Choco & Mee Lay

Choco & Mee Lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Choco & Mee Lay, Pet Supplies, Sanchaung Road, Myanmar, Burma (Myanmar), Yangon.

23/05/2023

ဘယ်သွားသွားခေါ်သွားမယ် 🥰

22/05/2023

ဆာနေတော့လဲ ဖြစ်သလိုပဲ သောက်လိုက်တယ် 😁

01/03/2023

အဗျင်းခံချင်နေလား ?

🤎🤎🤎
02/10/2022

🤎🤎🤎

13/04/2022

စွယ်တော် 2 လမ်း ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပ ရပ်ကွက်၊ နေပြည်တော် နေအိမ် မှ ပုံပါအတိုင်း နို့တိုက်မိခင် Exotic Lh ကြောင်ကလေး
မေ့ရွှေဥ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိကောက်ရထားရင် အမြန်ဆုံး အကြောင်းကြားပေးပါရတဲ့ရှင်

ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမယ်တဲ့နော်

မဆုရည်
095050632
09975611669

၄၇ ရက်သားပဲရှိသေးတဲ့ French Bulldog အထီးလေးနဲ့ အမလေးတွေပါဗျ ✅ import from Thailand 🇹🇭✅ Vaccine one time done ယူမယ်ဆိုမှ ...
12/03/2022

၄၇ ရက်သားပဲရှိသေးတဲ့ French Bulldog အထီးလေးနဲ့ အမလေးတွေပါဗျ

✅ import from Thailand 🇹🇭
✅ Vaccine one time done

ယူမယ်ဆိုမှ ထိုင်းကနေ ခေါ်ပေးမှာပါ
ဈေးနှုန်းနဲ့ အသေးစိတ်ကို cb က မေးပေးပါခင်ဗျာ

၃၅ ရက်သားပဲရှိသေးတဲ့ French Bulldog အထီးလေးနဲ့ အမလေးပါဗျ ✅ import from Thailand 🇹🇭ယူမယ်ဆိုမှ ထိုင်းကနေ ခေါ်ပေးမှာပါဈေးနှ...
09/03/2022

၃၅ ရက်သားပဲရှိသေးတဲ့ French Bulldog အထီးလေးနဲ့ အမလေးပါဗျ

✅ import from Thailand 🇹🇭

ယူမယ်ဆိုမှ ထိုင်းကနေ ခေါ်ပေးမှာပါ
ဈေးနှုန်းနဲ့ အသေးစိတ်ကို cb က မေးပေးပါခင်ဗျာ

စားပြီး သောက်ပြီး သကာလ ဖင်လုံးတွေ အိပ်ပြီ 😆
02/03/2022

စားပြီး သောက်ပြီး သကာလ ဖင်လုံးတွေ အိပ်ပြီ 😆

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်...
25/02/2022

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဒီလိုမျိုး ထွက်ပြေးကြတဲ့အခါ ကိုယ့်ရဲ့အချစ်တော် ခွေးလေး ကြောင်လေးတွေကိုလည်း ချန်မထားရက်ဘဲ တပါတည်း ကြိုးစားခေါ်ဆောင်နေကြတာကို ရင်နင့်စဖွယ် မြင်တွေ့ရပါတယ်။

ဒါကြောင့် ခွေးလေးတွေနဲ့အတူ ထွက်ပြေးလာကြသူတွေကို ကူညီဖို့ ရိုမေးနီးယား၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေက တိဂေဟာတွေ အဆင်သင့် စောင့်ကြိုနေကြပါပြီ။

ယူကရိန်းနိုင်ငံတွင်းက တိဂေဟာတွေရဲ့ ဝန်ထမ်းတွေကတော့ ဘယ်ကိုမှ မသွားဘဲ ဂေဟာမှာ ရှိနေတဲ့ ကလေးတွေနဲ့အတူ နောက်ဆုံးအချိန်ထိ အတူတူနေဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဒါ့အပြင် ကိုယ့်ခွေးလေးတွေကို တပါတည်း ခေါ်ဆောင်မသွားနိုင်မယ့် သူတွေအ​နေနဲ့ သူတို့ဆီမှာ လာရောက်အပ်နှံပေးကြဖို့လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။

တိလေးတွေရော ပြည်သူအားလုံးရော ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ဖို့ Royal Canin မှ ဆန္ဒပြုအပ်ပါတယ်။

မေတ္တာလက်နက်နဲ့ အစွမ်းကုန် တိုက်ပွဲဝင်နေကြတဲ့ အဲဒီသူရဲကောင်းတွေအတွက် ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်နော် 🙏

📸 Credits

တကယ့် Super Duper Premium Quality မှ ကြိုက်တတ်တဲ့ ဖီဖီ မီမီ တို့အတွက် French Bulldog လေး preorder ပါနော် 😍Female Vaccine...
05/02/2022

တကယ့် Super Duper Premium Quality မှ ကြိုက်တတ်တဲ့ ဖီဖီ မီမီ တို့အတွက် French Bulldog လေး preorder ပါနော် 😍

Female

Vaccine one time done ✅

only 43 days 😍

Import from Thailand 🇹🇭

Premium Quality မှ ကြိုက်တာဆိုတဲ့သူတွေအတွက် Giant Alaskan ရှယ်ဖင်လုံးကောင်လေးတွေ စောင့်နေပါပြီ အဖေ အမေ ထိုင်း import နော...
03/02/2022

Premium Quality မှ ကြိုက်တာဆိုတဲ့သူတွေအတွက် Giant Alaskan ရှယ်ဖင်လုံးကောင်လေးတွေ စောင့်နေပါပြီ

အဖေ အမေ ထိုင်း import နော်
အိမ်မှာပေါက်တဲ့ ၂ လသားလေးတွေ so cute 😍

အမေ ရုပ်ထွက်အတိုင်း တကယ်ရှားတဲ့ Grey လေးတွေပါ 🥰

အချောလေးတွေချည်းပဲမို့ အမြန်သာ လာရွေးလိုက်တော့နော် 🤩

အမ လေးတွေပဲ ကျန်ပါတော့မယ်လို့

အချောအချေလေးတွေ အရောင်းဖွင့်လိုက်ပါပြီနော် 😍😍​မွေးစားမဲ့ ဖေဖေ မေမေတို့ကို cb က အသေးစိတ်ပြောပေးပါမယ်နော် 🥰
29/01/2022

အချောအချေလေးတွေ အရောင်းဖွင့်လိုက်ပါပြီနော် 😍😍

​မွေးစားမဲ့ ဖေဖေ မေမေတို့ကို cb က အသေးစိတ်ပြောပေးပါမယ်နော် 🥰

ဖအေ တူတွေချည်းမွေးပေးထားတာ အကုန် အမဲ 🥴ညနေ ၄ ခွဲကနေ မနက် ၄ခွဲထိ အကုန် ၉ ကောင်မွေးပါတယ် 🤩
28/11/2021

ဖအေ တူတွေချည်းမွေးပေးထားတာ အကုန် အမဲ 🥴

ညနေ ၄ ခွဲကနေ မနက် ၄ခွဲထိ အကုန် ၉ ကောင်မွေးပါတယ် 🤩

မီးလေး မွေးပြီ 🥰
27/11/2021

မီးလေး မွေးပြီ 🥰

ကျော်လဲ တစ်နှစ်ပြည့်ပါပြီ ခင်ဗျ ☺️လိုတာလေးတွေ ရှိလဲ ကျော့်မေမေကို cb ကနေ လှမ်းမေးလို့ ရပါတယ် ခင်ဗျာ 🙏🥰ကျန်းမာရေး အထူးဂရု...
06/08/2021

ကျော်လဲ တစ်နှစ်ပြည့်ပါပြီ ခင်ဗျ ☺️

လိုတာလေးတွေ ရှိလဲ ကျော့်မေမေကို cb ကနေ လှမ်းမေးလို့ ရပါတယ် ခင်ဗျာ 🙏🥰

ကျန်းမာရေး အထူးဂရုစိုက်ကြပါဦးနော် 🙏

ကလေးတွေ အတွက် carry bag လေးတွေ တစ်ခုစီ instock ရပါဦးမယ် 🥰
16/07/2021

ကလေးတွေ အတွက် carry bag လေးတွေ တစ်ခုစီ instock ရပါဦးမယ် 🥰

တည့်နေတုန်းလေး ကြည်ကြည်လင်လင် 🤩
01/06/2021

တည့်နေတုန်းလေး ကြည်ကြည်လင်လင် 🤩

ကလေးတွေအတွက် သက်တောင့်သက်သာ စားလို့ရမဲ့ အစာခွက်စင်လေး 🥰
01/06/2021

ကလေးတွေအတွက် သက်တောင့်သက်သာ စားလို့ရမဲ့ အစာခွက်စင်လေး 🥰

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး-------------------------------------------------------------လ...
19/05/2021

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး
-------------------------------------------------------------
လူသားတို့နဲ့ အရင်းနှီးဆုံး တိရိစ္ဆာန်ကို ပြပါဆိုရင် ခွေး လို့ဆိုရမှာပါ။ ခွေးချစ်သူတော်တော်များများက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အရမ်းတန်ဖိုးထားကြပါတယ်။

တစ်ချို့ဆို ကိုယ်ကသာ Beauty Salon ကိုသွားချင်မှသွားမယ်။ ကိုယ့်အိမ်က အချစ်တော်လေးကိုတော့ ကေသဖို့ အမြဲလို လိုက်ပို့လေ့ရှိပါတယ်။
သင်အချစ်ဆုံးခွေးလေးကို မကျွေးသင့်တဲ့ အားအစာတွေ ရှိပါတယ်။ သင့်ခွေးလေးအတွက် အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။

1. အရက်

အရက်ကို မတိုက်ရဘူးဆိုရင်တော့ သိပ်အံ့သြမယ်မထင်ပါဘူး။ လူတောင်မှအရက်ဆွဲ ရင်သေတတ်တာပဲ။ အရက်မှာပါဝင်တဲ့ Methylxanthines လို့ခေါ်တဲ့ ဓါတုဓါတ်ပစ္စည်းက အစာအိမ်ကိုထိခိုက်စေပြီး အတက်ရောဂါဖြစ်စေနိုင်ပါတယ်။ သင့်အချစ်တော်လေး အရက်သောက်မိရင် တိရိစ္ဆာန်ကုဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

2. ချောကလက်

ချောကလက်ကတော့ ခွေးလေးတွေအတွက် မကောင်းဘူးဆိုတာ သိပြီးတဲ့သူတွေလည်းသိပြီးလောက်မှာပါ။ သူ့မှာလည်း အရက်မှာပါဝင်တဲ့ ဓါတုပစ္စည်းပါဝင်နေတာပါ။ အထူးသဖြင့် အနက်ရောင်ချော့ကလက်စစ်စစ်က နို့ရောထားတဲ့ (သို့) အဖြူရောင်ချော့ကလက်ထက် အဲဒီဓါတ်ပါဝင်မှု မြင့်မားပါတယ်။ ချော့ကလက်ကို ကိုယ့်အချစ်တော်လေးနဲ့ ဝေးဝေးထားပါနော်။

3. အုန်းသီး

အုန်းသီးမှာ ပိုတက်ဆီယမ်ဓါတ်နဲ့ အဆီဓါတ်ပါဝင်ပါတယ်။ ဒါဟာ ခွေးလေးတွေအတွက် မကောင်းပါဘူး။ ခွေးလေးတွေကို အသက်ဆုံးရှုံးတဲ့ထိ မဖြစ်စေပေမဲ့ အန်တာ ဝမ်းလျှောတာမျိုးဖြစ်စေပါတယ်။ အုန်းသီးကိုလည်း သင့်အချစ်တော်လေးနဲ့ ဝေးဝေးမှာထားပါနော်။

4. စပျစ်သီး

စပျစ်သီးက ခွေးလေးတွေအတွက် ဘာလို့မကောင်းတာပါလိမ့်လို့ စဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ်။ သူတေသီတွေက စပျစ်သီးမှာ ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဓါတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်ဆီးပြီး သေတဲ့ထိဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စပျစ်သီးစားမိရင် ဆရာဝန်ဆီ အပြေးသာသွားလိုက်ပါနော်။

5. ကော်ဖီ

အရက်နဲ့ ချော့ကလက်လိုပါပဲ။ ကော်ဖီမှာ Methylxanthines ဓါတ်တွေပါဝင်ပြီး ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ကဖိန်းဓါတ်များများပါဝင်လို့ ခွေးလေးတွေကို အိပ်ရေးပျက်စေပါတယ်။ ကဖိန်းဓါတ်များတဲ့ ဘယ်အစားအစာမျိုးကိုမဆို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။၊ ဥပမာ – ဆော်ဒါ၊ အားဖြည့်အချိုရည်များ။

6. ပန်းသီးရိုး

ပန်းသီးကို ကိုက်စားပြီးသွားရင် အလည်မှာ ကျန်ခဲ့တဲ့အရိုးတံကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်စေပါတယ်။ Seizures လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။

7. အသားစိမ်း

အသားစိမ်းကို ကျွေးတာဟာ ကောင်းတယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ခွေးကို အသားစိမ်းကျွေးတာမကောင်းပါဘူး။ ခွေးမွေးတဲ့ပုံတွေလည်းပြောင်းသွားပြီ မျိုးတွေစပ်မွေးလာကြတာမို့ အသားစိမ်းတွေကို အစာကြေဖို့ ခက်ခဲပါတယ်။

8. နို့ထွက်ပစ္စည်း

တစ်ချို့ခွေးလေးတွေက ပေါက်စအရွယ်လေးမှာ ချိစ်၊ ဒိန်ချဉ်နဲ့ တခြားနို့ထွက်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အရွယ်ရောက်လာရင် အစာပြောင်းကျွေးတာကောင်းပါတယ်။

9. Macadamia

အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာတို့နဲ့ တော့ သိပ်မရင်းနှီးလှတဲ့ အသီးတစ်မျိးပါ။ အဲဒီအခွံမာသီးကလည်း သင့်ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ ရှောင်ပေးသင့်ပါတယ်။

Credit- My Food Myanmar

 #များများShareပေးခြင်းဖြင့် ကူညီပေးကြပါနော် 🙏နေပူထဲ ချွေးဒီးဒီးကျအောင်တော့ ပတ်ကပ်ခဲ့ပီသားကြီးရေ မြန်မြန်ပြန်လာပါနော် 😔မ...
17/05/2021

#များများShareပေးခြင်းဖြင့် ကူညီပေးကြပါနော် 🙏

နေပူထဲ ချွေးဒီးဒီးကျအောင်တော့ ပတ်ကပ်ခဲ့ပီသားကြီးရေ မြန်မြန်ပြန်လာပါနော် 😔
မန်းလေးမြို့သစ်ထဲမှာ ပျောက်တာပါ

တင်ထားတဲ့ မူရင်းpost ပိုင်ရှင်
👇🏼👇🏼👇🏼👇🏼
https://www.facebook.com/paing.thyu

#များများShareပေးခြင်းဖစ်ကူညီပေးပါဂျ

29/04/2021

No ဆို No ပဲ 😕☹️

ဘာ ရေဆူဆေး မှ လာမတိုက်နဲ့ ဟူးမန်းမ 🤨

ဥဖြုတ်တုန်းက ဖြုတ်ပြီး 😠

(ဥဖြုတ်ခံရလို့ တင်းနေတဲ့ ကိုယ်တော် 😂)

အိမ်က pet လေးတွေကို Tear Gas အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲ?ခုတလော ရပ်ကွက်တွေထဲမှာ မျက်ရည်ယိုဗုံးတွေ နဲ့ crowd control တွ...
09/03/2021

အိမ်က pet လေးတွေကို Tear Gas အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲ?

ခုတလော ရပ်ကွက်တွေထဲမှာ မျက်ရည်ယိုဗုံးတွေ နဲ့ crowd control တွေ လုပ်လာပြီဖြစ်တဲ့အတွက် ကိုယ်တွေ ရဲ့ pet လေးတွေရဲ့ ကျန်းမာရေး ကိုပါ ဂရုပြုကြဖို့လိုလာပါပြီ

နဂိုကတည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာ အခံ ရှိခဲ့ဖူးတဲ့ pet လေးတွေ သာ ရှိမယ်ဆို မျက်ရည်ယိုစေတဲ့ gas တွေဟာ သူတို့ရဲ့ ကျန်းမာရေးကို ပို ထိခိုက်စေရုံမက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် November ၇ရက်နေ့ ၂၀၁၉ ခုနှစ် က Centre for Health Protection ရဲ့ ညွှန်းကြားချက်အရ မျက်ရည်ယိုGas ပျံ့နှံ့ခဲ့လျှင် ကိုယ်တွေ ရဲ့ အချစ်တော်လေးတွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာလေး ပြောပြပေးပါရစေနော်

🚨 အိမ်တွင်းရှိ Air con တွေကို ဖွင့်ရမလား? ပိတ်ထားရမလား?

ပိတ်ထားပေးပါ🚫
မျက်ရည်ယိုဗုံး ဖောက်တဲ့ နေရာ နဲ့ နီးတယ်ဆိုရင် air con ကို ပိတ်ထားပါ ပြတင်းပေါက်တွေ တံခါးတွေကို ပိတ်ပြီး ဟနေတဲ့ နေရာတွေကို စိုစွတ်တဲ့ အဝတ်စ နဲ့ ပိတ်ပေးထားဖို့လိုပါတယ်

🚨 Gas တွေ အိမ်ထဲဝင်လာရင် ဘယ်သွားမလဲ?

Gas တွေ ဝင်လာတယ်ဆို တည်နေရာကနေ ထွက်ခွာပြီး အမြင့် တနေရာ မှာ နေပါ (ဥပမာ- ခေါင်မိုးအမြင့်တနေရာကို သွားတာမျိုး လုပ်ပါ) 🏠 မျက်ရည်ယိုဗုံးရဲ့ Gas တွေဟာ အမှုန်လေးတွေ များစွာ ပါဝင်တဲ့ အတွက် လေထဲ လေးလံပြီး နိမ့်တဲ့မျက်နှာပြင်တနေရာမှာ တင်ကျန်နေခဲ့မှာဖြစ်ပါတယ်

🚨 မျက်ရည်ဝဲလာခြင်း နှာရည်ယိုခြင်း ရင်ဘက်အောင့်ခြင်း ခေါင်းကိုက်ခြင်း မူးဝေခြင်း အပြင် အရေပြား စပ်ဖျင်းဖျင်း ဖြစ်လာပြီဆိုပါက သင့် pet လေးတွေ ပါ မျက်ရည်ယိုဗုံးရဲ့ effect ကို ခံစားနေပြီဖြစ်ပါတယ် ဒီလို အခြေနေမျိုးဆို ဘယ်လို လုပ်မလဲ?

Pet လေးတွေရဲ့မျက်လုံးတွေကို ရေအေး သို့ ရိုးရိုးအပူချိန်ရှိတဲ့ ရေ သို့ ဆားရည် (Saline) နဲ့ များများ ဆေးချပါ
⚠️ရေပူ ရေနွေး မသုံးရပါ⚠️
Gas ရဲ့ အမှုန်လေးတွေကို ရေငွေ့ပျံစေပြီး ဓာတု ဓာတ်ပြုမှုတွေ ဖြစ်စေနိုင်တဲ့ အတွက် ရေနွေး မသုံးသင့်ပါဘူး

🚨 လက္ခဏာအပြင်းထန်ခံစားရတဲ့ pet လေးတွေဟာ - ဝမ်းပျက်ခြင်း အသက်ရှူရခက်ခဲခြင်း အရေပြားဓာတ်မတည့်မှုဖြစ်ခြင်း စတဲ့ ဝေဒနာတွေကို ကြုံရမှာဖြစ်ပါတယ်

တကိုယ်လုံးကို ရေများများ နဲ့ ဆေးချပြီး နီးစပ်ရာ ဆေးခန်းကို ပြပေးဖို့လိုပါတယ်

🚨 Gas တွေ ပျံ့နှံ့သွားတဲ့ နေရာတွေကို ဘာတွေ နဲ့ ပြန်သန့်ရှင်းကြမလဲ?

ပရိဘောဂတွေ ကြမ်းတွေကို ရေစိုဝတ် နဲ့ ဆပ်ပြာသုံးပြီး သန့်ရှင်းပေးလို့ရပါတယ် ရေနွေးမသုံးရပါ
သန့်ရှင်းတဲ့အခါ တခါသုံးလက်အိတ် ဝတ်ပြီး သန့်ရှင်းပေးဖို့လိုပါတယ် သန့်ရှင်းရေး အတွက် အသုံးပြုထားတဲ့ ပစ္စည်းတွေကို ပလတ်စတစ်အိတ် နဲ့ ထုတ်ပြီး စွန့်ပစ်ဖို့လိုပါတယ် ‼️

🚨တံမြက်စည်း လှဲချလို့ရမလား?

Not recommended ပါ ⚠️
မျက်နှာပြင်မှာ တင်ကျန်ရစ်နေခဲ့တဲ့ အမှုန်တွေကို ပြန်ပျံ့အောင် လုပ်သလို ဖြစ်နေမှာပါ

🚨မျက်ရည်ယို gas နဲ့ ထိတွေ့ထားတဲ့ Pet လေးတွေရဲ့အဝတ်စားတွေကို ဘယ်လိုလုပ်မလဲ?

လွှင့်သာပစ်လိုက်ပါ လျှော်ဖွတ်ပါက Washing machine အပြင် တခြားနေရာတွေကို ပါ အမှုန်တွေ ပြန့်စေနိုင်တာကြောင့်ပါ

အဆင်ပြေကြပါစေနော်

# credit

ထိုင်သပိတ်မှာ ကိုယ့်ဘေးနားမှာ ထိုင်နေတဲ့ ကောင်လေးတယောက်။ အသက်က (၁၆)နှစ်လောက်ပဲ ရှိဦးမယ်။ ဦးထုပ်ထဲမှာ ကြောက်ပေါက်စ ပိန်ညှ...
02/03/2021

ထိုင်သပိတ်မှာ ကိုယ့်ဘေးနားမှာ ထိုင်နေတဲ့ ကောင်လေးတယောက်။ အသက်က (၁၆)နှစ်လောက်ပဲ ရှိဦးမယ်။

ဦးထုပ်ထဲမှာ ကြောက်ပေါက်စ ပိန်ညှောင်လေးတကောင်ရယ် သူ့မှာ တဘက်က ကြွေးကြော်သံတွေအော်ရင်း တဘက်က ကြောင်လေးကို မြှူနေသေးတယ်။

အိမ်က ပါလာတယ်ထင်တာ။
မေးကြည့်မှ ခုနက ကျောက်မြောင်းဘက်က ပစ်ကြတုန်းက ကားဂိတ်နားမှာ ကြောင်လေးကြောက်နေတာ တွေ့လို့ ခေါ်လာတာတဲ့ ❤️❤️

တော်လှန်ဖို့ လမ်းပေါ်ထွက်လာတဲ့ ကောင်လေးဟာ ယုတ်မာရိုင်းစိုင်းတဲ့ လောကကြီးကို ရင်ဆိုင်ဖို့အတွက် ဖြူစင်လွန်းရှာသေးတယ်။

crd



14/02/2021

Choco ကို ဒီလိုချီသိပ်ရမယ်ဆိုလို့ကတော့ 🥴

We want democracy too 🐶🐶
11/02/2021

We want democracy too 🐶🐶

ဖီဖီ မီမီတို့ရေ သားသား မီးမီးတို့ သိပ်ကြိုက်တဲ့ ရောင်းမလောက် ချည်သား ကုတင်လေး ပြန်မှာလို့ ရပါပြီနော် 😍အအေးကြိုက်တတ်တဲ့ က...
05/02/2021

ဖီဖီ မီမီတို့ရေ သားသား မီးမီးတို့ သိပ်ကြိုက်တဲ့ ရောင်းမလောက် ချည်သား ကုတင်လေး ပြန်မှာလို့ ရပါပြီနော် 😍

အအေးကြိုက်တတ်တဲ့ ကလေးတွေ အတွက် ရှယ်ဇိမ်လေး
ကြောင်လေးတွေရော ခွေးလေးတွေပါ အကုန်အိပ်တဲ့ ကုတင်လေးနော် 🥰

price - 7,500 MMK

America No.1 Cat Treat 💚USA ရဲ့ နာမည်ကြီး ကြောင်လေးတွေရဲ့ အကြိုက် snack လေး သွင်းပေးထားပါပြီ 😍
03/01/2021

America No.1 Cat Treat 💚

USA ရဲ့ နာမည်ကြီး ကြောင်လေးတွေရဲ့ အကြိုက် snack လေး သွင်းပေးထားပါပြီ 😍

01/01/2021

Address

Sanchaung Road, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when Choco & Mee Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Yangon pet stores & pet services

Show All