Mg Harry

Mg Harry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Harry, Pet Supplies, .

Wheatgrass & SoftTimothy အသစ် အခုရက် ပြန်ဝင်မယ်နော် 😌😌 အရေအတွက် အများကြီးမရလို့ လက်သွက်မှရပါမယ် ( Order လာတင်လို့ရပါပီ )...
01/03/2024

Wheatgrass & SoftTimothy အသစ်
အခုရက် ပြန်ဝင်မယ်နော် 😌😌
အရေအတွက် အများကြီးမရလို့
လက်သွက်မှရပါမယ် ( Order လာတင်လို့ရပါပီ )

Comment ထဲ Order မတင်ပဲ Messenger မှာသာ
Order တင်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါသည် 🙏🙏

25/02/2024

Hay Brand အသစ်တွေနဲ့ Snacks Brand အသစ်တွေ ဝယ်ထားပီးပီနော် 🤭
ပိုစ့်တော့မတင်ရဲသေးဘူး Ethic မရှိကြတာများလို့
Brand အသစ်လေးတွေဆို ဆိုင်မှာလာဝယ်ဖို့ ဖိတ်ခေါ်ပါတယ်....Brand အသစ်လေးတွေကို ဖောက်ပီး 2/ 3 လကြာမှ Page မှာ တင်ပါ့မယ် 🩷🤍

23/02/2024

24 to 28
ပိတ်ပါတယ်ရှင့်
🙏🩷

ဒီတမနက်လုံး ဥလေးက Baho Vet မှာရှိနေမှာမို့Admin မနက်ပိုင်းအရောင်းနားပါတယ်....Ph call & Messenger လဲ Reply ပြန်နိုင်မှာ မ...
22/02/2024

ဒီတမနက်လုံး ဥလေးက Baho Vet မှာရှိနေမှာမို့
Admin မနက်ပိုင်းအရောင်းနားပါတယ်....
Ph call & Messenger လဲ Reply ပြန်နိုင်မှာ မဟုတ်လို့ပါ 💚

ရသလောက်လေး.... ဝယ်ပေးထားပါတယ်Fresh Hay တွေ ဝယ်မရလို့ပါ အခုရက် 🙏လိုချင်တဲ့ အရေတွက်လဲ ဝယ်မရဘူးကွယ် 😔EditCarrot leaves ( so...
21/02/2024

ရသလောက်လေး.... ဝယ်ပေးထားပါတယ်
Fresh Hay တွေ ဝယ်မရလို့ပါ အခုရက် 🙏
လိုချင်တဲ့ အရေတွက်လဲ ဝယ်မရဘူးကွယ် 😔

Edit
Carrot leaves ( sold out )
Oxbow Western Timothy ( sold out )
Marukan Timothy ( sold out )

Old pic

အစာခြောက်ရတာလေးတွေ....Old pic
21/02/2024

အစာခြောက်ရတာလေးတွေ....

Old pic

Today ကုန်အဝင်....ဆေး နဲ့ Healthy Treats 💚💙(Made in Thailand ဝဲဖျန်းဆေးတွေလိုချင်ရင် ပုံလေးပြပီး လာမှာလို့ရပါတယ်....မင်မ...
21/02/2024

Today ကုန်အဝင်....
ဆေး နဲ့ Healthy Treats 💚💙
(Made in Thailand ဝဲဖျန်းဆေးတွေလိုချင်ရင် ပုံလေးပြပီး လာမှာလို့ရပါတယ်....မင်မင်ဝယ်ပေးပါတယ်....ဒါပေမဲ့ ဆရာဝန် ညွှန်ကြားချက်အရသာ သုံးစွဲပေးပါရန် မေတ္တာရပ်ခံပါတယ် )

Old pic

မြက်စိမ်းတိုင်း အဖူးပါတိုင်း မြက်အကောင်းစားမဟုတ်ဘူး....အနံ့တွေ အရိုးပါဝင်မှုပမာဏ အရွက်ပါဝင်မှုပမာဏတွေကြည့်ပီး မြက်ရဲ့ Gr...
21/02/2024

မြက်စိမ်းတိုင်း အဖူးပါတိုင်း မြက်အကောင်းစားမဟုတ်ဘူး....အနံ့တွေ အရိုးပါဝင်မှုပမာဏ အရွက်ပါဝင်မှုပမာဏတွေကြည့်ပီး မြက်ရဲ့ Grade ကို သတ်မှတ်ထားတာ.... အရောင် မစိမ်းတိုင်း မကောင်းဘူးထင်ရင် Oxbow Company ပြုတ်သွားတာကြာပီပေါ့.... Oxbow ကထုတ်တဲ့ မြက်တွေထဲ စိမ်းတာတစ်ခုမှမရှိဘူး 😐 မြက်နဲ့ပက်သက်ရင် နှစ်တွေဘယ်လောက်ကြာကြာ အခုထိရှင်းပြမရတာ ဒို့နိုင်ငံကလူတွေပါပဲ .....

အောက်က ပုံနှစ်ပုံက Timothy အထုံးတွေ
မင်မင် နှစ်မျိုးလုံးသွင်းပေးမယ် စျေးကွာတယ်
ကလေးကိုကောင်းကောင်းကျွေးချင်တယ် အလေလွင့်နဲစေချင်တယ်ဆိုရင်တော့ ထုံးစံတိုင်း မင်မင်ရောင်းနေကျမြက်ကိုယူ.... အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အခုထပ်သွင်းတဲ့ မြက်ကိုယူ .....

ဒုတိယပုံထဲကမြက်ကတော့ အထုံးလိုက်တွေ သွင်းပေးပါ့မယ်ရှင့် 💚

Ou လေးကို စခန်းချတဲ့ လွင်ပြင်မှာ လွှတ်မထားပါဘူး...လမ်းပြအာဝုလေးတွေ ရှိတာမို့လို့ပါ....ဝုလေးတွေက ဘာမှမလုပ်ပေနဲ့ တိလေးတွေဆ...
16/02/2024

Ou လေးကို စခန်းချတဲ့ လွင်ပြင်မှာ လွှတ်မထားပါဘူး...လမ်းပြအာဝုလေးတွေ ရှိတာမို့လို့ပါ....ဝုလေးတွေက ဘာမှမလုပ်ပေနဲ့ တိလေးတွေဆိုတာ အချိန်မရွေးစိတ်ဖော/-က်ပြန်နိုင်တာမို့ပါ....အာဝုလေးတွေက မင်မင်တို့သားအမိကိုအရမ်းချစ်ပီး စောင့်ရှောက်ပေးပါတယ်....မင်မင်က သူတို့ကို ကြက်သားဘီစကွတ်တွေကျွေးကျွေးပီး မိတ်ဖွဲ့ထားတာမို့ပါ 🩷
Tent ထဲကနေ အပြင်ရှုခင်းတွေကြည့်ရင်လဲ ဇကာပါတဲ့တစ်လွှာကို မဖွင့်ပါဘူး....အပြင်လွှာကိုပဲဖွင့်တာပါ။ ဘုရားရင်ပြင်လိုနေရာမျိုးမှာ နေ့လယ်နေ့ခင်းအိပ်ရင်လဲ Ou ကို ကိုယ့်ရင်ဘက်ထဲထဲ့ပီးပဲ ဖက်သိပ်ပါတယ်.... သားကလေးကလဲ ငြိမ်ငြိမ်လေး အမေရင်ဘက်ထဲအိပ်နေကျမို့ ပြသနာမရှိပါဘူး, သူကပိုတောင်သဘောကျပီး ပျော်တဲ့ကလေးပါ 🩷
စားသောက်ဖို့ လူစုတဲ့အခါမျိုးဖြစ်" မီးပုံပွဲလုပ်တာမျိုးဖြစ်" toiletသွားတဲ့အခါမျိုးဖြစ်ဖြစ် Ou ကို Tent ထဲ မထားခဲ့ပါဘူး... သွားလေရာခေါ်သွားပါတယ်။
ကံအကောင်းဆုံးအချက်ကတော့ မင်မင်တို့ Adventure & Hiking team တစ်ခုလုံးက Ou ကို အရမ်းချစ်ပီး အရမ်းဂရုစိုက်ပေးကြတာပါ.... Ou လေးအတွက် အချိန်တိုင်း တစ်ယောက်မဟုတ်တစ်ယောက်က စိတ်ပူပေး မေးပေး ချစ်ပေးနေကြတာပါပဲ.... ထင်တာထက်ပိုပီး ချစ်ပေးကြတဲ့အတွက် နောက်ထပ် တောင်တွေတက်တဲ့အခါမှာလဲ Ou လေးကို ထပ်ခေါ်သွားပါ့မယ်.... 🩷

Adventure by Bunny Ou Ou ( Mg Harry ) 🐰

ယုန် Gp တွေထဲ မကြည့်ဖြစ်တာကြာပါပီ အခုမှဥရဲ့ ပိုစ့်လေး Share ရင်းကြည့်မိတာ....ဒေါသလဲထွက် အံ့လဲသြ စိတ်တွေလဲတိုလိုက်တာနော် ...
16/02/2024

ယုန် Gp တွေထဲ မကြည့်ဖြစ်တာကြာပါပီ အခုမှဥရဲ့ ပိုစ့်လေး Share ရင်းကြည့်မိတာ....ဒေါသလဲထွက် အံ့လဲသြ စိတ်တွေလဲတိုလိုက်တာနော် 😤😤
ယုန်လေးတွေ tayတဲ့ ပိုစ့်တွေကလဲ တန်းစီနေတာပဲ
နေမကောင်းတဲ့ယုန်တွေကို ပေါက်ကရ ဆေးနည်းတွေ ညွှန်နေကြတာလဲ ဝက်ဝက်ကွဲ
မဟုတ်ကဟုတ်က နည်းလမ်းအစုံနဲ့ အစာကျွေးနည်းညွှန်ကြားချက်တွေကတမျိုး
အဲ့ကြားထဲ ထိခိုက်ဒဏ်ရာရတာတွေကော အနှစ်နှစ်အလလ ပ/-စ်ထားသလားအောက်မေ့ရတဲ့ ဝဲစွဲသန်းထူနေတာတွေကတမျိုး
ကလေးတွေလဲ ငရဲပဲကွယ်..... ဆရာတင်ထားတဲ့သူတွေကိုလဲမေးကြည့်ပါဦး, ယုန်တကောင်ကို ဘယ်နှနှစ်သက်တမ်းအထိမွေးဖူးကြသလဲလို့ 😔😔
(ကလေးတွေကိုယ်စား စိတ်ညစ်လိုက်တာ)

ပုံကတော့ မြန်မာပြည်အလယ်ပိုင်းရဲ့ 4981 ပေအမြင့်ရှိတဲ့တောင်ထိပ်မှာတောင် မြက်ဝါးမပျက် အီးပါမပျက်တဲ့ OuOu 😁😁 ကိုယ်တွေလဲ သူများဆေးနည်းတွေ အစာကျွေးနည်းတွေနဲ့သာ Harry ကိုမွေးရင် ခုလို 6 နှစ်မပြောနဲ့ 3 နှစ်အထိခံရင်တောင် ကံကောင်း 🥹🥹

နှင်းတွေအရမ်းကျပီး အေးခဲနေလို့ Sleeping Bag ထဲ ထဲ့သိပ်တာကိုမရဘူး....15 မိနစ်ထက်ပိုမနေဘူး။ပြန်ထွက်ပီး Tentထဲ ဒီတိုင်းခြေပ...
16/02/2024

နှင်းတွေအရမ်းကျပီး အေးခဲနေလို့ Sleeping Bag ထဲ ထဲ့သိပ်တာကိုမရဘူး....15 မိနစ်ထက်ပိုမနေဘူး။
ပြန်ထွက်ပီး Tentထဲ ဒီတိုင်းခြေပစ်လစ်ပစ်အိပ်တာ။
တော်တော်အအေးကြိုက်တဲ့ကောင် ဖုန်ကန်ရာဇီလိုက်ဖို့ အခုထဲက သူပါလေ့ကျင့်နေလားမသိဘူး။

Adventure by Bunny Ou Ou ( Mg Harry ) 🐰

အသက် 6 နှစ်ရှိပီဖြစ်တဲ့ ယုန်တစ်ကောင် တော/တောင်ထဲလဲ နေနိုင်တယ်...လျှိုမြောင်ချိုင့်ဝှမ်းထဲလဲ ခေါ်သွားလို့ရတယ်...အညာနေပူပူ...
14/02/2024

အသက် 6 နှစ်ရှိပီဖြစ်တဲ့ ယုန်တစ်ကောင်
တော/တောင်ထဲလဲ နေနိုင်တယ်...လျှိုမြောင်ချိုင့်ဝှမ်းထဲလဲ ခေါ်သွားလို့ရတယ်...အညာနေပူပူကိုလဲမမှုသလို တောင်ပေါ်နှင်းဖွေးဖွေးကြားလဲ ဂရုမစိုက်ဘူး...ရိုးမအသွယ်သွယ်လဲရောက်ဖူးပီးပီ... ပင်လယ်ကမ်းခြေတွေမှာလဲ ပြေးဆော့ဖူးခဲ

အိမ်မှာရေသန့်သောက်ရပေမဲ့ တောထဲတောင်ထဲ စမ်းရေသောက်ပီးလဲ အသက်ရှင်တယ်...အိမ်မှာ luxury အိပ်ယာနဲ့ အိပ်ရပေမဲ့ တောထဲက tent ထဲလဲ သူ့မှာပျော်ရွှင်ကျန်းမာစွာ အိပ်စက်နိုင်တယ်

6 နှစ်လုံး ဝမ်းမလျောဖူးဘူး, မဖျားနာဖူးဘူး, ဝဲမဖြစ်ဖူးဘူး, သွားတွေမရှည်ဖူးဘူး, လက်သည်း ခြေသည်းတွေ မကျိုးဖူးဘူး,..... အမေကို အမြဲစိတ်ချမ်းသာအောင် နေကောင်းကျန်းမာစွာနေပေးတဲ့ကလေးလေး 🩷

ကျေးဇူးတင်ပါတယ်သားရယ်.....

08/02/2024

ယုန်စာ ကုန်ဝင်ထားတာတွေ
ဒီနေ့ ရသလောက်လဲ Deli အပ်ပေးလိုက်ပါပီ
ပစ္စည်းတွေလဲ ကုန်လုနီးပါးဖြစ်သွားပီမို့
လိုတာရှိရင် cb မှာပဲ လာမေးပါနော်
ပုံတွေ မတင်နိုင်တော့ပါဘူး 🙏😵

ဒီညဝင်မှာတွေကို ထပ်စောင့်မဲ့သူတွေလဲ စောင့်ပေးတဲ့အတွက် ကျေးဇူးအထူးပါ....

07/02/2024

Today ညနေကုန်ဝင်ပါမယ်
ညနေမိုးချုပ်မှ ဝင်မှာမို့
မင်မင်မနက်ဖန်မှ ပစ္စည်းတွေစစ်ပီး
Order ထဲ့ပေးပါ့မယ်နော်
9 to 13 မင်မင် Hiking သွားမှာမို့ ပိတ်ပါတယ်ရှင့်
တောင်တက်စဥ်ကာလအတွင်း ဖုန်း/ internet ယာယီပြတ်တောက်မှုများရှိတာမို့ နားလည်ပေးကြပါနော် 🙏🥺

06/02/2024

Attention Please 🍁

ကိုယ့်ကလေးက အစာချေးများရင်
စားတတ်တာလေးတွေ ကြိုဝယ်ထားပါနော်
ကြိုက်တဲ့ဆိုင် ကြိုက်တဲ့နေရာကဝယ်ပါ
ကိုယ်တိုင်လဲ တိလေးတွေလက်ရှိ မွေးတဲ့သူမို့
(**မေတ္တာဖြင့် သတိပေးခြင်းသာ ဖြစ်ပါသည်**)
ဒီ့ထက်ပိုပီး မင်မင့်ကို ဘာမှထပ်မမေးပါနဲ့နော် 🙏

မှတ်ချက်....ကလေးဆိုတာ ယုန်မှမဟုတ်ပါဘူး , ဘာကောင်မွေးထားထားပါ။ ထမင်းနဲ့ဟင်း နယ်ဖတ်ကျွေးလို့ရတဲ့ တိအမျိုးအစားဆိုရင်တော့ မပြောပါဘူးနော်။

မင်မင်ကတော့ ရှင်းစရာ ဂိုထောင်မရှိပါ 😂😂
05/02/2024

မင်မင်ကတော့ ရှင်းစရာ ဂိုထောင်မရှိပါ 😂😂

6 yrs old baby ရဲ့ နေ့လည်စာ (အစာစိုတွေကို မင်မင်ကတော့ 4PM နောက်ပိုင်း မကျွေးပါဘူး)Strawberry, Orange, Marshmallow mix,Be...
05/02/2024

6 yrs old baby ရဲ့ နေ့လည်စာ (အစာစိုတွေကို
မင်မင်ကတော့ 4PM နောက်ပိုင်း မကျွေးပါဘူး)
Strawberry, Orange, Marshmallow mix,
Berry Stick, Criticalcare & Hairball Relief 🩷

ဒါလေးတွေ ရသေးတယ်နော် 🩷
05/02/2024

ဒါလေးတွေ ရသေးတယ်နော် 🩷

05/02/2024

အခုရက်ထဲ ကုန်တွေထပ်ဝင်ပါ့မယ်နော်။
9 to 13 ကတော့ မင်မင်Hiking သွားမှာမို့ ပိတ်ပါတယ်🙏

ဥကလေးက အားလုံးကြိုက်ပီးသားဖြစ်တဲ့Super Premium Timothy လေးတွေ ရောင်းပေးပါဦးမယ်...Monday ကျ ပုံလေးတွေတင်ပေးပါ့မယ်နော် 💚S...
27/01/2024

ဥကလေးက အားလုံးကြိုက်ပီးသားဖြစ်တဲ့
Super Premium Timothy လေးတွေ ရောင်းပေးပါဦးမယ်...Monday ကျ ပုံလေးတွေတင်ပေးပါ့မယ်နော် 💚
Super Premium Timothy စစ်စစ်ဖြစ်တာမို့
စျေးလေးကတော့ မြင့်ပါတယ် 🙏
စျေးကြီးတဲ့မြက်နဲ့ စျေးသက်သာတဲ့မြက် ဘာကွာလို့လဲဆိုပီးမေးကြလို့ ....လွှတ်ပစ်ရတဲ့ပမာဏကွာသွားပါတယ် 😌
စျေးသက်သာတဲ့မြက်မှာ အရိုးအရင့်အမာတွေများလေ ပစ်ရတဲ့ပမာဏများလေပါ.....မြက်တွေက စျေးကြီးလေ လွှတ်ပစ်ရတဲ့ အလေလွင့်ဖြစ်တဲ့ ပမာဏနဲလေပါနော်.....မြက်ကောင်းကောင်းလေးစားရတဲ့ကလေးရဲ့ ရင်ထဲကပို့သတဲ့ မေတ္တာလဲ ကွာချင်ကွာပါလိမ့်မယ် 🥰

ဥပုံတွေ ပုံအသစ်လေးတွေသိပ်မတင်ဖြစ်ဘူးနော်ဆိုပီး ဥကိုချစ်တဲ့သူတွေကမေးနေလို့ 😔ဥလေးကအသက်ကြီးလာပီမို့ ဆော့တာမျိုးမရှိသလောက်ပါ...
25/01/2024

ဥပုံတွေ ပုံအသစ်လေးတွေသိပ်မတင်ဖြစ်ဘူးနော်ဆိုပီး ဥကိုချစ်တဲ့သူတွေကမေးနေလို့ 😔
ဥလေးကအသက်ကြီးလာပီမို့ ဆော့တာမျိုးမရှိသလောက်ပါပဲ.... မင်မင်က အားဆေးနဲ့ အစာတွေကို စုံပလုံစိအောင်ကျွေးတော့ သူကအစာစားနှုန်း တနေ့ထက်တနေ့ပိုများလာပီး လှုပ်ရှားမှုကျတော်တော်လေးနဲတော့ ပိုပီးဝလာပါတယ် 🥲
စားလိုက်အိပ်လိုက်ခရီးထွက်လိုက်နဲ့ အဆီယစ်နေတဲ့ ယုန်ဘောလုံးကြီးဖြစ်နေတာမို့ ပုံမတင်တာပါ....သူ့ပုံလေးတွေတင်ရင် မလိုသူတွေရဲ့ မကောင်းတဲ့အမြင်နဲ့ကြည့်တဲ့အခါ ကလေးကျန်းမာရေးထိခိုက်မှာစိုးလို့ မင်မင်ပုံဟောင်းလေးတွေပဲ ပြန်ပြန်တင်နေတာပါ 🙏 ဥက ဖိုးဖိုးကြီးဖြစ်လာပေမဲ့ ကျန်းမာပီး ဝတုပ်ဂွတိုလေးဖြစ်နေပါတယ်လို့ 🥰 အခုလဲ ဥရဲ့ ညီမလေးနဲ့အတူတူ ရှိနေပါတယ်....မောင်နှမနှစ်ယောက်စလုံး ကျန်းမာပါတယ်ရှင့်....ညီမလေးကလဲ ယုန်ဖွားဖွားအပျိုကြီးပေမဲ့ နုပျိုသွက်လက်တုန်းပါရှင့် ❤️

တစ်မျိုးလျှင် 4 ဘူးထက် ပိုရောင်းမပေးပါ 🙏Price.....Cb 👈
25/01/2024

တစ်မျိုးလျှင် 4 ဘူးထက် ပိုရောင်းမပေးပါ 🙏
Price.....Cb 👈

အင်မတန်စျေးကြီးသော ယုန်စာဆိုင်ရဲ့ပိုင်ရှင် သထိန်းအားတွေ့ရပုံ 🤭(Harry တို့များ ရုပ်ကလေးနဲ့လုပ်စားတာ သူများစီမှာ 5000 လောက...
20/01/2024

အင်မတန်စျေးကြီးသော ယုန်စာဆိုင်ရဲ့ပိုင်ရှင်
သထိန်းအားတွေ့ရပုံ 🤭
(Harry တို့များ ရုပ်ကလေးနဲ့လုပ်စားတာ သူများစီမှာ 5000 လောက်ဆို သူ့စီ 10000 ပဲ....သွားမဝယ်နဲ့ဦး ချစ်တို့ရေ) 🤌

မနေ့က မနက်နဲ့ညနေ ယုန်စာတွေ 2 ကြိမ်ခွဲပီးဝင်တာဒီနေ့ အကုန်ပြောင်ပဲ 🤣🤣ပိုပီးဝယ်လာလဲ ယုန်စာတွေက နေ့မကူးဘူးဒီနေ့ရောက် မနက်ဖန်...
20/01/2024

မနေ့က မနက်နဲ့ညနေ ယုန်စာတွေ 2 ကြိမ်ခွဲပီးဝင်တာ
ဒီနေ့ အကုန်ပြောင်ပဲ 🤣🤣
ပိုပီးဝယ်လာလဲ ယုန်စာတွေက နေ့မကူးဘူး
ဒီနေ့ရောက် မနက်ဖန် အကုန်ကုန်တဲ့ဆိုင်မို့
ဟောင်းလားသစ်လား လတ်ဆတ်လားဘာလားညာလားတွေလာမမေးပါနဲ့...စိတ်ထဲမရှင်းရင် မဝယ်ပါနဲ့

ပီးတော့ စျေးမစစ်ပါနဲ့နော်...ပစ္စည်းအသစ်ကို အမြဲလိုချင်တဲ့ Cus တွေကအများစုမို့ သူတို့က ဘတ်စျေးဘယ်လောက်တက်တက်ဝယ်ပေးဆိုတဲ့သူတွေချည်းပါပဲ...စျေးမကြည့်ပဲ အစာတွေကိုပဲ Update လိုချင်တဲ့ Cus တွေရဲ့ စိတ်တိုင်းကျအောင်မင်မင်က ဝယ်ပေးရတာမို့ မင်မင့်စီမှာစျေးဝယ်ရင် သူတို့လို စျေးကြီးကြီးနဲ့ လတ်ဆတ်တာတွေပဲရပါတယ်....ပေါပေါပဲပဲ ဘာမှမရပါဘူး....ယုန် 2/3 ကောင်ကို တစ်လ 5သိန်းကနေ 10သိန်းကြားကျွေးနေဝယ်နေတဲ့သူတွေလိုမျိုး မင်မင့်အပေါ် ယုံကြည်မှုရှိမှ အားပေးပါနော်....အလုအယက် စျေးရောင်းတဲ့အထဲလဲ မင်မင်မပါ, ပါဘူး 🙏🙏

ရောက်တာနဲ့ ချက်ချင်းအိမ်တိုင်ရာရောက် လာယူကြတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Cusတွေကိုလဲ ကျေးဇူးအထူးပါ...နှစ်ရှည်လများ ယုံကြည်ပေးတဲ့သူတွေကိုလဲ ကျေးဇူးမမေ့ပါဘူး ❤️🙏

နောက်တသုတ်ထပ်သွင်းပေးမှာမို့ Order လေးတွေ ပြန်တင်လို့ရပါပီ ......

19/01/2024

Attention please 🙏
မင်မင့်စီက ဝယ်ယူအားပေးတဲ့အခါ အဆင်မပြေတာလေးတွေရှိရင် ပြန်ပြောပေးကြပါနော် 🙏
အားမနာတမ်း Messenger လေးမှာ လာပြောလို့ ရပါတယ် 🙏

Order တင်လိုက် ပီးရင် Cancel လိုက်လုပ်တဲ့သူတွေကိုလဲ မင်မင် စျေးရောင်းပေးမည်မဟုတ်ကြောင်း တဆက်တည်း အသိပေးပါရစေ 😌

ပိုက်ဆံပေးတိုင်း Bkk ဘက်မှာ လိုချင်တဲ့အရေအတွက် လိုချင်တဲ့ပစ္စည်းမရပါဘူး...ဒါကို အမျိုးစုံကြိုးခုန်နေရင် တကယ်လိုအပ်တဲ့ Cus တွေ နစ်နာပါတယ်....ကျေးဇူးပြု၍ အာရုံလာမနှောက်ကြပါရန် မေတ္တာရပ်ခံပါတယ် 🙏

Address


Telephone

+959883349490

Website

Alerts

Be the first to know and let us send you an email when Mg Harry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share