23/04/2022
သင့်ရဲ့ခွေးသာ စကားပြောတတ်မယ်ဆိုရင် ပြောမယ့် (၁၀) ချက်…..
၁။ ကျွန်ုပ်ကို မမွေးခင် သခင် သိထားရမှာက ….
ကျွန်ုပ်ရဲ့ သက်တမ်းက ၁၀ နှစ် ၁၅ နှစ်ပဲရှိပါတယ်ဗျာ။
ဒါကြောင့်မို့ သခင်နဲ့ ဘယ်လိုမျိုး ခွဲခွာရခြင်းကမဆို ကျွန်ုပ်ကို နာကျင်စေပါတယ်။
၂။ ကျွန်ုပ်ကို သခင် ဘာလုပ်စေချင်တယ်ဆိုတာ ကျွန်ုပ်နားလည်ဖို့ အချိန်ပေးပါ။
၃။ ကျွန်ုပ်ကို ယုံကြည်ပါ။ အဲဒါက ကျွန်ုပ်စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်။
၄။ ကျွန်ုပ်ကို အကြာကြီး စိတ်မဆိုးပါနဲ့နော်။ ပြီးတော့ အပြစ်ပေးသလိုမျိုး အကြာကြီးလည်း မချူပ်နှောင်ထားပါနဲ့။
၅။ သခင့်မှာ အလုပ်အကိုင်ရှိတယ်၊ ဖျော်ဖြေရေးတွေရှိတယ်၊ ပြီးတော့ သူငယ်ချင်းတွေလည်း ရှိပါတယ်။
ကျွန်ုပ်မှာတော့ သခင်တစ်ယောက်ထဲ ရှိတာပါ။
၆။ တခါတလေတော့ ကျွန်ုပ်ကိုစကားပြောပေးပါ။
သခင်ပြောတဲ့စကားလုံးတွေကို နားမလည်လျှင်တောင်မှ၊ သခင်စကားပြောချိန်မှာ သခင့်အသံကို ကျွန်ုပ်နားလည်နိုင်ပါတယ်။
၇။ သခင် သတိပြုစေချင်တာက ဘယ်လိုပဲ ကျွန်ုပ်ကို သခင် ဆက်ဆံသည်ဖြစ်စေ၊ ကျွန်ုပ်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
၈။ သခင့်ကို လွယ်လွယ်ကူကူ နာကျင်စေမယ့် သွားတွေ ကျွန်ုပ်မှာရှိပါတယ်။
ဒါပေမယ့် သခင့်ကို ကျွန်ုပ်ချစ်တဲ့အတွက် ကိုက်မှာ မဟုတ်ပါဘူး။ အဲဒါလေးတော့ ကျွန်ုပ်ကို မရိုက်ခင် သခင် သတိရပါနော်။
၉။ သခင်ခိုင်းသလို မလုပ်ရင်၊ ပေခံနေရင်၊ ဒါမှမဟုတ် ပျင်းရိနေလို့ ကျွန်ုပ်ကိုဆူတော့မယ်ဆိုရင် ..
ကျွန်ုပ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစုံတခုရှိနေမလားလို့ သခင်ကိုယ်တိုင် ပြန်မေးကြည့်ပါ။
အစာကောင်းကောင်း မစားရတာ၊ အပြင်မှာနေရတာ အချိန်သိပ်ကြာနေတာ၊
ဒါမှမဟုတ် ကျွန်ုပ်ရဲ့နှလုံးက အိုမင်းပြီး အားမရှိတာလဲ ဖြစ်နိုင်ပါတယ်။
၁၀။ ကျွန်ုပ် အိုမင်းလာရင် ဂရုစိုက်ပေးပါနော်။ သခင်လည်း တနေ့ အိုမင်းရမှာပါပဲ။ အဲသည့် ခက်ခဲလှတဲ့ခရီးမှာ အတူရှိနေပေးပါ။
“သူသေတာကို မကြည့်နိုင်ဘူး။” “ငါ မရှိတုံးလေး သူအသက်ကုန်ပါစေ။” အဲသလိုမျိုး ဘယ်တော့မှ မပြောပါနဲ့နော်။
သခင်သာ ရှိနေမယ်ဆို သေခြင်းတရားကတောင် ကျွန်ုပ်အတွက် လွယ်ကူနေမှာပါ။
ပြီးတော့ ကျွန်ုပ်သခင့်ကိုချစ်တယ်ဆိုတာ သတိရပေးပါ………….ဒီစာလေးရေးရင်း အလိုလိုဝမ်းနည်းမိတယ်ဗျာ ကလေးတွေကိုပိုချစ် ပိုသနား ပိုဂရုစိုက် ပိုကိုယ်ချင်းစာပေးနိုင်ကြပါစေ ဆုတောင်းရင်း....🙏
April, 2022
CRI ပေးပါတယ်ရှင်
စာဖတ်ရင်းမျက်ရည်တွေအလိုလိုစီးကျလာ😭
သံယောဇဉ်တွေကတစိကယ်ကိုပူလောင်ရပါတယ်