SCM pet food and accessories

  • Home
  • SCM pet food and accessories

SCM pet food and accessories Viber Number 09 26 898 1100

အစာခြောက်ကိုမှ အသားတုံးစစ်စစ်တွေပါတဲ့ ကြောင်စာခြောက် Dile Complete Cat Food SCM မှာရပါပြီ။ Protein 29.3% ပါပါတယ်။ chicke...
28/01/2025

အစာခြောက်ကိုမှ အသားတုံးစစ်စစ်တွေပါတဲ့ ကြောင်စာခြောက် Dile Complete Cat Food
SCM မှာရပါပြီ။ Protein 29.3% ပါပါတယ်။ chicken အခြေခံ ကြက်သား/ဘဲသား/Salmon/beef အရသာအရောပါ။ အသားတုံး စစ်စစ်တွေအနေနဲ့ Chicken,Duck,Salmon,Egg yolk ,beef တွေ ပါပါတယ်။ မစားတဲ့ညောင် မရှိစေရ။ SCM မှ တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ တင်သွင်း ရောင်းချ ဖြန့်ချီ ပါတယ်။
10kg original zipper bag 155000
အရမ်းတန်။
1kg repack 16500
1.5kg original pack 28000

28/01/2025

အစာခြောက်ကိုမှ အသားတုံးစစ်စစ်တွေပါတဲ့ ကြောင်စာခြောက် Dile Complete Cat Food
SCM မှာရပါပြီ။ Protein 29.3% ပါပါတယ်။ chicken အခြေခံ ကြက်သား/ဘဲသား/Salmon/beef အရသာအရောပါ။ အသားတုံး စစ်စစ်တွေအနေနဲ့ Chicken,Duck,Salmon,Egg yolk ,beef တွေ ပါပါတယ်။ မစားတဲ့ညောင် မရှိစေရ။ SCM မှ တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ တင်သွင်း ရောင်းချ ဖြန့်ချီ ပါတယ်။
10kg original zipper bag 155000
အရမ်းတန်။
1kg repack 16500
1.5kg original pack 28000

Special Discount ( Limited Stock) ယူနေကြ ကာကာတွေ အမြန်ယူပါRoyal Canin 400gUrinary S/O 33000 (ပုံမှန်စျေး 37000)Exp 30/4/...
27/01/2025

Special Discount ( Limited Stock) ယူနေကြ ကာကာတွေ အမြန်ယူပါ
Royal Canin 400g
Urinary S/O 33000 (ပုံမှန်စျေး 37000)
Exp 30/4/2025

Dental Care 28500 (ပုံမှန်စျေး 31500)
Exp 14/4/2025

ပစ္စည်း မချန်ပေးပါ

27/01/2025

ညောင့်မာယာ

26/01/2025

ငယ်ကျွန်ကြီးရေ အစာကျွေးချိန်တန်ပြီ။

Petheria Balanced System 1.5kgနဲ့ Petheria Shining Age 1.5Kg ပြန်ရောက်ပါပြီကြောင် အရွယ်စုံ ရှိသူတွေအတွက် အဆင်ပြေဆုံး အစာ။သုံးလအထက် ကြောင်အားလုံးစားလို့ရတဲ့ premium brand ကြောင် အရွယ်စုံ ရှိသူတွေအတွက် အဆင်ပြေဆုံး အစာ။သုံးလအထက် ကြောင်အားလုံးစားလို့ရတဲ့ premium brand Petheria Balanced System 1.5kg။21 ရက်အတွင်း အမွှေးလှ ပိုကျန်းမာလာစေရမယ်လို့ အာမခံချက် ပေးတဲ့အစာ ခြောက်ပါ။Petheria Balanced System 1.5kg 30000 ကျပ်Petheria Shining Age 1.5Kg (Mother and Baby,Kitten)ညောင်တို့တစ်လအရွယ် အစာစားချိန်က စကျွေးတဲ့အစာဟာ ကြောင်တို့ အသက်ရှည်ကျန်းမာဖို့ အများကြီး အရေးပါပါတယ်။ ချီကိုရီပင် (chicory)အမြစ်က ထုတ်ယူထားတဲ့ Concentrate prebiotics ပါတဲ့ premium brand Shinning Age ကို ရွေးချယ်ပါ။အားဆေးတွေ ပါပြီးသား အစာ။ကိုယ်ဝန်ဆောင်အမေနဲ့ တစ်လသားကလေးက နေ တစ်နှစ် အထိ စားရတဲ့ အစာပါ။Omega 3&6 ပါလို့ အမွှေးကျွတ်တာ သက်သာစေတယ်။အမွှေးလှစေမယ်။မိခင်နို့မှာပါတဲ့ DHA ပါလို့ ဦးနှောက်ဖွံ့မှုကို အထောက်အကူ ဖြစ်စေပါတယ်။Taurine,lysine,Tryptophan ,methionine စတဲ့ အမိုင်နိုအက်စစ်တွေ ပါလို့ ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွားစေပါတယ်။ Calcium,phosphorous,Vitamin D ပါလို့ အရိုးနဲ့သွားတွေ သန်မာစေတယ်။Cellulose fiber ပါလို့ ဝမ်းမှန်ပြီး အူလမ်းကြောင်း ကျန်းမာစေတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ ဘီတာမင်အီး၊ဘီတာမင်အေ ၊sodium selenite ပါလို့ ကိုယ်ခံအား တက်စေပါတယ်။ချီကိုရီပင် (chicory)အမြစ်က ထုတ်ယူထားတဲ့ Concentrate prebiotics ပါလို့ အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားတွေ ပွားများစေတယ်။ အူလမ်းကြောင်းကျန်းမာစေတယ်။ဆီးနဲ့ ဝမ်းနံ့ နံတာ နည်းစေပါတယ်။Petheria Shining Age 1.5Kg (Mother and Baby,Kitten)30000 ကျပ်1.5Kg ပါပါတယ်(Tuna+Salmon)

26/01/2025

ကြောင်တွေ ကြိုက်တဲ့ Purrkids cat အစာစို

အဝါရောင်ခြယ်ထားတဲ့ မြို့တွေက လွဲပြီး ကျန်မြို့များ အိမ်အရောက် ငွေချေ ရပါတယ်။ ရွာတွေကတော့ နီးရာ မြို့မှာ ninja ရုံးမှာ ထု...
26/01/2025

အဝါရောင်ခြယ်ထားတဲ့ မြို့တွေက လွဲပြီး ကျန်မြို့များ အိမ်အရောက် ငွေချေ ရပါတယ်။ ရွာတွေကတော့ နီးရာ မြို့မှာ ninja ရုံးမှာ ထုတ်ယူလို့ရပါမယ်။
Deli ခ 10kg ထိ မြို့အများစု ၄၅၀၀ ပါ
Kg ထပ်တိုး 1kg 500 ပါ။

Fri:; မင်းရဲ့ Petshop ဆိုင် ရောင်းကောင်းလား?Me; 😂😂😂
25/01/2025

Fri:; မင်းရဲ့ Petshop ဆိုင် ရောင်းကောင်းလား?
Me; 😂😂😂

လက်ဆောင် လက်ဆောင် ကြိုက်နှစ်သက်ရာ ကြောင်စာဖိုး ၆၀၀၀၀ ပြည့်တာနဲ့ ကြောင်ဆေးပင်ဖျန်းဆေး ၈၅၀၀ တန် တစ်ဘူး လက်ဆောင်ယူပါHeal Pr...
25/01/2025

လက်ဆောင် လက်ဆောင်
ကြိုက်နှစ်သက်ရာ ကြောင်စာဖိုး ၆၀၀၀၀ ပြည့်တာနဲ့ ကြောင်ဆေးပင်ဖျန်းဆေး ၈၅၀၀ တန် တစ်ဘူး လက်ဆောင်ယူပါ

Heal Pro
100% Catnip Spray နဲ့ မိတ်ဆက်ပေးပါရစေ။
မြောင်တို့ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။ ပျော်ရွှင်စေတယ်။ကိုယ်ခံအား တက်စေတယ်။ ကျန်းမာ ပျော်ရွှင်စေတယ်။
စားကောင်း
အိပ်ပျော်စေတယ်။

လှောင်အိမ်၊အိပ်ရာ အရုပ်တွေပေါ် ဖျန်းလို့ ရတယ်
ကြောင်ကိုလည်း ဖျန်းလို့ရပါတယ်။
120ml -8500 ကျပ် ။

MeO Pouch 80 g exp  9/2026။ 10/2026 တွေရောက်ရှိ။ ရောင်းအားအကောင်းဆုံး အရသာတွေပဲ တင်ထားပါတယ်။Kitten တစ်လအထက်😽Tuna in Jell...
25/01/2025

MeO Pouch 80 g exp 9/2026။ 10/2026 တွေရောက်ရှိ။
ရောင်းအားအကောင်းဆုံး အရသာတွေပဲ တင်ထားပါတယ်။
Kitten တစ်လအထက်
😽Tuna in Jelly
😽Tuna with Sardine in Jelly
Adult တစ်နှစ်အထက်
😾Oceanfish
😾Tuna with Chicken jelly
😾Tuna jelly

Senior 7 Plus သက်ကြီးကြောင် ၇ နှစ်အထက်
😻Tuna Jelly
😻Mackerel Jelly

1pcs 2500
1Doz 2400 နှုန်းပါ။

သွေးအားတိုးဆေးIroheart 21000Pettonic 17500
25/01/2025

သွေးအားတိုးဆေး
Iroheart 21000
Pettonic 17500

25/01/2025
ဝုတို့ အသည်းစွဲ SmartHeart Creamy 4 ချောင်းပါ အထုပ်တွေ ပြန်ရပါပြီ။ လိုသလောက်ရ။
25/01/2025

ဝုတို့ အသည်းစွဲ SmartHeart Creamy 4 ချောင်းပါ အထုပ်တွေ ပြန်ရပါပြီ။ လိုသလောက်ရ။

24/01/2025

MeO အစာစို

Royal Canin အစာစိုများRenal 5500ကျန်အထုပ်များ ၅၈၀၀Urinary Care jelly 5 pcs သာကျန်။
24/01/2025

Royal Canin အစာစိုများ
Renal 5500
ကျန်အထုပ်များ ၅၈၀၀
Urinary Care jelly 5 pcs သာကျန်။

ကြောင်တွေ ဘာကြောင့်အန်ရသလဲ။ဘယ်လိုဖြေရှင်းကြမလဲ    ကြောင်မွေးထားသူတွေအနေနဲ့ ကြောင်တွေ အန်တာက တွေ့ကြုံရမယ့် ကိစ္စဖြစ်ပါတယ်...
24/01/2025

ကြောင်တွေ ဘာကြောင့်အန်ရသလဲ။
ဘယ်လိုဖြေရှင်းကြမလဲ

ကြောင်မွေးထားသူတွေအနေနဲ့ ကြောင်တွေ အန်တာက တွေ့ကြုံရမယ့် ကိစ္စဖြစ်ပါတယ်။
အထူးသဖြင့် ကြောင်အန်ရတဲ့ အကြောင်းအရင်းကို နားမလည်ရင် ကြောင်လေးအတွက် မကောင်းသလို လူတွေလည်း စိတ်ညစ်ရပါတယ်။ ဒီဆောင်းပါးမှာ ကြောင်တွေ အန်တဲ့အခါ ဘာကြောင့် အန်ရတာလဲဆိုတာရဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေနဲ့ ဖြေရှင်းဖို့ နည်းလမ်းတွေကို ဖော်ပြပေးပါ့မယ်။

၁။အစားအလွန်မြန်ခြင်း ၊ပမာဏများစွာ တစ်ခါတည်းစားခြင်း၊အစာမကြေခြင်း

အစားအစာကို မြန်မြန်ဆန်ဆန် စားတာ ဒါမှမဟုတ် ပမာဏများများ တစ်ထိုင်တည်း စားတာက ကြောင်တွေရဲ့ အစာခြေအဖွဲ့အစည်းကို မနိုင်ဝန် ဖြစ်စေ၊မတန်တဆ ဝန်ပိစေပါတယ်။ဒီလိုဖြစ်လာတဲ့အခါ အန်တာဟာ အစာခြေလမ်းကြောင်း ဝန်ပိတာကို ကာကွယ်ပေးတဲ့ တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။

၂။အမွှေးလုံးပြဿနာ

ကြောင်တွေက သူတို့ကိုယ်သူတို့ လျက်ပြီး သန့်ရှင်းရေး လုပ်ကြပါတယ်။ဒီတော့ အမွှေးတွေက ဗိုက်ထဲ ဝင်ပါတယ်။တချို့က မစင်ထဲပါတယ်။တချို့က စုပြီး အမွှေးလုံး ဖြစ်လာပါတယ်။အမွှေးလုံးဟာ အစာခြေစနစ်ကို ဒုက္ခပေးတယ်။အသက်ရှူစနစ်ကို နှောင့်ယှက်တတ်လို့ ကြောင်တွေက အန်အောင် ဟပ်ထုတ်ပြီး အမွှေးလုံး အပြင်ရောက်အောင် ကြိုးစားကြပါတယ်။ ကျစ်လစ်နေတဲ့ အမွှေးလုံးကို အန်တတ်ကြပါတယ်။ အမွှေးလုံးအန်ရင်ရေနဲ့ အစာတွေပါပါတာမို့ ရေပြန်တိုက်ဖို့လိုပါတယ်။ ရေမဝင်ရင် သွေးပြစ်ကာ အန္တရာယ်ရှိနိုင်ပါတယ်။

"ကြောင်တစ်ကောင်ရဲ့ အစားအစာက အစိုဓာတ်၊ရေဓာတ် ကို လုံလောက်အောင် မပံ့ပိုးဘူးဆိုရင်၊ သူ့အစာခြေလမ်းကြောင်းက သူ့အမွေးလုံးပြဿနာကို ပိုဆိုးသွားစေနိုင်တယ်"လို့ အိမ်မွေးတိရစ္ဆာန်အုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်သူ Kristen Levine က ပြောဖူးပါတယ်။ အမွှေးလုံးအန်နေရင် ရေဓာတ်ပိုရဖို့ အစာစိုကျွေးသင့်ပါတယ်။

၃။အစာပြောင်းလဲကျွေးခြင်း
အစားအသောက်ပြောင်းလဲမှုတွေက ကြောင်တွေမှာအော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အစားအသောက် အပြောင်းအလဲကို ငါးရက်မှ ခုနစ်ရက်အတွင်း ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်ပါတယ်။
အစာပြောင်းမယ်ဆိုရင် ကျွေးနေကျအစာနဲ့ အစာသစ်ရောကျွေးကာ ၅-၇ရက် ထိ ကျင့်ပြီးမှ ပြောင်းပါ။လူ့အစားအစာထဲက ဟင်းခတ်အမွှေးအကြိုင်တွေ၊ ငံပြာရည်တွေက ကြောင်နဲ့ မတည့်ပါဘူး။

၄။ဓာတ်မတည့်ခြင်း

ကြောင်တွေမှာ အစားအစာ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ ဓာတ်မတည့်ရင် အရေပြားနီမြန်းတာ၊ယားယံတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ဒါ့အပြင်
အော့အန်တာကလည်း ဓာတ်မတည့်တာကို ဖော်ပြနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။အစားအစာဓာတ်မတည့်တဲ့အခါ ဝမ်းလျှောတာနဲ့ အော့အန်တာတို့လိုအစာအိမ်ဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။အော့အန်ခြင်းကို ဖြစ်စေနိုင်တဲ့ ရာသီဥတု၊ဓာတုနဲ့ ပတ်ဝန်းကျင် ဓာတ်မတည့်မှုတွေလည်း ရှိပါတယ်။ဓာတ်မတည့်တာလို့ ထင်ရရင် အကောင်းဆုံးက တိရစ္ဆာန်ကု ဆရာဝန်နဲ့ ပြသတာပဲ ဖြစ်ပါတယ်။

၅။အဆိပ်သင့်ခြင်း

အိမ်မှာရှိတဲ့ ပစ္စည်းအများအပြားက ကြောင်တွေကို အဆိပ်သင့်စေနိုင်ပါတယ်။(ဥပမာ လေသန့်စင်ဖျန်းဘူးတွေ၊ပိုးသတ်ဆေးတွေ၊ သန့်စင်ဆေး၊လူသုံးဆေးဝါးများ (ပါရာစီတမောစသည်ဖြင့်)။ အော့အန်တာက အဆိပ်ရှိတဲ့ အစားအစာကို ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ဖို့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ရုတ်တရက် ထိုးအန်ပြီး နုံးခွေသွား၊ ငြိမ်သွားတာက အဆိပ်သင့်တာရဲ့ ကနဦး လက္ခဏာဖြစ်နိုင်ပါတယ်။အဆိပ်သင့်တယ်လို့သံသယရှိရင်
နီးသပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အကြံဉာဏ်နဲ့ ကုသမှုခံယူရန် ဆက်သွယ်ပြသပါ။

၆။ကြောင်အူရောင်ရောဂါ

Feline Inflammatory Bowel Disease (IBD-ကြောင်အူရောင်ရောဂါ)ဆိုတာက ကြောင်ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို နာတာရှည် ရောင်ရမ်းခြင်း ဒါမှမဟုတ် ယားယံခြင်းတို့ကို ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Feline IBD က အသက်ကြီးတဲ့ကြောင်တွေမှာ အများဆုံးဖြစ်ပွားတတ်ပေမယ့် မည်သည့်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။တကယ်လို့ IBD က အန်ခြင်ရဲ့ အကြောင်းရင်းဖြစ်ရင် ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းလျှောခြင်း၊ ထိုင်းမှိုင်းခြင်း နဲ့ အစာစားချင်စိတ် လျော့နည်းခြင်းတို့လို တခြား လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။

၇။မုန့်ချိုအိတ်ရောင်ခြင်း(Feline Pancreatitis)

ကြောင်တွေမှာ ပန်ကရိယ(မုန့်ချိုအိတ်)က လူသားတွေလိုပဲ အစာချေမှုလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့
လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ပန်ကရိယရောင်ရင် အော့အန်ခြင်း၊ ဖျားခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းနဲ့ အစာစားချင်စိတ် လျော့နည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
ပန်ကရိယရောင် တဲ့အခါ တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်နဲ့ပြကာ ရောဂါရှာဖွေဖို့ လိုအပ်ပါတယ်။ ရောင်ရမ်းမှုအတိုင်းအတာ သိဖို့ ဓာတ်ခွဲစမ်းသပ်မှုများ နဲ့ အာထရာဆောင်းရိုက်တာတွေ ပြုလုပ်ရပါမယ်။အော့အန်တာ သက်သာစေဖို့ ဆရာဝန်က ဆေးညွှန်းပေးပါမယ်။

၈။နာတာရှည်ကျောက်ကပ်ရောဂါ

နာတာရှည်ကျောက်ကပ်ရောဂါက ကျောက်ကပ်လုပ်ငန်းဆောင်တာ တဖြည်းဖြည်း ကျဆင်းလာတဲ့အခါ ဖြစ်နိုင်ပါတယ်။အထူးသဖြင့် အသက်ကြီးလာတဲ့ကြောင်တွေမှာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ အော့အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဆီးသွားခြင်းနှင့် ရေငတ်ခြင်းတို့ ဖြစ်ပါတယ်။

၉။ကြောင်ဆီးချို

အော့အန်တာက ကြောင်တစ်ကောင်ရဲ့ သွေးကြောထဲရှိ အင်ဆူလင်နဲ့သကြားပမာဏ မမျှတတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ကြောင်ဆီးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

၁၀။ Hyperthyroidism သိုင်းရွိုက် ရောဂါ
(ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုကိုထိန်းသည့်ဒြပ်တစ်မျိုး ကိုထုတ်ပေးသော သိုင်းရွိုက် အကျိတ် ပုံမှန်ထက် အလုပ်လုပ်ခြင်း)
Hyperthyroidism ရောဂါက ကြောင်ရဲ့ endocrine ဟော်မုန်း စနစ်အပေါ် သက်ရောက်မှုရှိတဲ့ရောဂါတစ်ခုပါ။ သိုင်းရွိုက်ဂလင်းမှာ အကြိတ်ပေါ်လာလို့ hyperthyroidism ဖြစ်ပေါ်လာတတ်ပါတယ်။လက္ခဏာတွေကတော့ အော့အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဆီးသွားခြင်းနှင့် ရေငတ်ခြင်းတို့ ဖြစ်ပါတယ်။

၁၁။အသည်းအဆီဖုံးခြင်း

အသည်းအဆီဖုံးရောဂါလို့လည်း လူသိများတဲ့ Hepatic lipidosis က အစာခြေစနစ်မှာ ပါဝင်တဲ့ ကြောင်ရဲ့ အသည်းလုပ်ဆောင်ချက်ကို ထိခိုက်စေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။အသည်းအဆီဖုံးရောဂါရဲ့ ၉၀%ခန့်က တခြားကျန်းမာရေးပြဿနာ အခြေအနေရဲ့ အကျိုးဆက်လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ အဝလွန်ရောဂါ၊ကင်ဆာ၊ဆီးချိုရောဂါ။

အစာစား ပမာဏအများကြီးစားလို့၊အစာမကြေလို့
နဲ့ အမွှေးလုံးကြောင့် အော့အန်ခြင်းတာက ပို အဖြစ်များပါတယ်။
အစာစား ပမာဏအများကြီးစားလို့၊အစာမကြေတဲ့ ကြောင်တွေကတော့ အစားအစာကို အတိုင်းအတာနဲ့ နည်းနည်းနဲ့ မကြာခဏ ကျွေးပါ။
နေ့စဉ် ဘီးဖြီး အမွှေးရှင်းပေးတာ၊
Anti Hairball အစာ တပတ် ၂/၃ရက်ကျွေးတာတွေက အမွှေးလုံး ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
AirLaxဆိုတဲ့ ဆေးကလည်း အမွှေးလုံး မဖြစ်အောင် ကာကွယ်ပေးတာမို့ တပတ်မှာ ၂/၃ရက် တိုက်လို့ရပါတယ်။အပြင်းအထန်အန်နေတဲ့ ကြောင်ကတော့ နီးရာ တိကုဆရာဝန်နဲ့ ပြသကာ ကုသမှု ခံယူရပါမယ်။
အဝလွန်တာအတွက်ဆေးအစာ၊ဆီးချိုအတွက် အစာ၊
​ကျောက်ကပ်ရောဂါအတွက်ဆေးအစာတွေ လည်း ရှိပါတယ်။ ရောဂါပေါ်မူတည်ပြီး ကျွေးပါ။
ပုံမှန်အားဖြင့်၊ တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်
ကကြောင်တွေအန်တဲ့အခါ အစာကြေလွယ်တဲ့အစားအစာ၊ကြိတ်ထားတဲ့ အစားအစာကျွေးဖို့ အကြံပေးတတ်ကြပါတယ်။အစာအိမ်ရောင်တယ်လို့ ယူဆရင် ဆေးထိုး ၊ဆေးချိတ်ပြီး အစာအိမ်ကို ခေတ္တ အနားပေးခိုင်းတတ်ပါတယ်။ပျို့အန်ခြင်းကို သက်သာစေဖို့ ဆေးညွှန်းပေးနိုင်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းက ကာကွယ်ဖို့ ကြောင်အတွက် ရေသန့် ထားပေးဖို့ လည်း အရေးကြီးပါတယ်။

ကြောင်က တစ်ကြိမ် ၊နှစ်ကြိမ်ပဲအန်ပြီး
တခြားရောဂါ လက္ခဏာတွေ မရှိရင်
အိမ်မှာပဲ ပြုစုစောင့်ရှောက်လို့ ရပါတယ်

* အစာနဲ့ရေအားလုံးကို 3-4 နာရီကြာ ဖြတ်ပါ။

* ၃နာရီကြာတဲ့အထိ မအန်ပါရင် ရေအနည်းငယ်တိုက်ပေးပါ။

* 1-2 နာရီကြာပြီးနောက် မအန်ရင်
Hill's urgent care ဒါမှမဟုတ် Royalcanin Recovery ကျွေးပါ။ ဒါတွေ မရရင်လည်း
ကြက်သားပြုတ် ကျွေးပါ။(ကြက်သွန်ဖြူ ၊ကြက်သွန်နီ ထည့် မပြုတ်ရပါ)။
အစာကို နည်းနည်းနဲ့ မကြာခဏကျွေးပါ။ ၂၄နာရီ ကြာတဲ့အထိ မအန်ရင် ပုံမှန်အတိုင်း ကျွေးလို့ရပါပြီ။

အော့အန်ရတဲ့ အကြောင်းအရင်းတွေ့ရင် (ဥပမာ အပင်စားခြင်း၊ အစာအသစ်စားတာ) တွေ့ရင်
ဖယ်ရှားလိုက်ပါ။
ဆေးတွေ လျှောက်မတိုက်ပါနဲ့။

အော့အန်တာ ဆက်ရှိနေပါက၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်ပါ။

* အော့အန်တာနဲ့အတူ သွေးပါရင်၊ အစားအသောက်မစား၊ထိုင်းမှိုင်း၊ဝမ်းလျှောရင်-

* အော့အန်တာက 24 နာရီကျော်ကြာထိ ဆက်လက်ရှိနေရင်

* အော့အန်တာက နာတာရှည်ဖြစ်ပြီး ပေါ်လိုက် ပျောက်လိုက် 1-2 ပတ်ကျော်ကြာတဲ့ အထိ ဆက်တိုက်ဖြစ်နေရင်
*အစာအဆိပ်သင့်ရင်
ကြောင်တွေက ပါရာစီတမော၊ကော်ဖီ၊ချောကလက် စတာတွေနဲ့ လုံးဝ မတည့်ပါဘူး။
*အစာအဆိပ်သင့်တာ၊ဓာတုအဆိပ်သင့်ရင်
တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်ဆီသာ သွားရပါမယ်။
(ကြက်ဥမှာ Salmonella နဲ့ Ecoliပိုးပါလို့ ကြောင်ကို မတိုက်သင့်ပါဘူး။)
တိရိစ္ဆာန်ဆေးကုသရေးဆရာဝန် နဲ့ မနီးရင် ရုတ်တရက်အစာအဆိပ်သင့်ရင် CharcolVet ဆိုတဲ့ စွယ်စုံအဆိပ်ဖြေဆေး ၊ ဝမ်းလျှောကုသဆေးနဲ့ ဓာတ်ဆားတွေ ဆောင်ထားသင့်ပါတယ်။

#ဒေါက်တာစံဝေ

အမြန်တွေ့ပါစေ ကလေးရေ
23/01/2025

အမြန်တွေ့ပါစေ ကလေးရေ

23/01/2025

SCM ဆိုင်များသို့ ကိုယ်တိုင်လာဝယ်သူ
မိတ်ဆွေများခင်ဗျား
ပစ္စည်း မမှားယွင်းစေဖို့
ငွေကြေး မမှားယွင်း စေဖို့
နှစ်ဦးနှစ်ဘက် အဆင်ပြေစေဖို့
မိမိကိုယ်တိုင် ဆိုင်အတွင်း ဝင်ရောက် ငွေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ ပစ္စည်း အလေးများ ဆိုင်ရှေ့ရပ်ထားတဲ့ ကားပေါ်ထိ ဝန်ထမ်းမှ လိုက်တင်ပေးပါတယ်။
******ဆိုင်ရှေ့ ကားရပ်ကာ ကားပေါ်မှ လှမ်းဝယ်ယူခြင်း၊ဆိုင်ရှေ့ ကားပေါ်မှ ထိုင်ကာ ငွေ ရှင်းခြင်းများ အတွက် ဝန်ဆောင်မှု မပေးနိုင်ပါကြောင်း အားနာစွာ အသိပေးအပ်ပါတယ်။
ကားနားထိ လာပြီး ဝန်ထမ်းတွေ ငွေလက်ခံတာ အဆင်မပြေလို့ပါ။
ဆိုင်အတွင်းဝင်ပြီး ငွေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။

Address


Telephone

+959268981100

Website

Alerts

Be the first to know and let us send you an email when SCM pet food and accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SCM pet food and accessories:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share