Myanmar Equestrian Federation

  • Home
  • Myanmar Equestrian Federation

Myanmar Equestrian Federation National Governing body of Equestrian Sports. Establish in 1992, Myanmar.

မြင်းစီးအားကစားဝါသနာရှင်များခင်ဗျာ…..မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော FEI 1* Endurance  Qualif...
29/06/2024

မြင်းစီးအားကစားဝါသနာရှင်များခင်ဗျာ…..

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော FEI 1* Endurance Qualification (Round3) 85 km Ride ခရီးရှည်မြင်းစီးအားကစား ၈၅ ကိီလိုမီတာ(အရည်အချင်းစစ်ပြိုင်ပွဲ)နှင့် ပြိုင်ပွဲကူညီပံ့ပို့သူများ(Stewards) သင်တန်း(၁/၂၀၂၄) ဖွင့်ပွဲ့အခမ်းအနားအား

၂၉.၆.၂၀၂၄(စနေနေ့)ယနေ့နံနက် ၉နာရီက နေပြည် တော်၊ဥတ္တရသီရိမြို့နယ်ရှိ၊မြင်းစီးအားကစားကွင်း ခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်ဒုဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာ နိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပြုးမောင် မောင်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၊တိုင်း ဒေသကြီးများမှ မြင်းစီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌများ၊တိရိစ္ဆာန်ဆေးကုပညာရှင်များ၊အားကစားသမားများ၊မြင်းပိုင်ရှင်များ၊ကလပ်အသင်းပိုင်ရှင်များနှင့်မြင်းစီးအားကစားဝါသနာရှင်များတက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ့်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံမှ နှုတ်ခွန်း ဆက်အမှာစကားပြောကြားရာတွင် အဖွဲ့ချုပ်နှင့်တကွ မြင်းစီးအားကစားဝါသနာရှင်များအား ယခုလိုစုံညီစွာတွေ့ဆိုရ၍ များစွာဝမ်းသာမိကြောင်း၊အဖွဲ့ချုပ်အနေဖြင့် ၁၉၉၂ခုနှစ် အဖွဲ့ချုပ်စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ မြင်းစီးအားကစားပြိုင်ပွဲများကို အရှေ့ တောင်အာရှပြိုင်ပွဲများနှင့် ၂၀၁၃ခုနှစ်တွင် မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခဲ့သော အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ၊ပြည်တွင်းပြိုင်ပွဲများအား
စဥ်ဆက်မပြတ်ကျင်းပလာခဲ့နိုင်သည်မှာ များစွာအသိ အမှတ်ပြုဝမ်းမြောက်မိကြောင်း၊ပြည်ပပြိုင်ပွဲများ၌ လည်း မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများမှ ဆုတံဆိပ်အသီးသီးဆွတ်ခူးရရှိခဲ့သည့်အတွက်လည်းများစွာဂုဏ်ယူမိကြောင်း၊ ဆက်လက်၍လည်း ယခုကဲ့သို့ပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပစေလိုကြောင်း၊

မြင်းစီးအားကစားသမားများအနေနှင့်လည်းယခုလိုအရည်အချင်းစစ်ပြိုင်ပွဲများမှအစပြုပြီးအရည်အ ချင်းပြည့်မီသော အားကစားသမားကောင်းများအဖြစ် ရပ်တည်ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံမြင်းစီးအား ကစားအဖွဲ့ချုပ်နှင့်တကွ ဖွင့်ပွဲအခန်းအနားသို့တက် ရောက်လာကြသောပညာရှင်များ၊မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းစီးအားကစားသမားအားလုံးတို့ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းများတောင်း၍ နှုတ်ခွန်းဆက်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲချုပ်ဥက္ကဋ္ဌဦးပြုံးမောင်မောင်မှ FEI 1* Endurance Qualifi-cation Round 3(အရည်အချင်းစစ်ပွဲ)ကျင်းပရခြင်းနှင့်Endurance Steward သင်တန်းဖွင့်လှစ်သင်ကြား
ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယခုကျင်းပမည့် အရည်အချင်းစစ်ပြိုင်ပွဲတွင် ပါဝင်ကြမည့် မြင်းစီးအားကစားသမားများ တဦးချင်းစီမှ မိတ်ဆက်ကြကာနံနက် ၁၀:၃၀ နာရီတွင် ဖွင့်ပွဲ အခမ်းအနား​အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....        မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ တ...
20/06/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ တတိယအကျော့ ၈၅ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ(FEI 1* Endurance Qualification Round 3, 85 km)အား ၂၀၂၄ခုနှစ်၊ဇွန်လ၊(၃၀)ရက်တွင် နေပြည်တော်၌
ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ...

ပြိုင်ပွဲ၏အသေးစိတ်အချက်အလက်များကို
ပါဝင်ယှဥ်ပြိုင်ကြမည့် အားကစားသမားများ၊မြင်းပိုင်ရှင်များနှင့်ကလပ်အသင်းများ​ ကြိုတင်သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....        မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ ...
12/06/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Endurance Qualification (ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ *အရည်အချင်းစစ်*ပြိုင်ပွဲများ) ကျင်းပလာသည်မှာ ဒုတိယအကျော့အထိပြီးမြောက် ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ တတိယအကျော့ ၈၅ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ(FEI 1* Endurance Qualification Round 3, 85 km)အား ၂၀၂၄ခုနှစ်၊ဇွန်လ၊(၃၀)ရက်တွင်နေပြည်တော်၌
ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် အရည်အချင်းစစ်ပြိုင်ပွဲနှင့် ပတ် သက်သော Stewards များနှင့် Crews များအတွက် စာတွေ့ လက်တွေ့သင်တန်းဖွင့်လှစ်၍ ပို့​ချသင်ကြားပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးမြင်း စီးအားကစားဆပ်ကော်မတီ အသီးသီးတို့မှအဆိုပါ​သင်တန်းသို့ တိုင်းဒေသကြီးတခုလျှင် သင်တန်းသား (၅)ဦးစီ စေလွှတ်ပေးနိုင်ရန်ကြိုတင်အသိပေးကြေငြာ အပ်ပါသည်။

သက်ဆိုင်ရာတိုင်းဒေသကြီးများမှ စေလွှတ်မ
ည့် သင်တန်းသားများ၏ အချက်အလက်များကို ၂၅ .၆.၂၀၂၄ နေ့ နောက်ဆုံးထား၍ ​အဖွဲ့ချုပ်မှသတ်မှတ် ထားသော အောက်ဖော်ပြပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများအတွက် နေထိုင်စားသောက်ရေးကိစ္စများကို ၂၈.၆.၂၀၂၄ မှ ၃၀.၆.၂၀၂၄ အထိ အဖွဲ့ချုပ်မှာ တာဝန်ယူပေးမည်ဖြစ်ပါသည်။ သင်တန်းသားများ သည် နေပြည်တော် မြင်းစီးအားကစားကွင်းသို့ ၂၈. ၆.၂၀၂၄ နောက်ဆုံးထား၍ရောက်ရှိရမည်ဖြစ်ပါ သည်။

သင်တန်းသားများအား ၂၉.၆.၂၀၂၄ တွင် စာ တွေ့သင်တန်းအဖြစ်လည်းကောင်း ၃၀.၆.၂၀၂၄
(ပြိုင်ပွဲနေ့)တွင် မြေပြင်လက်တွေ့သင်တန်းအဖြစ်
လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

☑️ဆက်သွယ်ရန်ဖုန်းနံပါတ်များ

၁။ ဦးဌေးကျော်(အထွေထွေအတွင်းရေးမှူး)
၀၉ ၇၉၅၄၀၈၀၅၂

၂။ ဒေါက်တာစိုးထွန်း(ရုံးအဖွဲ့မှူး)
၀၉ ၅၁၅၈၀၁၇

၃။ ဦးကျော်ချမ်းငြိမ်း(ကွင်းတာဝန်ခံ)
၀၉ ၂၅၉၀၈၂၂၉

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....   ...
10/06/2024

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည်
မြင်းစီးအားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ၍မြင်းစီးအားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပပြုလုပ်ခဲ့သည်ဖြစ်ရာ ယခုအခါတွင် မြင်းစီးအားကစားနှင့်သက်ဆိုင်သည့် နည်းစနစ်ပိုင်းဆိုင်ရာသင်တန်းများကိုလည်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

သို့ဖြစ်၍ မြင်းထိန်းသိမ်းစောင့်ရှောက်မှု(အခြေခံနှင့်အဆင်မြင့်)သင်တန်းအမှတ်စဥ်(၁/၂၀၂၄)အား ၈.၆.၂၀၂၄ နှင့် ၉.၆.၂၀၂၄ နေ့များတွင် သင်ကြားပို့ချခဲ့ရာ သင်တန်းသား (၂၇)ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။

၈.၆.၂၀၂၄(စနေနေနေ့) နံနက် ၉နာရီတွင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တကွ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ စုံညီစွာတက် ရောက်ခဲ့ကြပါသည်။

ဦးစွာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည်
မြင်းနှင့်ပတ်သက်သည့် အလွှာအားလုံးအတွက်အ​ကျုံးဝင်ပြီး မှတ်သားဖွယ်ရာ အခြေခံသဘောတရားများပါဝင်သည့်အတွက်ဝါသနာရှင်အားလုံးအတွက် များစွာအကျိုးရှိကြောင်း၊ သင်တန်းသားများအနေနှင့်လည်း သင်တန်းမှ စာတွေ့၊လက်တွေ့ သင်ကြားပေးလိုက်သည်များကိုမိမိတို့ဌာနေများသို့ပြန်ရောက်သည့်အခါတွင်လည်းလက်တွေ့အသုံးချရန်လိုအပ်ကြောင်း၊

ယခုသင်တန်းမှစ၍ မြင်းဇောင်းကြီးကြပ်မှုသင်တန်းနှင့် နည်းပြသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးနိုင်ရန်စီစဥ်ထားပြီးဖြစ်ကြောင်း၊ မြင်း ထိန်းဟူသည် သာမန်ဝန်ထမ်းမဟုတ်ဘဲ ပညာရှင်များအဖြစ်ခံယူထားရန်လိုအပ်ကြောင်း၊ မြင်းထိန်း တစ် ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ကြရာတွင် သိမ် ငယ်စရာမလိုကြောင်း၊ သို့သော် ယခုသင်တန်းမှသင် ကြားပေးလိုက်သောသင်္ခန်းစာများကို စနစ်တကျဖြင့် လက်တွေ့အသုံးချရန်လိုကြောင်းအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများအပြင် မြင်းနှင့်ပတ်သက်သည့် နည်းစနစ်ပိုင်းဆိုင်ရာများကို အစီအစဥ်တကျသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဖွဲချုပ်ဥက္ကဋ္ဌမှပင် မြင်းထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပတ်သက်သည့် အခြေခံအချက်အ လက်များကို Power point ဖြင့် ရှင်းလင်းပို့ချခဲ့ပါသ ည်။

နေ့လည် ၁နာရီတွင် လက်တွေ့သင်္ခန်းစာများကို အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်နှင့်မြန်မာ့လက်ရွေး စင်မြင်းစီးအားကစားသမားဟောင်း ဦးသိန်းဝင်းမှ သင်ကြားပို့ချခဲ့ပြီး ညနေ ၄နာရီတွင်သင်တန်းပထမနေ့ ပြီးဆုံးခဲ့ပါသည်။

၉.၆.၂၀၂၄(တနင်္ဂနွေနေ့)တွင် နံနက်ပိုင်း၌စာတွေ့သင်္ခန်းစာများပို့ချပေးခဲ့ပြီး ညနေပိုင်းတွင်လက်တွေ့သင်္ခန်းစာများပို့ချခြင်းနှင့် ပြန်လည်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ညနေ ၄နာရီတွင် သင်တန်းဆင်းပွဲအခမ်း အနား၌ တက်ရောက်လာသည့်သင်တန်းသားများအား အခြေခံနှင့်အဆင်မြင့် သင်တန်းဆင်းလက်မှတ်များကို အဖွဲ့ချုပ်ဥက္ကဌနှင့်တကွ တာဝန်ရှိသူများမှပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် သင်တန်းဆင်းအခမ်းအနား၌ မြန်မာ နိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင် မောင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ သင်တန်း သားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး မြင်းထိန်းသိမ်းစောင့်ရှောက်မှု(အခြေခံနှင့်အဆင့်မြင့်) သင်တန်း အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....           ၆.၆.၂၀၂၄(ကြာသာပတေးနေ့)ယနေ့နေ့လည် ၂နာရီက မြန်မာ့ရိုး...
07/06/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....

၆.၆.၂၀၂၄(ကြာသာပတေးနေ့)ယနေ့နေ့လည် ၂နာရီက မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတရပ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊မြန်မာနိုင်ငံမြင်းစီးအားက စားအဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ ဥက္ကဋ္ဌ-ဦးသန့်စင်မိုးနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌ ဦးသန့်စင်မိုးမှ အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ၂၀၂၅ခုနှစ် ပြည်ထောင်စု တခွန်စိုက်ဖလားမြင်းစီးအားကစားပြိုင်ပွဲများ ကျင်းပရာ၌ ပြီးခဲ့သော တခွန်စိုက်ဖလားပွဲထက် ပိုမိုစနစ်ကျနစွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြင်းပြေးလမ်း ဖောက်လုပ်ခြင်း၊လုံခြုံရေးနှင့် ကျွဲနွားများမဝင်စေနိုင်ရန်အတွက်ခြံစည်းရိုးခတ်ခြင်း၊ ပြိုင်ပွဲသို့လာရောက်ကြမည့် မြင်း များနှင့် မြင်းစီးအားကစားသမားများ နေထိုင်ရေးအတွက်အဆင်ပြေစေရန် မြင်းဇောင်းများနှင့်လူနေဆောင်များဆောက်လုပ်ခြင်းကိစ္စများကို မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီမှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း

ပြိုင်ပွဲအစီအစဥ်များကိုလည်း ကျင်းပပြီးခဲ့သောပြိုင် ပွဲထက် စနစ်ကျအောင်ဆောင်ရွက်ရာတွင် ကော်မတီဝင်များနှင့်တကွ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသေးစိတ်အချက်အလက်များကို ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားရသောကဏ္ဍများအလိုက် အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။

ဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားရာတွင် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ အစည်းအဝေးများကိုပုံမှန်အားဖြင့် ၂လ တကြိမ်ကျင်းပမည်ဖြစ်ကြောင်း ထိုသို့ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်အလှည့်ကျကျင်းပမည်ဖြစ်ကြောင်း နှင့် ယခုကဲ့သို့ ကော်မတီဝင်များအနေနှင့် အစည်းအ ဝေးသို့ စုံညီစွာဖြင့်တက်ရောက်လာကြသည့်အတွက် များစွာ ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း
ပြောကြားကာ ညနေ ၄နာရီတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....   ...
05/06/2024

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍

“ မြင်းများ အပူရှပ်ခြင်းနှင့် ဆီးချုပ်၊ဝမ်းချုပ်၊လေချုပ်ခြင်းရောဂါများ ” အားကာကွယ်တားဆီးခြင်းနှင့်ထိန်းချုပ်ခြင်း (Prevention and Control of Heatstroke and Equine Colic) ခေါင်းစဥ်ဖြင့်

အလုပ်ရုံဆေးနွေးပွဲကို ၂၀၂၄ခုနှစ် ဇွန်လ(၂) ရက်
(တနင်္ဂနွေနေ့) နေ့လည် ၁နာရီကဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ရုံး ခန်းမ၌ ကျင်းပခဲ့ရာ....

မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်း ကျောင်းပြုသူများ၊မြင်းပိုင်ရှင်များ၊တိရိစ္ဆာန်ဆေးကုပညာရှင်များနှင့်စိတ်ပါဝင်စားသူများ လူဦးရေ(၇၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

ဖော်ပြပါ အလုပ်ရုံဆွေးနွေးပွဲမှ တက်ရောက်လာသူ များ၏ ဆွေးနွေးအကြံပြု မေးမြန်း ချက်များ၏အနှစ် ချုပ်အား မြန်မာ့မြင်းဝါသနာရှင်များသိရှိလိုက်နာစေနိုင်ခြင်းအလို့ငှာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဖြန့်ဝေလိုက်ပါသည်။

❇️အမေးအဖြေ(၂၀)❇️

🔺၁။ မေး။ မြင်းဇောင်းအခန်းအကျယ်အဝန်းဘယ်လော က် ရှိသင့်လဲ။

ဖြေ။ မြင်းအရွယ်အစားကြီးလျှင်(နိုင်ငံခြားမှတင်သွင်းသောမြင်း)၁၅ပေပတ်လည်၊အရွယ်အစားသေးလျှင် ၁၂ပေပတ်လည်

🔺၂။ မေး။ မြင်းဇောင်းမှာ ဘာခင်းသင့်လဲ

ဖြေ။ ကောက်ရိုး၊စပါးခွံ၊လွှစာများအား၈လက္မမှ ၁၂လက္မအထူ ခင်းသင့်ပါသည်။အချို့မှာ ရာဘာဆိုးလ်ပြားများလည်းအသုံးပြုကြပါသည်။ သဘာဝအ တိုင်းမြေကြီးဇောင်းတွင်ထားလျှင် ကောင်းမွန် သော် လည်း ဆီးအိုင်များရှိနိုင်ပြီး ဆီးကြောင့် မလိုလားအပ် သော ကျန်းမာရေးပြသနာများဖြစ်ပေါ်နိုင်သည်။

🔺၃။ မေး။ ဘယ်လိုပတ်ဝန်းကျင်မှာ မြင်းဇောင်းဆော က်လုပ်သင့်လဲ။

ဖြေ။ လေကောင်းလေသန့်ရသောနေရာမျာအရိပ် ကောင်းသောနေရာများတွင်မြင်းဇောင်းကို တောင်ဘက်(သို့)မြောက်ဘက်သို့မျက်နှာမူ၍ အရှေ့နှင့်အ နောက် အတန်းလိုက် ဆောက်လုပ်သင့်ပါသည်

🔺၄။ မေး။ မြင်းပြုစုစောင့်ရှောက်မှု(Grooming)ကိုဘယ်လိုလုပ်သင့်လဲ။
ဖြေ။ မြင်းပြုစုစောင့်ရှောက်မှု(မြင်း၏တကိုယ် ရေသန့်ရှင်းမှု)ကို ၁ရက်လျှင် အနည်းဆုံး(၁)ကြိမ်ပြု လုပ်ပေးသင့်သည်။ အသုံးအဆောင်ပစ္စည်းများကို မြင်း ၁ကောင်ချင်းဆီအတွက် သီးသန့်ထားသင့်သ ည်။ ပုံမှန်စောင့်ရှောက်သွားပါကမြင်း၏ ကျန်းမာရေးအတွက်များစွာအထောက်အကူရရှိသည့်အပြင် လူနှင့်ပိုမိုရင်းနှီးမှုရရှိစေပါသည်။

🔺၅။ မေး။ ကောက်ရိုး၊မြက်တို့ကို ရေဆေးပြီးကျွေးသင့်ပါလား။
ဖြေ။ ရေဆေးပြီးကျွေးလျှင်ကောင်းပါသည်။ ပရိုတင်းနှင့်အခြားအဟာရများပါဝင်သော မြက်မျိုးများကိုစိုက်ပျိုး၍ကျွေးလျှင် ပိုမိုကောင်းမွန်သည့်အပြင်အစာနု(Concentrated)စရိတ်များလျှော့ချနိုင်ပါသည်။

🔺၆။ မေး။ မြင်းငယ်လေးများ မြင်းချေးစားလျှင်ဘာဖြစ်နိုင်လဲ။
ဖြေ။ မြင်းငယ်လေးများ မြင်းချေးစားလျှင်ခန္တာကိုယ်တွင်းအကျိုးပြုအနုဇီဝပိုများ(Probiotic)တိုးပွားရရှိစေပါသည်။

🔺၇။ မေး။ မြင်းများ အဝလွန်ခြင်းကို ဘယ်လိုထိန်းချုပ် လဲ။
ဖြေ။ အစေ့အဆန်၊အစာနု(Concentrated)အလွန် အကျွံကျွေးလျှင် အဝလွန်နိုင်သည်ထိန်းကျွေးရန်လိုအပ်သည်။ အဝလွန်သောမြင်းသည် အပူရှပ်ခြင်း
(Heatstroke)ဖြစ်ရန်လွယ်ကူပါသည်။ အဝလွန်ခြင်းမှအကောင်းဆုံးကာကွယ်ရန်မှာ ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ပေးရမည်။အဟာရကျွေးမွေးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ ဟန်ချက်ညီရန်အထူး
လိုအပ်ပါသည်။

🔺၈။ မေး။ မြင်းတွေကို ၁ရက်လျှင် ဘယ်နှကြိမ်လွှတ် ကျောင်းသင့်ပါလဲ။
ဖြေ။ ၁ရက်လျှင်(၂)ကြိမ် လွှတ်ကျောင်းသင့်ပါသည်။ လွှတ်ကျောင်းခြင်းမပြုဘဲဇောင်းထဲတွင် ကြာမြင့်စွာထားပါကအကြောအချဥ်များတုံ့ဆိုင်းခြင်းနှင့်ခြေလက်များနာကျင်ခြင်းများဖြစ်စေပါသည်။

🔺၉။ မေး။ မြင်းတွေဟာ မြင်းထိန်းကိုကြောက်နေသင့်ပါလား။
ဖြေ။ လုံးဝမှားယွင်းသောအယူအဆဖြစ်သည်။ကြောက်ရွံ့နေစေရန် မြင်းကိုနှိပ်စက်ခြင်းသည် တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု(Animal abuse)နှင့်ညိစွန်းသည့်အတွက်ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်(FEI)မှ အရေးယူနိုင်သည်။

🔺၁၀။ မေး။ မြင်းများကို တနေ့လျှင် ရေဘယ်နှကြိမ်တိုက်သင့်လဲ။
ဖြေ။ ရေကောင်းရေသန့်ကို လိုအပ်သလိုသောက် သုံးနိုင်ရန် ၂၄နာရီလုံးမြင်းဇောင်းတွင်ထားရှိပေးရပါမည်။

🔺၁၁။ မေး။ ဘယ်လိုကာကွယ်ဆေးများထို့သင့်လဲ။
ဖြေ။ မေးခိုင်ရောဂါကာကွယ်ဆေးနှင့်ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံသင့်သည်။

🔺၁၂။ မေး။ ၁နှစ်လျှင် သန်ဘယ်နှကြိမ်ချသင့်လဲ၊ဝဲရောဂါကိုဘယ်လိုကုသသင့်လဲ။
ဖြေ။ ၁နှစ်လျှင်(၂)ကြိမ် သံချပေးသင့်သည်။သံချဆေးတမျိုးတည်းကို စွဲမြဲစွာအသုံးပြုလျှင်ဆေးယဥ်ပါးနိုင်၍ လိုအပ်သလိုပြောင်းလဲအသုံးပြုရမည်။
ဝဲရောဂါသည် ကူးစက်နိုင်ပြီး တတ်သိနားလည်သော ပညာရှင်များနှင့်တိုင်ပင်၍ အမြစ်ပြတ်သည်အထိ စန စ်တကျကုသသင့်သည်။

🔺၁၃။ မေး။ အရေးပေါ်ကိစ္စများတွင်အသုံးပြုရန် ဘယ်ဆေးတွေဆောင်ထားသင့်လဲ။
ဖြေ။ N/S, Analjesic drugs, Anti Flammatory drugs, Electrolytes Drip set, Pump, Oral salt.

🔺၁၄။ မေး။ မြန်မာတိုင်းရင်းဆေးများသုံးသင့်လား။
ဖြေ။ ဆေးလွန်ခြင်း(Over doses)မဖြစ်အောင်
ဂရုစိုက်သင့်သည်။ပွေးကိုင်း၊ကနခို အစရှိသောဆေးများလွန်သွားလျှင် အန္တရာယ်ရှိသည်။

🔺၁၅။ မေး။ တရိစ္ဆာန်ဆေးကုဆရာဝန်ကဏ္က ဘယ်လိုအရေးကြီးလဲ။
ဖြေ။ အပူရှပ်ခြင်းနှင့် ဗိုက်နာခြင်းများဖြစ်လျှင် ဆရာဝန်ထံချက်ချင်းအကြောင်းကြားပြီး ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရန်အရေးကြီးသည်။

🔺၁၆။ မေး။ အရေးပေါ်အခြေအနေများတွင်ဘာတွေလုပ်ထားသင့်လဲ။
ဖြေ။ အပူရှပ်ခြင်းကြောင့်ဖြစ်ပေါ်လာသောအရေးပေါ်အခြေအနေတွင် မြင်းကိုအရိပ်ရသော၊အေးသောနေရာသို့ ပြောင်းရွှေ့ထားပါ၊ လိုအပ်လျှင်
ရေအေးကို အဆက်မပြတ်လောင်းပေးပါ၊ Electroly tes များတိုက်ကျွေးခြင်း၊အကြောမှသွင်းခြင်းများပြုလုပ်ပါ။ဗိုက်နာခြင်းကြောင့်ဖြစ်ပေါ်လာသော
အရေးပေါ်အခြေအနေတွင် မြင်းမှလူးလှိမ့်နေလျှင် ပွန်းပဲ့ခြင်းကြောင့်ဒါဏ်ရာများမဖြစ်ပေါ်စေရန်အတွက်ကောက်ရိုး(သို့)လွှစာများကို ထူထူထဲထဲ
ခင်းပေးပါ၊အနာအကျင်သက်သာစေမည့် Analjesic drugs များထိုးပေးပါ၊ Analjesic ဆေးတောင့်(ဂြိုလ်တု)ကို စအိုမှထည့်ပေးပါ။

🔺၁၇။ မေး။ မြင်းစီးသင်တန်းများတွင် သားဖောက်ခြင်းပြုလုပ်သလား။
ဖြေ။ ကိုယ်ဝန်ဆောင်မြင်းမအား သင်တန်းတွင် အသုံးမပြုသင့်ခြင်းကြောင့် မွေးမြူရေးမြင်းဇောင်းများတွင်သာသားဖောက်ခြင်းပြုလုပ်သင့်ပါသည်။

🔺၁၈။ မေး။ အဖွဲ့ချုပ်မှ သင်တန်းများ​ပို့ချရန်အစီအစဥ် ရှိပါလား။
ဖြေ။ ၂၀၂၄ခုနှစ်အတွက် ၁နှစ်စာ သင်တန်းအချိန်ဇယားများ ရေးဆွဲထားပြီးဖြစ်သည်။လိုအပ် ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်။

🔺၁၉။ မေး။ အဖွဲ့ချုပ်အနေဖြင့် ခွာလှီး/ခွါရိုက်သင်
တန်းများကို ပြည်ပမှပညာရှင်များခေါ်ယူ၍ သင်တန်းပို့ချရန်အစီအစဥ်ရှိပါလား။
ဖြေ။ အစီအစဥ်များ ရေးဆွဲထားပြီးဖြစ်ပါသ ည်။

🔺၂၀။ မေး။ အဖွဲ့ချုပ်အနေဖြင့် ယခုကဲ့သို့အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ပေးရန်အစီအစဉ်ရှိပါလား။
ဖြေ။ အစီအစဥ်များရေးဆွဲထားပြီးဖြစ်
ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....   ...
02/06/2024

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ မြင်းများ အပူရှပ်ခြင်းနှင့် ဆီးချုပ်၊ဝမ်းချုပ်၊လေချုပ်ခြင်းရောဂါများအား*ကာကွယ်တားဆီးခြင်းနှင့်ထိန်းချုပ်ခြင်း*(Prevention and Control of Heatstroke and Equine Colic) ခေါင်းစဥ်ဖြင့် အလုပ်ရုံဆေးနွေးပွဲကို

၂၀၂၄ခုနှစ်၊ဇွန်လ၊(၂)ရက်(တနင်္ဂနွေနေ့) နေ့လည် ၁နာရီကဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိမြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ရုံး ခန်းမ၌ကျင်းပခဲ့ရာ...

မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်း ကျောင်းပြုသူများ၊မြင်းပိုင်ရှင်များ၊တိရိစ္ဆာန်ဆေးကုပညာရှင်များနှင့် စိတ်ပါဝင်စားသူများ လူဦးရေ(၇၀)ခန့် တက်ရောက်ကြပါသည်။

အခမ်းအနား၌ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်မှနှုတ်ခွန်းဆက်
အမှာစကားပြောကြားရာတွင် …..

“ယခုလို အလုပ်ရုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားစွာတက်ရောက်လာကြသည့်အတွက် အထူးဝမ်းသာမိကြောင်း၊ ကုန်လွန်ခဲ့သည့်ရက်များအတွင်း ပူပြင်းလွန်းသောရာသီဥတုကြောင့် မြင်းများတွင် အပူရှပ်ခြင်းများဖြစ်ပေါ်ကာ အသက်ဆုံးရှုံးရသည်အထိ ခံစားကြရကြောင်း၊တဆက်တစပ်တည်းမှာပဲ အပူဒါဏ်ကြောင့် မြင်းများသည် ချွေးထွက်လွန်ပြီး ရေဓာတ်ဆုံးရှုံးမှုဖြစ်ကာ ဗိုက်နာခြင်း ဆီးချုပ်၊ဝမ်းချုပ်၊လေချုပ်ခြင်းများကလည်း စောလျင်စွာမသိရှိပါက အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ကြီးမားကြောင်း၊

သို့ဖြစ်၍ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်းကို စနစ်တကျသိရှိစေနိုင်ရန်၊ မိမိတို့ တန်ဘိုးထားမွေးမြူထားကြသောမြင်းများအား အသက်အန္တရာယ်မှ ကြိုတင်ကာကွယ်စေနိုင်ရန်နှင့် ဆုံးရှုံးမှုများ နည်းသည်ထက် နည်းပါးနိုင်စေရန်ရည်ရွယ်လျှက် ယခုလို ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ကြောင်း၊

နောင်အခါများတွင်လည်း အဖွဲ့ချုပ်အနေဖြင့် အလျင်းသင့်သလို သက်ဆိုင်ရာခေါင်းစဥ်များအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုးထွန်းမှ မြင်းများအပူရှပ်ခြင်းနှင့်ဗိုက်နာခြင်းခေါင်းစဥ်များဖြင့် အကယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

​ဆက်လက်၍ တက်ရောက်လာသူများအားအုပ်စုများဖွဲ့၍ အဖွဲ့လိုက်ဆွေးနွေးမှုများပြုလုပ်ကာ ၎င်းအဖွဲ့များ၏ ဆွေးနွေးမှုရလဒ်များအား ဒေါက်တာသန်းနိုင်မှ ဦးဆောင်၍ အကျယ်တဝင့် ပြန်လည်ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသူအားလုံး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ညနေ ၄နာရီတွင် အလုပ်ရုံဆွေးနွေးပွဲ အခမ်း
အနား အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။

(ယခုကျင်းပခဲ့သော အလုပ်ရုံဆေးနွေးပွဲမှဆွေးနွေးချက်ရလဒ်များအား စနစ်တကျပြုစု၍ မြင်းဝါသနာရှင်များသိရှိနိုင်စေရန် ဖြန့်ဝေသွားပါမည်)

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....   ...
31/05/2024

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည်မြင်းစီးအားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
မြင်းစီးအားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပပြုလုပ်ခဲ့သည်ဖြစ်ရာ ယခုအခါတွင် မြင်းစီးအားကစားနှင့်သက်ဆိုင်သည့် နည်းစနစ်ပိုင်း
ဆိုင်ရာသင်တန်းများကိုလည်း ပုံမှန်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

သို့ဖြစ်၍ မြင်းထိန်းသိမ်းစောင့်ရှောက်မှု(အခြေခံနှင့်အဆင်မြင့်)သင်တန်းအမှတ်စဥ်(၁/၂၀၂၄)အား အောက်ပါအစီအစဥ်များအတိုင်း ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

(က)ပို့ချမည့်သင်တန်း....Groom(Junior/Senior)

(ခ)ပို့ချမည့်ကာလ.(၈.၆.၂၀၂၄မှ၉.၆.၂၀၂၄)အထိ

(ဂ)ပို့ချမည့်နေရာ.မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊မြင်းစီးအားကစားကွင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရန်ကုန်တိုင်းဒေသကြီး

(ဃ)သင်တန်းသားသည် အောက်ဖေါ်ပြပါအရည် အချင်းများနှင့်ပြည့်စုံရမည်။

၁။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ အသင်း ဝင်ဖြစ်ရမည်။(အသင်းဝင်မဖြစ်သေးပါက သင်တန်းကအတွင်း အသင်းဝင်အဖြစ်လျှောက်ထားနိုင်သည်)

၂။ မြင်းစီးအာကစားအတွေ့အကြုံ အနည်း​ဆုံး(၁နှစ်) ရှိရမည်။

၃။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်။

၄။ သင်တန်းပြီးဆုံးသည့်အခါ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အခါအားလျော်စွာပေးအပ် သောတာဝန်များကိုထမ်းဆောင်နိုင်ရမည်။

(င)သင်တန်းသားဦရေ....(၂၀)ဦးသာသတ်မှတ်ထားပါသည်။

(စ)သင်တန်းကြေး....သင်တန်းသား(၁)ဦးလျှင်
သုံးသောင်းကျပ်ပေးသွင်းရမည်။

(ယခုဖွင့်လှစ်မည့် အခြေခံနှင့်အဆင့်မြင့်

မြင်းထိန်းသိမ်းမှုသင်တန်းအား ရန်ကုန်မြို့နှင့်အနီးနားမှဝါသနာရှင်များအတွက် ဦးစားပေးဖွင့်လှစ်ခြင်းဖြစ်ပါသည်)

🔸🔸🔸သင်တန်းတက်ရောက်လိုသူများသည်

🔹(၅.၆.၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍သတ်မှတ် ပုံစံများအားဖြည့်စွက်ပြီးအောက်ဖော်ပြပါ ဖုန်းနံ ပါတ်များသို့ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်။

🔹သင်တန်းပြီးဆုံး အောင်မြင်ပါက အဖွဲ့ချုပ်မှအသိအမှတ်ပြုလက်မှတ်ပေးအပ်မည်ဖြစ်သည်။

❇️အသေးစိတ် သိရှိမေးမြန်းလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ ====================

ဦးဌေးကျော်....၀၉၇၉၅၄၀၈၀၅၂

ဦးသန်းဝင်း....၀၉၅၀၂၁၃၂၈

ဒေါ်သဇင်ထွန်း....၀၉၄၄၃၁၇၀၅၅၅

ဦးဝင်းအောင်....၀၉၄၃၂၀၆၇၃၂

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....   ...
28/05/2024

မြင်းစီးအားကစားဝါသနာရှင်များ၊မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊မြင်းချစ်သူများခင်ဗျာ.....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ မြင်းများ အပူရှပ်ခြင်းနှင့် ဆီးချုပ်၊ဝမ်းချုပ်၊ လေချုပ်ခြင်းရောဂါများ”ကာကွယ်တားဆီးခြင်းနှင့်ထိန်းချုပ်ခြင်း”(Prevention and Control of Heatstroke and Equine Colic) ခေါင်းစဥ်ဖြင့်

အလုပ်ရုံဆေးနွေးပွဲကို ၂၀၂၄ခုနှစ်် ဇွန်လ(၂)ရက် (တနင်္ဂနွေနေ့)နေ့လည် ၁နာရီမှ ညနေ ၄နာရီအထိ
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ရုံးခန်းမ၌ ကျင်းပမည်ဖြစ်ရာ....

မြင်းစီးအားကစားသမားများ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူများ၊ မြင်းပိုင်ရှင်များ၊ တိရိစ္ဆာန်ဆေးကုပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြပါရန်

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဖိတ်ခေါ်အပ်ပါသည်။

နေရာထိုင်ခင်းကြိုတင်စီစဉ်နိုင်ရန်အတွက်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လိုသူများသည်(၃၀.၅.၂၀ ၂၄)ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါသည်။

၁။၀၉၂၅၈၇၈၉၄၃၄(အထွေထွေအတွင်းရေးမှူး)

၂။ ၀၉၄၃၂၀၆၇၃၂(အလုပ်အမှုဆောင်/သတင်းနှင့်ပြန်ကြားရေး)

၃။ ၀၉ ၅၁၅၈၀၁၇ ဒေါက်တာစိုးထွန်း(ရုံးအဖွဲ့မှူး)

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....       မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီး ကြပ်မှုဖြင်...
22/05/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြင်းစီးအားကစား တိုးတက်ဖွံ့ဖြိုးစေရန်ရည်ရွယ်လျှက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အား အောက်ဖော်ပြပါအမှုဆောင်အဖွဲ့ဝင်(၁၅)ဦးပါဝင်သောအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းပေးလိုက်ပါသည်။

၁။ ဦးပြုံးမောင်မောင် (ဥက္ကဋ္ဌ)

၂။ ဦးကျင်ဦး (ဒုတိယ ဥက္ကဋ္ဌ- ၁)

၃။ ဦးအေးချို (ဒုတိယ ဥက္ကဋ္ဌ​- ၂)

၄။ ဦးဌေးကျော် (အထွေထွေအတွင်းရေးမှူး)

၅။ ဦးသန်းဝင်း (အလုပ်အမှုဆောင်/စာရင်းစစ်)

၆။ ဒေါ်သဇင်ထွန်း (အလုပ်အမှုဆောင်/ဘဏ္ဍာရေးမှူး)

၇။ ဦးသန့်စင်မိုး (အလုပ်အမှုဆောင်)

၈။ ဒေါက်တာဆန်းထွန်းဦး(အလုပ်အမှုဆောင်)

၉။ ဒေါ်ခင်နှင်းပွင့်ပြုံး (အလုပ်အမှုဆောင်)

၁၀။ ဒေါ်အေးသက်တာ (အလုပ်အမှုဆောင်)

၁၁။ ဦးသန်းစိုး (အလုပ်အမှုဆောင်)

၁၂။ ဦးအောင်မြတ်ထွန်း(အလုပ်အမှုဆောင်)

၁၃။ ဒေါ်အေးသီတာမိုး (အလုပ်အမှုဆောင်)

၁၄။ ​ဦးသိန်းဝင်း (အလုပ်အမှုဆောင်)

၁၅။ ဦးဝင်းအောင် (အလုပ်အမှုဆောင်)

သတင်းနှင့်ပြန်ကြားရေး

21/05/2024

မြင်းစီးအားကစားသမားများနှင့်မြင်းချစ်သူများခင်ဗျာ …..

၂၀.၅.၂၀၂၄(တနင်္လာနေ့)ကမြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်နှင်းပွင့်ပြုံး၊ဦးချမ်းမြေ့ဝင်းနှင့် မြန်မာ့လက်ရွေးစင်မြင်းစီးအားကစားသမား ဒေါ်အိသက်မွန်တို့သည်

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၌ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ တန်းခုန်မြင်းစီးအားကစား (International Show Jumping)၏ ကစားကွင်းပုံစံဖော်ထုတ်မှု(Course Designer)သင်တန်းတက်
ရောက်ရန်အတွက်

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်မှ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့သို့ Malaysia Airline ဖြင့်ထွက်ခွါသွားကြပါသည်….

သင်တန်းကာလမှာ(၂၁.၅.၂၀၂၄) မှ (၂၄.၅.၂၀၂၄) အထိ ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....        မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး ၍ ...
21/05/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်တကွမြင်းချစ်သူများခင်ဗျာ....

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး ၍ Endurance Qualification (ခရီးရှည်မြင်းစီးအား ကစားပြိုင်ပွဲ *လက်ရည်စစ်*ပြိုင်ပွဲများ)ကျင်းပလာသည်မှာ ဒုတိယအကျော့အထိပြီးမြောက်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ တတိယအကျော့ ၈၅ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ(FEI 1* Endurance Qualification Round 3 85 km)အား ၂၀၂၄ခုနှစ်၊ဇွန်လ၊(၃၀)ရက်တွင်နေပြည်တော်၌ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်လိုသောကလပ်အသင်းများအနေဖြင့် စခန်းသွင်းလေ့ကျင့်လိုပါက ပြိုင်ပွဲရက်မတိုင်မီ ရက်(၃၀) ကြိုတင် စာရင်းပေးသွင်းပြီးစခန်းသွင်းလေ့ကျင့်နိုင်မည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို ထပ်မံကြေငြာပေးပါမည်…….

သတင်းနှင့်ပြန်ကြားရေး

☀️နွေရာသီ၏အပူတွင် မြင်းများကို စီမံခန့်ခွဲခြင်း☀️မြင်းချစ်သူများ၊မြင်းစီးအားကစားဝါသနာရှင်များခင်ဗျာ....ယခုကဲ့သို့ ပူပြင်...
19/05/2024

☀️နွေရာသီ၏အပူတွင် မြင်းများကို စီမံခန့်ခွဲခြင်း☀️

မြင်းချစ်သူများ၊မြင်းစီးအားကစားဝါသနာရှင်များခင်ဗျာ....

ယခုကဲ့သို့ ပူပြင်းခြောက်သွေ့လှသော နွေရာသီတွင် မြင်းများတွေ့ကြုံခံစားရသည့် အပူရှပ်ခြင်း၊ချွေးထွက်လွန်ခြင်းဝေဒနာများအတွက် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဆောင်း​ပါးအား မြင်းဝါသနာရှင်များ လိုက်နာဆောင်ရွက်စေလိုခြင်းအလို့ငှာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဘာသာပြန်၍ ဖြန့်ဝေတင်ပြလိုက်ရပါသည်။

သတင်းနှင့်ပြန်ကြားရေး

18/05/2024

၁၇.၅.၂၀၂၄(သောကြာနေ့)နံနက် ၈နာရီကဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊ဆားမလောက်ကျေးရွာရှိ တို့ခေတ် မြင်းစီးအသင်း၌

ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအားကစားဆပ်ကော်မတီတို့ ပူးပေါင်းစီစဥ်မှုဖြင့်ကျင်းပသော မြို့နယ်ပေါင်းစုံ(ဖိတ်ခေါ်)မြင်းစီးအားကစားပြိုင်ပွဲတရပ်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

🔔ပြိုင်ပွဲများကို နံနက် ၈နာရီမှာစတင်ယှဥ်ပြိုင်ရာတွင်

▫️ပထမတွဲဆိုင်းအဖြစ် အားကစားသမားမိုးဒီ မြင်းအမည်ရွှေတိုးနှင့် အားကစားသမား မျိုးသူထက် မြင်းအမည်အားမာန်ထူးတို့အတွဲ၌ အားကစားသမားမိုးဒီနှင့် မြင်းအမည် ရွှေတိုးတို့က ညောင်တုန်းမြို့နယ်ကိုယ်စားပြု၍လည်းကောင်း၊

▫️ဒုတိယတွဲဆိုင်းအဖြစ် အားကစားသမားအကြီးကောင် မြင်းအမည်ရွှေလုံးနှင့် အားကစားသမားနေတိုး မြင်းအမည်စတားတို့ယှဥ်ပြိုင်ရာတွင် အားကစားသမားအကြီးကောင်နှင့် မြင်းအမည်ရွှေလုံးတို့က ညောင်တုန်းမြို့နယ်ကိုယ်စားပြု၍လည်းကောင်း၊

▫️တတိယတွဲဆိုင်းအဖြစ်အားကစားသမားသက်ပိုင်စိုး မြင်းအမည်
ဗမာ့သွေးနှင့် အာကစားသမားကျော်ဇင် မြင်းအမည်စတားဗိုလ်တို့ယှဥ်ပြိုင်ရာတွင်

🏆အားကစားသမားသက်ပိုင်စိုးနှင့်မြင်းအမည်ဗမာ့သွေးတို့ကမြန်အောင်မြို့နယ်ကိုယ်စားပြု၍လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြကာ

နံနက် ၁၀:၃၀နာရီတွင် နံနက်ပိုင်းပြိုင်ပွဲများပြီးဆုံးခဲ့ပါသည်။

🔔ညနေ ၃နာရီတွင် ကျန်ရှိနေသော တွဲဆိုင်းများဆက်လက်ယှဥ်ပြိုင်ရာတွင်

▫️စတုတ္ထတွဲဆိုင်းအဖြစ် အားကစားသမားကျော်သီဟ မြင်းအမည် ခိုင်ရွှေဝါနှင့် အားကစားသမားအေးစိုး မြင်းအမည်တောသူမတို့အတွဲ၌ အားကစားသမားကျော်သီဟနှင့်မြင်းအမည်ခိုင်ရွှေဝါတို့က ဇလွန်မြို့နယ်ကိုယ်စားပြု၍လည်းကောင်း၊

▫️ပဥ္စမတွဲဆိုင်းအဖြစ်အားကစားသမားမရာဇာလင်း မြင်းအမည်ရွှေယမင်းနှင့် အားကစားသမားစိုးလေး မြင်းအမည်စိန်မမတို့ယှဥ်ပြိုင်ရာတွင်

🏆အားကစားသမားရာဇာလင်း မြင်းအမည် ရွှေယမင်းတို့က ဓနုဖြူမြို့နယ်ကိုယ်စားပြု၍လည်းကောင်း အနိုင်ရရှိသွားကြကာ ညနေ ၅နာရီတွင် ပြိုင်ပွဲများအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ယခုပြိုင်ပွဲ၌အနိုင်ရရှိသည့်အားကစားသမားများနှင့်မြင်းများသည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုနေ့တခွန်စိုက်ဖလား မြင်းစီးအားကစားပြိုင်ပွဲကြီး၌ ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ခံနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်အတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများ၌ စဥ်ဆက်မပြတ်ကြိုးစားယှဥ်ပြိုင်သွားကြရမည်ဖြစ်သည်။

မြင်းစီးအားကစားပြိုင်ပွဲသို့ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအားကစားဆပ်ကော်မတီဥက္ကဌဦးသန်းစိုးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် မြင်းစီးအားကစားဝါသနာယှဉ်ပရိသတ်များ တခဲနက်အားပေးကြည့်ရှုခဲ့ကြပါသည်။

အနိုင်ရအားကစားသမားများနှင့်မြင်းများအား ပြိုင်ပွဲသို့တက်ရောက်လာကြသော တာဝန်ရှိသူအသီးသီးတို့က ဆုတံဆိပ်များချီးမြှင့်ခဲ့ကြပါသည်။

ယခုကျင်းပသွားသော ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး မြင်းစီးအားကစားဆပ်ကော်မတီတို့ပူးပေါင်းစီစဥ်မှုဖြင့်ကျင်းပသောမြို့နယ်ပေါင်းစုံ(ဖိတ်ခေါ်)မြင်းစီးအားကစားပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် ညောင်တုန်းမြို့နယ်၊ဆားမလောက်ကျေးရွာရှိ "တို့ခေတ်" မြင်းစီးအသင်းမှ အဓိကကူညီပံ့ပို့ကြောင်း သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေး

၂၀၂၄ခုနှစ်၊မေလ၊(၁၀)ရက်(သောကြာနေ့)ညနေ ၃နာရီက မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များ လပတ်အစည်းအဝေး...
10/05/2024

၂၀၂၄ခုနှစ်၊မေလ၊(၁၀)ရက်(သောကြာနေ့)ညနေ

၃နာရီက မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏

ဗဟိုအလုပ်အမှုဆောင်များ လပတ်အစည်းအဝေး

အား ​ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိမြန်မာနိုင်ငံ

မြင်းစီးအားကစားအဖွဲ့ချုပ်၊မြင်းစီးကွင်း၊အစည်းအ

ဝေး ခန်းမ၌ကျင်းပခဲ့ရာအဖွဲ့ချုပ်ဥက္ကဌနှင့်တကွ ဒု

ဥက္ကဋ္ဌ (၁) ၊ ဒုဥက္ကဋ္ဌ (၂) ၊ အထွေထွေအတွင်းရေးမှူးနှ

င့် ဗဟိုအလုပ်အမှုဆောင်များ စုံညီစွာတက်ရောက်ကြ

ပါသည်။

ရှေးဦးစွာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်မှ

အဖွဲ့ချုပ်၏ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများ၊

ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ၂၀၂၄ခုနှစ်ပြက္ခဒိန်

အတိုင်းဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း စ

ဥ်များအား အသေးစိတ် တင်ပြ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဒုဥက္ကဋ္ဌ (၁) ဦးကျင်ဦးသည်

ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေး

နွေးခြင်းနှင့် မိမိတာဝန်ယူထားရသော အဖွဲ့ချုပ်၏

အုပ်ချုပ်မှုလုပ်ငန်းစဥ် ၊ သတင်းနှင့် ပြန်ကြားရေး

လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုဥက္ကဋ္ဌ (၂) ဦးအေးချိုမှ ဒဂုံမြို့သစ်

(မြောက်ပိုင်း)မြို့နယ်ရှိ အဖွဲ့ချုပ်၏မြင်းစီးအားကစား

ကွင်းကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် နေရာချထားရေး

ကိစ္စရပ်များနှင့်စပ်လျဥ်း၍ဆွေးနွေးသွားပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်

လာကြသော ဗဟိုအလုပ်အမှုဆောင်များမှ မိမိတို့

တာဝန်ယူထားရသော ကဏ္ဍများအလိုက်အသေးစိတ်

ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ညနေ ၆နာရီတွင် လပတ်

အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....၆.၅.၂၀၂၄(တနင်္လာနေ့)ယမန်နေ့နေ့လည် ၂နာရီက မွေးမြူရေးသုတေသနဦးစီ...
07/05/2024

မြင်းစီးအားကစားဝါသနာရှင်များနှင့်မြင်းချစ်သူများခင်ဗျာ....

၆.၅.၂၀၂၄(တနင်္လာနေ့)ယမန်နေ့နေ့လည် ၂နာရီက မွေးမြူရေးသုတေသနဦးစီးဌာန နှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်တို့အကြား သုတေသနဆိုင်ရာ သဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေပြည်တော်(ရေဆင်း)ရှိမွေးမြူရေးသုတေသန(ရုံးချုပ်) ၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ

မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ မြန်မာနိုင်ငံမြင်းစီးအားက စားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊အထွေထွေ အတွင်းရေးမှူး ဦးဌေးကျော်၊ အဖွဲ့ချုပ် တိ/ကုကော်မ တီဥက္ကဋ္ဌ ဒေါက်တာဆန်းထွန်းဦးနှင့် မွေးမြူရေး သုတေသနဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ရှေးဦးစွာအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ မွေးမြူရေးသုတေသနဦးစီးဌာနနှင့် ​အဖွဲ့ချုပ်တို့အကြားသုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့်မှ မြင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာကိစ္စနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်မှ အဖွဲ့ချုပ်၏လုပ်ငန်းတာဝန်များကိုလည်းကောင်း၊မြင်းစီးအားကစားနည်းများအလိုက် အသုံးပြုမည့်မြင်းအမျိုးအစားအချို့နှင့်စပ်လျဥ်း၍လည်းကောင်း၊ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ(Endurance)ယှဥ်ပြိုင်ကျင်းပပုံက်ိုလည်းကောင်း၊မြန်မာနိုင်ငံရှိ မြင်းမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်သုတေသနလုပ်ငန်းပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များအားဆွေးနွေးပြီး ဥဦးစီးဌာနနှင့်အဖွဲ့ချုပ်ကိုယ်စားလှယ်များပါဝင်သည့် Working Group တခုဖွဲ့စည်းဆောင်ရွက်နိုင်ရန်အကြံပြုဆွေးနွေးခဲ့ပါသည်။

ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာနနှင့်မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်တို့အကြား “။ သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ (L.O.A) ” အား ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဆောဘောမ်နှင့် ​အဖွဲ့ချုပ်မှ ဒေါက်တာဆန်းထွန်းဦးတို့ကအသီးသီးလက်မှတ်များရေးထိုးခဲ့ကြကာ ညနေ ၃:၁၅နာရီခန့်တွင် တက်ရောက်လာသူများအားလုံး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်

Address


Alerts

Be the first to know and let us send you an email when Myanmar Equestrian Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share