Myvet

Myvet Veterinary medicine ,vaccines,farm equipments and technical support

Lumpy Skin Disease ( L*D )……………………………………အရေပြားအဖုအကျိတ်ရောဂါ သို့မဟုတ်လန်ပီစကင်းအရေပြားရောဂါLumpy Skin Disease Virus (L...
02/10/2023

Lumpy Skin Disease ( L*D )
……………………………………
အရေပြားအဖုအကျိတ်ရောဂါ သို့မဟုတ်
လန်ပီစကင်းအရေပြားရောဂါ

Lumpy Skin Disease Virus (L*DV)ကြောင့်ဖြစ်ပွါးသောဗိုင်းရပ်စ်ရောဂါဖြစ်ပါသည်။
အရေးပြားပေါ်တွင်အဖုအကျိတ်များကိုသိသာထင်ရှားစွာ
တွေ့ရလေ့ရှိသည်။
ရောဂါပျိုးချိန် (incubation period)မှာ ၄ရက်မှ၁၄ရက်
အထိဖြစ်သည်။
အဖျားဝင်ချိန်တွင် ၄၁ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည်။
လင့်ခ်အကျိတ်များကြီးခြင်း၊အစားအသောက်ပျက်ခြင်း၊
ခြေထောက်နာခြင်း၊ကောင်းစွာမပြုစုမကုသပါကရောဂါ
ဖြစ်ပွါးချိန်ကြာမြင့်ခြင်း၊နို့ထွက်နူန်းကျဆင်းခြင်းစသည့်
အချက်များဖြစ်ပွါးလေ့ရှိသည်။နို့ထွက်နူန်းကျဆင်းမှု
သည် ရောဂါပြင်းအားနှင့်တိရစ္ဆာန်၏ခုခံနိုင်စွမ်းအား
ပေါ်မူတည်၍ပြောင်းလဲနိုင်ပါသည်။
လူကိုကူးစက်နိုင်ခြင်းမရှိပါ။

ရောဂါကူးစက်ပျံ့နှံ့ပုံ
………………………………..
ရောဂါပိုးရှိသောနွားများတွင်တွယ်ကပ်နေလေ့ရှိသော
သွေးစုပ်သောအင်းစက်များ (blood-feeding insects)၊
ယင်ကောင်၊ခြင်နှင့်မွှားများမှတဆင့်ရောဂါကူးစက်လေ့
ရှိပါသည်။
အင်းစက်၊ယင်၊ခြင်နှင့်မွှားများကိုထိန်းချုပ်ရန်လိုပါသည်။

ဆေးကုသခြင်း
……………………….
ဗိုင်းရပ်စ်ရောဂါဖြစ်၍ကုသဆေးမရှိပါ။
မှက်၊ခြင်၊ယင်နှင့်မွှားများအားနှိမ်နင်းခြင်း၊ခြံ၏ဇီဝလုံခြုံ
ရေး ( Biosecurity )မြှင့်တင်ခြင်း၊ကာကွယ်ဆေးကြိုတင်
ထိုးနှံခြင်း၊အကျိတ်အနာများမှတဆင့်နောက်ဆက်တွဲဝင်
လာနိုင်သေားဘက်တီးရီးယားများ ( Secondary
Bacterial Infections )အားပဋိဇီဝဆေး(Antibiotics)ဖြင့်
ကုသပေးခြင်း၊အကျိတ်အနာများအား antibiotic lotion
သို့မဟုတ် antibiotic spray ပေးခြင်း၊multivitamin အား
ဆေးထိုးနှံခြင်းစသည်တို့ကိုဆောင်ရွက်ပေးနိုင်ပါသည်။

ပဋိဇီဝကုသဆေးရွေးချယ်ခြင်းနှင့်မှန်ကန်သောဆေးပမာဏတွက်ချက်ခြင်း ( Antibiotics choice & dosage)
…………………………………
ပဋီဇီဝဆေးတော်တော်များများထဲမှစိတ်ကြိုက်ရွေးချယ်
နိုင်ပါသည်။
Gentamicin-(ဂျန်တာမိုင်စင်)၊procaine or benzathine
Penicillin-(ပရိုကိန်းပန်သို့မဟုတ် ဘန်ဇယ်တီမ်းပန်)၊
Enrofloxacin (အမ်ရိုဖလောက်စာစင်)၊Amoxicillin
(အမောက်စလင်)စသည့်ဆေးများကိုပေးနိုင်ပါသည်။

Gentamicin-ဂျန်တာမိုင်စင်

ကိုယ်အလေးချိန်တစ်ကီလိုလျှင်ဆေး ၂မီလီဂရမ်နူန်း
2 mg /Kg body weight ဖြင့်ပေးပါ။ဥပမာအားဖြင့်-
Genta 50-ဆေး 1ml လျှင် 50 mg နူန်းပါဝင်ပါက
ကိုယ်အလေးချိန် ၁၀၀ ကီလိုအတွက် ဆေး ၄စီစီနူန်း
ထိုးနှံပေးရမည်။
ဆေးဝါးရွေးချယ်ပါက ဆေးရည် 1ml တွင် ဆေးမီလီဂရမ်-mg ပါဝင်နူန်းကိုတွက်ချက်ပါ။
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အသုံးမပြု
သင့်ပါ။

Enrofloxacin (အမ်ရိုဖလောက်စာစင်)

ကိုယ်အလေးချိန်တစ်ကီလိုလျှင် ဆေး၂.၅မီလီဂရမ်နူန်း
2.5 mg / Kg Body weight ဖြင့်ပေးပါ။ဥပမာအားဖြင့်-
Enro 10%_ဆေး 1ml လျှင် 100mgနူန်းပါဝင်ပါက
ကိုယ်အလေးချိန် ၁၀၀ကီလိုအတွက်ဆေး၂.၅စီစီနူန်း
ထိုးနှံပေးရမည်။
Enrofloxacin ထိုးဆေးသည်လိုအပ်ပါက
2.5 to 5 mg / Kg Body weight အထိပေးနိုင်ပါသည်။

Amoxicillin (အမောက်ဆလင် )

ကိုယ်အလေးချိန်တစ်ကီလိုလျှင် ဆေး ၁၀မီလီဂရမ်နူန်း
10 mg/ Kg Body weight ဖြင့်ပေးပါ။ဥပမာအားဖြင့်-
Amoxy 15%_ဆေး1mlလျှင် 150mgနူန်းပါဝင်ပါက
ကိုယ်အလေးချိန်၁၀၀ကီလိုအတွက်ဆေး၆.၆စီစီနူန်းထိုးနှံပေးရမည်။
အထက်ပါဆေးသုံးမျိုးအတွက်နမူနာတွက်ချက်ပေးခြင်း
မှာ မှန်ကန်သော ဆေးပမာဏ dosage ကိုတွက်ချက်
တတ်စေရန်ဖြစ်ပါသည်။(ကျွမ်းကျင်ဝါရင့်သူများအတွက်မရည်ရွယ်ပါ)

ထိုးဆေးအများစုမှာ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်
အောက်တွင်ထိန်းသိမ်းသိုလှောင်ပါဟုပါလေ့ရှိပါသည်။
ထိုအချက်ကိုအများစုသတိထားလေ့မရှိကြပါ။
မိမိဝယ်ယူမည့်ဆေးပုလင်းအားမည်သို့ထားရှိသိမ်း
ဆည်းထားသည်ကိုစစ်ဆေးပါ။၂၅ဒီဂရီအောက်သိမ်း
ဆည်းလေ့ရှိသောနေရာမှသာ ဝယ်ယူအသုံးပြုပါ။
ဝယ်ယူလာသောဆေးပုလင်းအားအပူရှိန်မြင့်သောနေရာ
တွင်ထားသိုခြင်း၊ဆိုင်ကယ်ဘောက်ထဲထား၍အချိန်
ကြာမြင့်စွာသယ်ယူခြင်း၊ခြံသွပ်မိုးနှင့်နီးသောတန်းများ
ပေါ်တွင်သိမ်းဆည်းခြင်းများကိုရှောင်ကြဉ်ပါ။
ဆေးပုလင်းပေါ်တွင်ဖေါ်ပြထားသောဆေး 1ml တွင်
ပါဝင်သည့်ဆေးပမာဏ မီလီဂရမ်-mg ကိုသေချာဖတ်
၍တွက်ချက်ပါ။

ကာကွယ်ဆေးထိုးနှံခြင်း ( vaccination )
အခြားနိုင်ငံများတွင်ကာကွယ်ဆေးများထွက်ရှိပြီးဖြစ်ပါ
သည်။
ကာကွယ်ဆေးထိုးနှံအပြီးသုံးပတ်ခန့်တွင်ရောဂါကာ
ကွယ်နိုင်စွမ်းရှိလာပါသည်။
ကာကွယ်နိုင်စွမ်းအား (immunity duration)၁၂လဟု
သိရပါသည်။
ကာကွယ်ဆေးပေးထားသောနွားမကြီးများမှမွေးဖွားလာ
သောနွားကလေးများအား လေလမှခြောက်လသား
အရွယ်တွင်ကာကွယ်ဆေးထိုးနှံပေးသင့်ကြောင်းအကြံ
ပြုထားပါသည်။

ထိရောက်သောဇီဝလုံခြုံရေး၊သန့်ရှင်းသပ်ရပ်သော
မှက် ခြင် ယင် မွှားများထိန်းချုပ်ရေး၊မှန်ကန်သောဆေး
ရွေးချယ်မှုနှင့်ဆေးပမာဏတွက်ချက်နိုင်မှုတို့ဖြင့်
နွားမွေးမြူရေးလုပ်ငန်းရှင်ကြီးများတိုးတက်အောင်မြင်
ကြပါစေ။

Dr ကျော်ဆန်းလင်း
၀၉၄၅၄၈၀၇၃၂၁

Address


Telephone

+959454807321

Website

Alerts

Be the first to know and let us send you an email when Myvet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share