Nay Pyi Taw. Chan Lay

  • Home
  • Nay Pyi Taw. Chan Lay

Nay Pyi Taw.  Chan Lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Pyi Taw. Chan Lay, Pet service, .

မြန်မာ့အင်းခွေးကို စိတ်ဝင်စား၍လေ့လာလိုသူများ၊ မွေးမြူရန်သင့်တော်မည့် ခွေးပေါက်ကလေးများရှာဖွေရာတွင် အရေးကြီးသည့် မိဘမျိုး...
18/09/2023

မြန်မာ့အင်းခွေးကို စိတ်ဝင်စား၍လေ့လာလိုသူများ၊ မွေးမြူရန်သင့်တော်မည့် ခွေးပေါက်ကလေးများရှာဖွေရာတွင် အရေးကြီးသည့် မိဘမျိုးရိုး ဆွေစဉ်မျိုးဆက်များ လေ့လာနိုင်ရန် သည်groupလေးလုပ်လိုက်ပါတယ်။

ယခုလိုအချိန်မှာ Breed Standard ပင် ရေရေရာရာမသတ်မှတ်နိုင်သလို နိုင်ငံတကာခွေးအဖွဲ့အစည်းများတွင်လည်း မှတ်ပုံတင်ခြင်းမပြုလုပ်နိုင်သေးသော အင်းခွေးအမျိုးအစားအတွက် ဝါသနာရှင်များ လေ့လာရာမှာ အခက်အခဲတွေတွေ့စေပါတယ်။

ဒါကြောင့် တစ်ဦးတစ်ယောက်တည်း၏ စံချိန်စံညွှန်းများနဲ့ အလုပ်မဖြစ်ပါဘူး။

ဟိုးယခင်ကဆိုသည့် သက်သေမှတ်တမ်းမှတ်ရာ တိတိကျကျမရှိသည့် ပါးစပ်ရာဇဝင်များဖြင့်လဲ တစ်ယူသန်ခြင်းမရှိကြစေလိုတော့ပါဘူး။

သက်သေဆိုတဲ့နေရာမှာ ငါ့ဘကြီး ငါ့အဘိုးပြောတာကြားဖူးတယ်ဆိုတဲ့ လူသက်သေများသည် နိုင်ငံတကာမှာ ဘောင်မဝင်ပါ။

ဘောင်ဝင်အောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့

ခွေးတွေကို အဓိကအားဖြင့် Working, Herding, Hounds, Sporting, Non-sporting, terrier and toy ဆိုပြီးတော့ ခုနှစ်မျိုးအကြမ်းအားဖြင့်ခွဲလို့ရပါတယ်။

အဲ့အုပ်စုတွေထဲက အခုအင်းခွေးတွေကို ဘယ်အုပ်စုထဲမှာအကြမ်းအားဖြင့်ထည့်သွင်းရမလဲ။

အုပ်စုတွေခွဲတဲ့နေရာမှာ အရွယ်အစားနဲ့ ရုပ်ရည်သွင်ပြင်တွေကိုဦးစားပေးတွက်ချက်ခြင်းမရှိပါဘူး။

စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကိုဦးစားပေးပြီးသာထည့်သွင်းဆုံးဖြတ်ပါတယ်။

ဥပမာပေးရရင် AKC လို အဖွဲ့အစည်းကြီးတွေမှာ Corgi နဲ့ German Shepherd Dog ကို Herding group တစ်ခုတည်းမှာ တွေ့နိုင်ပါတယ်။

အဲ့​တော့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေတည်ငြိမ်မှုရှိအောင် အရင်လုပ်ရပါမယ်။

အခုမှစလေ့လာမယ့်သူတွေနားလည်အောင်အလွယ်ကူဆုံးနည်းလမ်းကတော့ ကောင်းမွန်တဲ့မိဘတွေက ကောင်းမွန်တဲ့သားသမီးတွေကိုမွေးဖွားပေးနိုင်ပါတယ်ဆိုတာလောက်သိထားရပါမယ်။

တစ်ခါတစ်ရံမှာတော့ အဖေအမေကောင်းပေမယ့် သားသမီးမှာ အနည်းငယ် လိုအပ်ချက်လေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာလဲ သိထားရပါမယ်။

သမိုင်းကြောင်းတွေ ပါးစပ်ရာဇဝင်တွေ ပုံပြင်တွေ ကို ထည့်မတွက်ဘဲပြောရရင် ယခုလက်ရှိအင်းခွေးတွေဟာ ရုပ်ထွက်ပိုင်းဆိုင်ရာ များစွာ ကွဲပြားမှုများစွာဖြစ်ပေါ်နေပါတယ်။

အခုမှ စလေ့လာတဲ့ဝါသနာရှင်တွေဆိုတာ သည်အဆင့်မှာ မျက်စိလည်ကုန်ကြတာများပါတယ်။

Dobermann Pinscher( Europe Type) လိုမျိုး ဦးခေါင်းတည်ဆောက်ပုံနဲ့ အင်းခွေးတွေလဲတွေ့ရသလို

Hangary Vizsla ပုံစံ ဦးခါင်းနဲ့ကောင်တွေလဲတွေ့ရတယ်။

Weimaraner တွေနဲ့လဲဆင်တူပါတယ်။ ကျွန်တော်သတိထားမိသလောက်ပြောရရင် တစ်ချို့အင်းခွေးတွေရဲ့ မျက်လုံးအရောင်ဟာ Weimaraner ရဲ့ မျက်လုံးအရောင် နှစ်မျိုးထဲက အဝါရောင်နဲ့ အရမ်းတူပါတယ်။ တစ်ခါတစ်လေလဲ Weimaraner ရဲ့ Blue eyes တွေအတိုင်းထွက်လာတာမျိုးတွေမြင်ဖူးပါတယ်။

Germany Mastiff ဖြစ်တဲ့ Great Dane လို ခေါင်းမျိုး၊ ပါးစောင်မျိုးနဲ့ကောင်တွေလဲတွေ့ရပါတယ်။

ကျွန်တော်အကြိုက်ဆုံးထူးခြားချက်လေးတစ်ခုက တစ်ခါတစ်ရံမှာ German Shorthaired Pointer လို Colour pattern နဲ့ကောင်လေးတွေထွက်လာတတ်တာပါပဲ။
အရပ်အခေါ် ငုပ်သွေးပေါ်တယ်လို့ပြောကြပါတယ်။
သူလဲမျက်လုံးအရောင်ချင်းဆင်တူပါပဲ။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ နှစ်ဆင့်ခေါက်နေတဲ့ နားရွက်ပြားကြီးတွေပါ။

တစ်ချို့ သားဖောက်သူတွေက Neapolitan Mastiff [နီယာ(ညာ)ပိုလစ်တန် မက်စတစ်ဖ်] နဲ့ မျက်နှာအတွန့်အခေါက်တွေပိုများလာစေဖို့ သားစပ်ခဲ့ကြတာတွေရှိပါတယ်။

ဒါကတော့ ထိုင်းတွေလဲ Concept Dog ဆိုပြီးလုပ်နေကျပါ။ Face မှာ Wrinkled skin ဖြစ်အောင် သုံးကြတာရှိပါတယ်။

အဲ့တော့ စပါယ်ရှယ် ရှုံ့တွကုန်ကြပါတယ်။

ဘယ်ကောင်က စလိုက်မှန်းမသိပေမယ့် နှာတို ရှုံ့တွ ခေါင်းကြီး နဖူးမောက်ဆိုရင် မိုက်တယ်ဆိုတဲ့ အယူအဆကြီးက ကမ္ဘာမှာ အတော်လေးကို ဂယက်ရိုက်နေပါတယ်။

အိမ်နီးချင်းထိုင်းမှာလဲ ထိုနည်းတူပါပဲ။

Rottweiler( ရော့တ်ဝိုင်ယ်လာ) Cane Corso( ကာနေးခေါ်ဆို) စတဲ့ Breed တွေမှာလည်း နှာတိုမှ နဖူးမောက်မှ အရေပြားရှုံ့တွနေမှ မော်ဒန်ဖြစ်တယ် ခေတ်မှီတယ် လူကြိုက်များတယ်ထင်ရသယောင်ဖြစ်နေလို့ပါ။

တကယ်က breed standard ကို ဘောင်မဝင်ရင် အဲ့တာဘာကောင်မှဟုတ်မနေပါဘူးဗျ။

နှာတိုတာမှကြိုက်ရင် Pekingese တွေ၊ Pug တွေ၊ English bull dog တွေ မွေးလို့ရပါတယ်။

ခေါင်းကြီးတာကြိုက်ရင်လဲ St.Bernad တို့ Tibetan Masitff တို့ Chow Chow တို့ ရှိပါတယ်။

တွန့်တာကြိုက်ရင်လဲ Neapolitan Mastiff အပြင် Shar Pei တို့ Bull Mastiff တို့ Dogue de Bordeaux တို့ ရှိပါတယ်။

အဲ့တော့ ကိုယ့်ခွေးကိုယ့်စိတ်ကြိုက်သားဖောက်တာဖြစ်တဲ့အတွက် ဘာနဲ့ပဲစပ်စပ် mixed breed တစ်မျိုးရလာမှာပါပဲ။

တကယ့်ဘောင်ဝင်တန်းဝင် Great Dane တစ်ကောင် သို့မဟုတ် Neapolitan တစ်ကောင် Cane Corso တစ်ကောင် Boerboel တစ်ကောင် သိန်းငါးဆယ်ပေးဝယ်လို့ မရပါဘူး။

မူဆယ်တစ်ဖက်ကမ်း မိတ်အင်ချိုင်းနားတွေဆိုရင်တော့ သိန်းနှစ်ဆယ်ပတ်ဝန်းကျင်လောက်နဲ့ ပါးစပ်ကရွတ်သမျှ breed အကုန်ဝယ်လို့ရပါတယ်။

ခွေးတွေမှာက Pure breed နဲ့ Mixed breed ဆိုတာ ပေးရတာခြင်းကွာပါတယ်။

GSD pure breed တစ်ကောင်ကို ဆယ်သိန်းလောက်သုံးရပေမယ့် တခြားမျိုးနဲ့ စပ်ထားတဲ့ဟာဆို ကျွန်တော့်တစ်ဦးတည်းသဘောအရ တစ်သိန်းပဲပေးပါမယ်။

ဒါတောင် အစာဖိုး ကာကွယ်ဆေးဖိုး အားနာလို့ပေးတာပါ။ အမှန်အတိုင်းပြောရရင် ပြိုင်ပွဲလဲဝင်မရ၊ သားဖောက်လို့လဲ မျိုးစစ်မျိုးမှန်မဖြစ်၊ Breed standard ဆိုတာ ဝေးရောဖြစ်တဲ့ကလေးကို အလကားပေးတောင်မယူချင်ပါဘူး။

ဒါပေမယ့် ယခုအင်းခွေးတွေသည် စိတ်တိုင်းကျ လက်တည့်စမ်းလို့ရတဲ့ အခြေအနေမှာရောက်နေတာပါ။ သည်နေရာမှာ တမင် Systematical selective breeding ဆိုတဲ့အသုံးကို မသုံးတာပါ။

အခြားသော pure breed ဆိုတဲ့ ခွေးတွေဟာလဲ တစ်ချိိန်က ယခုလိုပဲ သွေးမျိုးစုံရောနှောပြီး စနစ်တကျရွေးချယ်သားစပ်ခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူတွေရဲ့ ဖန်တီးခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။

အင်းခွေးဟာလဲ ယခုအချိန်မှာ အလားတူဖြစ်ရပ်ကို ရင်ဆိုင်နေရတာပါ။

အဲ့တော့ စကားပြန်ကောက်ရရင် မတူညီတဲ့ အမျိုးအစားနှစ်ခုကို Mix လုပ်တဲ့အခါ မွေးလာတဲ့ကလေးဟာ မိဘတွေရဲ့ ကောင်းမွေရော ဆိုးမွေတွေပါ လက်ခံရရှိတတ်ပါတယ်။

အကောင်းဆုံးတွေရခဲ့ရင် ကိစ္စမရှိပေမယ့် အဆိုးဆုံးတွေရတဲ့အခါ စိတ်မကောင်းစရာ အကျိုးဆက်တွေကို ငွေထပ်ဆင့်ကုန်ကျပြီး ထပ်ယူရပါတယ်။

Iphone လိုချင်ပေမယ့် မကိုင်နိုင်သေးတဲ့ခဏမှာ clone ကိုင်ပြီး ဆန္ဒဖြေသိမ့်ရတဲ့သူတွေလိုမျိုး Boerboel အစစ်ကြီးတွေ Neapolitan mastiff တွေ Great Dane အစစ်တွေ မမွေးမြူနိုင်သေးတဲ့အခါ မြန်မာ့ရေမြေခံက အများသူငါတန်ဖိုးမထားချင်တဲ့ အရပ်မြင့်မြင့် အရောင်ညိုညိုကောင်ကြီးတွေနဲ့ စပ်ကျထားတဲ့ကလေးတွေမွေးမြူရင်းလဲ မြန်မာ့မျိုးဆက်သစ် အင််းခွေးဗရီးဗဒါးကြီးတွေကို ပါရမီဖြည့်ပေးလို့ရပါတယ်။

တစ်ချိန်မှာ အင်းခွေးတွေဟာ အခုထက်ပိုပြီး ကြွက်သားထုထည်ကြီးတွေပိုကြီးလာမယ်။ အရပ်တွေ32''လောက်တွေဖြစ်လာမယ်။ နောင်လာနောက်သားတွေ အဲ့လို အကျိုးခံစားရအောင် အခုချိန်မှာ ကျွန်တော်တို့က မျိုးစုံ ကြိုးစားနေကြ စမ်းသပ်နေကြတဲ့ ရည်မှန်းချက်ချင်းတူတဲ့ ဝါသနာရှင် ညီအစ်ကိုတွေပါပဲ။

ဒါကြောင့် ယခုမှစတင်မယ့်ဝါသနာရှင်များအနေနဲ့လဲ လေ့လာပါ၊ သည်ဝါသနာဟာ အပျော်တမ်းတစ်ခုမဟုတ်တဲ့အတွက် လေ့လာမှုအားနည်းရင် နည်းသလို ဆုံးရှူံးမှု များတတ်ပါတယ်။

လူတွေဟာ ကိုယ်ကချစ်ခြင်းမေတ္တာပေးပြီးရင် သစ္စာတရားကလွဲလို့ ဘာမှထပ်မမျှော်လင့်ပါဘူး။

သည်ကလေးတွေကို မွေးမြူရတာ သည်တစ်ချက်တည်းနဲ့တင် တန်ဖိုးဖြတ်လို့မရပါဘူး။

ဒါကြောင့် ယခုမှစတင်မယ့်ဝါသနာရှင်များအနေနဲ့လဲ လေ့လာပါ၊ သည်ဝါသနာဟာ အပျော်တမ်းတစ်ခုမဟုတ်တဲ့အတွက် လေ့လာမှုအားနည်းရင် နည်းသလို ဆုံးရှူံးမှု များတတ်ပါတယ်။

Photo Crdဘယ်သူဂျင်းမှန်းမသိ😁😁...................Crd........ပါ ဗျ

Address


Telephone

+959969042060

Website

Alerts

Be the first to know and let us send you an email when Nay Pyi Taw. Chan Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Pyi Taw. Chan Lay:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share