26/03/2023
MY EXPERIENCE ON HOW TO KEEP THE KING OF BETTA “BRUNEI BEAUTY”
The King of Betta လို့တင်စားရတဲ့ထိ လှသွေးကြွယ်လွန်းတဲ့ Mouth - Brooder Line Up ဖြစ်တဲ့ Betta Macrostoma (ခေါ်) Betta Brunei Beauty က ကျွန်တော် အကြိုက်ဆုံးပါပဲ။
ကျွန်တော်ကတော့ Betta Macrostoma ရဲ့ ဘာညာကွိကွ မူရင်းဇစ်မြစ် ဘာညာ သာရကာတွေ ဒီမှာမပြောပါဘူး။ ဘယ်ချိန်မဆို Google မှာ မြန်မာလိုပါ ရိုက်ရှာလို့ရတဲ့အတွက် ကိုယ်တိုင် သိချင်ရင် ကိုယ်တိုင် လေ့လာပြီး ဖတ်စေချင်ပါတယ်။ Source က Google + Youtube မှာ ထောင်ပေါင်းမကရှိပါတယ်။ ခုက ကျွန်တော် မွေးတဲ့ အတွေ့အကြုံကို ဦးတည်ပြီးပဲ Knowledge Sharing လုပ်ပေးသွားမှာပါ။ နောက်ပြီး Captive Breed နဲ့ Wild Caught ဘာကွာသွားလဲဆိုတာကိုလည်း အဓိကထားပြောသွားပေးပါမယ်။
ပထမအချက်က သူ့ရဲ့ ဘယ်ချိန်ကြည့်ကြည့် မရိုးသွားနိုင်အောင် စွမ်းဆောင်ပေးတဲ့ Color Combination ကြီးကတော့ သေလောက်ပါတယ်။ Color Pattern, Fin and Form တွေက Betta မျိုးနွယ်စုထဲမှာ တော်တော်ကို တမူထူးခြားပြီး မြင်တာနဲ့ကို ကြွေမိစေတဲ့ အဲ့ကောင်ကြီးတွေက မာလည်းတော်တော်မာတဲ့ထဲပါပါတယ်။ (မာတယ်ဆိုတာ Wild Caught တွေမပြောလိုဘူးနော် 😜 Wild Caught တွေက ထိန်းရတော်တော်ခက်တဲ့ထဲ ပါတာကို Wild Collector ဝါသနာရှင်တို့ သိပြီးသားဖြစ်ပါမှာ။)
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ Wild Caught မဟုတ်ပဲ Captive Breed (F1) ကို “2.5 cm” အရွယ်ကနေစပြီး မွေးဖူးတာဖြစ်တဲ့အတွက် Wild Caught လိုမျိုး သူတို့လိုအပ်ချက်တွေကို အရမ်းလိုက်မညှိရပဲ ကိုယ်လိုချင်သလို ပုံသွင်းသွားနိုင်တာကတော့ Captive Breed ဖြစ်သွားရခြင်းရဲ့ အားသာချက်တစ်ခုပါပဲ။ ရှားပါးမျိုးနွယ်ထဲ စာရင်းဝင်နေတော့ Wild Caught တွေကို လက်ဝယ်ရယူပြီး မွေးတာတွေထက် Breeder ကောင်းတွေကနေ မွေးထုတ်ပေးလာတဲ့ Captive Breed တွေသာ ဝယ်မွေးကြဖို့ အကြံပေးချင်ပါတယ်။ အဲ့ဒါမှလည်း မျိုးဆက်ပြန့်ပွါးပြီး ထိန်းသိမ်းရာရောက်မှာပါ။
“What Do You Need To Prepare?”
ကျွန်တော်ကတော့ အထီး/အမ မကွဲသေးတဲ့ (7) ပတ်သားအရွယ်လောက်လေး (4) ကောင်ကို ကံကောင်းပြီး မိတ်ဆွေအစ်ကိုတစ်ယောက်ရဲ့ ကျေးဇူးကြောင့် မွေးခွင့်ကြုံခဲ့ရပါတယ်။ စစမွေးတုန်းက ဒီကောင်တွေအကြောင်းကို စာဖတ်ပြီး လေ့လာတော့ အပူချိန် 20°C - 25°C ကြားနေတတ်ပြီး အအေးသိပ်ကြိုက်တာဆိုတော့ ဘာရယ်မဟုတ် ပန်ကာဆောင်ထားမယ်ပေါ့။ ပန်ကာကလည်း စပွန်ဆာရထားတာပါ။ 😁 ဝါသနာတူ မိတ်ဆွေအစ်ကိုတစ်ယောက်ကပဲ လက်ဆောင်ပေးထားတာကို DIY လုပ်လိုက်တာပါ။ တကယ်တမ်းက ပန်ကာလိုမလိုဆိုတာ Captive Breed ဖြစ်သွားတဲ့အတွက် ကိုယ့်လက်ထဲက ထိန်းရင် ထိန်းသလို အပူချိန်ကို Adapt လုပ်နိုင်သွားမှာပါ။ Wild Caught ဆိုရင်တော့ ပန်ကာပေးရင်ပေးရမယ့်အပြင်၊ Adult Size လည်းဖြစ်နေပြီ၊ ဖောက်ဆိုဒ်အရွယ်လည်းဝင်နေပြီဆိုရင် သူလာရာနေရာဒေသနဲ့ အနီးစပ်ဆုံး ဖန်တီးပေးနိုင်မှသာ သူတို့တွေ Stable အဖြစ်မြန်မှာပါ။ ဆိုတော့ ကိုယ်မွေးမယ့်အကောင်က W.C လား C.B လားဆိုတဲ့ပေါ် မူတည်ပြီး ပန်ကာဆောင်သင့်မဆောင်သင့် ဆုံးဖြတ်နိုင်ပါတယ်။
“Tank Set Up”
အဲ့တော့ ပန်ကာမလိုဘူးဆိုတော့ ကန်အပြင်အဆင်ပေါ့ဗျာ။ ကန် Set Up ကတော့ C.B ပဲဖြစ်ဖြစ် W.C ပဲဖြစ်ဖြစ် သဘာဝနဲ့အနီးစပ်ဆုံး သူတို့အမူအကျင့်တွေအရ နေရတဲ့ပတ်ဝန်းကျင်ကို Safe ဖြစ်ဖြစ်နဲ့ pH Range ကလည်း သူတို့သဘောကျနှစ်သက်တဲ့ အနေအထားကို ဖန်ကိုဖန်တီးပေးရမှာပါ။ pH Range က 4.5 - 6 လောက်ထိ Acid ဆန်တာကို သဘောကျတာမို့ ရေကို သေချာပြင်ပေးဖို့လိုပါတယ်။ Wild တွေဆိုတဲ့အတိုင်း ပုန်းခိုစရာတွေ၊ အပင်များများနဲ့ အုံ့အုံ့မှိုင်းမှိုင်းဖြစ်တဲ့ Vibe ကိုသာ ခုံမင်တတ်သူတွေမို့ Biotope Blackwater Tank က အဆင်အပြေဆုံး Tank Set Up Design ပါပဲ။ ကျွန်တော်ကတော့ Anubias နဲ့ Java Fern ကိုတပြွတ်လိုက်ကြီး ပစ်ထည့်ပေးထားပါတယ်။ ပုန်းစရာနဲ့ အရိပ်များများရအောင် ရွှေလာငွေလာ နွယ်ပင်လိုက်ကြီးလည်း ပစ်ထည့်ထားပါသေးတယ်။(Google နဲ့ Youtube မှာ Biotope Blackwater Tank လို့ရိုက်ရှာရင် တပုံတပင်ကြီးထွက်လာမှာပါ။ အဲ့ကနေ ကြည့်ပြီး မျိုးစုံ ဥာဏ်ကွန့်ပြီး လိုက်ကလိနိုင်ပါတယ်။)
*ဒီကောင်တွေကိုမွေးမယ်ဆိုရင် အဖုံးက တော်တော်အရေးကြီးပါတယ်။ အဖုံးနဲ့မွေးမှရပါမယ်။ ခုန်ချက်ကတော့ လကမ္ဘာတောင်ရောက်သွားမယ်။ 😆
“Food”
Tank Set Up ကိုအကြမ်းဖျင်းပြောပြီးသွားပြီမို့ အဓိက အသက်ရှင်ဖို့ အစာအကြောင်းလာပါပြီ။ အစာကိုတော့ C.B တွေအနေနဲ့ ကိုယ်လိုသလို အစာခြောက်၊ အစာစို ကျင့်ရတာတအားလွယ်ပြီး လူမကြောက်တတ်ပုံကတော့ ရေမျက်နှာပြင်နဲ့ ရေလယ်မှာနေတာမို့ အစာကတော့ ဘာလာလာ အကုန်ဒေါင်းပါတယ်။ W.C တွေကတော့ ကြီးတဲ့ထိ အစာရှင်ကိုသာ ဖမ်းယူစားသောက်ဖူးတာမို့ အစာစိုကို ကျင့်ရတာ လွယ်ကူပေမယ့် အစာခြောက်ကတော့ တော်တော်ခဲယဉ်းပါတယ်။ အစာခြောက်ကျင့်တာလည်း တော်တော်အချိန်ယူရမယ့်အပြင် တော်တော်ကြီးကိုလည်း စိတ်ရှည်မှရပါမယ်။
“Are They Aggressive or Not?”
Aggressive သိပ်ဖြစ်ပါတယ်။ ဒေါသထွက်ချက်ကလည်း ကြောက်ဖို့တောင်ကောင်းပါတယ်။ သူ Flare တာကတော့ တခြား Wild မျိုးစိတ်တွေလို ပါးဟပ်ကားရုံတင်မဟုတ်ပါဘူး ပါးစပ်ကြီးဖြဲပြီး Flare တာပါ။ ဒါကြောင့်လည်း Macrostoma ဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားတာပါ။ အဓိပ္ပါယ်ကတော့ (အာဗြဲ) ပါတဲ့။ 😝 နှစ်ကောင်ထည့်ထားရင် နှစ်ကောင်လုံး ရှယ်ဗြင်းပါတယ်။ ဆိုတော့ ကျွန်တော် 60 cm x 30 cm x 30 cm ထဲမှာ လေးကောင်ဘယ်လိုထည့်လဲ။ ရှင်းပါတယ် အစာဝအောင်ကျွေးပါတယ်။ အစာဝလို့ မကိုက်ဘူးမဟုတ်ဘူးနော် လိုက်ကိုက်ပါတယ်… ရန်ပွဲတွေဆိုတာတော့ရှိပါတယ်။ အဓိကက စုတ်ပြတ်သတ်သွားအောင် ကိုက်ပြီး ရစရာမရှိအောင်ဖြစ်တဲ့ထိ ဇပြင်းတဲ့ကောင်တစ်ကောင်မျိုးပါလာရင်တော့ ကန်တစ်ကန်ထဲ အတူထားလို့မသင့်ပါဘူး။ သူတို့ အမူအကျင့်ကိုလေ့လာရတာလည်း ပျော်စရာပါပဲ။ (၄) ကောင်ရှိရင် (၄) ဗီဇမလို့ပါ။ ပုံမှန်အားဖြင့် ငယ်ငယ်တည်းက တူတူထားရင် မြင်ဖန်များပြီး ရင်းနှီးသွားတတ်ပါတယ်။ အခန့်မသင့်လို့ ကိုက်တာတော့ သူတို့သဘာဝပါပဲ။ W.C တွေကိုတော့ စုံတွဲမှမဟုတ်ရင် အထီးအချင်းချင်း တစ်ကန်ထဲထားလို့ကတော့ တစ်ကောင်မဟုတ် တစ်ကောင်ကြွမှာပါ။ XD
“Male and Female”
Male and Female ဘယ်လိုခွဲရလည်းဆို ထုံးစံအတိုင်းပါပဲ အထီးတွေက အမွှေးအတောင် အရောင်စုံလင်ပြီး ပိုလှပါတယ်။ အမတွေထက် ခေါင်းပိုကြီးပြီး ရှည်လျား ပြန့်ကားတဲ့ အတောင်တွေကို ပိုင်ဆိုင်ထားပါတယ်။ အမတွေကတော့ ငါးသလဲထိုးသာသာပါပဲ။ (စတာပါ 🤣) အမတွေက သိတဲ့အတိုင်း ဘေးနှစ်လိုင်း အကြားနဲ့ကိုမှ ကာလာတော်တော်မှိန်ပါတယ်။ Mating လုပ်မှသာ ကာလာလေး တောက်လိုက် မှိန်လိုက် လုပ်တတ်ကြပါတယ်။ ဒါကတော့ သူတို့မှမဟုတ်ပါဘူး တခြား Betta မျိုးနွယ်စုတော်တော်များများလည်း အဲ့လိုပါပဲ။ ကျွန်တော်ကတော့ အထီး/အမ တောင်မကွဲသေးတဲ့ အရွယ်ကနေမွေးတာမို့ ခုမှ လက်ထဲမှာ မွေးထားတာ (၄) လသားကျော်ကျော်လောက်ပဲရှိသေးတော့ ခုထိလည်း အထီး/အမ မခွဲတတ်အောင်ကို မာယာများနေတာမို့ (၄) ကောင်မှာ ဘာတွေလဲဆိုတာမသိရသေးပါဘူး။ 😵💫
“How Long They Can Live and What is the Maximum Length of Their Growth?”
သေချာမွေးရင် 3-5 နှစ်ကြားထိ အသက်ရှည်နိုင်ပြီး သေချာမမွေးပဲ အမှားများစွာလုပ်မိရင်တော့ စက္ကန့်ပိုင်းအတွင်းကြွနိုင်ပါတယ်။ 😜
ဆိုဒ်အကြီးဆုံး ကြီးနိုင်တာကတော့ 4” (10.2 cm) အရွယ်အစားထိဖြစ်ပြီး တော်တော်ကြီးတဲ့ထဲပါပါတယ်။ ကျွန်တော့်ကောင်လေးတွေက ခုမှ 1.5” (3.8 cm) ဆိုဒ်ထိတော့ကြီးလာပါပြီ။ 🥹
“Conclusion”
ဆိုတော့ Betta Macrostoma မွေးနည်းလေးကို C.B နဲ့ W.C ယှဉ်ပြီး ယေဘုယျတော့ နည်းနည်းလေး သိသွားမယ်ထင်ပါတယ်ခင်ဗျာ။ ရှားပါးမျိုးနွယ်လေးကို မွေးမယ်လို့ စိတ်ကူးထားရင် အရင်ဆုံး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ထိပ်ဆုံးစဉ်းစားသင့်ပြီး သူတို့ကို သေချာမွေးနိုင်မှ မွေးပါလို့လည်း အကြုံပြုချင်ပါတယ်။
*All four Betta Macrostoma were purchased from BB Farm last November 2022.”
Thanks For Reading. 🙇🏻♂️
With Respect,
Betta Utopia.