KI KI Pet Accessories

  • Home
  • KI KI Pet Accessories

KI KI Pet Accessories pet Accessories လက်လီ လက်ကား ​ရနိုင်ပါသည်

မင်မင် ကိုလေ ဘာပစ္စည်းလေးတွေတင်စေချင်လဲပြောခဲ့ပေးနော် 🤩မင်မင်လဲ ခုမှစလုပ်တာဆိုတော့ ကိုယ့်မြို့က တိဖေဖေ မေမေလေးတွေအကြိုက်...
01/10/2022

မင်မင် ကိုလေ ဘာပစ္စည်းလေးတွေတင်စေချင်လဲပြောခဲ့ပေးနော် 🤩
မင်မင်လဲ ခုမှစလုပ်တာဆိုတော့ ကိုယ့်မြို့က တိဖေဖေ မေမေလေးတွေအကြိုက်မသိသေးလို့ပါ😍

🤩
17/09/2022

🤩

❗ဝုတို ပူစီတို့အတွက် အသားတွေကို ရေခဲသေတ္တာထဲ
အစိမ်းအနေနဲ့ မပြင်ဆင်ရသေးလို့ ထားချင်တာပဲဖြစ်ဖြစ်
ချက်ပြုတ်ပြီး ဘူးလိုက်သိမ်းတာပဲဖြစ်ဖြစ်
သိမ်းလို့ရတဲ့ ကြာချိန်လေးပါ❗

အမဲသား အစိမ်းကို 🥩
ရေခဲသေတ္တာအေးခန်းထဲသိမ်းရင် ၃-၅ ရက်အလွန်ဆုံး
ချက်ပြုတ်ပြီးသားဆို ၃-၄ ရက်အလွန်ဆုံးပဲ ရပါတယ်

⚠️ပိုးတွေပေါက်လို့ပါ

အကောင်းဆုံးကတော့
😇တရက်စာ တရက်စာ ဘူးလေးတွေနဲ့ ခွဲထားပြီး
Freezer ထဲထည့်ပါ

❤️ မကျွေးခင် ညကိုမှ အေးခန်းထဲကိုပြောင်းထည့်ပြီး
မနက်ဆို အရည်ပျော်ပြီမို့
အဲ့ခါမှ ချက်ကျွေး နွေးကျွေး ကျွေးလို့ရပါတယ်

🚫တချို့က တပတ်စာ ချက်ပြီး
ဘူးကြီးနဲ့ အေးခန်းထဲသိမ်းကာ
တပတ်လောက် မကုန်မချင်းကျွေးတတ်ကြလို့ပါ
အဲ့လိုမျိုး လုပ်လို့မရပါဘူးနော်

မေတ္တာဖြင့် Just for Pet
(စာများကူးယူဖော်ပြခြင်းမပြုရပါ)

အစာဗူးတွေ အများကြီးအသစ်ရောက်ထားပါတယ်🥰ဈေးလေးက ပိစိလေးတက်ပါတယ်ရှင်🥹
24/08/2022

အစာဗူးတွေ အများကြီးအသစ်ရောက်ထားပါတယ်🥰
ဈေးလေးက ပိစိလေးတက်ပါတယ်ရှင်🥹

အာဝုလေးတွေအတွက်💜
04/07/2022

အာဝုလေးတွေအတွက်💜

15/06/2022
ဒီတစ်ပါတ်တော့ ကျန်းမာရေးဖက် နည်းနည်းသွားကြဦးစို့ရဲ့..ကျွန်တော်တို့ဘော်ဒါ အာဝုတွေမှာဖြစ်တတ်တဲ့ အရေပြားရောဂါတွေအကြောင်း ပြ...
13/06/2022

ဒီတစ်ပါတ်တော့ ကျန်းမာရေးဖက် နည်းနည်းသွားကြဦးစို့ရဲ့..

ကျွန်တော်တို့ဘော်ဒါ အာဝုတွေမှာဖြစ်တတ်တဲ့ အရေပြားရောဂါတွေအကြောင်း ပြောပြမယ်..

ခင်ဗျားတို့ပါပီလေးတွေ အရေပြားရောဂါဖြစ်လို့ ဆေးခန်းသွားပြဖူးတယ်မလား၊အဲ့အခါကျရင် ဆရာဝန်တွေက ဆေးထိုးပေးလိုက်လေ့ ရှိတယ်လေ။တကယ်တမ်းတော့ အဲ့ဒါကြီးက မှားနေတယ်။ဆေးထိုးလဲ မပျောက်တဲ့ အရေပြားပြသနာတွေ၊ရောဂါတွေ အများကြီးပဲ။
ဆေးထိုးတာက ကပ်ပါးကြောင့်ဖြစ်တဲ့ အရေပြားရောဂါက်ိုပဲနိုင်တာ(ဒါတောင် ဆေးကိုသူ့ရက်နဲ့သူ၊သူ့body weight နဲ့သူ မပျက်မကွက်ထိုးမှ)။
ဆေးထိုးနေပီး အရေပြားရောဂါဘာလို့မပျောက်တာလဲဆိုတာ ဒီစာကို ဖတ်ပီးသွားရင် သဘောပေါက်သွားမှာပါ။Responsibility ရှိတဲ့ pet culture တခုပေါ်လာစေချင်တဲ့စိတ်နဲ့ ဒီစာကို ရေးပါတယ်…

ကလေးလေးတွေ အရေပြားရောဂါဖြစ်ရင် တော်တော်စိတ်ညစ်ရတယ်။
သူတို့ကုတ်နေရတာကိုလဲ မကြည့်ရက်ဘူး၊အနံ့ဆိုးတွေက ထွက်သေးတယ်၊အနာဖြစ်တဲ့နေရာတွေကို လျှာနဲ့လျက်လိုက်၊ကိုက်လိုက်နဲ့လဲ လုပ်သေးတယ်။တော်တော်အခြေနေဆိုးနေတဲ့ ကလေးတွေဆို ကြမ်းပြင်တွေ၊နံရံတွေနဲ့ပါ လိုက်ပွတ်နေရရှာတယ်။အဲ့ဒါတွေက ကပ်ပါးတွေ၊ဓာတ်မတည့်မှုတွေ၊Bacteriaတွေ၊မှိုတွေ၊Yeastတွေကြောင့် ဖြစ်ရတာတွေပဲ။ကျွန်တော် တခုချင်းစီ ပြောပြမယ်…သိသာအောင်လဲ ပုံလေးတွေပါ ထည့်ပေးထားမယ်

1-Allergic Dermatitis (ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အရေပြားပြသနာ)
ပါပီလေးတွေက တချို့သော ရေချိုးဆပ်ပြာတွေ၊အမွှေးနံ့တွေ၊အစားအသောက်၊ပတ်ဝန်းကျင်၊ပန်းဝတ်မှုန် အဲ့လိုဟာတွေကို allergic ထတတ်ကြတယ်၊တစ်ကောင်နဲ့ တစ်ကောင်တော့ မတူကြဘူးပေါ့၊ဓာတ်မတည့်ဘူးဆိုတဲ့စကားက အကောင်တိုင်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ။
Allergiesတွေနဲ့ပါပီလေးက တနေကုန် ကုတ်နေမယ်၊အနီရောင် အင်ပြင်လိုအကွက်လေးတွေ ထလာမယ်၊ပုံထဲကလိုမျိုးပေါ့။
အဲ့လိုဟာမျိုးတွေက Corticosteroids တွေပေးရင် သက်သာပေမဲ့ အကောင်းဆုံးTreatment က ဘယ်ဟာက allergyဖြစ်စေလဲဆိုတာ သိအောင်လုပ်ပီး ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ..။

2-Yeast infection (မှိုကြောင့်ဖြစ်တဲ့ အရေပြားပြသနာ)
ဒီအရေပြားပြသနာကတော့ တစ်ကိုယ်လုံးမှာဖြစ်တာ ရှားတယ်။အများအားဖြင့်တော့ ခြေတွေလက်တွေ၊နားရွက်တွေမှာ ဖြစ်တာများတယ်။
ခြေလက်တွေ လျက်နေမယ်၊ခေါင်းလေးတခါခါနဲ့ နားရွက်က အနံ့ဆိုးတခုခုထွက်နေမယ်ဆို အဲ့ဒါဆိုရင်တော့ ဒါကYeast infection ဖြစ်ဖို့ သေချာသလောက်ရှိနေပီ။ဒီရောဂါကသိပ်မဆိုးတော့ လိမ်းဆေးလောက်နဲ့တင်ရတယ်။ဒါပေမဲ့ အခြေနေတအားဆိုးတဲ့ကလေးတွေကိုကျ သောက်ဆေးတို့၊sprayတို့၊Shampoo တို့ပါသုံးပီး ဆေးကုရလေ့ရှိတယ်..။

3-Folliculitis(မွှေးကျွတ်နာ)
ဒါကကျတော့ အရေပြားပေါ်မှာပေါက်တတ်တဲ့ Bacteriaကြောင့်ဖြစ်တတ်တဲ့ အရေပြားပြသနာ။အမွှေးတိုတဲ့ကောင်တွေမှာ ပိုတွေ့ရလွယ်တယ်၊အမွှေးရှည်တဲ့ကောင်တွေကျတော့ အမွှေးနဲ့အုပ်နေတော့ မမြင််ရဘူး(ရေချိုးတဲ့အခါဂရုစိုက်ကြည့်ပေးဖို့လိုတယ်)။ပီးတော့ တခုရှိတာက Folliculitisက တမျိုးထဲမဖြစ်ဘူး၊သန်းမွှားကိုက်လို့ အမွှေးကျွတ်တာ၊ထိမိခိုက်မိလိုု့ အမွှေးကျွတ်တာတွေနဲ့ ဆက်စပ်နေလေ့ရှိတယ်(အဲ့တော့ ဆေး၂မျိုးပေးရတာပေါ့)။
Treatment ကတော့ အခြေအနေမဆိုးရင် လိမ်းဆေးနဲ့ရတယ်၊ဆိုးရင်တော့ Antibiotics တွေပေးရတယ်၊Antibiotics ပါတဲ့ Shampoo တွေသုံးပေးရတယ်..။

4-Impetigo(အနာစက်)
ဒါကလဲ Bacteria ကြောင့်ဖြစ်တဲ့ အရေပြားပြသနာပဲ။သူကကျ Puppyလေးတွေမှာ အဖြစ်များတယ်။ဗိုက်တွေမှာ ပြည်ဖုလေးတွေ ဖြစ်နေတာမျိုး တွေ့ဖူးကြမှာပါ၊အဲ့ဒါက Impetigoပဲ။ဒီဟာလေးကတော့ သိပ်မဆိုးတော့ လိမ်းဆေးနဲ့တင် ရပါတယ်..။

5-Seborrhea(အရေပြားခြောက်ခြင်း)
အရေပြားခြောက်တာကြာလာရင် ဗောက်ထလာတတ်တယ်လေ၊ဒီဟာက အဲ့ဒါကိုခေါ်တာ။တချို့ပါပီလေးတွေမှာ မျိုးရိုးလိုက်ပီးဖြစ်တတ်တယ်၊ပီးတော့ တစ်သက်လုံးလဲ ဖြစ်ကြတယ်။ဒီအရေပြားပြသနာကတော့ ပျောက်အောင်ဆေးကုလို့မရဘူး၊အရေပြားကိုပဲ အာဟာရပြည့်အောင် Omega fatty acid တွေ၊Vitamisတွေနဲ့အားဖြည့်ပေးရတာမျိုးပဲ၊Anti dandruff Shampoo ကတော့ မဖြစ်မနေ သုံးပေးရမှာပေါ့..။

6-Ringworm(မှိုကြောင့်ဖြစ်တဲ့အရေပြားပြသနာ)
နာမည်ဖတ်ပီးwormကြောင့်ဖြစ်တယ်မထင်ကြနဲ့ဦး၊တစ်ကယ်တော့ အဲ့ဒါလေးက မှိုကြောင့်ဖြစ်တာ။အဲ့အနာဖြစ်တဲ့ပုံစံလေးက အကွက်လိုက်လေးမို့လို့ Ringworm လို့ ခေါ်ကြတာ။ခန္ဓာကိုယ်နေရာတော်တော်များများမှာ ဖြစ်တတ်ပေမဲ့ ခေါင်းပိုင်း၊လက်ဖဝါးခြေဖဝါး၊နားရွက်၊နှာခေါင်းထိပ်၊ရှေ့လက်တွေမှာ ဖြစ်တာ ပိုများတယ်။တစ်နှစ်အောက် ကလေးလေးတွေမှာ ဖြစ်တာများတယ်။ခွေးများများမွေးထားရင်တော့ ကူးစက်မြန်တာကို ဂရုစိုက်ဖို့တော့ လိုမယ်။ဒါလေးကလဲ လိမ်းဆေးနဲ့တင်ပျောက်ပါတယ်..။

7-Alopecia(အမွှေးကျွတ်ရောဂါ)
ခွေးလေးတွေက တစ်နှစ်တစ်ကြိမ်လောက်အမွှေးကျွတ်လေ့ရှိတယ်၊အဲ့ဒါကတော့ သာမာန်အမွှေးလဲတာပဲပေါ့။ဘယ်လောက်အမွှေးကျွတ်တတ်တယ်၊ဘယ်လောက်ကြာတတ်တယ်ဆိုတာ မွေးရင်နဲ့ သိလာမဲ့ကိစ္စတွေပါ။အဲ့ထက်ပိုပီးအမွှေးကျွတ်လာပီဆိုရင်တော့ Alopeciaဖြစ်နေပီပေါ့။
ဒီဟာကတော့ Treatment တိတိကျကျမရှိဘူး။အရေပြားအတွက် Supplement ကောင်းကောင်းပေးရုံပါပဲ..။

8-Mange(ဝဲ)
ဒါကကျတော့ Mitesလို့ခေါ်တဲ့ ကပ်ပါးသေးသေးလေးတွေကြောင့်ဖြစ်တဲ့ အရေပြားပြသနာ။လမ်းဘေးခွေးတွေတော်တော်များများဖြစ်ကြတာ ဒီရောဂါပေါ့၊ပီးတော့ လူကိုလဲ ကူးတတ်တယ်။ဒါပေမဲ့လူခန္ဓာကိုယ်ပေါ်မှာတော့ အဲ့parasiteက surviveမလုပ်နိုင်ပါဘူး။ဆေးခန်းမှာဆေးထိုးရင်ပျောက်တဲ့ ဒီအရေပြားရောဂါက အနံ့ဆိုးတွေထွက်တယ်၊ကလေးက တနေကုန် ထိုင်ကုတ်နေရတယ်၊အဲ့အတွက် အရေပြားတွေပေါက်ပြဲကုန်တယ်။
ခင်ဗျားတို့ တိုက်တိုက်နေတဲ့simparica က ဒီရောကိုဖြစ်စေတဲ့ Parasite ကိုနိုင်တယ်(ဒီတစ်ခုကိုပဲနိုင်တာ အရေပြားရောဂါဖြစ်တိုင်း Simparica ထိုင်တိုက်မနေနဲ့၊Side effects အများကြီးပဲ)။
အခြေအနေဆိုးတာမျိုးဆိုရင်တော့ Antibiotics ပေးရတယ်၊Anti parasitic shampoo တွေ သုံးပေးရတယ်..။

9-Tick and Flea(သန်း၊မွှားကြောင့်ဖြစ်တဲ့ အရေပြားပြသနာ)
သန်းတွေက သေးသေးလေးဆိုတော့ ခင်ဗျားတို့မျက်စိနဲ့မြင်နိုင်ဖို့ခက်တယ်၊ဒါပေမဲ့ သူတို့ရဲ့ droopingsတွေ၊သန်းဥတွေကိုတော့ အရေပြားပေါ်မှာ မြင်နိုင်တယ်။
အနီစက်လေးတွေထနေတာ၊ကုတ်နေတာတွေက သန်းတွေကြောင့်ဖြစ်တာ။
တအားဆိုးတဲ့အခြေအနေမှာဆို သွေးစုပ်ခံရလွန်းလို့ ကလေးက သွေးအားနည်းတဲ့အထိဖြစ်နိုင်တယ်။ဂရုစိုက်သင့်တဲ့ ရောဂါတမျိုးပဲ..
မွှားကတော့ သွေးစုပ်တဲ့ parasiteတမျိုးပဲ၊ခင်ဗျားတို့လဲ မြင်ဖူးနေကြပါ။
တွေ့တာနဲ့ဖယ်ဖို့ အကြံပေးချင်တယ်၊ဖယ်တဲ့အခါမှာလဲ လိမ်ပီး၊လှည့်ပီးမဖယ်နဲ့၊ အဲ့လိုဖယ်လိုက်ရင် ခေါင်းက အရေပြားထဲကျန်နေခဲ့ပီး infection ဝင်တတ်တယ်၊ခေါင်းပိုင်းကို သေချာလေးကိုင်ပီး ဆတ်ခနဲ ဆွဲထုတ်လိုက်ရင် ရပီ။
သန်း၊မွှားပြသနာက အရေပြားပေါ်တင်မစုတ်ဘူး၊
သွေးစုပ်တယ်၊ကျောက်ကပ်ကိုဒုက္ခပေးတယ်၊အသည်းကိုလဲ ဒုက္ခပေးတယ်။အဲ့ဒီတော့ ဘယ်လိုControl လုပ်မလဲဆိုတာ ဆရာဝန်တဲ့သေချာတိုင်ပင်ပီး လုပ်စေချင်တယ်။
ဂုတ်အစက်ချဆေး သုံးလို့ရတယ်၊ဆေးတိုက်လို့ရတယ်၊ဆေးထိုးလို့ရတယ်၊လည်ပတ် ပတ်လို့ရတယ်၊Shampoo သုံးလို့ရတယ်။တချို့Heartworm prevention (နှလုံးသန်ဆေး)တွေက အထိုက်အလျောက်တော့ Tick&flea prevention လုပ်ပေးနိုင်တယ်..။

10-Acral lick Dermatitis (လျက်တတ်တဲ့အကျင့်ကြောင့်ဖြစ်တဲ့ အရေပြားပြသနာ)
တချို့ကလေးတွေက တနေရာထဲကို လျက်တတ်တဲ့အကျင့်ရှိကြတယ်၊အကျင့်ဆိုတော့ ဖျောက်လို့လဲ ခက်တာပေါ့။ရှေ့လက်ဖဝါးလေးတွေ လျက်ကြတာများတယ်။ကလေးက အားတိုင်း ဒါပဲထိုင်လျက်နေတာအနာကတော်တော်နဲ့ မကျက်နိုင်တော့ဘူး၊နာတာ၊ယားတာတွေဖြစ်လာလိုက် ပြန်လျက်လိုက်နဲ့ သံသရာလည်နေရော။
Treatment ကတော့ လျက်လို့မရအောင် Ecollarတပ်တာ၊နိုင်ငံခြားမှာတော့ Bad taste pasteတွေရှိတယ်..အဲ့ဒါတွေကို သူလျက်တဲ့နေရာပေါ် လိမ်းပေးထားလိုက်​တော့ အရသာကို မကြိုက်တာနဲ့ မလျက်တော့ဘူး။အနာကျက်ဖို့တော့ Topical ointment တွေ လိမ်းရတာပေါ့..။

11-Skin Tumor(အရေပြားကင်ဆာ)
အရေပြားပေါ်မှာ မသင်္ကာစရာအဖုတခုခုတွေ့တာနဲ့ စိတ်ချရတဲ့ တိကုဆရာဝန်ဆီ အမြန်ဆုံးသွားဖို့ တိုက်တွန်းချင်တယ်(အကျိတ်တွေတော်တော်ဆိုးတာ ကိုယ်တွေ့မို့ တော်တော်သိတယ်)။
ကင်ဆာဟုတ် မဟုတ်သိရအောင်လဲ Biopsy လုပ်ကြည့်စေချင်တယ်(ပါးစပ်နဲ့တင် ကင်ဆာလို့ပြောတာ လက်မခံစေချင်ဘူး)။
ဒီအတွက် Treatment ကတော့ အခြေအနေပေါ် မူတည်ပါတယ်..။

12-Hotspots (အပူလောင်ခြင်း)
ဒီအရေပြားရောဂါက အရေပြားကယောင်နေမယ်၊အနီကွက်ကြီးဖြစ်ပီး စိုစိုလေးဖြစ်နေတာက ထူးခြားတယ်(Mosit dermatitis လို့လဲ ခေါ်ကြတယ်)။ခေါင်းပိုင်း၊ဗိုက်ပိုင်း၊တင်ပါးပိုင်းတွေမှာဖြစ်တာများတယ်၊ဖြစ်တဲ့နေရာကို ကိုင်ကြည့်ရင် နွေးနွေးလေးဖြစ်နေတတ်တယ်။
ကူးစက်ရောဂါ၊Allergies၊Shampoo တွေမှာပါတဲ့ paraben တွေ၊အရေပြားကို လျက်တာ ကိုက်တာတွေကြောင့် ဖြစ်တာများတယ်။
ဖြစ်တဲ့နေရာကို Betadine လိုဟာမျိုးနဲ့ သန့်ရှင်းရေးလုပ်ပေးတာ အကောင်းဆုံးပဲ..။

13-Color or Texture changes(အသားအရောင်ပြောင်းခြင်း)
ဒီဟာကတော့ Hormoneတွေ၊ခန္ဓာကိုယ်metabolism တခုခု ချို့ယွင်းနေပီဆိုတာ ပြတဲ့ လက္ခဏာတစ်ခုပါ။တချို့Infection တွေ၊Topical ointment တွေကြောင့်လဲ အသားအရောင် ပြောင်းတတ်တယ်။
ဒီဟာမျိုးကတော့ သွေးစစ်ကြည့်ပီး လိုအပ်တာ လိုက်ဖြည့်ပေးရလိမ့်မယ်..။

14-Immune Disorder (ကိုယ်ခံအား ကမောက်ကမဖြစ်ခြင်း)
တချို့ ရှားရှားပါးပါး အရေပြားရောဂါတွေက ဘယ်တော့မှ ကုလို့ မပျောက်တော့တာမျိုးတွေရှိတယ်။
ကိုယ့်ခန္ဓာကိုယ် ကိုယ်တိုင်ကိုက ရောဂါကြီးတစ်ခု ဖြစ်နေပီး ခုခံအားတွေပြန်တိုက်တာ ခံနေရတာမျိုးပေါ့။
ကိုယ်ခံအားကို ချပီး ဆေးကုလို့တော့ ရတယ်လို့ စာဖတ်ဖူးတယ်(အပြင်မှာတော့ တစ်ကောင်မှ မတွေ့ဖူးဘူး)

စာလဲတော်တော်ရှည်သွားပီး၊ခေါင်းလဲမူး လက်လဲညောင်းသွားပီ။တော်ပီ ဒီလောက်ပဲ…
ဘာပဲဖြစ်ဖြစ် ဒါလေးဖတ်ပီး တခုခု ရလိုက်ကြမယ်ဆ်ိုရင်ပဲ ကျေနပ်ပါတယ်။
တခါတလေ ပျင်းနေလို့၊အလုပ်များနေလို့၊လောင်နေလို့ စာမရေးဖြစ်တာတွေတော့ အားနာပါတယ်။
အတတ်နိုင်ဆုံးတော့ ရေးနိုင်အောင် ကြိုးစားမှာပါ…


FYI❤️
10/06/2022

FYI❤️

ပြောင်းဖူးစားဖို့ ဝုတို့တွက် အန္တရာယ်ကင်းလား?

🌽 ပြောင်းဖူးကို ပမာဏနည်းနည်းနဲ့ ကျွေးတာ လုံးဝဘေးကင်းပါတယ်။ သင့်တင့်မျှတအောင် လုပ်ဆောင်ရန် သေချာပါစေ။ ပြောင်းဖူး သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး သီးနှံအစေ့များထဲမှ တစ်ခုဖြစ်ပြီး ပြောင်းဖူးအမျိုးအစားပေါ် မူတည်၍ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ကြွယ်ဝစွာ ပါဝင်နိုင်သည်။

🐶တကောင်က ပြောင်းဖူးဘယ်လောက်စားနိုင်လဲ။
🌽ဝုများသည် ပြောင်းဖူးကို ပမာဏများများစားနိုင်ပါသလား။ အများစုအတွက်၊ ပြောင်းဖူးနည်းနည်းက သင့်ခွေးရဲ့ အစားအစာထဲမှာ ထည့်ဖို့ကောင်းပါတယ်။ သို့သော် ပြောင်းဖူးကို ပျော့ပျောင်းစွာ ကျွေးသင့်ပါသည်။ ဝုတကောင်၏ ကိုယ်အလေးချိန် 10% ထက် ကျော်လွန်ပြီး မကျွေးသင့်ပါဘူး

ပြောင်းဖူးက 🐶တို့တွက် ကောင်းသလား။

ချက်ပြုတ်ထားသော၊ စည်သွတ်ထားသော ပြောင်းဖူးစေ့များသည် ခွေးများအတွက် လုံးဝကောင်းမွန်ပြီး ကျန်းမာစေသည်။ လူတွေဟာ ပြောင်းဖူးကို ဆား၊ ငရုတ်ကောင်း၊ ထောပတ်တို့နဲ့ စားလေ့ရှိကြသည်။ သို့ပေမဲ့ ဝုတို့ကိုတော့ မိမိစားသလို မကျွေးသင့်ပါဘူး။ တိရစ္ဆာန်ဆေးကု အာဟာရပညာရှင်များ၏ အဆိုအရ ခွေးများသည် ပြောင်းဖူးကို သင့်တော်သလို စားသုံးခြင်းသည် လုံးဝ ကောင်းမွန်ပါသည်။ တကယ်တော့ ပြောင်းဖူးဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ စျေးမကြီးတဲ့ အစေ့အဆန်တွေထဲက တစ်ခုဖြစ်တာကြောင့် ခွေးစားစရာ အမျိုးမျိုးမှာ တွေ့နိုင်ပါတယ်။

🌽ပြောင်းဖူးသည် ခွေးပေါက်လေးများအတွက် ကောင်းပါသလား။
ပြောင်းဖူးသည် စည်သွပ်ဘူးမဟုတ်သောအခါ ခွေးများအတွက် အလွန်အစာကြေနိုင်သော ကျန်းမာရေးနှင့်ညီညွတ်သော အစာဖြစ်သည်။ ၎င်းတွင် ၎င်းတို့ ရှင်သန်ရန် ကူညီပေးသည့် အာဟာရဓာတ်များ ပါဝင်သည်- ကာဗိုဟိုက်ဒရိတ် – အခြားသော စီရီရယ်နှင့် အစေ့အဆန်များကဲ့သို့ပင်၊ ပြောင်းဖူးတွင် အစာကြေလွယ်သော ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်ပါသည်။
🔺ဝိတ်ချနေတဲ့ ကလေးတွေကိုတော့ အနည်းငယ်သာကျွေးသင့်ပါတယ်
🔺Grain free စားနေကျ ကလေးတွေ၊ food allergy ရှိတဲ့ ကလေးများကိုတော့ ပမာဏ အနည်းငယ်စမ်းကျွေးခြင်းဖြင့် အစပြုဖို့ အကြံပေးပါရစေ

🐶ဝုတွေအတွက် ဘယ်လိုအသီးအနှံတွေက ကောင်းလဲ။
မုန်လာဥနီ၊ ပဲစေ့၊ ပဲတီစိမ်း၊ ကန်စွန်းဥနဲ့ ငှက်ပျောသီးမှာ ခွေးရဲ့ ကြွက်သား၊ အာရုံကြောနဲ့ ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့ ပိုတက်စီယမ်နဲ့အတူ အရေးကြီးတဲ့ ဗီတာမင်တွေ ကြွယ်ဝပါတယ်။ ၎င်းတို့၏ အမျှင်ဓာတ်သည် ခွေးများကို ပုံမှန်နေထိုင်ရန် ကူညီပေးနိုင်သည်။

အစုံရောက်ပါပြီးရှင့်❤️❤️ကျောင်းပိုင်းရပ်ကွက် သံဖြူဇရပ်မြို့ မွန်ပြည်နယ်09776600320
09/06/2022

အစုံရောက်ပါပြီးရှင့်❤️❤️
ကျောင်းပိုင်းရပ်ကွက်
သံဖြူဇရပ်မြို့ မွန်ပြည်နယ်
09776600320

ပစ္စည်းအသစ်တွေရောက်ပါပြီး ဈေးနှုန်းလေးတွေ ပြန်လာပါမယ်❤️
06/06/2022

ပစ္စည်းအသစ်တွေရောက်ပါပြီး
ဈေးနှုန်းလေးတွေ ပြန်လာပါမယ်❤️

ပုံ 1 - ဖွဖွလေးလာကိုက်မယ် (ဝုတွေစိတ်တွေလှုပ်ရှားပြီး ဆော့ချင်နေပြီ)ပုံ2- ဂွကြားကိုလာအနံ့ခံမယ် (ဝုက ယဉ်ကျေးစွာနှုတ်ဆက်တာလ...
05/06/2022

ပုံ 1 - ဖွဖွလေးလာကိုက်မယ်
(ဝုတွေစိတ်တွေလှုပ်ရှားပြီး ဆော့ချင်နေပြီ)

ပုံ2- ဂွကြားကိုလာအနံ့ခံမယ်
(ဝုက ယဉ်ကျေးစွာနှုတ်ဆက်တာလေ။ ရိုင်းတယ်မပြောရဘူး။ 😂 (သခင်ကိုဆိုရင်တော့ စပ်စုတာပါ။ ဟော်မုန်းအများဆုံးထွက်တာ ဂွကြားကဆိုတော့ စိတ်အခြေအနေဘယ်လိုရှိလဲ။ ဘယ်တွေသွားခဲ့လဲ စပ်စုတာ)

ပုံ 3 - မျက်နှာကို လျှာနဲ့ လျှက်မယ်
(ဝုက ချစ်လို့နမ်းတာ။ ဟယ်လိုလုပ်တာ။မျက်နှာတော့ သစ်ထား။)

ပုံ 4 - ဝု တောင်းစားတာ။ မငြိုငြင်နဲ့ သဝါး 😂😂

ပုံ 5- သူစိမ်းကိုဟောင်မယ်
(ဝုက သခင်တွေကို အကာအကွယ်ပေးတာပါ)

ပုံ 6- ပုံမှန်မဟုတ်ပဲ အိမ်ထဲ သေးပေါက် အီးပါမယ်
(ဒါဆိုရင် ဝုကျန်းမာရေး တစ်ခုခုမှားနေတယ်။ ရှာဖွေစောင့်ကြည့်ချိန်ရောက်ပြီ ဟူးမန်းတို့ 😂😂)

ပုံ 7 - ရွှံ့လူး ဗွက်လူးမယ်
(ဟူးမန်းတို့အတွက် နံတယ် ညစ်ပတ်တယ်ဆိုပေမယ့် ဝုအတွက်ကတော့ မနံဘူး။ ဆော့မယ် သဝါး)

ပုံ 8- အိပ်ရင်း ခြေထောက်တွေလှုပ်ပြီးယောင်မယ်
(ဒါဝု အိမ်မက်မက်နေတာ။ ကောင်မလေးနဲ့ အီဖယ် တာဝါတက်နေတာ။ မနှောင့်ယှက်နဲ့။ သဝါး)

ပုံ 9- အီးပါကာနီး နေရာတွေလှည့်ရှာမယ်
(ဟိတ် တို့ကအသန့်ကြိုက်တာနော်။ သန့်မယ်ထင်တဲ့နေရာမှ အာပီးမှာ။ 😂)

ပုံ 10- အခြားခွေးတွေတွေ့ရင် ဒေါသကြီးမယ်
(ဝု ကြောက်နေတာ။ ဒါပေမယ့်မသိဘူး ဖြဲခြောက်မယ်။ )

ပုံ 11- လက်ကလေးနဲ့ ဟူးမန်းကိုထိမယ်
(မင်းလက်ကလေး ကိုင်ချင်လို့ ဝို့ ဝို့ 🎶🎶)

ပုံ 12- မုန့်တွေ ပစ္စည်းတွေ ဖွက်မယ်
(ယူတို့ ပိုက်ဆံတွေ ဘယ်ထားတုန်း။ ဝုကတော့ ကိုယ်ပိုင် ဘဏ်ပဲ ယုံကြည်စိတ်ချတယ် 😂)

Crd

 #အမွှေးရှင်းRoller #ဖုန်ရှင်းRollerဆိုဖာပေါ်ကပ်နေတဲ့အမွှေးလေးတွေ ရှင်းမလားအာဝုလေးတွေ မီးညှောင်လေးတွေမှာကပ်နေတဲ့ အမွှေးလ...
04/06/2022

#အမွှေးရှင်းRoller

#ဖုန်ရှင်းRoller

ဆိုဖာပေါ်ကပ်နေတဲ့
အမွှေးလေးတွေ ရှင်းမလား
အာဝုလေးတွေ မီးညှောင်လေးတွေမှာ
ကပ်နေတဲ့ အမွှေးလေးတွေ ရှင်းမလား
Rollerလေးလှိမ့်လိုက်ရုံနဲ့ ညစ်ပေနေတာတွေ အကုန်ရှင်းသွားမယ်နော် 🤗🤗

အမြဲဝတ်နေကျ အင်္ကျီတွေ ကုပ်တွေ ဘောင်းဘီတွေ ကြာလာလို့ အမွှေးတွေထလာလို့စိတ်မညစ်ပါနော် ဒီပြသနာတွေကို ဖြေရှင်းပေးမယ် အမွှေးကပ်
အလိပ်လေးတွေကဖြေရှင်းပေးပါမယ်😄😄

တစ်ခုကို၃၀၀၀ကျပ်ပါရှင့်❤️❤️

မုန့်ခိုးစားသော ခွေးသားလေးအား သက်သေနဲ့တကွ ဖမ်းမိခြင်း🥴🤣
25/05/2022

မုန့်ခိုးစားသော ခွေးသားလေးအား သက်သေနဲ့တကွ ဖမ်းမိခြင်း🥴🤣

အာ့လို မျိူးမိုးကာလေးတွေတင်ပေးရမလား🥺Photo Crd
23/05/2022

အာ့လို မျိူးမိုးကာလေးတွေတင်ပေးရမလား🥺
Photo Crd

ခွေးလေးတွေ ကျန်းမာရေးအတွက်အကျိုးရှိစေသော လူတွေစားတဲ့အစားအစာ ၁၅မျိုး 1. Carrot2. Eggs3. Green Beans4. Salmon5. Yogurt6. C...
20/05/2022

ခွေးလေးတွေ ကျန်းမာရေးအတွက်အကျိုးရှိစေသော လူတွေစားတဲ့အစားအစာ ၁၅မျိုး

1. Carrot
2. Eggs
3. Green Beans
4. Salmon
5. Yogurt
6. Chicken
7. Pumpkin
8. Beanut butter
9. Coconut
10. Oatmeals
11. Certain berries
12. Pineapple
13. Green peas
14. Sweet potato & potatoes
15. Rice

တစ်ခုချင်းစီရဲ့ ပါဝင်တဲ့ အာဟာရဓာတ်တွေ
ကောင်းကျိုးတွေ ကို မနက်ဖြန် ကစပြီး
နေ့စဉ် မနက် ၇ နာရီ တိတိ မှာ
တစ်ရက် post တစ်ခုနှုန်းဖြင့်
၁၅ရက် တိတိ တင်ပေးသွားမှာ မို့လို့
ဝင်ရောက် ဖတ်ရှုမို့ မမေ့နဲ့အုံးနော် 💓

Knowledge Sharing For 15 Days
From Moto Pet

Crd

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး-------------------------------------------------------------လ...
19/05/2022

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး
-------------------------------------------------------------
လူသားတို့နဲ့ အရင်းနှီးဆုံး တိရိစ္ဆာန်ကို ပြပါဆိုရင် ခွေး လို့ဆိုရမှာပါ။ ခွေးချစ်သူတော်တော်များများက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အရမ်းတန်ဖိုးထားကြပါတယ်။

တစ်ချို့ဆို ကိုယ်ကသာ Beauty Salon ကိုသွားချင်မှသွားမယ်။ ကိုယ့်အိမ်က အချစ်တော်လေးကိုတော့ ကေသဖို့ အမြဲလို လိုက်ပို့လေ့ရှိပါတယ်။
သင်အချစ်ဆုံးခွေးလေးကို မကျွေးသင့်တဲ့ အားအစာတွေ ရှိပါတယ်။ သင့်ခွေးလေးအတွက် အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။

1. အရက်

အရက်ကို မတိုက်ရဘူးဆိုရင်တော့ သိပ်အံ့သြမယ်မထင်ပါဘူး။ လူတောင်မှအရက်ဆွဲ ရင်သေတတ်တာပဲ။ အရက်မှာပါဝင်တဲ့ Methylxanthines လို့ခေါ်တဲ့ ဓါတုဓါတ်ပစ္စည်းက အစာအိမ်ကိုထိခိုက်စေပြီး အတက်ရောဂါဖြစ်စေနိုင်ပါတယ်။ သင့်အချစ်တော်လေး အရက်သောက်မိရင် တိရိစ္ဆာန်ကုဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

2. ချောကလက်

ချောကလက်ကတော့ ခွေးလေးတွေအတွက် မကောင်းဘူးဆိုတာ သိပြီးတဲ့သူတွေလည်းသိပြီးလောက်မှာပါ။ သူ့မှာလည်း အရက်မှာပါဝင်တဲ့ ဓါတုပစ္စည်းပါဝင်နေတာပါ။ အထူးသဖြင့် အနက်ရောင်ချော့ကလက်စစ်စစ်က နို့ရောထားတဲ့ (သို့) အဖြူရောင်ချော့ကလက်ထက် အဲဒီဓါတ်ပါဝင်မှု မြင့်မားပါတယ်။ ချော့ကလက်ကို ကိုယ့်အချစ်တော်လေးနဲ့ ဝေးဝေးထားပါနော်။

3. အုန်းသီး

အုန်းသီးမှာ ပိုတက်ဆီယမ်ဓါတ်နဲ့ အဆီဓါတ်ပါဝင်ပါတယ်။ ဒါဟာ ခွေးလေးတွေအတွက် မကောင်းပါဘူး။ ခွေးလေးတွေကို အသက်ဆုံးရှုံးတဲ့ထိ မဖြစ်စေပေမဲ့ အန်တာ ဝမ်းလျှောတာမျိုးဖြစ်စေပါတယ်။ အုန်းသီးကိုလည်း သင့်အချစ်တော်လေးနဲ့ ဝေးဝေးမှာထားပါနော်။

4. စပျစ်သီး

စပျစ်သီးက ခွေးလေးတွေအတွက် ဘာလို့မကောင်းတာပါလိမ့်လို့ စဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ်။ သူတေသီတွေက စပျစ်သီးမှာ ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဓါတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်ဆီးပြီး သေတဲ့ထိဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စပျစ်သီးစားမိရင် ဆရာဝန်ဆီ အပြေးသာသွားလိုက်ပါနော်။

5. ကော်ဖီ

အရက်နဲ့ ချော့ကလက်လိုပါပဲ။ ကော်ဖီမှာ Methylxanthines ဓါတ်တွေပါဝင်ပြီး ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ကဖိန်းဓါတ်များများပါဝင်လို့ ခွေးလေးတွေကို အိပ်ရေးပျက်စေပါတယ်။ ကဖိန်းဓါတ်များတဲ့ ဘယ်အစားအစာမျိုးကိုမဆို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။၊ ဥပမာ – ဆော်ဒါ၊ အားဖြည့်အချိုရည်များ။

6. ပန်းသီးရိုး

ပန်းသီးကို ကိုက်စားပြီးသွားရင် အလည်မှာ ကျန်ခဲ့တဲ့အရိုးတံကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်စေပါတယ်။ Seizures လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။

7. အသားစိမ်း

အသားစိမ်းကို ကျွေးတာဟာ ကောင်းတယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ခွေးကို အသားစိမ်းကျွေးတာမကောင်းပါဘူး။ ခွေးမွေးတဲ့ပုံတွေလည်းပြောင်းသွားပြီ မျိုးတွေစပ်မွေးလာကြတာမို့ အသားစိမ်းတွေကို အစာကြေဖို့ ခက်ခဲပါတယ်။

8. နို့ထွက်ပစ္စည်း

တစ်ချို့ခွေးလေးတွေက ပေါက်စအရွယ်လေးမှာ ချိစ်၊ ဒိန်ချဉ်နဲ့ တခြားနို့ထွက်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အရွယ်ရောက်လာရင် အစာပြောင်းကျွေးတာကောင်းပါတယ်။

9. Macadamia

အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာတို့နဲ့ တော့ သိပ်မရင်းနှီးလှတဲ့ အသီးတစ်မျိးပါ။ အဲဒီအခွံမာသီးကလည်း သင့်ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ ရှောင်ပေးသင့်ပါတယ်။

Credit- My Food Myanmar

မိုးအေးအေးနဲ့တားတားတော့ အိပ်ပြီး🌧️⚡⛈️တီတီတို့ရောအိပ်ကြပြီးလား🌝🌌❤️  Ki
10/05/2022

မိုးအေးအေးနဲ့တားတားတော့ အိပ်ပြီး🌧️⚡⛈️

တီတီတို့ရောအိပ်ကြပြီးလား🌝🌌❤️

Ki

အပူချိန် အရမ်းများလို့ အာဝုနဲ့meowသားသားမီးမီးလေးတွေ Heat Stoke အဖြစ်များနေလို့ ဆရာ Dr.Kyaw Zay Yaရဲ့ ဆောင်းပါးလေးကို ပြ...
29/04/2022

အပူချိန် အရမ်းများလို့ အာဝုနဲ့meowသားသားမီးမီးလေးတွေ Heat Stoke အဖြစ်များနေလို့ ဆရာ Dr.Kyaw Zay Yaရဲ့ ဆောင်းပါးလေးကို ပြန်မျှဝေပေးပါရစေ 💖💖💖

@အရေးကြီးပါတယ်@
နွေရာသီ အပူလွန် Heat Stroke အန္တရာယ်
ကြိုတင်ကာကွယ် အသက်ကယ်"
ယခုရက်ပိုင်း အလွန်ပူပြင်းသော နွေရာသီကာလအတွင်း အဖြစ်များ အတွေ့များနေသော ရောဂါဖြစ်စဉ်တစ်ခုမှာ အိမ်မွေးတိရစ္ဆာန် ချစ်စရာ ခွေး၊ ကြောင် လေးများတွင် အပူလွန် Heat Stroke ရရှိကာ မထင်မှတ်ထားပဲ မလိုလားအပ်ပဲ အသက်အန္တရယ် ထိခိုက်စေသည်အထိ ဖြစ်ပေါ်နေသည်ကို များစွာတွေ့ရှိနေရပါတယ်။
အဆိုပါ အပူလှိုင်းမြင့်မားမှုကြောင့် Heat Stroke Shock ဖြစ်ပေါ်ခြင်းမှာ သာမာန်ဖြစ်ပေါ်နေကြ ရောဂါဝေဒနာများကဲ့သို့ ကြိုတင်သိရှိကာ အချိန်ပေးကုသမှုပြုလုပ်ရန် အခွင့်အရေးနည်းပါးသဖြင့် ဖြစ်ပေါ်သည်နှင့် မသိရှိလိုက်ပါက ရုတ်တရက် အသက်သေဆုံးသည်အထိ ဖြစ်ပွားတတ်ကြပါတယ်။
ိမိမိနှင့် တွေ့ကြုံဆက်ဆံဖြစ်ကြသော ပိုင်ရှင်အများစုမှာလည်း အိမ်မွေးတိရစ္ဆာန်လေးများကို သားသမီးသဖွယ် ချစ်ခင်ယုယပြီး သံယောဇဉ်များစွာဖြင့် တန်ဖိုးထားမွေးမြူတတ်ကြသဖြင့် မလိုလားအပ်သော ရောဂါဆိုးများကို ကြိုတင်သိရှိနိုင်ကြစေရန် Heat Stroke Shock ဖြစ်ခြင်းရဲ့ အကြမ်းဖျင်း လက္ခဏာများနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ အရေးပေါ် ပြုစုစောင့်ရှောက် ကုသမှုလေးများကို သတိပေးဝေမျှလိုက်ပါတယ်...

ဖြစ်ပွားတတ်သည့် အကြောင်းအရင်း.
@ ရုတ်တရက် ပတ်ဝန်းကျင် အပူချိန်မြင့်တက်ခြင်း
@ Aircon အခန်း သို့မဟုတ် Aircon Car အတွင်းမှ ရုတ်တရက် ပြင်ပအပူအတွင်းသို့ ထုတ်လိုက်မိခြင်း
@ High Fever ရှိနေသော အဖျားကြီးသည့် ရောဂါတစ်မျိုးမျိုးဖြစ်နေချိန်နှင့်ကြုံနေခြင်း
@ ကလေးများ၏ သောက်ရေခွက်/ ရေဘူးအတွင်း သောက်ရေပြတ်တောက်သွားခြင်း
@ ကလေးများ ထားခဲ့သည့် အခန်းတွင်း မီးပြတ်တောက်၍ Air Con လေ ပြတ်တောက်သွားတတ်ခြင်း
@ မှန်လုံပိတ်ကားအတွင်း ကားစက်ပိတ်၍ ထားမိခဲ့တတ်ခြင်း
@ ခရီးရှည်သွားရာတွင် ကလေးများအား Box, Basket များအတွင်း အချိန်ကြာမြင့်စွာ ပိတ်ထားမိတတ်ခြင်းတို့ကြောင့် အကြမ်းဖျင်း ဖြစ်ပေါ်တတ်ကြပါသည်...။

တွေ့ရှိရတတ်သည့် လက္ခဏာများ.

@ ကလေးများ ရုတ်တရက် မှိန်း၍ ငြိမ်ကျသွားတတ်ခြင်း
@ အမွေးများထောင်၍ စုတ်ဖွားသော ပုံစံဖြစ်ပေါ်လာခြင်း
@ နှာခေါင်းခြောက်၍ ခြေဖျားများ အေးစက်လာတတ်ခြင်း
@ ခေါင်း၊ နှုတ်သီးတို့ကို မော့၍လေရှူကာ အသက်ရှူမဝသည့် ပုံစံဖြစ်ပေါ်လာတတ်ခြင်း
@ နှာခေါင်းခြောက်၊ နှုတ်ခမ်းများပြာကာ ပါးစပ်အတွင်းရှိ အံဖုံးများ ဖျော့၍လာခြင်း
@ အသက်ရှူ ခက်ကာ၊ မောလာသည့်လက္ခဏာများ ပေါ်လာခြင်း
@ သီးသန့်ခွဲထွက်ကာ အေးသောကြွေပြား ကျောက်ပြားများပေါ် အတင်းထိုးအိပ်ခြင်း
@ ခြေ လက် ကြွက်သားများ တဆတ်ဆတ်တုန်ကာ လမ်းသိပ်မသွားနိင်ပဲ လဲလဲသွားတတ်ခြင်း
@ တစ်ခါတစ်ရံ လျှာထွက်၍ သားရည်မထိမ်းနိုင်ပဲ ထွက်ကျနေတတ်ခြင်း
@ ဆီးဝါလာတတ်ပြီး ဆီးအနံ့ပြင်းလာတတ်ခြင်း
@ အန်ချင်သလိုလို ပျို့တက်ခြင်း/ တစ်ခါတစ်ရံ ပျို့အန်တတ်ခြင်းများ ဖြစ်ပေါ်တတ်ကြပါသည်...။
အရေးပေါ် အသက်ကယ် ပြုစု ကုသနည်း"
@ Heat Stroke သံသယရှိသော ကလေးကို ချက်ချင်း လေဝင်လေထွက် ကောင်းပြီး သန့်ရှင်းအေးမြသော နေရာသို့ အမြန်ရွှေ့ပေးပါ
@ အရေးကြီးသော အချက်မှာ ဘေးတစောင်း လဲနေသောအနေအထားဖြစ်ပါက ချက်ချင်း အတည့်ပုံစံ လေးဘက်ထောက်အနေအထားအတိုင်း ဖြစ်အောင် ထားပြီးထိမ်းထားပေးပါ။
(ဘေးတစောင်း အနေအထားဆိုလျှင် နှလုံးနှင့် အဆုတ်မှ အသက်ရှူကျပ်၍ အချိန်တိုအတွင်း သေဆုံးတတ်ကာ အသက်မမီတတ်သောကြောင့် ဖြစ်ပါသည်)
@ အမွေးထူသော မျိုးနွယ်ဖြစ်ပါက အမွေးများကို လက်နှင့် ထိုးဖွပြီး အရေပြားအတွင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးထားသင့်သည်။
@ Glucose or သကြားဖျော်ရည်လေးကို နည်းနည်းစီ ခဏခဏ ပါးစပ်ထဲသို့ ပိုက် or ဇွန်းလေးဖြင့် Glucose Level တက်အောင် ရှေးဦးပြုစုနည်း သဘောဖြင့် တိုက်ပေးထားသင့်သည်။
@ ပျို့အန်လာပါက အန်သည့်အရောင်နှင့် အရွိမျအရအေတှကျကို မှတ်သားထားသင့်သည်။
(နောက်ပိုင်း ဆရာဝန်နှင့်တွေ့လျှင် History ပြောပြနိုင်ရန်ဖြစ်ပါသည်)
@ ပါးစပ်မှ လျှာသိမ်း၍ အရည်မျိုနိုင်သော အခြေအနေရှိလျှင် ရေကို ဝင်အောင် တိုက်ပြီး ခန္ဓာကိုယ် အပူချိန်ထိမ်းထားသင့်သည်။
@ တစ်ချို့ ရေလောင်းချခြင်း၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်တတ်ကြသော်လည်း အပူချိန် ရုတ်ချည်းပြောင်လဲမှု များပြီး အခတ်မသင့်လျှင် တက် တတ်သောကြောင့့် ဆင်ခြင်လုပ်ဆောင်စေချင်ပါသည်။
@ ခြေဖျားလက်ဖျားများလည်း အေးစက်လာတတ်သဖြင့် နွေးထွေးစွာ ဆုပ်နယ်ပေးနေသင့်ပါသည်။
@ မူး၍ အန်ထွက်ခြင်းများအတွက် Glucose အရည်နှင့် Antacid ဆေးလေးတစ်မျိုးမျိုးကို အန္တရာယ်ကင်းစွာဖြင့် ကြိုတင်တိုက်ကျွေးထားနိုင်ပါသည်။
@ အိမ်မွေးတိရစ္ဆာန်ကုသသော ဆေးခန်းသို့ ပြသပြီး ဆက်လက်ကုသမှုကို လက်ဦးမှု ရယူပါ........။
အထက်ပါဖော်ပြခြင်းများသည် ပညာရပ်ဆိုင်ရာ မဟုတ်ပဲ မိတ်ဆွေများ အရေးပေါ်နားလည်ကာကွယ်နိုင်ရန်သာ ရိုးရှင်းစွာဖော်ပြခြင်း ဖြစ်ပါတယ်။
(ဆေးရုံ ဆေးခန်းနှင့် အလှမ်းဝေးသောကလေးများနှင့့် သွားလာရန်ခက်ခဲနေချိန်များတွင် အရေးပေါ် အထောက်အကူလေး ရရန်သာ ရည်ရွယ်ပါတယ်)
ဖြစ်နိုင်လျှင် ရောဂါနုစဉ်မှာပင် မိမိတို့ကလေးများနှင့်သက်ဆိုင်သော ပြနေကြ ဆေးရုံဆေးခန်းများ၊ ဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ကုသခြင်းဖြင့် ကလေးများ၏ အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြပါစေကြောင်း အသိပေးလိုက်ပါတယ် ခင်ဗျာ......!
အိမ်မွေးတိရစ္ဆာန် ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင်နိုင်ကြပါစေ....
.Credit:Dr. Kyaw Zay Ya ........

တားတား ကြိုက်🤤🤤  🐶
16/04/2022

တားတား ကြိုက်🤤🤤
🐶

Pet meဓာတ်ဆားလေးရောက်ပါတယ်ရှင့်❤️Pet me ဓာတ်ဆားက ဝမ်းပျော့သာတို့ ဝမ်းလျှောနေတဲ့ ကလေးတွေအတွက် သင့်တော်ပါတယ်။   👉ရေဓာတ်ခမ်...
06/04/2022

Pet meဓာတ်ဆားလေးရောက်ပါတယ်ရှင့်❤️

Pet me ဓာတ်ဆားက ဝမ်းပျော့သာတို့ ဝမ်းလျှောနေတဲ့ ကလေးတွေအတွက် သင့်တော်ပါတယ်။
👉ရေဓာတ်ခမ်းခြောက်ခြင်း
👉ခရီးပန်းခြင်း
👉နေမကောင်းဖြစ်ပြီး နလံမထူနိုင်တဲ့
ကလေးတွေ အစာစားချင်စိတ်မရှိ
တဲ့ ကလေးတွေ
👉တစ်နေရာမှတစ်နေရာပို့ဆောင်ချိန်
တွင် ရေအစား တိုက်ပေးနိုင်ပါတယ်

😺😻ဆေးတိုက်ရန်
ကိုယ်အလေးချိန် 5-10ကီလိုရှိရင် 2ထုတ်
ကိုယ်အလေးချိန် 10-30ကီလိုရှိရင် 2ထုတ်မှ 4ထုတ်
ကြောင်လေးတွေ ကတစ်နေ့ တစ်ထုတ်

👌ဆေးတစ်ထုတ်ကို ရေ200ccနဲ့ဖျော်ပါ ဖျော်ပြီးရင် 24နာရီနောက်ပိုင်း ဆက်မတိုက်ရပါ။
Crd

Pet me 1pc=1000

အလယ်က ဗူးသေးသေးလေးက တိလေးတွေရဲ့
ဂုတ်မာအစက်ချပြီး သန်းတွေကို ဖယ်ရှားပေးတဲ့ဆေးလေးပါရှင့်
1ဗူး500ပါရှင့်❤️

တားမေမေ postတင်ရမာပျင်းနေလို့ပါခင်ဗျာ 🥲🥲
24/03/2022

တားမေမေ postတင်ရမာပျင်းနေလို့ပါခင်ဗျာ
🥲🥲

All sold out❤️ခွေးလေးကို မဖြစ်မနေ ကျွေးသင့်တဲ့ high moisture wet  food ဖြစ်တဲ့ ( dog wet-food )  အစာစို can ဗူးလေး တွေပါ...
20/03/2022

All sold out❤️
ခွေးလေးကို မဖြစ်မနေ ကျွေးသင့်တဲ့ high moisture wet food ဖြစ်တဲ့ ( dog wet-food ) အစာစို can ဗူးလေး တွေပါ 💁‍♀️

ခွေးလေးတွေက အစာစိုလေးတွေကို ပိုကြိုက်တတ်ပါတယ် 🐶

🐶 အချိန်မရလို့အစာခြောက်တွေပဲကျွေးဖြစ်နေတဲ့အခါ အချိန်ကြာလာရင် ခွေးလေးတွေက ရိုးအီသွားကြမှာပါ

ခွေးလေးတွေကို အစာခြောက်တစ်မျိုးတည်း မကျွေး ဘဲ အစာစိုလေး တလှည့်ကျွေးပေးရင် သူတို့ ပိုစားကောင်းလာမှာပေါ့ 🐶

တခြားသော wet food can ဗူးတွေမှာကော ၊ ခွေးလေးတွေအစာမှာကော Tuna 🍣 flavor ပါတာမျိုး ၊ Seafood flavor ရောတာမျိုးက လုံးဝ မရှိခဲ့တာမျိုး မို့ အရသာအသစ်အဆန်း ကို ပိုပြီး သဘောတွေ့ကြတာ ထင်ပါရဲ့

အနံ့အရသာကောင်းမွန်ပြီး သူတို့လေးတွေ
အကြိုက််တွေ့စေမှာပါ💁‍♀️

🙋‍♀️ Thailand No. 1 ရောင်းအားအကောင်းဆုံး Brand လေးတစ်ခုလည်းဖြစ်ပြီး ကလေးတို့အတွက် လိုအပ်တဲ့ သတ္တုဓာတ်နဲ့ ဗိုက်တာမင် တွေပါဝင်သလို Complete Nutrition အနေဖြင့် ပြီးပြည့်စုံသော အဟာရဓာတ်များစွာပါဝင်တာမို့ အရသာလဲရှိစွာဖြင့် အားလဲရှိစေမှာပါနော် 👌

🐶 Omega 3 , Vitamin E နှင့် များ ပါဝင်ပြီး Skin Coat ကောင်းမွန်စေသည့် High moisture food အစာစိုလေး ဖြစ် သောကြောင့် ကလေးတို့ရဲ့ အမွှေးအမျှင် တစ်ချောင်းချင်းစီကိုတောင် တောက်ပြ ပြောင်လက်နေစေမှာပါ 🙋‍♀️

400 g တောင်ပါတာမို့ များများလည်း ကျွေးလို့တာပေါ့😍🐶

🐾❤️သားသားမီးမီးတို့အသဲစွဲ Sleeky က Snack လေးတွေလည်းအစုံရပါတယ်ရှင်😋 အရမ်းအကုန်မြန်တဲ့ Snack လေးတွေပါ
17/03/2022

🐾❤️သားသားမီးမီးတို့အသဲစွဲ Sleeky က Snack လေးတွေလည်းအစုံရပါတယ်ရှင်😋 အရမ်းအကုန်မြန်တဲ့ Snack လေးတွေပါ

🐾ဗောက်နဲ့ယားနာတွေတွက် Best Seller Atimicrospray လေးပြန်ရပါပြီရှင်💚▶️ယားနာက တစ်ခါဖြစ်ပြီး အမြစ်မပြတ်ဘူး ခဏခဏပြန်ပြန်ဖြစ်လ...
17/03/2022

🐾ဗောက်နဲ့ယားနာတွေတွက် Best Seller Atimicrospray လေးပြန်ရပါပြီရှင်💚

▶️ယားနာက တစ်ခါဖြစ်ပြီး အမြစ်မပြတ်ဘူး ခဏခဏပြန်ပြန်ဖြစ်လာတတ်တဲ့ ခလေးတို့အတွက် မနက် ည ၂ကြိမ်ဖြန်း​ပေး​ပါ။ ဖြစ်တဲ ​နေရာကို အသားထဲ စိမ့်​လေ ​ကောင်းလေပါရှင်။

▶️ဝဲတို့ နို့​ပွေးတို့ ​ဘောက်တို့ ဖြစ်​နေတဲ့ခလေး​တွေနဲ့ မဖြစ်​​အောင် ကာကွယ်ချင်ရင်သူတို့အသုံးအ​ဆောင် ​တွေ ​လှောင်အိမ်​တွေပါ၂ရက်တကြိမ် အနည်းဆုံး spray ကို အဝတ်တခု မှာ ဖြန်းပြီး လိုက်သုတ် ​ပေးရင် ပိုးသတ်ပြီးသားဖြစ်ပြီး အမြစ်ပျက်တယ်​နော်

❗️ဖြန်းပြီးရင် ခေါင်းမှာပါတဲ့ Lock ​လေးကို ပြန်ပိတ်​ပေးဖို့မမေ့ပါနဲ့။ Lock ပြန်မပိတ်ရင် အ​ငွေ့ပြန်တာတို့ ခဲသွားတာတို့ ဖြစ်တက်လို့ပါ။

💰 6500 MMKပါရှင့်
❗ဗူးသေးလေးတွေလဲခွဲရောင်းပေးပါတယ်ရှင့်🥰

မားမားက တားကို ထမင်းမကြွေးတော့ မြက်ပင်တွေစားနေရတာပေါ့🥴🥴 #ချစ်ရတဲ့အဝုKi Ki
16/03/2022

မားမားက တားကို ထမင်းမကြွေးတော့ မြက်ပင်တွေစားနေရတာပေါ့🥴🥴

#ချစ်ရတဲ့အဝုKi Ki

Hello  Ki Ki pet Accessories ဆိုင်လေးမှကြိုဆိုပါတယ်ရှင့် ❤️❤️❗❗SLEEKY  Snack လေးတွေအများကြီးရောက်ထားတယ်နော် အထုပ်သေးလေးတ...
16/03/2022

Hello Ki Ki pet Accessories ဆိုင်လေးမှကြိုဆိုပါတယ်ရှင့် ❤️❤️
❗❗SLEEKY Snack လေးတွေအများကြီးရောက်ထားတယ်နော်
အထုပ်သေးလေးတွေလဲခွဲရောင်းပေးလို့ ခုမှ စtryပေးချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်☺️
❗❗သံဖြူဇရပ်အတွင်းဆို အိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်
အသေးစိတ်ကိုCBမာ လာရောက်မေးမြန်းလ်ု့ရပါတယ်ရှင့်☺️☺️
pet accessories

ဟယ်လို အယ်ဗီးဝမ်း🤚တားတားနာမည်က Ki Ki ပါဗျာ မေမေကတားကို စိန်ကိ လေးလို့လဲခေါ်ပါတယ်ဗျာမေမေက dog foodနဲ့ accessories လေးရောင...
15/03/2022

ဟယ်လို အယ်ဗီးဝမ်း🤚
တားတားနာမည်က Ki Ki ပါဗျာ
မေမေကတားကို စိန်ကိ လေးလို့လဲခေါ်ပါတယ်ဗျာ
မေမေက dog foodနဲ့ accessories လေးရောင်းပါမယ်ခင်ဗျာ
မေမေ ရဲ့ dog foodလေးတွေ အားပေးရင်း
တားကိုလဲ ချစ်ပေးကြပါအုံးဗျာ

#ချစ်ရတဲ့အဝုki Ki🐶🐶

15/03/2022
15/03/2022

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959776600320

Website

Alerts

Be the first to know and let us send you an email when KI KI Pet Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share