H.A.P Farm - Taungdwingyi

H.A.P Farm - Taungdwingyi Breeding

19 days oldမနိုင်စိန်တွေ ဖြစ်နေပီ😌
18/03/2022

19 days old
မနိုင်စိန်တွေ ဖြစ်နေပီ😌

09/03/2022
ဒီ Rottweiler မလေးရဲ့ကလေးတွေကို သိပ်မကြာခင်မှာ မြင်တွေ့ရတော့မှာပါ
07/03/2022

ဒီ Rottweiler မလေးရဲ့
ကလေးတွေကို သိပ်မကြာခင်မှာ
မြင်တွေ့ရတော့မှာပါ

၄ရက်သားအသေးဆုံးအထီးလေး
02/03/2022

၄ရက်သား
အသေးဆုံးအထီးလေး

၃ရက်သား🤩အညှပ်ဆုံးကောင်လေး😔
01/03/2022

၃ရက်သား🤩
အညှပ်ဆုံးကောင်လေး😔

အခုပေါက် အခုတင်ဗျို့🤩🤩🥰အပိုမပြောဘူး မနည်းဆွဲထုတ်ရတယ်...Sizeကတော့ မြင်တဲ့အတိုင်းပဲ #အပျော်တွေမျှဝေခံစားချင်ရင်တော့Mentမှာ...
26/02/2022

အခုပေါက် အခုတင်ဗျို့🤩🤩🥰
အပိုမပြောဘူး မနည်းဆွဲထုတ်ရတယ်...
Sizeကတော့ မြင်တဲ့အတိုင်းပဲ
#အပျော်တွေမျှဝေခံစားချင်ရင်တော့MentမှာVideoFileလေးရှိုးပေး😁

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်...
25/02/2022

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဒီလိုမျိုး ထွက်ပြေးကြတဲ့အခါ ကိုယ့်ရဲ့အချစ်တော် ခွေးလေး ကြောင်လေးတွေကိုလည်း ချန်မထားရက်ဘဲ တပါတည်း ကြိုးစားခေါ်ဆောင်နေကြတာကို ရင်နင့်စဖွယ် မြင်တွေ့ရပါတယ်။

ဒါကြောင့် ခွေးလေးတွေနဲ့အတူ ထွက်ပြေးလာကြသူတွေကို ကူညီဖို့ ရိုမေးနီးယား၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေက တိဂေဟာတွေ အဆင်သင့် စောင့်ကြိုနေကြပါပြီ။

ယူကရိန်းနိုင်ငံတွင်းက တိဂေဟာတွေရဲ့ ဝန်ထမ်းတွေကတော့ ဘယ်ကိုမှ မသွားဘဲ ဂေဟာမှာ ရှိနေတဲ့ ကလေးတွေနဲ့အတူ နောက်ဆုံးအချိန်ထိ အတူတူနေဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဒါ့အပြင် ကိုယ့်ခွေးလေးတွေကို တပါတည်း ခေါ်ဆောင်မသွားနိုင်မယ့် သူတွေအ​နေနဲ့ သူတို့ဆီမှာ လာရောက်အပ်နှံပေးကြဖို့လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။

တိလေးတွေရော ပြည်သူအားလုံးရော ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ဖို့ Royal Canin မှ ဆန္ဒပြုအပ်ပါတယ်။

မေတ္တာလက်နက်နဲ့ အစွမ်းကုန် တိုက်ပွဲဝင်နေကြတဲ့ အဲဒီသူရဲကောင်းတွေအတွက် ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်နော် 🙏

📸 Credits

23/02/2022
Breeding နှင့် ကျနော့်အမြင်          ခေါင်းစဉ်လေး ဒီလိုပေးဖြစ်တာက breeding ကို စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ တွေ့ရှိလာမိတဲ...
23/02/2022

Breeding နှင့် ကျနော့်အမြင်

ခေါင်းစဉ်လေး ဒီလိုပေးဖြစ်တာက breeding ကို စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ တွေ့ရှိလာမိတဲ့ လေးစားစရာ breeding အချို့ကို ကျနော်တစ်ဦးတစ်ယောက်တည်းရဲ့အမြင်အတိုင်း ရေးထားတာမို့ပါ။ မိတ်ဆွေတို့ရဲ့ အယူအဆများကိုလည်း ပါဝင်ဆွေးနွေး ပေးစေလိုပါတယ်ခင်ဗျာ။
ပထမဆုံးအနေနဲ့ breeding မှာ ခေါ်ကြတာကိုပြောရရင် inbreeding , outbreeding , crossbreeding , linebreeding စသဖြင့် အမျိုးမျိုးရှိကြပြီး တစ်ခုခြင်းကို မြန်မာလိုအနက်အဓိပ္ပါယ် ပြန်ဖွင့်နေရတာကကို ပိုရှုပ်လို့ ကျနော်ကတော့ အမျိုးအချင်းချင်းပြန်လည်ပေးစား ခြင်း(inbreeding) တစ်ခုတည်းကနေဘဲ ကြည့်ပြီးပြောသွားပါ့မယ်ခင်ဗျာ😁။
ကျနော်တို့နိုင်ငံမှာ အမျိုးချင်း ပြန်ပေးစားလို့မသင့်တော်ဘူးလို့ အယူအဆရှိတာတွေ များစွာတွေ့ရတတ်ပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုတွေးထင်ထားပါသလဲ? ကျနော်ကတော့ ပေးစားမှာပါ ပေးစားပါမယ်။ အရမ်းကောင်းပြီး perfect နီးနီးဖြစ်တဲ့ မျိုးရိုးကို ဆက်လက်ထိန်းသိမ်းတဲ့အခါမှာ အမျိုးချင်းပြန်ပေးစားတဲ့ inbreed လုပ်ရပါတယ် ၊ တခြားနည်းလည်းမရှိဘူးလေ 😁။ inbreed လုပ်တာ မကောင်းဘူးလို့လည်း ပြောလို့မရပါဘူး ခင်ဗျာ ၊ ဒါကို ဥပမာ ပေးရရင် ခုလက်ရှိ လူကြိုက်များ ရေပန်းစားလာနေတဲ့ Eminem vh Edelstein တို့ Timit Tor က Doctor နဲ့ Diablo တို့ကို လေ့လာကြည့်လို့ရပါတယ် ။
Doctor တို့ဖြစ်ပေါ်လာတဲ့ breeding ကို ကျနော်တစ်ဦးတစ်ယောက်တည်းရဲ့အမြင်နဲ့ ပြောပါ့မယ် ။ Breeding မှာ အများနဲ့မတူ တစ်မူကွဲပြားတဲ့ပုံစံကိုလိုချင်လုပ်ချင်တဲ့အခါမှာ( inbreeding coefficient )အမျိုးချင်းပြန်ပေးစားတဲ့ရာခိုင်နှုန်း နည်းအောင်နှင့် ၊ (Ancestor loss coefficient) အမျိုးပျောက်အညွှန်း ၉၀% အထက်ဖြစ်အောင် များအောင်လုပ်ကြရပါတယ် ။ Doctor တို့မှာဆိုရင် Timit Tor ဟာ Olympia vh Nadja ဆိုတဲ့ ခွေးမလေးကို အရင်ဆုံး ဝယ်ယူခဲ့ပါတယ် ။ သူမဟာ inbreed လည်းရှင်း ALC လည်းများတဲ့ခွေးမလေး တစ်ကောင်ပါ။ သူမကို တခြားနာမည်ကြီးတဲ့ Stud male တချို့နဲ့ ပေးစားတဲ့အခါမှာ ခွေးကောင်းတချို့ပေါ်ထွက်လာခဲ့ပေမဲ့လို့ Sting haus of Lazic ဆိုတဲ့ inbreed လည်းနည်း နည်းဆို 0.00% ALC 98% လောက်ရှိတဲ့ဆရာနဲ့ပေးစားလိုက်တဲ့အခါမှာထွက်ပေါ်လာခဲ့တဲ့ Severina Timit Tor လေးကို မမှီကြဘူးလို့ ကျနော်ကတော့ မြင်မိပါတယ်။ Sting နဲ့ Olympia တို့ဟာဆိုရင်လည်း အမျိုးလုံးဝတော်စပ်ခြင်းမရှိပါဘူး ဒါ့ကြောင့် Severina ဟာ inbreed 0ပါ၊ အမျိုးပျောက်အညွှန်း ALC ကလည်း 98.39% ပါ။ ALC ဆိုတာက ပင်ကိုယ်မိဘနှစ်ပါးကိုယ်တိုင်တွေက inbreed နည်း ရင် ကလေးမှာ များမှာပါ။ မရှင်းရင် ကိုယ်တိုင်လေ့လာပြီး comment မှာ ဆွေးနွေးပေးပါ။ ဒါကတော့ Timit Tor က သူ့ရဲ့ Foundation bitch မလေးကို ဘယ်လို လုပ်ယူခဲ့ သလဲဆိုတာကို ကျနော် တစ်ဦးတစ်ယောက်တည်းရဲ့အမြင်အတိုင်း ရေးထားတာဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း လုပ်ကြတော့ပေါ့😜။ အိုကေ မင့်ဟာက ကိန်းဂဏန်းတွေအရတော့ဟုတ်နေတာဘဲဆိုရင် ဒါတင်မကပါဘူးခဗျ Severina မလေးဟာ ရုပ်ထွက် ဘော်ဒီ လည်းဘဲ အတော်အချိုးအစားကျနပါတယ်။ ကိုယ့်ရဲ့ခွေးမလေးက ကိန်းဂဏန်းတွေအရ အတော်ကောင်းနေပြီး ပင်ကိုယ်လက်ရှိဖြစ်တည်နေတဲ့ ပုံစံက ညံ့နေရင်တော့ ဘာ ဘရီးဒီးမှ ဖြစ်လာမှာဟုတ်ဖူးနော်😜။ ကိန်းဂဏန်းတွေအရဘဲပြောရမယ်ဆိုရင် ကိုယ့်ရဲ့ foundation bitch ခွေးမလေးဟာလည်း 90% အထက် ရုပ်ထွက်စိတ်ဓါတ် ကောင်းမွန်နေရမယ်ပေါ့ဗျာ😅 ခက်တော့ခက်တယ်နော😁 ။
ဒီ severina လေးကို Timit Tor က သူ့ရဲ့သားသမီးတွေကို လှပတဲ့ခေါင်း ပေးတာနဲ့ နာမည်ကြီးတဲ့ သူ့ခွေးမလေးနဲ့လည်း အမျိုးသိပ်မတော်တဲ့ Hero vd Tonberger Hohe နဲ့ ပေးစားလိုက်တဲ့အခါမှာ inbreed နည်းနည်း ALC များတဲ့ နောက်ထပ် Hera Timit Tor ကို ထပ်ရပါတယ်။ နောက်ထပ်လည်း Severina လေးကို ခေါင်းကြီးကြီး နဖူးမောက်မောက် Astor vom Junipera ကြီးရဲ့သား Samson von der Blauen Welle ဆိုတဲ့ကောင်ကြီးနဲ့ ပေးစားလိုက်တဲ့အခါမှာ Pamela Timit Tor ဆိုတဲ့ နောက်ထပ် inbreed နည်းနည်း ALC များတဲ့ခွေးမလေးရလိုက်ပြန်ရော😃 ။ ဒီ Pamela လေးကိုမှ ထပ်ပြီးတော့ သားပေါက်ကောင်းတာနဲ့ နာမည်ကြီးတဲ့ Lex vh Edelstein နဲ့ပေးစားလိုက်တဲ့အခါမှာ Lucifer Timit Tor ကြီး ထွက်လာပါတယ်။ Luciferကြီးဟာဆိုရင်လည်း အဖေLexနဲ့ အမေ Pamela တို့ကအမျိုးတော်စပ်မှု့ မရှိသလောက်နည်းပါးတဲ့အတွက် သူကိုယ်တိုင်က inbreed 0.20% နဲ့ ALC 98.39% ဖြစ်ပြီး ခုလက်ရှိ သူများနဲ့မတူ တမူထူးတဲ့ ရုပ်ထွက်ပိုင်ရှင်ကြီးပေါ့ ။ ထိုကဲ့သို့သော ရုပ်ထွက်မျိုးနဲ့ inbreed နည်းနည်း ALC များတဲ့ သူများနဲ့မတူတဲ့ရုပ်ထွက်ပိုင်ရှင် နှစ်ကောင် Lucifer နဲ့ Hera Timit Tor တို့ကိုတော့ ထပ်မံ၍ upgrade မလုပ်တော့ဘဲ တူနဲ့ဒေါ်လေးတို့ကို ပြန်လည်ပေးစားလိုက်တဲ့အခါမှာတော့ လက်ရှိ ကမ္ဘာ့Rottweiler လောကကို အတော်လှုပ်ခက်စေနေတဲ့ Doctor နဲ့ Diablo ဆိုတဲ့ Monster ၂ ကောင်ပေါ်ထွက်လာစေခဲ့ပါတော့တယ်ခင်ဗျ။ ဒီနောက်ပိုင်းမှာလည်း Timit Tor က သူစိတ်ကြိုက် သူလိုချင်တဲ့ ရုပ်ထွက်ဖြစ်သွားလို့ထင်တယ် ပုံစံသစ်ထပ်မလုပ်သေးဘဲ ဒီကောင်တွေကိုဘဲ လှည့်ပတ်ပေးစားပြီး သူ့စတိုင် Timit Tor style ကို ထိန်းသိမ်းထားနေပါတယ်။ ဒါကိုတော့ Remo တို့ Srecko တို့ရဲ့ရုပ်ထွက်ပုံစံတွေကိုကြည့်ရင်သိရှိနိုင်ပါတယ်ခင်ဗျာ။ ဒါကြောင့် inbreeding လုပ်ခြင်းဖြင့် ပုံစံတွေပြောင်းလဲမှု့မရှိအောင် ထိန်းသိမ်းကြတယ်ဆိုတာကို မိတ်ဆွေတို့ သဘောပေါက်နားလည်းကြမယ်လို့ ထင်ပါတယ်😃။ ကျနော်တို့နိုင်ငံမှာလည်း Prince Timit Tor ဆိုတဲ့ Timit Tor style ကောင်ကြီးရဲ့Pedigreeကို လေ့လာကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်ခင်ဗျာ။ Severina Timit Tor ကနေရာအများအပြား ယူထားတာ တွေ့ရပါလိမ့်မည်😃။ ဒါကတော့ Timit Tor ရဲ့ ယခုလက်ရှိပုံစံထွက်ပေါ်လာရခြင်းကို ကျနော်တစ်ဦးတစ်ယောက်ထဲရဲ့အမြင်အရ ရေးသားထားခြင်းဖြစ်ပါတယ် ။ မိတ်ဆွေတို့လည်း လေ့လာမိလို့ တွေ့မိတာမျိုး ရှိရင် ဝင်ရောက်ဆွေးနွေးကြပါလို့ တောင်းဆိုပါတယ်။
နောက်ထပ် ပေါ်ပြူလာဖြစ်နေတဲ့ကောင်ကြီးကတော့ Eminem vh Edelstein ပါ😁။ သူကိုပြောရရင်သူ့အဖေ Roko vh Edelstein ကိုလေ့လာကြည့်ပါ၊ Doctor & Diablo တို့ရဲ့ breeding ပုံစံအတိုင်းပါဘဲ Severina နေရာမှာ Cym od Vadanora ဖြစ်သွားပြီး တော်တော်များများ ပုံစံတူ breeding ပါ ။ ဒီBreeder က Doctor တို့ထပ်ကိုပိုထူးပြီး Roko ကို lex vh Edelstein ရဲ့ အဖေအမေတူ မောင်နှမ အရင်း Lotta vom hause Edelstein နဲ့ ပြန်ပေးစားလိုက်တဲ့အခါမှာ Eminem ကြီးထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဆိုတော့ Eminem pedigree မှာ Cym က နေရာတော်တော်များများပါနေတာကိုတွေ့ရပါလိမ့်မယ် ခင်ဗျာ ။
ဤစာစုကို ဖတ်ရှု့ပြီး အမျိုးအချင်းချင်းပေးစားခြင်းကို အနည်းနဲ့အများ နားလည်သဘောပေါက်မိမယ်လို့လည်း မျှော်လင့်မိပါတယ် 😅။ ပြီးတော့ ခွေးမလေးတွေရဲ့အခန်းက ဘယ်လောက်အရေးကြီးသလဲဆိုတာကို သတိပြုမိအောင်ပါခင်ဗျာ😃။
အများကခေါ်ကြတဲ့ Serbian Rottweiler ဆိုတဲ့ ခေါင်းကြီးနှာတိုကောက်တဲ့ ADRK Standard ထက်ကျော်လွန်နေသော ဤချစ်စဖွယ် ပုံစံ Rottweiler ကြီးတွေကို လွန်စွာနှစ်သက်ခြင်းမရှိပေမဲ့လို့ ဒီbreeder ကြီးတွေကို လေးစားသောကြောင့် စာဖွဲ့ရေးသားခြင်းဖြစ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻။

🙏🏻ကပ်ရောဂါများ ကင်းဝေး၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေခင်ဗျာ🙏🏻

ဟိန်းမင်းလတ်
Kennel Mahlaing

သိပ်မကြာခင်မှာသူတို့လေးတွေရဲ့ ကလေးတွေကိုမြင်တွေ့ရတော့မယ်ဗျာ🤩Pitbull နဲ့ Mastiff Mixed Breedဆိုတော့Bandogပေါက်စိလေးတွေပေါ...
23/02/2022

သိပ်မကြာခင်မှာ
သူတို့လေးတွေရဲ့ ကလေးတွေကိုမြင်တွေ့ရတော့မယ်ဗျာ🤩

Pitbull နဲ့ Mastiff Mixed Breedဆိုတော့
Bandogပေါက်စိလေးတွေပေါ့🥰

#ကလေးတွေ_ထွက်လာတဲ့အချိန်_ပြန်တွေ့ကြတာပေါ့😁✊🏻

မယ်ဗိုက် 😴
22/02/2022

မယ်ဗိုက် 😴

20/02/2022

Everybody Morning!

Cane Corso
19/02/2022

Cane Corso

ဒါ‌ကတော့ ကျွန်တော့ရဲ့အချစ်ဆုံးသားကြီးAbout 7 years Oldသူ့ကိုသနားလို့ သားစပ်တာအနားပေးရင်ကောင်းမလားပဲ...
18/02/2022

ဒါ‌ကတော့
ကျွန်တော့ရဲ့အချစ်ဆုံးသားကြီး
About 7 years Old
သူ့ကိုသနားလို့ သားစပ်တာ
အနားပေးရင်ကောင်းမလားပဲ...

18/02/2022

Polly ရဲ့ ပြောင်းလဲလာပုံလေး
ရှုစားကြကုန်........

Polly Gray (Cane Corso)
18/02/2022

Polly Gray (Cane Corso)

🇲🇲🇲🇲Alita_Vom_OleSchool🇲🇲🇲🇲D.O.B    30.8.2020Sir. Justin(jogo vonHaus Dibich&Bamboo)      🏆🏆Younth Class Male.2(V1)🏆🏆🥇  ...
18/02/2022

🇲🇲🇲🇲Alita_Vom_OleSchool🇲🇲🇲🇲
D.O.B 30.8.2020

Sir. Justin
(jogo vonHaus Dibich&Bamboo)

🏆🏆Younth Class Male.2(V1)🏆🏆🥇
🏆🏆Jugend Sieger🏆🏆🥇
🏆🏆Junior B.O.B🏆🏆🥇
🏆🏆THE best Local Male🏆🏆🥇

&&&

Dam. Taliban
(ch.Fantom od zada&Newyork of
KPOL)

18/02/2022
18/02/2022
13/08/2021

အားလုံးပဲ မင်္ဂလာပါဗျ

Address

Taungdwingyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959774224629

Website

Alerts

Be the first to know and let us send you an email when H.A.P Farm - Taungdwingyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Breeders in Taungdwingyi

  • lone lone family

    lone lone family

    ရခိုင်ဘုရားကြီးလမ်း၊ ရွှေကြာအင်း၂၊
Show All