J Gyi Cat Food & Accessories

  • Home
  • J Gyi Cat Food & Accessories

J Gyi Cat Food & Accessories Cat Food နှင့် accessories များကို စျေးနှုန်းချိ?

😺 Protein 30% ပါတာမို့ အဟာရပြည့်တဲ့ Ostech Cat Food 1 Kg လေးတွေ က ဆိုင်မှာအမြဲ ရပါတယ်. သူရဲ့အားသာချက်က ဆန်ပါထားတာမို့ ထမ...
13/03/2023

😺 Protein 30% ပါတာမို့ အဟာရပြည့်တဲ့ Ostech Cat Food 1 Kg လေးတွေ က ဆိုင်မှာအမြဲ ရပါတယ်.

သူရဲ့အားသာချက်က ဆန်ပါထားတာမို့ ထမင်းမစားတဲ့ ညောင်လေးတွေဆို အစာခြောက်တစ်မျိုးထဲကျွေးလဲရတယ်. နောက်ပြီး ဆိုးဆေးအရောင်လုံး၀မပါထားသလို အစာခွက်ထဲထားတာကြာသွားလဲ အနံ့ပြောင်းသွားတာမျိုး ပျော့သွားတာမျိုးမဖြစ်ဘဲ ကျွတ်နေတာမို့ ကြောင်လေးတွေ အရမ်းနှစ်သက်ပါတယ်.

08/01/2023

ကြောင်လေးတွေ သက်တမ်းစေ့နေ့နိုင်ဖို့
ဟူးမန်းတို့အနေနဲ့ ဘာတွေသိထားရမလဲ🐱

ဖေဖေ မေမေတို့ရဲ အချစ်တော် မြောင်လေးတွေ ကျန်းမာပျော်ရွှင်ပြီး သက်တမ်း‌စေ့နေနိုင်ဖို့ အစာကျွေးတာနဲ့ပက်သတ်တဲ့ ဒီအချက်လေးတွေကို မှတ်ထားပေးပါနော်။

1️⃣ ကြောင်ငယ်များ (၁လ မှ ၄လ အရွယ်) ဟာ
မတည့်တဲ့အစာကို စားမိရင် ၀မ်းပျက်၀မ်းလျော
ဖြစ်တတ်ပါတယ်

2️⃣ ၂လသားအရွယ်မှစပြီး မိခင်နို့မှရတဲ့ သဘာ၀
ခုခံနိုင်ရည်စွမ်းအား ဆုံးရှုံးသွားတာနဲ့အမျှ ရောဂါ ထူပြောနိုင်ပါတယ်

3️⃣ ကြောင်ငယ်လေးတွေက တစ်ပါတ်သားအရွယ်ကစပြီး Lactose(နို့သကြားဓါတ်)ကို ချေဖျက်နိုင်စွမ်းလျော့သွားတဲ့အခါ နွားနို့ (နို့၊ သကြား) အများအပြားပါ၀င်တာတွေကိုမတိုက်ကျွေးသင့်ပါဘူး

4️⃣ ကြောင်ငယ်တွေက တစ်နှစ်ကျော်လာတာနဲ့ ဖြည်း ဖြည်းချင်း ကြီးထွားလာပါတယ်

5️⃣ ကြောင်လေးတွေ အစာကို မကြာခဏစားဖို့လိုအပ်ပါတယ်။ တစ်နေ့ကို (၁၀)ခါမှ (၁၆) ခါအထိစားတတ်ကြပြီး ရေ (၁၀) ကြိမ်လောက်သောက်တတ်ကြပါတယ်။ အစာတစ်ခါစားရင် (၂)မိနစ်မှ (၃) မိနစ်ကြာတတ်ပါတယ်။

6️⃣ သင်းထားတဲ့ကြောင်တွေက အလည်နည်းတယ်ဆိုပြီး အဆိုရှိပါသေးတယ်။ ဒါပေမဲ့ အ၀လည်းလွယ်နိုင်သလို အသက်လည်းပိုရှည်နိုင်ပါတယ်။

7️⃣ ကျန်းမာတဲ့ကြောင်တွေရဲ့ ပျမ်းမျှသက်တမ်းက (၁၅) နှစ်မှ (၂၅) နှစ်ထိဖြစ်ပါတယ်။

ROYAL CANIN ကထုတ်လုပ်တဲ့ အစာတွေဟာ အသားဓာတ်၊ အဆီနှင့် ကစီဓာတ်၊ အမိုင်နိုအက်စစ်၊ ဗိုက်တာမင်နဲ့သတ္တုဓာတ် ပေါင်းစပ်ပါ၀င်ပါတယ်။

အနံ့အရသာပြည့်စုံပြီး မေးရိုး၊သွားများနဲ့ကိုက်ညီတဲ့ အစာလုံးအရွယ်အစား၊ ပုံသဏ္ဍန်ဖြစ်လို့ စားရလည်းလွယ်ကူတယ်။ Expire နောက်ဆုံးနေ့မတိုင်ခင် အာနိသင်အပြည့်ရှိနေဖို့ သိပ္ပံနည်းကျ စနစ်တကျထုတ်ပိုးထားပါတယ်📦

ဒါကြောင့် မြောင်လေးတွေ ကျန်းမာသန်စွမ်းပြီးသက်တမ်း စေ့နေထိုင်နိုင်ဖို့ ပြင်သစ်နိုင်ငံထုတ် ROYAL CANIN အစာထုတ်တွေကို ကျွေးဖို့လည်း
မမေ့ပါနဲ့နော်🤗

😼 ကြောင်လေးတွေကို အစာစို နဲ့ အစာခြောက် ဘာကျွေးရမလဲ ?☑️ တစ်နေ့တာအာဟာရမျစေဖို့နဲ့ ကျန်းမာစေစေဖို့ အစာစိုရောအစာခြောက်ပါ ကျွ...
19/12/2022

😼 ကြောင်လေးတွေကို အစာစို နဲ့ အစာခြောက် ဘာကျွေးရမလဲ ?

☑️ တစ်နေ့တာအာဟာရမျစေဖို့နဲ့ ကျန်းမာစေစေဖို့ အစာစိုရောအစာခြောက်ပါ ကျွေးရင် အကောင်းဆုံးပါဘဲ.

- အစာစိုတွေမှာရေဓာတ် 80% လောက်ပါ၀င်ပေမယ့် အစာခြောက်တွေမှာ ရေဓာတ် 15% ဘဲပါ၀င်ပါတယ်. Cat Treat လို့သိကြတဲ့ Cre‌‌amy Treat လေးတွေကတော့ ရေဓာတ် 14% ကနေ 60% လောက်ထိပါ၀င်ကြပါတယ် ဒါကြောင့် အစာခြောက်ဘဲစားတတ်တဲ့ ညောင်လေးတွေဆိုရင် ရေများများသောက်အောင်တိုက်သင့်ပါတယ်.

- အစာစိုလေးတွေကတော့ အနံ့အရသာမျိုးစုံရှိတာမို့ ညောင်လေးတွေအများစုက နှစ်သက်ကြပါတယ်. စျေးကွက်ထဲမှာလဲ အစာစိုကို သံဗူးလေးတွေ အထုတ်လေးတွေမျိုးစုံနဲ့တွေ့ရတတ်ပါတယ်. သွားဖုံးမကောင်းတဲ့ ညောင်လေးတွေဆို အစာစိုလေးတွေက ၀ါးရတာအဆင်ပြေတယ်. အ၀လွန်တဲ့ညောင်လေးတွေဆိုရင် အစာစိုကို ရောပြီးကျွေးသင့်ပါတယ်. တစ်ချို့ညောင်လေးတွေက အစာစိုအနှစ်ကို ထမင်းနဲ့နယ်စားရတယ် နှစ်သက်ကြတယ်.

- အစာစိုကျွေးတာမှာ သခင်တွေအတွက် ပိုအလုပ်ရှုပ်ပါတယ်. သူက ဖောက်ပြီးရင် အပြင်မှာ ၃၀မိနစ်ထက်ပိုပြီးထားရင် ဘက်တီးရီးယားပေါက်ဖွားတတ်တာမို့ Refg ထဲသိမ်းထားရပါတယ်. (သံဗူးအကြီးဆို အလွန်ဆုံး ၃ရက်ဘဲထားကျွေးသင့်တာမို့ အထုတ်လေးတွေ သံဗူးအသေးလေးတွေကတော့ ပိုကောင်းပါတယ်. တစ်ခါဖောက်ကျွေးရုံးဘဲ) . စျေးအနေနဲ့ဆိုလဲ အစာခြောက်ထက်စာရင် ကုန်ကျစရိတ်ပိုများပါတယ်.

အစာခြောက်တွေကတော့ 100% Complete ဖြစ်အောင်ထုတ်လုပ်ထားကြတယ်. သူက အစာခွက်ထဲ ဖောက်ထည့်ပေးထားရင် အချိန်အတော်ကြာ အထားခံတယ်. ကျန်တဲ့အစာအိတ်ကိုလဲ လေလုံအောင်ထားရင်ရတယ်. သခင်တွေအပြင်သွားရင်လဲ အစာခြောက်ထည့်ထားပေးရင် အတော်အဆင်ပြေတယ်.ခံတွင်းကျန်းမာရေးအတွက်လဲကောင်းတယ်. စျေးကွက်ထဲမှာ တံဆိပ်မျိုးစုံ အရသာမျိုးစုံလာတာမို့ ရွေးချယ်စရာများတယ်.

- အစာခြောက်စားပြီး ရေများများသောက်အောင် ရေခွက်ကိုဘေးမှာထားပေးထားရင် ပိုကောင်းပါတယ်. မဟုတ်ရင် ရေဓာတ်ခမ်းခြောက်တတ်တယ်. အရည်အသွေးမကောင်းတာမျိုးနှစ်ရှည်ကျွေးမိရင် ကျောက်ကပ်ထိတတ်ပါတယ်. အသက်ကြီးတဲ့ကြောင်တွေ အစာမ၀ါးနိုင်တဲ့ကြောင်တွေကတော့ အစာခြောက်ကျွေးမယ်ဆို ရေစိမ်ပြီးဖြစ်ဖြစ် ထောင်းပြီးဖြစ်ဖြစ်ကျွေးသင့်ပါတယ်. အစာခြောက်တစ်မျိုးထဲ ကျွေးလို့လဲ ရသလို အဲလို ကျွေးတဲ့ညောင်လေးတွေကတော့ ရေများများသောက်ဖို့ အရေးကြီးပါတယ်.

🐱🐱 တစ်ချို့ညောင်လေးတွေက အစားရွေးတယ်. အစာစို မစားတာရှိသလို အစာခြောက်မကြိုက်တာလဲရှိပါတယ်. သေချာလေးကျွေးနို်မယ်ဆိုရင်တော့ အစာစိုကို တစ်နေ့တစ်ခါလောက်တော့ သူချည်းဘဲဖြစ်ဖြစ် ထမင်း/အစာခြောက်နဲ့ရောနယ်ပြီးဖြစ်ဖြစ် ကျွေးပေးသင့်တယ်. အချိန်မအားတဲ့ သခင်တွေဆိုရင်တောင် အစာစိုလေးတွေကို အလျည်းသင့်သလို ကျွေးပေးမယ်ဆို ညောင်လေးတွေကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်နော်.

Catty Cat အစာခြောက် 1kg - 6800 ks
Catty Cat အစာစို 400g - 2900 ks

Catty Cat အစာခြောက် 1kg လေးတွေ ရပါတယ်. Tuna / Mackrel/ Ocean Fish အရသာ ၃မျိုးရှိပါတယ်.  PROTEIN 26% ပါတာမို့ ညောင်လေးတွေ...
11/11/2022

Catty Cat အစာခြောက် 1kg လေးတွေ ရပါတယ်.

Tuna / Mackrel/ Ocean Fish အရသာ ၃မျိုးရှိပါတယ်. PROTEIN 26% ပါတာမို့ ညောင်လေးတွေအတွက် တစ်နေ့တာလိုအပ်တဲ့ အဟာရပြည့်စေသလို ကိုယ်ခံအားကောင်းစေပါတယ်.

၆လအထက် ကျွေးနိုင်တဲ့ 1kg - 6800 ks
၁လ မှ စတင်ကျွေးနိုင်တဲ့ 1kg - 7000 ks (အစာပိုကျေလွယ်နိုင်ပါတယ်)

Catty Cat 400g အစာစိုဗူးတွေရပါတယ်နော်.Sardine, Mackrell ငါး အရသာတွေရှိပါတယ်. အရသာရှိပြီး နူးညံ့တဲ့ ငါးအသားတုံးလေးတွေက အန...
09/11/2022

Catty Cat 400g အစာစိုဗူးတွေရပါတယ်နော်.

Sardine, Mackrell ငါး အရသာတွေရှိပါတယ်. အရသာရှိပြီး နူးညံ့တဲ့ ငါးအသားတုံးလေးတွေက အနံ့မွှေးနေတာမို့ ညောင်လေးတွေ သိပ်ကြိုက်ပါတယ်.

ထမင်းနဲ့နယ်ကျွေးကျွေး သူ့ချည်းဘဲကျွေးကျွေးအတော်အဆင်ပြေပါတယ်.

400 g တစ်ဗူး- 3000ks

အင်းစိန်မြို့နယ်တွင်း Deli free .

ညောင်လေးတွေ အတွက် ဈေးချိုပြီး Quality ကောင်းတဲ့ creamy Treat လေးတွေရပါတယ်နော်. ကြက်သား၊ တူနာ၊ ဆယ်လမွန် အရသာ ၃မျိုးရှိပါတ...
30/10/2022

ညောင်လေးတွေ အတွက် ဈေးချိုပြီး Quality ကောင်းတဲ့ creamy Treat လေးတွေရပါတယ်နော်. ကြက်သား၊ တူနာ၊ ဆယ်လမွန် အရသာ ၃မျိုးရှိပါတယ်.

အိမ်က ကလေးတွေ အရင်ကျွေးကြည့်ပြီး အဆင်ပြေမှ ရောင်းတာပါ.

၁ချောင်း - 350ks

15ချောင်းပါ တစ်ပါကင် - 4900 ks

အင်းစိန်မြိုနယ် အတွင်းဆို Deli free ပါနော်.

အကောင်းဆုံးကိုမှ ကျွေးချင်သူ ညောင်ဖေဖေ,မေမေတို့ရေ ROYAL CANIN ထုတ်တဲ့ INSTINCTIVE အစာစိုထုတ်လေးကျွေးပါနော်. အရွယ်ရောက်ပြ...
22/09/2022

အကောင်းဆုံးကိုမှ ကျွေးချင်သူ ညောင်ဖေဖေ,မေမေတို့ရေ ROYAL CANIN ထုတ်တဲ့ INSTINCTIVE အစာစိုထုတ်လေးကျွေးပါနော်.

အရွယ်ရောက်ပြီး ကြောင်ကြီးများအတွက် သန်စွမ်းသော ကိုယ်အလေးချိန်ကိုဖြစ်စေပြီး အဟာရပြည့်ဝတဲ့အစာ ဖြစ်ပါတယ်.

ကြောင်များတွင်ဖြစ်လေ့ရှိသော ဆီးကျောက်တည်နာရောဂါကို ကာကွယ်ပေးပြီး သက်ရှည်ကျန်းမာစေပါတယ်.

မွှေးရနံ့သင်းသင်းလေးရယ် အစိုဓာတ်အပြည့်ပါသောကြောင့် ပျော့ပျော့အိအိနဲ့စားရတာ တကယ့်အရသာရှိတဲ့ အစာအစိုဖြစ်ပါတယ်.

85g ပါတာမို့ အရမ်းတန်တယ်. Gravy type မို့ အရည်ရွှဲရွဲလေးနဲ့မို ခလေးတွေကြိုက်ပါတယ်.

အစာခြောက်၊ ထမင်းတို့နဲ့ ရောမွေပီးတော့လည်း ကျွေးလို့ရပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတာမို့ ကလေးတွေရဲ့ ကျန်းမာရေးကို ဦးစားပေးတဲ့ ဖီဖီ မီမီတို့အတွက် ရွေးချယ်သင့် Naturation အစာတစ်ခုပဲဖြစ်ပါတယ်

တစ်ထုတ်- 2800 ks.

အင်းစိန်မြို့နယ်တွင်း Deli Free ပို့ပေးပါတယ်နော်.

Ostech Protein 1kg ထုတ်လေးတွေရပါတယ် ခင်ဗျာ.ငါးမကြိုက်တဲ့ ေညာင်ညောင်တွေကို ဒါလေးကျွေးကြည့်ပါ. အရသာရှိပြီး ကြွပ်ကြွပ်ကလေးပ...
14/09/2022

Ostech Protein 1kg ထုတ်လေးတွေရပါတယ် ခင်ဗျာ.

ငါးမကြိုက်တဲ့ ေညာင်ညောင်တွေကို ဒါလေးကျွေးကြည့်ပါ. အရသာရှိပြီး ကြွပ်ကြွပ်ကလေးပါ..

Pet 8 တွေ့ရမယ်.. Bellotta တွေရပါမယ် ခင်ညာ.
08/09/2022

Pet 8 တွေ့ရမယ်.. Bellotta တွေရပါမယ် ခင်ညာ.

ငွေစျေးတွေတက်လို့ company ကစျေးတွေတက်တာမို့ ညောင်စာ စျေးလေးတွေ နဲနဲတက်ပါမယ် ခင်ညာ.. သားကတော့ဈေးသည်အသစ်ကလေး Bat Magic ပါ.
14/08/2022

ငွေစျေးတွေတက်လို့ company ကစျေးတွေတက်တာမို့ ညောင်စာ စျေးလေးတွေ နဲနဲတက်ပါမယ် ခင်ညာ..

သားကတော့ဈေးသည်အသစ်ကလေး Bat Magic ပါ.

Ostech 1kg လေးတွေ ရပါတယ်နော်. အရသာ ၃မျိုးရှိတယ်. TUNA , OCEAN FISH, Mackeral ရှိပါတယ်.ဆန်ပါဝင်ထားပြီးသားမို့ Protein ပြည...
12/08/2022

Ostech 1kg လေးတွေ ရပါတယ်နော်. အရသာ ၃မျိုးရှိတယ်. TUNA , OCEAN FISH, Mackeral ရှိပါတယ်.ဆန်ပါဝင်ထားပြီးသားမို့ Protein ပြည့်ဝပြီး ကျန်းမာစေတယ်.

Cremy Treat လေးတွေ ရပါမယ်. Cherman တံဆိပ်လေးပါ. တစ်ထုတ်မှာ ၅ ချောင်းပါတာမို တန်ပါတယ်. အရသာ ၃မျိုးရှိပါတယ်. တစ်ထုတ် - 250...
08/06/2022

Cremy Treat လေးတွေ ရပါမယ်. Cherman တံဆိပ်လေးပါ. တစ်ထုတ်မှာ ၅ ချောင်းပါတာမို တန်ပါတယ်. အရသာ ၃မျိုးရှိပါတယ်.

တစ်ထုတ် - 2500 ks

အဟာရပြည့် ပြီး စျေးချိုတာဆို KIMI Tuna ရောင်စုံထုတ်လေးတွေရှိပါတယ်. 😽😽 ညောင်လေးတွေမှာ တစ်နေ့တာလိုအပ်သောအာဟာရစံနှုန်းများန...
12/05/2022

အဟာရပြည့် ပြီး စျေးချိုတာဆို KIMI Tuna ရောင်စုံထုတ်လေးတွေရှိပါတယ်.

😽😽 ညောင်လေးတွေမှာ တစ်နေ့တာလိုအပ်သောအာဟာရစံနှုန်းများနှင့် ညီညွတ်မျှတအောင်ထုတ်လုပ်ထားသလို ဗီတာမင်နှင့်သတ္ထုဓာတ်များထပ်မံပေါင်းစပ်ထားတာမို့ ကျန်းမာရေးနဲ့သင့်တော်ပါတယ်.

Vitamin C ပါ၀င်တာမို့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်.

အမွှေးများကိုလည်း လှပသန်စွမ်းစေသလို အမွှေးကျွတ်တာသက်သာစေတယ်.

အရိုးနဲ့သွားတွေကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်.

Taurine လဲပါ၀င်တာမို့ ဉီးနှောက်ဖွံ့ဖြိုးစေသလို အမြင်အာရုံကောင်းစေပါတယ်.

😽 အရသာကောင်းပြီး ကျွတ်ကျွတ်ရွရွလေးမို့ ကြောင်လေးတွေ နှစ်သက်စွာစားသုံးကြပါတယ်နော်.

250g - 900 ks
500g - 1800 ks

အဟာရပြည့်ပြည့်ဝဝရစေမယ့် Ostech အစာခြောက်လေး.ဆန်ပါဝင်ထားပြီးသားမို့ Protein ပြည့်ဝပြီး ကျန်းမာစေတယ်.
25/04/2022

အဟာရပြည့်ပြည့်ဝဝရစေမယ့် Ostech အစာခြောက်လေး.

ဆန်ပါဝင်ထားပြီးသားမို့ Protein ပြည့်ဝပြီး ကျန်းမာစေတယ်.

Origin Salmon Oil.ညောင်လေးတွေအတွက် အရမ်းကောင်းတဲ့ အားဆေးပါ. Salmon Oil ပါတာမို့ ကျန်းမာသန်စွမ်းစေတယ်. အမွှေးကျွတ်တာသက်သာ...
21/04/2022

Origin Salmon Oil.

ညောင်လေးတွေအတွက် အရမ်းကောင်းတဲ့ အားဆေးပါ. Salmon Oil ပါတာမို့ ကျန်းမာသန်စွမ်းစေတယ်.

အမွှေးကျွတ်တာသက်သာတယ်. အမွှေးအရောင်စိုပြေတယ်. အရေပြားအနာဖြစ်တဲ့ညောင်လေးတွေကို ပုံမှန်တိုက်ရင် အမွှေးပြန်ထူလာတယ်. ငါးကြီးဆီမို့ အစားစားတယ်. အိပ်မယ်.

သူက pump လေးနဲ့မို့ တိုက်ရလွယ်တယ်.တစ်ခါတိုက် pump တစ်ညှစ်စာချိန်တိုက်လိုက်ရုံ. ဒီတိူင်းမတိုက်ချင်ရင် အစာနဲ့ရောနယ်ကျွေးလဲရ. တစ်နေ့ ၁ ကြိမ် တိုက်ပါနော်.

တစ်ဗူး.. ၉၅၀၀

စမတ်ကျကျနဲ့ ရေများများသောက်မယ်. အစားများများစားမယ်. အစာခွက်နဲ့ Auto ရေကျတဲ့ခွက်တွဲရက်လေးရပါတယ်. ရေဗူးလေးက ကလေးတွေသောက်တဲ...
26/03/2022

စမတ်ကျကျနဲ့ ရေများများသောက်မယ်. အစားများများစားမယ်.

အစာခွက်နဲ့ Auto ရေကျတဲ့ခွက်တွဲရက်လေးရပါတယ်. ရေဗူးလေးက ကလေးတွေသောက်တဲ့အချိန်မှ ရေကျတာမို့ အမှုန်အမွားတွေရေခွက်ထဲမဝင်တော့ဘူး. အ​စာခွက်ကလဲ အသားလေးကောင်းတယ်. အစာထည့်ရင် ပျော့သွားတာမျိုး အစိုပြန်တာမျိုးမရှိဘူး.

တစ်စုံ 8500 ks.

😺😺 စိုစွတ်နေတဲ့ ကြောင်စာလေး Cherman Pouch ! မီးညောင်လေးတွေကို ရေဓာတ်ပြည့်ပြီး ကျောက်ကပ်ရောဂါကာကွယ်စေဖို့ အစာစိုလေးတွေ ကျ...
19/03/2022

😺😺 စိုစွတ်နေတဲ့ ကြောင်စာလေး Cherman Pouch !

မီးညောင်လေးတွေကို ရေဓာတ်ပြည့်ပြီး ကျောက်ကပ်ရောဂါကာကွယ်စေဖို့ အစာစိုလေးတွေ ကျွေးပေးသင့်ပါတယ်. ဂျေကြီးကတော့ Cherman ကို အရမ်းကြိုက်ပါတယ်.

Real Meat - အသားစစ်စစ်က ထုတ်ထားတာမို့ အရသာကောင်းတယ်.

Protein 10% , အဆီ 1% , Fiber 1 % , အစိုဓာတ် 87% ပါ၀င်တာမို့ ကျန်းမာရေးအတွက် သင့်တော်တယ်. အူလမ်းကြောင်းကောင်းပြီး ၀မျးခြုပျတာသကျသာစတေယျ.

ကြောင်လေးတွေအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ Tertorine, Vitamins, Minerals, Collagen, Yeast extracts, Soybean oil တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်.

သူက 85g ပါသလို Jelly Type လေးမို့ သူ့ချည်းဘဲ ကျွေးလဲရတယ်. ထမင်းနဲ့နယ်ကျွေးလဲရသလို အစာခြောက်နဲ့ရောကျွေးလဲရပါတယ်. အနံ့လေးမွှေးပြီး အရသာကောင်းတာမို့ ညောင်လေးတွေကြိုက်ကြတယ်.

ကြောင်ကြီးတစ်ကောင်ဆို တစ်ထုတ် ၂ ခါ-၃ခါလောက်ခွဲ
ကျွေးလဲရတယ်. Kitten လေးတွေကတော့ ၅ ခါလောက်ကျွေးလို့ရတယ်. ဖောက်ပြီး ရေခဲသေတ ာထဲသိမ်းထားလဲအရသာမပျက်ပါဘူးနော်.

Tuna & Salmon in Jelly

Tuna & Chicken in Jelly

Mackerel in Jelly

Tuna in Jelly

Mackerel & Salmon in Jelly ဆိုပြီး ရွေးချယ်စရာ အရသာ ၅ မျိုးလာပါတယ်.

85 g တစ်ထုတ် - 1200 kyats

12 ထုတ်ပါ တစ်ဗူး - 12000 ks

အစာစို နူးနူးညံ့ညံ့ အရည်ရွှဲလေး ကြိုက်တဲ့ညောင်လေးများ အတွက် Pet 8 သံဗူးလေး ရပါမယ်နော် .400g သံဗူး - 2000 ks
22/02/2022

အစာစို နူးနူးညံ့ညံ့ အရည်ရွှဲလေး ကြိုက်တဲ့ညောင်လေးများ အတွက် Pet 8 သံဗူးလေး ရပါမယ်နော် .

400g သံဗူး - 2000 ks

🏆 Gorgeous Coat and Muscles Supplement🎯 Premium natural protein, Biotin, Omega 3, 6 စတာတွေပါ၀င်တာမို့ ကိုယ်အလေးချိန်တိုး...
30/01/2022

🏆 Gorgeous Coat and Muscles Supplement

🎯 Premium natural protein, Biotin, Omega 3, 6 စတာတွေပါ၀င်တာမို့ ကိုယ်အလေးချိန်တိုးစေသလို ကြွက်သားများကို သန်မာပြီး ကျန်းမာရေးပိုမိုကောင်းမွန်စေပါသည်။ အမွှေး ကျွတ်ခြင်းကိုလျှော့ချပြီးအရောင်စိုလက်တောက်ပစေပါတယ်.

🎯 အမွှေးတအားကျွတ်ပြီး အရေပြားပြသနာရှိတဲ့ ကလေးတွေ၊ ကိုယ်အလေးချိန်နည်းတဲ့ကလေးတွေ ကို တိုက်ကျွေးသင့်ပါတယ်. ၃လအထက်မှ ကြောင်ကြီးများအထိ ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ပါတယ်. ကိုယ်ဝန်ဆောင် ကြောင်မလေးများပါ စိတ်ချစွာတိုက်ကျွေးနိုင်ပါတယ်.

🐱🐱 တိုက်ကျွေးရန်အညွှန်း

🟣 Under 1 kg - တစ်ခါတိုက်တစ်ဇွန်းနဲ့ တစ်နေ့ ၂ ကြိမ် ၊ over 1 kg. - တစ်ခါတိုက်နှစ်ဇွန်းနဲ့ တစ်နေ့ ၂ ကြိမ်တိုက်ကျွေးရမှာပါ. ဗူးထဲမှာပါတဲ့ ဇွန်းနဲ့ချိန်ပြီးတိုက်ရပါတယ်. အမှုန့်လေးတွေကို ရေနဲ့ဖျော်ပြီးတိုက်နိုင်သလို အစာစို / Creamy / ထမင်း / အသား စတာတွေနဲ့ ရောနယ်ကျွေးလဲရပါတယ်.

🛒Gorgeous Coat and Muscles Supplement 150g – 29000 ks

ရေဓာတ်ရအောင် အစာစိုလဲ ကျွေးပါနော်.  Bellotta အစာစိုထုတ် လေးတွေက Tuna ကို အခြေခံထုတ်ထားတာပါ. အစာကလဲ နူးနူးညံ့ညံ့ ညက်ညက်လေ...
30/12/2021

ရေဓာတ်ရအောင် အစာစိုလဲ ကျွေးပါနော်.

Bellotta အစာစိုထုတ် လေးတွေက Tuna ကို အခြေခံထုတ်ထားတာပါ. အစာကလဲ နူးနူးညံ့ညံ့ ညက်ညက်လေးမို့ ညောင်လေးတွေသိပ်ကြိုက်ပါတယ်. သူ့ချည်းကျွေးကျွေး ထမင်း/အစာခြောက်နဲ့နယ်ကျွေးကျွေး အဆင်ပြေပါတယ်.

တစ်ထုတ်- 1300 ks

Ostech Creamy  အရသာ ၈မျိုးအစုံပါတဲ့ အထုတ်ကြီးရပါပြီနော်.Creamy က ပျစ်ပျစ်နှစ်နှစ်နဲ့ မွှေးနေတာမို့ ညောင်လေးတွေကြိုက်ကြပါ...
29/12/2021

Ostech Creamy အရသာ ၈မျိုးအစုံပါတဲ့ အထုတ်ကြီးရပါပြီနော်.

Creamy က ပျစ်ပျစ်နှစ်နှစ်နဲ့ မွှေးနေတာမို့ ညောင်လေးတွေကြိုက်ကြပါတယ်.

Tuna ငါးကို အခြေခံပြီး အရသာ အစုံထုတ်ထားတာမို့ အရသာအမျိုးမျိုးပြောင့်းကျွေးလို့ရပါတယ်.

24 ချောင်းပါ တစ်ထုတ် - 19500 ks.

အစာစိုထုတ်လေးတွေထဲက စျေးသင့်ပြီးကောင်းတာဆို 85g ပါတဲ့ Bellotta လေးတွေက အရမ်းတန်ပါတယ်.အနှစ်ပုံစံ Jelly Type ညက်ညက်လေးမို့...
17/12/2021

အစာစိုထုတ်လေးတွေထဲက စျေးသင့်ပြီးကောင်းတာဆို 85g ပါတဲ့ Bellotta လေးတွေက အရမ်းတန်ပါတယ်.

အနှစ်ပုံစံ Jelly Type ညက်ညက်လေးမို့ ဒီတို်းလေးဘဲကျွေးကျွေး ၊ ထမင်းလေးနဲ့ နယ်ကျွေးကျွေး အဆင်ပြေပါတယ်.

Pinkpawpal Immunity Booster..ပေးရတဲ့စျေးနဲ့တန်အောင်ရတဲ့ ညောင်လေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း ဖြည့်စွက်စာ.အစားစား...
13/12/2021

Pinkpawpal Immunity Booster..

ပေးရတဲ့စျေးနဲ့တန်အောင်ရတဲ့ ညောင်လေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း ဖြည့်စွက်စာ.

အစားစားမယ်.
ကိုယ်ခံအားကောင်းမယ်.
ဖျားနာတာတွေမရှိအောင်ကြိုတင်ကာကွယ်ပေးမယ်.
နလံထစကလေးတွေလဲ အမြန်ုံးအားပြည့်စေမယ်.

တစ်နေ့ ၁ဇွန်း ဘဲတိုက်ရင်ကို ကျန်းမာစေမှာသေချာပါတယ်.

တစ်ဗူး- 29500 ks

🎯 ကြက်သားရော တူနာရော ၂ မျိုးလုံး ကျွေးချင်တယ်. ထမင်း မစားလို့ ဆန်ပါတဲ့ အစာခြောက်လေးကျွေးချင်တယ်ဆို Kaniva လေးကျွေးပါနော်...
02/12/2021

🎯 ကြက်သားရော တူနာရော ၂ မျိုးလုံး ကျွေးချင်တယ်. ထမင်း မစားလို့ ဆန်ပါတဲ့ အစာခြောက်လေးကျွေးချင်တယ်ဆို Kaniva လေးကျွေးပါနော်.

🐱 All Age ကျွေးနိုင်တာမို့ Kitten ရော Adult Cat တွေပါ အဆင်ပြေပါတယ်.

🐱 Salmon Oil အပြင် Evening Primrose Oil ပါ၀င်တာမို့ အမွှေးအရောင်တောက်ပြောင်စိုပြေစေတယ်. အမွှေးကျွတ်တာတွေသက်သာစေတယ်.

🐱 ကြက်သားစစ်စစ်၊ တူနာနဲ့ ဆန်ကို အချိုးကျရောစပ်ထားလို့ အရသာအထူးကောင်းမွန်ပါတယ်. တော်ရုံအစားဂျီးများတဲ့ ကြောင်လေးတွေကိုတောင် စားချင်စိတ်ဖြစ်ပေါ်စေပြီး ကျန်းမာဝဖြိုးစေပါတယ်။

🐱 ဂျုံ၊ ပြောင်း နဲ့ ကစီဓာတ်တွေလုံးဝမပါဝင်လို့ ကြောင်လေးတွေကို အစာကောင်းမွန်စွာချေဖျက်နိုင်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်.

400g - 7500 ks🐱

Pinkpawpal ရဲ့  immunity Booster က တကယ်ကောင်းပါတယ်. 😺 Nori လေးကို Nov 11 ရက်နေ့က အိမ်ကို ခေါ်လာပါတယ်. သူ့ကို  Pinkpawpal...
01/12/2021

Pinkpawpal ရဲ့ immunity Booster က တကယ်ကောင်းပါတယ်.

😺 Nori လေးကို Nov 11 ရက်နေ့က အိမ်ကို ခေါ်လာပါတယ်. သူ့ကို Pinkpawpal ရဲ့ immunity Booster နဲ့ Coat & Murscles လေးတိုက်တာတော့ ၁၀ရက်ရှိပါပြီ. ရက်ပိုင်းအတွင်း အမွှေးအရောင်ရော ထွားလာတာပါ တအားသိသာပါတယ်.

😺 ကိုယ်ခံအားအတွက်က immunity Booster တစ်ခုဘဲတိုက်မယ်ဆိုလဲရပါတယ်. သူ့မှာပါတဲ့ ဇွန်းလေး ၁ ဇွန်းဘဲတိုက်ရတာမို့ တစ်ဗူးဆို အတော်ကြာကြာလေးတိုက်ရပါတယ်နော်. (ဇွန်းလေးက ပုံမှာပြထားသလို တကယ့်ကို သေးသေးလေးပါ) မနက်အစော / ညဖက် မှာတိုက်သင့်ပါတယ်. ပိုပြီးအစားစားလာသလို အိပ်လဲအိပ်ပါတယ်.

🎯 ကိုယ်ခံအားနည်းတဲ့ခလေးတွေ ၊ အစားနည်းတဲ့ကလေးတွေ ၊ မကြာခဏဖျားတတ်တဲ့ကလေးတွေကို ပိုပြီးကျန်းမာစေရန်အတွက်ရော , ကြောင်တုပ်ကွေးဖြစ်တာကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်သင့်ပါတယ်.

🎯 Pure L-LYSINE ပါတာမို့ အစားအစာထဲက အဟာရဓာတ်တွေကိ စုပ်ယူတာမြန်ပြီး အစာစားချင်စိတ်ကို တိုးစေတယ်. အမွှေးအရောင်စိုပြီး ကျန်းမာစေပါတယ်.

🎯 ၃လအထက်မှ ကြောင်ကြီးများအထိ ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ပါတယ်. ကိုယ်ဝန်ဆောင် ကြောင်မလေးများပါ စိတ်ချစွာတိုက်ကျွေးနိုင်ပါတယ်.

🛒 Immunity Booster 100g – 29500 ks

Address


Telephone

+959799771904

Website

Alerts

Be the first to know and let us send you an email when J Gyi Cat Food & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share