22/06/2024
မင်မင်ကတော့ Level 4 🥰
ကိုပိုင်တံခွန်က တိရိစ္ဆာန်ဆိုရင် အကုန်ချစ်တာ
အားလုံး သတိထားမိကြမယ်ထင်ပါတယ် 🦙🐈🐩
ချစ်စရာ ခွေးလေး၊ ကြောင်လေး၊ ယုန်လေးတွေမှ မဟုတ်ပါဘူး။ တချို့လူတွေကြောက်တတ်တဲ့ အကောင်လေးတွေကိုပါ သူက ချစ်တတ်တာဖြစ်ပါတယ်။ ဘာလို့ ကိုပိုင်တံခွန်က အဲ့လိုချစ်နိုင်ရတာလဲဆိုတာကို ကျွန်တော်စပ်စုရင်း Animals Lover (တိချစ်သူ) တွေအကြောင်း လေ့လာဖြစ်ခဲ့ပါတယ်။
တိရိစ္ဆာန်တွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့စိတ်ရှိခြင်းဟာ မွေးရာပါဗီဇဖြစ်ပြီး ဖန်တီးလုပ်ယူလို့ မရပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ စိတ်ဝင်စားစရာ အချက်တစ်ချက် ရှိပါတယ်။ ဒါကတော့ Animals Lover တွေဟာ ချစ်သူကောင်း၊ လက်တွဲဖော်ကောင်းတစ်ဦးဖြစ်ဖို့ 90% သေချာတယ်ဆိုတဲ့ အချက်ပါပဲ။
ဘာလို့လဲဆိုတော့ Animals Lover အများစုဟာ
1. ကြင်နာတတ်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကြင်နာမှုကို ထုတ်ပြနိုင်သူတွေလည်း ဖြစ်ပါတယ်။ ဂရုစိုက်ပေးဖို့၊ ယုယပေးဖို့၊ ချိုသာတဲ့စကားတွေ ပြောပေးဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေပါဘူး။
2. တည်မြဲခိုင်မာတဲ့ ချစ်ခြင်းသံယောစဉ်ကို တည်ဆောက်နိုင်သူတွေ ဖြစ်ပါတယ်။ သစ္စာရှိတတ်သူတွေဖြစ်ပြီး ဖောက်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
3. သည်းခံစိတ်ကြီးပါတယ်။ သူတို့ရဲ့ သည်းခံစိတ်ကြောင့်ပဲ relationship ပြဿနာအများစုဟာ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ပြဿနာဖြစ်ပြီး တင်းမာနေကြတဲ့ အခြေအနေရောက်သွားရင်လည်း သူတို့ဘက်ကစပြီး စိတ်လျော့ပါတယ်။ ချော့မော့ပါတယ်။
4. သူနဲ့သာဆိုရင် စိတ်ချမ်းသာလိုက်တာ ဆိုပြီး တွေးမိတဲ့အထိ positive vibe တွေ ပေးနိုင်သူ ဖြစ်ပါတယ်။ ပြုံးရယ်နေတာ များတယ်။ ပျော်စရာဆို တိုးလာအောင်၊ စိတ်ညစ်စရာဆိုရင် လျော့သွားအောင် sharing and caring လုပ်နိုင်သူတွေ ဖြစ်ပါတယ်။
5. သူတိရိစ္ဆာန်ချစ်သလို ကိုယ်လည်း တိရိစ္ဆာန်ချစ်တဲ့သူဆိုရင် သေချာပါတယ်… ဒီအချစ်ရေးဟာ စတင်ကတည်းက ခိုင်မာသွားပါပြီ။ ချစ်ရတဲ့ တိရိစ္ဆာန်လေးတွေ အတူမွေးမြူရင်း သာယာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာဘဝကို အဟုတ် ရရှိနိုင်ပါတယ်။
အားလုံးလို့ မဆိုလိုပေမယ့် Animals Lover အများစုဟာ ဒီလိုပုံစံပါပဲ။ ကျွန်တော်အပါအဝင်ပေါ့။
Animals Lover ကိုလည်း level လေးတွေ ခွဲနိုင်ပြီး level 4 ဟာ အပေါ်ကအချက်တွေဖြစ်ဖို့ အသေချာဆုံးပါပဲ။ Level 5 ကတော့ အလွန်အကြူး level ဖြစ်တာမို့ အပေါ်ကအချက်တွေဖြစ်ဖို့ မသေချာလှပါဘူး။
Level 1
ကိုယ်မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်သာ ချစ်တဲ့သူဖြစ်ပါတယ်။ ကိုယ်က ခွေးလေးမွေးထားပေမယ့် တခြားခွေးလေးတွေဆို ကိုယ့်ခွေးလေးလောက် မချစ်နိုင်သူတွေ ဖြစ်ပါတယ်။ တခြားတိရိစ္ဆာန်ဆိုရင် လုံးဝ မချစ်နိုင်သူတွေ ဖြစ်ပါတယ်။
Level 2
ကိုယ်မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့ အလားတူတိရိစ္ဆာန်လေးတွေကို ချစ်နိုင်သူတွေ ဖြစ်ပါတယ်။ ဥပမာ - ခွေးလေးတွေဆိုရင် အကုန်ချစ်ပြီး ကြောင်တွေ၊ ယုန်တွေ၊ ငှက်တွေကအစ တခြားဘယ်တိရိစ္ဆာန်မှ မချစ်ဘူးဆိုတဲ့ သူမျိုး ဖြစ်ပါတယ်။
Level 3
ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေဆို အကုန်ချစ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ ကြောင်လေး၊ ခွေးလေး၊ ဟမ်းစတားလေး၊ ယုန်လေး၊ ငှက်လေး၊ ငါးလေးကအစ ဝက်ဝံ၊ လင်းပိုင်၊ ဆင်၊ သမင်၊ နွား၊ ဒေါင်း၊ မျောက်တွေအထိ ချစ်စရာလို့ မြင်တဲ့ အကောင်အားလုံးကို ချစ်နိုင်သူတွေ ဖြစ်ပါတယ်။ တိရိစ္ဆာန်ရုံဆို ငယ်ငယ်တည်းက ခဏခဏ သွားချင်တဲ့သူတွေ ဖြစ်ပါတယ်။ (ကျွန်တော်က Level 3 ဖြစ်ပါတယ်)
Level 4
တိရိစ္ဆာန်တိုင်းကို ချစ်နိုင်သူတွေ ဖြစ်ပါတယ်။ သူများတွေကြောက်တဲ့ မြွေ၊ ပုတ်သင်၊ ကြွက်လို တိရိစ္ဆာန်တွေကအစ အိမ်မြှောင်လေး၊ ဖား၊ ခရုအထိ ချစ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကြောက်တဲ့အကောင်ရယ်လို့ မရှိဘဲ အသက်ရှိတယ်ဆိုတာနဲ့ ချစ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ (ကိုပိုင်တံခွန်က Level 4 ဖြစ်ပါလိမ့်မယ်)
Level 5
ဒါကတော့ နည်းနည်းမြင့်တယ်။ ချစ်ရုံနဲ့မပြီးဘဲ လက်တွေ့ဘဝမှာ တိရိစ္ဆာန်အကျိုးပြု လုပ်ငန်းလုပ်နေသူတွေ ဖြစ်ပါတယ်။ ရူးရူးသွပ်သွပ်ကို တိရိစ္ဆာန်တွေကို ချစ်တာဖြစ်ပြီး သက်သက်လွတ်စားသူတွေလည်း ဖြစ်ပါတယ်။ တချို့ကတော့ အစွန်းရောက်သွားပြီး လူ့ဂွစာလို့ သတ်မှတ်ခံရနိုင်ပါတယ်။
ဒါကတော့ ကျွန်တော်လေ့လာထားသလောက် Animals Lover တွေအကြောင်း အကုန်ပါပဲ။ တိရိစ္ဆာန်ချစ်တဲ့သူဟာ ထာဝရချစ်နေမှာဖြစ်ပြီး တိရိစ္ဆာန်မချစ်တဲ့သူကတော့ ဘယ်တော့မှချစ်နိုင်မှာမဟုတ်တဲ့အတွက် နှစ်ဖက်ကြားမှာ ငြင်းခုန်စရာကိစ္စ မရှိပါဘူး။ လူတိုင်း ကိုယ့် right နဲ့ ကိုယ်ပါပဲ။
ဝက်ကလေးတွေကို ချစ်တဲ့သူရှိသလို ဝက်သားဆိုမှ ဝက်သား စားရတာကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ချစ်တဲ့သူကလည်း စားတဲ့သူကို အပြစ်တင်စရာမလိုသလို စားတဲ့သူကလည်း ချစ်တဲ့သူတွေ အပိုတွေလုပ်နေတာ၊ ရူးနေတာလို့ သတ်မှတ်လို့ မရပါဘူး။ ချစ်တဲ့သူတွေကသာ တတ်နိုင်သမျှ တိရိစ္ဆာန်လေးတွေကို စောင့်ရှောက်ဖို့ လိုပါတယ်။
အော်...
ချစ်သူမရှိသေးဘူးဆိုရင် Animals Lover တစ်ဦးနဲ့ date ကြည့်ဖို့လည်း မမေ့နဲ့ဦးနော်။
AD
your secret friend
your smart guy