Love Birds Palace

Love Birds Palace Lovely birds for reasonable prices and high quality.

Page မှာ အာမချောင်ရတာလဲကြာပြီမလို့Lovebird အ၀ါလေးတွေအကြောင်းနည်းနည်းလောက်ဆွေးနွေးရအောင်လားဗျာ အမှားလေးတွေအမှန်ပြင်ပေးဖို...
12/07/2023

Page မှာ အာမချောင်ရတာလဲကြာပြီမလို့
Lovebird အ၀ါလေးတွေအကြောင်းနည်းနည်းလောက်ဆွေးနွေးရအောင်လားဗျာ အမှားလေးတွေအမှန်ပြင်ပေးဖို့ အားလုံးရဲ့အမြင်လေးတွေကိုလဲ ကြိုဆိုပါတယ်🙏
ပထမဆုံး
Yellow lovebird ဘယ်နှမျိုးရှိလဲအရင်ခွဲကြည့်ရအောင်🤔
1️⃣yellow fischer lovebird
2️⃣(blackmasked)parsonata lutino lovebird
3️⃣peachface lutino lovebird
ကျန်တဲ့အမျိုးစားလေးတွေရှိသေးပေမယ့် မြန်မာပြည်မှာအမွေးများတာလေးတွေပဲပြောပါရစေ (နားရှုပ်သွားမှာစိုးလို့)
[လောလောဆယ်အမွေးများတာအဲ့(3)မျိုးရှိတယ်ပေါ့ဗျာ]
ကျွန်တော်ကလောလောဆယ် 1️⃣yellow fischer lovebird လေးတွေအကြောင်းလေးပြောပြပါမယ် သိချင်ရင်ဆက်ဖတ်ပေးပါအုံး......
1️⃣ yellow fischer lovebird ကိုမှ
>normal yellow fischer lovebird
>lutino fischer lovebird (မျက်နီပေါ့ဗျာ)
>yellow opaline lovebird(black eye )
>lutino opaline fischer lovebird(သူကဆရာကြီးပေါ့)
#မြန်မာပြည်မှာအတွေ့များတာက
Normal yellow fischer နဲ့ lutino fischer lovebird လေးတွေပေါ့ yellow opaline နဲ့ lutino opaline fischer lovebird ကတော့ ရှားနေသေးတယ်ဗျ ရှိချင်လဲရှိမှာပေါ့
[_____နာမည်နဲ့ပုံစံလေးတွေပြောပြမယ်ဗျ____]
>Normal Yellow fischer lovebird
-ကိုယ်လုံးအ၀ါရှိမယ်
-မျက်လုံးနက်မယ်
-ခေါင်းလိမ္မော်ရောင်ရှိမယ်လိမ္မော်ရောင်ကလယ်ပင်းထိမ ရောက်ပဲ ကိုယ်လုံးအ၀ါနဲ့ရောသွားတယ် မျက်လုံးထဲမြင်အောင်ပြောရရင် ခေါင်နဲ့ကိုယ်ကြားအရောင်မပြတ်သားပဲရောသွားတယ်ပေါ့ဗျာ
-အမှီကအ၀ါဖြစ်မယ် အမှီးမှာအနီပါပေမယ့်ဖြဲကြည့်မှတွေ့ရသလောက် နည်းတယ်
-အမှီးအထက်အတောင်နှစ်ခုကြားမှာ အပြာရောင်လေးတွေပါတက်တယ်
(ဒါကတော့ကျွန်တော်သိသလောက်ပေါ့ သိတာလေး ထပ်ဖြည့်ပေးဖို့ တောင်းဆိုပါတယ်)🫡

>Lutino fischer lovebird
-တော်တော်များများ normal fischer lovebird နဲ့အတူတူပဲ
-သူကတော့မျက်လုံးနီတာပေါ့
-တချို့ကောင်လေးတွေ အရောင်ပိုတောက်ပြီး yellow opaline နီးပါ ခေါင်းလေးတွေ dark orange အရောင်ရှိပြီး ကိုယ်နဲ့ခေါင်းကြားအရောင်လေးတွေတိတိရိရိရှိတယ် ယှဥ်ကြည့်မှကွဲပြာတာတွေ့သလောက်ကိုတူတယ်ပေါ့(ဒီလောက်ပဲကျွန်တော်သိပါတယ်😪)

>yellow opaline fischer lovebird
-တချို့ Quality ကိုလိုက်ပြီးခေါင်းနီတယ် တချို့က dark orange ပေါ့ အနီလောက်မရဲ ပေမယ့် အ၀ါထက်တော့ရဲနေတဲ့အရောင်ပေါ့(ကြားကျနေတာ)
-ခေါင်းကနေလယ်ပင်းထိ တစ်ရောင်ထဲသွားတယ် ကိုယ်နဲ့ခေါင်းကြားမှာမျည်းကွေးလေးဆွဲထားသလို အရောင်ကကွဲပြားနေပါတယ်(အရမ်းလှပါတယ်)
-သူကမျက်စိမနီဘူး(lutino opaline fischer lovebird ကနေလဲ split ဖြစ်ပြီး သားပေါက်တက်ပါတယ်)
-အမှီးက အပေါ်(၂)ကောင်ထက်ပိုပြီးအနီများပါတယ်

>Lutino opaline fischer lovebird
-အမှီးနီမယ်
-ခေါင်းက dark orange ဖြစ်ရင်ဖြစ် မဖြစ်ရင် နီမယ်
-မျက်စိနီမယ်
-ခေါင်ကနေလယ်ပင်းအ၀ိုက်ထိ တစ်ရောင်ထဲဖြစ်မယ်
ခေါင်နဲ့ကိုယ်အရောင်ကရောနှောနေတာမရှိပဲ မျည်တား ထားသလို ကွဲပြားနေမယ်
-စျေးက အပေါ်ကကောင်တွေထက်ကိုပိုကြီးမယ်
-ပိုလဲလှတယ် ကျွန်တော်လဲပိုကြိုက်တယ်
(ကွဲပြာတာ လေးတွေ ကျွန်တော်သိတာဆိုလို့ဒါပဲရှိတယ်ဗျာ)
____________>____________
မှတ်ချက်
》Googleကနေ translate လုပ်ထားတာမဟုတ်ပဲကျွန်တော်
သိသလောက်ပြန်ပြီး sharing လုပ်တာမို့မပြည်စုံပါဘူးဗျာ
》အားလုံးက beginner တွေအတွက်ရည်ညွန်းပါတယ်
》အ၀ါချင်းတူပြီးစျေးကွာနေရင် အပေါ်ကအချက်လေးတွေနဲ့
ယှဥ်ကြည့်နိုင်အောင် တန်းဖိုးကြီးပါတယ်လို့ လိမ်ရောင်း
တာမခံရအောင် ဗဟုသုတတိုးစေချင်တဲ့သဘောပါ

[အာချောင် by TLA😁😁]

11/05/2023

Lovebird လေးများဝယ်ယူမွေးမြူချင်သူများအနေဖြင့် အောက်ပါ page ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်…
Love Birds Palace page သည်အရောင်းဝယ်တွက်မဟုတ်ပဲ အတွေ့ကြုံအသိပညာလေးများမျှဝေရန်အတွက်သာရည်ရွယ်ပါသည်။

https://www.facebook.com/profile.php?id=100087061723712&mibextid=LQQJ4d

Fun birds breeding farm

26/06/2022

အိမ်ပေါက်လေးများအရွယ်ရောက်😍

Red factor lovebird နဲ့ red suffusion lovebird ကွာတာလေးတွေ သိသလောက်ပြောကြည့်မယ်ဗျာ✌✌》🍎_Red factor lovebird_🍎《-Red factor...
08/05/2022

Red factor lovebird နဲ့ red suffusion lovebird ကွာတာလေးတွေ သိသလောက်ပြောကြည့်မယ်ဗျာ✌✌

》🍎_Red factor lovebird_🍎《
-Red factor lovebirdတွေက opaline,Parblue,euwing
တို့လိုပဲ mutation တွေအများကြီးထဲကတစ်မျိုးပါ
-blackmasked lovebird,fischer lovebird,peachface lovebird စသည့်အမျိုးအစာတွေထဲမှာမှ fischer lovebirds(မျက်ကွင်း) တစ်မျိုးထဲမှာပဲ(Adminသိသလောက်) Red factor mutation ကိုတွေ့ရပါသေးတယ်
-RF lovebird ဟာ colours mutation လုပ်ပြီးမှ ရလာတဲ့ mutation တစ်ခုဖြစ်တော့ သားဖောက်ပြီးမျိုးယူနိုင်တာပေါ့
-RF lovebird လေးတွေက မွေးပြီး အမွှေးစထွက်ခါစထဲက အနီရောင်လေးဖြစ်နေမှာပါ
-အနီရောင်ဖြစ်နေရခြင်းကလဲ ကျန်းမာရေးမကောင်းတာနဲ့ လုံးလုံးမသက်ဆိုင်ပါဘူး
-RF lovebird လေးတွေက fischer lovebird ရဲ့ green series တွေကနေပဲ mutation လုပ်ပြီးရယူထားတာပါ
-RF lovebird လို့ ဘာကြောင့်ခေါ်လဲဆိုတော့ ရှင်းပါတယ် သာမန်ထက်ကို ပိုနီနေလို့(အချိုးစားကျနပြီးသေသေသပ်သပ်)ပေါ့
-RF lovebird တွေက တခြား lovebird တွေလိုပဲသက်တမ်းစေ့နေနိုင်ပြီး အနီရောင်ဖြစ်နေတာနဲ့ပတ်သက်ပြီးဘာဆိုးကျိူးမှမရှိပါဘူး
-Adminသိရသလောက် RF lovebird တွေက ရှားပါးပြီး သူရဲ့မျိုးကိုရဖို့သိန်း(20/30)ကြားသုံးရပါမယ်
-မြန်မာနိုင်ငံ(groupတွေpageတွေpostတွေ)မှာတော့ RF lovebirdလေးတွေ ရှိနေတာမတွေ့ရသေးပါဘူး
-RF lovebird လေးတွေ ရအောင် ဘယ်လိုဖောက်ရမလဲဆိုတော့ RF lovebird တစ်ကောင်၀ယ်ပြီး (အင်းအဲ့အဆင့်မှာတင် တစ်သွားပြီး😁)ဒီအဆင့်ကိုတော့ ထီပေါက်မှ ဆက်ရေးပါမယ်
(ကဲဒါကတော့ red factor lovebird လေးတွေအကြောင်းအပေါ်ယံလေးပါ)
_________________//___________//______________

》🍄_Red suffusion lovebird(RS lovebird)_🍄《
-RS lovebird လေးတွေကတော့ သူတို့ရဲ့အရောင်က colours mutation မဟုတ်ပါဘူး ကျန်းမာရေးကြောင့် အနီရောင်ပြောင်းလဲလာခြင်းသာဖြစ်ပါတယ်
-RS lovebird လေးရဲ့အရောင် မွေးဖွားထဲကပါလာတဲ့အရောင်မဟုတ်တဲ့အတွက် သူ့လိုအနီရောင်ရအောင်မျိုးပွားယူလို့မရပါဘူး
- yellow peachface lovebird နဲ့ fischer lovebird နှစ်မျိုးလုံးမှာတွေ့ရပါတယ်
-အမှန်တကယ်တော့ red suffusion ဆိုတာ အသဲရောဂါတစ်ခုကြောင့် ငှက်လေးက အနီရောင်ကိုတဖြည်းဖြည်းပြောင်းလဲလာတာပဲဖြစ်ပါတယ်
-အသက်ရွယ်ကြီးနေတဲ့ငှက်တွေမှာလဲ တစ်ကိုယ်လုံး အနီရောင်ပြောင်လဲလာတာတွေ ဖြစ်ပွားနိုင်ပါတယ်
-RS lovebird လေးတွေက ကျန်းမာရေးမကောင်းတဲ့အတွက် သာမှန်ငှက်တွေလို့ မျိုးပွား နိုင်စွမ်းမရှိတော့ပါဘူး
-စျေးတန်းကိုတော့ Adminလဲမသိပါဘူး
(ဒါကတော့ red suffusion lovebird လေးတွေအကြောင်းအပေါ်ယံပါပဲ)
______________________________________________

(RF lovebird Vs RS lovebird)
By TLA

red factor(RF) Vs red suffution(RS)-ဘာတွေကွာလဲ😏-ရောဂါလား🤮-mutation လား🤔-မျိုးယူလို့ရ/မရ🧐-စျေးတန်းကရော(သူများနိုင်ငံတွေမှ...
06/05/2022

red factor(RF) Vs red suffution(RS)
-ဘာတွေကွာလဲ😏
-ရောဂါလား🤮
-mutation လား🤔
-မျိုးယူလို့ရ/မရ🧐
-စျေးတန်းကရော(သူများနိုင်ငံတွေမှာ)🤑
-ဘယ်ဟာရွေးမလဲ RF or RS🤔
(မပြည့်တဲ့အိုး ဘောင်ပင်ခက်တယ်ပဲပြောရမလား
နည်းနည်းသိရင်နည်းနည်းရေးချင်နေတော့)😁
😊စိတ်၀င်စားကြရင် နည်းနည်းလေးရေးပြပါရစေလို့😊
(Waiting for your response🤩🤩)
By TLA

❤💛Yellow opaline                              & ❤💚💛green euwing opaline
28/04/2022

❤💛Yellow opaline
&
❤💚💛green euwing opaline

03/03/2022

Beloved on new generation 🤩😍!

14/02/2022

ချစ်စရာ အိမ်ပေါက်လေးများ😍😍👏

18/01/2022

Fighting baby….😍🐥💪🏻!

🦜🦜❤️❤️🐥🐥
09/01/2022

🦜🦜❤️❤️🐥🐥

26/11/2021

(1)🤔အုပ်စုလိုက် ခြံအကျယ်ကြီးနဲ့မွေးမလား
(2)🤔တစ်စုံချင်း လှောင်အိမ်နဲ့သီးသန့်မွေးမလား
နှစ်ခုလုံးရဲ့ အားနည်းချက်အားသာချက်လေးတွေသိထားတော့ အခုမှစမွေးမယ့်သူတွေအတွက်အဆင်ပြေတာပေါ့😏

အုပ်စုလိုက်ခြံအကျယ်ကြီးနဲ့မွေးရင်🤔

(အားသာချက်)
👍အစာဖိုးပိုသက်သာမယ်
👍အလုပ်ရှုပ်သက်သာမယ်
👍ငှက်လေးတွေကျယ်ကျယ်ဝန်းဝန်းနေရမယ်
👍ငှက်အဆီပိတ်တာတွေမဖြစ်နိုင်သလောက်နည်းမယ်
(အစာကိုတော့ညီညွတ်အောင်ကျွေးသင့်)
👍ငှက်တွေတွဲဖို့ခေါင်းစားနေစရာမလိုတော့ဘူး
(အချိန်တန်ရင်တွဲသွားတာပဲ)
👆အဲ့ဒါကတော့ ကျွန်တော်သိသလောက်ကောင်းတဲ့အချက်လေးတွေပါ(သိတဲ့အချက်လေးတွေ comment မှာဖြည့်စွတ်ပေးကြပါအုံး🥰)

(အားနည်းချက်)
👎အမျိုအစာအစုံရောထည့်ထားတဲ့ခြံတွေမှာ မျိုးမတူတာ
တွေရောထည့်ထားတဲ့အတွက် hybrid တွေသားပေါက်
နိုင်ပါတယ်
👎ကူစက်ရောဂါတစ်ခုခု ဖြစ်ရင် ခြံထဲကငှက်တွေကို
အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် အဆုံးအရှုံးများ
တက်ပါတယ်(အတုံးအရုန်းသေတက်)
👎 ဥပုံးလုအသိုက်လုပြီး ငှက်အသိုက်ပျက် သားပျက်
ငှက်သေတာမျိုးတွေရှိတက်ပါတယ်
👎မြွေ၊ကြွက်ရန်ကြောက်ရပါတယ်(‌ခြံလုံရင်ပြဿနာမရှိ)
👎သားပေါက်ပြီးကလေးတွေအရွယ်ရောက်လာရင်
တစ်မိဘ ထဲမွေးလာတဲ့ ကလေးအချင်းချင်းပြန်တွဲ
ပြီး တက်ပါတယ်(အပေါက်ထုတ်ရောင်းတဲ့သူဆို
ပြဿနာမရှိ)
👆ဒါလေးတွေကတော့ ကျွန်တော်သိသလောက် ခြံအကျယ်ထဲမှာမွေးရင်ရလာနိုင်တဲ့ဆိုးကျိုးတွေပါ(သိတဲ့အချက်လေးတွေ comment မှာမျှဝေပေးပါအုံး🥰)

(2)🤔တစ်စုံချင်း လှောင်အိမ်နဲ့သီးသန့်မွေးမလား

To be continued🙏🙏🙏

12/11/2021

ဒီတခါပြောပြချင်တာ lb လေးတွေ မိတ်လိုက်တယ်၊ ဥတယ်၊ ဝပ်တယ် မပေါက်ဘူး😩😩? ဘာလို့လဲ?
ပထမဆုံးအနေနဲ့ရှေ့က admin TLA ရေးထားသလိုမှန်ကန်သောစုံ ရွေးချယ်ရမှာဖြစ်ပါတယ်။
LB လေးတွေဟာ အသက် ၉လဝန်းကျင်မှာ စတင်အရွယ်ရောက်ပေမဲ့ (အချို့လဲဤထက်စောနိုင်) နားလည်သူများရဲ့ အကြံပေးချက်အရ တနှစ်သားအထက်ရှိတဲ့ ငှက်ကလေးများကိုသာ သားဖောက်ခြင်းကပိုမိုကောင်းမွန်ပြီး ငှက်ပေါက်လေးများအသက်ရှင်သန်နှုန်းနဲ့ မိမိဖောက်စုံငှက်လေးများကျန်းမာခြင်းအတွက်အရေးကြီးပါတယ်။
အသက်တနှစ်အောက် ငှက်ထီးလေးများဟာမျိုးပွါးနိုင်စွမ်း အားနည်းပြီး သားအောင်မှုနည်းပါးကြောင်းလေ့လာတွေ့ရှိရပါတယ်။ အမလေးများဟာလည်းအသက်တနှစ်အထက်မှသာ ကောင်းမွန်ပြည့်စုံတဲ့ ဥသန္ဓေကိုထုတ်လုပ်နိုင်ပြီး သားအောင်မှုကိုဖြစ်စေပါတယ်။ လိုရင်းချုပ်ရလျှင် lbလေးများဟာ အနည်းဆုံတနှစ်အထက်သက်တမ်းရှိမှကောင်းမွန်သောမျိုးပွါးမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ (မိမိငှက်လေးများဥသော်လည်း သားမအောင်ရခြင်းရဲ့ပထမဆုံးအချက်မှာ အသက်ငယ်နေခြင်း)
သဘာဝလောကမှ လူတို့ရဲ့မွေးမြူမှုအရ အိမ်မွေးဖြစ်လာသော ငှက်လေးများဟာ သဘာဝအမူအကျင့် အနည်းအများဆိုသလိုပြောင်းလဲမှုရှိလာပြီး အချို့ငှက်များဟာမျိုးပြန့်ပွါးမှုဖြစ်စဉ်၌ လိုအပ်ချက်များရှိလာပါတယ်။ ပုံမှန်အားဖြင့် lb ငှက်လေးများ၌ အမကသာ ဥကိုဝပ်၍ သားပေါက်လာပြီး အထီးမ နှစ်ကောင်လုံးမိမိသားငယ်များကို အစာခွံ့ ကျွေးမွေးစောင့်ရှောက်လေ့ရှိကြပါတယ်။ မိမိငှက် အစုံဟာ မိတ်လိုက်ဥ ဥသော်လည်း သားပေါက်ခြင်းမရှိပဲ ဥများပျက်စီးခြင်းဟာ ငှက်အမ၌ လုံလောက်သော အချိန်ပေး၍ဝပ်ခြင်းမရှိသောကြောင့်ဖြစ်ပါသည်။
ငှက်ကောင်စွာမဝပ်ရခြင်းအကြောင်းများ၌
- လှောင်အိမ်/ နေရာ (တိတ်ဆိတ်၍ လူအများမရှိသောနေရာဖြစ်ရန်၊ ခွေး/ကြောင် စသော ၎င်းတို့အားအနှောင့်ယှက်ပေးသော အခြားတိရိစ္ဆာန်များမရှိရန်)
- ပူလွန်း/အေးလွန်းသောနေရာမဖြစ်ရန်
- လူတို့ရဲ့အနှောင့်ရှက် (အချို့ဟာ တနေ့လျင် အကြိမ်များစွာ ဥပုံးအားသွားရောက်ကြည့်ရှုခြင်း၊ လှောင်အိမ်/နေရာအား ထိခိုက်မိခြင်းစသဖြင့်)
ငှက်ကလေးများရဲ့ဥပုံးအရေးကြီးပုံ….
သာမန်အားဖြင့်စျေးကွက်၌ ရောင်းချသောငှက်ဥပုံးလေးများဟာ lb လေးများဥရန်ဝပ်ရန်သင့်သော်လည်း ဥပုံဟာ ပိုကြီးသောအနေအထားဟာပိုမိုကောင်းမွန်ကြောင်းတွေ့ရပါတယ်။ (အချို့ဥအားလုံးပေါက်သော်လည်း ငှက်ငယ်လေးများသေဆုံးရခြင်း အကြောင်းရင်းတခုမှာဥပုံးကျဉ်းသောကြောင့်ဖြစ်ပါတယ်)
Lb လေးများအတွက်ဥပုံဟာ အနည်းဆုံး 8x6x6 လက်မရှိရန်လိုအပ်ပြီး ထိုထက်မကကြီးလျင်လည်း ပိုမိုကောင်းမွန်ပါတယ်။
အရေးကြီးသောအချက်တခုမှာ lb လေးများအတွက် အသိုက်ဆောက်လုပ်ရန် သဘာဝမြက်/ကောက်ရိုး/နှီးစသဖြင့် ထည့်ပေးရန်လိုအပ်ပြီး သဘာဝအရ ၎င်းတို့ကိုယ်တိုင်ထိုအရာများကိုဥပုံးအတွင်းသယ်ယူကာ အသိုက်ပြုလုပ်ကြပါတယ် (အချို့lb များ၌ ထိုသို့ပြုလုပ်ခြင်းမရှိ)။
မြို့ပြများ၌မြက်/ကောက်ရိုးအလွယ်မရနိုင်လျင်လည်း သတင်းစာစက္ကူများကို ထည့်၍၎င်းတို့အားအသိုက်ပြုလုပ်ရန် ပြင်ဆင်စေနိုင်ပါတယ်။
ထိုသို့မည်သည့်အရာမျှမရှိလျင် (ဥပုံး၌ဗလာဖြစ်နေလျင်) သားငယ်လေးများပေါက်ပွါးလာပါက ခြေကားသော(အကြောလွဲရောဂါ) ငှက်ငယ်လေးများဖြစ်စေနိုင်ပါတယ်။ (ခြေကားနေသောငှက်လေးများအားကုသနည်းနောက်တွင်ဆက်ဖော်ပြပါမည်)။
အစားအစာ/ဆေး
မိမိငှက်လေးများအား လူး/ဆပ်/နေကြာစသဖြင့်အစေ့အဆံကိုသာကျွေးမွေးလျင် အဆီဓါတ်လွန်ကဲပြီး (ကိုယ်တွင်းအဆီဖုံး) သန္ဓေအောင်နှုန်းကျဆင်းစေနိုင်ပါတယ်။ ထို့ကြောင့် အသီးအရွက် (အစာစိုများ) များကို မကြာမကြာကျွေးခြင်းဟာလည်း သားဖောက်မည့်ငှက်ငယ်လေးများအတွက်လွန်စွာအရေးကြီးပါတယ်။ Calcium ဓါတ်ဟာငှက်မျိုးပွါးခြင်းနှင့် ဥ အခွံမာကြောခြင်းအတွက်အလွန်အရေးကြီးသောကြောင့် မိမိငှက်လေးများကို ထိုဓါတ်ရရှိရန်ကျွေးမွေးရပါမည်(ပြည်ကြီးငါးရိုး/ calcium block စသဖြင့်)
ရောဂါကုသခြင်းမဟုတ်ပဲ လိုအပ်သော supplementary အားဆေးများကိုလည်း မကြာမကြာကျွေးမွေးရန်လိုအပ်ပါတယ်။
(supplementary ဆေးများအကြောင်းနောက်တွင်ဖော်ပြပါအုံးမည်)
နေရောင်ခြည်ဟာ သက်ရှိဖြစ်တည်မှုအတွက်အရေးကြီးသောအစိတ်အပိုင်းဖြစ်သောကြောင့် မိမိငှက်လေးများကို အနဲဆုံး တပတ်လျင် ၄ နာရီခန့် နေရောင်ရရှိရန်လိုအပ်ပါတယ်။ ငှက်ကျန်းမာရေးနှင့် မျိုးပွါးခြင်း/ သန္ဓေအောင်ခြင်းတို့၌ နေရောင်ရရှိမှုဟာလွန်စွာအရေးပါ ပါတယ်။
ယခုဖော်ပြချက်များဟာ lb မွေးမြူသူများရဲ့ အတွေ့အကြုံများမှကောင်းနိုးရာရာရေးသားချက်များနှင့် ကိုယ်တွေ့ အချို့ကို ဆီလျော်သလိုရေးသားထားခြင်းဖြစ်ပြီး နောက်ထပ်လိုအပ်ချက်များလည်းများစွာရှိနေအုံးမည်ဖြစ်ပါတယ်။
နောက်ထပ်လိုအပ်ချက်များကို နောင်ရေးမည့် အခြားpost များ၌ ဆက်လက်ထည့်သွင်းရေးသားမျှဝေသွားမည်ဖြစ်ပါကြောင်း….
By : Go Goe

12/11/2021

Fresher welcome 😍😍!

👉 အခုတစ်ခါက Onlineမှငှက်ဝယ်သူတွေအတွက်ပါ👈       ကျွန်တော်အမြင်မတော်တာလေးကိုပြောပြရုံပါ ဘယ်သူ့ကိုမှပုတ်ခက်ပြောဆိုတာမျိုးမဟ...
12/11/2021

👉 အခုတစ်ခါက Onlineမှငှက်ဝယ်သူတွေအတွက်ပါ👈
ကျွန်တော်အမြင်မတော်တာလေးကိုပြောပြရုံပါ ဘယ်သူ့ကိုမှပုတ်ခက်ပြောဆိုတာမျိုးမဟုတ်ပဲ ဝယ်သူတွေအနေနဲ့ဂရုစိုက်သတိထားရမှာလေးကို စေတနာ သန့်သန့်နဲ့ပြောပြရခြင်းသာဖြစ်ပါတယ်
ကျွန်တော်တို့ တော်တော်များများ ငှက်အရောင်းအဝယ်ကို online ကနေပဲ ပုံလေးတွေကြည့်ပြီးဝယ်တာများပါတယ်
တချို့လဲကိုယ်တိုင်မျက်မြင်သွားကြည့်ပြီးဝယ်တာပေါ့
#အခုပြောချင်တာကonlineကနေပဲပုံကြည့်ပြီးဝယ်သူတွေကိုပါ
👉ပုံကြည့်ပြီးငှက်ဝယ်မယ်ဆို ငှက်ကိုရိုက်ထားတဲ့ ဓါတ်ပုံက
သာမန်သဘာဝအတိုင်းရိုက်ထားတဲ့ပုံဟုတ်မဟုတ်သတိ
ထားကြည့်ပါ(တချို့ ငှက်လှချင်ဇောနဲ့ effect တွေသုံး
တက်ကြပါတယ်)
👉ငှက်ရဲ့ပတ်ဝန်းကျင်က အရာဝတ္ထုရဲ့ အရောင်တွေကို
ကြည့်ပါ(effectတွေများပြီးပတ်ဝန်ကျင်ပါအရောင်
ပြောင်းနေတက်ပါတယ်)
👉ငှက်ရဲ့တစ်ကိုယ်လုံးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့အနေ
အထားမှာရိုက်ထားတဲ့ပုံတောင်းကြည့်ပါ(အနာ
အစာရှိတဲ့နေရာတွေကိုကွယ်နေတာမျိုးဖြစ်နိုင်လို့ပါ)
👉video call ပြခိုင်းပြီး ပုံထဲကအရောင်နဲ့တူမတူ
တိုက်ကြည့်ပါ
____________________________________________
👆အပေါ်ကပြောပြထားတာလေးတွေက online ကဝယ်သူတွေအတွက်သတိထားရမှာလေးတွေထဲကမှအချို့ပါထပ်ပြီး sharing လုပ်ပါအုံးမယ်ဗျ

✌️ငှက်ဝယ်ပြီး စိတ်ဆင်းရဲရခြင်း မှ ကင်းဝေးပါစေ🙏

Lovebird လေးတွေမွေးပြီး-သားဖောက်ချင်တယ်-သားအောင်ချင်တယ်-မျိုးတန်းသင့်တင့်ပြီးလှလှလေးတွေရချင်တယ်ဆိုရင်တော့ပထမဆုံး 👉မျိုးတ...
10/11/2021

Lovebird လေးတွေမွေးပြီး
-သားဖောက်ချင်တယ်
-သားအောင်ချင်တယ်
-မျိုးတန်းသင့်တင့်ပြီးလှလှလေးတွေရချင်တယ်ဆိုရင်တော့
ပထမဆုံး
👉မျိုးတူတဲ့ အကောင်လေးတွေပဲရွေးပြီးတွဲပါ
👉တစ်မအေ တစ်ဖအေထဲ ပေါက်လာတဲ့ ကောင်
အချင်းချင်းပြန်မတွဲပါနဲ့
👉ကျန်းမာရေးကောင်းပြီး အမွှေးအတောင် error
ကင်းတာကိုရွေးပါ
👉 hybrid lovebird တွေကိုရှောင်ပါ
👉အရွယ်ရောက်ပြီးသား မဒန်း(အနည်းဆုံး၆လအထက်)
ကိုရွေးပါ
👉အိုနေတဲ့ ငှက်ဆို ရှောင်ပါ(အသက်နဲ့ပတ်သက်တဲ့
အကြီးအငယ် လက္ခဏာတွေနောက်ပြောပြပါမယ်)
👉အတက်နိုင်ဆုံး breeder တွေဆီကဝယ်ပါ
(breeder တွေက သူတို့ငှက်အကြောင်းသူတို့အသိ
ဆုံးမို့ပါ)
👉အတက်နိုင်ဆုံး ငှက်ရဲ့မျိုးရိုး အဖေ အမေ ပုံ တောင်း
ကြည့်ပါ(အဲ့ဒါတော့ရချင်မှလဲရမယ်)
____________________________________________
👆 အပေါ်ကအချက်တွေကအခုလက်ရှိစိတ်ထဲမှာပေါ်လာတာလေးတွေပါ ကျန်ခဲ့တာတွေလဲရှိကောင်းရှိပါမယ် ဒါပေမယ့်အဲ့အချက်ကလေးတွေကိုက်ပြီးlovebirdလေးတွေကို ဝယ်နိုင်ရင်ငှက်လှလှလေးတွေ သားဖောက်ဖို့အဆင်ပြေပါပြီ(သားဖောက်ဖို့အတွက်အစားအသောက်လိုအပ်ချက်လေးတွေနောက်မှအေးဆေးပြောပြမယ်ပါ့မယ်)
#အ‌ကုန်လုံးကအခုမှစမွေးမယ့်beginnerတွေအတွက်ရည်ရွယ်ပါတယ် ✌️✌️✌️

07/11/2021

Lovebird လေးတွေနဲ့ပတ်သက်ပြီး အခြေခံအကျဆုံး မျိုးတန်းနဲ့စျေးနှုန်းအကြောင်းကို overview အနေနဲ့အနဲငယ်ဖော်ပြချင်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နဲ့ထိုင်း အင်ပို့ဟုဆိုကာ စျေးနှုန်းကွာခြားစွာရောင်းနေကျပြီး အမှန်တကယ်တော့ lb လေးတွေရဲ့မျိုးတမ်းနဲ့quality ကိုနိုင်ငံတခုကနေတင်သွင်းမှု နဲ့မပိုင်းဖြတ်နိုင်ပါဘူး။

ထိုင်းမို့စျေးကြီးပြီး တရုတ်မို့စျေးပေါတာလုံးဝမဟုတ်ပါ။ အဓိကအနေနဲ့ တင်သွင်းသူကုန်သည်ရွေးဝယ်လာသော မျိုးတမ်းနဲ့ အရည်အသွေးသာလျင် အဓိကဖြစ်ပါတယ်။

LB မှာအခြေခံကျသော fischer’s lovebird မျိုးဟာမည်သည့်နိုင်ငံမှတင်သွင်းပါစေ မူလအခြေခံအရောင်၊မျိုးတမ်းအရည်အသွေးသာရှိသောကြောင့် ဈေးနှုန်းအရလဲ အသက်သာဆုံးပင်ဖြစ်ပါလိမိ့မယ်။

ထို့အတူ မူလအခြေခံဖြစ်တဲ့ မျက်ကွင်းမပါသော peach faced love bird များဟာလည်း (အစိမ်းခံ green peach faced/ အဝါခံ lutino peach faced) မျိုးတမ်း အရည်အသွေးအရ မူလအခြေခံ မျိုးများဖြစ်လို့ စျေးနှုန်းအရ သက်သာသောမျိုးများဖြစ်ပါတယ်။

လူတို့ရဲ စမ်းသပ်မျိုးမြှင့်ခြင်းမှ တဖြည်းဖြည်း ပြောင်းလဲလာသောမျိုးကွဲများမှာ အရောင်အသွေး စုံလင်လှပလာပြီး မျိုးတမ်းမျိုးစိပ်အမည်များမှာလည်း အများအပြားရှိလာပါတယ်။ (နောက်ပိုင်းတွင် အချိန်ရလျင်ရသလိုရှာဖွေပြီး ရေးသားပါမည်)။

လက်ရှိlovebird ချစ်သူများကြား၌လူကြိုက်များပြီး လှပသောအရောင်အသွေးပေါင်းစပ်မှုအဖြစ် euwing မျိုးတမ်းများကိုနိုင်ငံအများ၌မွေးမြူနေကြသည်ကိုတွေ့မြင်နိုင်ပါတယ်။ (လက်ရှိadmin ၌နှစ်စုံရှိ..ဤကားစကားချပ်😁😁)။ ဆက်ရန်

By : Go Goe

Lovebird လေးတွေရဲ့အခြေခံကျတဲ့ မျိုးကွဲတွေ သားဖောက်နည်းတွေ မွေးမြူနည်းတွေကို ဒီ page လေးမှာအချိန်ရရင်ရသလို လေ့လာရင်းအသစ်အ...
06/11/2021

Lovebird လေးတွေရဲ့အခြေခံကျတဲ့ မျိုးကွဲတွေ သားဖောက်နည်းတွေ မွေးမြူနည်းတွေကို ဒီ page လေးမှာ
အချိန်ရရင်ရသလို လေ့လာရင်းအသစ်အသစ်တွေသိလာရင်သိလာသလို sharing လုပ်‌ပေးသွားမှာမို့ follow ထားကြပါလို့ suggest လုပ်ပါတယ်ခင်ဗျာ
🙏🙏🙏

30/10/2021
28/10/2021

Welcome here babies😍😍!

ငပိန်လေးတွေ🤓🤓
16/04/2021

ငပိန်လေးတွေ🤓🤓

❤️❤️❤️❤️
16/04/2021

❤️❤️❤️❤️

22/01/2021

Welcome babies... exciting!!!!😍😍

Willing to prepare free breeding palace!😍😍😍🦜🦜
04/11/2020

Willing to prepare free breeding palace!😍😍😍🦜🦜

06/09/2020

Before going to the breedings farm...
Stay home just a moment😏😏!

Next pair... awaiting😍😍
04/09/2020

Next pair... awaiting😍😍

Awaiting new member.....😍😍😍
23/08/2020

Awaiting new member.....😍😍😍

Wow...!
01/08/2020

Wow...!

Starting... upcoming...!
28/07/2020

Starting... upcoming...!

Did you interested!
28/07/2020

Did you interested!

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959268895599

Website

Alerts

Be the first to know and let us send you an email when Love Birds Palace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Stores in Yangon

Show All