူရာဒေသဖြစ်သဖြင့် ရွှေကျင်ဟု အမည်ဖြစ်လာကြောင်းဖြင့် ဆိုကြသည်။ ယခုတိုင် လည်း ရွှေကျင်မြို့ရုံးအနီးရှိ လှည်းလမ်းများ၊ တပ်ကုန်းအနီး ချိုင့်များ၊ ဘုရားကြီးလမ်းများပေါ်တွင် မြေကိုယူ၍ ကျင်ခွက် ဖြင့် ကျင်မူ ရွှေမှုန်များပါရှိသည်ကို တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ် တွင် ရွှေကျင်အနီးရှိ ဒေသတစ်ဝိုက်ကို ရွှေကျင်မြို့ ဟူသော အမည်ဖြင့် သမုတ်၍ မြို့၏အလားများ သတ်မှတ်လေသည်။ ထိုစဉ်က သတ်မှတ်သော မြို့၏အလားမှာ အရှေ့လားသော် သံလွင်မြစ်အထိ တစ်ဖက်မြေနှင့်အစပ်၊ အရှေ့တောင်လားသော် ဒုံဝိုင်းချောင်းရှမ်းရွာ၊ အခြားတစ်ဖက် ရွန်းသလင်းမြေ၊ စစ်တောင်းမြေနှင့်အစပ်၊ တောင်အလား ကြုံပကူးချောင်း အခြားတစ်ဖက် စစ်တောင်းမြေနှင့်အစပ်၊ အနောက်တောင် အလား ဘုရားသုံးဆူ ရေကန်သုံးကန် အခြားတစ်ဖက် စစ်တောင်းမြေ၊ ကောလိယမြေနှင့်အစပ်၊ အနောက်အလား ထန်းသုံးပင်၊ ဘုရားသုံးဆူ ရေကန်သုံးကန် အခြားတစ်ဖက် စစ်တောင်းမြေ၊ ကောလိယမြေနှင့်အစပ်၊ အနောက်အလား ထန်းသုံးပင်၊ ဘုရားသုံးဆူ အတ္ထရန်ချောင်း၊ ပြွန်တန်ဆာအင်း၊ အခြားတစ်ဖက် ကောလိယမြေနှင့် အစပ်၊ အနောက်မြောက် အလား ကြုံတဝေါချောင်း၊ ညောင်ပင်သာ သန်လျက်ကိုင်ကျိုး သဲဖြူချောင်းမင်းလမ်းအထိ၊ တစ်ဖက်ကောလိယမြေ ကျောက် မှော်မြေနှင့် အစပ်၊ အရှေ့မြောက်အလား ကျောက်ချပ်တောင် ပိန္နဲပင် မယ်ခေါ်ချောင်း၊ အခြားတစ်ဖက် ကျောက်မှော်မြေနှင့် အစပ်၊ ဤသို့အားဖြင့် နယ်လေးရပ် နယ်ရှစ်ရပ် သတ်မှတ်လေ သည်။ ဤသို့ နယ်မြေအလား သတ်မှတ်ပြီးနောက် မွန်ဓလေ့ အတိုင်း နတ်ကွန်းဆောက်လုပ်ပြီးလျှင် ရွှေကျင်မြို့တွင် စောင့် ရှောက်ရန် ရွှေကျင်မြို့မ နတ်မိန်းမရုပ် ပြုလုပ်ကိုးကွယ်ကြလေ သည်။ ထိုနတ်မိန်းမ၏အမည်ကို နယ်ပူစောမဟူ၍ သမုတ်လေ သည်။ ယခုအခါ မြို့စောင့်နတ် မိန်းမရုပ်ကို အရှေ့ဘက်ဘုရား ကြီး စေတီအနီးတွင် ထား၍ နတ်ဘီလူးမမကြီးဟု ခေါ်ကြလေ သည်။

ရွှေကျင်မြို့ကို ယင်းသို့ အလားများ သတ်မှတ်ပြီးနောက် ၁၁၈၁ ခုနှစ်မှစ၍ မြို့ဝန်များနှင့် အုပ်ချုပ်စေခဲ့သည်။ ၁၁၈၇ ခုနှစ်တွင် အင်္ဂလိပ်စစ်သားများ ရွှေကျင်မြို့ကို သိမ်းပိုက်ရာ မြို့သူမြို့သားများ ထွက်ပြေးကြသဖြင့် မြို့ပေါ်၌ အိမ်ခြေ ၁ဝဝ မျှလောက်သာ ကျန်တော့သည်။ ထိုနောက် စစ်တပ်များ ထွက် သွားသောအခါ မြန်မာတို့က မြို့ဝန်ခန့်၍ ရွှေကျင်မြို့ကို ပြန် လည် ထူတည်ထောင်ရာ အိမ်ခြေ ၃ဝဝ ခန့်မျှ ဖြစ်လာပြန် သည်။ တစ်ဖန် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၂၁၄ ခုနှစ် တပေါင်းလဆုတ် ၄ ရက်နေ့တွင် ရွှေကျင်မြို့ အင်္ဂလိပ် များ လက်တွင်းသို့ ကျဆင်းသည်။

ရွှေကျင်မြို့သည် ရထားလမ်းမဖောက်လုပ်မီနှင့် စစ်တောင်း မြစ်ကြောင်း မပြောင်းမီအခါက ကုန်ကူးသန်း ရောင်းဝယ်မှုတွင် အလွန်စည်ကားသောမြို့ ဖြစ်ခဲ့သော်လည်း ယခုအခါ၌မူ မီး ရထား လမ်းဘူတာလည်းမဟုတ်၊ သင်္ဘောဆိပ်မြို့လည်း မဟုတ် သဖြင့် တစ်စတစ်စ စည်ကားခြင်း လျော့ပါးလာလေသည်။ မိုးတွင်းအခါ၌ မဒေါက်ဘူတာမှ ရွှေကျင်မြို့သို့ ကူးတို့လှေများ ဖြင့် သွားရသည်။

ရွှေကျင်မြို့ရှိ တန်ခိုးကြီးဘုရားများမှာ မြို့မြောက်ဘက် တောင်နှာမောင်းတွင် ၁၁၇၁ ခုနှစ်က သရီရ ဓာတ်တော်များ ဌာပနာ၍ တည်ထားသော ရွှေတောင်ဦးစေတီ၊ မြို့အရှေ့ဘက် တွင် ရွှေကျင်မြို့ဟူ၍ စတင် မပေါ်ပေါက်မီကပင် တည်ရှိနှင့် သော သီရိဓမ္မာသောကမင်းကြီး သရီရဓာတ်တော်ဌာပနာ၍ တည်သည်ဟု အများအယူရှိသည့် မွေထော်မွန်ဇရစ်ခေါ် ဘုရားကြီး စေတီတော်၊ မြို့လယ် မန်ကျည်းတန်းရှိ ဝက်တက်စေတီ တို့ ဖြစ်သည်။ ရွှေကျင်မြို့ အရှေ့ပိုင်းတောင်နှာမောင်းရွှေကျင် ချောင်း၏ မြောက်ဘက်ကမ်းနှင့် မနီးမဝေးတို့၌လည်း ရှေး စေတီဟောင်းများ ရှိသည်။

ရွှေကျင်နယ်သည် တောင်ခြေနှင့် နီးကပ်သောနယ် ဖြစ်၍ ဆန်စပါးအနည်းငယ်သာ စိုက်၏။ စစ်တောင်းမြစ်ကမ်းပါးနှင့် ရွှေကျင်ဆေးသည် နာမည်ကျော်ဆေး ဖြစ်သည်။ ရွှေကျင်နယ် တောင်ပေါ်ဒေသမှ သစ်သီးဝလံများလည်း ရသည်။ ရွှေကျင် တညင်းသည် နာမည်ကျော်တညင်း ဖြစ်သည်။ ရွှေကျင်ချောင်း နှင့် တောင်ပေါ်ဒေသအချို့တွင် ရွှေများကျင်၍လည်း အသက် မွေးကြသည်။ ရွှေကျင်မြို့အနီးတစ်ဝိုက်၌ ကော်ပတ်ခြံဧကပေါင်း များစွာရှိသည်။ ပတ်ဝန်းကျင် တောတောင်စိမ့်စမ်း ရှုခင်းလှ၍ သာယာသည်။

ဒေသသမိုင်းအကျဉ်း
ကောဇာသက္ကရာဇ်(၁၁၀၀)ခုနှစ် အင်းဝနန်းဆက် နောက်ဆုံးနန်းဆက်ဖြစ်သော ဟံသာဝတီရောက်မင်းတရားကြီး လက်ထက်တွင် ရွှေကျင်မြို့ကို ရွှေကျင်မြို့ဟု အမည်မတွင်သေးဘဲ အိမ်ခြေ (၅)အိမ်၊ (၆) အိမ်မျှသာရှိသော (ဆတ်တစ်)ရွာဟု အမည်တွင်ခဲ့သည်။ရွှေကျင်မြို့ပတ်ဝန်းကျင်တွင် ကျင်ခွက်ဖြင့်ရွှေများကျင်ယူရရှိခဲ့သဖြင့် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၀ပြည့်နှစ်တွင်(ဆတ်တစ်)ရွာမှ(ရွှေကျင်မြို့)ဟုခေါ်ဝေါ်လာခဲ့သည်။

အင်္ဂလိပ် -မြန်မာဒုတိယကမ္ဘာစစ်အပြီးတွင် အထက်မြန်မာနိုင်ငံတစ်ခုလုံး လက်တွင်းသို့ ကျရာက်ခဲ့ရာ ရွှေကျင်မြို့လည်း ပါဝင်သည့်အတွက် ရွှေကျင်မြို့ကို ဒိစတြိတ်မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်ကာ အင်္ဂလိပ်အရေးပိုင်တစ်ဦးအုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ရန်ကုန်-တောင်ငူမီးရထားလမ်း မပေါက်သေးသဖြင့် အထက်နှင့် အောက်ဒေသများ ကုန်စည်ကူးသန်း ရောင်းဝယ်ရန် လမ်းခရီးအဖြစ် စစ်တောင်းမြစ်ကိုသာ အားထားအသုံးပြုသွားလာရသည်။ထိုအချိန် စစ်တောင်းမြစ်သည် ရွှေကျင်မြို့အနီးမှ ဖြတ်သန်းစီးဆင်းသဖြင့် ရွှေကျင်မြို့သည် စစ်တောင်းမြစ်ဝှမ်းပေါ်ရှိ မြို့တစ်မြို့ ဖြစ်ခြင်းကြောင့် ကူးသန်းရောင်းဝယ်မှုတွင်အရေးပါအရာရောက်သည့်အပြင် အထက်အောက် ကုန်စည်ဖလှယ်ရာ ဗဟိုတစ်ခုဖြစ်၍ အလွန်စည်ကားခဲ့ဖူးသည်။ မြန်မာသက္ကရာဇ်(၁၂၅၀) ပြည့်နှစ်မှ(၁၂၅၆)ခုနှစ်အတွင်း မီးရထားလမ်းပေါ်ပေါက်
လာပြီဖြစ်သဖြင့် ရွှေကျင်မြို့မှ လူအများအပြား မီးရထားလမ်းရှိရာ မြို့များသို့ ပြောင်းရွှေ့ နေထိုင်ကြပြန်သည်။ ထိုအချိန်မှစ၍ အရေးပိုင်အစား နယ်ပိုင်ဝန်ထောက်နှင့် မြို့ပိုင်များထားကာ ရွှေကျင်မြို့ကို အုပ်ချုပ်စေပြီး တောင်ငူဒိစတြိတ်အတွင်းသို့ ထည့်သွင်းခဲ့သည်။ ၁၉၄၄ ခုနှစ် ဧပြီလ ( ၁ )ရက်နေ့တွင် ( KNDO ) များမှ ရွှေကျင်မြို့ကို သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။(၁၉၅၂) ခုနှစ်မှ(၁၉၆၂) ခုနှစ်အထိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော ဖဆပလအဖွဲ့တက်စဉ် ပါလီမန်ရွေးကောက်ပွဲမှ အမတ်များရွေးချယ်၍ အုပ်ချုပ်ရေးအား ဆောင်ရွက်ခဲ့သည်။ (၁၉၆၂) ခုနှစ်မှ (၁၉၇၃) ခုနှစ်ထိ တော်လှန်ရေးကောင်စီမှ တာဝန်ယူစဉ် ရွှေကျင်မြို့ကို နလက ဖွဲ့စည်းပုံစနစ်ဖြင့် အုပ်ချုပ်၍ (၁၉၇၃) ခုနှစ်မှ (၁၉၈၈)ခုနှစ်အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်သည်။

(၁၉၈၈) ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်မှတာဝန်ယူ၍နဝတဖွဲ့စည်းပုံဖြင့်အုပ်ချုပ်ပြီး (၁၉၉၇) ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ပြန်လည်ဖွဲ့စည်းကာအုပ်ချုပ်ခဲ့ပါသည်။(၂၀၁၁) ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပထမအကြိမ် လွှတ်တော်နှင့် အစိုးရမှ တာဝန်ယူခဲ့ပြီး (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူမှ ရွေးချယ်တင်မြှောက်သော
ဒုတိယအကြိမ် လွှတ်တော်နှင့် အစိုးရမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်လျှက် ရှိပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
ရွှေကျင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၅၅ မိနစ် နှင့် ၁၈ဒီဂရီ ၁၄မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၄မိနစ် နှင့် ၉၇ ဒီဂရီ၁၄ မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ( ၉၄၅.၄၄ )စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ( ၂၂.၉ )မိုင်ရှိပြီး တောင်မှမြောက်သို့ ( ၄၂.၆ ) မိုင်ရှည်လျား ပါသည်။ရွှေကျင်မြို့၏ မြို့ပြဧရိယာအကျယ်အဝန်းမှာ ( ၂.၈၇၅ ) စတုရန်းမိုင်၊ ဧရိယာ(၁၈၄၀)ဧက ကျယ်ဝန်းပါသည်။

နယ်နမိတ်
ရွှေကျင်မြို့နယ်၏အနောက်ဘက်နယ်နိမိတ်အဖြစ်စစ်တောင်းမြစ်သည် မြောက်မှတောင်ဘက်သို့စီးဆင်းပြီး မြောက်ဘက်တွင် ကျောက်ကြီးမြို့နယ်၊အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ တောင်ဘက်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ အနောက်ဘက်တွင် ညောင်လေးပင်၊ ကျောက်တံခါး၊ဝေါမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
ရွှေကျင်မြို့နယ်သည် အရှေ့ရိုးမ တောင်စွယ်ပေါ်တွင် တည်ရှိပြီး အရှေ့ဘက်နှင့် မြောက်ဘက်ဒေသများမှာ တောင်ကုန်း၊ တောင်တန်း၊တောင်ကြား ၊ မြေပြန့်များဖြစ်၍ အနောက်ဘက်နှင့် တောင်ဘက်ဒေသများတွင်နိမ့်ကာ ညီညာသော မြစ်ဝှမ်းဒေသများ ဖြစ်ပါသည်။

ရေဆင်း
ရွှေကျင်မြို့နယ်တွင် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်ဘက် မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသော မြစ်( သို့ ) ချောင်းမှာ စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်းဖြစ်ပြီး ရွှေကျင်မြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ဒေသတွင်းရှိရေအရင်းအမြစ်များမှာ ရေချိုနှင့်ရေငံများဖြစ်၍စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုနိုင်ပါသည်။စစ်တောင်းမြစ်မှာ နွေရာသီတွင် ရေအနက်(၁၅)ပေခန့်သာရှိပြီး စက်လှေများသွားလာနိုင်ပါသည်။ စစ်တောင်းမြစ်မှာ ကွေ့ကောက်သောမြစ်ဖြစ်သဖြင့် သင်္ဘောကြီးများမသွားလာနိုင်ပါ။

ပင်လယ်ရေမျက်နှာပြင်အမြင့်
ရွှေကျင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှအမြင့် ( ၉၆ )ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာဗိုက်ကြီးမတောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် (၆၉၇၀) ပေဖြစ်၍ မြို့၏ အနိမ့်ဆုံးအရပ်ဒေသမှာ တရုတ္တန်း/ ညောင်ဝိုင်း ရပ်ကွက်ဖြစ်ပါသည်။

ရာသီဥတု
ရွှေကျင်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် ၄၃ ( C ) နှင့် အနိမ့်ဆုံးအပူချိန်မှာ ၅.၈(C)ဖြစ်ပါသည်။ နှစ်စဉ်မိုးရေချိန်အများဆုံး(၁၅၀) လက်မမှ မိုးရေချိန်အနည်းဆုံး(၂၀)လက်မခန့် ရွာသွန်းပါသည်။

သဘာဝပေါက်ပင်များ
ရွှေကျင်မြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ အဓိကအားဖြင့် ကောင်းမှု့၊ သင်ဒူ၊ ပျဉ်းမ၊ ကညင်၊ တောင်ဘိန်း၊ တောဒညင်း၊တောင်သရက်များ အများဆုံးပေါက်ရောက်ပြီး (ရတနာတန်းဝင်များ )ဖြစ်သော ကျွန်းသစ်၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ အင်၊ ကညင်၊ အင်ကြင်း၊ ပိတောက်နှင့်မအူ၊ဗန်ဒါ၊ သစ်ဆိမ့်၊ ဒီဒူး၊ လက်ပံ၊ တောင်ပိန္နဲ၊ မဲဇလီ၊ သရက်၊ သြဇာ၊ ဒညင်း၊ကနစို၊ သစ်ခွအမျိုးမျိုး၊ ရှားပါးဆေးဘက်ဝင်သည့် အပင်များ၊ အခြား
သစ်ဝါးများ အနည်းအကျဉ်း ပေါက်ရောက်မှု ရှိပါသည်။

တောရိုင်းတိရစ္ဆာန်များ
ရွှေကျင်မြို့နယ်တွင် တွေ့ရှိရသော အပတောနှင့်တကွ ကြိုးပြင်ကာကွယ်တောများအတွင်းတွင် တွေ့ရှိရသော တိရစ္ဆာန်များမှာ ဆတ်၊သမင်၊ ဝက်ဝံ၊ ဂျီနှင့်ခွေးတူဝက်တူ၊ တောကြောင်၊ ဖြူနှင့်မျောက်အမျိုးများအနည်းအကျဉ်း တွေ့ရှိရပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေ
ရွှေကျင်မြို့နယ်သည် တောတောင်ရေမြေ၊ မြစ်/ချောင်း/ အင်းအိုင်များဖြင့် သဘာဝရေမြေအနေအထားများနှင့် ကိုက်ညီစွာတည်ရှိသောမြို့နယ်ဖြစ်ပါသည်။ တောတောင်ရေမြေ ပတ်ဝန်းကျင် အနေအထားများနှင့်လည်း နိုင်ငံတော်အတွက်နှစ်စဉ်နှစ်တိုင်း သစ်ထုတ်လုပ်ခြင်း၊ ရွှေသတ္ထုသယံဇာတဖြင့် နိုင်ငံတော်၏ (GDP) လျာထားချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ကြိုးပြင်ကာကွယ်တောများနှင့် ပြင်ပတောများ၏ချောင်း/ မြောင်းများအတွင်း တရားမဝင် ရွှေရှာဖွေမှုများကြောင့် ချောင်း/
မြောင်းများ အနေအထား ပျက်ယွင်းမှု အနည်းအကျဉ်း ရှိနိုင်ပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ရွှေကျင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင်တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခု ဖြစ်ပါသည်။မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ထို့အပြင်
ဥယျာဉ်ခြံ လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြပါသည်။ရွှေကျင်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ် ဖြစ်ပါသည်။မြို့နယ်၏ အဓိကထွက်ကုန်များမှာ ရွှေသတ္တုနှင့် ရာဘာ၊ ဥယျာဉ်ခြံ သစ်တောထွက် ပစ္စည်းများဖြစ်ပြီး ညောင်လေးပင်နှင့် ရန်ကုန်မြို့သို့အများဆုံး တင်ပို့ရောင်းချပါသည်။

မြို့၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာ
ရွှေကျင်မြို့နယ်တွင် ၂၀၁၄သန်းခေါင်စာရင်းအရ ရပ်ကွက်(၈)ရပ်ကွက် ကျေးရွာအုပ်စု(၃၃)အုပ်စု ကျေးရွာ(၂၄၇)ရွာရှိကာ လူဦးရေစုစုပေါင်း(၁၀၇၄၆၂)ဦး အမျိုးသား(၅၃၀၉၂)ဦး အမျိုးသမီး(၅၄၃၇၀)ဦး ရှိပါသည်။

ရပ်ကွက်များ
၁။မကျည်းတန်းရပ်ကွက်
၂။ပွဲကုန်းရပ်ကွက်
၃။ကြေးနန်းတန်+ရှမ်းကုန်းရပ်ကွက်
၄။ပျဉ်းမပင်ရပ်ကွက်
၅။ဂန့်ဂေါ်ဝိုင်းရပ်ကွက်
၆။ပန်းဘဲတန်းရပ်ကွက်
၇။တရုတ်တန်း(ညောင်ဝိုင်း)ရပ်ကွက်
၈။ကျွဲတဲရပ်ကွက်

ကျေးရွာအုပ်စုများ
၁။ဇလုပ်ကြီး
၂။ညောင်ခြေထောက်
၃။ကွမ်းဆိပ်
၄။ဒုံဇရစ်
၅။ဆုံကုန်း
၆။တံခွန်တိုင်
၇။တောင်ဘက်
၈။ဝင်းခနိမ်
၉။ကံဘေးအိုင်
၁၀။အနောက်ဘက်
၁၁။ခြေတော်ရာ
၁၂။သရက်ချောင်း
၁၃။အင်္ဂဒီ
၁၄။သံဆိပ်
၁၅။မအူပင်
၁၆။ပဒဲကော
၁၇။မဘီး
၁၈။ဟင်္သာဝဲ
၁၉။ဒလဆိပ်
၂၀။အင်းဗလာ
၂၁။ဝိုင်ကျွန်း/ပျဉ်ရေ
၂၂။ညောင်ပင်ကြီး
၂၃။သက္ကယ်ကုန်း
၂၄။ထောင်လောင်
၂၅။ဘောကထာ
၂၆။အထက်မဲဇောင်း
၂၇။အောက်မဲဇောင်း
၂၈။စလူးချောင်း
၂၉။ကျုံချောင်း
၃၀။ကျားချောင်း
၃၁။ရဲသောင်
၃၂။ကျန်ကျေးရွာအုပ်စုများ

ရွှေကျင်မြို့နယ်ရှိ ရွာများ (အက္ခရာစဉ်)

က
ကတက်ရွာ၊ ရွှေကျင်မြို့နယ်
ကတက်ဝရွာ၊ ရွှေကျင်မြို့နယ်
ကန့်နီရွာ၊ ရွှေကျင်မြို့နယ်
ကန်ဘေးအိုင်ရွာ၊ ရွှေကျင်မြို့နယ်
ကမော့ထော်ရွာ၊ ရွှေကျင်မြို့နယ်
ကရင်စုရွာ၊ တံခွန်တိုင်
ကရင်စုရွာ၊ ရွှေကျင်မြို့နယ်
ကုလားသချႋုင်းရွာ၊ ရွှေကျင်မြို့နယ်
ကော်သဇင်ရွာ၊ ရွှေကျင်မြို့နယ်
ကံဘေးအိုင်ရွာ၊ ရွှေကျင်မြို့နယ်
ကျားချောင်းရွာ၊ ရွှေကျင်မြို့နယ်
ကျီးပင်စုရွာ၊ ရွှေကျင်မြို့နယ်
ကျုလိုခီးရွာ၊ ရွှေကျင်မြို့နယ်
ကျုံကျိုက်ဖျားရွာ၊ ရွှေကျင်မြို့နယ်
ကျုံကျိုက်ရွာ၊ ရွှေကျင်မြို့နယ်
ကျုံချောင် (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
ကျုံချောင်ရွာ၊ ကွမ်းဆိပ်
ကျုံချောင်ရွာ၊ ရွှေကျင်မြို့နယ်
ကျုံချောင်းရွာ၊ ရွှေကျင်မြို့နယ်
ကျုံပကူးဖျားရွာ၊ ရွှေကျင်မြို့နယ်
ကျုံပကူးရွာ၊ ရွှေကျင်မြို့နယ်
ကျုံပငရွာ၊ ရွှေကျင်မြို့နယ်
ကျုံးကျုံးကျရွာ၊ ရွှေကျင်မြို့နယ်
ကျောက်တန်းရွာ၊ ရွှေကျင်မြို့နယ်
ကျောက်နဂါးရွာ၊ ရွှေကျင်မြို့နယ်
ကျောက်ပုံဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ကျောက်ဖျာရွာ၊ ရွှေကျင်မြို့နယ်
ကျောက်ဖြာရွာ၊ ရွှေကျင်မြို့နယ်
ကျောက်လုံးကြီးရွာ၊ ရွှေကျင်မြို့နယ်
ကျောင်းစုရွာ၊ ရွှေကျင်မြို့နယ်
ကျောင်းရွာ၊ ရွှေကျင်မြို့နယ်
ကျောင်းအမရွာ၊ ရွှေကျင်မြို့နယ်
ကျွန်းကြီးရွာ၊ ရွှေကျင်မြို့နယ်
ကျွဲတဲ (ဆာဆေး)ရွာ၊ ရွှေကျင်မြို့နယ်
ကြပ်ကွင်း (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
ကြပ်တွင်းကုန်းရွာ၊ ရွှေကျင်မြို့နယ်
ကွန်ပဲ့ရွာ၊ ရွှေကျင်မြို့နယ်
ကွန်ဖဲ့ဖျားရွာ၊ ရွှေကျင်မြို့နယ်
ကွန်ဖဲ့ရွာ၊ ရွှေကျင်မြို့နယ်
ကွမ်းဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ကွီးလားရွာ၊ ရွှေကျင်မြို့နယ်

ခူလာ (တောင်)ရွာ၊ ရွှေကျင်မြို့နယ်
ခူလာရွာ၊ ရွှေကျင်မြို့နယ်
ချုံအင်းရွာ၊ ရွှေကျင်မြို့နယ်
ချောင်းကြိုးရွာ၊ ရွှေကျင်မြို့နယ်
ခြေတော်ယာရွာ၊ ရွှေကျင်မြို့နယ်
ခြေတော်ရာရွာ၊ ရွှေကျင်မြို့နယ်

ဂွေးတောင်ရွာ၊ ရွှေကျင်မြို့နယ်

ငါးဖယ်အင်းရွာ၊ ရွှေကျင်မြို့နယ်
ငှက်ပျောတောရွာ၊ ရွှေကျင်မြို့နယ်

စက်စုရွာ၊ ရွှေကျင်မြို့နယ်
စက်လှည့်ရွာ၊ ရွှေကျင်မြို့နယ်
စလူချောင်းရွာ၊ ရွှေကျင်မြို့နယ်
စလူးချောင်းရွာ၊ ရွှေကျင်မြို့နယ်
စောပဲဒိုးရွာ၊ ရွှေကျင်မြို့နယ်
စောသဲခီးရွာ၊ ရွှေကျင်မြို့နယ်
စောသဲထာရွာ၊ ရွှေကျင်မြို့နယ်
စောအိုတာရွာ၊ ရွှေကျင်မြို့နယ်
စောအုပ်ကီးရွာ၊ ရွှေကျင်မြို့နယ်
စံထွန်းကုန်းရွာ၊ ရွှေကျင်မြို့နယ်
စံဖဲရွာ၊ ရွှေကျင်မြို့နယ်
စံအောင်စုရွာ၊ ရွှေကျင်မြို့နယ်
စွယ်တိန်ရွာ၊ ရွှေကျင်မြို့နယ်

ဆင်ပျံရွာ၊ ရွှေကျင်မြို့နယ်
ဆင်ဖြူအိုင်ရွာ၊ ရွှေကျင်မြို့နယ်
ဆိပ်ကလေးရွာ၊ ရွှေကျင်မြို့နယ်
ဆီဆုံကုန်းရွာ၊ ရွှေကျင်မြို့နယ်
ဆုံကုန်းရွာ၊ ရွှေကျင်မြို့နယ်
ဆုံကွဲရွာ၊ ရွှေကျင်မြို့နယ်

ဇလုပ်ကြီးရွာသစ်ရွာ၊ ရွှေကျင်မြို့နယ်
ဇလုပ်ကြီးရွာဟောင်းရွာ၊ ရွှေကျင်မြို့နယ်
ဇလုပ်ကြီးရွာ၊ ရွှေကျင်မြို့နယ်
ဇောတိရွာ၊ ရွှေကျင်မြို့နယ်

ညောင်ချေထောက်ရွာ၊ ရွှေကျင်မြို့နယ်
ညောင်ခြေထောက်ရွာ၊ ရွှေကျင်မြို့နယ်
ညောင်တံတားရွာ၊ ရွှေကျင်မြို့နယ်
ညောင်ပင်ကြီးရွာ၊ ရွှေကျင်မြို့နယ်
ညောင်သာယာရွာ၊ ရွှေကျင်မြို့နယ်
ညောင်အိုင်ရွာ၊ ရွှေကျင်မြို့နယ်

တနီးဖါးရွာ၊ ရွှေကျင်မြို့နယ်
တာစီး (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
တာတူးခီးရွာ၊ ရွှေကျင်မြို့နယ်
တာတူးလော့ရွာ၊ ရွှေကျင်မြို့နယ်
တာထူးလော့ရွာ၊ ရွှေကျင်မြို့နယ်
တိုင်ပင်ရွာ၊ ရွှေကျင်မြို့နယ်
တိုလိုရွာ၊ ရွှေကျင်မြို့နယ်
တုံးတံတားရွာ၊ ရွှေကျင်မြို့နယ်
တောင်ကြီးစုရွာ၊ ရွှေကျင်မြို့နယ်
တောင်ခြေရင်းရွာ၊ ရွှေကျင်မြို့နယ်
တောင်ဘက်ရွာ၊ ရွှေကျင်မြို့နယ်
တောင်သူစုရွာ၊ ရွှေကျင်မြို့နယ်
တံခွန်တိုင်ရွာ၊ ရွှေကျင်မြို့နယ်

ထင်းကုန်းရွာ၊ ရွှေကျင်မြို့နယ်
ထမင်းရုံရွာ၊ ရွှေကျင်မြို့နယ်
ထရီဇိုးရွာ၊ ရွှေကျင်မြို့နယ်
ထီးကညာရွာ၊ ရွှေကျင်မြို့နယ်
ထီးကထာရွာ၊ ရွှေကျင်မြို့နယ်
ထီးကလေးရွာ၊ ရွှေကျင်မြို့နယ်
ထီးညာဏရွာ၊ ရွှေကျင်မြို့နယ်
ထီးညာဏဝရွာ၊ ရွှေကျင်မြို့နယ်
ထီးပနွယ်တာရွာ၊ ရွှေကျင်မြို့နယ်
ထီးပနွယ်ရွာ၊ ရွှေကျင်မြို့နယ်
ထီးပိုလိုရွာ၊ ရွှေကျင်မြို့နယ်
ထီးပေါခီးရွာ၊ ကျားချောင်း
ထီးပေါခီးရွာ၊ ရွှေကျင်မြို့နယ်
ထီးဖဒိုရွာ၊ ရွှေကျင်မြို့နယ်
ထီးဖျားရွာ၊ ရွှေကျင်မြို့နယ်
ထီးမူရွာ၊ ရွှေကျင်မြို့နယ်
ထီးဝါးချောင်းရွာ၊ ရွှေကျင်မြို့နယ်
ထီးသပြုရွာ၊ ရွှေကျင်မြို့နယ်
ထီးသုတာရွာ၊ ရွှေကျင်မြို့နယ်
ထောင်လောင်ရွာ၊ ရွှေကျင်မြို့နယ်

ဒလဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ဒုံဇရစ်ရွာ၊ ရွှေကျင်မြို့နယ်
ဒူးပေါရွာ၊ ရွှေကျင်မြို့နယ်
ဒူးရင်းပင်ရွာ၊ ဒူးရင်းပင်
ဒူးရင်းပင်ရွာ၊ ရွှေကျင်မြို့နယ်
ဒူးရင်းမြောင်ရွာ၊ ရွှေကျင်မြို့နယ်

နော်ဘောဝရွာ၊ ရွှေကျင်မြို့နယ်

ပဒဲကောရွာ၊ ရွှေကျင်မြို့နယ်
ပိန်ပင် (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
ပုဇွန်အိုင်ရွာ၊ ရွှေကျင်မြို့နယ်
ပေမိုးခီးရွာ၊ ရွှေကျင်မြို့နယ်
ပျဉ်ရေရွာ၊ ရွှေကျင်မြို့နယ်
ပြည်တော်သာရွာ၊ ရွှေကျင်မြို့နယ်

ဖဒိုသောင်ရွာ၊ ရွှေကျင်မြို့နယ်
ဖန်ခါးကုန်းရွာ၊ ရွှေကျင်မြို့နယ်

ဘိုလိုထာရွာ၊ ရွှေကျင်မြို့နယ်
ဘုရားကလေးရွာ၊ ရွှေကျင်မြို့နယ်
ဘုရားကြီးရွာ၊ ရွှေကျင်မြို့နယ်
ဘောကထာရွာ၊ ရွှေကျင်မြို့နယ်

မင်းလမ်းကူးရွာ၊ ရွှေကျင်မြို့နယ်
မဒေါက်ကလေးရွာ၊ ရွှေကျင်မြို့နယ်
မဘီး (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
မဘီး (အလယ်)ရွာ၊ ရွှေကျင်မြို့နယ်
မဘီးကန်းနားစုရွာ၊ ရွှေကျင်မြို့နယ်
မဘီးတောင်သူကုန်းရွာ၊ ရွှေကျင်မြို့နယ်
မဘီးရွာ၊ ရွှေကျင်မြို့နယ်
မယ်ဘဲသောင်ရွာ၊ ရွှေကျင်မြို့နယ်
မယ်လခိုရွာ၊ ရွှေကျင်မြို့နယ်
မရမ်းအိုင်ရွာ၊ ရွှေကျင်မြို့နယ်
မအင်္ဂါရွာ၊ ရွှေကျင်မြို့နယ်
မအူဒဲရွာ၊ ရွှေကျင်မြို့နယ်
မအူပင်ရွာ၊ ရွှေကျင်မြို့နယ်
မာရောခိုရွာ၊ ရွှေကျင်မြို့နယ်
မာလကာပင်ဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
မိုးခိုရွာ၊ ရွှေကျင်မြို့နယ်
မိုးသပြုချောင်းဝရွာ၊ ရွှေကျင်မြို့နယ်
မိုးသပြုဖျားရွာ၊ ရွှေကျင်မြို့နယ်
မိုးသပြုရွာ၊ ရွှေကျင်မြို့နယ်
မေသရိုးခီရွာ၊ ရွှေကျင်မြို့နယ်
မောခီးရွာ၊ ရွှေကျင်မြို့နယ်
မောင်းရုံရွာ၊ ရွှေကျင်မြို့နယ်
မောထရွာ၊ ရွှေကျင်မြို့နယ်
မော်တာမီဆူးရွာ၊ ရွှေကျင်မြို့နယ်
မဲကဒီးရွာ၊ ရဲသောင်
မဲကဒီးရွာ၊ ရွှေကျင်မြို့နယ်
မဲကဒီးဝရွာ၊ ရွှေကျင်မြို့နယ်
မဲစကီးရွာ၊ ရွှေကျင်မြို့နယ်
မဲဇောင်းရွာ၊ ရွှေကျင်မြို့နယ်
မဲဇောင်းဝရွာ၊ ရွှေကျင်မြို့နယ်
မဲတရွာ၊ ရွှေကျင်မြို့နယ်
မဲတိုင်ရွာ၊ ရွှေကျင်မြို့နယ်
မဲတိုင်ဝရွာ၊ ရွှေကျင်မြို့နယ်
မဲဖောင်ရွာ၊ ရွှေကျင်မြို့နယ်
မဲဖောင်ဝရွာ၊ ရွှေကျင်မြို့နယ်
မဲရစ်ရွာ၊ ရွှေကျင်မြို့နယ်
မဲလောလရွာ၊ ရွှေကျင်မြို့နယ်
မဲလော့ (ရှမ်း)ရွာ၊ ရွှေကျင်မြို့နယ်
မဲလော့ (အလယ်)ရွာ၊ ရွှေကျင်မြို့နယ်
မဲလော့ (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
မဲဝိုင်ရွာ၊ ရွှေကျင်မြို့နယ်
မဲသန (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
မဲသန (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
မဲသနရွာ၊ ရွှေကျင်မြို့နယ်
မဲသောင် (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
မဲသောင် (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
မဲသောင်ရွာ၊ ရွှေကျင်မြို့နယ်

ရုံးဒိုင်းရွာ၊ ရွှေကျင်မြို့နယ်
ရေတောက်ချောင်းရွာ၊ ရွှေကျင်မြို့နယ်
ရဲသောင်ရွာ၊ ရွှေကျင်မြို့နယ်
ရှမ်းစုရွာ၊ ကွမ်းဆိပ်
ရှမ်းစုရွာ၊ ရွှေကျင်မြို့နယ်
ရှေ့တန်းမြောင်ရွာ၊ ရွှေကျင်မြို့နယ်

လက်ကောက်ဝရွာ၊ ရွှေကျင်မြို့နယ်
လက်ပန်တန်းရွာ၊ ရွှေကျင်မြို့နယ်
လိန်ပင်ဝဲ (အထက်)ရွာ၊ ရွှေကျင်မြို့နယ်
လိန်ပင်ဝဲ (အောက်)ရွာ၊ ရွှေကျင်မြို့နယ်
လိပ်ကုလားရွာ၊ ရွှေကျင်မြို့နယ်
လုပ်ဟီးရွာ၊ ရွှေကျင်မြို့နယ်
လူခီးရွာ၊ ရွှေကျင်မြို့နယ်
လဲပီခိုရွာ၊ ရွှေကျင်မြို့နယ်
လဲရပ်ရွာ၊ ရွှေကျင်မြို့နယ်
လဲဝါရွာ၊ ရွှေကျင်မြို့နယ်

ဝင်းကန်ရွာ၊ ရွှေကျင်မြို့နယ်
ဝင်းကလုံရွာ၊ ရွှေကျင်မြို့နယ်
ဝင်းခနိမ်ရွာသစ်ရွာ၊ ရွှေကျင်မြို့နယ်
ဝင်းခနိမ်ရွာ၊ ရွှေကျင်မြို့နယ်
ဝါမီဆိုရွာ၊ ရွှေကျင်မြို့နယ်
ဝါးတဲဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ဝါးဘိုးတောရွာ၊ ရွှေကျင်မြို့နယ်
ဝိုင်ကျွန်းရွာ၊ ရွှေကျင်မြို့နယ်
ဝဲကြီးရွာ၊ ရွှေကျင်မြို့နယ်

သက္ကယ်ကုန်းရွာ၊ ရွှေကျင်မြို့နယ်
သက်ကယ်ကုန်းရွာ၊ ရွှေကျင်မြို့နယ်
သစ်ချကုန်းရွာ၊ ရွှေကျင်မြို့နယ်
သစ်ဖယောင်းတန်းရွာ၊ ရွှေကျင်မြို့နယ်
သပင်ဝရွာ၊ ရွှေကျင်မြို့နယ်
သပြုချောင်းရွာ၊ ရွှေကျင်မြို့နယ်
သရက်ချောင်းရွာ၊ ရွှေကျင်မြို့နယ်
သရက်တောရွာ၊ ရွှေကျင်မြို့နယ်
သရက်ပင်ဂွရွာ၊ ရွှေကျင်မြို့နယ်
သဟိုဘရွာ၊ ရွှေကျင်မြို့နယ်
သာထီးတရွာ၊ ရွှေကျင်မြို့နယ်
သာယာကုန်းရွာ၊ ရွှေကျင်မြို့နယ်
သိမ်ကုန်းရွာ၊ ရွှေကျင်မြို့နယ်
သိုက်တူးကုန်းရွာ၊ ရွှေကျင်မြို့နယ်
သီလာစောခီးရွာ၊ ရွှေကျင်မြို့နယ်
သုခဲခိုရွာ၊ ရွှေကျင်မြို့နယ်
သောင်လယ်ရွာ၊ ရွှေကျင်မြို့နယ်
သံဆိပ်မင်းလမ်းရွာ၊ ရွှေကျင်မြို့နယ်
သံဆိပ်ရွာမရွာ၊ ရွှေကျင်မြို့နယ်
သံဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
သံပြ (အထက်)ရွာ၊ ရွှေကျင်မြို့နယ်

ဟင်္သာဝဲရွာ၊ ရွှေကျင်မြို့နယ်

အင်းကုန်းရွာ၊ ရွှေကျင်မြို့နယ်
အင်းဂနီရွာ၊ ရွှေကျင်မြို့နယ်
အင်းဗလာရွာ၊ ရွှေကျင်မြို့နယ်
အင်္ဂနီရွာ၊ ရွှေကျင်မြို့နယ်
အထက်မဲဇောင်းရွာ၊ ရွှေကျင်မြို့နယ်
အထက်လေပေါရွာ၊ ရွှေကျင်မြို့နယ်
အနောက်ဘက်ရွာ၊ ရွှေကျင်မြို့နယ်
အရိုးတောင် (လေးအိမ်)ရွာ၊ ရွှေကျင်မြို့နယ်
အရိုးတောင်ချောင်းရွာ၊ ရွှေကျင်မြို့နယ်
အလယ်ကျွန်းရွာ၊ ရွှေကျင်မြို့နယ်
အုန်းတောရွာ၊ ရွှေကျင်မြို့နယ်
အုန်းပင်ချောင်းရွာ၊ ရွှေကျင်မြို့နယ်
အောက်ချင်းရွာ၊ ရွှေကျင်မြို့နယ်
အောက်မဲဇောင်းရွာ၊ ရွှေကျင်မြို့နယ်
အောက်လေပေါရွာ၊ ရွှေကျင်မြို့နယ်
အောက်သံပြရွာ၊ ရွှေကျင်မြို့နယ်
အောင်ချမ်းသာရွာ၊ ရွှေကျင်မြို့နယ်
အေးထာရွာ၊ ရွှေကျင်မြို့နယ်

ဥပုဒ်ချောင်း (ကရင်)ရွာ၊ ရွှေကျင်မြို့နယ်
ဥပုဒ်ချောင်း (ရှမ်း)ရွာ၊ ရွှေကျင်မြို့နယ်
ဥယျာဉ်ချောင်းရွာ၊ ရွှေကျင်မြို့နယ်

ဦးပုဒ်ချောင်းရွာ၊ ရွှေကျင်မြို့နယ်

Address

Win Kha Nein Village
Shwegyin
08051

Alerts

Be the first to know and let us send you an email when Kyu Kyu & Sons Orchard by Bo Bo Link Suisse Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category