𝙼𝙴𝙾𝚆𝙸𝙽𝙶

𝙼𝙴𝙾𝚆𝙸𝙽𝙶 Cat Rescue And Care Shelter😻

ယွန်းအော် ဖိုးကျား လပ်ကီး ဂျွန်ကီ ဆန်းရှိုင်း မောင်နှမများ၏အလှူပါရှင့်💗MEOWING ဂေဟာလုံခြုံရေးအတွက် ခြံကာဖို့အတွက် အလှူငွ...
28/01/2024

ယွန်းအော် ဖိုးကျား လပ်ကီး ဂျွန်ကီ ဆန်းရှိုင်း မောင်နှမများ၏အလှူပါရှင့်💗

MEOWING ဂေဟာလုံခြုံရေးအတွက် ခြံကာဖို့အတွက် အလှူငွေ 200000ကျပ်ကိုလှူဒါန်းပေး ထားပေးပါတယ်ရှင့်🙏

အလှူရှင် ယွန်းအော် ဖိုးကျား လပ်ကီး ဂျွန်ကီ ဆန်းရှိုင်း မောင်နှမ တို့ ကျန်းမာသက်ရှည်ပါစေ အနာရောဂါ ကင်းဝေး ပါစေ
မုန့်တွေအစာတွေ အများကြီးစားရပါစေ
ချစ်ရတဲ့ သခင်နဲ့အတူတူ တသက်လုံး မခွဲမခွာ ဘဲသက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်ရပါစေလို့ Meowing မှဆုတောင်းပေး ပါတယ်ရှင့်🙏💗

Ma Wah Wah Myint မှ သမီးလေး22နှစ်မွေးနေ့ အမှတ်တရအလှူအ ဖြစ် ‌Meowingဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြောက်လေးများအတွက် အစ...
28/01/2024

Ma Wah Wah Myint မှ သမီးလေး22နှစ်မွေးနေ့ အမှတ်တရအလှူအ ဖြစ် ‌Meowingဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြောက်လေးများအတွက် အစာအဟာရဘဆေးဝါးနှင့် အထွေထွေ အသုံးစရိတ်များအတွက် အလှူငွေ 22000ကျပ်ကိုလှူဒါန်းပေးထားပါတယ်ရှင့်

မွေးနေ့ရှင် ညီမလေး မွေးနေ့မှ စပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ
လိုအင်ဆန္ဒမှန်သမျှလဲ ပြည့်ဝပါစေ အလုပ်အကိုင် စီးပွား လူမှုရေး ပညာရေး အစစအရာရာမှာ အဆင်ပြေအောင်မြင်ကျော်ကြားပါစေ ေရာက်လေရာအရပ်တိုင်းမျက်နှာပွင့်လန်းပြီးလူချစ်လူခင်ပေါများပါစေ ငွေကြေးလာဘ်လာဘတွေတွေလဲတိုးပွားပါစေလို့ Meowing မှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏🎉🎂

27/01/2024

Happy Birthday ပါ မမHnin Nuရေ🎂🥳

Meowing မှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများအတွက် အစာအိတ်ကြီး10Kg တစ်အိတ်နှင့် အစာစို သံဗူးလေးတွေ ကို မွေးနေ့ အမှတ်တရ အ ဖြစ်လှူဒါန်းပေးထားပါတယ်ရှင့်🙏💗

မမ Hnin Nuရဲ့ယနေ့ ကျရောက်တဲ့ မွေးနေ့မှ စ ပြီး

စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ
လိုအင်ဆန္ဒမှန်သမျှလဲ ပြည့်ဝပါစေ အလုပ်အကိုင် စီးပွား လူမှုရေး ပညာရေး အစစအရာရာမှာ အဆင်ပြေအောင်မြင်ကျော်ကြားပါစေ ေရာက်လေရာအရပ်တိုင်းမျက်နှာပွင့်လန်းပြီးလူချစ်လူခင်ပေါများပါစေ ငွေကြေးလာဘ်လာဘတွေတွေလဲတိုးပွားပါစေလို့ Meowing မှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏🎉🎂

Meowing ဂေဟာအတွက် ဝန်ထမ်းခေါ်ယူချင်လို့ပါရှင့် လက်အောက်ဝန်ထမ်းနှင့် ကြောင်လေးတွေ သန့်ရှင်းရေး ကျန်းမာရေးနဲ့အစား‌အ‌သောက်အ...
27/01/2024

Meowing ဂေဟာအတွက် ဝန်ထမ်းခေါ်ယူချင်လို့ပါရှင့်

လက်အောက်ဝန်ထမ်းနှင့် ကြောင်လေးတွေ သန့်ရှင်းရေး ကျန်းမာရေးနဲ့အစား‌အ‌သောက်
အတွက် အမြဲ ကြည့်ရှု့ ထိန်းသိမ်းစောင့်ရှောက်ပေးရမယ့် ယုံကြည့်ရမယ့်သူတစ်ဦးပါ

ပညာအရည်အချင်း 10တန်းအောင်
အသက် 25မှ 35အတွင်းအမျိုးသမီး
အိမ်ထောင်မရှိသူ ဖြစ်ရပါမယ်
ဂေဟာမှာနေထိုင်နိုင်သူ ဖြစ်ရပါမယ်
နေစရာအဆောင်ပေးပါမယ်ရှင့်

ပြစ်မှုကင်းရှင်း‌သူ အကျင့်စာရိတ္တကောင်းမွန်သူ
‌ကလေးတွေအပေါ် မရွံတတ် မကြောက်တတ်
မေတ္တာစေတနာအ ပြည့်နဲ့ ကြည့်ရှု့စောင်‌့ ရှောက်ပေးနိုင်သူဖြစ်ရပါမယ်
ဝန်ထမ်းတွေအပေါ် ကြီးကြပ်ကွပ်ကဲနိုင်ရမည်
မင်တို့ ပြောတဲ့ အချိန်ဇယား တိုင်း မင်တို့ကလေးတွေအတွက် စီစဉ်ပေးထားတဲ့ အတိုင်း လုပ်ဆောင်ပေးနိုင်ရပါမည်

စိတ်ဝင်စားပါက
Cv From တကိုယ်လုံးအပြည့်ပုံ ခန့်မှန်းလစာနှင့်တကွ 09967767662 Viberမှာအလုပ်လာလျှောက်လို့ရပါတယ်ရှင့်

မင်တို့ ခြံလေးကာဖို့ လှူဒါန်ပေးထားကျတဲ့ အလှူရှင်စာရင်းလေးပါရှင့် 🙏💗ဒေါ်သင်းသင်းမော် 10000KsMoe Sandi Aung.  20000KsYan P...
27/01/2024

မင်တို့ ခြံလေးကာဖို့ လှူဒါန်ပေးထားကျတဲ့ အလှူရှင်စာရင်းလေးပါရှင့် 🙏💗

ဒေါ်သင်းသင်းမော် 10000Ks

Moe Sandi Aung. 20000Ks

Yan Paing. 20000Ks

Ashley Oo 5000ks

Aye Nandar Kyaw. 10000Ks

Home Oo. 10000Ks

Kae Kae. 3000Ks

လှူဒါန်းပေးထားကျတဲ့ အလှူရှင် တွေအားလုံး ကို ကျေးဇူး အများ ကြီးတင်ပါတယ်ရှင့်
အလှူရှင်တွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ
လိုအင်ဆန္ဒမှန်သမျှလဲ ပြည့်ဝပါစေ အလုပ်အကိုင် စီးပွား လူမှုရေး ပညာရေး အစစအရာရာမှာ အဆင်ပြေအောင်မြင်ကျော်ကြားပါစေ ေရာက်လေရာအရပ်တိုင်းမျက်နှာပွင့်လန်းပြီးလူချစ်လူခင်ပေါများပါစေ ငွေကြေးလာဘ်လာဘတွေလဲတိုးပွားပါစေလို့ Meowing မှ ဆုတောင်းပေးပါတယ်ရှင့်🙏

16.01.2024 တွင် ဆုံးသွားသော ကြောင်သမီးလေး ရွှေဝါလေးအတွက် ရည်စူးပြီး Meowing မှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများ၏ အ...
27/01/2024

16.01.2024 တွင် ဆုံးသွားသော ကြောင်သမီးလေး ရွှေဝါလေးအတွက် ရည်စူးပြီး Meowing မှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများ၏ အစာအဟာရ ဆေးဝါးနှင့် အထွေထွေ အသုံးစရိတ်များအတွက် အလှူငွေ 100000ကျပ်ကိုလှူဒါန်းပေးထားပါတယ်ရှင့် 🙏

ဤ အလှူကုသိုလ်တွေရဲ့ အကျိုးကိုသမီးလေး
ရွှေဝါလေးရရှိခံစားရပါစေ ရောက်လေရာ ဖြစ်လေရာဘဝအဆက်ဆက်မှာ စိတ်၏ချမ်းသာ ခြင်း ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံပါစေ
ကျန်းမာသက်ရှည် အနာရောဂါကင်းဝေးပါစေ
ကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းသာယာစွာနေထိုင်နိုင်ပါစေလို့ Meowing မှ ဆုတောင်းပေးပါတယ်ရှင့်🙏

25/01/2024
စက်ရုံက သူဌေးက ဇီးနဲ့ ကြောင်မလေးကို လွှတ်ပစ်ခိုင်း နေလို့တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမက အကူအညီတောင်းလို့ မင်တို့ ခေါ်ပေ...
25/01/2024

စက်ရုံက သူဌေးက
ဇီးနဲ့ ကြောင်မလေးကို လွှတ်ပစ်ခိုင်း နေလို့တဲ့
စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမက အကူအညီတောင်းလို့ မင်တို့ ခေါ်ပေးထားပါတယ်ရှင့်

ကြောင်မလေးကို ကားခ အကုန်အကျခံ ပြီး မင်တို့ဂေဟာလေးကိုပို့ပေးတဲ့အမ
Phyoe Yadanar Hlaing ကျေးဇူးတင်ပါတယ်ရှင့်🙏❤

မင်တို့ ဂေဟာလေး ခြံကာဖို့အတွက် လှူဒါန်းပေးထားကျတဲ့ အလှူ ရှင် စာရင်းလေးပါရှင့် San San 8000KsAung Kyaw Khine 10000Ks18000...
24/01/2024

မင်တို့ ဂေဟာလေး ခြံကာဖို့အတွက် လှူဒါန်းပေးထားကျတဲ့ အလှူ ရှင် စာရင်းလေးပါရှင့်

San San 8000Ks

Aung Kyaw Khine 10000Ks

18000ဘဲ ရရှိပါသေးတယ်ရှင့် 😞

သွပ်ပြားနဲ့သစ်သားလေးနဲ့ဘဲ ကာချင်တာပါ
တစ်နေ့တစ်နေ့ ရင်တွေပူ ပြီး မလုံခြုံ ဘဲ နေနေရတဲ့ ဒုက္ခကနေလွတ်ချင်လို့ပါရှင့်

လက်ခရော ပစ္စည်းဖိုးရော အပါကိုမှ 200000ဘဲ မှန်းထားပါတယ် သွပ် ပြားတောင် အဟောင်းဆိုင်ကဘဲကောင်းတာလေးတွေရှာ ဝယ်မှာပါ
တံခါးရဲ့ ဘယ်ဘက် ခြမ်းရော ညာဘက် ခြမ်းရောကာရမှာပါ သွပ် ပြားနဲ့ဆို လူဘဲတိုးတိုး ခွေးဘဲတိုးတိုး အသံ ကြားရပါတယ် ချိန်းလိပ်တွေ ပြန်မသုံးတော့ပါဖူး သွပ်ပြားကျ ဖြတ်ရင် အသံကြားရပါတယ် မင်တို့လဲ သတိထားမိတာပေါ့ ကလေးတွေလဲ
အပေါက်မရှိရင် ခြံထဲ လွတ်လွတ် လပ်လပ်
နေ့ခင်းပိုင်းလောက် လွှတ်ထားလို့ ရပါတယ်
ပြောင်ချောဆိုတော့ သူတို့လဲ ကုတ်တက်လို့မလွယ်တော့ဖူး

😞 တကယ်ညဆိုကြောက်နေရလို့ပါ မအိပ်ရဲ မသွားရဲ မလာရဲနဲ့ မီးပျက်ရင် တချွတ်ချွတ် အသံ ကြားရုနဲ့တင်လန့်နေရတယ် ဘယ်နေရာကနေချောင်းနေမလဲ မနက်ဆိုဘာတွေ ပျောက် နေမလဲ ‌ကြောက်နေရတယ်

500 1000နည်းများမဆို ကူညီပေးကျဖို့ အကူအညီတောင်းပါတယ်ရှင့်🙏💗

K pay/Wave Pay/Aya pay
09967767662
Nay Lin Mg
Aya Bank acc( 20026338286)
U Nay Lin Maung

Ma Leng Leng မှ Meowing မှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများအတွက် အစာအဟာ ရ  ဆေးဝါးအတွက် အလှူငွေ 20000ကျပ်ကို လှူဒါန...
24/01/2024

Ma Leng Leng မှ Meowing မှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများအတွက် အစာအဟာ ရ ဆေးဝါးအတွက်
အလှူငွေ 20000ကျပ်ကို လှူဒါန်းပေးထားပါတယ်ရှင့်🙏

ကလေးတွေအတွက် လှူဒါန်းပေးတဲ့
မမ ကျန်းမာ ချမ်းသာပါစေ အလုပ်အကိုင် စီးပွားရေးတွေ အဆင်ပြေ အောင်မြင်ပါစေ
ငွေကြေးလာဘ်လာဘတွေ တိုးပွားပါစေ
ဘေးအန္တရာယ်ကင်းဝေးပါစေလို့ Meowing မှ ဆုတောင်းပေးပါတယ်ရှင့်🙏💗

24/01/2024

ကြောင်ကျန်းမာရေး ဗဟုသုတ

၁။ကြောင်တွေက သခင်ကို လွမ်းတတ်သလား


ကြောင်ပိုင်ရှင်တိုင်းက သူတို့ရဲ့ကြောင်လေးတွေနဲ့ သူတို့ကြားက နှောင်ကြိုး ဘယ်လောက်ထူးခြားတယ်ဆိုတာ သိပါတယ်။ပိုင်ရှင် ခရီးထွက်ရချိန် ကြောင်နဲ့ ခွဲခွါနေရတဲ့အခါ လူလိုပဲ ကြောင်တွေက လွမ်းနေတတ်ပါတယ်။
အိမ်မွေး တိရစ္ဆာန်တွေထဲမှာ ခွေးဟာ
"လူသားရဲ့ အချစ်ဆုံးသူငယ်ချင်း" လို့ တင်စားကြပါတယ်။ ခွေးနဲ့ လူသားကြားထဲသာမန်ထက်သာလွန်တဲ့နှောင်ကြိုးတွေ ရှိကြပါတယ်။
ခွေးတွေဟာ သူတို့ရဲ့ ပိုင်ရှင်တွေနဲ့ ပြန်တွေ့တဲ့အခါ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်မှု လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါပေမယ့် ကြောင်တွေကော။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မသိသာတဲ့ အခါမျိုးမှာ သခင်ကို လွမ်းနေသလား ဆိုတဲ့ မေးခွန်းကို မေးတတ်ကြပါတယ်။

ကြောင်တွေက ခွေးတွေလို ချစ်ကြောင်း လွမ်းကြောင်း လက္ခဏာ သိပ်မပြတတ်တာမို့ ကြောင်တွေနဲ့ သခင် ကြား နက်နဲတဲ့ နှောင်ကြိုးတွေကို မဖန်တီးဘူးလို့ ထင်မြင်နေတာက အလွန်မှားယွင်းကြောင်း ကြောင်ပိုင်ရှင်အများစုက သိကြပါတယ်။

လေ့လာမှုများစွာအရ ကြောင်တွေက သခင်တွေကို
နက်နက်ရှိုင်းရှိုင်း တွယ်တာနေပြီး သခင်တွေကို သူတို့ဘဝအတွက် အလွန်အရေးကြီးတဲ့ ပြုစုစောင့်ရှောက်သူတွေအဖြစ် မြင်ကြပါတယ်။

ကြောင်လေးက သခင်ကို
လွမ်းနေတယ်လို့ပြတဲ့လက္ခဏာတွေက

သင်ပြန်လာတာကို ပျော်နေတယ်၊လွမ်းနေတယ်ဆိုတဲ့ လက္ခဏာတွေက သင့်ကို လာတိုးဝှေ့တာ၊ ပွတ်တာ၊ တံခါးကို ကုတ်ခြစ်တာနဲ့ တဂူးဂူးအသံထွက်တာတွေက ချစ်ခင်မှုကို ပြသတာဖြစ်တယ်။

သင်ပြန်လာတဲ့အခါ ကြောင်က သင့်ရဲ့ဘေးမှာ ကပ်နေတယ်၊ခြေထောက်တွေကို ပွတ်နေတတာက သခင်ရဲ့ အာရုံစိုက်ဖို့ ကြိုးစားတဲ့နည်းလမ်းပါ။ ကြောင်လေးက သခင့်နောက် တကောက်ကောက် လိုက်နေတတ်ပါတယ်။

ကြောင်တွေက အထီးကျန်တဲ့အခါ
ကန့်လန့်ကာတွေ၊ပရိဘောဂတွေကို ဖျက်ဆီးတတ်တယ်။မစင်ကို အိမ်သာခွက် အပြင်ဘက်မှာ စွန့်တတ်ကြပါတယ်။

ပိုင်ရှင်တွေ ထွက်သွားတဲ့အခါ သူတို့ရဲ့ကြောင်တွေလည်း ပျောက်သွားတတ်ပါတယ်။
ကြောင်တစ်ကောင်ဟာ စိတ်ဆင်းရဲနေပြီး ပိုင်ရှင်ကို လွမ်းဆွတ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခု အဲဒီနေရာက ထွက်သွားတာပါပဲ။

နာမကျန်းဖြစ်တာ
တချို့ကြောင်တွေက သခင်နဲ့ မတွေ့ရတာနဲ့ စိတ်ဖိစီးကာနေမကောင်းဖြစ်တတ်ပါတယ်။ ဝမ်းလျှောတာ၊အော့အန်တာ၊သူတို့ကိုယ်သူတို့ အလွန်အမင်း သန့်ရှင်းရေးလုပ်တာတွေ က စိတ်ဖိစီးနေတဲ့ ကြောင်ရဲ့
လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ကြောင်တွေကသခင်နဲ့ အချိန်အကြာကြီး ဝေးကွာတဲ့အခါ အထူးသဖြင့် စိတ်ဖိစီးလာနိုင်ပါတယ်။

ကြောင်က သင့်အဝေးမှာရှိနေတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်လာရင်၊သူတို့ကို သက်သာစေဖို့
နည်းလမ်းအချို့ရှိပါတယ်။

* သင် ခရီးမသွားခင်မှာ ကြောင်ကို ပြုစုစောင့်ရှောက်ဖို့ အရာအားလုံးကို သေချာပြင်ထားပါ။
ဆေးနဲ့ကျန်းမာရေးစစ်ဆေးမှုများ။
ကြောင်အတွက် မရှိ မဖြစ်တဲ့အရာများ
ဥပမာ စားနေကြအစာများ။ သောက်ရေများ။ အိမ်သာခွက်များ။ကြောင်တွေက အပြောင်းအလဲကို မကြိုက်တာမို့ သင်ခရီးထွက်နေစဉ် အရင်က အတိုင်းပဲထားခဲ့ပါ။
ကြောင်တွေ အထီးကျန်တာကို ကာကွယ်ဖို့ အရုပ်တွေ ကစားစရာတွေ ကို ဝယ်ပေးခဲ့ပါ။
ပိုကောင်းတာက ခရီးမထွက်ခင်အချိန်မှာ အရုပ်တွေကို မိတ်ဆက်ပေးလိုက်ပါ။ ကြောင်လေးရဲ့ ပျော်ရွှင်မှုအတွက် အရုပ်တွေ ကြောင်ကစားစရာတွေက ကူညီနိုင်ပါတယ်။

တိရစ္ဆာန်ဆေးကုရေးဆရာဝန်တွေက
ကြောင်တွေ စိတ်ဖိစီးမှုသက်သာစေဖို့ သင်ခရီးမထွက်ခင်
Catnip Spray, Silvervine Spray ဖျန်းဆေးများ ဖျန်းခဲ့ဖို့ အကြံပြုထားပါတယ်။ကြောင်လေးရဲ့ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့
ကူညီပေးနိုင်ပါတယ်။

အချိန်အကြာကြီး ခရီးထွက်ရမယ်ဆိုပါက
လတ်ဆတ်တဲ့အစာ၊ ရေနဲ့ သန့်ရှင်းတဲ့
အိမ်သာပုံးရှိစေဖို့
သင်နဲ့ ဝေးနေချိန်တွင်
ချစ်ခြင်းမေတ္တာပေးဖို့
ပွေ့ဖက်တာ ကစားတာနဲ့ သူတို့ဗိုက်ကို ပွတ်ပေးဖို့ အတွက် စိတ်ချရတဲ့ Cat Hotel တစ်ခုခုမှာ အပ်နှံပေးခဲ့ပါ။


၂။ ကြောင်တွေကိုကျွေးဖို့ လူ့အစားအစာ ထဲက ဘယ်အစာတွေက ဘေးကင်းသလဲ။

ကျွန်တော်တို့ရဲ့ ကြောင်တွေဟာ ကျွန်တော်တို့ မိသားစု ဝင်တွေပါပဲ။
Sharing Is Caring ဆိုတာကြောင်နဲ့ လူသားတွေအတွက် အမြဲ မမှန်ကန်ပါဘူး။ကြောင်နဲ့ လူသားတွေမှာ မတူညီတဲ့အာဟာရလိုအပ်ချက်တွေ ရှိပြီး လူသားတွေ အတွက် ဘေးကင်းတဲ့အစားအစာအချို့က ကြောင်တွေအတွက် အဆိပ်သင့်နိုင်ပါတယ်။(ဥပမာ ကော်ဖီ)
ကြောင်မွေးထားသူတွေဟာ ကြောင်တွေ ဘာစားရမယ်၊ ဘာစားနိုင်လဲ၊ ဘယ်လိုအစားအစာတွေ လုံးဝမစားသင့်ဘူးဆိုတာ သိဖို့အရေးကြီးပါတယ်။

ကြောင်တွေစားဖို့ လူ့အစားအစာ ဘယ်ဟာတွေက ဘေးကင်းသလဲ။

၁။ပန်းသီး။ ပန်းသီးအသားက ကြောင်တွေ စားသုံးဖို့ ဘေးကင်းပေမယ့် ပန်းသီးအစေ့များ၊ ညှာတံတွေနဲ့
အရွက်တွေမှာ ကြောင်တွေအတွက် အဆိပ်သင့်စေတဲ့ ဆိုင်ယာနိုက်ပါရှိပြီး မကျွေးခင်ဖယ်ရှားရပါမယ်။

၂။ ငှက်ပျောသီး။အသားကိုသာကျွေးသင့်ပါတယ်။
အခွံက ကြောင်တွေအတွက် အစာကြေရန်ခက်ခဲနိုင်ပါတယ်။
၃။ ဘလူးဘယ်ရီ။ ရေကောင်းစွာဆေးကြောပြီး ညှာတံများကိုဖယ်ပြီးမှ ကျွေးပါ။

၄။စတော်ဘယ်ရီ။စတော်ဘယ်ရီသီးများကို ရေသေချာစွာဆေးကြောပြီး မကျွေးမီ ညှာတံကို ဖယ်ပါ။

၅။ဖရဲသီး။ အစေ့များနဲ့ အခွံကို ဖယ်ရှားပြီးမှ ကျွေးပါ။

၆။မြေပဲထောပတ်။ ကြောင်တွေ အတွက် အဆိပ်သင့်စေတဲ့ အချိုဓာတ်xylitol မပါရင် ကျွေးလို့ ရပါတယ်။

၇။ ချက်ပြုတ်ထားသောကြက်ဥ။ ကြက်ဥစိမ်းတွေက အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေကို သယ်ဆောင်ထားနိုင်တာမို့ ကြောင်ကို ကြက်ဥကျွေးရင် ချက်ပြုတ်ပြီးမှ ကျွေးပါ။



၃။အိမ်မွေးတိရစ္ဆာန်တွေ ပျော်နေဖို့ လိုအပ်တဲ့အချက်များ

၁။အချိန်ပေးပြီး
အတူတကွနေပေးပါ
ဥပမာ ပွတ်သပ်တာ
အတူတူ ဆော့ပေးတာ
လမ်းအတူလျှောက်တာ

၂။ တိတွေကို လက်ဆောင်မကြာခဏပေးပါ
ဥပမာ ကစားစရာများ။

၃။အရည်အသွေးပြည့်မီတဲ့ အစားအစာကို ရွေးချယ်ကျွေးပါ
၄။ကြိုတင်ကာကွယ်လို့ရတာတွေ ကာကွယ်ပါ
ဥပမာ
ကာကွယ်ဆေးထိုးခြင်း
အိမ် အကာအကွယ်လုပ်ခြင်း

၅။ တခြားတိတွေ လူတွေနဲ့ တွေ့ဆုံပေးပါ။

၆။လိမ္မာကြောင်း ချီးကျူးပြီး စားစရာတွေ
ဆုချီးမြှင့်ပေးပါ

၇။ မိသားစုဝင်လိုပဲ ဆက်ဆံပါ
ဥပမာ ခရီးအတူထွက်တာ။အတူ အိပ်တာ

ကြောင်ပေါက်စတွေက ကြောင်မကြီး နှိပ်နယ်တာက နို့ထွက်ဖို့အတွက်ပါ။အရွယ်ရောက်ကြောင်က သခင်ကို
ဆုပ်နယ်တာက သခင်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ပြသတာပါပဲ။သူ့မိခင်ကို ချစ်သလို သခင်ကို ချစ်တဲ့သဘောဆောင်ပါတယ်။
အရွယ်ရောက်ကြောင်ဆိုပေမဲ့ သခင်တွေအတွက် ကလေးတွေ ဖြစ်သလို
သူတို့အတွက် သခင်တွေက မိဘတွေပါပဲ။

#ဒေါက်တာစံဝေ
Health Updates Journal

23/01/2024

မနေ့ည က မင်တို့ ခြံလေး သူခိုး ဝင်ဖောက်တာ ခံလိုက်ရပါတယ် ဘာပစ္စည်းမှတော့ မပါသွားပါဖူး
အဓိက က ဆိုင်ကယ်ကို ယူချင်တာပါ

ခြံက ချိန်းလိပ်ကာနဲ့ ပတ်ပတ်လည်ကာထားတော့
cutter နဲ့အလွယ် တကူ ဖြတ်လို့ရသွားတယ်
ဆိုင်ကယ်က ချိန်းကြိုးကိုလဲ လွှနဲ့ ဖြတ် ပြီးသွား ပြီ
လူတွေ အိပ်ကောင်းတဲ့ မနက်4နာရီ လောက် ကြီးဝင်လာတာပါ ခြံထဲက ပန်းအိုးတွေ ပစ္စည်းတွေ ကို ခြံ ပြင်ပစ်ထား ခဲ့ မီးကလဲ မပျက်ဖူးတဲ့ အချိန်ပျက်နေတော့ သူ့ အတို့ အ ကြိုက်ပေါ့ ဘယ်အချိန်ထဲက ခြံကို ချောင်းနေလဲ မသိဖူး

သူဘဲကံဆိုးတာလား ကိုယ်ဘဲ ကံကောင်းတာလားဘဲ မင်တို့က ညဘက်ဆို တော်ရုံ မအိပ်ဖူး ကလေးတွေ ကိစ္စနဲ့လုံးပန်း မီးကလဲ တညလုံး အဲ့လောက်ထိ အကြာ ကြီး မပျက်ဖူးဘူး အဆောင်ထဲက ကလေးတွေ ကိစ္စ လုပ် ပြီး ခြေလက်မျက်နှာဆေး နားမယ်ပေါ့ အဲ့ အချိန် အဆောင်ထဲက ကလေးတစ်ကောင်က တစ်ခါမှ အော်လဲ မအော် ရှိလို့ရှိမှန်းတောင်သတိမထားမိလောက်အောင်အေးတဲ့ ​ကြောင်လေးက
သံဇကာပေါ် တက်ပြီး အော်နေတာ အသားကုန် သံဇကာကို ကုတ်ခြစ် အိပ်ယာထဲက ထပြီး ဓာတ်မီးယူ ထ တံခါး ဖွင့် ပြီး ထွက်ကြည့် ဘာမှလဲမဟုတ်ဘဲ သောင်းကျန်း နေတယ် မင်လဲ ထွက်လာရော ပြန် ငြိမ်သွားရော အိမ်ထဲ ပြန်ဝင်မယ်အလုပ် ဆိုင်ကယ် ဆိုဖာကို ကလေးတွေက ကုတ်တတ်လို့ အုပ်ထားတဲ့ စောင်က လျောကျနေတယ် မသက်ာလို့ ချိန်းကြိုးကိုစစ် ကြည့်တော့ လွှ နဲ့ ဖျက်ထားတယ်

နောက်ကနေချောင်းရိုက်မခံလိုက်ရတာ
ကံတော်တော်ကောင်းလို့ ခြံထဲ ဓာတ်မီးထိုး ကြည့်တော့ခြံစည်းရိုး ကို ပုံထဲက အတိုင်းဘဲ ဖျက်ပြီး ဆိုင်ကယ် ထုတ်ဖို့ကို အသင့်လမ်းရှင်းထားတယ်
မင်မင်နေလင်းမောင်လဲ အိမ်ထဲကနေ ဝါးလုံးထုတ်ယူ ပြီး အော်ဟစ်သောင်းကျန်း တုတ်နဲ့ နံရံ တွေ ရိုက် တံခါးတွေရိုက် ဝုန်းဒိုင်းကြဲလိုက်တာ လူနှစ်ယောက်လောက် ​ခြံရှေ့ကနေ ဖြတ်ပြေးသွားတာတွေ့လိုက်တယ် 😑 လူကို အန္တရာယ်မပေးသွားတာဘဲ တော်သေးတယ်
ကလေးတွေ အဆောင်ကိုညတိုင်းသော့ခတ်ထားလို့တော်သေးတယ် အကျင့်ယုတ်ပြီး ကလေးတွေ ပါတစ်ခုခု မလုပ်သွားလို့ ကလေးတွေလဲ စိတ်မချ
ခြံထဲတောင် မလွတ်တော့ဖူး
ကြက်ရ ကြက်ခိုး ခွေးရခွေးခိုးတဲ့ဟာတွေ
ခြံထဲမှာ ကလေးတွေ လှောင်အိမ်တွေ ခြင်းတွေ
ထည့်ထားတာ မသိလိုက်ရင် အကုန်ပြောင်မယ့်သဘောဘဲ

လူတွေလဲ တော်တော်လန့် မနက်ထိ မအိပ်နိုင် အကူအန်တီလေးလာမှ ပြန်အိပ်ရတယ်

ခြံ က ကလေးတွေ အစာဝယ်ဖို့လောက် အရေးမကြီးပါဖူးလေ ဆို ပြီး မကာတာ ဒီတိုင်းလေးလဲ အဆင်ပြေတာဘဲဆိုပြီး နေလိုက်တာ အဆင်လုံးဝ မပြေတော့ဖူး အခုညလဲ ကင်းစောင့်ရမယ် 😑
တော်ကြာ မဲ ပြီး ခြံကို တစ်ခုခုလာလုပ်မှာစိုးလို့
ဒီဘက်မှာက မကျေနပ်ရင် ခြံကိုမီးကွင်းပစ်တာတို့
တဲကို မီးရှို့တာတို့ ယုတ်မာတတ်တယ်တဲ့ဝါးကဒ်နဲ့ဘဲ ဖြစ် ဖြစ် သွပ် ပြားနဲ့ဘဲ ဖြစ် ဖြစ် ခြံလေးလုံအောင် ပြန်ကာချင်ပါတယ်

တတ်နိုင်သလောက်လေး မင်ကိုကူပေးလို့ရမလားရှင့်

လူအလွယ်တကူ ကျော်ဝင်လို့မရယုံဘဲကာချင်လို့ပါ

ကလေးတွေအတွက်ရော မင်မင်တို့လုံ ခြုံရေးအတွက်ပါ ကူညီပေးဖို့ အကူအညီတောင်းပါတယ်ရှင့်🙏😢

K pay/Wave Pay/Aya pay
09967767662
Nay Lin Mg
Aya Bank acc( 20026338286)
U Nay Lin Maung

23/01/2024

ဝန်ထမ်း နှစ်ဦး အလိုရှိသည်
(လစာညှိနှိုင်း) ခန့်မှန်းလစာနှင့်တကွ အလုပ်လာလျှောက်ပါ

ကြောင်ဂေဟာမှာ အလုပ်လုပ်ရမှာ ကြောင်ချစ်တတ်သူ မရွံ့ တတ် မ ကြောက်တတ်သူ ဖြစ်ရမယ်
သွက်သွက်လက်လက်နဲ့ မခိုမကပ်တတ်သူ ဖြစ်ရမယ် အသက် 18နှစ်မှ 30အတွင်း မိန်းခလေးဖြစ်ရပါမယ် (အိမ်ထောင်ရှိသူမရပါ)

ကြောင်လေးတွေ အပေါ် တကယ် မေတ္တာစစ်နှင့် ကျွေးမွေး ပြုစု စောင့်ရှောက်နိုင်ရမယ်
မင်တို့ Time Table ဆွဲ ပေးပါမယ် မင်တို့ ပေးထားတဲ့ ဇယားတိုင်းကလေးတွေကိုလုပ်ပေးရပါမယ်
ဝန်ထမ်းတွေ ချည်း လွှတ်ထားမှာ မဟုတ် ပါဖူး
မင်နဲ့အတူဝိုင်းကူလုပ်ပေးရပါမှာ

စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမယ် နေစားစရိတ် ငြိမ်းပါ

စိတ်ဝင်စားပါက ရပ်ကွက်ထောက်ခံစာ မှတ်ပုံတင် မိမိပုံနှင့်တကွ 09967767662 Viber ကိုဆက်သွယ်ပေးပါရှင့်

မောင် ကြောင်ကနေ Meowing က သူငယ်ချင်း​တွေအတွက် Purina Pro Plan အစာထုတ်လေး လက်ဆောင်ပို့ပေးထားပါတယ်ရှင့် ပို့ပေးလိုက်တဲ့ လက...
22/01/2024

မောင် ကြောင်ကနေ Meowing က သူငယ်ချင်း​တွေ
အတွက် Purina Pro Plan အစာထုတ်လေး လက်ဆောင်ပို့ပေးထားပါတယ်ရှင့်

ပို့ပေးလိုက်တဲ့ လက်ဆောင်ကို
အားရပါးရ ရှယ် ကြိတ်ပလန်နဲ့ကို အရသာရှိရှိ စားကျပါတယ် 🤤

လက်ဆောင်ပို့ပေးတဲ့ မောင်ကြောင် ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ကလေးတွေအတွက် ကျန်းမာရေးအတွက် လဲအထောက်အကူ ဖြစ် အရသာလဲ ရှိတဲ့ Purina Pro Plan လေးကို မြည်းစမ်းခွင့်ရခဲ့ ပါတယ်

မောင်ကြောင် နဲ့ မောင်ကြောင်ရဲ့ သခင်တို့ ကျန်းမာသက်ရှည်ပါစေ အနာရောဂါကင်း ဘေးအန္တရာယ် ကင်း ပါစေ အလုပ်အကိုင်စီး ပွား ရေးတွေလဲ အဆင်ပြေ အောင် မြင်ပါစေ ငွေ ကြေးလာဘ်လာဘတွေလဲ တိုးပွားပါစေလို့Meowingမှ ဆုတောင်းပေးပါတယ်ရှင့်🙏❤

ကလေး လေးအောင်မြင် စွာခွဲစိတ် ပြီးပါ ပြီရှင့် ကလေး အတွက် လှူဒါန်းပေးထားတဲ့ အလှူရှင်စာရင်းလေးပါရှင့်Win Ei 30000Aye Pwint ...
22/01/2024

ကလေး လေးအောင်မြင် စွာခွဲစိတ် ပြီးပါ ပြီရှင့် ကလေး အတွက် လှူဒါန်းပေးထားတဲ့ အလှူရှင်စာရင်းလေးပါရှင့်

Win Ei 30000

Aye Pwint 11000

Shwe Mon. 5000

Amy Nyunt. 2000

Shwe Maw Braun. 10000

Ashin Sandar Their. 5000

အလှူရှင်အားလုံးကို ကျေးဇူး အများ ကြီးတင်ပါတယ်ရှင့်
စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံပါစေ အလုပ်အကိုင်စီးပွားရေး တွေ အဆင်ပြေအောင်မြင်ပါစေ
ငွေ ‌ကြေးလာဘ်လာဘတွေတိုးပွားပါစေ
အန္တရာယ်ကင်းဘေးရန် ရှင်းကျပါစေ လို့Meowingမှ ဆုတောင်းပေးပါတယ်ရှင့်🙏

ဒီနေ့သွားကယ်လာတဲ့ ကလေးလေး တကိုယ်လုံးလဲ ယားနာတွေနဲ့ မျက်လုံးက တိမ် ဖြစ်ပီး အ ပြင်ကို ကျွံ ထွက် နေတယ်ပို ဆိုးမလာခင်မျက်လုံ...
22/01/2024

ဒီနေ့သွားကယ်လာတဲ့ ကလေးလေး တကိုယ်လုံးလဲ ယားနာတွေနဲ့ မျက်လုံးက တိမ် ဖြစ်ပီး
အ ပြင်ကို ကျွံ ထွက် နေတယ်
ပို ဆိုးမလာခင်မျက်လုံးထုတ်ပစ်မှ ရမယ်တဲ့ 😢
အခုမင်တို့ဆေးခန်းမှာပါ
ကလေးအတွက် ခွဲစိတ်စရိတ်က 30000ပါ
ပါလာတဲ့ ပိုက်ဆံကလဲ တုပ်ကွေးကလေးရယ် အဖျား ရှိတဲ့ ကလေးရယ် ဆေးခန်းပြတာနဲ့
လက်ထဲမလောက်တော့လို့ပါ

ကလေး မျက်လုံးခွဲစိတ်စရိတ် သုံးသောင်းလောက်ဘဲ ကူပေးပါရှင့် အိမ် ပြန်ယူဖို့ကလဲ မလွယ်လို့ပါ
မှော်ဘီ နဲ့ မြောင်းတကာမို့ ပြန်ယူဖို့လဲ မမှီတော့လို့ပါ😢

K pay/Wave Pay/Aya pay
09967767662
Nay Lin Mg
Aya Bank acc( 20026338286)
U Nay Lin Maung

Ma Sweetie Nan မှ မွေးနေါအမှတ်တရအလှူ အ ဖြစ် အလှူငွေ 30000ကျပ်ကို Meowing မှ ကယ်တင်စောင့်ရှောက် ထားသော မြောင်လေးများအတွက်...
22/01/2024

Ma Sweetie Nan မှ မွေးနေါအမှတ်တရအလှူ အ ဖြစ် အလှူငွေ 30000ကျပ်ကို Meowing မှ ကယ်တင်စောင့်ရှောက် ထားသော မြောင်လေးများအတွက် လှူဒါန်းပေးထားပါတယ်ရှင့်🙏

အလှူရှင်အမ ယခု ‌ကျရောက်တဲ့ မွေးနေ့မှ စ ပီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာ ခြင်းနှင့် ပြည့်စုံပါစေ လိုအင်ဆန္ဒမှန်သမျှလဲ ပြည့်ဝပါစေ အလုပ်အကိုင် စီးပွား လူမှုရေး ပညာရေး အစစအရာရာမှာ အဆင်ပြေအောင်မြင်ကျော်ကြားပါစေ ေရာက်လေရာအရပ်တိုင်းမျက်နှာပွင့်လန်းပြီးလူချစ်လူခင်ပေါများပါစေ ငွေကြေးလာဘ်လာဘတွေတွေလဲတိုးပွားပါစေလို့ Meowing မှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏🎉🎂

21.1.24 တွင်ဆုံးပါးခဲ့သော ကြောင်ထီးလေး ရွှေမဲလေးနဲ့ရွှေဝါလေး အတွက်ရည်စူးပြီး Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြေ...
21/01/2024

21.1.24 တွင်ဆုံးပါးခဲ့သော ကြောင်ထီးလေး ရွှေမဲလေးနဲ့ရွှေဝါလေး အတွက်ရည်စူးပြီး Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေး များရဲ့ အစာအဟာရ တစ်နေ့စာကို
70000ကျပ်ကိုလှူဒါန်းပေးထားပါတယ်ရှင့်🙏

ဤ အလှူကုသိုလ်ရဲ့ အကျိုးကို ‌ကြောင်တုပ်ကွေးရောဂါနဲ့ ဆုံးပါးသွားတဲ့ ရွှေမဲ ရွှေဝါလေးတို့ ရရှိခံစားရပါစေ
ဖြစ်လေရာ ရောက်လေရာဘဝမှာ အသက်ရှည် အနာမဲ့ ရောဂါကင်းပါစေ
အစာအဟာရဝဝလင်လင်စားသောက်ရပါစေ
အဆင်းလှ အချင်းလှ သူလေးတွေ ဖြစ်ကျပါစေလို့Meowingမှဆုတောင်းပေးပါတယ်ရှင့်🙏

သားအိမ်ခွဲရမယ့် ကြောင်မလေးကို ဆရာမ နှစ်ရက်သုံးရက်သူ စောင့် ကြည့်ပြီး မှ ဘဲ ခွဲ ပါမယ်တဲ့ အရမ်းအားနည်းနေလို့ မေ့ဆေးဒဏ်မခံန...
16/01/2024

သားအိမ်ခွဲရမယ့် ကြောင်မလေးကို ဆရာမ နှစ်ရက်သုံးရက်သူ စောင့် ကြည့်ပြီး မှ ဘဲ ခွဲ ပါမယ်တဲ့
အရမ်းအားနည်းနေလို့ မေ့ဆေးဒဏ်မခံနိုင်မှာစိုးလို့ သောက်ဆေးပေးထားပါတယ်
မနေ့က ဆေးရုံတင်ထားခဲ့ ပြီး ဒီနေ့ ညနေ သွား ပြန်ခေါ်လာခဲ့ပါတယ်ရှင့်🙏

ကလေးအတွက် နေအ မြန်ကောင်းဖို့ဆုတောင်းပေးကျပါအုံးနော်🙏

16/01/2024

10.8.2023 မှာဆုံးသွားတဲ့ကြောင်လေး ပူကြူးလေးတွက် ရည်စူးပြီး Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများအတွက် ရည်စူး ပြီး အလှူငွေ 100000ကျပ်ကို လှူဒါန်းပေးထားပါတယ်ရှင့်💗🙏

ဤ အလှူ ကုသိုလ် ရဲ့ အကျိုးကို ပူကြူး လေး
ရရှိခံစားရပါစေ

ရောက်လေရာအရပ် ဖြစ်လေရာဘဝမှာစိတ်၏ချမ်းသာ ခြင်း ကိုယ်၏ ကျန်းမာ ခြင်းနှင့်ပြည့်စုံပါစေ အသက်ရှည် အနာမဲ့ အဆင်းလှပါစေ
ယခုထက်ပိုမို ကောင်းမွန်တဲ့ ဘဝမှာ အေးချမ်းသာယာစွာ အနားယူနိုင်ပါစေလို့ Meowing မှ ဆုတောင်းပေးပါတယ်ရှင့်🙏💗

15/01/2024

15.1.24မှာဆုံးသွားတဲ့ ရွှေလုံးလေးကိုရည်စူး ပြီး
မစု မြတ်နိုးထိုက်မှ Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော ‌မြောင်လေးများအတွက် ဆေးကုသစရိတ် အလှူ ငွေ 60000ကိုလှူဒါန်းပေးထားပါတယ်ရှင့်🙏

ဤ အလှူကုသိုလ်တွေရဲ့ အကျိုးကို ရွှေလုံးလေးရရှိခံစားရပါစေ ဖြစ်လေရာရောက်လေရာဘဝအဆက်ဆက် မှာ အသက်ရှည် အနာ မဲ့ အဆင်းလှပါစေ ယခုထက်ပိုမိုကောင်းမွန်တဲ့ဘဝမှာ အေးချမ်းသာယာစွာအနားယူနိုင်ပါစေ လို့ Meowing မှဆုတောင်းပေးပါတယ်ရှင့်🙏💗

15/01/2024

၁၅ ၁၂ ၂၀၂၃မှာ ဆုံးသွားတဲ့ အာလူးလေးကိုရည်စူးပြီး Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက် ထားသော ကြောင်လေးများရဲ့ ဆေးကုသစရိတ်အတွက် အလှူငွေ 20000ကျပ်ကိုလှူဒါန်းပေးထားပါတယ်ရှင့်

ဤ အလှူကုသိုလ်တွေရဲ့ အကျိုးကိုအာလူးလေးရရှိခံစားရပါစေ ဖြစ်လေရာ ရောက်လေရာဘဝအဆက်ဆက်မှာ စိတ်၏ချမ်းသာ ခြင်း ကိုယ်၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံပါစေ
အသက်ရှည် အနာမဲ့ရောဂါကင်းပါစေ
ချမ်းသာ ကြွယ်ဝပါစေလို့ Meowing မှဆုတောင်းပေးပါတယ်ရှင့်🙏

Send a message to learn more

ကြောင်မလေးတစ်ကောင် အရေးပေါ်သားအိမ် ခွဲစိတ်စရာရှိလို့ တတ်နိုင်သလောက်ကူညီပေးကျပါအုံးရှင့်တစ်နေ့က ကယ်ထားတဲ့ ကလေး 5ကောင်ကိုပ...
15/01/2024

ကြောင်မလေးတစ်ကောင် အရေးပေါ်သားအိမ် ခွဲစိတ်စရာရှိလို့
တတ်နိုင်သလောက်ကူညီပေးကျပါအုံးရှင့်

တစ်နေ့က ကယ်ထားတဲ့ ကလေး 5ကောင်ကိုပါ ကာကွယ်ဆေးထိုးပေးရမှာမို့ ကြောင်မလေးအတွက် ခွဲစိတ် စရိတ်အတွက် မင်တို့မလောက်တော့လို့ပါ

ကျေးဇူးပြုပြီး ကြောင်မလေးရဲ့အသက်ကိုကယ်ပေးကျပါရှင့်
ကလေးကလဲ စားသလောက် ပိန် နေတယ် သူ့ကိုသတိထား ပြီးစောင့် ကြည့်နေတာ
သူ့သေးပေါက်တဲ့ အချိန်သွေးတွေဆင်းလာတာရယ် သူ့မိန်းမကိုယ်က သွေးတွေ တစ်ချိန်လုံးကျနေတာကိုသတိထားမိလို့ ဆရာမကိုဖုန်းဆက်လိုက်တာ
သားအိမ်မှာ ပြဿနာတစ်ခုခုရှိနေတယ် အမြန်ခွဲမှ ရမယ်ပြောလို့ပါ

သူ့ရဲ့ ခွဲစိတ်စရိတ်က 60000ပါဘဲ
ကလေးအငယ်လေးတွေ
ကာကွယ်ဆေးထိုးပေးဖို့အတွက်ဘဲ မင့်မှာ ကွက်တိရှိလို့ပါ သူ့လေးအတွက် မင့်မှာထပ်စိုက်စရာတကယ်မရှိလို့ အကူအညီတောင်းရတာပါရှင့် မင့်မှာရှိရင်
မင်အကူအညီမတောင်းပါဖူး

ကြောင်မလေးခွဲစိတ်ဖို့အတွက် 500 1000နည်းများမဆို ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့် 😢🙏
ကြောင်မလေးခွဲစိတ်တာကနေ ပြီးတာအထိ မင်ပြန်တင်ပေးပါ့မယ်ရှင့်🙏

K pay/Wave Pay/Aya pay
09967767662
Nay Lin Mg
Aya Bank acc( 20026338286)
U Nay Lin Maung

13/01/2024

မKitKitမှ 14.1.2024မှာအသက်30ပြည့် မွေးနေ့ကျရောက်တဲ့ Kim jong in (Exo)
ရဲ့မွေးနေ့အမှတ်တရ အလှူအ ဖြစ် Meowing ဂေဟာမှ မြောင်လေးအတွက်
အလှူငွေ 30000ကျပ်နှင့် ဂေဟာမှာလုပ်အားပေးလေး လုပ်ပေးသွားပါတယ်ရှင့်

Idolရဲ့ မွေးနေ့လေးမှာ ‌Meowingဂေဟာက ကလေးတွေကိုလှူဒါန်းပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ချစ်ရတဲ့idol နဲ့လဲ အမြန်ဆုံး
အပြင်မှာဆုံတွေရပါစေရှင့်

Idolအတွက် အမှာစကားလေးလဲ ပြောထားပါသေးတယ်💘

💗ချစ်ရတဲ့idolရေ ယခုကျရောက်တဲ့ မွေးနေ့မှစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ အန္တရာယ်ကင်းကင်းနဲ့ စစ်မှုထမ်းရာကနေ ပြန်လာဖို့ တို့တွေဆုတောင်းပေးပါတယ်

ဒီထက်ပိုမိုတောက်ပတဲ့ ကြယ်ပွင့်လေး ဖြစ်ပါစေ မွေးဖွားလာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ကိုယ့်ရဲ့ အလင်းရောင်လေးရေ🌟
မင်းကြောင့် တို့တွေ ပျော်ရွှင်ခဲ့ရတယ် မင်းရဲ့ သီချင်းတွေကြောင့် စိတ်အပန်းပြေခဲ့ရတယ် မင်းကိုတို့တွေအရမ်းလွမ်းနေပါတယ်
မင်းနိုင်ငံ တာဝန် ထမ်းဆောင်ပြီး
ပြန်လာရင် စင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့သီချင်းဆို ကခုန်နေတာကို တို့တွေ ပြန်မြင်တွေ့ရဖို့ စောင့်မျှော်နေပါတယ်လို့ ဘဝတစ်လျောက်လုံးပျော်ရွှင်စရာတွေနဲ့ အောင်မြင်မှုတွေ ကံကောင်း ခြင်းတွေကို အမြဲတမ်းပိုင်ဆိုင်ရပါစေလို့ Fan တွေအားလုံးကိုယ်စားဆုတောင်းပေးပါတယ်နော် 🥳

we love you
we miss you🥰

13/01/2024

ကလေးတွေအတွက် သုံးပေးတဲ့ဆေးဝါးလေး‌ေတွပါ🥰
ညတိုင်း ကလေးတွေနဲ့
ဆေးတိုက် ဆေးလိမ်း မုန့်ကျွေးရင်းအချိန်ကုန် ဖြစ်ပါတယ်

ကလေးတွေအတွက် ဆေးဝါးလှူဒါန်းချင်ရင်ဘဲ ဖြစ်ဖြစ် ကိုယ်ကျွေးချင်တဲ့မုန့်ကလေး‌ တွေရှိရင်လဲ လှူဒါန်းပေးလို့ရပါတယ်

K pay/Wave Pay/Aya pay
09967767662
Nay Lin Mg
Aya Bank acc( 20026338286)
U Nay Lin Maung

ကလေးလေးအတွက် သခင်ရှာပေးချင်လို့ပါရှင့်"ရေကျော် စီးတီးမက်ရှေ့က တိုက်ကြား ‌ခြံစည်းရိုးအချွန်နဲ့ ညိနေလို့ အော်နေလို့ ကယ်လာခ...
13/01/2024

ကလေးလေးအတွက် သခင်ရှာပေးချင်လို့ပါရှင့်

"ရေကျော် စီးတီးမက်ရှေ့က တိုက်ကြား ‌ခြံစည်းရိုးအချွန်နဲ့ ညိနေလို့ အော်နေလို့ ကယ်လာခဲ့တာပါ ဆေးခန်းလဲ ရက်ရှည်ထားပြီး ကုပြီးပါပြီ 90%သက်သာနေပါပြီ ရေကျော်တဝိုက်မေးတော့လဲ ဘာမှမထူးတာမို့ သခင်ရှာပေးပါလားခဗျာ အကူညီတောင်းပါတယ်

အထီးလေးပါ အသက် 9လ ခန့်မှန်း"

ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်

သာကေတ 4တောင်ရပ်ကွက်
09426066611

ကလေး ကို မွေးစားချင်ရင်ဘဲ ဖြစ် ဖြစ်
ကလေးရဲ့ သခင်ရင်းဆိုရင် ဆက်သွယ်ပေးပါရှင့်

ကလေးတွေ အကျီ လှလှလေးတွေ နဲ့ အလှူရှင်တွေရဲ ့ကျေးဇူးနဲ့ နွေးနွေးထွေးထွေးနေနေရပါတယ်ရှင့်🥰 ကလေးတွေပုံလေးတွေ မျှဝေပေးလိုက်ပါတ...
12/01/2024

ကလေးတွေ အကျီ လှလှလေးတွေ နဲ့ အလှူရှင်တွေရဲ ့ကျေးဇူးနဲ့ နွေးနွေးထွေးထွေးနေနေရပါတယ်ရှင့်🥰
ကလေးတွေပုံလေးတွေ မျှဝေပေးလိုက်ပါတယ်နော်💗 တစ်ပုံချည်း စီ ကြည့်သွားပေးပါနော်🥰

12/01/2024

မ အေးကဗျာမျိုးမွေးနေ့အလှူအမှတ်တရအလှူ အဖြစ် Meowing ဂေဟာမှ ကယ်တင်စောင့်ရှောက်ထားသော မြောင်လေးများအတွက် အလှူငွေ
30,000 ကျပ်ကို လှူဒါန်းပေးထားပါတယ်ရှင့် 🙏

🥳 Happy Birthday ပါ မမရေ
မွေးနေ့မှစ ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံပါစေ
ပျော်ရွှင် ခြင်း ကံကောင်းခြင်းတွေလဲ ရရှိပိုင်ဆိုင်နိုင်ပါစေ
အလုပ်အကိုင်စီးပွားရေးတွေ လဲ အဆင်ပြေ အောင်မြင်ပါစေ
ငွေကြေးလာဘ်လာဘတွေလဲ ပေါကြွယ်ဝပါစေ လို့Meowingမှ မွေးနေ့ဆုမွန်ကောင်း
တောင်းပေးပါတယ်ရှင့်🎂🥰🙏

Address

Yangon
ďż˝

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
Wednesday 09:00 - 12:00
Thursday 09:00 - 12:00
Friday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when 𝙼𝙴𝙾𝚆𝙸𝙽𝙶 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Animal Rescue Service in Yangon

Show All