RoRo’s Cattery

RoRo’s Cattery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RoRo’s Cattery, Pet breeder, Yangon.

Hi there,sugar!💖Howudoin?😏💕
24/03/2024

Hi there,sugar!💖
Howudoin?😏💕

Sold out The man of this  batch issssss✨💕😭ဆရာကြီးရုပ်နဲ့ 😭💕သားသားလေးပါနော်Persian Mixed breed လေးပါ2 months Dewormed Lit...
02/03/2024

Sold out
The man of this batch issssss✨💕😭
ဆရာကြီးရုပ်နဲ့ 😭💕
သားသားလေးပါနော်
Persian Mixed breed လေးပါ
2 months
Dewormed
Litter trainedပါရှင့်💖
DM for price please✨

Sold out သူလေးကတော့ princess vibe အပြည့်နဲ့baby လေးပါ 👑A kitten fit for royalty လေး🌸✨Persian doll face 2 months Dewormed...
02/03/2024

Sold out
သူလေးကတော့ princess vibe အပြည့်နဲ့baby လေးပါ 👑
A kitten fit for royalty လေး🌸✨
Persian doll face
2 months
Dewormed
Litter-trained ပါရှင့်💕✨
Price သိချင်ရင်CB လာပေးပါနော်💗

Sold outBaby no.2 ကလည်းမီးမီးလေးပါရှင့်အမြှီးကျားကျားလေးနဲ့ Graceful beauty လေးပါရှင့်🌸✨Persian doll face2monthsDewormed...
02/03/2024

Sold out
Baby no.2 ကလည်းမီးမီးလေးပါရှင့်
အမြှီးကျားကျားလေးနဲ့ Graceful beauty လေးပါရှင့်🌸✨
Persian doll face
2months
Dewormed
Litter-trainedပါ
သူလေးကsquadထဲကအငြိမ်ဆုံးလေးပါရှင့်💕
DM for the price please✨

Sold out Hello💕 Finally a new batch of kitties are here✨🌸မီမီးလှလှလေး2 months ပြည့်ပါပြီနော်Persian doll face လေးပါရှင့်...
02/03/2024

Sold out
Hello💕
Finally a new batch of kitties are here✨🌸
မီမီးလှလှလေး2 months ပြည့်ပါပြီနော်
Persian doll face လေးပါရှင့်
Dewormed ပါရှင့်
Litter train ပြီးသားပါ💖
အရမ်းလူကပ်ပြီးအချစ်ခံချင်တဲ့personality လေးရှိပါတယ်(RoRo့လိုဘဲ😞)
စျေးလေးကတော့CB လာပေးပါရှင့်

Boycat’s day out 🌟starring: Sherlock 📍: Booboo Neighborhood 🤍
03/02/2024

Boycat’s day out 🌟
starring: Sherlock
📍: Booboo Neighborhood 🤍

ဒီသားသားနဲ့မီးမီးလေး တစ်စုံ မွေးစားဖေဖေမေမေလိုချင်နေပါပီရှင့်✨For more information, pls come to cb✨May you all have a pu...
03/02/2024

ဒီသားသားနဲ့မီးမီးလေး တစ်စုံ မွေးစားဖေဖေမေမေလိုချင်နေပါပီရှင့်✨
For more information, pls come to cb✨
May you all have a purrfect day 🫶🏼

23/12/2023

Hooman : ချီပီးချီးပီး ချပါးချပါး
Enzo : ချိတ်ကုန်တာ

Recommended pr shint ✨🤩
22/12/2023

Recommended pr shint ✨🤩

Morning ပါ 😻 စောစောစီးစီးဆိုင်ရှင်ကြီးဆိုင်ထိုင်နေပါပြီ 👀 မင်တို့ဆိုင်လာလည်ကြပါဦးရှင့် 🥰

လိပ်စာ - အမှတ် ၁၃၊ သမိန်ဗရမ်းလမ်းသွယ် (နတ်ချောင်း ၁လမ်းထိပ် နတ်ချောင်းအုပ်ချုပ်ရေးမှုးရုံးဘေးအိမ်) ၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်ပါရှင် 💟

Google Map: https://maps.app.goo.gl/ztNVcL4kZ3ccpWfr9?g_st=ic

13/12/2023

အားသာချက်~သခွါးသီးမကြောက်😼
အားနည်းချက်~ဆူရင်ငို😿

မင်္ဂလာပါရှင့်RoRo’s cattery ရဲ့ ambassador သားသားလေး Enzo နှင့်မိတ်ဆက်ပေးချင်ပါတယ်ရှင့်✨သားသားကတော့RoRo’s first batch က...
09/12/2023

မင်္ဂလာပါရှင့်
RoRo’s cattery ရဲ့ ambassador သားသားလေး Enzo နှင့်မိတ်ဆက်ပေးချင်ပါတယ်ရှင့်✨
သားသားကတော့RoRo’s first batch ကဖြစ်ပြီးသားသားအသက်က 10 months ဖြစ်ပါပြီ။
Enzo လေးက Persian-Norwegian Forest Cat mix လေးပါရှင့်။
သားသားလေးရဲ့ပုံလှလှလေးတွေထပ်တင်ပေးပါ့မယ်နော်💖✌️
ဒီပုံလေးကိုသားသားရဲ့မေမေဆီက approval ရပြီးတင်ပေးတာပါ။
PS. His goal in life is to be a Royal Canin model 💅✌️🤣

မင်္ဂလာပါရှင့်💖Ro Roတို့ရဲ့ Persian Cat knowledge sharing အစီအစဉ်လေး ဆက်လက် လုပ်ဆောင်သွားပါမယ်ရှင့်။      ယနေ့ပြောပြပေးမ...
05/12/2023

မင်္ဂလာပါရှင့်💖
Ro Roတို့ရဲ့ Persian Cat knowledge sharing အစီအစဉ်လေး ဆက်လက် လုပ်ဆောင်သွားပါမယ်ရှင့်။
ယနေ့ပြောပြပေးမယ့် ပါရှန်းမျိုးနွယ်လေးကတော့. Persian -Golden လေးတွေအကြောင်း ဖြစ်ပါတယ်။
သူတို့၏မူရင်းအရင်းအမြစ်မှာUKကဖြစ်ပြီး
၊ကိုယ်အလေးချိန်-8ပေါင်မှ10ပေါင်အတွင်းရှိတတ်ပ့သည်။အရောင်လေးတွေကတော့ တရုပ်ဇီးသီရောင်နဲ့ရွှေရောင်စပ်ကြားအရောင်များရှိပြီးအမွှေးအနားသပ်လေးတွေမှာ အညိုသို့မဟုတ်အမည်းရောင်လေးတွေရှိ၍အရမ်းကိုလှပပါတယ်။
သူတို့ဟာPersian Chinchilla လေးတွေနဲ့မျိုးစပ် ပေါက်ဖွှားလာပြီးစတင်ပေါ်ပေါက်ချိန်တွင် လှပသည်ဟု မယူဆကြသော်လည်း Persian Chinchilla နှင့်မျိုးစပ်ပြီးချိန်မှစ၍ ယခုအချိန်ထိ အလုံးစုံ ပြည့်စုံစွာလှပလွန်းသည့် မျိုးစိပ်အဖြစ်နာမည်ကြီး ထင်ရှားလွန်းလှပါတယ်။
သူတို့ရဲ့နှာဖူးဟာ မောက်မောက်ရှိကြပြီး မျက်လုံး၊နှာခေါင်း၊နှုတ်ခမ်းလေးတွေမှာ အမဲရောင်အနားသပ်လေးတွေ လိုင်နာဆွဲပေးထားသကံ့သို့ ပါရှိပါတယ်။နှာခေါင်းထိပ်နားလေးတွေကပန်းရောင်ရှိပြီး အနားသပ်အနက်ရောင်လိုင်နင်လေးနဲ့ အရမ်းကိုထွေး‌ေပွ့နမ်းပစ်ချင်စရာလေးတွေပါ ရင်ဘတ်နှင့်ဝမ်းဗိုက်သားတွေမှာအရောင်ဖျော့ ခရင်ကာလာရောင်သန်းနေပြီး အမွှေးဖွာဖွာလေးနှင့်ဝမ်းဗိုက်သားလေးတွေကအစအရမ်းလှပါတယ်။အမြီးဖွားဖွားလေးနဲ့ မျက်လုံးအပြာသို့မဟုတ်စိမ်းပြာရောင်ရှိတဲ့ အခြားပါရှန်းများနဲ့မတူဘဲ အလွန့်လွန် လှပပါတယ်။
ဒီနေ့တော့ ဒီလောက်ပဲ တင်ပြပါရစေရှင့်။ကျန်မျိုးနွယ်စိပ်အကြောင်းလေးတွေကိုလည်း အလျင်းသင့်သလို တင်ပြပေးပါ့မယ်။
RoRo တို့ရဲ့ pageမှ တင်ပြပေးသည့်အကြောင်းအရာတိုင်းကို အဆုံးအထိ ဖတ်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင့်။like&share လေးလည်း မမေ့မလျော့ကူညီပေးပါရှင့်။
I hope you all have a purrfect day ahead of you✨
Photo credit- Pinterest

Edit- sold out RoRo’s Golden Boy လေး ၂လပြည့်ပါပြီရှင့်Persian-Angora mix သားသားချောချောလေးပါ✨အချွဲသန်အဆော့သန်ပြီးအကုန်လု...
27/11/2023

Edit- sold out
RoRo’s Golden Boy လေး ၂လပြည့်ပါပြီရှင့်
Persian-Angora mix သားသားချောချောလေးပါ✨
အချွဲသန်အဆော့သန်ပြီးအကုန်လုံးနဲ့တည့်အောင်နေတတ်တဲ့သားသားလေးပါ
Litter trained
Dewormed
Yangonကဆိုလာကြည့်လို့ရပါတယ်ရှင့်
Pls come to Cb for price✨
May everyone have a perfect day tdy💖

Edit- Sold outWe have four new kittens available ✨Dm for more info pls
06/11/2023

Edit- Sold out
We have four new kittens available ✨
Dm for more info pls

Edit- sold out မီးမီးလေးကတော့ persian doll face baby လေးပါရှင့်အရမ်းနူးညံပြီးလိမ္မာပါတယ်2 months Dewormed Litter trained...
18/08/2023

Edit- sold out
မီးမီးလေးကတော့ persian doll face baby လေးပါရှင့်
အရမ်းနူးညံပြီးလိမ္မာပါတယ်
2 months
Dewormed
Litter trained
မီးမီးလေးကိုချစ်ပေးမယ့်Daddy/Mummy လိုချင်ပါတယ်ရှင့်
ရန်ကုန်ကဆိုလာကြည့်လို့ရပါတယ်ရှင့်✨
Hope you all have a purrfect day tdy💖

RoRoတို့ Persianလေးတွေရဲ့အကြောင်းကို ပထမအပိုင်း(part 1)မှာ Persian Solidတွေအကြောင်း သိထားသမျှ မျှဝေခဲ့ပြီး ဖြစ်ပါတယ်။   ...
06/08/2023

RoRoတို့ Persianလေးတွေရဲ့အကြောင်းကို ပထမအပိုင်း(part 1)မှာ Persian Solidတွေအကြောင်း သိထားသမျှ မျှဝေခဲ့ပြီး ဖြစ်ပါတယ်။
အခု Persian part 2 မှာတော့ Persian မျိုးနွယ်တွေထဲက
*Persian odd eye
*Persian Cameo
*Persian Chinchillaတို့ အကြောင်းက်ု သိသမျှ knowledge sharing လုပ်ပေးပါရစေ။

Persian Odd Eye

Persian မျိုးနွယ်ထဲက Odd Eye ဆိုတဲ့ meaningကတော့ မျက်လုံးတစ်ဖက် အပြာ နောက်တစ်ဖက်က အဝါရောင်နဲ့ ချစ်စရာကြောင်လေးတွေပါ။
သူတို့လေးတွေကို 1990 နှောင်းပိုင်းမှာစပြီး လူအများ စတင်အသိအမှတ် ပြုလာကြပါတယ်။
သူတို့ရဲ့ အရောင်လေးတွေကတော့
(၁) bi colour(နှစ်ရောင်စပ်)
(၂) tri colour(သုံးရောင်စပ်)
ဆိုပြီး နှစ်မျိုး ရှိပါတယ်။
သူတို့ရဲ့ မွေးဖွားနူန်းကတော့မျက်လုံးအပြာရောင်ရှိတဲ့ကြောင်လေးတွေထက်ပင် အရမ်းကိုနူန်းနည်းပါတယ်။အောင်မြင်စွာ error
မပါဘဲ မွေးဖွားရန်လည်း အလွန်ခက်ခဲပါတယ်။
Odd Eye အထီးအမတစ်စုံက မွေးဖွားလာတဲ့ ကလေးတွေထဲမှာတောင် Odd Eye တစ်ကောင်မွေးဖွားဖို့ရာ အလွန်ခဲယဉ်း လှပါတယ်။

Physical Appearance

*နဖူးမောက်
*မျက်လုံးအရောင် တစ်ဖက်တစ်ရောင်စီဖြစ်ပြီး မျက်လုံးနှစ်လုံးကြား အကွာအဝေးကတော့ သာမန်ကြောင်တွေထက် အကွာအဝေး ကျယ်ပါတယ်။
*ကျောဘက်တောင့်တောင့်တင်းတင်းရှိ
*နှာခေါင်းတို
*လည်ဆံမွှေးရှည်
*နားထဲမှ အဖြူရောင် အမွှေးရှည်လေးများထွက်နေတတ်
*လက်/ခြေချောင်းလေးတွေရဲ့ အမွှေးလေးတွေက တိုတိုကပ်ကပ် ထူထူလေးရှိတတ်ပါတယ်
*ပါးလေးတွေကလုံးလုံးလေးဖြစ်နေပါတယ်
*တစ်ကိုယ်လုံး အရောင်တစ်ရောင်ထဲရှိပြီး အမြီးကတော့ patternလေးတွေရှိတတ်ပါတယ်

Persian Cameo

Persian Cameo ရဲ့အရောင်တွေကတော့ ဖျော့ရာကနေရင့်လာတတ်ပြီး ရင့်ရာကလည်းဖျော့သွားတတ်ပါတယ်။
Persian မျိုးနွယ်ထဲမှာတော့ သူ့ကို အတင့်တယ်ဆုံး(Glamorous)လို့သတ်မှတ်ထားကြပါတယ်။
သူတို့ရဲ့versionကို 1950မှာစတင်ဖြစ်ပေါ်လာတယ်လို့ ပြောကြပါတယ်။
ဘာကြောင့်Persian cameoလို့ မျိုးနွယ်ပေါ်လာတာလည်းဆိုရင် Persian Smoke နဲ့
Tortoise နှစ်မျိုးပေါင်းစပ်ပြီး မွေးဖွားလာရာကနေ Persian Cameo ဆိုတဲ့မျိုးစိပ်သစ်ပေါ်ပေါက်လာတာပါ။အမွှေးရောင်လေးတွေကတော့ အမွှေးစပေါက်ရာအရင်းပိုင်းက အဖြူရောင်ကနေ အမွှေးတစ်မွှေးထဲမှာဘဲ အရောင်စပ် သုံးရောင်စပ်ပါပြီးပေါက်လာတဲ့ပုံစံဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ ရှားပါးစွာအမွှေးထိပ်ကလေးဘဲအရောင်ပါတတ်ပြီး တစ်ကိုယ်လုံး အဖြူရောင် ဖြစ်နေတတ်ပါတယ်။
Cameoလို့ အမည်တွင်ရခြင်းကတော့ သူတို့ရဲ့လှုပ်ရှားပုံက ငြိမ့်ငြောင်းငြင်သာစွာ လှုပ်ရှားတတ်လို့ပါ။

Physical Appearance

*မျက်လုံး ကြေးနီရောင်ရှိ
*ခြေထောက်မှာရှိတဲ့အရောင်က ကိုယ်မှာရှိတဲ့အရောင်ထက်ပိုနုပါတယ်။
*အမြီးအတွင်းပိုင်းက အဖြူရောင်ရှိပါတယ်။
*နားအတွင်းပိုင်းအရောင်က ကိုယ်မှာရှိတဲ့အရောင်ထက်ပိုနုတယ်။
*သူတို့ကို ပုံမှန် ခေါင်းဖြီးပေးခြင်းကို အရမ်းနှစ်သက်ပါတယ်။

Persian Chinchilla

1880ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာတဲ့မျိုးနွယ်စိပ်ဖြစ်ပါတယ်။
1960ဝန်းကျင်က ပြသခဲ့တဲ့ James Bondရုပ်ရှင်ဇာတ်ကားထဲမှာ လူဆိုး(Bolfeld)ရဲ့ကြောင်(Solomon)ဆိုတဲ့အမည်ဇာတ်ကောင်တစ်ခုအနေနဲ့ပါလာရာကနေ အရမ်းနာမည်ကြီးခဲ့တဲ့ မျိုးနွယ်စိပ်တစ်ခုပါ။
တစ်ကိုယ်လုံးကြည့်မယ်ဆိုရင် ငွေရောင်အမွှေးလေးတွေရှိတယ်ထင်ရပေမဲ့ အမှန်တကယ်အ‌ေမွှးအရင်းပိုင်းက ဖြူပြီး အဖျားပိုင်းကခဲရောင်ပြေးလေးတွေဖြစ်နေတော့ တစ်ကိုယ်လုံးငွေရောင်လို့ထင်ရပါတယ်။
သူတို့ရဲ့အမည်က Chinchilla လို့ခေါ်တွင်ရတဲ့အကြောင်းရင်းက တောင်အမေရိကမှာရှိတဲ့ ကြွက်မျိုးနွယ်နဲ့တူလို့ပါ။ဒါကြောင့်ကြွက်မျိုးနွယ်စိပ်ရဲ့အမည်ဖြစ်တဲ့ Chinchillaလို့အမည်ပေးထားတာပါ။

Physical Appearance

*မျက်လုံးက စိမ်းပြာရောင်
*မျက်လုံးတစ်ဝိုက်မှာ အိုင်းရှဲဒိုးဆွဲထားသလို အနက်ရောင်လိုင်နင်လေးတွေနဲ့အရမ်းချစ်စရာကောင်းပါတယ်။
*နှာခေါင်းနီနီလေးနဲ့ပါ
*နောက်ခြေထောက်ကရှေ့ခြေထောက်ထက် ပိုတိုပါတယ်။

*စာအရှည်ကြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
*RoRoကနေ နောက်ထပ်ဆက်လက်ပြီး သိထားသမျှတွေကို knowledge sharing လုပ်ပေးပါရစေ။

ကျေးဇူးပြုပြီး RoRo page ကို like & share လေးလုပ်ပေးပါနော်

Photo source: google

03/08/2023

ဒီတ​လော ​ကြောင်​ပျောက်တာ​တွေများလာလို့
Gia .... " Guiding Pets to Home " spell အ​သေးစား​လေး free ​ပေးလိုက်ပါမယ်

ဒီ spell ကို pet ပိုင်ရှင်၊ ​သခင် လုပ်ရင် ပိုထိ​ရောက်ပါတယ်

(​လောင်​နေတဲ့သခင်​တွေမြင်​အောင် shr ခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်)
(ဒီပုံမြင်တာနဲ့ pet ​လေး​ပျောက်​နေရင် သိပ်မကြာခင်ပြန်​တွေ့ပါလိမ့်မယ်)

🐶24 hr တွင်း အိမ်ပြန်​ခေါ်နည်း🐱......................................

1️⃣ အိမ်က​နေ က​လေးထွက်သွားတဲ့ အရပ်မျက်နှာကို ဦးတည်ပါ။
(မသိရင် ဘုရား​ကျောင်း​ဆောင် or ​​တောင်ဘက် မျက်နှာမူပါ)

2️⃣ဖ​ယောင်းတိုင် ၁တိုင်ထွန်းပါ။ (ကိုယ်အကြိုက်ဆုံးအ​ရောင် ဖြစ်ရပါမယ်)

3️⃣ဖ​ယောင်းတိုင်​ရှေ့မှာ က​လေးအကြိုက်ဆုံးအရုပ် or ကစားစရာပစ္စည်း or သူသုံးတဲ့၁ခုခု or သူအကြိုက်ဆုံးမုန့်​လေးထားပါ။
❌ဖြစ်နိုင်ရင် မုန့်နဲ့ပတ်သတ်တာကို မသုံး​စေချင်ပါ

4️⃣ ထိုပစ္စည်းကို crystal ​လေး​တွေနဲ့၀ိုင်းပါ။
❗ crystal က clear quartz or critine or jade ပဲ ရပါတယ်
✅crystal မရှိရင် pink salt or ဆားအသန့်နဲ့၀န်းရံပါ

5️⃣ ကိုယ့် pet ​လေးကိုမျက်လုံးထဲ ပုံ​ဖော်ပါ၊ ပြီးရင် စိတ်ထဲက​နေ​လေး​လေးနက်နက် နဲ့ ဒါကိုရွတ်ပါ⬇️⬇️⬇️(၄​ခေါက်)⬇️⬇️⬇️

" ....​နေ့(​နေ့ရက်).... က အိမ်ကထွက်သွားတဲ့ ငါ့​ကြောင်​လေး .....(နာမည်).... ပျောက်​နေတယ်၊ သူ့ကိုအိမ်ပြန်​ခေါ်လာပါ၊ ထိခိုက်ဒဏ်ရာမရ​အောင်ကာကွယ်ခဲ့ပါ၊ က​လေး​လေးကိုငါ့လက်ထဲပြန်လာထည့်​ပေးပါ၊ .......(နာမည်) ပြန်လာမယ်လို့ ငါယုံကြည်တယ်၊ ငါ​မျှော်​နေ​ကြောင်း ​ပြောလိုက်ပါ၊ သူ့ကို အိမ်ပြန်လမ်း လမ်းညွှန်​ပေးပါ "

"....(နာမည်)... ပြန်လာပါ၊ ငါ​မျှော်​နေပါတယ်၊ ငါ​စောင့်​နေပါတယ် "

❎ဘ၀တပါး​ပြောင်းသွားတဲ့ pet ​လေး​တွေတွက် လုပ်လို့မရပါ❎

✅အသက်ရှင်​နေ​သော pet များတွက်သာ လုပ်လို့ရပါတယ်✅

☑ ဒီspellသည် က​လေး​​ပျောက်တာ ၇ရက်အတွင်းဆို လုပ်လို့ရပါတယ်☑

ပြန်လာနိုင်​ချေ
✔ 80 to 100% ရှိရင် ၂၄ နာရီတွင်း ပြန်လာမယ်။
✔60 to 80 % ရှိရင် ၃ရက်တွင်းပြန်လာမယ်
✔45 to 50% ရှိရင် ၁ပတ်တွင်း ပြန်လာမယ်
✔45% အောက်ဆို ၁ပတ်တွင်း သတင်းအစန ၁ခုခုကြားသိရမယ်။
.........
​ဗေဒင်ယတြာမယုံတဲ့သူ​တွေက ဒီလိုလုပ်နိုင်ပါတယ်⬇️⬇️⬇️

(၂ရက်ဆက်တိုက်)
လမ်း​ဘေး ​ခွေး၊ ​ကြောင် ​လေး​တွေ ကို အစာ​ကျွေးရင်း ......(နာမည်) .... ဆိုတဲ့ ​ကြောင်​လေး​ပျောက်​နေ​ကြောင်း၊ ​ကြောင် ပုံစံပါ​ပြောပြပါ ၊ သူ့ကို​မျှော်​နေ​ကြောင်း ၊ သခင်က ပြန်လာခိုင်း​​နေကြောင်း ​ပြောပြပါ။
✔ဒါကို အမှာစကားပါးခြင်း လို့ ​ခေါ်ပါတယ်✔

✅ အ​ပေါ်က spell အပြင် ဒါပါလုပ်နိုင်ရင် ပိုကောင်းပါတယ်✅
........
🐶Giayar Fellia's Service🐱

Pet ​လေး​တွေ​ပျောက်​နေရင် or ဘ၀၁ပါး​ရောက်​နေတဲ့က​လေး​တွေအ​ခြေ​နေသိချင်ရင် .... Gia ဆီလာ​စစ်လို့ရပါတယ်။
(လိုအပ်တဲ့ယတြာ၊ ဖြစ်နိုင်​ချေ​တွေ ကြည့်​ပေးပါတယ်)

ဒီ service ကရတာ​တွေကို Gia ပြန်လှူဒါန်းမှာမို့
ပညာ​ကြေးအတိကျမသတ်မှတ်ထားပါဘူး။
​စေတနာ​ကြေးဖြင့်သာ ကြည့်​​ပေးတဲ့ service ဖြစ်ပါတယ်။

01/08/2023

နှိပ်ပေးတဲ့ကလေးတွေဒီမှာရပါမယ်နော်✨😌

29/07/2023
Edit- Sold outဒီသားသားလေးကတော့ Expressive King လေးပါရှင်🥰✨သူရှိနေရင်ကိုရယ်နေရမှာ၊Meme face လေးနဲ့သားသားလေးပါ🤣အရမ်းဆော့ပြ...
28/07/2023

Edit- Sold out
ဒီသားသားလေးကတော့ Expressive King လေးပါရှင်🥰✨
သူရှိနေရင်ကိုရယ်နေရမှာ၊Meme face လေးနဲ့သားသားလေးပါ🤣
အရမ်းဆော့ပြီးချွဲတတ်ပါတယ်ရှင်
2 months
Dewormed
Litter trained
price-3*****ပါရှင့်
သားသားလေးကအရမ်းလူကပ်လို့ချစ်ပေးမယ့်ဖေဖေ၊မေမေတွေရစေချင်ပါတယ်ရှင့်
Yangonကဆိုလာကြည့်လို့ရပါတယ်ရှင့်✨

ဒီသားသားလေးကတော့ exotic white tiger လေးနဲ့တူတဲ့Persian baby လေးပါရှင့်အရမ်းတော်ဝင်ဆန်တဲ့ personality ရှိပါတယ်သူကစကားတွေလ...
27/07/2023

ဒီသားသားလေးကတော့ exotic white tiger လေးနဲ့တူတဲ့Persian baby လေးပါရှင့်
အရမ်းတော်ဝင်ဆန်တဲ့ personality ရှိပါတယ်သူက
စကားတွေလည်းအရမ်းပြောပါတယ်နော်🤣✨
2 months
Dewormed
Litter trained
Price-3***** ပါ
အရမ်းချစ်ပေးမယ့်မိဘတွေလက်ထဲအပ်ချင်ပါတယ်💖
Yangon ကဆိုလာကြည့်လို့ရပါတယ်✨

Edit-sold out မီးမီးလေးကတော့ အရုပ်လေးလိုအရမ်းချစ်ဖို့ကောင်းပါတယ်Personality လေးလည်း ချစ်စရာလေးပါရှင့်အရမ်းနူးညံ့ပြီးချစ်...
27/07/2023

Edit-sold out
မီးမီးလေးကတော့ အရုပ်လေးလိုအရမ်းချစ်ဖို့ကောင်းပါတယ်
Personality လေးလည်း ချစ်စရာလေးပါရှင့်
အရမ်းနူးညံ့ပြီးချစ်တတ်ပါတယ်။
2 months ပါ✨
Litter trained
Dewormed
Price-3***** ပါ
ကလေးလေးကိုYangon ကဆိုလာကြည့်လို့ရပါတယ်😘
အရမ်းလိမ္မာတာမို့ ဖေဖေမေမေကောင်းကောင်းလေးနဲ့တွေ့စေချင်ပါတယ်ရှင့်💖

Our new squad turned 2 month old today 💖
20/07/2023

Our new squad turned 2 month old today 💖




Hello✨💫ဒီနေ့RoRo ကချစ်စရာကောင်းတဲ့ ကြောင်မျိုးနွယ်စိပ်လေးတွေအကြောင်းကို sharing လုပ်ချင်ပါတယ်ရှင့်        Persian တွေထဲမ...
11/07/2023

Hello✨💫
ဒီနေ့RoRo ကချစ်စရာကောင်းတဲ့ ကြောင်မျိုးနွယ်စိပ်လေးတွေအကြောင်းကို sharing လုပ်ချင်ပါတယ်ရှင့်
Persian တွေထဲမှာ မျိုးနွယ်တွေအများကြီးရှိပါတယ်ရှင့်။ယခုပထမဦးဆုံးPersian မျိုးနွယ်ဖြစ်တဲ့ Persian Solid (တစ်ရောင်ထဲရှိတဲ့ Persian) အကြောင်း sharing လုပ်ပေးပါမယ်ရှင့်။

Persian-Solid ( Solid colour Persians)

⭐️ သူတို့ရဲ့ မူလအရင်းအမြစ်ကတော့ UK(United Kingdom)ကဖြစ်ပြီး‌ 1800ကျော်လောက်က UKမှာစတင်ပြီးမွေးမြူလာကြပါတယ်။

⭐️ ကိုယ်အလေးချိန် 3.5kg to 7kg( 8ပေါင် မှ 15ပေါင်)ကြားအတွင်းမှာရှိကြပါတယ်။

⭐️အီရန်(ယခင်ပါရှန်း)နိုင်ငံမှ မျိုးစိပ်စတင်လာခဲ့ပြီး England နိုင်ငံရဲ့ဘုရင်မတစ်ပါးဖြစ်တဲ့ Queen Victoria ဟာမျက်လုံးအပြာလေးတွေနဲ့ Persian
လေးတွေကိုအလွန်ကြိုက်နှစ်သက်ပြီးမွေးရာကနေ စတင်ကာ ကမ္ဘာတဝှမ်းမှာထင်ရှားကျော်ကြားလာခဲ့ပါတယ်။

⭐️19ရာစုနှောင်းပိုင်းရောက်လာတဲ့အခါမှာတော့ ဗြိတိန်လူမျိုး၊အထက်တန်းစားမိန်းမပျိုလေးတွေဟာ Persian လေးတွေကို သူတို့မည်မျှကြွယ်ဝကြောင်း ပြသချင်တဲ့အနေဖြင့် Persianလေးတွေကိုအပြိုင်အဆိုင်မွေးလာရာကနေ Persianမျိုးနွယ်တွေဟာ အလွန်ကျော်ကြားလာတဲ့အတွက် Persianကြောင်အလှပြိင်ပွဲတွေကို UK မှာစတင်ပြုလုပ်လာခဲ့ကြပါတယ်။

⭐️ပထမဦးဆုံးအသိအမှတ်ပြုခံရတဲ့ Persianလေးတွေကတော့ တစ်ရောင်တည်းဖြစ်တဲ့(solid colour) Persian လေးတွေဖြစ်ပါတယ်။ဉပမာအနေဖြင့်ပြောရမယ်ဆိုရင် အစောဆုံးကာလမှာတော့ တစ်ကိုယ်လုံးအဖြူရောင် မျက်လုံးလေးကအပြာရောင်လေးတွေကို အရမ်းကြိုက်နှစ်သက်ကြပြီး မျီုးစပ်မွေးမြူရာမှ မျက်လုံး
အရောင်လေးတွေကို လိမ္မော်ရောင်၊အပြာ‌ရောင်၊မျက်လုံးနှစ်ဖက်အရောင်မတူတာလေးတွေကိုပြောင်းလဲကြိုက်နှစ်သက်လာပြီး ယခုလူအများလက်ခံ၊ချစ်ခင်တန်ဘိုးထားရတဲ့ကြောင်လေးတွေ ဖြစ်လာခဲ့ပါတယ်။

⭐️တစ်ကိုယ်လုံးအရောင်ဆိုရင်လည်း အဖြူရောင်ကနေ အမည်းရောင်လေးတွေကို ပြောင်းလဲကြိုက်နှစ်သက်လာကြကာ Persian တွေဟာအရမ်း နာမည်ကြီးခဲ့ပါတယ်။

⭐️စျေးကြီးပြီးလှပတဲ့ Persianလေးတွေကို ၁၉ ရာစုနှောင်းပိုင်းမှာ ဥရောပတစ်ခွင် တွင်ကျယ်စွာ မွေးလာကြပါတယ်။

⭐️1920ခုလောက်ရောက်လာတဲ့အခါမှာတော့ တစ်ကိုယ်လုံး cream,chocolate,red,blue,lilacလေးတွေဟာဆက်လက်နာမည်ကြီးခဲ့ပါ
တယ်။

⭐️Persian ရဲပုံံစံလေးတွေကတော့
-မျက်နှာပြားပြီးဝိုင်းတယ်။
-နှာခေါင်းပြားတယ်။
-အမွှေးရှည်တယ်။
-ခြေတိုတိုလေးတွေနဲ့ သန်မာထွားကြိုင်းတဲ့ကိုယ်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့အတွက် အရမ်းချစ်စရာကောင်းပြီး ပိုင်ရှင်ကိုယ်တိုင်ကောတွေ့မြင်သမျှသူတွေရဲ့ချစ်မြတ်နိုးမှုက်ုလည်း ရရှိကြပါတယ်။

⭐️ပိုင်ရှင်များကလည်း သူတို့ရဲ့ချစ်မြတ်နိုးမူလေးတွေနဲ့ သူတို့ရဲ့Persianလေးတွေကို ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးကြရပါတယ်။

⭐️သူတို့လေးတွေကို နေ့စဥ်ခေါင်းဖြီးသန့်ရှင်းရေး လုပ်ပေးရပါတယ်။

⭐️သူတို့လေးတွေဟာ ချွဲတတ်တယ်၊သူတို့ကိုချစ်ပေးတဲ့ပိုင်ရှင်တွေကို သံယောဇဥ်သိပ်တွယ်တတ်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေကို ပြသတတ်ပါတယ်။လူအများစု အကြိုက်ဆုံးကြောင်တွေထဲမှာPersianလေးတွေကထိပ်ဆုံး စာရင်းဝင်ပါတယ်။

⭐️သူတို့ကိုချစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးချင်တဲ့ သခင်မျိုးကိုလည်း အရမ်းကိုလိုလားကြပါတယ်။

⭐️သူတို့ရဲ့ colourနဲ့pattern လေးတွေဟာ တဖြည်းဖြည်းခေတ်တွေပြောင်းလာတာနဲ့အမျှ Persian Solid တွေမျိုးစပ်ရာကနေblack,white,blue,gray,cream,chocolate,lilac စတဲ့colour လေးတွေပြောင်းလဲထွက်ပေါ်လာပြီး ပေါ်မှာလူကြိုက်အရမ်းများလာခဲ့ကြပါ
တယ်။

✨အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ RoRo ဆက်ပြီး Cat Breed တွေအကြောင်းတင်ပေးမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ပေးပါရှင့်။

I hope you all have a purrrfect day today😻
Until next time 💫

Photo source: Pinterest

Edit- sold out Chocolate ice-cream baby လေးပါရှင့်💖အရမ်းလူကပ်ပါတယ် baby လေးက✨Lucky black cat 🐈‍⬛ လေးပါသားသားက✨Clingy and...
18/06/2023

Edit- sold out
Chocolate ice-cream baby လေးပါရှင့်💖
အရမ်းလူကပ်ပါတယ် baby လေးက✨
Lucky black cat 🐈‍⬛ လေးပါသားသားက✨
Clingy and cool type လေးပါရှင့်
2 months
Litter trained and Dewormed ပါရှင့်
Price- 3***** ပါ
Pls come to Cb for more information
Yangon ကဆိုလာကြည့်လို့ရပါတယ်💕

Edit-sold outPhotogenic tiger king လေးလာပါပြီဗျ ✨သားသားလေးကအဆော့သန်ပြီအရမ်းဆရာကျပါတယ်🤣poseလည်းရှယ်ကေးတတ်ပါတယ်ရှင့်Boys’ ...
18/06/2023

Edit-sold out
Photogenic tiger king လေးလာပါပြီဗျ ✨
သားသားလေးကအဆော့သန်ပြီအရမ်းဆရာကျပါတယ်🤣
poseလည်းရှယ်ကေးတတ်ပါတယ်ရှင့်
Boys’ boy လေးပါဗျ💕
2 months
Litter trained and dewormed ပါ
Price-3***** ပါရှင့်
Pls come to cb for more information
Yangon ကဆိုလာကြည့်လိုရပါတယ်ရှင့်

Edit- sold out မီးမီးချောချောလေးက၂လပြည့်ပါပြီနော်ဖေဖေမေမေအသစ်တွေရဲ့အချစ်တွေလည်းအပိုင်သိမ်းမယ် Chubby baby လေးပါ2 months ...
18/06/2023

Edit- sold out
မီးမီးချောချောလေးက၂လပြည့်ပါပြီနော်
ဖေဖေမေမေအသစ်တွေရဲ့အချစ်တွေလည်းအပိုင်သိမ်းမယ် Chubby baby လေးပါ
2 months ပါရှင့်
Litter trained 💖
Dewormed
Fluffy and so cuddly 💕
💕ဆော့လည်းဆော့၊စားလည်းစားပါတယ်ရှင့်🤣
Price-3***** ပါ
Pls come to Cb for more information
Yangon ဆိုလာကြည့်လို့ရပါတယ်ရှင့်

New babies 💖
12/06/2023

New babies 💖

27/05/2023

ဆေးခန်းမှာ အ​မေးများတဲ့ ​" ကြောင်ဝက်ခြံ "

✔ Hair follicles ​လေး​တွေပိတ်ဆို့ရာမှ ဝက်ခြံ​လေး​တွေဖြစ်​ပေါ်​စေပါတယ် ။

✔ ဝက်ခြံဖြစ်တဲ့​နေရာ​ကို စနစ်တကျ​ဆေး​ကြောသန့်စင်​ပေးပါ ။ အိမ်တွင်း​ဆေးနည်းအဖြစ် .... ပန်းသီးရှာလကာရည်လိမ်း​ပေးခြင်း ၊ ရှား​စောင်းလက်ပတ်အရည်လိမ်း​ပေးခြင်း ၊ သခွားသီးကပ်​ပေးခြင်း ၊ အုန်းဆီလိမ်း​ပေးခြင်းများ ပြုလုပ်​ပေးလို့ရပါတယ် ။

✔ ငါးကြီးဆီတိုက်​ပေးလို့ရပါတယ် ။

✔ ပလတ်စတစ်အစာခွက် / ​ရေခွက်များအသုံးပြုခြင်း​ရှောင်ကြဥ်ရပါမယ် ။ အစာခွက် ၊ ​ရေခွက်များကိုလည်းစနစ်တကျ​ဆေး​ကြော​သန့်စင်ရပါမယ် ။

✔ ဝက်ခြံဖြစ်တာအရမ်းကြာရှည်​နေပါက တိရစ္ဆာန်​ဆေးကုဆရာဝန်နဲ့တိုင်ပင်ပြီး သင့်​တော်တဲ့လိမ်း​ဆေးတမျိုးမျိုးလိမ်း​ပေးရပါမယ် ... ။

​မေကမ္ဘာတိရစ္ဆာန်အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း
37 လမ်း ၊ 76 လမ်း - 77 လမ်းကြား
မန္တ​လေးမြို့ ။
☎️ 09 - 442235350

* ​​ဆေးခန်းပို့စ်များအား လွတ်လပ်စွာရှယ်နိုင်ပါသည် ။ ကူးယူ​ဖော်ပြခြင်းမပြုပါ *

Address

Yangon

Website

Alerts

Be the first to know and let us send you an email when RoRo’s Cattery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Yangon pet stores & pet services

Show All