𝑪𝒉𝒊𝒍𝒍 𝒘𝒊𝒕𝒉 𝑻𝑬𝑫𝑫𝒀

𝑪𝒉𝒊𝒍𝒍 𝒘𝒊𝒕𝒉 𝑻𝑬𝑫𝑫𝒀 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝑪𝒉𝒊𝒍𝒍 𝒘𝒊𝒕𝒉 𝑻𝑬𝑫𝑫𝒀, Pet Supplies, Yangon.

31/08/2022
ဒီနေ့ Admin တင်ပေးမှာကတော့ အဖြူရောင် Fighter ကြီးတွေဖြစ်တဲ့ Dogo Argentino 🐻‍❄️တွေ အကြောင်းဘဲဖြစ်ပါတယ်။အောက်ကပုံလေးတွေရဲ...
29/08/2022

ဒီနေ့ Admin တင်ပေးမှာကတော့ အဖြူရောင် Fighter ကြီးတွေဖြစ်တဲ့ Dogo Argentino 🐻‍❄️တွေ အကြောင်းဘဲဖြစ်ပါတယ်။

အောက်ကပုံလေးတွေရဲ့ caption တွေမှာရေးသားပေးထားပါတယ်🐕

Happy National Dog Day!🥳ဒီနေ့ Aug 26 ဟာ National Dog Day ဘဲဖြစ်ပါတယ်။အားလုံးဘဲ ကိုယ်ချစ်တဲ့ သားသားမီးမီး လေးတွေနဲ့ ပျော်...
26/08/2022

Happy National Dog Day!🥳

ဒီနေ့ Aug 26 ဟာ National Dog Day ဘဲဖြစ်ပါတယ်။
အားလုံးဘဲ ကိုယ်ချစ်တဲ့ သားသားမီးမီး လေးတွေနဲ့ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေ။❤️

🐶 Rottweiler အကြောင်း သိကောင်းစရာများ..🐶မူရင်းဇာတိ - ဂျာမဏီအသုံးဝင်ပုံ၁၉ ရာစုအလယ်ပိုင်းအထိ သိုးထိန်းခွေးအဖြစ်လည်းကောင်း ...
25/08/2022

🐶 Rottweiler အကြောင်း သိကောင်းစရာများ..🐶

မူရင်းဇာတိ - ဂျာမဏီ

အသုံးဝင်ပုံ

၁၉ ရာစုအလယ်ပိုင်းအထိ သိုးထိန်းခွေးအဖြစ်လည်းကောင်း လှည်းများဆွဲရာတွင်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ယနေ့အချိန်မှာတော့ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများတွင်လည်းကောင်း၊ မျက်မမြင်များအတွက် လမ်းပြခွေးအဖြစ်လည်းကောင်း၊ အိမ်နှင့်ခြံလုံခြုံရေးခွေးအဖြစ်လည်းကောင်း၊ စစ်တပ်နှင့် ရဲဌာနများတွင်လည်းကောင်း Rottweiler များကိုအသုံးပြုနေကြပါပြီ။

ခန္ဓာကိုယ်တည်ဆောက်ပုံ

ခန္ဓာကိုယ် တိုတိုတုတ်တုတ်၊ လေးထောင့်ကျကျ နှင့် ညီညာသန်မာသောကျောပြင်ရှိသည်
ရင်ဘတ်ကျယ်ပြန့်ကြီးမား၍ နက်ရှိုင်းသည်
တင်ပါးခွင်တိုပြီးကျယ်သည်
တစ်ချို့ကိုအမြီးဖြတ်ထားလေ့ရှိသည်။ (တစ်ချို့နိုင်ငံတွေမှာ အမြီးဖြတ်ခြင်းကိုခွင့်မပြုပါ)
ဦးခေါင်းအရှည်မှာ အလယ်အလတ်အရွယ်ဖြစ်ပြီး ဦးခေါင်းခွံကျယ်ပြန့်သည်။
အရေပြားသည် ဦးခေါင်းတစ်ခုလုံးမှာ တင်းတင်းကျပ်ကျပ်ကပ်နေပြီး ခွေးက တစ်ခုခုကို အာရုံစိုက်သည့်အချိန်မှသာ အတွန့်အခေါက်များပေါ်လာလေ့ရှိသည်။
နားရွက်များမှာ သေးငယ်ပြီး တြိဂံပုံရှိပြီး တစ်ခုနှင့်တစ်ခု နီးကပ်စွာမရှိပဲ ဝေးနေသောကြောင့် ဦးခေါင်းသည် ပိုမိုကျယ်ဝန်းသည်ဟုထင်ရသည်။
ကပ်ကြေးနှင့်ညှပ်သလို အထက်အောက် မေးရိုးနှင့်ညှပ်၍ကိုက်လေ့ရှိသည်။

သက်တမ်း
၁၁ - ၁၂ နှစ်

အမွှေး
တို၍ ကြမ်းတမ်းမာကျောသော အမွှေးများရှိပြီး အောက်ဘက်တွင် နူးညံ့သော အမွှေးတစ်ထပ်ရှိသည်။

အရောင်အသွေး
တစ်ကိုယ်လုံးအနက်ရောင်ဖြစ်သည်။
မဟော်ဂနီအညိုရောင်မှ အညိုနုရောင်ကြား အရောင်သည် နှုတ်သီး၊ ပါးပြင်၊ မျက်လုံးများ၊ ခြေထောက်များနှင့် ရင်ဘတ်တို့တွင်ရှိသည်။
ရင်ဘတ်နှင့် ခြေချောင်းများတွင် အဖြူရောင်မပါရပါ
မျက်လုံးမှာ အညိုရင့်ရောင်ဖြစ်သည်

အမူအကျင့်
ဥာဏ်အရမ်းကောင်းပြီး ထက်မြက်သည်
လေ့ကျင့်ပေးသူနှင့် သခင်၏မိသားစုအပေါ် အလွန်သစ္စာရှိကြသည်
မိသားစုနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ပေးတက်သည်
အိမ်ထဲတွင်ထားလျှင် သာမန်အားဖြင့် အေးဆေးငြိမ်သက်သည်
သခင်အတွက် အလုပ်လုပ်ပေးလိုစိတ်ရှိပြီး မှတ်ဥာဏ်အလွန်ကောင်းတက်ကြသည်။
သခင်နားမှာသာ အမြဲကပ်၍နေလိုသောကြောင့် ကြိုးမပါပဲ လမ်းလျှောက်သည့်အခါမှာလည်း ထွက်ပြေးသွားခြင်းမရှိပေ
ငယ်စဉ်ကတည်းက ကြောင်၊ ကြက်၊ ငှက်၊ အိမ်မွေးတိရိစ္ဆာန်များ နှင့်ယဉ်ပါးအောင် အတူတူမွေးမြူလျှင် အကြည်အသာလက်ခံသည်။
မိသားစု၏ မိတ်ဆွေများနှင့် ဆွေမျိုးများကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတက်ကြပြီး လူစိမ်းများကို ခြံစည်းရိုး ဂိတ်ဝနားသို့ပင် အကပ်မခံချေ။
သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ခြင်း
အမွေးလဲချိန်တွင် ရာဘာတ်လက်အိတ်သို့မဟုတ် ဘရပ်(ရှ်)ကို အသုံးပြု၍ ကျွတ်နေသော အမွေးများကို ဖယ်ရှားပေးနိုင်သည်။ လက်သည်းကို တိုအောင် ညှပ်ပေးရန်လိုသည်။

လေ့ကျင့်ခြင်း
Rottweiler သည် မျှတမှန်ကန်သော တည်ငြိမ်သော ကိုင်တွယ်လေ့ကျင့်ပေးသူကိုလိုအပ်သည်။ ချစ်ခင်မှု၊ မျှတစွာဆက်ဆံမှု၊ စည်းကမ်းတင်းကျပ်မှုနှင့် မှန်ကန်မှုရှိရမည်။ အတွေ့အကြုံမရှိသော ပိုင်ရှင်က ခွေးကို လေ့ကျင့်ပေးသောအခါ Rottweiler ခွေးထီးသည် အင်အားသန်မာပြီး မာကျောသဖြင့် တစ်အိမ်လုံးကို ဗိုလ်ကျသွားတက်သည်။
Rottweiler များသည် သခင်၏ အသံနိမ့်မြင့်၊ အသံအနေအထားကို ခံစားသိလွယ်သည်။ ထို့ကြောင့် သင့်ခွေးကောင်းမွန်စွာပြုမူသောအခါ ကျေနပ်အားရစွာချီးကျူးပါ။ လေ့ကျင့်မှုကောင်းလျှင် Rottweiler သည် လုံးဝ အမိန့်နာခံသောခွေးဖြစ်လာသည်။ Rottweiler အထီးနှင့်အမကြားမှာ ထူးခြားသောကွားခြားချက်များရှိသည်။ အမများသည် ပိုနူးညံ့ကြပြီး ပေကပ်ကပ်လုပ်ခြင်း နည်းပါးသည်။ ဘောလုံးကစားခြင်းနှင့် ပစ္စည်းပြန်ကောက်ပေးရခြင်းကိုနှစ်သက်သည်။

အရမ်းအပြည့်အစုံကြီးမဟုတ်ပေမယ့် တစ်ခုခုအသုံးဝင်လိမ့်မယ်လို့တော့ထင်ပါတယ်... :D :D နောက်ထပ် ခွေးအမျိုးအစားတွေကိုလည်း အလျင်းသင့်သလို တင်ပေးသွားပါဦးမယ်..

Ref: ခွေးအမျိုးအစားများသိကောင်းစရာ - ဒေါက်တာခင်စန်းမော်
Internet

Address

Yangon

Telephone

+959425778260

Website

Alerts

Be the first to know and let us send you an email when 𝑪𝒉𝒊𝒍𝒍 𝒘𝒊𝒕𝒉 𝑻𝑬𝑫𝑫𝒀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Pet Supplies in Yangon

Show All