ZWE HTET

ZWE HTET Aquarium & Pet Shop

Hello!မင်္ဂလာပါ🙏🙏🙏  တိချစ်သူများအတွက် ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် "  မှ သင်္ကြန်နားနီးပ...
02/04/2024

Hello!မင်္ဂလာပါ🙏🙏🙏

တိချစ်သူများအတွက် ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် " မှ သင်္ကြန်နားနီးပြီဆိုတော့ ငါးလေးတွေသက်စေ့လွတ်ပြီ ကုသိုလ်ယူလို့ ရအောင် ကောမတ် / ငါကြင်း သေးသေးလှလှလေးတွေ ရောက်ထားပါတယ်ဗျ!
#ဖားကန့်မြို့မရှိကထောင်းရပ်ကွပ်
#စာသင်ကျောင်းအနီး
#တရုတ်စာသင်ကျောင်းလမ်း
#မိုးကောင်းခေါက်ဆွဲဆိုင်အိမ်
#ဇွဲထက်အလှမွေးငါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်
Ph no: 09406049958 / 09777962962

"Hello"  ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် "   မရှိကထောင်း ရပ်ကွက် စာသင်ကျောင်းအနီး  တရုပ်ဘုံ...
08/10/2023

"Hello"
ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် " မရှိကထောင်း ရပ်ကွက် စာသင်ကျောင်းအနီး တရုပ်ဘုံကျောင်းလမ်း မိုးကောင်းခေါက်ဆွဲဆိုင် အိမ်သို့ ပြောင်းရွှေ့ဖွင့်လစ်ထားပါပြီ ငါးချစ်သူများ လာရောက် ကြည့်ရှုအားပေးနိုင်ပါသည် 🙏🙏🙏

22/02/2023

ဖိုက်တာ(Betta) ခေါ်
Siamese fighting fish (တိုက်ငါး)
အထီးအမခွဲနည်း ...

(၁)အတောင်များ(fins)
တောင်ရှည်မျိုးတွေဖြစ်တဲ့ halfmoon,crown,veil tail, double tail တွေမှာတော့ ခွဲရလွယ်ပါတယ်
အတောင်ပိုရှည်ပိုလှတာတွေဟာအထီးဖြစ်ပါတယ် / အမတွေဟာအတောင်တိုပါတယ်
pk,hmpk မျိုးတွေမှာတော့ အတောင်နဲ့ခွဲလို့မရပါ

(၂) ဥဆံ (egg spot)
အရိုးရှင်းအလွယ်ကူဆုံး အနေနဲ့က အရွယ်ရောက်ပြီး ဥပြည့်နေတဲ့ငါးမတွေမှာ ဥဆံထွက်နေပါပြီ ! မျိုးစိတ်တိုင်းကိုခွဲနိုင်ပါတယ်
(ချွင်းချက် အနေနဲ့က အချို့သောငါးထီးတွေမှာ error အနေနဲ့ ဥဆံတွေ့ရတတ်ပါတယ်)

(၃) ဟန်ရေးပြချိန်(flare) ပါးဟက်ကားခြင်း
အထီးတွေမှာ ပါးဟပ်ကားခြင်းပိုသိသာပါတယ် မျိုးစိတ်တိုင်းခွဲနိုင်ပါတယ်

(၄) မုတ်ဆိတ်(beard)
အထီးတွေရဲ့မုတ်ဆိတ် နှစ်ချောင်းဟာ ပိုထူ ပိုရှည် ပိုလှပါတယ်
တောင်တိုမျိုးနဲ့ မျိုးစိတ်တိုင်းခွဲနိုင်ပါတယ်

(၅) အမြုပ် (bubble nest)
အရွယ်ရောက်ပြီး ငါးထီးတွေဟာ သူတို့နေတဲ့ရေအရည်အသွေးကို သဘောကျရင် အမြုပ်ထုတ်လေ့ရှိပါတယ်
(ချွင်းချက်အနေနဲ့ ငါးမအချို့ဟာလည်း အမြုပ်ထုတ်ပါတယ်
ဒီအချက်တစ်ခုတည်းနဲ့တော့ အထီးအမခွဲလို့မရပါ)
---
ဒီလောက်ဆို Betta (ခေါ်) ဖိုက်တာ (or) တိုက်ငါး တွေကို ဘယ်လိုမွေးရမလဲ ဘယ်လိုထားရမလဲ ဆိုတာသိပြီဆိုတော့ ငါးလေးတွေမွေးမယ် ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် " မှာ သွားဝယ်ကြမယ်..,.

အထက်ပါအချက်အားလုံးကိုခြုံငုံ၍ တိုက်ငါးအထီးအမခွဲနိုင်ပါတယ်
အဆင်ပြေကြပါစေ။

AqSLY
Ref: google;& သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံး !
Photos from google

AngelFish ( အိန်ဂျယ်ငါးအကြောင်းသိကောင်းစရာ)       Angelfish တွေကတော့ ရိုးရိုးယဉ်ယဉ်အေးအေးဆေးဆေးနေတတ်သူတွေအကြိုက်ဆုံးငါးေ...
19/02/2023

AngelFish ( အိန်ဂျယ်ငါးအကြောင်းသိကောင်းစရာ)

Angelfish တွေကတော့ ရိုးရိုးယဉ်ယဉ်အေးအေးဆေးဆေးနေတတ်သူတွေအကြိုက်ဆုံးငါးပေါ့ဗျာ နောက်ပြီး မှန်ကန်တဲ့ရေအပူချိန် ကန်အကျယ်အဝန်း ရေph မှာသာမွေးမြူရင်တော့ ထိန်းသိမ်းမှုသိပ်မခက်ခဲသောငါးအမျိုးအစားပဲဖြစ်ပါတယ်
အချိန်လဲသိပ်မပေးရ ရေလဲဖို့လဲအခက်အခဲသိပ်မဖြစ်ဘူးဆိုတော့ အလှမွေးငါးမွေးချင်ပေမဲ့ အလုပ်အရမ်းရှုပ်သူတွေအတွက် အလွန်သင့်တော်ပါတယ်
ဒီတိုင်း ငါးကန်ထဲပဲမွေးမလား အပင်ကန်ထဲပဲထည့်မလား ဘယ်လိုမွေးမွေး အဆင်ပြေနေပါတယ်
အစာဆိုလဲမရွေးဘူး ရေခဏခဏလဲမလှယ်ပေးရဘူး ရေညစ်ပတ်မှာလဲမစိုးရိမ်ရဘူး အဲ့လိုမျိုးတွေလိုအပ်ချက်သိပ်မရှိဘူးဆိုတော့ ငါးမွေးသူကြားထဲမှာ Angelfish ဆိုတဲ့နာမည်နဲ့တင့်တယ်နေတာပေါ့ဗျာ
Angelfish ခန္ဓာကိုယ်ပုံစံက ခန္ဓာကိုယ်ပြားပြား အတောင်ကားကား နှုတ်သီးချွန်ချွန် ထိပ်ပြောင်ပြောင်နဲ့ပေါ့ဗျာ
အရောင်တွေကလဲ အဖြူ အမဲ အဝါ လိမ္မော် ဖြူမဲအကြား အဝါဖြူအကွက်စသည်ဖြင့် မျိုးစုံရှိကြပါတယ်
*ရေအမျိုးအစား = ရေချို ph 6.5 - 7.1
*ရေအပူချိန် = 78°F-80°F
*ကန်အရွယ်အစား = အနည်းဆုံး ဂါလံ ၂၀မှ ၅၀ဂါလံကန်ကျယ်အဝန်း (2'1.5' or 3' 1.5')
ရေအမြင့်ကိုပိုကြိုက်ကြပါတယ်
*အစာရွေးချယ်မှု = အစာခြောက် အစာစို(ရေတီ ပိုးလောက်လန်း) စပ်စာ
*Tankmate = Neon tetra/ Clown loach/ Rams/ Pearl gourami/ ( အချို့က ရွှေငါး fightet ဒေါင်း စတာတွေနဲ့တွဲမွေးတတ်ကြတယ် အဲ့လိုမွေးမြူနည်းဟာ မသင့်တော်ပါဘူး Angelfish တွေ အဲ့လိုငါးတွေရဲ့အမြှီးအတောင်များကို လိုက်ဆိတ်တတ်ပါတယ်)
*အုပ်စုလိုက်နေသောငါးအမျိုးအစားလဲဖြစ်ပါတယ် အနည်းဆုံး၆ကောင်ထည့်ပေးရပါမယ်(Angelfish ချည်းသီးသန့်မွေးတာအကောင်းဆုံးပါ)
*အသက်ကြာရှည်နေထိုင်နိုင်မှု = 8-10 year
*အကြီးဆုံးအရွယ်အစား = အထက်အောက်အမြင့် ၁၂လက်မ ပါးစပ်ကနေ အမြှီးထိ အရှေ့အနောက် ၆လက်မ အရွယ်ထိရှိကြပါတယ်
*သားဖောက်ခြင်း =အထီးတွေ
က အမထက် ခန္ဓာကိုယ်အဝိုင်းပိုကြီးခြင်း ရှေ့နဖူးမိမောက်ခြင်း စအိုဝက လိင်တံချွန်ခြင်း အောက်အမျှင်မြှီးတောင်မှ အခွဖြစ်ခြင်း
အမတွေကအထီးထက် ခန္ဓာကိုယ်အဝိုင်းသေးခြင်း ရှေ့နဖူးခပ်လျှောလျှောဖြစ်ခြင်း လိင်တံတုံးခြင်း(လုံးခြင်း) အောက်အမြှီးတောင်တစ်ဖျောင့်ထဲဖြစ်ခြင်းဖြင့်ခွဲနိုင်ပါတယ် Angelfish တွေက သားပေါက်ဖို့အတွက် သူ့ဘာသာသူ့ကြင်ယာကိုရွေးချယ်ကြပါတယ် သားဖောက်မယ်ဆို အနည်းဆုံး၆ကောင်လောက်ထည့်ပြီး အတွဲရွေးပြီးပြီဆိုမှ သပ်သပ်ခွဲဖောက်တာအကောင်းဆုံးပါ သားဆိပ်တက်တဲ့အခါ အခြားငါးတွေကိုရန်ရှာခြင်း အနာတရဖြစ်အောင်လုပ်ခြင်းတို့ဖြစ်စေပါတယ်
Angel အမတွေဥဥတဲ့အခါ သစ်ရွက်အရွက်ကြီးကြီး ဒါမှမဟုတ် ကျောက်သင်ပုန်း ကျောက်ပြားအဲ့လို တွေပေါ်မှာ ဥချပါတယ် ဥချတဲ့အခါမှာလား ပတ်ဝန်းကျင် ရေPh temperature စတာတွေပေါ်မှာမူတည်ပြီး ဥချမှုအနှေးအမြန် အနည်းအများ ဥကိုပြန်စားမစား စောင့်ကြည့်ရပါတယ် အထီးရောအမရောက သားထိန်းနိုင်ကြတဲ့အတွက် အထီးအမထုတ်စရာမလိုပါဘူး
*ဂရုစိုက်မှု = ၇ရက်တစ်ခါ ရေလှဲပေးရပါမယ် ရေလှဲတဲ့အခါ ရေအပူချိန်တူညီစေရန်ဂရုပြုပါ
ရေph ကိုသတ်မှတ်ထားတဲ့ အတိုင်းအနီးစပ်ဆုံးနဲ့မွေးမြူပေးရပါမယ် ရေအပူချိန်ချက်ချင်းပြောင်းလဲမှုကိုခံနိုင်ရည်မရှိကြပါဘူး
#မှတ်ချက်။ ။အစာခြောက် မရွေးချယ်မှု ကြောင့် အခုမှငါးစမွေးသူရော ငါးမွေးသက်အတော်အတန်ကြာသူများအတွက်ပါသင့်တော်ပါတယ်

ဒီလောက်ဆို Angel Fish တွေကို ဘယ်လိုမွေးရမလဲ ဘယ်လိုထားရမလဲ ဆိုတာသိပြီဆိုတော့ ငါးလေးတွေမွေးမယ် ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် " မှာ သွားဝယ်ကြမယ်.....


Guppy Fish ( ဒေါင်းငါး ) အကြောင်း သိကောင်းစရာ(Just for beginner)        ဒေါင်းငါးလေးတွေဟာ ခြင်သားလောင်းများကို နှိမ်နှင်...
19/02/2023

Guppy Fish ( ဒေါင်းငါး ) အကြောင်း သိကောင်းစရာ
(Just for beginner)

ဒေါင်းငါးလေးတွေဟာ ခြင်သားလောင်းများကို နှိမ်နှင်းရန် မွေးမြူရာမှ အလှမွေးငါးများအဖြစ်သို့ အဆင့်ဆင့်ပြုပြင်ပြောင်းလဲရင်း လှပသော ဒေါင်းငါးမျိုးစိပ်သစ်များဟာ အခုချိန်မှာတွေ့မြင်နေကြရတာဖြစ်ပါတယ်
ဒေါင်းငါးလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုအလွယ်တကူ ပုံဖော်လို့ရနိုင်ပါတယ် ဟုတ်ပါတယ် သူတို့ရဲ့ အမြှီးလေးတွေဟာ ဒေါင်းငှက်များသဖွယ် ပြန့်ကားစွာနဲ့ အရောင်များတဖြတ်ဖြတ် လူးကာ ရေထဲကူးလာနေကြသည်မှာ ကြည်နူးစိတ်ဝင်စားဖွယ် ကောင်းလှပါတယ်

*မူလဇာတိ =

*ရေအမျိုးအစား = ရေချို acid ဆန်သောရေအမျိုးအစား

*ကန်အရွယ်အစား = ရည်ညွှန်းချက်အရ ဒေါင်း ၅ကောင်ကို 10ဂါလံ ဆန့်ကန်တွင်မွေးမြူရမည်ဟုဆိုထားသော်လဲ ကျွမ်းကျင်သူများကတော့ ၁၀ဂါလံဆန့်ကန်မဟုတ်တောင် မွေးမြူနိုင်တယ်လို့ပြောပါတယ်
အဓိကကတော့ ငါးအရေအတွက်နဲ့ ကန်အရွယ်အစား မျှတဖို့ပဲဖြစ်ပါတယ် ငါးများလေ သန့်ရှင်းရေးနဲ့ ရေလဲပေးရန်ပိုလိုအပ်လေဖြစ်ပါတယ်

*Temp/Ph = 22°C - 26°C အတွင်းထားပေးနိုင်လျင်ပိုကောင်းပါတယ် / 6.0 - 7.5

*အကြီးဆုံးဆိုဒ် = အရွယ်အစားကတော့ မျိုးကွာခြားမှုပေါ်မူတည်ပါတယ် အချို့များက 2လက်မထိကြီးထွားပြီး အချို့မျိုးစိပ်များကတော့ 3လက်မနီးကါး ကြီးထွားနိုင်ပါတယ်

*သက်တမ်း = ၂ နှစ် ကျော်ခန့် အသက်ရှင်နိုင်ပါတယ်

*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = Guppy Fish လေးတွေဟာ အုပ်စုဖွဲ့နေထိုင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်
အကောင်ရေ များစွာခန့် မွေးမြူနိုင်သလို သားဖောက်ရန်ရည်ရွယ်ပါက အထီး ၁ အမ ၂ or ၃ ခန့် မွေးမြူနိုင်ပါတယ်

*Tankmate = Platies / ဆိုတေး / Molly / honey gourami etc………
cichlids မျိုးနွယ်များနှင့်တော့ တွဲမမွေးသင့်ပါဘူး

*အစားအစာ = ဒေါင်းငါးတွေဟာ အစုံစား သတ္တဝါများဖြစ်ပါတယ် ဒါကြောင့် အစာကျွေးရာမှာ မျှတစွာကျွေးရန်လိုအပ်ပါတယ်
ဥပမာ အာသီးမီးယား / infusoria / ခြင်သားလောင်း/ ရေတီ / အစာခြောက် စသည်ဖြင့် မျှတစွာ အမျိုးမျိုးပြောင်း၍ ကျွေးပေးရပါမယ်
အစာကိုလဲ တစ်ကြိမ်ထဲနှင့်များစွာ ကျွေးခြင်း တစ်နေ့လျှင် ၄ကြိမ်ခန့်အထိခွဲ၍ ၂ မိနစ်အတွင်းကုန်နိုင်သော အစာ အနည်းငယ်စီကျွေးခြင်းက ပိုကောင်းပါတယ်

*ထိန်းသိမ်းဂရုစိုက်မှု = ဒေါင်းငါးများဟာ အကောင်အရေအတွက်များရင်များသလို ရေသန့်ရှင်းမှုနှင့် အစာကျွေးတာကို ဂရုစိုက်ပေးရပါမယ်
ရေစုပ်အား မပြင်းထန်သော filter များတပ်ဆင်ပေးရပါမယ် ( ကျွန်တော်ကတော့ biofilter or hang on filter / slim filter များကို ရွေးချယ်စေချင်ပါတယ် ) မှုတ်အား စုပ်အားပြင်းထန်ပါက အရွယ်အစားသေးငယ်သော ငါးများ ငါးသားပေါက်များကို ထိခိုက်ဒဏ်ရာ ရ၍ သေစေနိုင်ပါတယ်
ဒါ့အပြင် Air pump နှင့် oxygen ပေးနိုင်လျှင်ပိုကောင်းပါတယ်
ရေကိုတော့ တစ်ပါတ်တစ်ခါ ၃၀% ခန့်လှဲပေးရပါမယ်

*အဖြစ်များသောရောဂါများ = ဒေါင်းငါးများဟာ သာမန်အားဖြင့် အကြမ်းခံသောငါးများဖြစ်ပါတယ်
ဒါပေမဲ့ ရေအရေအသွေးလျော့ကျညစ်ညမ်းမှုကြောင့် white spot / fungus စတဲ့ ကပ်ပါးပိုးများနှင့် ကြေးခွံပွရောဂါများဖြစ်စေနိုင်ပါတယ် ဒါကြောင့် ရေပုံမှန်လဲပေးခြင်း နှင့် အစာများကိုပိုလျံစွာ မကျွေးမိရန်လိုအပ်ပါတယ်

*အခြားအမ်ျိုးများ = Guppy fish များဟာ ငါးမျိုးစိပ်ကွဲများစွာ တည်ရှိပါတယ်

*အထီးအမခွဲခြားခြင်း = အမများဟာ အထီးများထက် ခန္ဓာကိုယ်အရွယ်အစား ပို၍ကြီးမားကာ အထီးများ၏ စအိုဝရေယက်မှာ အချွန်ပုံစံဖြစ်၍ အမများရဲ့ရေယက်ဟာ အဝိုင်း or ယပ်တောင်ပုံစံရှိပါတယ်

*သားဖောက်ခြင်း = Guppy များကို အသက် ၆လ ကျော် ၇လ ခန့်တွင်သားဖောက်နိုင်ပါပြီ အထီးများကတော့ ၂လသားခန့်ရောက်ပါက အရွယ်ရောက်နိုင်ပါပြီ
သားဖောက်မည်ဆိုပါက မျိုးတူအုပ်စုများထဲမှ အမြှီးအတောင် ရေယက် အရောင်အဆင်း ပို၍လှပသော ကြည့်ကောင်းသော အထီးအမများကို ရွေးချယ်ပေးရပါမယ် ထို့နောက် သားဖောက်ကန်ထဲတွင် အထီး ၁ အမ၂ or ၃ ကောင်နှင့်အတူ ရေမှော်ပင်များ ထားရှိကာထည့်ပေးရပါမယ်
အမများသည် ကိုယ်ဝန်ဆောက်ချိန် ၂၁ရက်မှ ၂၆ရက်ခန့်ကြာမြင့်တတ်ပါတယ် ကိုယ်ဝန်ရှိ၍ ဗိုက်တင်း၍လုံးဝန်နေသော အမများကို သက်ရှိအပင်များထည့်ကာ သားပေါက်ကန်သပ်သပ်ပြုလုပ်ကာ ထားပေးရပါမယ်
အမများသည် ပေါက်လာသော သားပေါက်များကိုပြန်စားနိုင်ပါတယ် ဒါကြောင့် အကောင်ပေါက်များကုန်စင်အောင်ပေါက်ပြီးပါက နဂို မူလကန်သို့ပြန်ရွေ့ကာပုံမှန်အတိုင်းထားပေးရပါမယ် သားပေါက်များသည် မိခင်ဝမ်းမှကျွတ်ကျွတ်ခြင်း အစာများရှာဖွေစားသောက်တတ်ပါတယ် ဒါကြောင့် သားပေါက်များကို ဥမှကျွတ်ခါစ အာသီးမီးယားများ ကျွေးကာ အနည်းငယ်ကြီးထွားသည်အထိ ဂရုစိုက်ပေးရပါမယ် အရွယ်အနည်းငယ်ရသော် အစာခြောက်များကို အမှုန့်များဖြစ်သည်အထိချေကာ သားပေါက်ကန်ထဲဖြန့်ချပေးရပါမယ်
ဤနည်းအတိုင်း ရေပုံမှန်လဲ အစာပုံမှန်ကျွေးကာပြုစုပါက ၂လခန့်ကြာသော် အရည်အသွေးမှီသောငါးများ ကို သပ်သပ်ရွေး၍ ရောင်းနိုင် မွေးနိုင်ပါပြီ

*ကန်အပြင်အဆင် = ဒေါင်းငါးများဟာ အပင်များပေါများစွာ ထည့်ပေးထားခြင်းကိုနှစ်သက်ပါတယ် ထိုအပင်များထဲသို့ တိုးဝင်ပုန်းခြင်း အပင်တွင်ကပ်နေသော သက်ရှိများကိုစားသုံးခြင်းကို သဘောကျပါတယ်
အောက်ခံကိုလဲ ချောင်းသဲ ကျောက်စရစ်စသည်တို့ကို ခင်းပေးနိုင်ပါတယ် ဒေါင်းငါးတွေဟာ အလင်းရောင် မှိန်တာကို သဘောကျကြပါတယ်

*ဆောင်ရန်ရှောင်ရန် = အစာကိုလိုအပ်သည်ထက် ပိုလျံစွာမကျွေးရနှင့် ရေပုံမှန်လဲပေးရန်လိုအပ်ပါတယ်

ဒီလောက်ဆို Guppy fish(ဒေါင်းငါး)တွေကို ဘယ်လိုမွေးရမလဲ ဘယ်လိုထားရမလဲ ဆိုတာသိပြီဆိုတော့ ငါးလေးတွေမွေးမယ် ဇွဲထက် " အလှမွေးငါး မှန်ကန် နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် " မှာ သွားဝယ်ကြမယ်

#မှတ်ချက် ။ ။ Beginner သမားအတွက် အလွန်သင့်တော်ပြီး ငါးဖောက်ဝါသနာပါသူများ မျိုးစိပ်အသစ်တီထွင်လိုသူများအတွက်လဲ သင့်တော်ပါတယ်

# Crd to Org

ဇွဲထက် ဆိုင်တငြ္ ရောက်ရှိ ဘော်ဘော်တို့
30/09/2022

ဇွဲထက် ဆိုင်တငြ္ ရောက်ရှိ ဘော်ဘော်တို့

"အလှမွေးငါးလေးတွေကိုဘာကြောင့်မွေးမြူကြလဲ" "ဘာကြောင့်မွေးမြူသင့်တယ်" ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လေ့လာကြည့်ရအောင်     ...
27/06/2022

"အလှမွေးငါးလေးတွေကိုဘာကြောင့်မွေးမြူကြလဲ"
"ဘာကြောင့်မွေးမြူသင့်တယ်" ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လေ့လာကြည့်ရအောင်

ယခုခေတ်မှာဆိုရင် မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ အိမ်တိုင်း နီးပါး / စားသောက်ဆိုင် / ဆေးရုံ / ကုမ္ပဏီစတဲ့နေရာတွေမှာဆိုရင် အလှမွေးငါးတွေကို မှန်ကန်နဲ့သော်လည်းကောင်း အုတ်ကန် ကြွေကန် စတည်ဖြင့်သော်လည်းကောင်း မွေးမြူလာကြပါပြီ
အလှမွေးငါးတွေဟာအခြားအိမ်မွေးတိရိစ္ဆာန်များထက်

1.နေရာ

2.အချိန်

3.ကုန်ကျစရိတ် သက်သာတာကြောင့် တိချစ်သူအများစုက အလှမွေးငါးလေးတွေကို ရွေးချယ်လာကြပါတယ်
ယခုခေတ်အခြေအနေမှာဆိုရင် အလှမွေးငါးများကိုရောင်းသူဝယ်သူများပြားလာတဲ့အပြင် အလှမွေးငါးမျိုးစိတ်သစ်များတိုးတက်လာနှုန်းကလဲ အရှိန်အဟုန်မြင့်မားနေပါပြီ နိုင်ငံအနှံ့နေရာအနှံ့က ငါးမျိုးစိတ်သစ်တွေကို လိုက်ပြီးရေတွက်မယ်ဆိုရင်တော့ ပြီးဆုံးနိုင်မှာမဟုတ်တော့ပါဘူး
လူတွေကအလှမွေးငါးတွေကို ဘာကြောင့်မွေးကြလဲ

1. အချို့က ရွှေငါး ၉ ကောင်မွေးရင် လာဘ်ကောင်းတယ်
Lucky fish မွေးရင် ငွေဝင်တယ် ကံကောင်းတယ်စသည်ဖြင့် အယူအဆတွေကြောင့်မွေးမြူကြပါတယ်
https://t.me/+2wyJH_L1ecgyYmZl

2. အချို့ကျတော့လဲ အိမ်ကလူတစ်ယောက်ယောက်ကမွေးတာ ဒါမှမဟုတ် ဘေးအိမ်ကလူတွေငါးမွေးတာကို မြင်ပြီး ကိုယ်ပါလိုက်မွေးကြည့်ရင်းနဲ့ မွေးဖြစ်သွားတာ / လက်ဆောင်ပေးလို့မွေးရင်းနဲ့စိတ်ဝင်စားသွားတာတွေ

3. အချို့ကြပြန်တော့လဲ ငါးရဲ့အလှအပကိုစွဲလန်းမိပြီး အိမ်မှာခေါ်မွေးဖြစ်တာတွေ
စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလှမွေးငါးကိုအရူးအမူးဖြစ်သည်အထိ စိတ်ပါဝင်စားလာကြပါတယ်

ဘယ်လို အကြောင်းပြချက်နဲ့ပဲမွေးမွေး ငါးလေးတွေက သက်ရှိတွေဖြစ်ကြပါတယ်။ သူများအသက်ကို ကိုယ့်အိမ်က ကန်ထဲမှာ မွေးမြူတာဖြစ်တဲ့အတွက်ကြောင့် နည်းစနစ်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ငါးလေးတွေကို ပျော်ရွှင်ကျန်းမာစွာနဲ့သက်တမ်းစေ့နေနိုင်အောင်ဖန်တီးပေးရမှာ ငါးချစ်သူတို့ရဲ့တာဝန်ဖြစ်ပါတယ်

အလှမွေးငါးလေးတွေကို ဘာကြောင့်မွေးမြူသင့်လဲ ?

အလှမွေးငါးလေးတွေဟာ အခြား အိမ်မွေးတိရိစ္ဆာန်များထက်ကို တွင်ကျယ်စွာနဲ့ မွေးမြူလာကြပါပြီ အမေရိကန်နိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံးရဲ့ ၆၈% က အလှမွေးငါးကန်လေးတွေကိုပိုင်ဆိုင်ကြပါတယ်တဲ့ဗျာသူတို့ဘာကြောင့်များဒီလောက်ထိမွေးမြူကြလဲဆိုတာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါပြီ
သိပ္ပံညာရှင်များနဲ့ဆရာဝန်များ၏လေ့လာစမ်းသပ်မှုတွေက ဖော်ပြနေပါတယ် အလှမွေးငါးကန်တွေကို ပိုင်ဆိုင်ထားယုံနဲ့ အောက်ပါ အကျိုးကျေးဇူး ၈ ချက်ထဲက အနည်းဆုံး ၁ချက် ကိုတော့ ရရှိနိင်မှာ အမှန်ပဲဖြစ်ပါတယ်

1.ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
ဘယ်လိုပြဿနာတွေကို ဖြေလျော့ပေးနိုင်လဲဆိုတော့

(1) စိတ်ဖိစီးမှုများခြင်းကိုလျော့ကျစေခြင်း

(2) သွေးတိုးရောဂါကိုသက်သာစေခြင်း

(3) စိတ်ဖိစီးမှု/သွေတိုးမှုကြောင့် ဖြစ်တဲ့နှလုံးရောဂါများကိုကာကွယ်ပေးခြင်း

(4) အယ်လ်ဇိုင်းမား ရောဂါတို့ကို ကာကွယ်ပေးခြင်းတို့ပဲဖြစ်ပါတယ်

1. ဒီလိုရောဂါတွေကို တကယ်ရောကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကို အလှမွေးငါးကန်လေးတွေကို ကိုယ်တိုင်ဖန်တီးပြီး ဟုတ်မဟုတ်စမ်းကြည့်ကြတာပေါ့
ဒါ့အပြင်ဆေးရုံးဆေးခန်းအများစုမှာ ငါးကန်လေးတွေ ထားရှိတာကိုသင်တို့သတိထားမိမယ်ထင်ပါတယ်
ဒါဟာ အလှပြထားရုံတင်မကပါဘူး ဆေးရုံဆေးခန်း လာပြသူများ မြင်နိုင်တဲ့နေရာထားရှိတာကြောင့် ငါးကန်လေးကို တခဏတာ ငေးမောကြည့်ရုံနဲ့ စိတ်ထဲမှာ အနည်းငယ်ကြည်နူးမိတဲ့ခံစားချက်ကို ရရှိစေနိုင်တာကြောင့် ထားခြင်းဖြစ်ပါတယ်

2. အခြားအိမ်မွေးတိရိစ္ဆာန်များမွေးမြူခြင်းထက် အလှမွေးငါးလေးတွေက ပိုပြီး တည်ငြိမ်အေးချမ်းခြင်း
ဒီအချက်ကလဲမှန်ကန်နေပါတယ် အခြားခွေးကြောင်ငှက်တွေက သူတို့ပျော်သည်ဖြစ်ဖြစ် ရန်လိုရင်ဖြစ်ဖြစ် အမြဲ ဆူညံနေကြတာပါပဲ အလှမွေးငါးလေးတွေကျတော့ သူတို့အုပ်စုနဲ့သူတို့ရေကန်လေးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့အမြဲကူးခပ်နေတာပါပဲ

3. ကလေးငယ်တွေရှိတယ်ဆိုရင် ကလေးလေးတွေအတွက် ငါးကန်ကနေ သဘာဝကိုချစ်တတ်လာအောင် သတ္တဝါလေးတွေကို ကြင်နာတတ်လာအောင် သင်ပြပေးနိုင်ခြင်း
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း တစ်ချိန်တိုင်းပြည်တာဝန်ထမ်းဆောင်မဲ့လူငယ်လေးတွေကို ငယ်စဉ်ကထဲက လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်
အခုလိုငယ်ရွယ်စဉ်ကထဲက သတ္တဝါအချင်းချင်း ကြင်နာခြင်းနဲ့ သဘာဝကိုချစ်မြတ်နိုးတတ်မှ လူသားနဲ့ကမ္ဘာမြေကြီးကိုအကျိုးပြုမဲ့ လူသားအရင်းအမြစ်ဖြစ်စေမှာပါ

4. တိရိစ္ဆာန်လဲမွေးချင်တယ် ကိုယ့်အိမ်ကကျဉ်းနေရင်လဲပြဿနာမရှိပြန်ဘူး အခန်းထောင့်တစ်နေရာစာလေးမှာ ငါးကန်အသေးလေး ထားနိုင်တဲ့အတွက်ကြောင့် နေရာယူသက်သာခြင်း

5.အခြားခွေးကြောင်ငှက်တွေကို ဈေးပိုချိုခြင်း
အလှမွေးငါးလေးတွေက ဈေးနှုန်းကလဲ 0ကျပ်ကနေ သိန်းချီပြီး တန်ကြေးရှိပါတယ် မိမိနှစ်သက်ရာ ငါးအမျိုးအစားနဲ့ဈေးနှုန်းကို ရွေးချယ်မွေးမြူနိုင်ပါတယ်
ဘာကြောင့် 0ကျပ်ကနေစပြောလဲဆိုတော့ အလှမွေးငါးချစ်သူတွေထဲမှာကိုယ်နဲ့ရင်းနှီးခင်မင်တဲ့သူစီကနေ ငါးလေးတွေကိုလက်ဆောင်တောင်းယူမွေးနိုင်ခြင်းကြောင့် 0ကျပ်လို့ပြောတာပါ

6. ထိန်းသိမ်းမှုကလဲ ပုံမှန်ရေလဲ အစာကျွေးပေးရုံနဲ့ အချိန်ကုန်သက်သာခြင်း အခြားခွေးကြောင်တွေလို အစာခွက်ဆေးပေးရတာ လမ်းလျှောက်ထွက်ပေးရတာ ခွေးမစင်ကျုံးရတာ မရှိတဲ့အတွက် ဝန်မပိစေပါဘူး

7. ကိုယ့်ရဲ့ တိလေးတွေမွေးချင်တဲ့စိတ်ကိုလဲ ငါးတစ်မျိုးထဲမွေးယုံနဲ့ကျေနပ်စေနိုင်ခြင်း

8. ကိုယ့်ရဲ့စိတ်ကူးထဲကအတိုင်း ပုံဖော်ထားတဲ့ ငါးကန်ရဲ့အလှကို ကိုယ်တိုင်ဖန်တီးပြီး ညဘက်တွေ ပျင်းတဲ့အခါတိုင်း တစိမ့်စိမ့်ကြည့်ရင်းနဲ့ စိတ်ချမ်းစာမှုကို ပေးနိုင်ခြင်း စတဲ့အချက်တွေကြောင့် အလှမွေးငါးတွေကို မွေးမြူသင့်ပါတယ်
ကဲ ဒီလိုအချက်အလက်လေးတွေနဲ့ ထောက်ပြလိုက်တော့ ငါးမွေးကြည့်ချင်တဲ့ ခံစားချက်လေးဖြစ်ပေါ်သွားတယ်မလား
ကဲ ကြာပါတယ်ဗျာ ငါးမွေးဖို့စိတ်ကူးယဉ်မနေဘဲ အခုပဲ အလှမွေးငါးမွေးဖို့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြရအောင်ဗျာ
အခုလိုအချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ
Credit GuGu & GiGi
Credit Photo

26/06/2022
26/06/2022

Address


Telephone

+959950002248

Website

Alerts

Be the first to know and let us send you an email when ZWE HTET posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share