Yangon Flower Horns

  • Home
  • Yangon Flower Horns

Yangon Flower Horns Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Flower Horns, .

01/09/2022

‼ Sold Out ‼
သားအောင်ပြီးသားဖောက်ထီးလေး
စိတ်ဝင်စားရင် Cb

ကျွန်တော့်ရဲ့ Pageအသစ်လေးပါမဝယ်ဖြစ်သေးလည်းဝင်ပြီးကံစမ်းပေးကြပါဦးဗျ 😁
31/08/2022

ကျွန်တော့်ရဲ့ Pageအသစ်လေးပါ
မဝယ်ဖြစ်သေးလည်း
ဝင်ပြီးကံစမ်းပေးကြပါဦးဗျ 😁

25/07/2022


ဘုလိုင်းအရဲလေး
ကန်ကျယ်ပေးမယ့်သခင်ကိုမျှော်နေတာ
Price - 5000 ks

တောင်ဒဂုံ

25/07/2022


ကန်ကျယ်ပေးရင် ရှယ်ကိတ်မယ့် ကောင်လေး
ကန်ကျယ်ပေးချင်ရင် Cb
Price - 5000 Ks

တောင်ဒဂုံ

25/09/2021

Domino #2
ဝဲထူလေးတစ်ကောင်
စိတ်ဝင်စားရင် cb

10/09/2021

SuperNba #1 (GbKml)
Breeder - ပြည့်ဖြိုး

10/09/2021

SuperNba #1 (Gb kml)
Breeder - ပြည့်ဖြိုး

F0.5/ F1.5/F1 F2 F3ဆိုတာဘာကိုဆိုလိုတာလဲ???? Kamfa အကြောင်းအသေးစိတ်!!!!!!    Flowerhorn. ငါးမျိုးတွေ ထဲမှာ သိပ်ခေတ်စားတဲ့...
01/08/2021

F0.5/ F1.5/F1 F2 F3ဆိုတာဘာကိုဆိုလိုတာလဲ????
Kamfa အကြောင်းအသေးစိတ်!!!!!!

Flowerhorn. ငါးမျိုးတွေ ထဲမှာ သိပ်ခေတ်စားတဲ့ .... ငါးမျိုးစိတ် လို့ပြောလို့ ရပါတယ် ..
သူက စာတန်းငါး အစစ်မဟုတ်ပါဘူး .. ။
( ဒီနေရာမှာ ကြိုက်သလို သဘောထား ကွဲလွဲခွင့် ရှိပါသည် ... ကျွန်တော် ခံယူချက်ကို ပြောပြနေရသည် ဖြစ်ပါသဖြင့် ခံယူချက် မတူ သူများလည်း ဒုနဲ့ဒေး ရှိနိုင်ပါသည် ။ ) ဒါကြောင့် မို့လို့ Kamfa မွေးထားတဲ့ သူအိမ် သွားပြီး ခင်ဗျား မွေးထားတဲ့ စာတန်းငါး ကြီးက လှလိုက်တာ ဗျာ ... လို ပြောရင် တစ်ချို့က စိတ်ဆိုးကြပါတယ် ....

ကန်ဖာ .... တွေက စျေးလည်း ကြီးကြပါတယ် ... လှတဲ့ အကောင် ဆိုရင်ပေါ့ ။ ဘာဖြစ်လို့လည်း ဆိုတော့ .... သူက ရှားလို့ ပါ ။ ဖောက်ရလည်း ခက်ပါတယ် ။ ဒီမှာ ၂ ပိုင်း ရှိပါတယ် ။ နံပတ် (1) ကန်ဖာ form အပြည့်အစုံနဲ့ ငါး ရှားပါတယ် ။ နံပတ် (2) ဖောက်ရ ခက်ပါတယ် .... ။ ဒီ ၂ ခု ကို ပြောရာမှ ကန်ဖာ ဖောက်တဲ့နေရာက စပြောရပါလိမ့်မယ် ......

ကန်ဖာ ... ဆိုတာကိုက .. Flowerhorn နဲ့ တခြားမျိုးမတူတဲ့ စီးစလစ် တစ်မျိုးနဲ့ စပ်ပြီး ဖောက်ထားတဲ့ ကပြား ငါးတစ်ကောင်ပါ ။ ဒါဆို လွယ်သားပဲ ... ခုပဲ Flowerhorn တစ်ကောင်နဲ့ ဗီဂျေး ( ဒါမှ မဟုတ် ) တက်ဆက် .. တစ်ကောင်နဲ့ ဖောက် ထည့်လိုက်မယ် .. ခုပဲ ကန်ဖာ တွေ ထွက်ရော့ လဟယ် .... ။ ဟဲဟဲ ... အဖြေက ... ကန်ဖာ မထွက်ပါဘူးတဲ့ .... ။ ထွက်တောင် ... အန်မတန် ကြက်ကန်းတိုးကာ မှ တစ်ကောင်တစ်လေပါတဲ့ ။ ဟာ .. ဝူပေါက် .. ခင်ဗျား စောဏ ကပြောတော့ Flowerhorn နဲ့ တခြား စီးစလစ် တစ်မျိုး ရောလိုက်ရင် ကန်ဖာ ဖြစ်တယ်ဆို ... ခုကြမှ မဖြစ်ဖူး ဆိုတော့ ဘာလား ....???? ။ ဟုတ်ကဲ့ မဖြစ်ပါဘူး ... လွယ်လွယ်နဲ့ စံပယ်ပွင့်ရင် မယ်သီလ ခေါင်းမှာ ပန်းတွေ ဖွေးကုန်မှာပေါ့ဗျာ ..။ အဲ့လို ပေါက်လာတဲ့ ကပြား ငါးတွေဟာ .. များသော အားဖြင့် အဖေ တစ် ဝက် အမေတစ်ဝက် ဗီဇ တွေကို ယူထားပြီး ... ပုလဲ နည်းမယ် အမြီးအတောင် လှမယ် .... ဒီလောက်ပါပဲတဲ့ ။ ဒါကို ခေါ်ကြတာက .... f1 လို့ ခေါ်ကြသဗျ .. ။ f1 ဆိုနာလည်း နားမရှုပ်ပါနဲ့ ... ။ ပထမ မျိုးဆက်လို့ ဆိုလိုတာပါ ။ ကန်ဖာ ဆိုတာကြီး ဖြစ်အောင် နောက်ထပ် ပုလဲသား( or ) ဘု ကောင်းတဲ့ flowerhorn တစ်ကောင် နဲ့ ထပ်ပြီး ဖောက်ရပါသေးတယ် ... ။ အဲ့ ဒီတော့ မှသူတို့ရဲ့ ကပြားသွေးက ငြိမ်ပြီး ငါးမျိုးစိပ် ၂မျိုးလုံးရဲ့ ကောင်းမွန်လှပတဲ့ ဗီဇ တွေကို ရရှိ သွားပါသတဲ့။
ထူးခြားတာ တစ်ခု ပြောပြပါမယ် ။ f1 အဆင့်မှာ ... f1 ကို ထုပ်လုပ်ထားတဲ့ အဖေနဲ့ အမေ ရဲ့ အရေးပါမူ့ကို ထင်ထင်ခြားခြား သိပ်မတွေ့ရပေမဲ့ ။ အဲ့ ဒီ f1 တွေကို ကန်ဖာ ဖြစ်အောင် ပြန်ဖောက်တဲ့ အခါ မှာတော့ အထက်က ရွေးချယ် ခဲ့တဲ့ ငါးအဖေအမေ က အတော် စကားပြောတော့မှာပါ ။ ဆိုလိုတာက မျိုးဆက်ခုန်တယ်ပေါ့ဗျာ ။ f1 တွေကို မွေးဖွားခဲ့တဲ့ အထီး ဘုပါရင် ပါသလောက် ။ အမက အမြီး အတောင် လှရင် လှသလောက် ။ သူတို့ရဲ့ မြေးတွေမှာ ပြန်ပြီး လာပေါ်သတဲ့ဗျ ။ ( ဒါက ... ဖောက်ဖူးတဲ့ သူတွေ ရဲ့ အတွေ အကြုံ အရ ပြောရတာပါ ... ဆရာများ ဝင်ရောက် ဖြည့်စွက်ပါဗျာ ... ထိုင်းက ငတိတွေက လည်တယ် ဗျ .. သူတို့ ဆီက ကန်ဖာ ဖောက်စုံတွေ ကြည့်လိုက်ရင် ဘာရုပ်မှ မပေါက်ဖူးရယ် ။ ဒါပေသိ ငါးကြတော့ ရှယ်တွေ ထွက်တယ် ။ အဓိက မြုတ်ကွက်က ... f1 ကို ခိုင်ခိုင်မာမာ လိုချင်တဲ့ အထီး အမ နဲ့ သေချာ ဖောက်ပြီး .. ကန်ဖာ အဖြစ် အဆင့်မြှင့်တဲ့ အခါ... အထီးကို ပုလဲ ပါတာလေးနဲ့ ဖြည့်စွက် လောက်ပဲ သုံးသွားတာပါ ။ မြန်မာ ဖောက်ဆရာများ သတိပြုသင့်ပါတယ် ။ )
ကဲ .. ဒီလောက်ဆိုရင် ကန်ဖာ ဖောက်ရတာ ဘယ်လောက် လက်ဝင်လဲ သိလောက်ပြီပေါ့ ။ အစကထဲက f1 လုပ်တဲ့နေရာမှာ ... flowerhorn ဖြစ်ပြီးရော ၊ ဗီဂျေး ဖြစ်ပြီးရော ဆိုပြီး များ ဖောက်ခဲရင် ......... ကန်ဖာ အဖြစ် အဆင့်မြှင့် တဲ့ အခါမှာ .... မောရပြီပေါ့လေ .... ဒါကြောင့် ထိုင်းကကောင်တွေက f1 ကို ကိုယ်တိုင်ပဲဖောက်တာပါ ဝယ်ပြီး ကန်ဖာဖောက်ရင်တောင် ဓာတ်သ်ိတဲ့လူ ... ဆီက ငါးဇစ်မြစ် သိမှ ဝယ်ကြပါလိမ့်မယ် ...
ဟုတ်ပြီဗျာ ... ကန်ဖာ ထွက်လာပါပြီ ... ဒါဆိုရင် အေးဆေး ဖြစ်ပြီ နောက်ထပ်ကန်ဖာတွေ ထွက်ချင်ရင် ကန်ဖာ အထီးနဲ့ ကန်ဖာအမ ဖောက်လိုက်ယုံပေါ့ ဟုတ်ဖူးလား ..... ။ ဟုတ်ကဲ့ .. မရပါဘူးတဲ့ ... ကန်ဖာ အထီးအမ ဖောက်ပြန်ရင်လဲ .... ကန်ဖာထွက်ဖို့ ငါးလှဖို့ အတော်နည်းသွားပြန်သတဲ့ .... ။ ဘယ်လို ... ဘယ်လို ကန်ဖာ ၂ကောင်ဖောက်တာ ကန်ဖာ မထွက်ဖူးဆိုတော့ ... ခင်ဗျား လိမ်တာပဲ ဝူပေါက်ရာ ။ ဟုတ်ကဲ့.. မလိမ်ပါဘူး မိတ်ဆွေတို့ နားလည်အောင် မျိုးရိုးဗီဇ သဘောတရား ရှင်းပြပါမယ်

ကန်ဖာဆိုတာ မျိုးမတူတဲ့ စီးစလစ် ကိုဖောက်ရာမှ ဖြစ်လာတဲ့ ဟိုက်ဘရစ် ကပြားငါးဆိုတာ ပြောပြီးပါပြီနော်... ။ အဲ့ဒီတော့ ... ကပြားအကြောင်းကို ရှင်းပြပါမယ် ။ ကပြားတွေက ထူးခြားတယ်ဗျ ။ ကပြားတွေက သူတို့အဖေအမေတွေ ဆီကနေ ကောင်းကွက်တွေကို ... ပဲ ဆက်ခံကြတယ် တဲ့ .. (ဒါ့ကြောင့် ကန်ဖာတွေက ငါးသက်ပိုရှည်တာဖြစ်နိုင်ပါသည် ) ဥပမာ ခြင်္သေ့ နဲ ကျား စပ်ပြီးကျတဲ့ ကျားခြင်္သေ ဆိုတာ ရှိပါတယ် ... ကျားထက်ရော ခြင်္သေ့ ထက်ပါ အကောင်ပိုကြီးပါတယ် ... ပိုသန်မာပါတယ် ... ။ ကဲ ထားပါတော့ဗျာ ...
Flowerhorn. ကို ... AA
ဗီဂျေး သို့မဟုတ် တက်ဆက်စ် ကို ... BB
လို ပေးလိုက်မယ်ဗျာ ... သူတို့ကို ဖောက်လိုက်ရင်..

AA+BB

AB ,+AB , +BA ဆိုပြီး ဗီဇ ဆက်ခံတဲ့ ငါးတွေ ထွက်လာတယ် ဗျ ... ။ AB ကတော့ ၂မျိုး လုံးရဲ့ ဗီဇ အညီအမျှ နီးပါး ပါတာပေါ့ ... ။ +AB ဆိုတာက A ဗီဇ များနေတာပေါ့ ။ B ဗီဇ က ပါပေမယ့် ငုတ်နေတာပေါ့လေ ။ +BA ဆိုတာကလည်း ။ B ဗီဇ များနေတာပေါ့ ။ ဒီထဲမှာ မှ ကိုကြိုက်ရာ အားသန်ရာကို ရွှေးယူကြတယ် ။ တစ်ချို့ ဘရီတာက ... FH ဗီဖ သန်တဲ့ အကောင်ကို ယူတယ် တစ်ချို့ကလည်း မျှခြေ ရှိတာကို ယူတယ်ပေါ့ ။ ပြီးရင် ကန်ဖာဖြစ်ဖို့. နောက်ထပ် Flowerhorn နဲ့ပဲ ဆက်ဖောက်ကြသဗျ ... ။ ဒီနေရာမှာ ... အထက်က ... သုံးခဲ့တဲ့ Flowerhorn ..... AA ကိုပဲ သုံးသူရှိသလို .... တခြား Flowerhorn ... တစ်ကောင်ကို သုံးတာလဲ ရှိပါတယ် ... တစ်ခြား Flowerhorn ဆိုရင်တော့ Other Flowerhorn... . oA oA လို့ ထားလိုက်ပေါ့ဗျာ ... အဲ့ဒီတော့ AB +oA oA ပေါ့

AB.oA / BB . oA / AA . oA. ဆိုပြီး ထွက်လာ သဗျ .. AB.oA ဆိုတာကတော့ ကျွန်တော် တို့ပြောပြောနေတဲ့ KF ပေါ့ဗျာ ... ။ AA.oA ဆိုတာကတော့ Flowerhorn ပြန်ဖြစ်ကုန်တာပေါ့ ... BB.oA ဆိုတာကတော့ ဗီဂျေး သွေး လွှမ်းမိုးခံရတာပေါ့ .... အဲ့ဒီတော့ ကန်ဖာ၂ကောင်ဖောက်ကြည့်လိုက်ပါ ...

AB.oA. + AB.oA

ဒီလိုတွေ ထွက်ကုန်ပါရောလား ....

AB.AB / oA.oA / oA.AB / AB.Ao

ဆိုပြီး ... ကန်ဖာ ပြန်ထွက်နိုင်ချေ အတော်နည်း သွားပြန်ရော .... ထွက်လာလည်း သိပ်ပြီး strong မဖြစ်တော့ဘူး ... ။ ဒါက ကပြားတွေရဲ့ ထူးခြားချက် ... မျိုးတူ ကပြား နှစ်ကောင်ပေါင်းရင် ... မကောင်းတာတွေလည်း သပ်သပ်စုတယ် ၊ ကောင်းတာတွေလည်း သပ်သပ်စုတယ် အဲ့လိုဖြစ်ကုန်ရော ... ဒါ့ကြောင် ကန်ဖာ အထီးအမကို မဖောက်ကြတာပါ ... အဲ.. တစ်ခုတော့ရှိတယ် ... ကန်ဖာ နှစ်ကောင်ဖောက်ရာမှာ ... တစ်ကောင်က ... ပထမဆုံး.. F1 ဘက်ကို မျိုးသန်နေတဲ့ ငါးဆိုရင် ... ငါးလှတာတွေ ပြန်ထွက်ပြန်ရော ....

ဘယ်လိုလဲ ... ဖတ်ရတာနဲ့တင် ခေါင်းမူးသွားပြီလား ....

ဒါဆို ရင် ... ဘာကြောင့် Form အပြည့်နဲ့ ကန်ဖာတစ်ကောင် က ရှားသလဲဆိုတာ အလိုလို နားလည် လောက်ပါပြီ ....



ိုဝူပေါက်

"Inbreeding / Line Breeding / Out Crossing"Inbreedingဆိုတယ့် စာလုံးကြားလိုက်တာနဲ့ဒီလိုစိုက်ပျိုးမွေးမြူရေးနိုင်ငံမှာ ဘာသ...
27/06/2021

"Inbreeding / Line Breeding / Out Crossing"

Inbreedingဆိုတယ့် စာလုံးကြားလိုက်တာနဲ့
ဒီလိုစိုက်ပျိုးမွေးမြူရေးနိုင်ငံမှာ
ဘာသာရေးလာရောပီး
ပြောတတ်တယ့်နိုင်ငံအတွက်တော့
နည်းနည်းရိုင်းမယ်ထင်ပါတယ်.......

အများစုခေါင်းထဲသိထားတာက
Inbreedingလုပ်ရင်
ရောဂါတွေပါလာတတ်တယ်ဆိုတယ့် အချက်ပေါ့....

အဲ့တာရဲ့ဆန့်ကျင်ဖက် အခြားတဖက်မှာ
အများသိသလိုပါပဲ
ဓာတ်ခွဲခန်းထဲက ကြွက်ဖြူတွေဟာ
100%နီးပါး မျိုးသန့်ထားတယ်ဆိုတာပါပဲ..
(ဓာတ်ခွဲခန်းစမ်းသပ်နမူနာတွေ
မှန်ကန်ဖို့အတွက်ပေါ့.......)

ဒီလိုမျိုးသန့်တဲ့ ကြွက်ဖြူရဖို့ဆိုတာ
တချို့ဆိုင် မျိုးဆက်ပေါင်း 20 လောက်
Inbreeding လုပ်မှ ရနိုင်တာမျိုး....

Breeder တယောက်အနေနဲ့
ကျတော်တို့တွေဟာ
ဓားသွားပေါ်က မြှားလိုပဲ

လူကျင့်ဝတ်နဲ့
ဘာသာရေးအဆုံးအမ 2 ခုကြားမှာရပ်တည်ရင်း

ဒါပေမယ့်
ကျတော်တို့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေက
လူ့ကျင့်ဝတ်ကိုဖောက်ဖျက်နေတာမဟုတ်သလို ဘာသာရေးအဆုံးအမကို
ဖိဆန်နေတာလည်းမဟုတ်ပါဘူး

ကျတော်တို့ ပစ်မှတ်ရည်မှန်းချက်က
ကျန်းမာသန်စွမ်းပီး ကျတော်တို့ လိုချင်တယ့်
အရည်အသွေးနဲ့ ပြီးပြည့်စုံတယ့်
နောက်မျိုးဆက်ကို လိုချင်တာပဲ ဖြစ်ပါတယ်။

ကျတော်တို့ရည်ရွယ်ချက်က
မူလပုံစံကို Cloneလုပ်ပီး အဆက်မပြတ်သူတို့ရဲ့
အလှတရားတွေ ဆက်လက်မြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

Breeding Theory
သဘောတရားမှာ ၃မျိုးပဲ ရှိပါတယ်

1.Inbreeding,
2.LineBreeding,
3.Outcrossing(တနည်းပြောရရင် Hybrid ပေါ့).

*1* (Inbreeding) သဘောတရားဆိုတာ......
အခြေခံအားဖြင့်ပြောရရင် ၃မျိုးပဲ ရှိတယ်။
နည်းနည်းတော့ရိုင်းလိမ့်မယ်
(လူ့ကျင့်ဝတ်တွေခနဘေးဖယ်ထားပါ)

ဥပမာ - ငါးညီအကိုမောင်နမချင်း
ငါးအဖနေဲ့ ငါးသမီး/ ငါးအမနေဲ့ ငါးအမရေဲ့သား.

Inbreedingလုပ်တယ်ဆိုတာ
အရမ်းသတိထားဂရုစိူက်သင့်တယ့်အရာပါပဲ
သိပ္ပံနည်းကျပြောရရင် မျိုးရိုးလိုက်တတ်တယ့်
အနေအထားမရှိမှ လုပ်သင့်တယ့်အရာပါ။

*2* (LineBreeding) သဘောတရားဆိုတာ......
သာမန်အားဖြင့် မိဘတွေရဲ့မျိုးရိုးအလိုက်
မျိုးဆက် ၃ဆက်ကနေ ၅ဆက်အထိ
သူတို့ရဲ့ ဘိုးအေမျိုးရိုးအတိုင်း
(ဥပမာ ထိတ်ပြောင်တာပေါ့လေ)
ဆက်လက်ထိန်းသိမ်းထားနိုင်တယ့် အခြေအနေရှိပီး
ခန့်မှန်းလို့ရတယ့် သီအိုရိ တခုဖြစ်ပါတယ်။

*3* (OutCrossing) ဆိုတာ .......
တနည်းပြောရရင် Hybrid နည်းပါပဲ
ဆိုလိုတယ့် အဓိပ္ပာယ်က
DNA တူ မျိုးစိတ်မတူတယ့် မျိုး၂မျိုးကို
ပေါင်းစပ်ခြင်းဖြစ်ပီး
Outcrossing လုပ်တယ်ဆိုတယ့်
အားသာချက်ကတော့
ကိုယ်လိုချင်တယ့် ပုံစံမရှိတယ့်
ပုံစံ စတဲ့ Gene ကို ရယူနိုင်ဖိူ့ ဖြစ်ပီး
Outcrossing သဘောတရားရဲ့
အားနည်းချက်ကတော့ gene မငြိမ်သက်တာပါပဲ
(ကောင်းတာတွေချည်းပဲ ရနိုင်သလို
ဆိုးတာတွေချည်းပဲ ရနိုင်တယ်)

(****ဝါသနာရှင်တွေ
ဖတ်ရအဆင်ပြေအောင် ပြန်လည်ကူးယူ
ရေးသားပေးထားခြင်းဖြစ်ပါတယ်***)

#မူရင်းစာရေးသူ (Kyaw Naing Oo)

Flowerhorn ငါးမွေးတော့မယ်ဆိုရင် ????                 တကယ်လို့ သင်သာ Flowerhorn Fish crazy ပေါက်စ  တစ်ယောက်ဖြစ်တယ်ဆိုရင်တ...
27/06/2021

Flowerhorn ငါးမွေးတော့မယ်ဆိုရင် ????
တကယ်လို့ သင်သာ Flowerhorn Fish crazy ပေါက်စ တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ မိမိငါးလေးတွေကိုလှစေချင်မှာပါပဲ
ဒါပေမဲ့လဲ မွေးလိုက်တဲ့ငါးတိုင်းက ဘုမထွက်ရတာနဲ့ ပုလဲကာလမလှရတာနဲ့ ခဏခဏသေရတာနဲ့ စသည်ဖြင့် စိတ်ရှုပ်စရာတွေခဏခဏဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့မွေးမြူနည်းမှာ ဘယ်အချက်က မှားနေပြီလဲဆိုတာ ဆန်းစစ်ကြည့်သင့်နေပါပြီ
ကျွန်တော်ကတော့ အောက်ပါအချက် ၅ ချက်နဲ့ပြည့်စုံမှငါးလှလှတစ်ကောင် ဖြစ်ပေါ်လာမယ်ဆိုတာကို အကြံပြုချင်ပါတယ်ဗျ

ပထမ = မျိုးရိုး ( ဘုလိုင်းအားသန်တဲ့သူက အဖေအမေ ဘုပါတဲ့မျိုးကိုအဓိကထားရွေးစေချင်ပါတယ် ဒီနေရာမှာ မျိုးရိုးဆိုတာက နာမည်တွေဖြစ်တဲ့ pp # #$%%$&$$ စတာတွေကိုပြောတာမဟုတ်ပါဘူး အဓိကက အဖေအမေမျိုးက ဘုကိတ်တဲ့ ဘုထွက်တဲ့မျိုးရိုးကိုပြောတာဖြစ်ပါတယ်
နာမည်ကတော့ ဖောက်တဲ့သူပေါ်မူတည်ပြီးပေးကြတာများပါတယ် )

ဒုတိယ = ဂရုစိုက်နိုင်မှု ( ဂရုစိုက်နိုင်မှုဆိုတာကတော့ ငါးကန်အကျယ်အဝန်း ငါးရဲ့အရွယ်အစားနဲ့ညီမျှတဲ့ အပူချိန် / oxygen / filter system / Ph စတာတွေကို ပြည့်စုံအောင်ထားပေးနိုင်ခြင်းကိုဆိုလိုပါတယ်
ရေကတော့ ၃ရက်တစ်ခါ ရေ ၂၅% လဲလှယ်ခြင်း ဒါမှမဟုတ်နေ့တိုင်း ကန်အောက်ခြေက ငါးချေးများကိုပိုက်နှင့်စုပ်ထုပ်ပေးလျှင်ပိုကောင်းပါတယ် )

တတိယ = ကန်အကျယ်အဝန်း ( ငါးတစ်ကောင်ဟာ ၁လက်မအရွယ်အစားဆို အလျားတစ်ပေ အမြင့် ၁ပေခွဲ ပျမ်းမျှထားသင့်ပြီး ထပ်ကြီးလာတဲ့အရွယ်အစားနဲ့ညီမျှအောင်ကန်ကို ချဲ့ပေးရန်လိုအပ်ပါတယ် ၁လက်မအရွယ်လဲ၁ပေကန် ၄လက်မအရွယ်လဲ၁ပေကန် အတိုင်းသာထားပါက မိမိဖြစ်စေချင်တဲ့ ငါးအလှကိုဖြစ်စေမှာမဟုတ်ပါဘူး )

စတုတ္ထ = အစာကျွေးမှုပုံစံ ( အစာကျွေးရာမှာ ငါးအရွယ်အစား အစာရဲ့အရွယ်အစားပေါ်မူတည်ပြီးကျွေးသင့်ပါတယ် ဥပမာ ၁လက်မဆိုဒ်ရှိတဲ့ငါးအတွက် အစာsmall size ရှိတဲ့အစာကို မနက်၂လုံး ည၂လုံးလောက်ဆိုအဆင်ပြေနေပါပြီ ဒါမှမဟုတ် မနက်၁လုံး နေ့လယ်၁လုံး ညနေ၁လုံး ည၁လုံး အဲ့လိုခွဲကျွေးတာကပိုအဆင်ပြေစေပါတယ် /
အချို့က ငါးကိုများများစားစေချင်တဲ့စိတ်နဲ့ အစာကိုဒလဟောထည့် မကုန်တဲ့အစာတွေကိုမထုတ်ပစ်ဘဲရက်ရှည်ထားတဲ့အခါ ရေကိုအဆိပ်ဖြစ် ငါးရောဂါဖြစ် ငါးများကလဲ အစာကိုမတန်တဆစားကာ ဝမ်းနဲ့ပက်သတ်သောပြဿနာများဖြစ်သည့် ချေးဖြူ အူကျ လေအိပ်ပေါက် စသည်ဖြင့်ရောဂါများဖြစ်စေပြီး သေသည်အထိ ထိခိုက်စေပါတယ် ငါးများကိုအစာလိုအက်သည်ထက်ပိုကျွေးခြင်းက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်
ဒါကြောင့်ငါးရဲ့အရွယ်အစား ငါးစာရဲ့အရွယ်အစားပေါ်မူတည်ပြီး ချင့်ချိန်ကျွေးသင့်ပါတယ် )

ပဉ္စမ = အစာ ( တကယ်ဘုထွက်မဲ့ငါးကတော့ flowerhorn အစာဖြစ်တဲ့ ဘယ်အစာကျွေးကျွေး ဘုထွက်ပါတယ် ဥပမာ head up / platinum ကျွေးယုံနဲ့တင်ဘုထွက်ပါတယ် ဒီအစာတွေက ငါးများလိုအပ်ချက်ကိုပြည့်စုံအောင်မျှထည့်ပေးပြီးသားဖြစ်ပါတယ်
သို့သော်အခြားအရည်အသွေးကောင်းတဲ့အစာများကိုလဲကျွေးနိုင်ပါတယ်
ယခုမှစမွေးတဲ့ Flowerhorn ဝါသနာရှင်များက ငါးမျိုးရွေးတာထက် အစာကိုရွေးချယ်နေကြတဲ့အတွက်ကြောင့် လမ်းပြပေးခြင်းဖြစ်ပါတယ်
(ကျွန်တော်ကိုယ်တိုင်လဲအခုလို လမ်းမှားလိုက်ခဲ့ဖူးတာကြောင့်ပါ )
နောက် အစာခြောက်အပြင် အစာစိုများဖြစ်တဲ့ ရေတီ / အမဲနှလုံး/အသည်း / ပုဇွန် စတာတွေကိုလဲ တစ်ပါတ် ၂ခါ၃ခါကျွေးလျှင်ပိုကောင်းပါတယ်
အစာစိုသီးသန့်ကျွေးပါက ဝမ်းနဲ့ပက်သတ်သောပြဿနာများအဖြစ်များစေနိုင်ပါတယ် )
#အစာခြောက်များအားမကျွေးခင်စက္ကန့်၃၀ခန့်ရေစိမ်ပြီးမှကျွေးခြင်းကဝမ်းရောဂါများကိုကာကွယ်ပြီးသားဖြစ်စေပါတယ်

အဲ့၅ချက်လုံး ပြည့်မှီအောင်လုပ်နိုင်မယ်ဆို ဘယ်ငါးမဆို လှပ မှာပါဗျာ
နောက်တစ်ခုက ငါးတော်တော်များများက ငယ်တုန်းခဏ ၂ လ ၃လနဲ့မသိသာပါဘူး
အနည်းဆုံး ၆လဆိုရင် သိသာပါတယ်
ကိုယ်မွေးထားတဲ့ငါးက သူများမျက်စိထဲမလှပေမဲ့ ကိုယ့်မျက်စိထဲလှနေဖို့က အဓိကပါဗျာ
😇ငါးလှလှလေးတွေအများကြီးပိုင်ဆိုင်ပြီး အရာရာအားလုံးအဆင်ပြေပါစေဗျ😇

#မှတ်ချက် ။ ။ ယခုဖော်ပြချက်များသည် ကျွန်တော်အတွေ့အကြုံအချို့နှင့် ဝါရင့်ဆရာကြီးများ၏လမ်းညွှန်ချက်များကို ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်ပါတယ်

Cb or commentများမှ ငါးအမျိုးအမည်များလာရောက်ခွဲခြားခိုင်းခြင်းနှင့် မိမိငါးများဘုတက်နိုင်မတက်နိုင်မေးမြန်းခြင်းများမပြုကြပါရန်မေတ္တာရပ်ခံအပ်ပါသည် Flowerhorn ငါးသည် မှန်းဆရခက်သောကြောင့်ကျွန်တော့်ပညာနှင့်မခွဲခြားနိုင်သေးလို့ပါဗျာ



 #ငါးကန်နောက်ခံအရောင်ငါးကန်နောက်ခံအရောင်ဟာ ငါးကြည့်ကောင်းခြင်းနဲ့ အပြုအမူကို များစွာလွှမ်းမိုးမှုရှိပါတယ် ဝါသနာရှင်တွေအမ...
17/06/2021

#ငါးကန်နောက်ခံအရောင်

ငါးကန်နောက်ခံအရောင်ဟာ ငါးကြည့်ကောင်းခြင်းနဲ့ အပြုအမူကို များစွာလွှမ်းမိုးမှုရှိပါတယ်

ဝါသနာရှင်တွေအများစုက ငါးကန်နောက်ခံအရောင်ကို
မရှိမဖြစ်မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်

ငါးမွေးခြင်းရဲ့ အဓိကအချက်က ငါးတွေပျော်ပျော်ရွင်ရွင်နဲ့ ရေကူးနေတာကို ကြည့်ချင်တာပါ
သတိထားရမှာက ငါးချည်းသီးသန့်ကြည့်လို့မရပါဘူး
ငါးရဲ့ အလှကို ပြည့်စုံအောင် နောက်ခံအရောင်က
ထောက်ပံပေးနေတာပါ

ယေဘုယျအားဖြင့်လိုက်ဖက်ညီတဲ့ ငါးအမျိုးအစားနဲ့ နောက်ခံကာလာကို
ဖော်ပြပေးလိုက်ပါတယ်

အမဲရောင်နောက်ခံ

ငါးရဲ့ အရောင်ကို ပိုမို ပေါ်လွင်တဲ့အတွက်
အရောင်အားသာတဲ့ ငါးများကို ရွေးချယ်သင့်ပါတယ်။
1 လက်ကီး
2 ဒစ်စကပ်
3 ရွှေငါး
4 မာလဝီ
5 ဖိုက်တာ
6 မွန်းစတားငါးများ

အပြာရောင် နောက်ခံ

ငါးနဲ့ ငါးကန်ကို ခန့်ညားစေပါတယ်
1 ဖလားဝါးဟွန်း
2 ပင်လယ်ငါးများ
3 အော်စကာ
4 ရွှေငါး
5 Vieja

အဖြူရောင်နောက်ခံ

သေးငယ်သော ငါးများ အတွက် ထင်သာမြင်သာရှိပါတယ်။
1 ဒေါင်းငါး
2 အိန်ဂျယ်
3 ရမ်
4 ဆိုတေး
5 မော်လီ

Address


Telephone

+959796456441

Website

Alerts

Be the first to know and let us send you an email when Yangon Flower Horns posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Pet Store/pet Service?

Share