KODI Pet Shop

KODI Pet Shop always for your

မင်္ဂလာ နံနက်ခင်းလေးပါအမျိုးတို့ရေအောင် အရဟံ လာဘံ သိဒ္ဓိ 🙏အောင် အရဟံ  ပီယံ သိဒ္ဓိ🙏အောင် အရဟံ ဓနံသိဒ္ဓိ🙏ငွေတွေ အဖက်ဖက်မှ ...
04/12/2023

မင်္ဂလာ နံနက်ခင်းလေးပါအမျိုးတို့ရေ

အောင် အရဟံ လာဘံ သိဒ္ဓိ 🙏

အောင် အရဟံ ပီယံ သိဒ္ဓိ🙏

အောင် အရဟံ ဓနံသိဒ္ဓိ🙏

ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

အလုပ်မှန်သမျှ ကိုလဲ အခက်အခဲမရှိ ဆောင်ရွတ်နိုင်

ကြပါစေ

တိလေးတွေအတွက် သန်ချဆေးကို ဘာလို့အစာလုံးဝ မရှိတဲ့ချိန်တိုက်ခိုင်းတာလဲ? #တိလေးတွေအတွက်ကျန်မာရေးဗဟုသုတ
03/12/2023

တိလေးတွေအတွက် သန်ချဆေးကို ဘာလို့အစာလုံးဝ မရှိတဲ့ချိန်တိုက်ခိုင်းတာလဲ?

#တိလေးတွေအတွက်ကျန်မာရေးဗဟုသုတ

တိလေးတွေ အဝလွန်နေပြီလား?ယခုနောက်ပိုင်းမှာ တိချစ်သူတွေဟာ မိမိမွေးမြူထားတဲ့ တိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန် ဟုတ်မဟုတ် ယ...
30/11/2023

တိလေးတွေ အဝလွန်နေပြီလား?

ယခုနောက်ပိုင်းမှာ တိချစ်သူတွေဟာ မိမိမွေးမြူထားတဲ့ တိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန် ဟုတ်မဟုတ် ယခင်ကထက် ပိုမိုဂရုစိုက်လာကြပါတယ်။ ဒါကလည်း တိလေးတွေ အဝလွန်လာပြီဆိုရင် နောက်ဆက်တွဲရောဂါ ရင်ဆိုင်လာရတာကို တိချစ်သူတွေ ကြုံလာရလို့ပဲဖြစ်ပါတယ်။ တိလေးတွေမှာ အဝလွန်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း သက်လတ်ပိုင်းအရွယ်မှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ သုတေသနစာတမ်းများအရ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ ခွေးလေးတွေမှာ အဝလွန်မှု ၅၉ ရာခိုင်နှုန်းနှင့် ကြောင်လေးတွေမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိတာ တွေ့ရှိရပါတယ်။ တိလေးတွေ ပုံမှန်ထက်အဝလွန်နေတာဟာ အဓိကအားဖြင့် ပိုင်ရှင်နှင့် သက်ဆိုင်နေပါတယ်။

🐕တိချစ်သူအများစုဟာ မိမိတိလေးတွေကို လိုအပ်တာထက် ပိုကျွေးတာကြောင့် တိလေးတွေ အဝလွန်နေတာဖြစ်ပါတယ်။ တိလေးတွေကို အစာကျွေးတော့မည်ဆိုလျှင် တိလေးတွေရဲ့ အသက်အရွယ်၊ အမျိုးအစားပေါ်မူတည်ပြီး တိရစ္ဆာန်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။ မိမိမွေးမြူထားတဲ့ တိလေးတွေ ပုံမှန်ထက်ဝလာပြီဆိုလျှင် ထမင်း၊ဂျုံစတဲ့ Carbohydrates တွေကို လျှော့ကျွေးရမှာဖြစ်ပါတယ်။ ဉပမာအားဖြင့် Homemade dog food ကို ကျွေးမည်ဆိုလျှင် မိမိတိလေးရဲ့ အသက်အရွယ်နှင့် အမျိုးအစားပေါ်မူတည်ပြီး လိုအပ်သလောက်သာ တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကျွေးသင့်ပါတယ်။

🦮တိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန်အနေအထားရှိခြင်းဟာ တိလေးတွေမှာ ရောဂါဖြစ်နိုင်တဲ့ အခြေအနေမှ လျှော့ချနိုင်တဲ့အပြင် တိလေးတွေ အသက်ရှည်ရှည်နေထိုင်နိုင်ရန် ကူညီပေးပါတယ်။ တိချစ်သူတွေအနေဖြင့် မိမိတိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန်အတွင်း ရှိမရှိကို နီးစပ်ရာတိရစ္ဆာန်ဆရာဝန်တွေဆီ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

🐾တိလေးတွေ ပုံမှန်ထက်ဝလာပြီဆိုလျှင် အမောမခံနိုင်ခြင်း ၊အရိုးအဆင့် ရောင်ရမ်းခြင်း၊ အသက်ရှုနှုန်း ပုံမှန်ထက် မြန်လွန်းခြင်း၊ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအဖြစ်များခြင်း၊ ဆီးနှင့် ကျောက်ကပ်ရောဂါအပြင် နောက်ဆက်တွဲ ကင်ဆာရောဂါတွေအထိပါဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တိချစ်သူတွေအနေဖြင့် တိလေးတွေကို ပုံမှန်အလေးချိန်ဖြစ်အောင် မွေးမြူခြင်းဖြင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

🐈‍အဝလွန်နေတဲ့ တိလေးတွေရဲ့ ဘယ်လိုအလေးချိန်လျှော့ချနိုင်မလဲ?
တိချစ်သူတွေအနေဖြင့် အထိ‌ရောက်ဆုံးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ Diet plan ဆွဲပြီး အာဟာရမျှတတဲ့ အစာကျွေးပေးခြင်းဖြစ်ပါတယ်။ Calories များတဲ့ အစာတွေကို လျှော့ကျွေးခြင်းဖြင့် အလေးချိန်ကို ထိန်းညှိနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ပုံမှန် လုပ်ဆောင်နိုင်ရန်ကူညီပေးခြင်းဖြင့်လည်း အလေးချိန်လျှော့ချနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် မိမိတိလေးတွေနှင့် လမ်းရှောက်ပေးခြင်း၊ တိလေးတွေကို ပုံမှန်လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် အဝလွန်တာကို လျှော့ချနိုင်ပါတယ်။



မဂ်လာ နံနက်ခင်းလေးပါအမျိုးတို့ရေအောင် အရဟံ လာဘံ သိဒ္ဓိ 🙏အောင် အရဟံ  ပီယံ သိဒ္ဓိ🙏အောင် အရဟံ ဓနံသိဒ္ဓိ🙏ငွေတွေ အဖက်ဖက်မှ ဝင...
29/11/2023

မဂ်လာ နံနက်ခင်းလေးပါအမျိုးတို့ရေ

အောင် အရဟံ လာဘံ သိဒ္ဓိ 🙏

အောင် အရဟံ ပီယံ သိဒ္ဓိ🙏

အောင် အရဟံ ဓနံသိဒ္ဓိ🙏

ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

အလုပ်မှန်သမျှ ကိုလဲ အခက်အခဲမရှိ ဆောင်ရွတ်နိုင်

ကြပါစေ

ကြောင်လေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ၁) အရေပြား ပြဿနာဖြစ်ခြင်းကြောင်လေးတွေမှာ အရေပြားပြဿနာဟုဆိုလျှင် အပေါ်ယံ...
26/11/2023

ကြောင်လေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ

၁) အရေပြား ပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ အရေပြားပြဿနာဟုဆိုလျှင် အပေါ်ယံအရေပြားအပြင် အမွှေးမှာလည်း ပြဿနာဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ လှေးကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာပဲဖြစ်ပါတယ်။ ကြောင်လေးတွေမှာ လှေးအကိုက်ခံရာမှတစ်ဆင့် ၎င်းနေရာကို ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းကြောင့် နောက်ဆက်တွဲ ပြင်ပရောဂါပိုးဝင်ရောက်ကာ အရေးပြားရောဂါဖြစ်စေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြောင်အများစုဟာ လှေးအကိုက်ခံပြီးလျှင် ၎င်း၏ တံတွေးကြောင့် ဓာတ်မတည့်တာဖြစ်ပြီးလျှင်လည်း အရေပြားရောဂါအဖြစ်ဦးတည်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တိချစ်သူတွေအနေဖြင့် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် တိရစ္ဆာန်ဆရာဝန်ညွှန်းပေးတဲ့ဆေးတွေကိုပုံမှန်သုံးပေးသင့်ပါတယ်။

၂) အစာအိမ်နှင့် အူလမ်းကြောင်းမှာ ပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာဖြစ်လျှင် အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်း လက္ခဏာကို အဓိကတွေရနိုင်ပါတယ်။ ကျန်းမာနေတဲ့ ကြောင်လေးတွေမှာလည်း ပြင်ပအရာဝတ္ထုတစ်ခုခုကို ယှက်မိတာ (သို့)၊ စားမိတဲ့အနေအထားမှာလည်း အန်တဲ့ လက္ခဏာကို တွေ့ရနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ သန်ကောင်ကြောင့်လည်း ၎င်းလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် ကြောင်လေးတွေမှာ (၃) ရက် ပိုကြာပြီး အန်တဲ့ လက္ခဏာတွေကို တွေ့ရလျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်ထံ အမြန်ဆုံးပြသင့်ပါတယ်။

၃) အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ရောက်ခြင်း
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာလည်း ကြောင်လေးတွေမှာ အတွေ့ရများတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကြောင်လေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား‌ပိုးတွေကြောင့် အများဆုံးဖြစ်တာတွေ့ရပါတယ်။ ကြောင်လေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေအနေဖြင့် နှာချေခြင်း၊ နှာရည်ကျခြင်းနှင့် အသက်ရှုရခက်တဲ့ လက္ခဏာတွေပြတတ်ပါတယ်။ တိချစ်သူတွေအနေဖြင့် ယခုလိုရောဂါဖြစ်တဲ့အခါ ခုခံအားစနစ်ကို ကောင်းစေတဲ့ ဆေးတွေ တိုက်ပေးနိုင်ပါတယ်။

၄) သွားနှင့် သွားဖုံးပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ သွားပြဿနာကို အသက်ကြီးတဲ့အရွယ်မှာ ပိုအတွေ့ရများပါတယ်။ ကြောင်လေးတွေ အသက်(၄) နှစ်ကျော်လျှင် ပိုအတွေ့ရများပါတယ်။ အဓိကအားဖြင့် ကြောင်လေးတွေမှာ သွားပြဿနာဖြစ်လျှင် အစာမစားနိုင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလိုက်လာနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် သွားနှင့် သွားဖုံးပြဿနာတွေအတွက် မိမိကြောင်လေးတွေကို ပုံမှန် သွားတိုက်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကြောင်လေးတွေမှာ အသက်အရွယ်အလိုက်ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း၊ အဝလွန်တာမဖြစ်အောင် သေချာဂရုစိုက်ခြင်း၊ ပုံမှန်သန်ချပေးခြင်းနှင့် အာဟာရညီမျှစွာ ပါဝင်တဲ့ အစာကိုကျွေးခြင်းဖြင့် သူတို့လေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးအနေအထားဖြစ်အောင် ဂရုစိုက်ပေးနိုင်ပါတယ်။


23/11/2023

ချစ် customer လေးတို့ရေ မြောင်လေးတို့ အကြိုက်😍 wonder cut Adult 😍တွေလေးတွေ
ေရာက်ရှ်နေပါပြီနော် နောက်ကျရင် ပစ္စည်း ရောက်တာလေးတွေစောင့်နေရမှာဆိုတော့ ရောက်နေတုန်း အမြန်ဆက်သွယ်မေးမြန်းဝယ်ယူလိုက်တော့နော် ချစ် customer လေးတို့ရဲ့ သားသား မီးမီးလေး အာဟာရပြည့်ဝဖို့အတွက် wonder cut Adult ​ လေး​ ​​ေတွအသင့်ရှိနေပီနော် ဝယ်ယူအားပေးသူများ အာလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ် ဗျ

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ😍😍😍အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ လို့ kodi pet shop မှဆုတောင်းပေ...
22/11/2023

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ😍😍😍
အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍
လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ လို့ kodi pet shop မှဆုတောင်းပေးလိုက်ပါတယ်နော် 🙏🙏🙏
(crd)

မင်္ဂလာ ညချမ်းအချိန်ခါ လေးပါ၇ရက်သားသမီးများ အားလုံးကျန်းမာ၍ ချမ်းသာကြပါစေ🌷🙏🌷🙏🌷🙏
20/11/2023

မင်္ဂလာ ညချမ်းအချိန်ခါ လေးပါ
၇ရက်သားသမီးများ အားလုံး
ကျန်းမာ၍ ချမ်းသာကြပါစေ🌷🙏🌷🙏🌷🙏

ခွေးလေးတွေမြင်ရင် မနေနိုင်တာဟိုကောင်ဘယ်သိမှာလဲ 😜😜
20/11/2023

ခွေးလေးတွေမြင်ရင် မနေနိုင်တာ
ဟိုကောင်ဘယ်သိမှာလဲ 😜😜

Wonder Cat Tuna 20kg အိတ်များ ပြန်လည်ရရှိပါပြီတအိတ်စျေး 80000ကျပ်ပါ Delivery ခပေးရပါမယ်ဗျဖုန်း 09661102826 ကိုဆက်သွယ်ဝယ်...
20/11/2023

Wonder Cat Tuna 20kg အိတ်များ ပြန်လည်ရရှိပါပြီ

တအိတ်စျေး 80000ကျပ်ပါ

Delivery ခပေးရပါမယ်ဗျ

ဖုန်း 09661102826 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ

ငွေစျေးတွေတက်နေပါသော်လည်း ပုံမှန်စျေးအတိုင်းရောင်းချပေးနေပါတယ်ဗျ

🤣🤣🤣🤣အမယ်လေးမောတယ်ဟပြေးရတာ..လူတွေ့လူတွေ့ဟိုတနေ့က ငါးတောင်းစားတာ.မပေးဘူး..လုယူရတယ်..အခုလဲဘာထူးမုန့်ဖိုးလေးတောင်းတာ..မပေးတေ...
17/11/2023

🤣🤣🤣🤣
အမယ်လေးမောတယ်ဟပြေးရတာ..လူတွေ့လူတွေ့ဟိုတနေ့က ငါးတောင်းစားတာ.မပေးဘူး..လုယူရတယ်..အခုလဲဘာထူးမုန့်ဖိုးလေးတောင်းတာ..မပေးတော့...ဘဏ်ဖောက်တယ်ကွာ..မ​​​​​ေကျနပ်လိုက်လာကြဟေ့.....ဟျောင့်..$စကားများမနေနဲ့မြန်မြန်ပြေး...မိရင်ငါမကူနိုင်ဘူး..လဥလို့ပဲ....


ကြောင်လေးတွေ ရုတ်တရက် ဝမ်းမသွားရင် စိုးရိမ်သင့်သလား?ကြောင်လေးတွေမှာ ဝမ်းချူပ်တာကို ပုံမှန်အနေအထားမှာ အတွေ့ရနည်းတာကြောင့်...
15/11/2023

ကြောင်လေးတွေ ရုတ်တရက် ဝမ်းမသွားရင် စိုးရိမ်သင့်သလား?

ကြောင်လေးတွေမှာ ဝမ်းချူပ်တာကို ပုံမှန်အနေအထားမှာ အတွေ့ရနည်းတာကြောင့် အချို့အခြေအနေတွေမှာ ကြောင်လေးတွေ ရုတ်တရက်ဝမ်းမသွားလျှင် တိချစ်သူတွေဟာ စိုးရိမ်လွန်တတ်ကြပါတယ်။ မိမိမွေးမြူထားတဲ့ ကြောင်လေးတွေ ပုံမှန်ဝမ်းမသွားလျှင် နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာနိုင်တာကြောင့် သေချာဂရုစိုက်သင့်ပါတယ်။ ကြောင်လေးတွေမှာ ဝမ်းဗိုက် ဖောင်းလာခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် အားနည်းခြင်းစတဲ့ လက္ခဏာတွေတွေ့ရလျှင် ဝမ်းမသွားနိုင်တာနှင့် ဆက်စပ်နိုင်တာကြောင့် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ပုံမှန်အားဖြင့် ကြောင်လေးတွေ တစ်နေ့ဘယ်နှစ်ကြိမ်ဝမ်းသွားသလဲ?
ကြောင်လေးတွေမှာ ဝမ်းသွားတဲ့ အကြိမ်ရေဟာ သူတို့ရဲ့ လှုပ်ရှားမှု အခြေအနေ၊ ကျွေးတဲ့အစာနှင့် အသက်အရွယ်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ကျန်းမာတဲ့ (၂)လသားအရွယ် ကြောင်လေးတွေကတော့ အစာစားပြီးတိုင်း ဝမ်းသွားတတ်ပါတယ်။ အရွယ်ရောက်တဲ့ ကြောင်လေးတွေကတော့ တစ်နေ့တစ်ကြိမ်သာသွားလေ့ရှိပါတယ်။

ဝမ်းမသွားနိုင်တဲ့ ကြောင်လေးတွေကို အိမ်မှာ ဘာလုပ်ပေးနိုင်မလဲ?
ကြောင်ချစ်သူတွေအနေဖြင့် မိမိကြောင်လေးတွေ ဝမ်းမသွားနိုင်တာသေချာပြီဆိုလျှင် အောက်ပါအချက်လေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
မိမိကြောင်လေးတွေကို အစာခြောက်ထက် အစာတွေကို ရေနှင့် ရောကျွေးခြင်းအပြင် သောက်ရေကို လုံလုံလောက်လောက်ရရှိအောင်လုပ်ဆောင်ပေးခြင်း
ကြောင်လေးတွေကို အချိန်ပေးကာ လေ့ကျင့်ခန်းလုပ်ခိုင်းခြင်း
ဝမ်းဗိုက်ကို ဖြည်းညှင်းစွာ ပွက်ပေးခြင်း
ကြောင်လေးတွေရဲ့ စအိုကို စိုစွက်တဲ့ ဝါဂွမ်းလေးနှင့် သန့်စင်ပေးကာ ဝမ်းသွားချင်အောင် လှုံ့ဆော်ပေးခြင်း
တစ်ခါတစ်ရံ သန်ကောင်ကြောင့်လည်း ဝမ်းမသွားတာဖြစ်တတ်တာကြောင့် ပုံမှန်သန်ချပေးခြင်း ကိုလုပ်ပေးနိုင်ပါတယ်။

ဘာကြောင့်ကြောင်လေးတွေ ရုတ်တရက် ဝမ်းမသွားနိုင်ရတာလဲ?
၁) ပတ်ဝန်းကျင်အသစ်ပြောင်းတဲ့အခါ စိတ်ဖိစီးတာကြောင့် ဝမ်းမသွားနိုင်ခြင်း
ကြောင်လေးတွေရဲ့ ပိုင်ရှင်တွေ အိမ်အသစ်ပြောင်းတဲ့အခါ၊ ကြောင်လေးတွေကို နေရာသစ် ခေါ်သွားတဲ့အခါ တစ်ခါတစ်ရံ စိတ်ဖိစီးတာကြောင့် ဝမ်းမသွားနိုင်တာ ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့် ကြောင်လေးတွေ ပုံမှန်ထက်စိတ်လှုပ်ရှားတဲ့အခါ အူလမ်းကြောင်းလှုပ်ရှားမှုကို နှောက်နှေးစေတာကြောင့် ပုံမှန်ထက်ဝမ်းသွားဖို့ အချိန်ပိုယူတတ်ပါတယ်။

၂) ရေဓာတ်ခမ်းခြောက်တာကြောင့် ရုတ်တရက် ဝမ်းမသွားခြင်း
ကြောင်လေးတွေ ရေသောက်နည်းပြီး ရေဓာတ်ခမ်းခြောက်တဲ့အခါ အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။ ဥပမာအားဖြင့် အစာချေဖျက်စုပ်ယူတဲ့ လုပ်ငန်းဆောင်တာ ပိုကြာခြင်းကြောင့် ဝမ်းသွားဖို့ အချိန်ပိုကြာတတ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာအနေဖြင့် နှာခေါင်းနားတစ်ဝိုက် ခြောက်တွေ့ခြင်း ဖြစ်တတ်ပါတယ်။ ဆိုးဝါးတဲ့အနေအထားမှာတော့ တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်လျှင် IV ချိတ်တာပါ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

၃) အူလမ်းကြောင်းမှာ ပိတ်ဆို့ခြင်း
ကြောင်လေးတွေရဲ့ အူလမ်းကြောင်းမှာ တစ်စုံတစ်ခုပိတ်ဆို့တဲ့အခါ လုံးဝဝမ်းမသွားတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ အတွေ့ရများတဲ့ အူလမ်းကြောင်းကို ပိတ်ဆို့စေတဲ့ အရာတွေကတော့ ပလာစတစ်၊ ချည်မျှင်နှင့် လုံးဝိုင်းတဲ့ အရာဝတ္ထုတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ လက္ခဏာအနေဖြင့် အော့အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း နှင့် ဗိုက်အောင့်တာကြောင့် လျှာဖြင့် ဗိုက်ကိုယှက်ခြင်း စတဲ့ လက္ခဏာတွေတွေ့နိုင်ပါတယ်။ မိမိကြောင်လေးမှာ အူလမ်းကြောင်းပိတ်နေတယ်လို့ သံသယဖြစ်ခဲ့လျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်ဆီချက်ချင်းပြသင့်ပါတယ်။ အချို့ ဆိုးဝါးတဲ့အနေအထားမှာ အရေးပေါ်ခွဲစိတ်ပြီး ကုသမှရမှာ ဖြစ်ပါတယ်။

၄) သန်ကောင်ကြောင့် ဝမ်းမသွားနိုင်ခြင်း
ကြောင်ငယ်လေးတွေမှာ ဝမ်းမသွားနိုင်တဲ့ နောက်ထပ် အချက်တစ်ခုကတော့ သန်ကောင်ကြောင့် ဝမ်းမသွားနိုင်တာလည်း ဖြစ်တတ်ပါတယ်။ သန်ကောင်တွေဟာ ကြောင်ပေါက်စအရွယ်မှစတင်ကာ ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင် ကြောင်ချစ်သူတွေအနေဖြင့် မိမိကြောင်လေးတွေကို ပုံမှန်သန်ချပေးခြင်းဖြင့် ၎င်းပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အရွယ်ရောက်တဲ့ ကြောင်တွေမှာလည်း သန်ကောင်ကြောင့် ဝမ်းမသွားနိုင်တာ ဖြစ်နိုင်ပါသေးတယ်။

၅) အမွှေးလုံး( Hair ball) တွေ အူလမ်းကြောင်းမှာ ပိတ်ဆို့ခြင်း
အမွှေးရှည်တဲ့ ကြောင်လေးတွေမှာ ပူအိုက်တဲ့ရာသီဆိုလျှင် အမွှေးကျွတ်တတ်တာကြောင့် နောက်ဆက်တွဲအနေဖြင့် အူလမ်းကြောင်းမှာ အမွှေးတွေစုပြီး အမွှေးလုံးလေးဖြစ်ကာအူလမ်းကြောင်းကို ပိတ်ဆို့တဲ့ ပြဿနာ တွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကြောင်ချစ်သူတွေအနေဖြင့် မိမိကြောင်လေးတွေကို အမွှေးကျွတ်တတ်တဲ့ရာသီရောက်လျှင် တစ်နေ့နှစ်ကြိမ် Grooming လုပ်ပေးခြင်းဖြင့် ကြောင်လေးတွေမှာ အမွှေးလုံးကြောင့် အူလမ်းကြောင်းမှာ ပိတ်ဆို့တဲ့ ပြဿနာ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကြောင်ချစ်သူတွေအနေဖြင့် မိမိကြောင်လေးတွေ ဝမ်းမသွားလို့ တိရစ္ဆာန်ဆရာဝန်ထံ ပြတော့မည်ဆိုလျှင် ကြောင်လေးတွေရဲ့ History ကို သေချာမှတ်ထားဖို့လိုပါမယ်။ ဥပမာအားဖြင့် နောက်ဆုံးဝမ်းသွားတဲ့အချိန်၊ ဝမ်းရဲ့ အခြေအနေ နှင့် သွေးပါမပါ စတဲ့ အခြေအနေကို သေချာ မှတ်သားခြင်းဖြင့် ကြောင်လေးတွေကို ကုသရာမှာ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။


တိလေးတွေရဲ့ကျန်းမာရေး ဗဟုသုတ Heartworm and pet animals(နှလုံးသန်ကောင်နှင့်အိမ်မွေးတိရစ္ဆာန်)နှလုံးသန်ကောင်(Dirofilaria i...
13/11/2023

တိလေးတွေရဲ့ကျန်းမာရေး ဗဟုသုတ

Heartworm and pet animals(နှလုံးသန်ကောင်နှင့်အိမ်မွေးတိရစ္ဆာန်)

နှလုံးသန်ကောင်(Dirofilaria immitis)သည်သန်လုံးကောင်(roundworm)အမျိုးအစားဖြစ်သည်။သွေးမှတစ်ဆင့်ကူးစက်သော(blood-borne parasitic
disease)ရောဂါတစ်ခုဖြစ်ပါတယ်။
ရောဂါကူးစက်ခံနေရသောတိရစ္ဆာန်အတွင်းရှိသက်ကြီးနှလုံးသန်ကောင်ဟာဆိုရင်၅နှစ်လောက်ထိအသက်ရှင်နေနိုင်ပါတယ်။အရွယ်ရောက်ပြီးတဲ့သန်ကောင်အမဟာဆိုရင်သားလောင်း(larva or microfilaria)ပေါင်းများစွာကိုမွေးထုတ်
ပေးနိုင်ပါသည်။

သားလောင်းတွေကိုတော့ရောဂါဖြစ်နေတဲ့ခွေး/ကြောင်ကနေတစ်ဆင့်ခြင်ကသယ်ဆောင်ပေးပါတယ်။သားလောင်းတွေကိုသယ်ဆောင်လာတဲ့ခြင်ကိုက်ခြင်းမှသာလူနဲ့အခြားတိရစ္ဆာန်တွေကိုပါကူးစက်စေနိုင်ပါတယ်။ခြင်အမျိုးပေါင်း၃၀ကျော်လောက်ကနှလုံးသန်ကောင်ရဲ့သားလောင်းတွေကိုသယ်ဆောင်နိုင်ပါတယ်။တိရစ္ဆာန်ခြင်းတော့မကူးစက်နိုင်ပါ။

သန်ကောင်သံသရာလည်ပုံ (life cycle)

ခြင်ကကြားခံကောင်(intermediate host)အဖြစ်ဆောင်ရွက်ပေးပါတယ်။
နှလုံးသန်ကောင်ရောဂါဖြစ်နေတဲ့တိရစ္ဆာန်ရဲ့သွေးကို ခြင်ကစုပ်ယူစားသုံးမယ်။ခြင်ရဲ့အူလမ်း
ကြောင်းထဲမှာသားလောင်း(L1-L2-L3)တွေက
အဆင့်ဆင့်၁၀-၃၀ရက်ထိဖွံ့ဖြိုးမယ်။ဖွံ့ဖြိုးပြီးတဲ့သားလောင်းတွေက ခြင်ရဲ့ပါးစပ်ပိုင်းမှာရှိတဲ့ တံတွေးဂလင်း(salivary gland)တွေထဲကို
ရွေ့သွားမယ်။သားလောင်းတွေသယ်ဆောင်ထားတဲ့ခြင်ကနေတစ်ဆင့်လူနဲ့အခြားတိရစ္ဆာန်တွေကိုကိုက်မယ်။အကိုက်ခံရတဲ့အကောင်တွေရဲ့အရေပြားထဲမှာနောက်ထပ်(L3-L5)အဖြစ်၂လကြာ
ထိဆက်လက်ဖွံ့ဖြိုးမယ်။ထို့နောက်သွေးကြောထဲကနေတဆင့်နှလုံး(heart)နှင့်အဆုပ်(lungs)အနီးမှာရှိနေတဲ့သွေးကြောမကြီးတွေကိုရွေ့သွားမယ်။အရွယ်ရောက်တဲ့ထိဖွံ့ဖြိုးပြီးမိတ်လိုက်ကြမယ်။သားလောင်း(microfilaria)တွေကိုမွေးထုပ်ပေးမယ်။မွေးထုတ်ပေးတဲ့သားလောင်းတွေကသွေးကြောမှတဆင့်ခန္ဓာကိုယ်အနှံ့အပြားကိုပျံ့သွားမယ်။

ရောဂါလက္ခဏာ(clinical signs)

၁နှစ်အောက်ခွေးတွေမှာဖြစ်ပွားနှုန်းနည်းပေမယ့်၂နှစ်ကနေ၈နှစ်အတွင်းမှာတော့ဖြစ်ပွားနှုန်းများပါတယ်။ရောဂါလက္ခဏာမပြပဲတိရစ္ဆာန်ရဲ့ခန္ဓာကိုယ်အတွင်းမှာလည်း၇နှစ်လောက်ထိအသက်ရှင်နေနိုင်ပါတယ်။ရောဂါလက္ခဏာကိုအကြမ်းဖျင်းအားဖြင့်အဆင့်၂ခုခွဲနိုင်ပါတယ်။

သက်ကြီးနှလုံးသန်ကောင်(adult heartworm)ကြောင့်ဖြစ်တဲ့လက္ခဏာတွေကတော့သွေးကြောတွေမှာပိတ်ဆို့မှုတွေဖြစ်လာမယ်။သွေးကြောထဲရှိအဆို့ရှင်(valve)တွေကိုဖျက်ဆီးပစ်ပါတယ်။ရောဂါလက္ခာကမပြင်းထန်ပေမယ့်ချောင်းခြောက်တွေဆိုးမယ်၊အသက်ရှူနှုန်းမြန်မယ်၊အားအင်ချိနဲ့မယ်၊အာရုံကြောနဲ့ဆိုင်တဲ့လက္ခာတွေပြမယ်။နှလုံးရောဂါ(congestive heart failure)ဖြစ်ပြီးဝမ်းဗိုက်နဲ့ခြေချောင်းမှာအရေတွေစုလာမယ်၊ရောင်လာမယ်။အခြားထင်ရှားတဲ့လက္ခဏာအနေနဲ့အစားသောက်ပျက်လာပြီးခန္ဓာကိုယ်အလေးချိန်တွေကျလာပါတယ်။ပြင်ထန်လာရင်တော့အသက်ဆုံးရှုံးသည်အထိဖြစ်လာနိုင်ပါတယ်။

သားလောင်း(Microfilaria)ကြောင့်ဖြစ်တဲ့လက္ခဏာတွေမှာတော့ပထမဆုံးအနေနဲ့အဆုပ်နှင့်အသည်းကိုဖျက်ဆီးမယ်။ချောင်းဆိုးတာတွေဖြစ်မယ်။အသည်းရောဂါဖြစ်မယ်၊သွေအားနည်းမယ်၊အားနည်းတာဖြစ်မယ်။ကျောက်ကပ်ပျက်စီးပြီးအဆိပ်တွေကခန္ဓာကိုယ်အနှံ့အပြားမှာစုတာတွေဖြစ်လာပါမယ်။

နှလုံးသန်စစ်ဆေးခြင်း(Diagnosis)

နှလုံးသန်ရောဂါရှိမရှိကိုတော့တိရစ္ဆာန်ဆေးကုခန်း
တွေမှာtestskitနဲ့စစ်ကြည့်နိုင်ပါတယ်။ဓာတ်မှန်(X-ray)ရိုက်ကြည့်မယ်ဆိုရင်တော့သက်ကြီး
နှလုံးသန်ကောင်(adult stage)ကို
သာမြင်ရမှာပါ။

ရောဂါကုသခြင်း(Treatment)
-နှလုံးသန်သတ်ဆေး(immiticide for adult)
-အရောင်ကျဆေး(anti-inflammatory drug)
-ပိုးသတ်ဆေး(antibiotics for microfilaria and secondary bacteria infection)
-ဆီးဆေး(diuretic for fluid accumulation in lungs)
-နှလုံးဆေး(cardioglycoside)

နှလုံးသန်ရောဂါဖြစ်နေတဲ့ခွေး/ကြောင်လေးတွေ
ဆေးဝါးကုသနေစဉ်အတွင်း သက်သောင့်သက်
သာထားပါ။သီးသန့်ထားပါ။ငြိမ်ငြိမ်လေးထားပေးနိုင်ရင်အကောင်းဆုံးပါ။ရောဂါဖြစ်နေတဲ့ခွေးကြောင်တွေနဲ့ပြေးလွှားဆော့ကစားခြင်းမပြုလုပ်ပါနဲ့။သူ့အတွက်ပင်ပန်းစေမယ့်အလုပ်မှန်သမျှကိုရှောင်သင့်ပါတယ်။

ရောဂါကိုကြိုတင်ကာကွယ်ခြင်း(Prevention)

မိမိမွေးထားတဲ့ခွေး/ကြောင်ငယ်ကလေးတွေ
အသက်၂လသားအရွယ်မှာပထမဆုံးနှလုံးသန်ချဆေးကိုစတင်တိုက်ကျွေးသင့်ပါတယ်။တစ်လတစ်ကြိမ်တိုက်သင့်ပါတယ်။၆လအရွယ်မှစတိုက်မယ်ဆိုရင်တော့နှလုံးသန်ကောင်ရှိမရှိစစ်ဆေးသင့်ပါတယ်။စစ်ဆေးပြီးလို့ရောဂါမရှိဘူးလို့သိရှိတာနဲ့ပထမဆုံးအကြိမ်နှလုံးသန်ချဆေးတိုက်ကျွေးသင့်ပါတယ်။ဒါ့အပြင်မိမိမွေးထားတဲ့ခွေး/ကြောင်ငယ်လေးတွေခြင်ကိုင်မခံရအောင်
ခြင်လုံဇကာ၊ခြင်ထောင်တွေနဲ့ထားသင့်ပါတယ်။ခြင်ပိုမိုပေါက်ဖွားတဲ့ရာသီတွေမှာခြင်ကိုက်မခံရအောင်အထူးဂရုစိုက်သင့်ပါတယ်။

#ဒေါက်တာခွန်သူရB.V

Power pack adult ၁၅အိတ်ကျန်Expired date ဝေးစျေး အလွန်ချို🤣🤣🤣Made in Thailand (ပဲခူးကမဟုပါ)ဦးသူယူ ချန်မထားပေးပါဘူးဗျာဖုန်...
13/11/2023

Power pack adult

၁၅အိတ်ကျန်

Expired date ဝေး

စျေး အလွန်ချို🤣🤣🤣

Made in Thailand (ပဲခူးကမဟုပါ)

ဦးသူယူ ချန်မထားပေးပါဘူးဗျာ

ဖုန်း 09661102826

ချစ်စရာကောင်းတဲ့ အာဝုလေးတွေအတွက် အဟာရ ပြည့်ဝတဲ့ အစာလေးတွေ အသစ်ရောက်ရှိနေပြီနော် အာဝုလေးတို့အကြိုက် တွေ့စေမယ့် Power Pack...
12/11/2023

ချစ်စရာကောင်းတဲ့ အာဝုလေးတွေအတွက် အဟာရ ပြည့်ဝတဲ့ အစာလေးတွေ အသစ်ရောက်ရှိနေပြီနော် အာဝုလေးတို့အကြိုက် တွေ့စေမယ့် Power Pack Adult နော်။ Exp Date လေးနဲ့ဆိုတော့ ဦးသူယူပဲနော် ။စျေးနူန်းလေးကတော့တစ်အိတ်ကို 118000 နော်
ချစ် customer လေးတို့ kodi pet shop မှာအမြန်ဝယ်ယူလိုက်တော့နော် ဝယ်ယူအားပေးမူများကို အထူးကျေးဇူးတင်ပါတယ်ဗျ 😍😍😍😍

ခွေးစာ ကြောင်စာ အိတ် ၂၀ ဆိုးအောက် 😍😍ချစ် customer လေးများကို kodi pet shop မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျသက်ရှိသတ္တဝါများ အ...
12/11/2023

ခွေးစာ ကြောင်စာ အိတ် ၂၀ ဆိုးအောက် 😍😍
ချစ် customer လေးများကို kodi pet shop မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ
သက်ရှိသတ္တဝါများ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေဗျာ 🙏🙏🙏

😍😍 မဂ်လာ မနက်ခင်းလေးပါ အမျိုးတို့ရေ  😍မနက်ခင်းမှစ၍ တစ်နေ့တာလုံး လုပ်ဆောင်သမျှတိုင်း အခက်အခဲမရှိ ကြံတိုင်းအောင်ဆောင်တိုင်...
12/11/2023

😍😍 မဂ်လာ မနက်ခင်းလေးပါ အမျိုးတို့ရေ 😍
မနက်ခင်းမှစ၍ တစ်နေ့တာလုံး လုပ်ဆောင်သမျှတိုင်း အခက်အခဲမရှိ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပါစေနော် စိတ်သွားတိုင်းကိုယ်ပါ လိုအင် ဆန္ဒ တစ်လုံးတစ်ဝ ပြည့်ကြပါစေလို့ kodi pet မှ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်
# kodi pet
# ဆုတောင်းစကား

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေအေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ 🙏🙏🙏   (crd)
11/11/2023

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ
အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍
လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ 🙏🙏🙏

(crd)

ခွေးလေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ🐕တိချစ်သူတွေအနေဖြင့် မိမိခွေးလေးတွေကို သေချာအနီးကပ်ပြုစုစောင့်ရှောက်ထားတဲ...
11/11/2023

ခွေးလေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ

🐕တိချစ်သူတွေအနေဖြင့် မိမိခွေးလေးတွေကို သေချာအနီးကပ်ပြုစုစောင့်ရှောက်ထားတဲ့ အနေအထားမှာပင် နေမကောင်းဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိတာကြောင့် အခြားကျန်းမားရေးဆိုင်ရာ ပြဿနာတွေကို ကြုံရနိုင်ပါသေးတယ်။ ဒါ့ကြောင့် တိချစ်သူတွေဟာ မိမိခွေးလေးတွေမှာ နေမကောင်းတဲ့ လက္ခဏာရှိမရှိ အမြဲဂရုစိုက်စောင့်ကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့် ခွေးလေးတွေမှာ အဖြစ်များတဲ့ ရောဂါ(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁) အရေပြား ရောဂါဖြစ်ခြင်း
🦮ခွေးတွေဟာ အရေးပြားဆိုင်ရာရောဂါတွေနှင့် အမြဲရင်ဆိုင်ရတတ်ပါတယ်။ ခွေးလေးတွေမှာ အရေပြားဆိုင်ရာပြဿနာဖြစ်မဖြစ်ကို အရေပြား ယားယံခြင်း၊ ကုတ်ခြစ်ခြင်းတို့ကို ပြုလုပ်လျှင် သိနိုင်ပါတယ်။ ဒါ့အပြင် ခွေးလေးတွေရဲ့အရေပြားမှာ နီရဲခြင်း၊ ယောင်ရမ်းခြင်း၊ အရေပြားကွာကျခြင်းနှင့် အခြားပုံမှန်မဟုတ်ကဲ့ ပုံစံတွေကို အရေပြားပေါ်မှာတွေ့ရလျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်ဆီ ပြသသင့်ပါတယ်။
ခွေးလေးတွေမှာ အရေပြားဆိုင်ရာပြဿနာတွေကို အောက်ပါအခြေအနေတွေမှာ တွေ့ရနိုင်ပါတယ်။
၁) ဓာတ်မတည့်ခြင်း
၂) အပြင်ကပ်ပါးပိုးကြောင့်ဖြစ်ခြင်း
၃) အရေပြား ပိုးဝင်ရောက်ခြင်း နှင့် အခြား အကြောင်းအရာတွေကြောင့်ဖြစ်တတ်ပါတယ်။

၂) နားမှာ ပိုးဝင်ရောက်ခြင်း
🐕‍🦺ခွေးလေးတွေမှာ နားပြဿနာဖြစ်လျှင် ခေါင်းတွေလှုပ်ခါခြင်း၊ နားကို ကုတ်ခြစ်ခြင်းစတဲ့ ပုံစံတွေပြတတ်ပါတယ်။ အခြားလက္ခဏာတွေအနေဖြင့် နားမှ အရည်ကျခြင်း နှင့် အနံ့ဆိုးများထွက်ခြင်းဖြင့်လည်း ခွေးလေးတွေမှာ နားပြဿနာဖြစ်တာကို သိနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ယားယံခြင်းအပြင် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတာ တွေ့ရနိုင်ပါတယ်။ နားပြဿနာကို မကုသလျှင် နောက်ဆက်တွဲ ဆိုးဝါးတဲ့ ပြဿနာတွေနှင့် ရင်ဆိုင်ရနိုင်တာကြောင့် တစ်ရက်၊ နှစ်ရက်ထက်ပိုကြာလာလျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်တွေနှင့် ပြသသင့်ပါတယ်။ အချို့အခြေအနေတွေမှာ နားပြဿနာကို အရေးပြားပြဿနာနှင့် တွဲတွေ့ရလေ့ရှိပါတယ်။

၃) ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်ခြင်း
🐾ခွေးလေးတွေမှာ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာလည်း အတွေ့ရများပါတယ်။ အတွေ့ရများတဲ့ လက္ခတွေအနေဖြင့် ပုံမှန်ဆီးသွားနေကျနေရာ မဟုတ်ဘဲ ဆီးသွားခြင်း၊ မကြာခဏသွားခြင်း၊ ဆီးသွားပြီးလျှင် အားအင်ချိနဲ့ခြင်း စတဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။ ၎င်းရောဂါလက္ခဏာတွေကို ကျောက်ကပ်မှာ ရောဂါဖြစ်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါဖြစ်တဲ့ အခြေအနေတွေမှာလည်းတွေ့ရတတ်ပါတယ်။

၄) အော့အန်ခြင်း
🐕ခွေးလေးတွေမှာ အန်တဲ့လက္ခဏာတွေဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခွေးလေးတွေဟာ အန်တဲ့လက္ခဏာတွေ့ရလျှင် စိုးရိမ်စရာမလိုသော်လည်း သေချာဂရုတစိုက်စောင့်ကြည့်သင့်ပါတယ်။ အဆိပ်မိခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ အခြားရောဂါတွေကြောင့်လည်း အန်တဲ့လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ သို့သော်လည်း ခွေးလေးတွေမှာ အန်တာမရပ်တန့်ခြင်း၊ ဝမ်းသွားခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် အားပျော့တဲ့ လက္ခဏာတွေတွေ့ရလျှင် နီးစပ်ရာဆရာဝန်ထံ အမြန်ဆုံးပြသသင့်ပါတယ်။

၅) ဝမ်းလျှောခြင်း
🦮ခွေးလေးတွေမှာ ဝမ်းလျှောတာကို အန်တဲ့လက္ခဏာတွေနှင့် တွဲတွေ့ရလေ့ရှိပါတယ်။ ဖြစ်စေတဲ့ အကြောင်းပြချက်တွေကတော့ ခွေးလေးတွေမှာ အန်တာကို ဖြစ်စေတဲ့ အကြောင်းပြချက်တွေနှင့် ဆင်တူတတ်ပါတယ်။ ခွေးလေးတွေမှာ တစ်ကြိမ်၊နှစ်ကြိမ် ဝမ်းလျှောတာဟာ ပြဿနာမရှိသော်လည်း အဆက်မပြတ်ဝမ်းလျှောနေလျှင် ရေဓါတ်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ခွေးလေးတွေမှာ အဆက်မပြတ်ဝမ်းလျှောခြင်းနှင့် သွေးပါတဲ့အခြေအနေတွေမှာဆိုလျှင် နီးစပ်ရာတိရစ္ဆာန်ဆရာဝန်တွေနှင့် ပြသင့်ပါတယ်။

၆) ကပ်ပါးပိုးတွယ်ကပ်ခြင်း
🐕‍🦺ကပ်ပါးပိုးတွေကို ခွေးလေးတွေရဲ့ ပတ်ဝန်းကျင်မှာ အမြဲတွေ့ရတတ်ပါတယ်။ ကပ်ပါးပိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာတွေ့ရတဲ့ လှေး၊ မွှား အပြင် ခန္ဓာကိုယ်တွင်း တွေ့ရနိုင်တဲ့ နှလုံးသန်ကောင်နှင့် အူလမ်းကြောင်းမှာတွေရတဲ့ သန်ကောင်တွေလည်း ဖြစ်နိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် ကပ်ပါးပိုးတွယ်ကပ်တာကို ကြိုတင်ကာကွယ်နိုင်ရန် လစဉ်သန်ချခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။

၇) သွားပြဿနာဖြစ်ခြင်း
🦮ခွေးလေးတွေမှာ သွားပြဿနာတွေဟာ အတွေ့ရများတတ်သော်လည်း ဂရုစိုက်မှုပိုင်းမှာ အားနည်းတတ်ပါတယ်။ သိသာတဲ့လက္ခဏာအနေဖြင့် ခံတွင်းမှ အနံ့ဆိုးထွက်ခြင်းကို တွေ့ရတတ်ပါတယ်။ ကြိုတင်ကာကယ်မှုအနေဖြင့် သွားပုံမှန်တိုက်ပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

၈) အဝလွန်ခြင်း
🦮အဝလွန်ခြင်းပြဿနာဟာလည်း ယခုနောက်ပိုင်း ခွေးလေးတွေမှာ အတွေ့ရများတဲ့ နောက်ထပ် ကျန်းမာရေး ပြဿနာတစ်မျိုးပဲဖြစ်ပါတယ်။ ခွေးလေးတွေမှာ အဝလွန်လာပြီဆိုလျှင်နောက်ဆက်တွဲပြဿနာတွေအနေဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အရိုးနှင့် ဆိုင်တဲ့ပြဿနာတွေတွေ့ရတတ်ပါတယ်။ သို့သော်လည်း ခွေးလေးတွေမှာ အဝလွန်တဲ့ပြသနာတွေကို ကြိုတင်ကာကွယ်နိုင်တဲ့အပြင် Diet လုပ်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

၉) အဆစ်အမြစ်ရောင်ခြင်း
🐕‍🦺အဆစ်အမြစ်ရောင်ခြင်းဟာလည်း ခွေးလေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးပဲဖြစ်ပါတယ်။ အထိုင်အထလုပ်တဲ့အခါ ခက်ခဲခြင်း၊ လမ်းလျှောက်တဲ့အခါ ပုံမှန်မဟုတ်ခြင်း၊ အရိုးအဆစ်ရောင်တဲ့နေရာကို လျှာနဲ့ ယျက်ခြင်း၊ ကိုက်ခြင်းတို့ကို ရောဂါလက္ခဏာအနေဖြင့် တွေ့ရတတ်ပါတယ်။ တိချစ်သူတွေအနေဖြင့် မိမိတိလေးတွေမှာ အရိုးအဆစ်နှင့် ပတ်သက်ပြီး သံသယဝင်လာလျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၁၀) အဆိပ်မိခြင်း
🐕ခွေးလေးတွေမှာ အစာအဆိပ်သင့်ခြင်းနှင့် အဆိပ်မိခြင်းတို့ကိုလည်း ကြုံရတတ်ပါတယ်။ ခွေးချစ်သူတွေအနေဖြင့် မိမိခွေးလေးတွေမှာ အဆိပ်သင့်တဲ့ လက္ခဏာတွေ့ရလျှင် အရေးပေါ်အသုံးပြုနိုင်တဲ့ ဆေးဝါးလေးတွေကို ကြိုတင်ဆောင်ထားသင့်ပါတယ်။


crd

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ🤗အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ လို့ kodi pet shop မှဆုတောင်းပေးလ...
11/11/2023

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ🤗
အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍
လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ လို့ kodi pet shop မှဆုတောင်းပေးလိုက်ပါတယ်နော် 🙏🙏🙏
(crd)

Address

No ( 805 ) Tapin Shwe Htee Road , 41 Ward , North Dagon
Yangon

Telephone

+959661102826

Website

Alerts

Be the first to know and let us send you an email when KODI Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KODI Pet Shop:

Videos

Share

Category


Other Pet Supplies in Yangon

Show All