Sunday - Pet Food & Accessories Shop

  • Home
  • Sunday - Pet Food & Accessories Shop

Sunday - Pet Food & Accessories Shop တိရစ္ဆာန်သုံး ဆေး၊အစာ နှင့် ဆက်စပ်ပ

ချည်ကိုယ်သိုင်းကြိုးပါ လမ်းလျှောက်ကြိုးပစ္စည်းအသစ်ရောက်ပါတယ်ရှင့်ဒါ​လေးကအကြီး size ပါနော်
01/01/2021

ချည်ကိုယ်သိုင်းကြိုးပါ လမ်းလျှောက်ကြိုး

ပစ္စည်းအသစ်ရောက်ပါတယ်ရှင့်

ဒါ​လေးက
အကြီး size ပါနော်

ကိုယ်သိုင်းကြိုးပါ လမ်းလျှောက်ကြိုး 😍😍😍😍😍😍Baby သေးသေးလေးတွေအတွက်ပါနော်ကြိုးပြား အသေး / အကြီး Size နှစ်ခုရပါမယ်ရှင့်
01/01/2021

ကိုယ်သိုင်းကြိုးပါ လမ်းလျှောက်ကြိုး
😍😍😍😍😍😍
Baby သေးသေးလေးတွေအတွက်ပါနော်
ကြိုးပြား အသေး / အကြီး
Size နှစ်ခုရပါမယ်ရှင့်

Chaingard Anti Tick & Flea Dog Shampoo သန်းမွှားအတွက် အထူးထုတ်လုပ်ထားပြီး အမွှေးကျွတ်တာ အရမ်းသက်သာတယ်ဆိုတဲ့ Shampoo လေးပ...
01/01/2021

Chaingard
Anti Tick & Flea Dog Shampoo

သန်းမွှားအတွက် အထူးထုတ်လုပ်ထားပြီး အမွှေးကျွတ်တာ အရမ်းသက်သာတယ်ဆိုတဲ့ Shampoo လေးပါရှင့်
😍😍😍😍😍
အိမ်က ကလေးက အမွှေးကျွတ်တာမရပ်လို့
ဘယ် Shampoo သုံးရမလဲ ဆိုတဲ့ မေမေတို့အတွက်😍
သတင်းကောင်းလေးပါနော်✌✌✌✌✌
350 ml ဘူးကြီးပါရှင့်

နေမကောင်းဖြစ်နေတဲ့မီးညောင်လေးအစာမစားနိုင်လို့ စိတ်ညစ်နေရပြီလား ဖေဖေမေမေတို့ရေ....စားရလွယ်ကူပြီးအနံ့အရသာအပြည့်နဲ့ Me O Cr...
01/01/2021

နေမကောင်းဖြစ်နေတဲ့မီးညောင်လေး
အစာမစားနိုင်လို့ စိတ်ညစ်နေရပြီလား ဖေဖေမေမေတို့ရေ....
စားရလွယ်ကူပြီးအနံ့အရသာအပြည့်နဲ့
Me O Creamy အစာအစိုထုပ်လေးတွေရှိနေပါပြီနော်😍😍😍😍😍
ပူစီလေးတို့ရဲ့အစာစားချင်စိတ်ကိုမြှင့်တင်ပေးမယ့်
တူနာငါး နဲ့ကြက်သားရောစပ်ထုတ်လုပ်ထားတဲ့
Me O Jelly လေးကို
ဝယ်ယူရရှိနိုင်ပြီဖြစ်လို့ ဖေဖေမေမေတို့အတွက်
သတင်းကောင်းလေးပါပဲနော် 🐶🦊🐕🐩
👉ကြောင်စာ တို့ ထမင်းတို့နဲ့ ရောနယ်ကျွေးရင် အစာအရမ်းစားပါတယ်တဲ့ရှင်😍😍😍😍😍😍😍😍

Daily Pet. 1kg အစာခြောက်ထုပ်🐶🐶🐶🐶အသက်အရွယ်မရွေးကျွေးလို့ရတဲ့ အရည်သွေးကောင်းပြီး စျေးသက်သာတဲ့  အစာခြောက်ထုပ်လေးပါနော်😍😍😍😍😍...
31/12/2020

Daily Pet. 1kg
အစာခြောက်ထုပ်🐶🐶🐶🐶

အသက်အရွယ်မရွေးကျွေးလို့ရတဲ့ အရည်သွေးကောင်းပြီး စျေးသက်သာတဲ့ အစာခြောက်ထုပ်လေးပါနော်😍😍😍😍😍😍

B1 သန်းအစက်ချဆေးပုံမှန်သုံးနေကျ သန်းအစက်ချဆေးသုံးလို့ သန်းမပျောက်ရင် 👎👎ဒီဆေးလေး စမ်းသုံးကြည့်ပါနော်👍👍👍👍👍
31/12/2020

B1 သန်းအစက်ချဆေး
ပုံမှန်သုံးနေကျ သန်းအစက်ချဆေးသုံးလို့
သန်းမပျောက်ရင် 👎👎
ဒီဆေးလေး စမ်းသုံးကြည့်ပါနော်👍👍👍👍👍

PetBacElectrolites +Pre& Probioticခွေးကြောင်များတွင် အန်ခြင်း ဝမ်းပျက်ဝမ်းလျှောခြင်း အစာအိမ်နှင့် အူလမ်းကြောင်း ယောင်ယမ်...
31/12/2020

PetBac
Electrolites +Pre& Probiotic

ခွေးကြောင်များတွင် အန်ခြင်း ဝမ်းပျက်ဝမ်းလျှောခြင်း အစာအိမ်နှင့် အူလမ်းကြောင်း ယောင်ယမ်းခြင်းတို့ကို လျှင်မြန်စွာ သက်သာပျောက်ကင်းစေတဲ့ ဓာတ်ဆားထုပ်လေးတွေပါရှင့်😍😍😍😍

Puppyလေးတွေအတွက်ဆို ကိုယ်အလေးချိန်
၆ပိသာအောက်ရှိတဲ့ ကလေးတွေဆို တရက် ဆေးတထုပ်နှုန်း✌✌
၆ပိသာ အလေးချိန် အထက်ရှိလျှင် တရက်ဆေး ၂ထုပ်နှုန်း တိုက်ကျွေးနိုင်ပါသည်✌✌
ညောင်လေးတွေအတွက်ဆိုလျှင်တရက်လျှင် ဆေး တထုပ်နှုန်း😊😊
သောက်ရေထဲထည့်တိုက်ချင်လျှင် ဆေးတစ်ထုပ်လျှင် ရေ50ccနှုန်းဖျော်ရန်
အစာထဲရောကျွေးလို့လည်း ရသလို
ဆေးမှုန့်ကို လျှာပေါ်တင်ပြီး ဒီတိုင်း ကျွေးလို့လည်း ရပါတယ်ရှင် 💝💝

O3 Vit အားဆေး💪💪💪အစာစားစေရန်အမွှေးအရောင်လှစေရန်ကျန်းမာ ဝဖြိုးစေရန်ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ အားဆေးအရည် ပုလင်းလေးတွေပါ...
31/12/2020

O3 Vit အားဆေး💪💪💪
အစာစားစေရန်
အမွှေးအရောင်လှစေရန်
ကျန်းမာ ဝဖြိုးစေရန်ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ အားဆေးအရည် ပုလင်းလေးတွေပါရှင့်✌✌✌
ခွေး/ကြောင် ၂မျိုးလုံး အတွက်ပါရပါမယ်နော်

🐶🐶🐱🐱❣️❣️❣️

  Oil ယင်မနားလောက်သေ ဆေးရည်Best Sellerပါရှင့်..ထိခိုက်ဒဏ်ရာများကို အနာကျတ်မြန် အသးနုတတ်တာမြန်ပြီး လောက်များကိုပါ သေစေနို...
31/12/2020

Oil
ယင်မနားလောက်သေ ဆေးရည်

Best Sellerပါရှင့်..ထိခိုက်ဒဏ်ရာများကို အနာကျတ်မြန် အသးနုတတ်တာမြန်ပြီး လောက်များကိုပါ သေစေနိုင်ပါတယ်..
အမှန်တကယ် ထိရောက်တဲ့ဆေးပါရှင့်..
တကယ်ကောင်းတဲ့ အနာကျတ်မြန်ဆေးရည်ဘူးလေးပါ.♥♥♥

Nutrical အလုံး60 ပါ ဘူး အကြီးGolden Alsation Rott စတဲ့ ခွေးအကြီးမျိုးတွေမှာအရိုးအဆစ် တုတ်ခိုင်ရန် ✌ကြီးထွားမှုနှုန်းကောင...
31/12/2020

Nutrical အလုံး60 ပါ ဘူး အကြီး
Golden Alsation Rott စတဲ့ ခွေးအကြီးမျိုးတွေမှာ
အရိုးအဆစ် တုတ်ခိုင်ရန် ✌
ကြီးထွားမှုနှုန်းကောင်းစေရန် ✌
နောက်ပျော့ ခြေထောက်ယိုင်နဲ့ခြင်းများမဖြစ်ပွားစေရန် ကိုယ်ခန္ဓာမှ လိုအပ်တဲ့ သတ္တုဓာတ်နဲ့ Vitaminတွေ အတွက် တပြားတည်းနဲ့ အစုံပါတဲ့ အားဆေးပြားပါရှင့်
😍😍😍😍

ဈေးချို အသားကောင်း Best Seller🥰🥰🥰🤩🤩🤩🤩Addidog စာတန်းပါခေါင်းစွပ်ပါ လက်ရှည်လေးတွေပါရှင့် 5xl အကြီးတစ်size ပဲရပါ​တော့မယ်နော...
05/12/2020

ဈေးချို အသားကောင်း Best Seller🥰🥰🥰🤩🤩🤩🤩
Addidog စာတန်းပါ
ခေါင်းစွပ်ပါ လက်ရှည်လေးတွေပါရှင့်
5xl အကြီးတစ်size ပဲရပါ​တော့မယ်နော်
🤩🤩🥰

လူ့အသက်အန္တရာယ် ခြိမ်းခြောက်နေသော ခွေးရူးရောဂါ(Rabies) နှင့်ပတ်သတ်သော  အရေးကြီးသောမေးခွန်းနှင့်အဖြေများ=================...
30/11/2020

လူ့အသက်အန္တရာယ် ခြိမ်းခြောက်နေသော ခွေးရူးရောဂါ(Rabies) နှင့်ပတ်သတ်သော အရေးကြီးသောမေးခွန်းနှင့်အဖြေများ
=================================

👉 ခွေးရူးရောဂါက ခွေးတွေ၌သာမကပဲ ကြောင်တွေမှာပါဖြစ်နိုင်ပါသလား ?

မှန်ပါတယ်။ လုံးဝကိုဖြစ်နိုင်ပါတယ်။ ခွေးရူးရောဂါလို့အလွယ်တစ်ကူခေါ်တွင်လို့သာ ခွေးတွေမှာသာ ဖြစ်မယ်ထင်ကြတာပါ။ အမှန်ကသွေးနွေးသတ္တဝါတွေ အားလုံး ခွေးရူးရောဂါဖြစ်နိုင်ပါတယ်။ ဥပမာ ခွေး၊နွား၊မြင်း၊ကြောင်၊သိုး၊ဆိတ် ... စသည် .. ( အဖြစ်များဆုံးနှင့်အကူးစက်ဆုံးသတ္တဝါကတော့ ခွေးနှင့်ကြာင်ပဲဖြစ်ပါတယ်။)

👉ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပြီးသားခွေးက လူကိုကိုက်လျှင် အကိုက်ခံရသည့်လူနာတွင်ကာကွယ်ဆေးထိုးရန် လို / မလို ?

ဆရာ့အနေနှင့် လိုအပ်ပါတယ်လို့ပဲဖြေပါရစေ။ ဒီမေးခွန်းရဲ့အဖြေကတော့ အနည်းငယ်လဲရှင်းပြရတာ ရှုပ်ထွေးလို့ပါ။ ဆေးပညာအရဆိုလျှင် ခုခံအား (Immunity) နှင့်ပတ်သတ်သောကိစ္စဖြစ်သည်။ အလွယ်တကူရှင်းပြရမည်ဆိုလျှင် တိကုဆရာဝန်များ၊ တခြားသောတိရစ္ဆာန်များနှင့်အမြဲထိတွေ့နေရသော သူများသည် ခွေးရူးရောဂါကိုကာကွယ်သည့်အနေဖြင့် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကိုထိုးထားကြသည်ဖြစ်သည်။ ကာကွယ်ဆေးတစ်မျိုးမျိုးကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကာကွယ်ဆေးရဲ့ Antibody Titreဆိုတာ တတ်လာပါတယ်။ Antibody Titre တတ်လာမှသာ ကာကွယ်ဆေးထိုးခြင်းအလုပ် ပြီးမြောက်အောင်မြင်တယ်လို့ဆိုရပါမယ်။ ဖွံဖြိုးတိုးတတ်တဲ့ USA လိုနိုင်ငံမျိုးမှာများသာ Antibody Titre တတ် မတတ် ဆိုတာစစ်ဆေးလို့ရပါတယ်။ မြန်မာနိုင်ငံမှာတာ့ ယခုတိုင်စစ်ဆေးမှုပြုလုပ်လို့မရသေးပါဘူး။ ထို့ကြောင့် အရေးကြီးဆုံးဖြစ်တဲ့ လူတွေတွင်မှပဲ မိမိထိုးထားတဲ့ကာကွယ်ဆေး အောင် / မအောင်၊ Effective ဖြစ်/မဖြစ် စစ်ဆေးလို့မရသေးသည့်ကာလတွင် ခွေး၊ကြောင်များကို စစ်ဆေးဖို့ဆိုတာ အဝေးကြီးမှာရှိနေပါသေးတယ် (ကာကွယ်ဆေးပုံမှန်ထိုးဖို့ကိုပင် အတော်အတန်စည်းရုံးနေရပါသည် ) ။ ထို့ကြောင့် အလွန်အန္တရာယ်များသည့် ကိစ္စဖြစ်သည့်အတွက် ကာကွယ်ဆေးကိုထိုးစေလိုပါတယ်။

👉ထပ်ပြီးအနည်းငယ် လျော့စဉ်းစားဦးမယ်ဆိုပါက ဘယ်နေရာမှာအကိုက်ခံရသလဲ?
👉 ဒဏ်ရာအနေအထားကဘယ်လိုလဲ? ပေါ်မူတည်ပြီးစဉ်းစားလို့ရနိုင်ပါသေးတယ်။

ခွေးအကိုက်ခံရသည့်နေရာက ခန္ဓာကိုယ်အောက်ပိုင်းလဲဖြစ်မယ်၊ ခွေးကလဲဆရာဝန်နဲ့ ကာကွယ်ဆေး သေချာထိုးထားမယ်၊ ဒဏ်ရာကလဲ မပေါက်မပြဲ၊ မနက်ရှိုင်း ၊သွေးလဲမထွက် အနည်းငယ် ခြစ်မိယုံသာ ဖြစ်မယ်ဆိုလျှင် ဆပ်ပြာ သို့ အရက်ပြန် Septidine တို့ဖြင့် အချိန်ကြာကြာ နာနာဆေးကြောပေးပြီး ကာကွယ်ဆေးမထိုးပဲ စောင့်ကြည့်လိုတော့ရနိုင်ပါတယ်။
ဒါမှမဟုတ်ပဲ ခန္ဓာကိုယ် အပေါ်ပိုင်း ဦးခေါင်းနှင့်နီးသောနေရာများတွင် အကိုက်ခံရပါက၊ ဒဏ်ရာကလဲ နက်ပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးကိုထိုးရပါမယ်။
လူ့အသက် အန္တရာယ်ပါ ထိပါးသည့်ကိစ္စဖြစ်သည့်အတွက် လုံးဝမပေါ့ဆသင့်လို့ပါ။ ယခုဆိုလျှင်အစိုးရဆေးရုံကြီးတွေမှာ ကာကွယ်ဆေးများ အလွယ်တကူထိုးနိုင်နေပြီဖြစ်သည့်အတွက် ပိုတိုးလို့တောင်ထိုးသင့်နေပါသေးတယ်။

ဒါ့အပြင်နောက်ဆုံးတစ်နည်းကတော့ မိမိကိုကိုက်သည့်ခွေးကို သေစေပြီးမှ ဦးခေါင်းကို ကျန်းမာရေးဓာတ်ခွဲခန်းကိုပို့ပြီးစစ်ဆေးခြင်းကိုပြုလုပ်နိုင်ပါတယ်။ ဓာတ်ခွဲခန်းမှအဖြေက ခွေးရူးရောဂါပိုး မရှိဟု အဖြေထွက်ပါက ကာကွယ်ဆေးမထိုးပဲ စ်တ်ချလက်ချနေနိုင်ပါတယ်။ ဒီနည်းတွင်မူ ခွေးကိုကိုင်တွယ်မည့် သူများတွင် အန္တရယ်ရှိနိုင်တာမို့ ခွေးဖြင့်တိုက်ရိုက်မထိအောင် လက်အိပ်၊ တခြားသောထည့်စရာအိပ်များဖြင့်ထည့်ကာ ခွေးကိုသတိထားကိုင်တွယ်စေလိုပါတယ်။

👉ဒီလိုဆိုရင်ဖြင့် မိမိခွေးကို ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အလကားဖြစ်မနေဘူးလား?
လို့ပြန်မေးစရာရှိလာပါတယ်။

အလကား မဖြစ်ပါဘူး။ ထိုးထားရင် ထိုးထားတဲ့အလျောက်အကျိုးကျေးဇူးတွေကတော့ ရှိနေပါတယ်။ မိမိခွေးမှာ ကာကွယ်ဆေးသေချာထိုးထားသည့် အတွက် တခြား ခွေးမှ လာကိုက်စေကာမူ မိမိခွေးမှာ ခွေးရူးရောဂါကိုခုခံနိုင်ပြီး ခွေးရူးရောဂါမဖြစ်ပဲခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ သူ့အတွက်(ခွေး)တော့ စိတ်ချရဖို့များပါတယ်။ လူတွေအတွက်သာ လူ့အသက်တစ်ချောင်းကို ရင်းရမည့်ကိစ္စဖြစ်သည့်အတွက် အကိုက်ခံရသည့်လူကိူကာကွယ်ဆေးထိုးခိုင်းရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မိမခွေးကိုလဲ ကာကွယ်ဆေးထိုး မထားသည့် အခြားခွေးများနှင့် အတူမထားဖို့၊ မနေဖို့ကလဲအရေးကြီးပါတယ်။

အကယ်၍သင်သာ ခွေးရူးကာကွယ်ဆေးထိုးမထားသည့် ခွေးနှင့်အကိုက်ခံရပါက ဘသူ့မှ phဆက်မေးမနေတော့ပဲ ဆေးရုံကိုသာ ၂၄နာရီအတွင်း အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူပါ။

👉မိမိခွေး(ကာကွယ်ဆေးထိုးပြီးသား) ကို အခြားကာကွယ်ဆေးမထိုးထားသည့်လမ်းဘေးခွေးက အကိုက်ခံရလျှင် .

တိရစ္ဆာန်ဆေးကုခန်းကို အမြန်ဆုံးသွားပြီး ကာကွယ်ဆေးတစ်ကြိမ်ထပ်ထိုးသင့်ပါသည်။ သို့သော် မိမိခွေးလည်း ကာကွယ်ဆေးထိုးမထား (သို့) ကာကွယ်ဆေးထိုးရမည့်ရက်ကျော်လွန်ပါက AntiRabies Vaccine နှင့်အတူ Vaccine Immunoglobulin ပါတွဲထိုးမှသာစိတ်ချရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခွေးရူးပြန်ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မပျက်မကွက်ထိုးပေးရန်လိုအပ်ပါသည်။

👉မိမိခွေးတွင် ခွေးရူးရောဂါပိုး ရှိ /မရှိကို သယ်လိုနည်းအားဖြင့်သိနိုင်မလဲ?

မိမိခွေးတွင် ခွေးရူးရောဂါပိုးရှိနေပါက အများအားဖြင့်ပြသောလက္ခဏာတွေကတော့ ရေကြောက်ခြင်း၊ အမူအကျင့်များပုံမှန်မဟုတ်ခြင်း၊ သွားရည်ကျခြင်း၊ အမြဲရန်လိုနေခြင်း၊ ပါးစပ်တစ်ဝိုက်နီရဲရောင်ရမ်းနေခြင်းစသည်တို့ပဲဖြစ်ပါတယ်။ သို့သော် ရောဂါပိုးရှိနေသော်လည်း ရောဂါလက္ခဏာကား မပြပဲရှိနေတတ်ပါသေးတယ်။ အဘယ့်ကြောင့်ဆိုသော် ရောဂါပိုးပျိုးချိန် (Incubation Period) ဟာ တစ်ပါတ်ကနေ တစ်နှစ်ကျော်အထိကြာနိုင်လို့ပါပဲ😊

မေတ္တာဖြင့်Crd #

ခွေးရူးရောဂါZoonotic disease လို့ခေါ်တဲ့ တိရစ္ဆာန်ကနေတစ်ဆင့် လူကိုကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ ကြောက်စရာအကောင်းဆုံးရောဂါ...
30/11/2020

ခွေးရူးရောဂါ
Zoonotic disease လို့ခေါ်တဲ့ တိရစ္ဆာန်ကနေတစ်ဆင့် လူကိုကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ ကြောက်စရာအကောင်းဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်🙀🙀

ခွေးရူးရောဂါဟာ ကာကွယ်ဆေးသာ ရှိပြီး ကုသဆေးမရှိပါဘူးရှင့်😿😿😿
ခွေးရူးရောဂါလက္ခဏာပြပြီဆိုရင် သေဖို့ရာနှုန်းက 100% ဖြစ်ပါတယ်😾
ခွေး၊ ကြောင်လေးတွေကို ခွေးရူးရောဂါကာကွယ်ဆေး (Anti-rabies Vaccine) ပုံမှန်ထိုးပေးခြင်းဟာဆိုရင် မိမိကိုယ်တိုင် နဲ့ ကိုယ့်မိသားစုကို ခွေးရူးရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ရုံသာမကပဲ လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်ရန် တစ်တပ်တစ်အားကူညီပေးရာရောက်ပါတယ်နော်😍😍
👉👉👉👉👉👉👉
ခွေး၊ ကြောင်လေးတွေမှာ ခွေးရူးရောဂါကာကွယ်ဆေးကို အသက် (၃)လအရွယ်ကနေစပြီး တစ်နှစ်တစ်ကြိမ်ပုံမှန်ထိုးပေးနိုင်ပါတယ်ရှင့်👌👌👌👌

Address

Min Ye Kyaw Swar Street

Telephone

+959441555569

Website

Alerts

Be the first to know and let us send you an email when Sunday - Pet Food & Accessories Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share