Yangon Animals Rescue

  • Home
  • Yangon Animals Rescue

Yangon Animals Rescue Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Animals Rescue, Animal Rescue Service, .

 #ခွေးပျောက်  #ရန်ကုန် မြောက်ဥက္ကလာမင်မင်ရေ ညိုမလေးနဲ့ ဘိုဖြူလေးပါ အိမ်က အစ်ကိုက အမေနေမကောင်းတာနဲ့ ညီမ မသိအောင် သွားလွှတ...
19/07/2022

#ခွေးပျောက် #ရန်ကုန် မြောက်ဥက္ကလာ

မင်မင်ရေ ညိုမလေးနဲ့ ဘိုဖြူလေးပါ အိမ်က အစ်ကိုက အမေနေမကောင်းတာနဲ့ ညီမ မသိအောင် သွားလွှတ်တယ်လဲ ပြောပါတယ် ပေးလိုက်ပြီလဲပြောပါတယ် ညီမက မိဘအိမ်မှာ အတူနေတာမဟုတ်လို့ တိတိကျကျ ဘာမှ ပြောမပြလို့ မသိရပါဘူး ကလေးတွေကငယ်ပါသေးတယ်
တနေရာရာ တစ်အိမ်အိမ်မှာ ကောင်းကောင်းမွန်မွန်ရှိနေတယ်ဆို ညီမ စိတ်က အဆင်ပြေပါတယ်

လျှောက်သွားနေတယ် ဒုက္ခရောက်နေတယ်ဆို ညီမသွားပြန်ခေါ်ပါမယ်
ကောင်းကောင်းမွန်မွန်မွေးတဲ့သူဆီမဟုတ်ပဲ နှိပ်စက်ပြီး သားဖောက်ရောင်းစားတဲ့သူတွေလက်ထဲမှာရှိနေမှာစိတ်ပူလို့ပါ
ပျောက်နေတာ တနင်္ဂနွေနေ့ကတည်းကပါ ရှာနေတာကြာပါပြီ
တွေ့မိရင် အကြောင်းကြားပေးပါရှင်

မြောက်ဥက္ကလာကပါ
09-250289140ပါ

ကြောင်လေးတွေ သခင်လိုနေပါတယ်ဗျာ... ကြည့်မြင်တိုင် မြို့နယ်ကပါ။မွေးချင်တဲ့တ်ိချစ်သူလေးတွေ CBမှာ လာစုံစမ်းလို့ရပါတယ်နော်
04/07/2022

ကြောင်လေးတွေ သခင်လိုနေပါတယ်ဗျာ...
ကြည့်မြင်တိုင် မြို့နယ်ကပါ။

မွေးချင်တဲ့တ်ိချစ်သူလေးတွေ CBမှာ လာစုံစမ်းလို့ရပါတယ်နော်

သန်လျင်စစ်စီးတော အနီးနားကပါ။နေရပ်နီးတဲ့တိချစ်သူတွေ အစာကျွေးလို့ရအောင်ပါ။
24/06/2022

သန်လျင်စစ်စီးတော အနီးနားကပါ။
နေရပ်နီးတဲ့တိချစ်သူတွေ အစာကျွေးလို့ရအောင်ပါ။

မြောက်ဒဂုံ ဆီအုန်းလမ်း ၄၅ရပ်ကွက်မှာ ကြောင်လေးပျောက်သွားလို့ပါ။တွေ့ရှိခဲ့ရင် ဒီ ဖုန်းနံပါတ်လေး တချက်ဆက်သွယ်ပေးကြပါနော်097...
20/03/2022

မြောက်ဒဂုံ ဆီအုန်းလမ်း ၄၅ရပ်ကွက်မှာ ကြောင်လေးပျောက်သွားလို့ပါ။

တွေ့ရှိခဲ့ရင် ဒီ ဖုန်းနံပါတ်လေး တချက်ဆက်သွယ်ပေးကြပါနော်
09773565823

25/02/2022
21/01/2022

Part time job for Bago ▪️▪️▪️

-အသက်အရွယ် ပညာအရည်အချင်းကန့်သတ်ခြင်းမရှိပါ။

-အလုပ်ကိုလေးစားရမည် စိတ်ဝင်စားရမည်။

-ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။

-အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

-တိရိစ္ဆာန်ချစ်တတ်သူဖြစ်ရမည်။

-လေ့လာဆုံးဖြတ်နိုင်စွမ်းရှိရမည်။

-ကျား မ ကန့်သတ်ခြင်းမရှိပါ။

-သွက်လက်ထက်မြက်ရမည်။

-ပဲခူ့းမြို့ခံဖြစ်ရမည်။

Feel free to contact our chatbox 📬
🔸MAR 🔸

30/12/2021

ယနေ့သည် ▪️▪️▪️
MAR မှ ရန်ကုန် မန်းလေးမြို့အနှံ့ လမ်းဘေးတိရိစ္ဆာန်လေးများကို ဆေးကု ၊အစာကျွေးမွေးသော တနှစ်ပြည့်နေ့လေးဖြစ်ပါသည်။ ရှေ့ဆက်လဲ ယခုလိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသောကြောင်း MAR မှအသိပေးအပ်ပါသည်။

Myanmar animals rescue▪️

ခွေးလေးတွေ သနားလို့ပါခင်ဗျ🙏ဒီနေ့ ရန်ကုန်၊ ဒဂုံ(ဆိပ်ကမ်း) ရေလယ်သောင်ဘက်ကို သွားရင်း ခွေးလေး(၇)ကောင် လာလွှင့်ပစ်သွားတာကို ...
27/11/2021

ခွေးလေးတွေ သနားလို့ပါခင်ဗျ🙏

ဒီနေ့ ရန်ကုန်၊ ဒဂုံ(ဆိပ်ကမ်း) ရေလယ်သောင်ဘက်ကို သွားရင်း ခွေးလေး(၇)ကောင် လာလွှင့်ပစ်သွားတာကို တွေ့ခဲ့တယ်။

မွေးထားတာ မကြာသေးလောက်ဘူးထင်တယ် ငယ်ငယ်လေးတွေ။ နေစရာလည်းမရှိ၊ ပိုင်ရှင်လည်းမရှိ၊ မိခင်ခွေးအမေကြီးလည်း မပါနဲ့ သနားစရာတွေ့ခဲ့တယ်။

အိမ်မှာ ခေါ်မွေးထားရအောင်လည်း အိမ်နဲ့က အဆင်မပြေဖြစ်နေလို့ပါ😭

ညနေပိုင်း မိုးတွေ ရွာတော့ ဘယ်မှာ သွားနေမလဲမသိဘူး။

မိုးတွေရွာတော့ ချမ်းနေတာ မိုးရေထဲမှာ တုန်နေတာပဲ😭
ထမင်းကျွေးတာက မိုးမရွာခင်လေး😭
ကျွန်တော်တို့ပြန်လာတော့ မိုးရွာနေပြီ😭
ကြည့်လိုက်တော့ အကုန် စိုရွှဲနေတာပဲ😭

crd
ကူညီနိုင်သူများ ကူညီပေးကြပါဦးခင်ဗျာ🙏🙏🙏

လှိုင်သာယာ ရွှေပြည်သာ သီလဝါ မှာ ကျူးတွေကို စကစမောင်းထုတ်လို့အိမ်တွေဖျက်ပီး လူ​တွေက အဆင်ပြေတဲ့နေရာကိုရွှေ့သွားကြပီ.ခွေးလေ...
14/11/2021

လှိုင်သာယာ
ရွှေပြည်သာ
သီလဝါ မှာ ကျူးတွေကို စကစမောင်းထုတ်လို့
အိမ်တွေဖျက်ပီး လူ​တွေက
အဆင်ပြေတဲ့နေရာကိုရွှေ့သွားကြပီ.
ခွေးလေး ကြောင်လေးတွေ ကျန်ခဲ့ကြပါတယ်.
ခွေးနဲ့ပတ်သက်ပီးလုပ်နေတဲ့အစ်မ တို့
အစ်ကို တို့
ကူညီကြပါအုံး.
အလှူလေးဘာလေးခံကြပီ
​ခွေးတွေကို သွားကြည့်ပေးကြပါရှင်.
တောင်းဆိုပါတယ်.
တခြားအရာတွေထက် လက်ရှိမှာ
ဒုက္ခရောက်နေကြတယ်.
သူတိုကိုလည်း သတိတရနဲ့ ကြည့်ပေးကြပါအုံး.
အရေးသိပ်မကြီးတာတွေ ခနနားပီး
​ရွှေပြည်သာ
လှိုင်သာယာ
သီလဝါ က ခွေး.ကြောင် တွေကို
သတိတရနဲ့ ကူပေးကြပါအုံး
ဒုက္ခရောက်ပီ ငတ်နေကြပါတယ်.🙏
ပုံက.. သူများတင်ထားတာပါ.
crd
နီးရင်အစာကျွေးပေးကြပါနော်

Edit: မွေးစားမဲ့သူရပါပြီ။သင်္ကန်းကျွန်း မလိခအိမ်ရာက ကလေးလေးပါ။‌ေမွးစားချင်ရင်pageကို လာဆက်သွယ်ပေးကြပါနော်။
01/11/2021

Edit: မွေးစားမဲ့သူရပါပြီ။

သင်္ကန်းကျွန်း မလိခအိမ်ရာက ကလေးလေးပါ။

‌ေမွးစားချင်ရင်pageကို လာဆက်သွယ်ပေးကြပါနော်။

28/10/2021

သန္လ်င္ ‼️

ရန်ကုန် လှိုင်ယောဂီကျောင်းလမ်းကပါ❗ခွေးလေးတွေကားလမ်းဘေးပေါ်တက်ရင်သေနိုင်ပါတယ်။မွေးစားချင်တဲ့သူများရှိရင် CBမှာဆက်သွယ်ပေးက...
28/10/2021

ရန်ကုန် လှိုင်ယောဂီကျောင်းလမ်းကပါ❗

ခွေးလေးတွေကားလမ်းဘေးပေါ်တက်ရင်သေနိုင်ပါတယ်။
မွေးစားချင်တဲ့သူများရှိရင် CBမှာဆက်သွယ်ပေးကြပါနော်။

13/10/2021
သခင်လိုအပ်နေတဲ့ကလေးတေပါ❗လိပ်စာအမှတ်448 မြရတနာလမ်းတို (ခ)ရပ်ကွက်၊ခေမာသီမြောက်ဥက္ကလာပမြို့နယ်09762789690
10/10/2021

သခင်လိုအပ်နေတဲ့ကလေးတေပါ❗

လိပ်စာ
အမှတ်448 မြရတနာလမ်းတို (ခ)ရပ်ကွက်၊ခေမာသီ
မြောက်ဥက္ကလာပမြို့နယ်
09762789690

Edit: ကယ်တင်ပေးပြီးပါပြီတဲ့။❗မင်္ဂလာတောင်ညွန့် (၁၀၇) လမ်း အိမ်အမှတ် (၇) က အိမ်ဟောင်းထဲမှာ ပုံပါ ခွေးငယ်လေးတွေ တွေ့ခဲ့ပါတ...
06/10/2021

Edit: ကယ်တင်ပေးပြီးပါပြီတဲ့။

❗မင်္ဂလာတောင်ညွန့် (၁၀၇) လမ်း အိမ်အမှတ် (၇) က အိမ်ဟောင်းထဲမှာ ပုံပါ ခွေးငယ်လေးတွေ တွေ့ခဲ့ပါတယ်ခဗျာ❗

🥲အမေက အထဲဝင်မွေးခဲ့ပြီး အမေကထွက်သွားတာလား
😔ကားတိုက်မှာစိုးလို့ အထဲထည့်ထားသလား
ဘယ်လိုအကြောင်းကြောင့် အထဲရောက်နေလဲမသိပေမယ့် အစာနဲ့ရေ ကောင်းမွန်စွာမရရှိဘူးလို့ထင်ပါတယ်

😔ကလေး ၃ ကောင်တွေ့ခဲ့တာ ပိန်လှီပြီး သန်းမွှားတွေလည်း တက်နေပါတယ်
အလယ်က ၁ ကောင်က ဆာနေပေမယ့် အစာမစားလို့ ကြာရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ထင်ပါတယ်
ကျွန်တော်တို့လည်း သွားရင်းလာရင်းတွေ့မိပြီး စိတ်မကောင်းဖြစ်ရလို့ Post တင်ရခြင်းဖြစ်ပါတယ်

🙏အိမ်ပိုင်ရှင်အနေနဲ့ ဒီသနားစရာခွေးငယ်လေးတွေအဖြစ်ကိုသိရှိပြီး သင့်တော်ရာကိုပြောင်းရွေ့ပေးနိုင်ဖို့ မေတ္တာရပ်ခံပါတယ်
မဟုတ်ရင်လည်း ကျွန်တော်တို့အနေနဲ့ ကူညီပေးနိုင်မယ့်သူ ရှာပြီး နေရာရွေ့ပေးပါရစေ

🙏အနီးအနားက ကူညီနိုင်မယ့်သူရှိရင်လည်း ဒီမျက်နှာမွဲလေးတွေကို သနားစိတ်ဖြင့် ကုသိုလ်ယူ ကူညီပေးကြပါဦခဗျာ

😔အထဲမှာ ခွေးလေးနောက်တကောင်လည်း သေနေပြီး အနံ့အသက်အတော်မကောင်းဘူးဖြစ်နေပါပြီ

🙏ဒီကလေး ၃ ကောင် နေရာရွေ့ပြောင်းဖို့ လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျွန်တော်တို့ကို ဆက်သွယ်ပေးပါခဗျာ

Edit: ဒီလိုတင်နေမယ့်အစား အစာနဲ့ရေကျွေးပေးထားပါလို့ စဆရက လာမလုပ်ပါနဲ့
မြို့နယ်က အတော်ခြားနေတာမို့ အစာရေစာကျွေးပေးလည်း အဲ့မှာ တသက်လုံးထားလို့မရနိုင်တာကြောင့် ပိုင်ရှင်ရှိမရှိ အနီးအနားမှာကယ်နိုင်မယ့်သူရှိမရှိ Post တင်တာပါ

ပတ်ပတ်လည်ရော တလမ်းလုံးရော လူနေအိမ်ချည်းပဲပေမယ့် ဘယ်သူမှ အဖတ်မလုပ်ပုံရလို့ အဝေးမြို့နယ်ကနေ မနေနိုင်မထိုင်နိုင် ကယ်ဖို့လုပ်နေရတာပါ

ခွေးပိုင်ရှင်တွေသတိပြုမိဖို့ပါ။  ခွေးလေးတွေကို လိမ္မာစေချင်လို့ သင်တန်းပို့ခါမှ သေသွားတဲ့အဖြစ်ပါ။ အိမ်ကသားလေးက ၈လပဲရှိပါ...
04/10/2021

ခွေးပိုင်ရှင်တွေသတိပြုမိဖို့ပါ။

ခွေးလေးတွေကို လိမ္မာစေချင်လို့ သင်တန်းပို့ခါမှ သေသွားတဲ့အဖြစ်ပါ။ အိမ်ကသားလေးက ၈လပဲရှိပါသေးတယ်၊ သင်တန်းမှာ ၁ လ သွားအပ်ထားတာ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားပါတယ်။ 😢

ကလေးက vaccine ထိုးပြီးသားပါ၊ နောက်ဆုံးမသေခင် သွားပြတဲ့ဆရာဝန်ကပြောတာ သွေးဝမ်းပိုးလဲမရှိပါဘူး။ ဒါဆိုဘာကြောင့်သေတာလဲဆို မတည့်တဲ့အစားတစ်ခုကို သွားစားမိလို့ဖြစ်ပါလိမ့်မယ်တဲ့။ လက္ခဏာတွေက အန်တယ်၊ ဝမ်းအမည်းတွေသွားတယ်။ ဖြစ်ဖြစ်ချင်း ဆေးခန်းသွားပြတော့ လမ်းလျှောက်နိုင်တဲ့ကလေးက ၃ရက်အတွင်းချိပြီး သူ့ဘာသာမလျှောက်နိုင်လို့ ဆရာဝန်က drip သွင်းပေးလိုက်တာတောင် အဲ့ညနေမှာပဲ ဆုံးသွားပါတယ်။

ဒါနဲ့ သင်တန်းကိုပြောတော့ ခွေးတစ်ကောင် အစားပြန်ပေးပါ့မယ်လို့ပြောပါတယ်။ ခွေးလေးတွေက အသက်ရှိပြီး ခံစားချက်ရှိတဲ့သတ္တဝါလေးတွေပါ။ သက်မဲ့ပစ္စည်းမဟုတ်တဲ့အတွက် အစားထိုးပေးလို့မရပါဘူး၊ မဖြစ်နိုင်ပါဘူး။ သူတို့က စကားနဲ့တောင်းပန်ရုံလောက်ပဲဆိုပေမယ့် ကျွန်မတို့က ကလေးကိုဆုံးရှုံးလိုက်ရပြီးပါပြီ။ အဲ့အတွက်လဲ အရမ်းကိုခံစားရပါတယ်။ ဝေဒနာခံစားနေရတဲ့ ကလေးရဲ့နောက်ဆုံးချိန်မှာ မသိလိုက်ရ၊ မရှိပေးနိုင်တဲ့အတွက်လဲ ဝမ်းနည်းမိပါတယ်။ နောက်ဆုံး အဲ့လို ကလေးကိုလျစ်လျူရှူပြီး ဂရုမစိုက်ပေးနိုင်တဲ့ သင်တန်းကျောင်းမှာ သွားထားမိတဲ့အတွက်လဲ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။

အကယ်လို့များ အိမ်က ကလေးတွေကိုလေ့ကျင့်ပေးတော့မယ်ဆိုရင် တတ်နိုင်သလောက် အိမ်မှာ ကိုယ့်မျက်စိအောက်မှာပဲ train ပါစေ။ ကိုယ့်အိမ်မှာလောက် ဘယ်သူမှ ဂရုမစိုက်ပေးနိုင်ပါဘူး။ ကလေးနေမကောင်းရင်လဲ ကိုယ်ဖိရင်ဖိပြုစုပေးမယ့်သူ တခြားမှာမရှိပါဘူး။ ကျွန်မလို သင်တန်းကျောင်းကို မျက်စိစုံမှိတ်ပြီး ပုံအပ်မိတဲ့ အမှားမျိုး မလုပ်ကြပါနဲ့နော်။ အဲ့လိုကျောင်းမျိုးကိုလဲ recommend မလုပ်ပါဘူးရှင်။

Edit: ကျောင်းနာမည်က Smart Dog Training School ပါ။
Page မှာအစ်မတစ်ယောက်လာတိုင်ထားလို့ပါခုအချိန်ကအရေးယူဖို့အဆင်မပြေတဲ့အတွက်
ရှောင်ရန်တင်ပေးရခြင်းဖြစ်ပါတယ်ဗျ
အောက်မှာကအဲ့အစ်မတင်တဲ့Postက တစ်ခြားသူတွေပြောထားတဲ့Commentတွေပါဗျ
photoတွေထပ်ထည့်လို့မရလို့Postအသစ်ထပ်တင်တာပါ

Address


Website

Alerts

Be the first to know and let us send you an email when Yangon Animals Rescue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share