30/04/2023
ကျွန်တော် ဘာလို့ ကြက်ပုံတွေ မတင်ဘဲ ပျောက်နေရသလဲ
အမှန်က ကြက်လေးတွေ မမွေးတော့လို့ မဟုတ်ပါဘူး
ကြက်လေးတွေ ထားပုံထားနည်း အသစ်ပြောင်းလိုက်လို့ပါ
ပုံမှန်ကျွန်တော့် ဆီမှာ မနက်ခင်း ပဲ ကြက်လေးတွေ လွှတ်ကျောင်းပေးပါတယ်
ကျန်တဲ့ အချိန်တွေ အကုန် ၂ပေပတ်လည်ရှိတဲ့ ခြံထဲမှာထားပါတယ်
အခု့အချိန် ရာသီဥတုက အရမ်းပူ တော့
အရင်ပုံစံအတိုင်း ထားလို့ အဆင်မပြေ တော့ပါ
တစ်ခု့ ကံကောင်းတာက
ကျွန်တော့် ခြံ က အရိပ်ကောင်းတဲ့ အပင်တွေ လဲ များများစားစားရှိပြီး နေရာလဲ အတော်အသင့်ကျယ်လို့ပါ
အဲ့တော့ ကျွန်တော် အခု့ ကြက်လေးတွေ ကို ခြံထဲ အချိန်ပြည့် လွှတ်ပေးထားတယ်
သူတို့ရဲ့သဘာဝ အတိုင်း မြက်ပင်တွေကြားတိုးပြီး ပိုးကောင်မွှားကောင်လေးတွေ ဖမ်းစားလိုက်
နေပူ လာတဲ့ အချိန်တွေ အအေးဓာတ်ရှိတဲ့ အပင်ရိပ်တွေ အောက် နေလိုက် သူတို့စိတ်ကြိုက်လုပ်လို့ရသွားတယ်
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေးပိုင်းရော တော်တော် လေးအဆင်ပြေလာတာ ကိုတွေ့ရတယ်
သဘာဝ အတိုင်းလွှတ်ထားကြတော့
နေချင်သလို နေပြီး ညစ်ပတ်ကလေးတွေ ဖြစ်နေကြရော
ဟော်လန်လေးတွေ ဆို အဖြူကနေ မီးခိုးရောင်ပါပေါက်လို့
ဒါပေမဲ့ တစ်ခု့အရေးကြီးတာ က ကြက်ဖ တွေပဲ
သူတို့ကျတော့ အဖ နှစ်ကောင်တွေ့ရင် လဲ ခွပ်မယ်
တခြား အမျိုးအစားမတူ တဲ့အမ တွေ နဲ့ မိတ်လိုက်ခဲ့ရင် လဲ မျိုးပျက်ကုန်မယ်
ဒါ့ကြောင့် ကြက်ဖတွေကို တော့ ထိန်းပေးဖို့လိုတယ်
ကျွန်တော် က တော့ ကြက်ဖတွေ ကို အရိပ်ရပြီးအေးတဲ့နေရာမှာ ဝါးခြင်းနဲ့ အုပ်ထားပေးတယ်
အမတွေက တော့ အကုန်ရောလွှတ်ထားတယ်
ညဘက်ဆို လဲ ၂ ပေပတ်လည်ခြံထဲ ပြန်ဖမ်းမထည့်ဘူး
ခြံအကြီးထဲ မှာ ပဲ ခပ်နိမ့်နိမ့် ဝါးတန်းလေးတွေ လုပ်ပေးထားတယ်
တန်းပေါ်မှာ အိပ်ရအောင်
ကျွန်တော် က တော့ ဒီရာသီမှာ ကြက်လေးတွေ
သားလဲ မဖောက် ထားဘူး
ကြက်မတွေ ဝပ် မယ် ဆို လဲ အရမ်းပူတော့ သူတို့ကို သနား လို့ မီးက လဲ ပြောမရတော့ ဖောက်စက် လဲ မသုံးဖြစ်ဘူး ဒါကြောင့် အခု့အချိန်မှာတော့ ကြက်ပေါက်လေးတွေ ရှိလား မမေးကြပါနဲ့
နွေကုန်လို့ မိုးရောက်ရင် ကြက်ပေါက်လေးတွေ နဲ့အတူပြန်လာခဲ့ပါမယ်
ဒါလေးက တော့ ကျွန်တော် ဘာလို့ပျောက်နေတယ်ဆိုတာကိုလဲ ရှင်းပြရင်း
ကျွန်တော် လက်ရှိ ထားတာ အဆင်ပြေလို့
တခြားသူတွေ ကို လဲ မျှဝေရင်း တင်ပေးလိုက်တာ ပါ
အားလုံးကိုလဲကျေးဇူးပါ 🙏🥰🥰