CNA Grooming & Pets Spa

  • Home
  • CNA Grooming & Pets Spa

CNA Grooming & Pets Spa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CNA Grooming & Pets Spa, Pet service, .

အမွှေးထုံးများရှင်းပေးပြီး ရေးချိုးပေးထားတဲ့ ခေး လေး ရဲ့ Before & After ပုံလေးပါ🥰😊မိမိတို့မအားလို့ မချိုးပေးနိုင်ရင် hel...
24/07/2022

အမွှေးထုံးများရှင်းပေးပြီး ရေးချိုးပေးထားတဲ့

ခေး လေး ရဲ့ Before & After ပုံလေးပါ🥰😊

မိမိတို့မအားလို့ မချိုးပေးနိုင်ရင် hello လိုက်နော်🥰

Sunday တစ်ရက်ထဲ လုပ်ပေးတာမို့ပါ🥰

21/12/2020

“ သန်း၊မွှားပြသနာ နှင့် ဂုတ်ချဆေးတစ်လွဲများ ”
( ဒေါက်တာဇီဝကရဲ့ အမေး+အဖြေ )

အိမ်မွေးတိရစ္ဆာန်တွေ မှာအဓိကကြုံရတဲ့ ပြသနာတွေထဲမှာ သန်းမွှား ဆိုတာလည်း ပါတယ်ဆိုတာကို တိရစ္ဆာန် မွေးဖူးသူတိုင်း သိကြပါလိမ့်မယ် ။
စာရေးသူတို့ ပတ်ဝန်းကျင်မှာ သန်းမွှားကျလာပြီဆိုရင် ၁၀၀၀ တန်ဂုတ်ချဆေးလေး ဝယ်ချ ၂ရက်လောက်တော့ ပျောက်သွား ပြီးရင် ပြန်ပေါ်လာလို့ ဆေးခန်းရောက်လာတဲ့ တိချစ်သူတွေတစ်ပုံကြီးပါ ။
ဒါဆိုရင် ကျွန်တော်တို့ကို မေးခွန်း တသီကြီးမေးကြပါတယ် စာရေးသူကလည်း စကားပြောရတာ ဝါသနာပါတော့ သူတို့မေးသမျှ စိတ်ရှည်လက် ရှည်ဖြေရင်း တိချစ်သူတွေ အချင်းချင်း ဗဟုသုတ တိုးလာအောင် အတွေ့အကြုံတစ်ချို့ ဝေမျှပေးသွားပါမယ် ။

Q :ဆရာရယ် Detick ဂုတ်ချဆေးလည်း အမြဲချနေတာပဲ သန်း ၊တွေ မွှားတွေက ပျောက်ကို မပျောက်ဘူး ပိုပိုပေါလာသလိုပဲ ?

Ans : သန်း ၊မွှားတွေဆိုတာ အဓိက အားဖြင့် မြေကြီးတို့ မြက်ပင် ၊ချုံတွေမှာ ကပ်နေလေ့ရှိပါတယ် ။ဒါကြောင့် အမတို့က ကလေးတွေကို အိမ်ထဲမှာ မထားပဲ မြေကြီးပေါ်လွှတ်ကျောင်းမွေး ၊မြက်တောတွေထဲ မှာ ဆော့ကစားဖို့ ခွင့်ပြုထားရင်တော့ သန်းမွှားက ဘယ်ဆေးသုံး သုံး အမြစ်ပြတ်မှာမဟုတ်ဘူး ။

Q: ဆရာ ဂုတ်ချဆေးက ဘယ်အချိန်ချပေးရမလဲ ၊ဘယ်လောက် ချပေးရမလဲ ?

Ans : အရေးကြီးဆုံး လူတိုင်းနီးပါး မှားနေတဲ့ တစ်ချက်က ခွေး ၊ကြောင်လေးတွေကို ရေချိုးပြီးမှ ဂုတ်ချဆေး ချပေးကြတာပါပဲ ။
ဒါကအတော့်ကို မှားတဲ့ အချက်တစ်ခုပါ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ သုံးနေကြတဲ့ ဂုတ်ချဆေးမှာပါတဲ့ ဆေးအများစုသည် အရေပြားမှာရှိတဲ့ အဆီအိတ်ကလေးတွေ ၊အမွှေးလေးတွေကတစ်ဆင့် တစ်ကိုယ်လုံးကို ပြန့်နှံကြတာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ ခွေးလေးတွေ ရေချိုးပေးလိုက်တဲ့အခါ ရေချိုးဆပ်ပြာမှာပါတဲ့ ပစ္စည်းတွေကြောင့် အရေပြားမှာ အဆီတွေခမ်းခြောက် သွားပါတယ် ။ ဒါကြောင့် ရေချိုးပြီးမှ ဂုတ်ချဆေး သုံးမယ်ဆိုရင် ဆေးဟာ တစ်ကိုယ်လုံးကို မပြန့်သွားနိုင်ပဲ ဆေးရဲ့ အာနိသင်ကိုလည်း ရရှိသင့်သလောက် ရရှိမှာ မဟုတ်ပါဘူး ။
ထို့အတူပါပဲ ဂုတ်ချဆေးချပြီး နာက်သုံးရက်အတွင်း ရေမချိုးပေးရင်တော့ အကောင်းဆုံးပါ ။
ဆေးပမာဏကတော့ ထုတ်ပိုးမူ ကုမ္ပဏီ အပေါ်လိုက်ပြီးကွာခြားတာကြောင့် အောက်မှာ တစ်ပုံချင်းစီ ရှင်းပြပေးပါမယ် ။

Q : ဆရာ ဂုတ်ချဆေးရဲ့ အာနိသင်က ခန္ဓာကိုယ် ထဲမှာ ဘယ်လောက် ကြာရှည်ခံလဲ ?

Ans : ဒါကတော့ အသုံးပြုတဲ့ ဆေးအမျိုူအစားပေါ် မူတည်ပါလိမ့်မယ် ။ ဥပမာ ၊Clear kill လိုမျိုး ဂုတ်ချဆေးဆိုရင် သူတို့အညွှန်း အတိုင်း သေချာသုံးပေးရင် တစ်လအထိ အာနိသင်ပြပါတယ် ။ အခုနောက်ပိုင်း ကျွန်တော်တို့ ဆေးခန်းမှာ သုံးနေတဲ့ Advocate ဂုတ်ချဆေး ဆိုရင် သုံးလထိ ခံပါတယ် ။ ဒါ့အပြင်မှာ Advocateရဲ့ အားသာချက်က ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ သုံးနိုင်တယ် ၊ နှလုံးသန် L3 ,L4 အဆင့်တွေကိုလည်း သုံးလအထိ တားဆီးပေးနိုင်ပါတယ် ။
ဒါပေမဲ့ လူကြီးမင်းတို့က ဂုတ်ချဆေးသာ ချပြီး လူကြီးမင်းတို့ရဲ့ ပတ်ဝန်းကျင်ကို မပြောင်းလဲပေးဘူး သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ အာနိသင်က အဲလောက်ခံမှာမဟုတ်ပါဘူး ။

Q: ဆရာဂုတ်ချဆေး ကိုဘယ်နေရာမှာချရမှာလဲ ? တခြားနေရာမှာ ချလို့မရဘူးလား ? ဘာကြောင့်လဲ ?

Ans : ဂုတ်ချဆေးဆိုတဲ့အတိုင်း လက်ပြင်ရိုး နှစ်ခုကြား (betweem two scapula) မှာသာချပေးရပါမယ် ။ ဘာကြေါင့်လဲဆိုရင် ပထမတစ်ချက် ခွေးလေးတွေ ပြန်လျက်လို့မရအောင် ဖြစ်ပါတယ် ။ နောက်တစ်ချက်က တော့ ဂုတ်ချဆေး ချတဲ့အချိန်မှာ လူကြီးမင်းတို့အနေနှင့် လက်အိပ်စွပ်ထားရပါမယ် ၊ဆေးလိပ်မသောက်ရပါ ။ ဆေးချပြီးရင် ချက်ချင်း ခွေးလေးတွေ ပြန်မဆော့ခိုင်းပဲ ဆေးခြောက်တဲ့ အချိန်အထိ စောင့်ကြည့်ပေးရပါမယ် ။ တကယ်လို့ လူကြီးမင်းတို့ရဲ့ ပါးစပ် ၊မျက်လုံး စသဖြင့့်နေရာတွေကိုဆေးဝင်သွားပါက ချက်ချင်းရေပေါပေါနှင့်ဆေးပြီး နီးစပ်ရာဆေးရုံဆေးခန်းပြပေးပါ ။
ထို့အတူပါပဲ ဂုတ်ချဆေး ချပေးပြီးနောက် လူကြီးမင်းတို့ရဲ့ ကလေးတွေ နှင့် ခွေးလေးတွေကို ချက်ချင်းပေးမဆော့ရပါ ။ဆေးခြောက်သွားမှသာ ပေးဆော့ရပါမယ် ။

လေးစားစွာဖြင့်
ဒေါက်တာဇီဝက (၀၉၉၅၀၄၄၅၃၄၃ )

18/12/2020
16/12/2020
15/12/2020

Address


Telephone

+959423731490

Website

Alerts

Be the first to know and let us send you an email when CNA Grooming & Pets Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share