စိမ်း- SANE urban jungle

စိမ်း- SANE urban jungle Urban living,organic farm and loving plants

13/03/2024
23/05/2023
အယူအဆအမှားများနဲ့ ‘ငှက်ဆိုး’
08/04/2023

အယူအဆအမှားများနဲ့ ‘ငှက်ဆိုး’

 #မယူဘူးနော်
28/02/2023

#မယူဘူးနော်

🐚ကမ်းခြေမှာ အရမ်းလှတဲ့ ရောင်စုံ ခရုလေးတွေမြင်ရင် မနေနိုင်ဘဲ ကောက်ဖြစ်နေတုန်းလား။🌊ဒီခရုခွံလေးတွေက မကောက်ရမနေနိုင်လောက်အော...
05/01/2023

🐚ကမ်းခြေမှာ အရမ်းလှတဲ့ ရောင်စုံ ခရုလေးတွေမြင်ရင် မနေနိုင်ဘဲ ကောက်ဖြစ်နေတုန်းလား။

🌊ဒီခရုခွံလေးတွေက မကောက်ရမနေနိုင်လောက်အောင် လှပါတယ်။ ဒါပေမယ့်လည်း ဒီစာလေးကို ဖတ်ပြီးရင်တော့ ကောက်သင့် မကောက်သင့် ပိုပြီး နားလည်သွားမှာပါ။ ခရုခွံလေးတွေက ခရုလေးတွေ သေဆုံးသွားတဲ့အခါ အခွံမာအဖြစ် ကမ်းခြေမှာ တင်ကျန်နေတတ်ပါတယ်။

အဲဒီ ခရုခွံလို အခွံမာလေးတွေက ကမ်းခြေမှာ အိမ်လိုက်ရှာနေတဲ့ ဝင်ကစွပ်ကောင်လေးတွေရဲ့ အိမ်လည်းဖြစ်ပါတယ်။

ဝင်ကစွပ်လေးတွေကို အင်္ဂလိပ်လို Hermit Crabs လို့ခေါ်ပြီး သူတို့ဟာ နာမည်အတိုင်း အခွံတွေထဲမှာ ဝင်ဝင် စွပ်ပြီး နေတတ်တာမျိုးပါ။ တခြားတိရစ္ဆာန်တွေရဲ့ အခွံမာတွေဟာ သူတို့ရဲ့ အိမ်ပါပဲ။

သူတို့က နှစ်ပေါင်း (၃၀) လောက်အထိ အသက်ရှင်ကြတာမလို့ အသက်ကြီးလာလို့ ခန္ဓာကိုယ်ကြီးလာတဲ့အခါ ဝင်စွပ်ထားတဲ့ အခွံထဲမှာ ကြပ်လာပါပြီ။ ဒီအခါ ပိုကြီးတဲ့ အခွံထဲ ညဘက်ဆို အိမ်ပြောင်းရပါတော့တယ်။ လူတွေ အိမ်မှာနေသလိုပဲ ဝင်ကစွပ်တွေဟာလည်း တခြား တိရစ္ဆာန်တွေရဲ့ အခွံမာတွေကို နေရောင်ခြည်ဒဏ်နဲ့ ရန်သူ့ အန္တရာယ်ကနေ ကာကွယ်ဖို့လိုအပ်တာဖြစ်ပါတယ်။

အခုနောက်ပိုင်း ဝင်ကစွပ်လေးတွေမှာ ငှါးနေကျအိမ်တွေ ပျောက်ဆုံးတဲ့ ကပ်ဆိုက်နေပါတယ်။

တရားခံကတော့ ခရုခွံလေးတွေကို ကမ်းခြေရောက် အမှတ်တရပစ္စည်း အဖြစ်နဲ့ ကောက်သွားချင်ကြတဲ့ “လူသားမျိုးစိတ်” ပဲဖြစ်ပါတယ်။ အဲဒီအပြင် ခရုခွံတွေ အမြောက်အမြားကောက်ပြီး လက်ကောက်၊ ဆွဲကြိုး၊ ကီးချိန်း၊ ဒေသထွက် လက်ဆောင်အနေနဲ့ ရောင်းချကြတာကလည်း ဒီလူသားမျိုးစိတ်ရဲ့ စီးပွါးရေးပါပဲ။

လူတွေ အိမ်အရေအတွက် နည်းနေရင် အိမ်ထပ်ဆောက်လို့ရပါတယ်။ ဝင်ကစွပ်လေးတွေ ဝင်နေရမယ့် ခရုခွံလေးတွေ နည်းလာရင်တော့ လူတွေလို အိမ်လည်း မဆောက်တတ်တော့ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းလာရပါတယ်။ ကမ်မီကယ်လ်ပါတဲ့ ပလတ်စတစ်ဘူးအဖုံးလို၊ ရှတတ သံဗူးခွံတွေလို အခွံတွေထဲ ဝင်နေရတာမျိုး တွေ့လာရပါတယ်။ ရယ်စရာပြောရရင် သူတို့လည်း ခေတ်နဲ့အညီ အိမ်ကို ပြောင်းလဲလာကြရတာပေါ့။ ဒါကြောင့် တောခေါင်းလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့သားတွေက ခရုခွံနဲ့ သံဗူး အရွယ်အမျိုးမျိုးကို ညညဆို ကမ်းခြေမှာထားတာမျိုး လုပ်ကြတဲ့အကြောင်း BBC က ဗီဒီယို လေး လုပ်ထားတာလေးရှိပါတယ်။ ဗီဒီယိုလေးထဲမှာ ချစ်စရာကောင်းအောင် ဖော်ပြထားပေမယ့် ဖြစ်နေတဲ့ ပြဿနာကို မီးမောင်းထိုးပြသွားတာပါပဲမလို့ ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။
👉🏻 https://youtu.be/LuwQKJCO9UQ

ကြိုက်တဲ့ အိမ်အရွယ်အစားရွေးလို့ရအောင် သံဗူးအမျိုးမျိုး ချထားပေးပေမယ့် ဒါဟာ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဖွဲ့စည်းထားတဲ့ သဘာဝ အခွံမာတွေနဲ့တော့ ကွာခြားသေးတာပေါ့။ ဝင်ကစွပ်လေးတွေအပြင် ရေပုဝဲလေးတွေကလည်း အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ခဏတာ ဝင်ပုန်းဖို့ ခရုခွံ၊ အုန်းသီးခွံလို အခွံမာတွေကို အသုံးပြုပါသေးတယ်။ ငါးသေးသေးလေးတွေကလည်း အန္တရာယ်နဲ့ကြုံတဲ့အခါ ဒီခရုခွံလေးတွေထဲ ဝင်ပုန်းကြရပါတယ်။

အဲဒီအပြင် ခရုခွံလို အခွံမာတွေက ကယ်လ်ဆီယမ် ကာဗွန်နိတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ပင်လယ်လှိုင်းလုံးတွေထဲမှာ အမှုန်အမွှားဖြစ်သွားတဲ့အခါ ရေနေသက်ရှိတွေက စားသုံးပြီး ကယ်လ်ဆီယမ်ဓာတ် နဲ့ ဘိုင်ကာဗွန်နိတ်ဓာတ်ကို ရရှိကြတာဖြစ်ပါတယ်။ အဲဒီဓာတ်တွေက ခရုလို တိရစ္ဆာန်လေးတွေ သူတို့ကိုယ်ကို ကာကွယ်ဖို့ အခွံမာတွေ ပြန်လည် ဖွဲ့စည်းနိုင်အောင် အထောက်အကူပေးတာပဲဖြစ်ပါတယ်။

ဒါကြောင့် အိမ်ငှါးနေရတဲ့ ဝင်ကစွပ်လို တိရစ္ဆာန်လေးတွေနဲ့ ဂေဟစနစ်အတွက် ကမ်းခြေရောက်ရင် ခရုခွံကောက်သိမ်းလာတာ၊ ခရုခွံနဲ့ လုပ်ထားတဲ့ အမှတ်တရ လက်ဆောင်တွေ ဝယ်တာကနေ ရှောင်ကြဉ်ကြရအောင်နော်။ ဒီလို သဘာဝကို ထိခိုက်မှုအနည်းဆုံးနဲ့ ခရီးသွားတာကို ecotourism လို့ခေါ်ပါတယ်။

Ecotourism အကြောင်းဖတ်ရန်
📚 https://www.facebook.com/103271174817851/posts/632595778552052/?mibextid=cr9u03



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959424611144

Website

Alerts

Be the first to know and let us send you an email when စိမ်း- SANE urban jungle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share