Puppyzay

Puppyzay All in One Pet Mart in Myanmar. Everything You Need for Your Lovely Pet.

ICONIC Premium Cat Food 15 kg - Kitten and Adult Price အပြောင်းအလဲများနေလို့ cb ကနေ မေးပေးပါရှင် တကီလို ထု်ပလေးတွေ ယူချင...
29/09/2021

ICONIC Premium Cat Food 15 kg - Kitten and Adult

Price အပြောင်းအလဲများနေလို့ cb ကနေ မေးပေးပါရှင်
တကီလို ထု်ပလေးတွေ ယူချင်လဲရသလို အိတ်ကြီး ၁၅ - ကီလိုလဲရပါတယ်ရှင့်
Ph : 099 688 71411 ကိုလဲ ဆက်သွယ်နိုင်ပါတယ်

❤️ Kitten ကော Adult ပါစားလို့ရတယ် ( အသက် ၄ လ အထက် )
❤️ အစာအိမ်ထဲမှာ အမွှေးလုံးတွေ စုနေတာကို ကြေပီး ဝမ်းထဲပါသွားစေလို့ အမွှေးလုံး မအန်တော့ဘူး
❤️ အမွှေးလုံးတွေ မဖြစ်အောင် တားဆီးပေးပါတယ် . အရေပြားနဲ့ အမွှေးအတွက် Salmon Oil နဲ့ထုတ်ထားတာမို့ ပြောင်လက်တောက်ပနေတဲ့ အမွှေးလေးတွေ ရစေမှာပါ
❤️ Sodium လုံးဝ မပါဝင်ပါဘူး
❤️ Exp Date ဝေးတယ် . 2023 Jan မှဆိုတော့ အေးဆေးထားလို့ရတယ်
❤️ ၁၅ - ကီလိုအိတ်ဖြစ်ပေမယ့် အထဲမှာ အထုပ်သေးလေးတွေ သူ့တံဆိပ်အတိုင်း မူလ Packing နဲ့ ၁၅ - ထုပ် ခွဲပေးထားတယ်

ICONIC premium cat food Received AAFCO standard from America
Made from mutton. Mixed with various types of sea fish meat. which has a high protein value Suitable for your beloved cat 🐱❤️

👉🏻The main highlight of ICONIC is
• Helps to solve the problem of hairballs clumping together in the stomach.
• Nourish the skin and hair which can see results in a short time.
and very important
• This cat food controls sodium. No worries about salinity at all.
• Can eat both Kitten and Adult.
• 2 types of beads (triangle and flat circle) with well-designed grain patterns. Make it easy for cats to eat Attracting them to be palatable all the time and keeping the cat from feeling bored when eating. Solve the troubling problems of many people in this matter.

👍🏻Suitable for cats from 4 months and older cats of all breeds.

🛍1 sack contains 15 kg of food, which inside the sack contains a small pack of 1 kg. There are 15 bags in total, helping to keep food clean and fresh from the factory and keep the smell of food until the cat. All of them are eaten.

ကြောင်လေးများချောင်းဆိုးသော်  မြင်းခွာရွက်ကို ထောင်းပြီး အရည်ညှစ်ယူလိုက် ပီးရင် ပျားရည် 1 cc နဲ့ မြင်းခွာ ရွက်အရည် 2 cc ...
03/02/2021

ကြောင်လေးများချောင်းဆိုးသော်

မြင်းခွာရွက်ကို ထောင်းပြီး အရည်ညှစ်ယူလိုက်
ပီးရင် ပျားရည် 1 cc နဲ့ မြင်းခွာ ရွက်အရည် 2 cc ကိုရောပီး တနေ့ ၂ ကြိမ်တိုက်.
၃ ရက်ဆို ကောင်းပြီ

More Information : 099 688 71411

သူ့ကိုယ်သူ လူလို့ထင်နေတဲ့ Java လေးJava ဆိုတာက သိပ်ရီရတဲ့ အသက် ၃ - နှစ်အရွယ်ရှီဇူးလေးဖြစ်ပါတယ် ။ သူကတော့ သူ့ကိုယ်သူ လူလို...
24/11/2020

သူ့ကိုယ်သူ လူလို့ထင်နေတဲ့ Java လေး

Java ဆိုတာက သိပ်ရီရတဲ့ အသက် ၃ - နှစ်အရွယ်ရှီဇူးလေးဖြစ်ပါတယ် ။ သူကတော့ သူ့ကိုယ်သူ လူလို့ထင်နေပုံပါဘဲ . အစားစားချိန်ဆို ထမင်းစားပွဲမှာ သူ့အတွက် ခုံတလုံး အသင့်ထားပေးရပါတယ် . ပီးရင်တော့ သူ့ကို အရင်ဆုံး စားစရာတွေ ပြင်ပေးထားရပီး အစားသိပ်ချေးများတဲ့ သူ့ကို ချော့လဲကျွေးရပါသေးတယ် . ဒါတောင် သူမကြိုက်လို့ကတော့ ထိတောင် ထိလိမ့်မယ် မထင်ပါနဲ့ . ငရုတ်သီး သိပ်ကြိုက်တဲံ Java ဟာ သူ့သခင် ငရုတ်သီး လှီးနေသံကြားတာနဲ့ ပြေးလာပြီး သခင့်ခြေထောက်ပေါ်တက်ထိုင်ပါတယ် . သူ့ကို ငရုတ်သီး တပိုင်း မပေးမချင်း မထတတ်သူလေးပါတဲ့ . ;)

သူဟာ ဉာဏ်လဲ သိပ်ကောင်းတဲ့ နှိုးစက်လေးပါဘဲ . မနက်ဆို နှိုးစက် မမြည်ခင် ၅ မိနစ် အလိုလောက်ဆို ကျွန်မ ရင်ဘတ်ပေါ် လာတက်ထိုင်ပြီး နှိုးနေတော့ တာပါဘဲလို့ သခင်ဖြစ်သူက ရီမောရင်း ပြောပြပါတယ် :D

ပုံထဲကတော့ မနက်စာအတွက် ကြက်ဥပြုတ်နဲ့ ငရုတ်သီးကို သခင်က ချော့ကျွေးနေပုံပါ

16/11/2020
ခွေးဂေဟာကနေ သမ္မတအိမ်ဖြူတော်ဆီ ပထမဆုံးတက်လှမ်းနိုင်တော့မယ့် ခွေးလေး မေဂျာ ဘဝဆိုတာ ဆန်းကြယ်မှုတွေ အံ့ဩစရာတွေနဲ့ ပြည့်နှက်...
14/11/2020

ခွေးဂေဟာကနေ သမ္မတအိမ်ဖြူတော်ဆီ ပထမဆုံးတက်လှမ်းနိုင်တော့မယ့် ခွေးလေး မေဂျာ

ဘဝဆိုတာ ဆန်းကြယ်မှုတွေ အံ့ဩစရာတွေနဲ့ ပြည့်နှက်လို့နေတာပါ။ ဒါက လူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ ခွေးလေးတွေမှာလည်း ဒီအတိုင်းပါပဲ

ခွေးဂေဟာတခုမှာ ကြီးပြင်းလာခဲ့ရတဲ့ မိဘမဲ့ခွေးလေးတစ်ကောင်က တနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်နေထိုင်ရာ အိမ်ဖြူတော်မှာ သွားရောက်နေထိုင်ရလိမ့်မယ်လို့ ဘယ်သူကမှ ကြိုတင်တွက်ဆမိခဲ့ကြမှာ မဟုတ်ပါဘူး 😲😲

ဒီလိုမျိုး ကံကောင်းခဲ့တဲ့ ခွေးလေးရဲ့အမည်ကတော့ မေဂျာဖြစ်ပါတယ်။ ခွေးလေးမေဂျာက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ သမ္မတဂျိုး ဘိုင်ဒန်ရဲ့ အချစ်တော် ခွေးလေး ဖြစ်ပြီး လာမယ့် ဇန်နဝါရီလရောက်ရင် ခွေးဂေဟာကနေ အိမ်ဖြူတော်ကို တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံး ခွေးလေးအဖြစ် တရားဝင် မှတ်တမ်းရေးထိုးနိုင်တော့မှာပါ ✌️✌️

ခွေးဂေဟာမှ စတင်ခဲ့တဲ့ ခွေးလေးမေဂျာရဲ့ ဘဝက မိဘမဲ့ခွေးလေးတွေရဲ့ ဖြစ်မြဲဓမ္မတာအတိုင်း ခက်ခဲကြမ်းတမ်းမှုတွေ အပြည့်နဲ့ပါ။ ကြည့်ရှုစောင့်ရှောက်သူ မဲ့နေတဲ့ ခွေးလေးမေဂျာနဲ့ သူ့ရဲ့ မောင်နှမ လေးယောက်တို့ဟာ ဂေဟာကို တချိန်တည်း တပြိုင်တည်း ရောက်လာခဲ့ကြပါတယ် 💔💔

သူတို့လေးတွေကို ချစ်ခြင်းမေတ္တာပေးနိုင်မယ့် မိသားစုတွေများ ရှိကြပါသလားလို့ လိုက်လံမေးမြန်းနေတဲ့ ကြော်ငြာလေးတွေကို ကောင်မလေးတစ်ယောက်က သူ့မိဘတွေကို သွားပြလိုက်ပါတယ်။ အဲဒီကောင်မလေးလေးကတော့ ဒုသမ္မတဟောင်း ဂျိုး ဘိုင်ဒန်နဲ့ ဇနီးသည် ဂျေးလ်တို့ပါပဲ 💔

သနားစရာလည်း ကောင်း၊ ချစ်စရာလည်း ကောင်းနေတဲ့ ခွေးလေးမေဂျာကို ချက်ချင်း ကရုဏာသက်သွားတဲ့ ဂျိုးနဲ့ ဂျေးလ်တို့ ဇနီးမောင်နှံဟာ အိမ်မှာ ခဏတဖြုတ် ပြုစုစောင့်ရှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် 👩‍❤️‍👨😍

ဒီလိုနဲ့ ခွေးလေးမေဂျာက ဘိုင်ဒန်မိသားစုအိမ်ကို စတင် ရောက်ရှိလာတာပါ။ ချစ်စရာကောင်းပြီး အလွန် သိလွယ်တတ်လွယ် နားလည်လွယ်တဲ့ ခွေးလေးမေဂျာကို ဘိုင်ဒန်မိသားစုက လုံးဝ သံယောဇဉ် တွယ်သွားမိခဲ့ပါတယ်။ 👩‍❤️‍👨😍

၂၀၁၈- ခုနှစ်မှတော့ာ သူ့ကို တရားဝင် မွေးစားဖို့ အပြီးအပိုင် ဆုံးဖြတ်လိုက်ကြပါတော့တယ် 🧡👩‍❤️‍💋‍👨❤️🧡

“ခွေးလေးမေဂျာကို ဒုသမ္မတဟောင်း ဂျိုး ဘိုင်ဒန်တို့ မိသားစုက မွေးစားသွားလို့ ကျနော်တို့အားလုံး ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုပြောတာက ဒုသမ္မတလို့ ပုဂ္ဂိုလ်မျိုးဆီ ရောက်သွားလို့ ပြောတာမဟုတ်ပါဘူး။ ခွေးလေးမေဂျာကို တကယ်ချစ်ပြီး တကယ်ဂရုစိုက်နိုင်မယ့် မိသားစုဆီ ရောက်သွားလို့ ပြောတာ ဖြစ်ပါတယ်” ဆိုပြီး ခွေးဂေဟာတာဝန်ရှိသူတွေက အဲဒီနှစ် နိုဝင်ဘာလမှာ ကြေငြာပေးခဲ့ပါတယ် 👌

ခွေးလေးမေဂျာ စပြီး အိမ်ရောက်လာတဲ့အခါ အဓိက စိတ်ပူမိကြတာက အိမ်မှာ ရှိနှင့်ပြီးသား ခွေးလေးချမ့်နဲ့ တည့်ပါ့မလား ဆိုတာပါ။ ဒါပေမယ့် သူတို့နှစ်ဦးဟာ တကယ့် ညီရင်းအစ်ကိုတွေလို ချစ်ကြည်စည်းလုံးနေကြပါတယ် 👌

ခွေးဂေဟာမှာ ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရှိခဲ့ရှာတဲ့ ခွေးလေးမေဂျာဟာ သူ့ကို တကယ်ချစ်တဲ့ မိသားစုရဲ့ မေတ္တာရိပ်ကို ခိုလှုံခွင့်ရနေပါပြီ။ ဒါ့အပြင် တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ မဲဆွယ်စည်းရုံးရေး အခမ်းအနားတွေကိုလည်း ပါဝင်ခွင့် ရခဲ့ပါတယ် 💕💞💓

နောက်ပိုင်း အိမ်ဖြူတော်ကို ရောက်လာတဲ့အခါ မြက်ခင်းပြင်ပေါ် အီးအီးသွားပါမယ့်၊ တခန်းဝင် တခန်းထွက် စိတ်ကြိုက် ဆော့နေမယ့်၊ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေကို နမ်းရှုပ်နှုတ်ဆက်နေမယ့် ခွေးလေးမေဂျာကို မြင်ယောင်ပြီး သူ့အစား စိတ်လှုပ်ရှားနေမိပါတယ် 💕💞💓

ဒါပေမယ့် ဒါတွေအားလုံးက သူ့ကို ပျော်ရွှင်စေတာ မဟုတ်ပါဘူး။ တကယ်တမ်း ခွေးလေးမေဂျာကို ပျော်ရွှင်စေတာက သူ့အပေါ်ထားတဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။

ဒါကြောင့် ကိုယ်က သမ္မတ မဟုတ်ရင်လည်း၊ အိမ်ဖြူတော်မှာ မနေရရင်လည်း ကိုယ့်ခွေးလေးအတွက် အရေးမကြီးပါဘူး။ တကယ်တမ်း သူတို့လေးတွေ တန်ဖိုးထားတာက သူတို့အပေါ်ထားတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်တယ်ဆိုတာကို အသိပေးရင်း ခွေးလေးမေဂျာကို ဂုဏ်ပြုလိုက်ရပါတယ်။

Source: မိုင်လေး မှ ကူးယူဖော်ပြပါသည်။
ပုံများအား အင်တာနက်စာမျက်နှာမှ မှီငြမ်းထားပါသည်
https://puppyzay.com/ သင့် Pet လေးအတွက် ဘာဘဲ လိုလို PuppyZay ရှိတယ်နော်
PuppyZay
All in One Pet Mart in Myanmar

You will never walk alone...
14/11/2020

You will never walk alone...

မြို့ပြလူနေမှု အဆင့်တွေမြင့်တက်လာတာနဲ့အမျှ လူမှုဘဝတွေဟာ တဖြေးဖြေး အထီးကျန်ဆန်လာတဲ့ အခါ Pet လို့ခေါ်တဲ့ အိမ်မွေး တိရိစ္ဆာ...
13/11/2020

မြို့ပြလူနေမှု အဆင့်တွေမြင့်တက်လာတာနဲ့အမျှ လူမှုဘဝတွေဟာ တဖြေးဖြေး အထီးကျန်ဆန်လာတဲ့ အခါ Pet လို့ခေါ်တဲ့ အိမ်မွေး တိရိစ္ဆာန်လေးတွေဟာ စိတ်ဖိစီးမှုတွေ များပြားလှတဲ့ လူမှုဘဝ ထဲက လူတွေအပေါ် အတိုင်းအဆမဲ့အချစ်တွေနဲ့ အဖော်ပြုလာခဲ့ကြပါတယ် . သင့်ဘဝမှာ အိမ်မွေး တိရိစ္ဆာန်လေးတွေကို ဘာ့ကြောင့်လိုအပ်ရသလဲဆိုတဲ့ မေးခွန်း အပေါ် ကျိုးကြောင်းဆီလျော်တဲ့ အဖြေ ( ၁၀ ) ချက်ဖော်ပြပေးလိုက်ပါတယ်

၁။ Pet လေးတွေရဲ့ အချစ်ဟာ အဆုံးမရှိပါဘူး - Pet လေးတွေဟာ လူတွေလို စိတ်ပြောင်းလဲ လွယ်တဲ့ သူမျိုးမဟုတ်ပါဘူးတဲ့. တခါချစ်ပြီးရင် သေသည်အထိ သင့်တယောက်ကိုဘဲ သက်ဆုံးတိုင် ချစ်သွားမှာဖြစ်ပါတယ် . ဒါ့ကြောင့် သင့်အပေါ် ဘယ်တော့မှ မမုန်းတဲ့ သင့် Pet လေးကို စွန့်ပစ်ဖို့ မကြိုးစားပါနဲ့ နော် 🙏💔🙏

၂။ အခြားသူတဦးကို ဂရုစိုက်ချစ်ခင်ပေးခြင်းဟာ စိတ်ပျော်ရွှင်စေပါတယ် - သင့်အဖိုးတန်အချိန်လေးထဲက တနေ့လျှင်မိနစ် အနည်းငယ်လောက် သင့် Pet လေးအပေါ် ချစ်ခင်ကြင်နာပေးခြင်းဟာ သင့်အတွက် စိတ်ဖိစီးမှုတွေပြေပျောက်စေရုံသာမက စိတ်ပျော်ရွှင်လာစေတာကြောင့် လူနေမှုဘဝကို ပိုမိုသာယာစေပါတယ် . ဒါ့ကြောင့် ဒီနေ့ကစပြီး FA လို့ခေါ်ခံရရင် စိတ်မဆိုးနဲ့တော့နော် . သင့် ကို အတိုင်းအဆမဲ့ ချစ်တဲ့ သင့် Pet လေးနဲ့သာ ဓါတ်ပုံ ရိုက်ပစ်လိုက်ပါ 💔💕💞💖

၃။ ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေပါတယ် - သင့်မှာ ပါပီလေးရှိတယ်ဆိုပါစို့။ သင့်မနက်တိုင်း ညနေတိုင်း သူနဲ့ အတူလမ်းလျှောက်ထွက်ခြင်းက သင့်ကို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်စေမှာပါ. ဒါတင်မကသေး. လမ်းသွားလမ်းလာတွေက သင့်ပါပီလေးရဲ့ အလှကို စီးမျောခံစားရင်း ဆွဲဆောင်မှုရှိရှိ လှပသပ်ရပ်နေတဲ့ သင့်ကိုပါ ငေးမောအားကျနေစေမှာပါ ( တချက်ခုတ် နှစ်ချက်ပြတ်ပဲနော် ) 👌👌

၄။ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ် - ဒါကတော့ ဆရာဝန်များရဲ့ သူတေသနစာတမ်းတွေမှာ နေ့စဉ်မြင်တွေ့နေရတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်. အလုပ်ထဲက စိတ်ဖိစီးမှုတွေ. စိုးရိမ်ပးပန်မှုတွေဟာ သင့် Pet လေးနဲ့ ခနတာ အဖော်ပြုရုံနဲ့ သင့်ဆီကနေ ထွက်ပြေးသွားတတ်တာမို့ သင့်ကို ပူပန်မှုကင်းဝေးတဲ့ နုပျိုလှပတဲ့ ဘဝလေးကို ရရှိစေမှာဘာ 👌😍

၅။ တခါတရံမှာ Pet လေးကို ဂရုမစိုက်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် - မင်မင့် မိတ်ဆွေ ကင်ဆာရောဂါခံစားနေရတဲ့ အမျိုးသမီးဟာ သူမရဲ့ ရောဂါ အကြောင်းသိချိန်မှာ သူမ အချစ်တော် Pet လေးကို သူမ အနေနဲ့ ဂရုမစိုက်နိုင်တော့ဘူးလို့ထင်တဲ့ အတွက် အသိတယောက်ကို ပေးပစ်လိုက်ပါတယ်. ဒါပေမဲ့ ထူးဆန်းစွာဘဲ ပါပီလေးဟာ သူ့သခင် ရောဂါခံစားနေရတာကို သိနေပုံရပီး သူ့သခင်ရှိရာ မရောက်ရောက်အောင် ပြန်လာပြီး တချိန်လုံး သူ့သခင်ဘေးမှာသာ အဖော်ပြုလို့ သူ့သခင် အကူအညီလိုအပ်တဲ့ အခါတိုင်း အိမ်သားတွေကို ခေါ်ပေးတာမျိုး လုပ်ခဲ့ပါတယ်တဲ့. တကယ်ကို မျက်ရည်ကျရလောက်အောင် သိတတ်တဲ့ ခလေးလေး ဖြစ်ခဲ့ပါတယ် 😢😢😢

၆။ Pet လေးတွေဟာ အသက်ပေးပြီးချစ်ကြပါတယ် - ဒီအချက်ကလဲ တကယ်ကြုံဖူးခံစားဖူးသူတွေ လက်တွေ့ပါဘဲနော်. သင်ဟာ ကွန်ဒိုတခုကိုပြောင်းလိုက်လို့ ကွန်ဒိုက သင့် Pet လေးကို လက်မခံတဲ့အခါ သင်ကတော့ အလွယ်တကူဘဲ သူများဆီပေးပြစ်လိုက်ပါတယ်. ဒါပေမဲ့ သင်စွန့်ပစ်လိုက်တဲ့ စိတ်ဒါဏ်ရာကြောင့် သင့် Pet လေးကတော့ အသည်းကွဲပြီး သေပွဲဝင်ရရှာပါတယ်. ဒါကြောင့် သင့် အတွက် သူ့အသက်တမျှချစ်တဲ့ Pet လေးတွေအပေါ်မရက်စက်ပါနဲ့လို့ 😢😢

၇။ Pet လေးတွေဟာ အစားထိုးမရနိုင်တဲ့ အမှတ်တရတွေဖန်တီးပေးသူ - ဟုတ်ပါတယ် . သင်နဲ့ သင့် Pet လေးဟာ နှလုံးသားချင်း ဆက်နွယ်ထားကြပါတယ် . တဦးဆန္ဒကို တဦးက ပြောပြစရာမလိုဘဲ သိနေကြပါတယ် . ကြောင်လေးတွေ ခွေးလေးတွေနဲ့ စကားထိုင်ပြောနေကြတဲ့ လူတွေဟာ ရူးနေသူတွေ မဟုတ်ကြပါဘူး . Pet လေးတွေဟာ လူစကားကို အထိုက်အလျောက်နားလည် နိုင်စွမ်းရှိပြီး သူတို့ လိုချင်တာ မလိုချင်တာကို မျက်နှာ အမူအရာ အသံလေးနဲ့ လုပ်ပြရင်း သင့်ကို ပညာသားပါပါ ခိုင်းစားတတ်ကြသူများဘဲ ဖြစ်ပါတယ် ( သင့် အချစ်တော် လူလည်လေးတွေ ရဲ့ ဘယ်လို ပညာရှိဆန်ဆန် ညာခိုင်းတာခံရဖူးလဲဆိုတာ ပြောပြသွားဦးနော် )😂😂

၈။ သွေးတိုးနဲ့ နှလုံးရောဂါကို ကာကွယ်ပေးတယ် - Pet လေးတွေနဲ့ အတူနေရချိန်ဟာ တခြားဘာနဲ့ မှ အစားထိုးမရသော ပျော်ရွှင်မှုဘဲဖြစ်ပါတယ်. ဒါကြောင့် သွေးတိုး နှလုံးရောဂါ အခံ ရှိနေသူများတောင်မှ ရောဂါကို သက်သာစေကြတာ မင်မင့် လက်တွေ့ပါဘဲနော် 💪

၉။ အသက်တချောင်းကယ်ဆယ်ခြင်း - Pet အရောင်းဆိုင် က နေပူပူ ခြင်းလေးထဲမှာ သနားစဖွယ် လာသမျှလူကို လက်လေးကမ်းပြီး သူ့ကိုခေါ်ပါမယ့်အကြောင်း အသနားခံနေတဲ့ ပါပီလေးတွေ နဲ့ မြောင်လေးတွေ မြင်ဖူးပါသလား ? ဟုတ်ပါတယ် . သူတို့ သင့်ဆီက မေတ္တာကို လိုအပ်နေကြတာပါ . Pet ခလေးလေးတကောင်ကို ဝယ်ယူပီး အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ရခြင်းဟာ လူခလေးလေး တယောက်မွေးပြီး ပြုစုတာနဲ့ မခြားဘူးဆိုတာ ကြုံဖူးသူများသာ သိကြပါတယ်နော် . Pet အရောင်းဆိုင်က သနားစဖွယ် ပါပီလေးလည်း သင့်မေတ္တာရိပ်အောက်မှာ အေးချမ်းနေခြင်းဟာ သင့်အနေနဲ့ အသက်တချောင်းကယ်ဆယ်လိုက်ခြင်းပါဘဲ 👏👏

၁၀။ အသည်း အပိုမပါဘူး - အချို့သော အသဲကွဲနေသူ လူငယ်အများစု ထင်ကြပါတယ်. သင့်ချစ်သူကို ပုံအောပီး ချစ်လိုက်ရတာ ဟိုက ပြစ်သွားလို့ သင့်နှလုံးသားမှာ နေရာလွတ်တောင်မကျန်တော့ပါဘူးလို့ ထင်နေကြတာပါ. တကယ်တော့ သင့်နှလုံးသားမှာ နေရာလွတ်တွေမှ အခန်းအများကြီးကို ရှိနေပါတယ်. သင့် Pet လေးကိုသာ ပုံအော်ပြီး ချစ်ပစ်လိုက်ပါ. သင့်ချစ်သူလို သင့်အပေါ် သစ္စာဖောက် မသွားစေရဘူးလို့ မင်မင် ရဲရဲကြီး အာမခံပါတယ် နော် . ( FA တို့ စော်ပစ်ကောင်တို့တော့ အခေါ် ခံမနေနဲ့လေ. Pet လေးကိုသာ အသည်းတခုလုံးပုံပေးပြီး ချစ်ပစ်လိုက်ပါလို့ ) 😂😂

Source : https://www.psychologytoday.com/ မှ စာစုကို ဆီလျော်အောင် ဘာသာပြန်ပီး PuppyZay Admin မှ တင်ပြပေးတာဖြစ်ပါတယ်

https://puppyzay.com/ သင့် Pet လေးအတွက် ဘာဘဲ လိုလို PuppyZay ရှိတယ်နော်
PuppyZay
All in One Pet Mart in Myanmar

puppyzay.com
11/11/2020

puppyzay.com

10/11/2020
04/11/2020

Pet Supplies / Dog & Cat / Bowls & Feeders / Dog & Cat Nursing Supplies Made from real goat milk Easy to brew, not clumpy 1 part milk powder with 5 parts warm water For puppies, kittens Pet care Goat Gold Plus Pet

04/11/2020

ခွေးကြောင်တွေမှာ နားပိုးဝင်လို့ ယားနာဖြစ်ပြီဆိုရင်ဘတ်တီးရီးယားတွေ မှိုတွေကြောင့်

Address

Yangon

Alerts

Be the first to know and let us send you an email when Puppyzay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Puppyzay:

Share


Other Yangon pet stores & pet services

Show All