Mandalay Malinois Breeder's Club

  • Home
  • Mandalay Malinois Breeder's Club

Mandalay Malinois Breeder's Club Knowledge sharing for your malinois

08/02/2022
08/02/2022
CREDIT TO AYEYAR WADY KENNEL
27/11/2019

CREDIT TO AYEYAR WADY KENNEL

Belgian Malinois နဲ့ပတ်သက်ပြီး သိထားသင့်သော အချက်များ

Belgian Malinois တွေရဲ့ အရွယ်အစားဟာ ပုံမှန်အရွယ်ကနေ အရွယ်အစားကြီးမားတဲ့အထိ ရှိကြပါတယ်။ အရပ်ကတော့ အထီးတွေမှာဆိုရင် 62cm ကနေ 66 cm ထိရှိကြပြီး အမတွေကတော့ အနည်းငယ်သေးငယ်ပြီး 56cm ကနေ 61cm ထိရှိကြပါတယ်။ အလေးချိန်ကတော့ အထီးတွေမှာဆိုရင် ပုံမှန် 29kg ကနေ 34 kg ထိ လေးပြီး အမ တွေမှာဆိုရင် ပုံမှန် 25kg ကနေ 30 kg ထိ လေးပါတယ်။

အဲဒီအရွယ်အစားကြောင့်ပဲ တော်ရုံလူတွေဟာ Belgian Malinois တွေကို German Sheperd တွေနဲ့ ကွဲကွဲပြားပြားမသိကြပဲ မှားယွင်းကြပါတယ်။ တကယ်တော့ German Sheperd တွေဟာ Belgian Malinois တွေနဲ့ အတော်ကွဲပြားပါတယ်။ GSD တွေဟာ အရွယ်အစားပိုကြီးပြီး ပိုပြီး သာမာန်ကြပါတယ်။ ပြီးတော့ GSDs တွေဟာ Belgian Malinois တွေထက် အမွေးပိုရှည်ပါတယ်။ ဒါပေမဲ့ Belgian Malinois တွေဟာ GSDs တွေထက် ပိုပြီးလျှင်မြန် သွက်လက်ပါတယ်။

Belgian Malinoise တွေဟာ ရှာဖွေ ကယ်ဆယ်ရေးခွေးတွေလို့ ပြောလို့ရပါတယ်။ သူတို့ဟာ အနံ့ခံ ရှာဖွေတဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ အဲဒီလို အသုံးဝင်အောင်လည်း သူတို့ကို လေ့ကျင့်ပေးရပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း Belgian Malinois တွေကို ရှာဖွေရေးခွေးတွေအဖြစ် အသုံးချနေပါတယ်။ အနံ့ခံအာရုံ ကောင်းမွန်တာကြောင့် သူတို့ကို မူးယစ်ဆေးအနံ့ခံတဲ့နေရာနဲ့ ခြေရာခံလိုက်တဲ့နေရာမှာလည်း သုံးကြပါတယ်။

ပြီးတော့ Malinois တွေဟာ အရမ်း Active ဖြစ်တဲ့ Breed ဖြစ်ပါတယ်။ အရမ်းဆော့ကစားရတာကြိုက်ပြီးတော့ အချိန်မရွေး လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ပြီးတော့ သူတို့ဟာ တော်ရုံ မောပန်းလေ့ မရှိပါဘူး။ Malinois တွေရဲ့ သက်တမ်းဟာ 12 ကနေ 14 နှစ်ထိ ရှိကြပါတယ်။

Malinois ဆိုတဲ့ နာမည်က တကယ်တမ်းက မြို့နာမည်ကနေလာတာပါ။ Malinois တွေရဲ့ Breed Origin ဟာ Belgium ဖြစ်ပြီးတော့ သူ့နာမည်ဟာ သူတို့တွေကြီးပြင်းခဲ့တဲ့ မြို့ဖြစ်တဲ့ Malines မြို့ကို အမည်စွဲပြီး မှည့်ခဲ့တာဖြစ်ပါတယ်။ Belgian alinois တွေဟာ Belgian Sheepdog ရဲ့ မျိုးနွယ်စိတ်ဖြစ်ပြီးတော့ ကျန်တဲ့ မျိုးစိတ်၃ခုကတော့
Belgian Laekenois , Tervuren နဲ့ Groenendael တို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့မှာတော့ Malinois တွေကို စစ်ဘက်နဲ့ ရဲခွေးတွေအဖြစ် အသုံးပြုကြပါတယ်။ သူတို့ရဲ့ ဥာဏ်ရည်ကောင်းမွန်မှုက သူတို့ကို ကောင်းမွန်တဲ့ Guard Dog တွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ သူတို့တွေဟာ Active ဖြစ်တယ်။ ဥာဏ်ကောင်းတယ်။ ပြီးတော့ သခင်တွေအပေါ်မှာ ကာကွယ်လိုစိတ်ပြင်းတယ်။ ပြီးတော့သူတို့ဟာ အမိန့်ကိုသေချာနာခံတတ်တယ်။ ဒါကြောင့် သူတို့ကိုလေ့ကျင့်ပေးကတည်းက ဆုပေးဒဏ်ပေးစနစ်နဲ့ လေ့ကျင့်ပေးလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့ဟာ ခွေးကို ပထမဆုံးမွေးမဲ့သူတွေအတွက်တော့ မသင့်တော်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကို လေ့ကျင့်ပေးဖို့က အတွေ့အကြုံ ရှိပြီး သူတို့နဲ့ သေချာ ဆက်သွယ်နိုင်တဲ့သူကို သူတို့လိုအပ်လို့ပါ။

ဒီလိုဥာဏ်ကောင်းတဲ့ ခွေးတွေဟာ အခုဆိုရင် အိမ်တွေ ၊ စစ်တပ်တွေ ရဲဌာနတွေမှာသာမက Hollywood ရုပ်ရှင်တွေမှာပါ ပါဝင်ပြသ အသုံးတော် ခံနေပြီဖြစ်ပါတယ်။ Malinois ပါဝင်တဲ့ ရုပ်ရှင်ကြည့်ချင်ရင်တော့ 2015 ခုမှာ ထွက်ရှိခဲ့တဲ့ Max ဆိုတဲ့ ကားကို သွားကြည့်နိုင်ပါတယ်။

ဒီလို လိမ္မာတဲ့ Malinois တွေကို မွေးမြူချင်တယ်ဆိုရင်တော့ အခုပဲ ကျွန်တော်တို့ Ayeyar Wady Kennel မှာ လာရောက်ကြည့်ရှု့ ဝယ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ Malinois တွေဟာ တကယ့် Champion's Bloodline တွေ Pure Breed တွေကနေ မျိုးစပ် ရောင်းချပေးနေတာမလို့ စိတ်ချလက်ချ ဝယ်ယူမွေးမြူနိုင်ပါတယ်။

08/09/2019

Funny times of malinois

15/08/2019

Basic training for belgium malinois

Address


Opening Hours

09:00 - 17:00

Telephone

+959966433416

Website

Alerts

Be the first to know and let us send you an email when Mandalay Malinois Breeder's Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay Malinois Breeder's Club:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share