Smurf Animals Online Shop

Smurf Animals Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smurf Animals Online Shop, Pet Store, Thamine, Yangon.
(2)

Aulonocara Kandeense Blue Orchid around 8cm
28/01/2021

Aulonocara Kandeense Blue Orchid around 8cm

Available For Order --------------------Instock မဟုတ်ပဲ preorder သီးသန့်မှာရမဲ့ကလေးပါOrder မှာယူရင် စရံငွေ 50% ချထားရပါမ...
28/01/2021

Available For Order

--------------------

Instock မဟုတ်ပဲ preorder သီးသန့်မှာရမဲ့ကလေးပါ

Order မှာယူရင် စရံငွေ 50% ချထားရပါမယ်

နယ်မှ မှာယူလိုသူများကို နယ်ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်

မှာယူလျှင် 2 ပတ် အတွင်းရပါမယ်

puppy လေးများ ကျန်းမာရေးအာမခံချက်အနေနဲ့ သွေးဝမ်း / ကျောက်ရောဂါကို အာမခံ (၅) ရက် ပေးပါတယ် / (၅) ရက်အတွင်းအဆိုပါရောဂါ၂မျိုးကြောင့်သေဆုံးခဲ့ပါက တန်ဖိုးတူ puppy အစားပြန်ပေးပါတယ်

ဝယ်ယူသူပေါ့ဆမူကြောင့်သေဆုံးပါက တာဝန်မယူပေးပါ

————————————————————

Pomerian

4 boys & 5 girls

59 days old

Thai import

vaccine done

Price -7 # # # # # kyats for one
-------------------------------------------

🐶 puppy လေးတွေဝယ်ယူတဲ့လူတိုင်းကို puppyလေးတွေအတွက် accessory လေးတွေလက်ဆောင်ပေးနေပြီနော် 🙏🏻🙏🏻🙏🏻

Polar & Hamster တွေအခုမှစမွေးမဲ့သူ​လေးတွေအတွက်1.cage(or) 2ပေ1ပေ မှန်ကန်❤ကော်ပုံးအကြီးတွေထဲထည့်ပီးမွေးလဲအဆင်ပြေတယ်နော်  H...
13/01/2021

Polar & Hamster တွေအခုမှစမွေးမဲ့သူ​လေးတွေအတွက်
1.cage(or) 2ပေ1ပေ မှန်ကန်❤
ကော်ပုံးအကြီးတွေထဲထည့်ပီးမွေးလဲအဆင်ပြေတယ်နော် Hamster တစ်ကောင်အတွက်အလွန်ဆုံးတော့ 2ပေ1ပေလောက်ကျယ်တဲ့
မှန်ကန်\ကော်ပုံ\cage နဲ့ မွေးတာက ကလေးတွေအတွက်အဆင်ပြေပါတယ်

2. Bedding အခင်း❤
Beddingကတော့ cageပီးရင်မပါမဖြစ်လိုအပ်တဲ့ဟာလေးပါ Bedding ကို သဲ နဲ့ လဲ ထားလို့ရသလို
နူးညံတဲ့လွှစာမှုန့် နဲ့ထားလဲရပါတယ်

3. ရေဘူး\ရေဘူးထောက်တိုင်
Hamster ရောငိးတဲ့ ဆိုငိတွေ Hamster os တွေမှာရှိပါတယ် ထောက်တိုင်ရောရေဘူး ရောမှ 3500 လောက်ပဲကျမှာ ပါ

4. UFO or Wheel
Whee\UFO လေးတွေကတော့ hamster လေးတွေ အကြိုကိဆုံးဆော့စရာတစ်ခူပေါ့
တစ်ခုမှ 3000,4000လောက်ပဲရှိပါတယ်

5.အစာခွက်
အစာခွက်ကိုတော့ အိမ်မှာရှိတဲ့ ကြွေပန်းကန်အသေးလေးထဲထည့်ကျွေးလဲရပါတယ် Hamster os တွေဆိုင်တွေမှာလဲ အစာခွက်ရောင်းပါတယ်

6. ရေချိုးသဲ\​ရေချိူးသဲခွက်
ရေချိုးအဖြူနုနုလေးတွေ လဲလိူအပ်ပါတယ်
Admin အိမ်က ကလေးလေးဆိုရင် ရေချိူးသဲခွက်ထဲဝင်အိပ်နေရတာအရမ်းကြိုက်😆❤

7.အစာခြောက်\ တူနာငါးချောင်း\ ဝါးပိူးခြောက်\နေကြာစိတခြားအများကြီးလဲရှိပါသေးတယ်
အသီးရွက်တွေကျွေးလဲစားပါတယ်နော်
တူနာငါးချောင်းနဲ့ ဝါးပိူးခြောက်ကတော့ ဖေးဖရိတ်ဖုလေးပေါ့🙊

အဲ့ 7 ချက်ရှိရုံနဲ့တင် ချစ်စရာ polar&hamster လေးတွေကိုမွေးလို့ရပါပီရှင့် တခြား အနွေးပုံးအိမ် ကြွေပုံးအိမ် ဆောစရာလေးတွေကိုတော့ ကိုယ့်စိတ်ကြိုက်ဝယ်ထည့်ပေးလို့ရပါတယ်

သိသလောက်လေးပြန်ပီး Sharing လုပ်ပေးတာမို့လို့ အမှားပါသွားရင်နားလည်ပေးကြပါရှင့်😚❤
Animals onile shop

Design မိုက်သလို Quality လဲတကယ်ကောင်းတယ်။ယုန်လေးတွေနဲ့ကြောင်လေးတွေအတွက် ပိုပြေပါတယ်။ခွေးအတွက်ဆိုရင် ခွေးအသေးမျိုးပဲထည့်လ...
13/01/2021

Design မိုက်သလို Quality လဲတကယ်ကောင်းတယ်။
ယုန်လေးတွေနဲ့ကြောင်လေးတွေအတွက် ပိုပြေပါတယ်။
ခွေးအတွက်ဆိုရင် ခွေးအသေးမျိုးပဲထည့်လို့ရမှာပါခင်ဗျ။
Size ကိုတော့ နောက်ဆုံးပုံမှာကြည့်ပေးပါဗျ။
ရွေးချယ်စရာColor (၃)ရောင်ရှိပါတယ်။

Price - 130,000 Ks ပါ
ဟုတ်ပါတယ် Pet carrier အနေနဲ့ တစ်ခြားအရာတွေထက် Designပိုင်းရော Qualityပိုင်းပိုသာသလို ဈေးကလဲရှယ်တယ်😄

🛑ပစ္စည်းအသင့်မရှိပါ။
🛑ကြာချိန် ၃/၄ပတ်ခန့်။
🛑50% deposit ပါ။

ဒီနေ့မှာမင်မင်က"အိုမင်းလာတဲ့အခါ Hamsterလေးတွေကို ဘယ်လိုပြုစု‌သင့်သလဲ"ဆိုတာကို‌ပြောပြ‌ပေးမှာပါရှင့်✪ Hamsterလေး‌တွေက အသက်...
13/01/2021

ဒီနေ့မှာမင်မင်က"အိုမင်းလာတဲ့အခါ Hamsterလေးတွေကို ဘယ်လိုပြုစု‌သင့်သလဲ"ဆိုတာကို‌ပြောပြ‌ပေးမှာပါရှင့်

✪ Hamsterလေး‌တွေက အသက်12လ(သို့)18 လကျော်လာရင် အိုမင်းတဲ့လက္ခဏာတွေပြလာတတ်ပါပြီ
Hamsterလေးတွေအိုမင်းလာတဲ့အခါအရင်ကထက်ပိုပြီးပြုစုစောင့်ရှောက်မှုလည်းပိုပြီးတော့တောင် လိုပါတယ်
အဲဒါကြောင့်Hamsterလေးတွေကိုမွေးထားတဲ့အခါ‌‌ ‌မေ‌မေ/ဖေဖေတွေအနေနဲ့ ကလေးရဲ့အသက်ကိုသိထားရပါမယ်ရှင့် သားခွဲလားဖောက်ဆိုဒ်လားအသက်ဘယ်‌လောက်ရှိပီလဲဆိုတာမေးပါ Hamsterလေးတွေအသက်ကြီးလာတာကိုသိရင်လုပ်‌ပေးရမှာအများကြီးတွေရှိလာပါပြီ

✪ အသိုက်ကောင်း"လိုပါတယ် သူတို့လေးတွေအသက်ကြီးလာတဲ့အခါအမွေး‌တွေကျွတ်လာပြီးကျဲလာ၊အကွက်လိုက်‌ပြောင်၊အ‌ရေပြား‌ခြောက်ပြီးထူလာပါမယ် အအေးဒဏ်မခံနိုင်ပါဘူး ဒီအချက်ကအမတွေထက် အထီးတွေမှာပိုဖြစ်ပါတယ် တစ်နှစ်ကို2ခါအမွေးလဲပါတယ်ရှင့်

✪ လေဝင်လေထွက်ကောင်းတဲ့အိမ်လိုပါတယ် အနံ့မပါတဲ့tissue'အနု'လေးတွေများများထည့်ပေးထားပါ ဒါမှအပူအအေးညှိလို့ရတာပါ မနက်ခင်းအ‌စောပိုင်းမှာနေပူဆာလုံပေးပါ 5မိနစ် 8မိနစ်ဘဲမနက်ခင်းကိုနေပူဆာလုံပေးပါ သူတို့လေးတွေနဲ့ကစားပေးပါ

✪ Hamsterပစ္စည်းတွေကိုပြန်လည်‌နေရာချထားပါ
Toy‌တွေကိုအများကြီးမထားဘဲဖယ်ထားပါ လှေကားအမြင့်တွေရှိရင်နိမ့်‌ပေးပါရှင့် မှန်ကန်နဲ့ဘဲထားဖို့အကြံပေးချင်ပါတယ် ဘာလို့လဲဆိုတော့အသက်ကြီးလာတဲ့အခါ သူတို့လေးတွေအတွက်အမြင့်ကိုတက်ရတာအရင်‌လောက်မလွယ်ကူ‌တော့ပါဘူး မတော်တဆပြုတ်ကျခဲ့ရင်‌တောင်ထိခိုက်လွယ်တဲ့အတွက် လှေကားတွေ၊ ပိုက်လုံးတွေကိုရှင်းလင်းထားပါ
UFOဖြစ်ဖြစ် Wheelဖြစ်ဖြစ် ထည့်ပေးသင့်ပါတယ် နောက်တချက်ကကန်ကို‌ အမြဲသန့်ရှင်းပေးပါ

✪ သွား‌တွေနဲလာတာ သွားကျိုးလာတာတွေဖြစ်ပါမယ်
စားတဲ့အခါအစာထဲ ငါးကြီးဆီ2စက်တိတိထည့်ပါ
အသက်ကြီးလာတဲ့အခါ အာဟာရပြည့်စုံဖို့လိုအပ်လာပါတယ်ပျော့တဲ့အစာလေးတွေကျွေးပါ ဆိတ်နို့မှုန့် အဆီမတက်‌စေတဲ့ချိစ် ကြက်ဥပြုတ်အကာ baby store
ဆိုင်တွေမှာရရှိနိုင်တဲ့ လသားကလေးငယ်တွေစားတဲ့သရေ
စာမုန့် ဘီစကစ်တို့ကျွေးနိုင်ပါတယ် အစားအစာတွေကိုလုံလုံလောက်လောက်ထားပေးပါ ရေဘူးကိုလည်းသူတို့မတ်တပ်မရပ်ရဘဲမှီတဲ့နေရာမှာဘဲထားပေးပါ ဗိုက်တွေညစ်ပတ်တဲ့အခါ ရေစိုတစ်သျှူး နဲ့သုတ်ပေးပါ

Dog Leash designတွေ ရှယ်ပဲနော်😎​🐕‍🦺🦮ဒီLeash ကတော့Doggoကြီးတွေအတွက်ရှယ်။ ​🐕‍🦺🦮 Design ရွေးစရာ(၆)မျိုးနဲ့ Size (5) မျိုးရှ...
12/01/2021

Dog Leash designတွေ ရှယ်ပဲနော်😎
​🐕‍🦺🦮ဒီLeash ကတော့Doggoကြီးတွေအတွက်ရှယ်။
​🐕‍🦺🦮 Design ရွေးစရာ(၆)မျိုးနဲ့ Size (5) မျိုးရှိပါတယ်။
🐕‍🦺🦮နောက်ဆုံးပုံမှာSize Chart တင်ပေးထားပါတယ်။ မိမိကလေးရဲ့အတိုင်းကိုသေချာတိုင်းကြည့်ပီး Order ပေးပါခင်ဗျ။

💰S-7300 Ks
💰M-7700 Ks
💰L-8000 Ks
💰XL - 8500 Ks
💰XXL - 9000 Ks

🔴ပစ္စည်းအသင့်မရှိပါ​။ ကြိုတင်မှာရပါမယ်ခင်ဗျ။
Covid ကာလဖြစ်သည့်အတွက် အချိန် ၁လခန့်ကြာနိုင်ပါတယ်။
🔴ရန်ကုန်-အိမ်ရောက်ငွေချေစနစ်။
🔴အခြားမြို့ကြီးများ-ငွေကြိုချေထားရပါမယ်။
(Wave/Kpay/KBZ/AYA/MAB တို့ဖြင့် လွှဲနိုင်ပါသည်)

ုသွားလေရာခေါ်သွားဖို့အိတ်လေးတွေ
07/01/2021

ုသွားလေရာခေါ်သွားဖို့အိတ်လေးတွေ

Axolotl or Mexican Walking Fishမြန်မာအခေါ် ရေပုတ်သင် ရေခွေး စသဖြင့်ခေါ်ကြတယ်သူတို့ရဲ့မူရင်းဇာတိကတော့Latin America Mexicoမြ...
07/01/2021

Axolotl or Mexican Walking Fish
မြန်မာအခေါ် ရေပုတ်သင် ရေခွေး စသဖြင့်ခေါ်ကြတယ်

သူတို့ရဲ့မူရင်းဇာတိကတော့Latin America
Mexicoမြို့ရဲ့ Lake Xochimilcoအပြင် အခြားရေကန်အများအပြားမှာတွေ့ရှိရတယ်ဗျ
မွေးလေ့မွေးထသိပ်မရှိပဲထူးထူးဆန်းဆန်းကောင်လေးတွေဖြစ်တဲ့အတွက် Exotic Petအဖြစ်စာရင်းဝင်ကြပါတယ်ဗျ
Axolotlလေးတွေဟာ ကုန်းနေရေနေသတ္တဝါတွေပဲဖြစ်ပါတယ် အခြားကုန်းနေရေနေသတ္တဝါတွေနဲ့
မတူတာက သူတို့က metamorphosisလို့ခေါ်တဲ့
သိသာစွာတစ်ဆင့်ခံအသွင်ကူးပြောင်းခြင်းမရှိတာပါပဲဗျ ဥပမာ ဖားဆိုရင် ဖားဥ ဥကနေ ဖားတစ်ပိုင်းငါးတစ်ပိုင်း ပြီးမှဖားဆိုပြီး ဖြစ်လာကြတာပါဗျ
Axolotlတွေမှာ ဒီလိုမျိုးမရှိပဲ အကောင်တဖြည်းဖြည်းကြီးလာပြီး အဆုပ်တေ ပါးဟပ်တွေ
Developဖြစ်လာတာပါဗျ
ဒီကောင်လေးတွေဟာ 2010လောက်မှာ
Mexicoမြို့ရဲ့ရေညစ်ညမ်းမှု Invasive Speciesတွေဖြစ်တဲ့ တီလာဗီယား နဲ့ Perchတွေကြောင့်
မျိုးတုံးတော့မယ့်ဘေးကိုရောက်ခဲ့ပါသေးတယ်
ဒါပေမယ့် တင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့တဲ့အတွက် ယခုအချိန်မှာတော့ သဘာဝထဲအရင်ကလောက်မပေါများတော့ပေမဲ့ အလှမွေးငါးဝါသနာရှင်တွေရဲ့ ကန်တွေထဲမှာနေရာယူနေကြပါပြီဗျ

Axolotlတွေကိုအရောင်အနေနဲ့ အနက် မီးခိုး ရွှေရောင် အဖြူ ပန်းရောင်အဖျော့ စသဖြင့်တွေ့နိုင်ပါတယ်ဗျ
ခေါင်းနောက်မှာ ပါးဟပ်ချောင်းလေး၃ခုစီပါပြီး
အတွင်းပါးဟပ်တွေကိုဖူံးကွယ်ထားပါတယ်ဗျ
ခြေလက်၎ချောင်းနဲ့ ရေကူးရာမှာလွယ်ကူစေဖို့
အမြှီခပ်ပြားပြားလေးပါပြီး ရုတ်တရက်ကြည့်လိုက်ရင်ပြုံးပြနေတယ်လို့ ထင်ရတဲ့မျက်နှာလေးရှိပါတယ်ဗျ နှဖူးပြောင်ပြောင်လေးတွေနဲ့ မျက်ခွံလဲမပါကြဘူးဗျ အရွယ်အစားအနေနဲ့ ၆လက်မကနေ
၁၈လက်မထိကြီးထွားနိုင်ကြပါတယ်ဗျ ၁၂လက်မထက်ကြီးတာကတော့ ရှားတော့ရှားတယ်ဗျ
သေချာမွေးမယ်ဆို အသက်၁၀နှစ်ကနေ နှစ်၂၀ထိ
ပျှမ်းမျှနေထိုင်နိုင်ကြပါတယ်
Axolotlတွေဟာ အသက်၂နှစ်ပတ်ဝန်းကျင်မှာ
အရွယ်ရောက်ကြပြီး ၉လက်မခန့်ရှိနေနိုင်ပါပြီဗျ
အထီးတွေက အနဲငယ်ဖောင်းနေတဲ့ ဆီးလမ်းကြောင်းရှိပြီးတော့ အမတွေကတော့
သိသိသာသာဗိုက်အိုးလေးတွေဖောင်းကားနေတတ်ပါတယ်ဗျ

Axolotlတွေရဲ့ခန္ဓာကိုယ်ဟာနူးညံ့ပျော့ပြောင်းပြီး
ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကို
အရိုးနုတွေနဲ့သာဖွဲ့စည်းထားပါတယ်ဗျ
( ပြောချင်တာက ကိစ္စမရှိရင် လက်နဲ့ဖြစ်ဖြစ်
ပိုက်ကွန်နဲ့ဖြစ်ဖြစ် အားယားတိုင်း သွားသွားမကလိပါနဲ့ သူတို့အသားက အထိအခိုက်မခံပါဘူး ပိုင်ရှင်တွေလိုမျိုးအသားမကြမ်းပါဘူး🙃 )

Axolotlတွေဟာ ကုန်းနေရေနေဆိုပေမယ့်
သူတို့ကfully aquaticတွေပါ
Land Spaceထားပေးစရာမလိုပါဘူးဗျ
ကန်ထဲရှုပ်ထွေးနေအောင် ကျောက်တွေပုံထားစရာမလိုပါဘူး Filter Systemကောင်း​ကောင်းနဲ့စနစ်တကျ
ရေသန့်စင်ပြီး ရေအမြင့်ကတော့ သူတို့ခန္ဓာကိုယ်ထက်အနည်းငယ် ၂လက်မ ၃လက်မလောက်ပိုထည့်ပေးရပါမယ် အဖုံးတပ်ထားရင်ဒီ့ထက်ပိုထည့်လဲရပါတယ် ရေကူးဖို့spaceပိုရတာပေါ့ နောက်ပြီးကန်တွေမှာအဖုံးတပ်ထားရပါမယ် ပိုင်ရှင်လစ်ရင်လစ်သလိုခုန်ထွက်တတ်ပါတယ်
ဒီကောင်လေးတွေ ချစ်စရာလေးဆိုပြီး
ငါးတွေသွားမထည့်ပါနဲ့ ချစ်စရာကောင်လေးတွေကသဘောမကောင်းပါဘူး နည်းတောင်နည်းသေးတယ်ဆိုပြီး ဆော်လွှတ်လိုက်ပါလိမ့်မယ် သူတို့ကြီးပဲမွေးတာအကောင်းဆုံးပါ ကန်ကျယ်ဖို့ကအဓိကကျပါလိမ့်မယ် ကန်ကြီးလေကျယ်လေ သူတို့ကကြိုက်လေပါပဲ ကန်ကြပ်တဲ့အခါမလိုလားအပ်တဲ့ တစ်ကောင်နဲ့တစ်ကောင်ကိုက်တာတွေဖြစ်လာနိုင်ပါတယ် အခြားကောင်ကကိုက်လိုက်လို့ လက်ပြတ်သွရင် လက်အသစ်ပြန်ထွက်နိုင်ပေမယ့် ဒီအခြေအနေကိုမဖြစ်အောင်ကြိုရှောင်တာအကောင်းဆုံးပါဗျ

အရေးအကြီးဆုံးကအပူချိန်ပါ သူတို့လေးတွေက
ရေအေးကြိုက်ပါတယ် 14°Cကနေ20°Cကြားမှာနေပြီးတော့ အမြင့်ဆူံး24°C ထိသာရှိသင့်ပါတယ်
ဒီ့ထက်ကျော်ရင် နတ်ပြည်တက်ပါပြီ ဒါကြောင့်
ပူတဲ့ဒေသတွေမှာမွေးမယ်ဆို Airconခန်းထဲမွေးမှအဆင်ပြေပါလိမ့်မယ် အခြားReptileတွေလို
ပစိပစပ်များတဲ့ကောင်လေးတွေမဟုတ်ပါဘူး
Uvမီး ဘာမီ ညာမီး Bla bla blaတွေမလိုပါဘူး
အဆင်ပြေတဲ့မီးသူံးနိုင်ပါတယ် သူတို့လေးတွေကအမှောင်သဘောကျတဲ့အတွက် ဂူလေးတွေ
ဒါမှမဟုတ် ပုန်းဖို့နေရာ ပန်းအိုးလေးတွေ မှောက်ပေးထားတာမျိုး ထားပေးရပါမယ်
ကန်အောက်ခြေမှာ အာလူးကျောက် မြစ်ဆုံကျောက် ချောချောလေးတွေခင်းနိုင်ပါတယ် ကျောက်တွေက သူတို့ခေါင်းထက်ကြီးရပါမယ် ဘာလို့ဆို မထင်ရင်မထင်သလိုကျောက်တွေကောက်မျိုတတ်လို့ပါ
ကန်အလွတ်ထားတာက သူတို့လက်လေးတွေနဲ့
မှန်ပြောင်ပြောင်ကိုမကုပ်နိုင်ပဲ Axolotlတွေကို
Depression ဝင်စေပါတယ် ရေကတော့
ညသိပ်ရေလေးသူံးပေးပါ မရဘူး ငါတို့က
ဘူံပိုင်ခေါင်းကရေပဲတန်းသုံးမှာဆိုရင်တော့
နတ်ပြည်တက်ဖို့သေချာနေပါပြီ
ဘယ်တော့မှ ရေကို100%သွားမလဲပါနဲ့
လဲမိရင် နောက်နေ့မနက် ကန်ထဲမှာ ဆန့်ဆန့်လေးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်

အစာအနေနဲ့ကတော့ ဂျေးမများတတ်ကြပါဘူး
အစာခြောက် ရေတီခြောက် ငါးအသေးလေးတွေ
ဖားတစ်ပိုင်းငါးတစ်ပိုင်း ​တီကောင် ပုဇွန်အသေး သွေးတီ ဘာလာလာဒေါင်းပါတယ် အစာကိုလက်နဲ့လဲခွံကျွေးနိုင်ပါတယ် အပျင်းတစ်နေရင်တော့
ကန်ထဲဒီတိုင်းချခဲ့ပါ လာစားပါလိမ့်မယ်
နေ့ဘက်မှာမစားဘူးဆိုရင် ဇွတ်မကျွေးပါနဲ့
ညနေဖက်မှာတစ်ခါပြန်ကျွေးကြည့်ပါ
ကျေးဇူးတင်ပါတယ်

All Photos Credit To Owners




ဆောင်းရာသီမှာ ငါးကန်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ? အရင်ဆုံး အဲ့ Topic လေး မပြောခင် ~ ငါးလေးတွေရဲ့ ကိုယ်အပူချိန်အကြောင်း ...
28/12/2020

ဆောင်းရာသီမှာ ငါးကန်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ?

အရင်ဆုံး အဲ့ Topic လေး မပြောခင် ~

ငါးလေးတွေရဲ့ ကိုယ်အပူချိန်အကြောင်း အရင်ပြောရအောင် 🐟🐟🐟

လူ အပါအဝင် နို့တိုက်သတ္တဝါ အများစုဟာ Endothermic ဖြစ်ပါတယ် ဆိုလိုချင်တာကတော့ သူတို့ဟာ သူတို့ရဲ့ ဇီဝဖြစ်ပျက်မှုကနေတဆင့် အပူထုတ်ပေးနိုင်ပြီး ကိုယ်ခန္ဓာကို အနွေးဓာတ်ပေးနိုင်ပါတယ် ဒါကြောင့်လဲ သူတို့ကို သွေးနွေးသတ္တဝါလို့ခေါ်ကြပါတယ်
ငါးအများစုကတော့ Reptile တို့ amphibian တို့လို Ectothermic ပါ ကိုယ်ခန္ဓာကနေ အပူထုတ်လို့မရပါဘူး သူတို့ဟာ ပြင်ပ အပူချိန် အခြေနေပေါ်မူတည်ပြီး ကိုယ်အပူချိန်ကို ပြောင်းလဲနိုင်ပါတယ်

သူတို့လေးတွေ ရဲ့ ကိုယ်အပူချိန် အကြောင်း သိပြီဆိုတော့ ~ ငါးကန်တွေကို ဆောင်းရာသီ မှာ ထိန်းသိမ်းဖို့ အတွက် အချက် ၃ ချက် ကို ဂရုစိုက်ဖို့လိုပါတယ်

၁ လုံလောက်တဲ့ အပူချိန် ရနေဖို့လိုပါတယ်

၇၀% သော အလှမွေးငါးအများစုဟာ အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ ငါးလေးတွေ ဖြစ်တဲ့အတွက် သူတို့ ရဲ့ သဘာဝ နဲ့ ကိုက်ညီမယ့် အပူချိန် အမြဲ ထားပေးဖို့လိုပါတယ်
နောက်တချက်ကတော့ Heater အရွယ်အစား နဲ့ watt ပါ တချို့ဆို ကန် က အကျယ်ကြီး တပ်ထားတဲ့ heater က watt နဲတာမျိုးတွေ တွေ့ ရ ပါတယ် ကိုယ့်ငါးကန်လေး နဲ့ ကိုက်ညီမယ့် Heater ရွေးပေးဖို့လိုပါတယ် Heater တပ်ပြီးရင်လဲ ငါးလေးတွေ ကို အပူလွန်ကဲခြင်း မရှိစေဖို့အတွက် ရေအနွေးဓာတ်ကို ခဏခဏ စစ်ဆေးသင့်ပြီး လေအဝင်အထွက် အလုံလောက် ရှိအောင် ထားဖို့ လိုပါတယ် နေ့ဘက်တွေမှာ ကန်နားရှိ ပြတင်းပေါက်လေးကို အနည်းငယ် ဟပေးထားတာမျိုး လုပ်ပေးသင့်ပါတယ်
တချို့ breeder တွေကတော့ ဆောင်းရာသီမှာ ကန်ရဲ့ water circulation pump တွေကို ပိတ်ထားဖို့ အကြံပေးကြပါတယ် (အထူးသဖြင့် ငါးအမျိုးစုံလင်ပြီး ကျယ်လွန်းတဲ့ ကန်တွေမှာပါ)

၂ ငါးကန် ကို ထားမယ့်နေရာကို သေချာရွေးချယ်ထားဖို့လိုပါတယ်

ကန် တခု ရွေးတဲ့အခါ ကန်ရဲ့ အရွယ်စားသာမက ကန် ကို ထားရမယ့် နေရာကို လဲ သေချာရွေးထားဖို့လိုပါတယ် လေဝင်လေထွက်ကောင်းပြီး နေအလင်းရောင်ပြေးလေး ရမယ့် ပတ်ဝန်းကျင် ကို ရွေးချယ်သင့်ပါတယ် (နေရောင်ခြည် တိုက်ရိုက် ထိတွေ့တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါ)
Feng Shui သဘောသဘာဝအရ Good energy ရဖို့ အတွက် ငါးကန်တွေကို ပြတင်းပေါက်တွေ ရဲ့ ညာဘက်မှာ ထားသင့်ပြီး အိမ် သို့ အခန်းရဲ့ မြောက်ဘက် မှာ ထားဖို့ ပြောပါတယ်

၃ အစာကျွေးတဲ့အခါ မျှတမှု ဖြစ်ဖို့လိုပါတယ်

မျိုးစိတ်အများစုအဖို့ ဆောင်းဝင်တဲ့အခါ သဘာဝ နဲ့ ကိုက်ညီဖို့ သူတို့ရဲ့ အစားသောက်ပုံစံကို ပြောင်းလေ့ရှိပါတယ် ငါးလေးတွေလဲ ထိုနည်းတူပါပဲ
အပူချိန် ကို အလုံလောက် ပေးထားမယ်ဆိုရင် သူတို့လေးတွေ နွေးနေစေဖို့ တနေ့ ကို ၂ -၄ ကြိမ် အစာကျွေးရပါမယ် (ကျွေးနေကျထက် ၂ ဆ ကျွေးဖို့လိုပါတယ်)

ဆောင်းရာငီ အတွက် သင့်တော်မယ့် ကန် လေး ဖြစ် မဖြစ် ဘယ်လို သိမလဲ?

ငါးလေးတွေရဲ့ အမူအကျင့်လေးတွေကို လေ့လာပါ
သင့်တော်ပြီး ကောင်းမွန်တဲ့ ကန်လေးဖြစ်နေမယ်ဆို အစာပုံမှန်စားပြီး ပုံမှန် ကူးခတ်နေကြမှာပါ
ရေအရမ်းအေးနေတယ်ဆိုရင် ကန်အောက်ခြေမှာ မကူးခတ်ပဲ အချိန်ကြာကြာနေနေကြပြီး ကော့လန်တာမျိုး တွေ ဖြစ်တတ်ပါတယ် (အစာရေစာ မလောက်ငရင်လဲ ထိုနည်းတူ ငြိမ်နေတတ်ပါတယ်)

အဆင်ပြေကြပါစေနော်

Santa: how many gf/bf you want?Me:
27/12/2020

Santa: how many gf/bf you want?
Me:

Rio
27/12/2020

Rio

💗
27/12/2020

💗

For sale!
27/12/2020

For sale!

ရွှေရစ်(Golden Pheasant)အထီးCb
26/12/2020

ရွှေရစ်(Golden Pheasant)အထီး
Cb

Standard Coat Husky လေးတွေ ဝယ်ယူလိုပါက၁ ကောင် ၄၂၀၀၀၀  ကျပ်ပါColour : Solid WhiteEyes     : Double Blue EyesGender:  Male...
26/12/2020

Standard Coat Husky လေးတွေ ဝယ်ယူလိုပါက
၁ ကောင် ၄၂၀၀၀၀ ကျပ်ပါ
Colour : Solid White
Eyes : Double Blue Eyes
Gender: Male 1 / Female 1
Age : 3 months
Vaccine: 2 times Done

09-767957136
09-978132059

Admin ဒီ Wonmoo လွှစာလေးအကြောင်းပြောပြမယ်ဆိုပြီးချိန်နေတာ...Marketing ဆင်းတာမဟုတ်ပဲ ကိုယ့်အတွေ့အကြုံလေးပြောပြတာပါနော်.. A...
26/12/2020

Admin ဒီ Wonmoo လွှစာလေးအကြောင်းပြောပြမယ်ဆိုပြီးချိန်နေတာ...

Marketing ဆင်းတာမဟုတ်ပဲ ကိုယ့်အတွေ့အကြုံလေးပြောပြတာပါနော်.. Admin အိမ်မှာက ဟန်းစတားလေးနှစ်ကောင်မွေးထားတော့ လွှစာက Admin အတွက်အရေးကြီးတဲ့ ပစ္စည်းထဲမှာပါတယ်ဗျ... ဘာလို့အရေးတစ်ယူပြောရလဲဆိုရင် သူက တခြားလွှစာတွေထပ် ပိုပြီးစုပ်ယူအားကောင်းတယ်ပြောရမယ်..

ပူးလေးတွေက အပေါ့အလေး အရမ်းသွားတယ်ဆိုတာ မွေးဖူးတဲ့လူဆိုသိမှာပါ.. အိမ်မှာ ၅ပေလောက်ထိကျယ်ကျယ်ထားထားတာဆိုတော့ လွှစာကလဲ များများလိုတာပေါ့.. 1kg တစ်ထုပ်ဆို ၂ခါပဲသုံးရတယ်.. 😒

Wonmoo က Admin သူများဆိုင်တွေနဲ့မတူတဲ့ Brand တစ်ခုစမ်းတင်ကြည့်မယ်ဆိုပြီး အရဲစွန့်ဝယ်ခဲ့တဲ့ ပစ္စည်းလေးပါ.. ဝယ်ဈေးက တခြား Brand တွေထက်များပေမယ့်.. စစချင်းဆိုတော့ မဝယ်ရဲကြမှာစိုးလို့ သူများတန်းတူ ၂၅၀၀​ ပဲရောင်းပေးနေပါတယ်..☺

ဒါပေမယ့် ကိုယ့်ရောင်းနေတဲ့ကိုယ်ပစ္စည်းကို ကိုယ်သိရမှာပေါ့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင်သုံးကြည့်တယ်ဗျ..

အရာတိုင်းကတော့ အကောင်းနဲ့အဆိုးရှိတယ်ပေါ့နော်..

သူ့မ​ကောင်းချက်ကလေ..

- လွှစာ အဖက်နည်းနည်းပိုကြီးတယ်ဗျ.. ဒါကမကြိုက်တတ်တဲ့သူတွေအတွက်ဆို မကောင်းတဲ့အချက်လိုဖြစ်နေမှာဆိုလို့ပါ..

ကောင်းတဲ့အချက်လေးတွေကပိုများတယ်ဗျ..

- Admin သုံးဖူးတဲ့တံဆိပ်မှန်သမျှထဲမှာ သူက အဆီအနှစ်အနည်းဆုံးလို့ ယူဆမိတယ်.. တော်တော်လေး ကျွတ်ဆပ်တယ်ဗျ.. အဆီအနှစ်ထုပ်ယူမှုအားရှိမရှိက Small pet လေးအတွက် ဘယ်လောက်အရေးကြီးလဲသိကြမှာပါနော်..
ပူးလေးတွေအတွက်ဆို ဘာမှမလုပ်ထားတဲ့ရိုးရိုး လွှစာက ထွက်လာတဲ့ Aromatic Oil တွေက အဆိပ်အတောက်ဖြစ်စေတတ်ပါသေးတယ်..

- ပြီးတော့ စုပ်ယူမှုအား ..
စုပ်ယူမှုအားအပိုင်းမှာတော့ တော်တော်သိသာတယ်လို့ Admin အာမခံချင်တယ်..
ဘာလို့လဲဆိုတော့ Admin က လွှစာခင်းကို ၂ပတ်တစ်ခါမှလဲ ဖြစ်နိုင်တယ်ဗျ.. လဲတိုင်း အခင်းအောက်မှာ စိုထိုင်းနေတာပဲ...
၂ပတ်လောက်ကြာအောင်ထားမိတဲ့ ကိုယ့်အပြစ်လဲ ပါပေမယ့် တစ်ခါခင်းရင် 500g လောက်ကုန်တာဆိုတော့ ၂ပတ်တစ်ခါမှပဲ ကိုယ့်အတွက်က ကိုက်မှာလေ..

အဲ့တာနဲ့ Wonmoo ကိုနောက်ဆုံးတစ်ခေါက်မှာ ပစ္စည်းဝင်ဝင်ချင်းတဲ့အချိန်ကိုက်ဆိုတော့ စမ်းသုံးကြည့်ဖြစ်တယ်.. သေချာသိချင်လို့ အရင်ကသုံးတဲ့ တံဆိပ်နဲ့ပါ နှစ်ကောင်ကို နှစ်ခု ခွဲခင်းထားပေးလိုက်တယ်..

အဲ့ဒီမှာသိသာတာက Wonmoo က အခုထိ ကျွတ်ဆတ်ဆတ်လေး ဖြစ်တုန်းပဲဗျ.. ခါတိုင်း ဒီအချိန်လောက်အကြာဆို စိုထိုင်းစနဲ့သိပ်သည်းပြီး အခဲလိုက်ကြီးတွေဖစ်သွားတတ်တဲ့ လွှစာလေးတွေက အခုထိအဖက်လိုက်လေးတွေရှိတုန်းပဲ..

ဒါကတော့ Admin သဘောအကျဆုံးအချက်ပါပဲ..

အဲ့တာလေးမျှဝေချင်တာပါဗျ..

သူက ပုံမှန်ရောင်းဈေးအတိုင်းရောင်းရမယ်ဆိုရင် ၃၀၀၀ ဝန်းကျင်လောက်ရှိပေမယ့် ဒီအခေါက်အသုတ်မကုန်ခင်ထိက ၂၅၀၀ နဲ့ ဝယ်ယူနိုင်မှာပါဗျ.. စုပ်ယူမှုအားက Admin တော်တော်လေးသဘောကျတာမို့ ဝယ်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်နော်.. တခြားတံဆိပ်တွေနဲ့ ဈေးတူတူပဲဆိုတော့ အရှုံးလဲ မရှိတဲ့အပြင် Admin ပြောသလိုဟုတ်မဟုတ်လဲ စမ်းသပ်ကြည့်လို့ရတာပေါ့ဗျ ☺

(သုံးရတာအဆင်ပြေတဲ့အတွက် မျှဝေပေးခြင်းသာဖြစ်ပါတယ်ခင်ဗျာ.. Admin တခြားတံဆိပ်တွေမတင်လို့ ဒါကိုဖိရောင်းခြင်းမဟုတ်ပါခင်ဗျာ.. Admin ဆီမှာ Jolly ကို အနံ့မျိုးစုံရနိုင်တဲ့အပြင် တခြား လက်ရှိဈေးကွက်မှာသုံးနေကျ တံဆိပ်လေးတွေလဲ လာဖို့ရှိပါသေးတယ်ဗျ)

ဝယ်ယူအားပေးနိုင်ကြပါပြီခင်ဗျာ ☺

Top Sword Gray Singa Snakeskin
26/12/2020

Top Sword Gray Singa Snakeskin

Lethrinops sp Red Cap Chirwa blazing 🔥
26/12/2020

Lethrinops sp Red Cap Chirwa blazing 🔥

ပိုလာလေးတွေ အကြောင်းမျှဝေပေးချင်ပါတယ်။ဒီနေ့မှာ ဘာတွေမျှဝေမလည်းဆိုတော့၁။လူမေးများတဲ့ ပိုလာလေးတွေမွေးရင် ဘာတွေလိုမလဲ။၂။ဘယ်...
25/12/2020

ပိုလာလေးတွေ အကြောင်းမျှဝေပေးချင်ပါတယ်။
ဒီနေ့မှာ ဘာတွေမျှဝေမလည်းဆိုတော့
၁။လူမေးများတဲ့ ပိုလာလေးတွေမွေးရင် ဘာတွေလိုမလဲ။
၂။ဘယ်လိုအချက်တွေရှောင်ကြည့်၇မလဲ။
၃။ဘယ်လိုေ၇ာဂါတွေဖြစ်တတ်လဲ။
၎။ဘယ်လိုထားခြင်းက သူတို့လေးတွေအတွက် သင့်တော်မလဲ။
၅။သားဖောက်ခြင်း စတဲ့ အချက်လေးတွေကို ပိုလာလေးတွေ စမွေးတဲ့သူတွေအတွက်ေ၇ာ၊ အခြားသူများအတွက်ပါ ဗဟုသုတ၇စေဖို့ share ပေးပါမယ်ဗျ။

ကျွန်တော် ပိုလာလေးတွေမွေးတုံးက ကြုံတွေခဲ့၇တဲ့ အတွေ့အကြုံလေးတွေကို ဥပမာပေးပြီး ပြောပြပေးသွားပါမယ်။

ပိုလာဆိုတာ ဘာလဲ။
ပိုလာဆိုတာ handster မျိုးစိတ် ၁ခုဖြစ်ပါတယ်တယ်။
ဈေးကွက်ထဲမှာတော့ handster နဲ့ polar ၂မျိုးကို အရောင်းအ၀ယ်လုပ်တာများတယ်။
Handster က polar ထက်အကောင်သေးပါတယ်။ပိုလာလေးတွေက အနည်းစပ်ဆုံးပြော၇၇င် အမြီးမပါတဲ့ အလှမွေး ကြွက်၁မျိုးနဲ့တူပါတယ်။မွေးရှည်မွေးတို ၂မျိုးရှိပါတယ်။

၁။ပိုလာလေးတွေ မွေး၇င်ဘာတွေလိုအပ်မလဲ။

၁။မွေးဖို့ လှောင်အိမ် (သို့) မှန်ကန်
၂။အခင်း
၃။အစာ(သူတို့အစာရှိပါတယ်။)
၎။ရေဘူး
၅။vitamins (ရေထဲထည့်တိုက်ဖို့)
၆။ရေချိုးသဲ(ရေချိုးပေးလို့မ၇ပါ။သဲနှင့်သာ သန့်င်၇ပါတယ်။)
၇။ကစားစရာ wheel စသည်တို့ လိုအပ်ပါတယ်။
(အဓိကလိုအပ်တာကိုပြောတာနော်ဟီဟီ)

၂။ဘယ်လိုအချက်တွေရှောင်ကျင် သင့်လဲ။

မိတ်ဆွေတို့ ပိုလာစမွေးတဲ့အခါ ပထမဆုံးစဉ်းစား၇မဲ့ အချက်က ဖောက်ေ၇ာင်းဖို့လား(သို့)အလှမွေး အဖော်အဖြစ်မွေးဖို့လား။ကျွန်တော်ကတော့ ဖောက်ရောင်းဖို့မဟုတ်၇င် မျိုးတူတွေကြီးပဲ မွေးစေချင်ပါတယ်။
ပိုလာလေးတွေက သားပေါက်ရင် အနည်းဆုံး၂ကောင် အများဆုံး၈ကောင်နဲ့၁၃ကောင်ကြားထိပေါက်နိုင်ပါတယ်။အဲ့တာကြောင့် ကိုယ်က အလှမွေးတယ်ဆို၇င် မျိုးတူပဲမွေးပါ။မျိုးမတူတာမွေးမိ၇င် မနိုင်မနင်းတွေဖြစ်ပြီး စိတ်ညစ်၇ပါလိမ့်မယ်။
အစာကျွေးရာမှာလည်း သတိထား၇မဲ့ အချက်တွေရှိပါတယ်။အစာစိုမကျွေးပါနဲ့။အစာစိုကျွေးခြင်းက ပိုလာလေးတွေကို ၀မ်းလျောစေပါတယ်။ကျွန်တော်မွေးဖူးတဲ့ကာလ ၁လျှောက်လုံး ၀မ်လျော၇င်ပြန်ကောင်းဖို့မလွယ်ပါ။သေတာများပါတယ်။မိခင်သို့မဟုတ်အခြားကောင်များမှ ငယ်တဲ့အချိန် ၁ကောင်တည်းခွဲထား၇င်လည်း ဖြစ်တတ်ပါတယ်။
အခြားသောအစာခြောက်များတော့၁ပတ်၂ခါလောက်ကျွေးသင့်ပါတယ်။ပြောင်ဖူး၊မုန်လာဥ ဘာညာကွိကွပေါ့။

၃။ဘယ်လိုေ၇ာဂါတွေဖြစ်သလဲ။

၁။ဝမ်းလျောခြင်း
၂။နှာစေးခြင်းများ အဖြစ်များပါတယ်။

၎။ဘယ်လိုထားခြင်းကသင့်တော်မလဲ။

လေဝင်လေထွက်ကောင်းပြီး အလင်းေ၇ာင်ကောင်းကောင်း၇တဲ့လှောင်အိမ်မျိုးနဲ့ထားသင့်ပါတယ်။ပူသောနေ၇ာတွင် ထားခြင်းမှရှောင်ကြည်ပါ။
(လှောင်အိမ်အဖုံးပိတ်ဖို့တော့မမေ့နဲ့နော်၊ဒီကောင်တွေက ကြောင်လည်း ကြောက်၇ကောင်းမှန်းမသိဘူး။)

၅။သားဖောက်ခြင်း။
ပိုလာလေးတွေကိုသားဖောက်၇ာမှာအထူးသတိပြု၇ပါတယ်။မိခင်ဗိုက်ကြီးပြီဆို တာနဲ့ ၁ကောင်ထဲ သက်သက်ခွဲထားပါ။အထီးတွေက အမကိုယ်ဝန်၇၇င် မိတ်ဆက်မလိုက်တော့ပါဘူး။ဗိုက်ကြီးတာက ပုံမှန်ဆိုဒ်ထက် အကောင်သိသိသာသာကြီးနေပြီဆို သိနိုင်ပါတယ်။ခွဲမထားပါက အခြားအကောင်တွေစားတာခံ၇တတ်ပါတယ်။(အ၇င်နေ့တွေက ဗိုက်ပူပြီး ဒီနေ့မှပျောက်သွားတယ်ဆိုတာ ပိုလာမတွေ gymဆော့လို့မဟုတ်ဘူး။သိဖို့😅)
၁ကောင်တည်းခွဲထား၇င် လှောင်အိမ်ကို ၁ပေလောက်နဲ့သာထားပါ။လှောင်အိမ်ကျယ်၇င် မိခင်ကနို့မတိုက်တော့ပါ။(အပျိုပြန်ဖြစ်ချင်နေတာလားမသိပါဘူး)
မွေးပြီးလို့၂ပတ်အတွင်းကန်သန့်ရှင်းေ၇းသွားမလုပ်ပါနဲ့။မိခင်ကစိတ်ရှုပ်ပြီးပြန်စားတတ်ပါတယ်။(မိခင်က စိတ်ကောက်တတ်တယ်။သွားမစမ်းနဲ့😁)
၃ပတ်ကြာ၇င်သန့်ရှင်းရေးလုပ်လို့၇ပါတယ်။အခြာုးအကောင်တွေနဲ့မေ၇ာပါနဲ့ဦး။၁လကျော်လောက်ကြာပြီဆိုမှ အခြားကောင်လေးတွေနဲ့ရောလို့၇ပါပြီ။

ဒီအချက်လေးတွေက ကျွန်တော်မွေးလာတဲ့တောက်လျှောက်က အတွေ့အကြုံလေးတွေပါ။လိုအပ်တာရှိသွား၇င်လည်း တောင်းပန်ပါ၇စေ။

ခွေးလေး 🐶 ၊ကြောင်လေး 🐈 များအတွက် ရာသီမရွေးဝတ်နိုင်သော ချည်သား င်္အကျီလေးများ အရောင်စုံ ဒီဇိုင်းစုံ ရပါပြီ ... အင်္ကျီသားနဲ့ ...
25/12/2020

ခွေးလေး 🐶 ၊ကြောင်လေး 🐈 များအတွက် ရာသီမရွေးဝတ်နိုင်သော ချည်သား င်္အကျီလေးများ အရောင်စုံ ဒီဇိုင်းစုံ ရပါပြီ ... အင်္ကျီသားနဲ့ ဆေးရိုက် အတော်ကောင်းပါတယ်👍👍

Jolly Small Hamster wood chips 500g,1kg,4kg
25/12/2020

Jolly Small Hamster wood chips 500g,1kg,4kg

ခွေးကြိုးခွေးလည်ပတ်စတီးခွက်
25/12/2020

ခွေးကြိုး
ခွေးလည်ပတ်
စတီးခွက်

Omega Mynah 500gTeam Parakeet 1kgTeam Lovebird 1kgTeam Rabbit 1kgWinner Mice 300gTeam Parrot 1kg
25/12/2020

Omega Mynah 500g
Team Parakeet 1kg
Team Lovebird 1kg
Team Rabbit 1kg
Winner Mice 300g
Team Parrot 1kg

Address

Thamine
Yangon

Telephone

+959978132059

Website

Alerts

Be the first to know and let us send you an email when Smurf Animals Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smurf Animals Online Shop:

Share

Category


Other Pet Stores in Yangon

Show All