Tiffod House - Hamster Supplies Store

Tiffod House - Hamster Supplies Store Hamster Supplies
(3)

06/12/2023

Niteangel Apsen 3 မျိုးကို ဘာကွာလဲဆိုတာ စာနဲ့ရေးထားပေမယ့် ပြန်မေးတာများကြလို့ Video နဲ့ အတတ်နိုင်ဆုံး တိုတိုလေးပြောထားပေးပါတယ်ဗျ ...

နောက်တစ်ခု ကတော့ 3 ပေ 1 ပေခွဲ ကန်အတွက်ကို 400 g 4 ထုပ် စာခင်းရင် 2 လက်မ အထူ ရပါမယ် .. 2 ပေ ခွဲ 1 ပေခွဲ ကန် ဆိုရင် 3 ထုပ်ခွဲ စာ သုံးရင် 2 လက်မ အထူရပါမယ်ဗျ ..

ဒါက 1 ပေ 2 လက်မ အလျား နဲ့ 11 လက်မ အနံ ပေါ်မူတည်ပြီး တွက်ပြထားတာမို့ နည်းနည်းကွာနိုင်ပါသေးတယ်ဗျ

Niteangel Aspen နောက်ထပ် Texture 2 မျိုးထပ်၀င်လာလို့ ၃ မျိုးလုံး စိတ်ကြိုက်ရွေးလို့ရပါပီဗျ .. Texture ကိုလဲသေချာ ပြထားပေ...
01/12/2023

Niteangel Aspen နောက်ထပ် Texture 2 မျိုးထပ်၀င်လာလို့ ၃ မျိုးလုံး စိတ်ကြိုက်ရွေးလို့ရပါပီဗျ .. Texture ကိုလဲသေချာ ပြထားပေးပါတယ် .. Stock မပြတ်ပဲ အေးဆေး၀ယ်လို့ရအောင် နောက်ထပ်လဲ အများကြီးထပ်ရောက်ဦးမှာပါဗျ 😍

ခရီးသွားခါနီး ပစ္စည်းတစ်သုပ်နည်းနည်း ၀င်လာတာမို့ ပြတ်တာကြာပီဖစ်တဲ့ ဝါးပိုး နဲ့ Carcool , 20% Protein , 30+ Seed Mix , Biscuits Ball နဲ့ Dried Salmon ပြန်ရပါပီဗျ .. လမ်းကြောတွေက မလွယ်တာမို့ ပစ္စည်းက နည်းနည်းစီပဲ၀င်ပီး ရောက်ဖို့လဲကြာတာမို့ လိုတာရှိ အမိသာ ဆွဲထားပါဗျို့ 😁

29/11/2023

လုံးဝ အကိုင်မခံ ​အား​​​ ဆေးလုံးဝကျွေးမရတဲ့ Cocoa က လက်ပေါ်တက်ပီး အားဆေးသောက်နေတဲ့ အထိ အ​ခြေနေတွေတိုးတက်နေပါပီ လို့ ❤

အမွှေးလေးတွေလဲ ပြန်ပေါက်နေပီမို့ Cocoa ကိုသနားပေးကြတဲသူတွေ ဝမ်းသာ ရအောင် ပါ😍

Trauma ရနေတဲ့ ကလေးတောင် ​အသက်ကြီးပေမယ့်လူတွေနဲ့ ပြန်ရင်းနှီးမှုကိုရနိုင်တာမို့ ကလေးက အကိုင်မခံတာဘာညာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဖေဖေ မေမေ တွေ အားမလျော့ဘဲ ဆက်ကြိုးစားပါလို့ 😁

ဒုတိယ Video ကတော့ Admin သဲ တုံး Biibi လေး admin ကိုကြည့်ပီး အားဆေး စားနေတာလေးပါ ချစ်မဝ လေး ❤❤

PS Cocoa ကို ထမင်းစားခန်းသွားပီး အားဆေးတိုက် အသံပေး မြူတာဘာညာလုပ်ရတယ် အမတော်က အသံ ထွက်ပီး သူ့ကို မခေါ်ရင် စိတ်ကောက်တက်လို့ 😂😂

29/11/2023

Admin တို့ ကိစ္စလေးရှိလို့ Dec 2 ရက်နေ့ကနေ 5 ရက်(စနေ - အင်္ဂါ) နေ့ထိ PickUp ကော Deli ကော နားတဲ့အကြောင်းလေ အသိပေးပါရစေခင်ဗျ .. Reply ကတော့ အချိန်ရရင် ရသလို ပြန်ပေးပါ့မယ်ခင်ဗျ ... နည်းနည်းလေးတော့ ကြာရင်ကြာနိုင်ပါတယ် .. အားလုံးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျ ❤️

Instock Daily Food Update List လေးပါဗျ .. လမ်းလေးတွေကျပ် သွားလို့ ကုန်နေတဲ့ Daily Food တချို့ကတော့ ပြန်မ၀င်နိုင်သေးပါဘူး...
20/11/2023

Instock Daily Food Update List လေးပါဗျ .. လမ်းလေးတွေကျပ် သွားလို့ ကုန်နေတဲ့ Daily Food တချို့ကတော့ ပြန်မ၀င်နိုင်သေးပါဘူးခဗျ 🙏🏻

Instock Bedding နဲ့ သဲ Update List လေးပါခဗျ ❤️တချို့ဈေးလေးတွေပြောင်းတာမို့ ဒီ Post က ဈေးသာ Update ဈေးဖြစ်ပါတယ်ခင်ဗျ
20/11/2023

Instock Bedding နဲ့ သဲ Update List လေးပါခဗျ ❤️
တချို့ဈေးလေးတွေပြောင်းတာမို့ ဒီ Post က ဈေးသာ Update ဈေးဖြစ်ပါတယ်ခင်ဗျ

" Aspen အကြောင်းကောင်းကောင်းနားလည်တဲ့ သူတွေအတွက် အတန်ဆုံးဈေးနဲ့ Aspen Wood Shavings "ဘာမှစမပြောခင်အရင်ဆုံးပြောချင်တာတစ်ခ...
20/11/2023

" Aspen အကြောင်းကောင်းကောင်းနားလည်တဲ့ သူတွေအတွက် အတန်ဆုံးဈေးနဲ့ Aspen Wood Shavings "

ဘာမှစမပြောခင်အရင်ဆုံးပြောချင်တာတစ်ခုက Admin ပြောတဲ့ ရိုးရိုးလွှစာဈေးနဲ့ ရောင်းပေးမယ်ဆိုတာ Original Packaging နဲ့မဟုတ်ပါဘူး ... Repack (ပြတ်ခွဲထုတ်) တွေကို ပြောတာဖြစ်ပါတယ်ဗျ .. 2.4 kg အတိုင်းဝယ်ရင်တော့ Original အထုတ်အတိုင်းရမှာဖြစ်ပြီးတော့ Aspen 2.4 kg ဟာ ရိုးရိုးလွှစာ 5 ထုတ်ခွဲစာ နဲ့ ထပ်တူညီမျှပါတယ် .. ဘာလို့လဲဆိုရင် Apsen က တခြားသစ်တွေထက်စာရင် တစ်၀က်စာလောက် Weight ပေါ့လို့ပါပဲ .. ယေဘုယျအားဖြင့် Apsen 450 g က တခြားသစ်လွှစာ 1 kg နဲ့ ညီပါတယ် ..

စာအရှည်ကြီး မဖတ်ချင်ဘူးဆိုရင် 6 မိနစ်ခွဲစာရှိတဲ့ Video လေးကိုကြည့်လို့ရပါတယ်ဗျ .. Apsen 400 g နဲ့ ရိုးရိုး လွှစာ 1kg ညီတယ်ဆိုတာကို Admin ပြောတာမယုံဘူး ... ဟုတ်ကောဟုတ်ပါ့မလား .. ဘယ်လိုလုပ် ညီ မှာလဲဆိုရင် Video ထဲမှာ ယှဉ်‌ ပြပေးထားပါတယ် .. အစက စကားပြောရင်ရိုက်ထားတဲ့ Video က 13 မိနစ်ထိရှည်သွားလို့ မလိုတာ ဖြတ်ထုတ်ပြီး တခါမှ မပြောဖူးတဲ့ နောက်ခံစကားပြော ပုံစံ လုပ်ထားတာမို့ စကားပြောမြန်နေတာ လောနေတာ ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ ကြိုတောင်းဆိုချင်ပါတယ်ခဗျ ..

👇🏻

° Wood Shavings ထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Apsen Wood Shavings ကိုမှ Hong Kong Based International Brand ဖြစ်တဲ့ Niteangel ကထုတ်ထားတာလေး ရနိုင်ပါပြီဗျ .. Aspen ရဲ့ သိပ်သည်းဆ အလေးချိန်က တခြားလွှစာတွေထက် တစ်၀က်ပဲရှိတာမို့ 450 g ၀န်းကျင်က တခြားလွှစာ 1kg နဲ့ တူတူရတယ်ဆိုတာကို Admin ခဏခဏ ပြောဖူးတယ် ပါတယ် .. Apsen သုံးဖူးတဲ့သူဆိုရင် သိလောက်မယ်ထင်ပါတယ် .. Apsen ကိုသုံးဖူးပြီး ဈေးများလို့ ထပ်မ၀ယ်နိုင်တာပဲဖြစ်ဖြစ် မတတ်နိုင်လို့ မသုံးနိုင်တာပဲဖြစ်ဖြစ် အခုဆို Niteangel Apsen 400 g Repack ကို 7000 တည်းနဲ့ ၀ယ်နိုင်ပါပြီဗျ .. 400 g မို့ ရိုးရိုးလွစာ 1 kg အတိုင်းကွက်တိမရနိုင်ပေမယ့် 50 g ပဲရော့တာမို့ 10 ပုံ 1 ပုံ စာပဲ ကွာပါမယ်ဗျ ..

° သူမှာက 1 lb အထုတ်ကစရှိပေမယ့်အထုတ်အကြီးဆုံး 2.4 kg က အတန်ဆုံးဖြစ်တဲ့အပြင် စက္ကူပုံ 1 kg တွေလို အပွမဟုတ်ပဲ Compressed လုပ်ပြီး အကျစ်ထုတ်ထားတာမို့ သယ်ယူစားရိတ်က စက္ကူပုံထက်သိသိသာသာ သက်သာသွားတာမို့ ဒီဈေးနဲ့ရောင်းနိုင်သွားတာပါ .. Niteangel ရဲ့ Apsen က Velvet , Flower , Shavings ဆိုပြီး3 Types လာပါတယ်ဗျ .. အခု Admin စရောင်းပေးမှာက Flower Type ပါ .. Flower Type က Admin တို့ အခုရောင်းနေတဲ့ Delikate ရဲ့ Texture နဲ့ အနီးစပ်ဆုံပါပဲ .. ကျန်တဲ့ Velvet နဲ့ Shavings Type လဲ ရောက်ဖို့ရှိပါမယ် ဗျ .. အဲ့ အမျိုးအစား ၃ မျိုးက ဘာကွာလဲဆိုရင် ...

👉🏼 Velvet - Velvet ရဲ့ Texture က အချောင်းရှည်ရှည် ပုံစံရှိပြီး Nesting ကော Burrowing အတွက်ပါ ကောင်းတဲ့ အမျှင် ရှည်ရှည် ပုံစံဖြစ်ပါတယ် .. အဖက်သေးတဲ့ဘက်သွားတာမို့ ခိုင်မာတဲ့ Base အနေနဲ့ သုံးလို့မရတာမို့ ပစ္စည်းတင်ဖို့ Table မဖြစ်မနေလိုအပ်ပေမယ့် Admin အနေနဲ့ကတော့ တမျိုးတည်း၀ယ်မယ်‌ဆို Nesting ကော Burrowing အတွက်ပါကောင်းတာမို့ ဒါကို Recommended အပေးချင်ဆုံးပါပဲ (ပုံ ၁ ကိုကြည့်ပါ)

👉🏼 Flower - သူရဲ့ Texture ကတော့ အမြဲတန်မြင်နေကြ ပုံမှန် လွှစာ တွေရဲ့ Texture တွေနဲ့ အနီးစပ်ဆုံးပါပဲ .. Vetvet နဲ့ Shavings ရဲ့ကြားမှာရှိပြီး အဖက်တစ်ဖက်ချင်းစီက Size မတူပါဘူး .. Random Size လေးတွေဖြစ်ပါတယ် ... သူကတော့ Nesting အတွက်သိပ်မကောင်းပဲ Burrowing သီးသန့်အတွက်ကောင်းပါတယ် .. သူလဲ Base အနေနဲ့သုံးဖို့မခိုင်တာကြောင့် တစ်မျိုးတည်းသုံးပြီး ပစ္စည်းအလေးတွေတင်မယ်ဆို Table လိုကိုလိုအပ်ပါတယ် (ပုံ ၂ ကိုကြည့်ပါ)

👉🏼 Shavings 8mm - Shavings ကတော့ ၃ မျိုးလုံးမှာ အဖက်အကြီးဆုံးပြီး Consistency ရှိတဲ့ Texture ပဲဖြစ်ပါတယ် .. သဘောက 8 mm ဆို အဖက်အားလုံးနီးပါး က 8 mm ရှိပါတယ် .. Admin ရောင်းဖူးတဲ့ Bucastate Aspen 1kg ပုံရဲ့ Texture & Size နဲ့ 98% ထိဆင်တူပါတယ် .. အဖက်ကြီးတာကို မကြိုက်တတ်တဲ့သူတွေအတွက်အဆင်မပြေနိုင်ပေမယ့် Niteangel ဘက်ကတော့ Base ခိုင်ဖို့အတွက် အောက်ခံအလွှာအနေနဲ့ အသုံးပြုဖို့အတွက် ထုတ်ထားတယ်လို့ဆိုပါတယ် .. အဖက်ကြီးတာမို့ Nesting ကော Burrowing အတွက် သိပ်မကောင်းပါဘူး .. (ပုံ ၃ ကိုကြည့်ပါ)

° 3 မျိုးက ဘယ်လိုသုံးရမှာလဲဆိုရင် ဖြစ်နိုင်ရင် Shaving ကို အောက်တလွှာခံပြီး အပေါ်ကနေ Vetvet or Flower ထပ်ပြီး အသုံးပြုနိုင်ပါတယ် .. ဒါက Niteangel ဘက်ကအကြံပြုထားတဲ့ ပုံစံပါပဲ .. Table တို့ Maze တို့ ရှိရင်တော့ Vetvet or Flower ထဲက အဆင်ပြေတာရွေးလို့ရပါတယ် .. အဖက်သေးတာကြိုက်ပြီး ကိုယ့်ကလေး Nesting အတွက် Paper Bedding မသုံးနိုင်ဘူးဆိုရင် Velvet ကို ရွေ့သင့်ပြီး .. အဖက်သေးတာမကြိုက်ဘူး Paper သပ်သပ်လဲသုံးနိုင်တယ်ဆိုရင် အဖက်ပိုကြီးတဲ့ Flower က ပိုရွေးသင့်ပါတယ် ..

° အခုက လမ်းတွေကြပ်တဲ့ကြားထဲက ရောက်လာတာမို့ Admin စီမှာ Flower တမျိုးပဲရနိုင်ပါဦးမယ် .. နောက်ထပ် Velvet နဲ့ Shavings လဲရောက်ဖို့ရှိပါဦးမယ် .. Aspen 400g ပါတာကို မယုံဘူး ဆိုတဲ့သူတွေအတွက်လဲ Delikate 1kg လဲ ဆက်ရောင်းပေးနေဦးမှာပါခဗျ ..

🌟 စကားပို အနေနဲ့ပြောရရင် Apsen ကိုမကြိုက်ရင် လဲ၀ယ်ကြပါ .. Aspen ဆိုတာ 100% safe အဖြစ်ဆုံးဖြစ်ပြီး လက်ရှိ ဈေးကွက်ထဲက လွှစာတိုင်းထက် နုတဲ့ထဲပါပါတယ် .. Paper လောက်တော့မနု ဘူးပေါ့နော် .. ပြီးတော့ Apsen ဆိုတာ ဈေးကြီးလို့ တော်ရုံအနားမကပ်နိုင်တဲ့ သစ်အမျိုးအစားပါ .. Admin ဈေးသက်သက်သာသာ နဲ့ လူတိုင်းကိုသုံးစေချင်လို့ အပင်ပန်းခံပြီး ခွဲထုတ်ပြီး ရောင်းထားပေးရတာပါ .. အမြတ်အစွန်းထက် Hamster လေးတွေကို ဈေးတန်တန်နဲ့ကောင်းကောင်း သုံးရဖို့ပိုရည်ရွယ်ပြီူ လုပ်ပေးထားတာပါ ... ဇွတ်ပန်းနုသွေးတာမဟုတ်ပေမယ့် တကယ်တမ်းဆို လွှစာ အကျစ်အခဲ ထုတ်ကို ဖဲ့ပြီး ခွဲထုတ်ထဲ တစ်ဆင့်ပြန်ထည့်ရတာမို့ ၂ ထုတ် ၃ ထုတ်လောက်လုပ်ပြီးတဲ့အချိန်မှာ သစ်သားဘယ်လောက်နုနု အချိန်ကြာလာတာနဲ့အမျှ လက်ထိပ်တွေ အကျိမ်းခံပြီး ခွဲထုတ်ထားပေးတာပါ .. Delikate ထက်မသိမသာ ပိုနည်းပြီး 200 300 လောက်ဈေးပိုပေမယ့် Delikate ရဲ့အနံ့ထိန်းအားလောက်မကြိုက်ဘူး Delikate မှ Delikate ဆိုရင်တော့ Delikate ကို ဆက်လက်၀ယ်ယူအားပေးနိုင်ပါတယ်ဗျ .. အဓိက ကတော့ ကိုယ်မကြိုက်ရင်တောင် Hamster အတွက် 100% safe ဖြစ်ပြီး အသင့်တော်ဆုံး သစ်အမျိုးအစား ဖြစ်တာမို့ အတတ်နိုင်ဆုံး သုံး စေချင်တာ အမှန်ပါပဲဗျ .. အဆုံးထိ ဖတ်ပေးတဲ့လူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ❤️

Niteangel Aspen ကို ရိုးရိုးလွှစာ‌ဈေးနဲ့ သုံးဖို့ မကြာမှီ လာမယ်မျှော် 😬 Size သိရ‌အောင် လူကော ဒေါ့ဒေါ့ကော နဲ့ ယှဉ်ပြပေးထာ...
19/11/2023

Niteangel Aspen ကို ရိုးရိုးလွှစာ‌ဈေးနဲ့ သုံးဖို့ မကြာမှီ လာမယ်မျှော် 😬

Size သိရ‌အောင် လူကော ဒေါ့ဒေါ့ကော နဲ့ ယှဉ်ပြပေးထားပါကြောင်း 😁

11/11/2023

ဖက်တီးမ အားဆေးစား

ဥ သည် သာ ခြေတော်တင်ရာ 😌😌ပုံပုံကြီး စတိုးပိုင်ရှင်နိုးပါပီ
05/11/2023

ဥ သည် သာ ခြေတော်တင်ရာ 😌😌

ပုံပုံကြီး စတိုးပိုင်ရှင်နိုးပါပီ

04/11/2023

မဲလုံး ကို မဲလုံး လို့ မခေါ်ချင်လို့ Cocoa လို့ နာမည်ပေးဖစ်တယ် .. Cocoa က အခုထိ လုံး၀ အကိုင်မခံသေးဘူး .. အကိုင်မခံတာထက် အထိကို မခံသေးတာ ဖြတ်ခနဲခနဲ ရုံးနေသေးတယ် .. Video လေးတွေကတော့ Cocoa Tour ‌လုပ်နေပုံကို Cocoa 1st Day အနေနဲ့ အမှတ်တရလေး တင်လိုက်ပါတယ် ❤️

ရောက်ရောက်ချင်း ဘာမှမလုပ်ပဲ ပုန်းပီးတန်းအိပ်သွားတဲ့ Cocoa လေး ညစောစောနိုးပြီး အစာစား ရေသောက် သဲလူး ပြေးဘီးပြေး ပီး စူးစမ...
04/11/2023

ရောက်ရောက်ချင်း ဘာမှမလုပ်ပဲ ပုန်းပီးတန်းအိပ်သွားတဲ့ Cocoa လေး ညစောစောနိုးပြီး အစာစား ရေသောက် သဲလူး ပြေးဘီးပြေး ပီး စူးစမ်းလေ့လာရေးလေးလုပ်နေပါပြီ ..

အဓိက ကတော့ ပြေးဘီးလေးပြေးနေတာ အခုမှပြေးနေရတဲ့ ကလေးလေးအတိုင်းပဲ .. အတတ်နိုင်ဆုံးလေး လုပ်ပေးထားလို့ စိတ်ချမ်းသာပါစေ ကလေးရေ .. ရုပ်ကလေးက‌တော့ မဲမဲသဲသဲ နဲ့ ချစ်မွှေး မဲလုံးလေး 😁😍

03/11/2023

ကလေးတွေကို ဆော့စေချင်တယ် ပျော်စေချင်တယ် ဆိုရင် Cork လေးသာသုံးပါဗျ

Wheel ပြေးတာပီးရင် ကလေးတွေက တူးရ တာအကြိုကိဆုံးပါဘဲ

Customer တစ်ယောက်ရဲ့ က​လေးပါ ❤❤

02/11/2023

Edit လှူခံမယ့် သူတွေရသွားပါပီဗျ
Customerယောက် က ကန်​လေးလှုချင်လို့​ပါတဲ့ ခင်ဗျ
၃​ပေ ၁​ပေ မှန်ကန်
၁၁ လက်မ wheel
အစာခွက် ၊ ပုံးအိမ်
​ရေဘူး ၊ ​ဒေါက်တိုင် ၂ခု
ကန်ထဲလှဲတဲ့ တံမြက်စည်း
အစာနဲ့ အား​ဆေး တွေပါပါမယ်ဗျ

Deli တော့မအပ်ပေးပါဘူးဗျ လာတော့ယူရပါမယ်ဗျ ကန်ကတော့ ၂ ယောက်လောက်သယ်ရပါလိမခ့မယ်ခင်ဗျ

ဝက်ပြား 😆😍
02/11/2023

ဝက်ပြား 😆😍

27/10/2023

ပြန်ထွက်လာပါပီ 😂😂😂

27/10/2023

စိတ်ဆိုးပီး ပုန်းအိမ်ထဲ ပြေးဝင်သွားပီ 🙄

ဟမ်းလေးတွေနဲ့ ရင်းနှီးချင်ပါတယ်ဆိုတဲ့ သူတွေအတွက် moti လေးတစ်ဖြတ်
27/10/2023

ဟမ်းလေးတွေနဲ့ ရင်းနှီးချင်ပါတယ်ဆိုတဲ့ သူတွေအတွက် moti လေးတစ်ဖြတ်

မီးမီးဝတ်ထားတဲ့ အချစ်ရဲ့ကျောင်းသူ Suit လေး Preorder မှာလို့ရပါမယ်ဗျ အာဝု မွေးတဲ့သူတို့ ဘမ်ဘမ်မွေးတဲ့သူတို့ လိုအပ်ရင် အား...
24/10/2023

မီးမီးဝတ်ထားတဲ့ အချစ်ရဲ့ကျောင်းသူ Suit လေး Preorder မှာလို့ရပါမယ်ဗျ

အာဝု မွေးတဲ့သူတို့ ဘမ်ဘမ်မွေးတဲ့သူတို့ လိုအပ်ရင် အားပေးနိုင်ပါပီဗျ

တစ်ထည်​ကို 8000 ပါခင်ဗျ 😍😍

ဘဝသည်
23/10/2023

ဘဝသည်

ရေဘူးဒေါက်လှလှလေးတွေ သုံးပြီး စာလုံးအပြည့်ရေဘူးတွေကြောင့် အလှမပျက်သွားစေဖို့ အကြည်ရောင် Quality ကောင်းကောင်း 80 ml ရေဘူး...
21/10/2023

ရေဘူးဒေါက်လှလှလေးတွေ သုံးပြီး စာလုံးအပြည့်ရေဘူးတွေကြောင့် အလှမပျက်သွားစေဖို့ အကြည်ရောင် Quality ကောင်းကောင်း 80 ml ရေဘူးလေးတွေ ရောက်ပါတယ်ခဗျ ..

အပေါ် ကော်ထည်က ရောင်းနေကျကောင်တွေလိုမဟုတ်ပဲ ကော်အထူအမာသား ဖိရင် တော်ရုံ မပိန်တဲ့အသားပါ .. အောက် အဖုံးကာလာလေးတွေကလဲ Fancy ဆန်ဆန်ကာလာလေးတွေ နဲ့ ကော်အထူအမာသား ဖြစ်ပြီး အကောင်းဆုံးအချက်က Dripping ခေါင်းက Steel စစ်စစ် ထူထူကိုသုံးထားပေးတာမို့ ရေတစ်ဘူးလုံးမှာ သူ့ Weight အလေးဆုံးပါပဲ .. ရေကျတဲ့ခေါင်းကလဲ အရှင်မို့ ကြိုက်သလို ဖြုတ်ပြီး အသေးစိတ် သေချာဆေးလို့ ရတာမို့ သန့်ရှင်းရေလုပ်နိုင်ရင်နိုင်သလောက် ရေရှည်ခံပါတယ်ခင်ဗျ .. ❤️

ရိုးရိုးရေဘူးတွေထက် ဈေးသိသိသာသာ များပေမယ့် Quality က တခြားစီနော် ❤️

မီးလေးလင်းတဲ့ Yee ရဲ့ ရေဘူး‌ Set Design အစမ်းလေးရောက်ပါတယ်ခင်‌ဗျ .. ညဘက်မီးလင်းတာလေးကြိုက်တဲ့ သူတွေအတွက် ဒီကောင်လေးက တော...
21/10/2023

မီးလေးလင်းတဲ့ Yee ရဲ့ ရေဘူး‌ Set Design အစမ်းလေးရောက်ပါတယ်ခင်‌ဗျ .. ညဘက်မီးလင်းတာလေးကြိုက်တဲ့ သူတွေအတွက် ဒီကောင်လေးက တော်တော်လှတာပါ .. မီးလင်းတဲ့ ပုံကိုက Ring Light လေးတွေလို Foggy ဆန်ဆန်လေးလင်းတာမို့ လုံး၀ Imaginary ဆန်ဆန်ပဲဗျာ ... အောက်ခံကလဲတစက်တည်းမို့ မတော်တဆ ရေအစက်ကျရင် Bedding ပေါ်ကျမှာကို လုံး၀ စိတ်ပူစရာမလိုတော့ပါဘူး 😍

ကြားလိုလို ကြောင်လိုလို ချစ်စရာ ကြွေ ဒေါက်နဲ့ ပုန်းအိမ်လေး လဲ အသစ်ထပ်ရောက်ထားပါတယ်‌ဗျ

အမေးများတဲ့ 8 လက်မ Budget Wheel လေးလဲ ပြန်ရောက်ပါပြီ .. ✌🏻

Yee ကအသစ်ထွက်ထားတဲ့ Wet Food ... အထဲက Texture လေးလဲ ပြထားပေးပါတယ်ဗျ .. Protein များများ Fiber များများ နဲ့ Fat နည်းနည်းလ...
21/10/2023

Yee ကအသစ်ထွက်ထားတဲ့ Wet Food ... အထဲက Texture လေးလဲ ပြထားပေးပါတယ်ဗျ .. Protein များများ Fiber များများ နဲ့ Fat နည်းနည်းလေးမို့ Nutrition Fact က တော်တော်ကြီးကို အဆင်ပြေတယ်ပြောလို့ရပါတယ် .. အစာ‌ကောက် , အသက်ငယ် ကြီး , Elder ကြိုက်တဲ့ အသက်အရွယ်မရွေးကျွေးလို့ ရပါတယ် ..

ကျွေးရမယ့် ပမာဏ က ကိုယ့် Hamster လေး ကိုယ်အလေးချိန်ရဲ့ 3% to 5% အတွင်း‌ကျွေးရပါမယ် .. Weight ချိန်လို့အဆင်မပြေရင် အရွယ်ရောက်ပြီးသား Syrian Hamster ဆို တစ်ခါကျွေး တစ်ချောင်းတစ်၀က်၀န်းကျင် , Campbell နဲ့ Winter White ဆို တစ်ခါကျွေး တစ်ခေါင်းရဲ့ ၃ ပုံ ၁ ပုံ ၀န်းကျင် ကျွေးလို့ရပါတယ် .. မကုန်ပဲကျန်တာကို လေလုံအောင်ခေါက်ပြီး ရေခဲသေတ္တာထဲ သိမ်းပြီး တစ်ပတ်အတွင်း ကုန်အောင် ကျွေးရပါမယ်ဗျ .. Wet Food မို့ နေ့တိုင်းကျွေးလို့ရပေမယ့် အစာဆို ပမာဏ မများဖို့နဲ့ အစိုအခြောက် မျှတဖို့ သတိပြုပေးရပါမယ် ..

အစာခြောက်တုံး (Pellets) နည်းတူ နည်းနည်းစား အဟာရ အကုန်ရနိုင်တာမို့ Pellets အစားထိုးပြီး ဘယ်အခြေအနေမှာမဆို ကျွေးနိုင်တဲ့အပြင် တစ်ရက် အစာ ပမာဏ မကုန်တဲ့ ကလေးတွေ , အသက်ကြီးလို့ အစာသိပ်မကောက်နိုင်တော့တဲ့ကလေးတွေ နဲ့ နေမကောင်း အားမရှိလို့ အစာသိပ်မစားနိုင်တဲ့ ကလေးတွေ ကို အဓိက ကျွေးပေးသင့်ပါတယ် ..

Messenger ကနေ စာပို့မရတော့လို့ 095054584 Viber ကနေ တစ်ချက်လောက် လာပြောပေးပါဦးခင်ဗျ
20/10/2023

Messenger ကနေ စာပို့မရတော့လို့ 095054584 Viber ကနေ တစ်ချက်လောက် လာပြောပေးပါဦးခင်ဗျ

တူးတူး လေးလဲ ဆုံးသွားပြန်ပြီး 😢အခုထိ အပြင်ထွက်ပြီး အစာမကောင်သေးလို့ ပုန်းအိမ်လေးထဲ လက်ထိုးကြည့်တော့ ခါတိုင်းလို လက်ကိုပြ...
15/10/2023

တူးတူး လေးလဲ ဆုံးသွားပြန်ပြီး 😢

အခုထိ အပြင်ထွက်ပြီး အစာမကောင်သေးလို့ ပုန်းအိမ်လေးထဲ လက်ထိုးကြည့်တော့ ခါတိုင်းလို လက်ကိုပြန်မနမ်းပဲ သူအိပ်နေကျပုံအတိုင်းလေးငြိမ်နေတာနဲ့ သိလိုက်ပါတယ် ..

ဒီရက်ပိုင်း တူးတူး က အားဆေးနေ့တိုင်းစားပြီး ပြန်လန်းလာလို့ Cage အကြီးတောင် ပြန်ပြောင်းပေးထားပြီး အစာနေ့တိုင်းထွက်စား သဲတောင် ရအောင် သုံးနေတာဆိုတော့ အခုလို ခပ်မြန်မြန် မထွက်သွားလောက်သေးဘူးထင်နေခဲ့တာ .. ပိုလန်လေးတုန်းကလို မသွက်မလပ် မဖစ်ပဲ အိပ်နေရင်း ပဲ အေးအေးချမ်းချမ်း ထွက်သွားလိုက်တဲ့ ပုံစံလေးမို့ တစ်မျိုးတော့ ‌ဖြေသာတယ်ပြောရမယ်ထင်ပါတယ် .. 2 နှစ် 7 လထိ တူတူရှိခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် တူးလေရေ ... ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဖေဆုတောင်းပေးလိုက်ပါတယ်နော် 🙏🏻

" Rest In Pease TwoTwo - 2 Years & 7 Months - 16 Oct 2023 "

10/10/2023

Bibbi Flaxseed ကြိတ် 😬 အခင်းအသစ်လဲပေးလိုက်ကတည်းက အရင်လိုမဟုတ်ဘူး ကျွေးသမျှ စားလာတယ် .. အခင်းသစ်ကြောင့်ပဲလား သူ့ဟာသူ နောက်ပိုင်းကျွေးတာအကုန် ကြိုက်နေတာကြောင့်လား တော့မသိပါဘူး 😂

ဒီအခင်းတွေကိုကြိုက်တာတော့သေချာတယ် .. အရင်လိုမဟုတ်ပဲ Activity အရမ်းရှိလာတာ ❤️

" Guide To Hamster Daily Food "• featuring instock food •Daily Food အမျိုးအစားတွေ များလာတာနဲ့အမျှ ဘာကျွေးရမလဲ ဘယ်ဟာကောင်...
08/10/2023

" Guide To Hamster Daily Food "

• featuring instock food •

Daily Food အမျိုးအစားတွေ များလာတာနဲ့အမျှ ဘာကျွေးရမလဲ ဘယ်ဟာကောင်းမလဲ ဝေခွဲခက်နေမှာစိုးလို့ Tiffod House မှာရနိုင်တဲ့ Daily Food တွေအားလုံးအတွက် Guide လေးလုပ်ပေးလိုက်ပါတယ်ခင်ဗျ ..

Guide မလုပ်ခင် Hamster Diet ဆိုတာ ဘယ်လိုလဲဆိုတာ နည်းနည်းပြန်နွှေးပေးပါ့မယ် ..

စာအရှည်ကြီးဖတ်ရမှာပျင်းရင် ပုံအောက်ကစာ ကိုပဲ ဖတ်နိုင်ပါတယ်ဗျ

👉🏼 Hamster တွေက Omnivore (အစုံစား သတ္တဝါ) လေးတွေဖြစ်ပြီး Protein အဓိက လိုအပ်ပါတယ် .. Daily Nutrition Need လေးတွေက

- အစာစကောက်ချိန်ကစ ၆ လ အထိ : Protein 19-20%, fat: 7-8% , fiber: 8-10%
- 6 လကနေ ၁ နှစ်ခွဲအထိ Protein: 17-18%, fat: 6-7%, fiber: 10-12%
- ၁ နှစ်ခွဲ အထက်ဆို Protein: 15%, fat: 6-7%, fiber: 12-15% စီလိုအပ်ကြပါတယ်

👉🏼‌ Hamster ပုံ နဲ့ စာ ပါပြီး Hamster အတွက်ထုတ်ထားတယ်ဆိုတိုင်း Hamster အတွက်မသင့်တော်တာမို့ အစာ ကိုသေချာရွေးချယ်တတ်ဖို့လိုပါတယ်

👉🏼 အစာရွေးချယ်တဲ့နေရာမှာ Seed Mixe (အစေ့အဆံ အရော) နဲ့ Pellets(အစာခြောက်) ဆိုပြီး ၂ မျိုးရှိပါတယ် ..

👉🏼 Hamster တွေရဲ့ သဘာ၀မှာ တွေ့ရာအစေ့အဆံ အစုံကို နေ့တိုင်းစားကြတာမို့ သူတို့ Stress မရစေပဲ သဘာ၀နဲ့ နီးစပ်စေဖို့ Main Daily Food အနေနဲ့ Seed Mix ကို အဓိက ရွေးသင့်ပြီး Pellets တွေကို Main Daily Food အနေနဲ့ မရွေးသင့်ပါဘူး ..

👉🏼 ဒါပေမယ့် ပြဿနာ တစ်ခုရှိတာက Hamster လေးတွေက အစာရွေးစာတတ်တာမို့ အစေ့အဆံ Seed Mix လေးတွေ ကျွေးတဲ့အခါ အကုန်အစားပဲ စားချင်တာပဲ ရွေးစားတတ်ကြတာကို အများဆုံး တွေ့ရပါတယ် .. အဲ့ဒီအခါ Seed Mix တွေက ဖော်ပြထားတဲ့ Protein ဘယ်လောက် ဘယ်လောက် ဆိုတာ အပြည့်မရနိုင်တော့တာမို့ Protein အပြည့်အ၀ ရနိုင်အောင် Protein Supplements အနေနဲ့ အသားခြောက် (or) Pellets(အစာခြောက်) တွေကို ဖြည့်စွက်ကျွေးဖို့လိုအပ်လာပါတယ်

👉🏼 Pellets ရွေးချယ်တဲ့နေရာမှာ Fiber မြင့်ဖို့အတွက်ထည့်ထားတဲ့ Hay Pellets (or) သဘာ၀မဟုတ်တဲ့ Additives (ဆိုးဆေး , ထပ်တိုး အချိုဓာတ် စတာတွေ) တွေမပါပဲ Protein များများ (18% အထက်ဆို အကောင်းဆုံးပါ) ဖြစ်ဖို့ တော့ အရေးကြီးပါတယ်

👉🏼 Hamster အတွက်ဆိုပြီး စက်ရုံ ကုမ္ပဏီတွေက သီးသန့်ထုတ်လိုက်တဲ့ Pellets(အစာခြောက်) တွေက Admin အခုပြောနေတဲ့ Pellets ကို Protein Support အနေနဲ့ ကျွေးပါဆိုတဲ့ Logic ကို လက်ကိုင်မထားပဲ အဓိက Main Food အနေနဲ့ Seed Mix နေရာအစားထိုး ကျွေးဖို့ ထုတ်တတ်ကြတာ များတာမို့ Hamster သီးသန့် ဦးတည်းတဲ့ Pellets ကို Protein များတာက ရှာရခက်ပါတယ် .. Rat အတွက် Pellets အများစုကသာ Protein များတတ်ပါတယ် .. အဲ့တာကြောင့် Protein ထပ်ဖြည့်ဖို့ဆို Rat Pellets တွေသာ သုံးတာများကြပါတယ်

👉🏼 Seed Mix ကို နေ့စဉ်ပမာဏ 10 ~ 15 g ပြည့်အောင်ကျွေးတယ် ကလေးကလဲ စားကုန်တယ်ဆိုရင် Protein နည်းတဲ့ Pellets ကျွေးတာ ဘာမှမဖစ်ပေမယ့် အထူးသဖြင့် Seed Mix နဲ့ တစ်ခါတည်း ရောကျွေးတဲ့အခါ Protein များများ ပါဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်

👉🏼 အရေးကြီးတာတစ်ခုရှိပါတယ် ... Protein ပြည့်၀ပြီး Quality ရှိတဲ့ Pellets လို့ပြောတဲ့နေရာမှာ တစ်ချို့ Seed Mix အများစု မှာ တစ်ပါတည်း ပါတတ်တဲ့ အစာခြောက်အတုံးတွေ ကိုမဆိုလိုပါဘူး .. Seed Mix အများစု (အကုန်မဟုတ်ပါ) မှာ တပါတည်း ပါတတ်တဲ့ Pellets တွေဟာ Extended Feed(ပမာဏတိုးအောင်ဖြည့်ထားတဲ့ အစားအစာ) (or) Fiber or Nutrition Support (အမျှင်ဓာတ် မဟုတ် လိုအပ်နေတဲ့ အဟာရဓာတ်ပြည့်အောင်) သပ်သပ် သာ ထည့်ထားကြတာမို့ သီးသန့် ၀ယ်ရတဲ့ Pellets တွေလို Protein မများနိုင်ပါဘူး

👉🏼 သီးသန့်၀ယ်ရတဲ့ Protein ပြည့်၀ တဲ့ Pellets တွေဟာ အစာရွေးစားတတ်ပြီး Seed Mix တွေက ဖော်ပြထားတဲ့ Nutrition Facts တွေအတိုင်း မရနိုင်တာကို ဖြေရှင်းဖို့အတွက် Seed Mix တွေမှာ ပါတတ်တဲ့ ပါ၀င်ပစ္စည်းတွေ (Eg. အစေ့အဆံ , အသီး နှင့် ဟင်းသီးဟင်းရွက် , အသားခြောက် , ဆေးဖက်၀င် ပန်း နှင့် သစ်ရွက် များ) ကို ရောကြိတ်ပြီး အစာခြောက် ပုံစံ ပြောင်းထားတာမို့ Seed Mix အတိုင်း Nutrition ပြည့်၀ကြပါတယ် .. Pellets တွေရဲ့ကောင်းကျိုးက ကြိတ်ပြီး အ‌ခြောက်ပြန်လုပ်ထားတာမို့ ကြိတ်တဲ့အချိန်မှာ Vitamin နဲ့ Minerals ဓာတ် , Probiotics နဲ့ တခြား ထပ်ဖြည့်ချင်တဲ့ အဟာရ ဓာတ်တွေကို ထပ်ထည့်လို့ရတဲ့ အားသာချက်ရှိပါတယ် .. အစေ့အဆံတွေကတော့ သဘာ၀အတိုင်း ရောထားရတာမို့ Vitamin , Mineral , Probiotics နဲ့ တခြားသော ဓာတ်တွေ ကို သဘာ၀ Source ကနေပဲ ရနိုင်ပါတယ်

👉🏼 နောက်ထပ်အရေးကြီးတာတစ်ချက် က Pellets ထပ်တိုးကျွေးဖို့ရွေးချယ်ထားတယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ Seed Mix မှာ Pellets(အစာခြောက်) တွေတစ်ပါတည်းမပါဖို့ အရေးကြီးပါတယ် .. တစ်ခါတည်းပါလာတဲ့ Pellets အများစုက Hay Pellets မဟုတ်ရင် Nutrition Ratio ဘယ်လောက်ပါလဲဆိုတာ ကိုယ်တိုင်တိုင်းလို့မရတဲ့ အစာခြောက်တွေ ဖြစ်တာမို့ အပြင် Pellets ထပ်ရောလိုက်တဲ့အခါ Nutrition ပမာဏ တွက်ချက်ရတာ မသေချာနိုင်တော့ပါဘူး ..

ဥပမာနဲ့ရှင်းအောင်ပြောရရင် Pellets ပါပြီးသား Protein 18% Seed Mix ဆိုပါစို့ .. အဲ့ဒီမှာ Protein 18% ဆိုတာ အစာခြောက် ပါ၀င်ပြီးသား အချိုးကိုတွက်ထားတာပါ .. အစာကျွေးဖို့ ယူတဲ့အချိန်မှာ ကျပန်းယူရတာမို့ ပါလာတဲ့ အစာခြောက်က များလဲများနိုင်သလို နည်းချင်လဲနည်းနိုင်ပါတယ် .. အဲ့တော့ 18% ရှိတဲ့ Pellets ပါပီးသား Seed Mix ကို အပြင် Pellets ထပ်ရောဖို့ Nutrition ထပ်တွက်တဲ့အခါ ရလာမယ့် ပမာဏ က 100% မသေချာနိုင်တော့ပါဘူး .. အစာရောတဲ့အခါ အလွယ်တကူ Nutrition တွက်နိုင်ဖို့ Victoria Racheal ရဲ့ Calculator Link လေးချထားပေးပါမယ်

Mix Calculator - https://onedrive.live.com/embed?cid=33B0DD8EA88D82B3&resid=33B0DD8EA88D82B3%21105&authkey=AO1aq_2090ciCro&em=2&wdAllowInteractivity=False&AllowTyping=True&wdHideHeaders=True

👉🏼 Pellets ‌ကျွေးဖို့ရွေးချယ်မယ်ဆိုရင် ကိုယ်ရွေးရမယ့် Seed Mix မှာ Protein Support မယ့် အစေ့အဆံ မ Ingredients (Included Pellets, အသားခြောက်တွေဖစ်တဲ့ ကြက်သား , အမဲသား , ဆယ်လ်မွန် နှင့် ပုစွန်ခြောက် , Tofu ခြောက် စတာ ) တွေ မပါဖို့ အရေးကြီးပါတယ် .. Seed Mix နဲ့ Pellets ရောကျွေးတဲ့အခါ အစေ့အဆံ မဟုတ်တဲ့ Protein Support မပါ၀င်တဲ့ Seed Mix နဲ့ ရောကျွေးမှသာ Nutrition ပြည့်၀မှန်ကန်ပြီး Healthy ဖြစ်မယ့် Diet ဖြစ်စေမှာပါ .. အသားခြောက် တွေပါပြီး အစာခြောက် မပါရင်တော့ Pellets ရောလို့ရနိုင်ပါသေးတယ်

👉🏼 နောက်ဆုံးအချက်က Seed Mix နဲ့ Pellets ကလွဲပြီး တခြား အစားအစာ အကုန်လုံးက နေ့တိုင်းမကျွေးပဲ သူ့ ပမာဏ နဲ့သူ သူ့ အကြိမ်ရေ နဲ့ သူပဲ ကျွေးပေးရပါမယ်ဗျ

ဒီလောက်ဆို စုံလင် လောက်ပြီလို့ထင်ပါတယ် .. Tiffod House မှာရနိုင်တဲ့ ဘယ် Seed Mix နဲ့ Pellets ကို ရောသင့်လဲဆိုတာရယ် ဘယ်ဟာက သီးသန့် ကျွေးသင့်လဲဆိုတာ ကို အောက်က တစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ် ..

ခါတိုင်းနဲ့မတူတဲ့ Dried Corn လေးတွေရောက်ပါတယ်ခဗျ ..  အရင်က Corn တွေထက် အနံ့လေး‌ပိုမွှေးပါတယ် .. သူကတော့ ‌အဝါ တမျိုးပဲ ရန...
07/10/2023

ခါတိုင်းနဲ့မတူတဲ့ Dried Corn လေးတွေရောက်ပါတယ်ခဗျ .. အရင်က Corn တွေထက် အနံ့လေး‌ပိုမွှေးပါတယ် .. သူကတော့ ‌အဝါ တမျိုးပဲ ရနိုင်ပါမယ်ခဗျ .. Snack လဲဖစ် ကိုက်တုံးလဲဖြစ် .. အနံ့လေးလဲမွှေးတာမို့ ကလေးတွေ ကြိုက်ကြမှာပါ 😁

(အနံ့က ကပ်ပီးရှုမှရတာပါ ... အဝေးက ရလောက်တဲ့ထိမပျင်းပါဘူးဗျ .. ပြောင်းဖူးအစစ်မို့ ကပ်ပီးရှူရင် ပြောင်းဖူးနံ့သင်းသင်းလေး ရပါတယ်ခဗျ ) ❤️

Daily Food , Natural Bedding , Paper Bedding နဲ့ Bath Sand Instock ပါခင်ဗျ ... Bedding အမျိုးအစား တစ်မျိုးချင်းစီရဲ့ အသု...
07/10/2023

Daily Food , Natural Bedding , Paper Bedding နဲ့ Bath Sand Instock ပါခင်ဗျ ... Bedding အမျိုးအစား တစ်မျိုးချင်းစီရဲ့ အသုံးပြုပုံတွေကိုလဲ တပုံချင်းစီအောက်မှာ အသေးစိတ်ရေးပေးထားပါတယ် 👇🏻

အသစ်ရောက်ထားတာလေးတွေကို ထိပ်ဆုံးတင်ထားပေးပါတယ်ခဗျ ❤️ Instock Accessories လေးတွေပါခင်ဗျ ..
07/10/2023

အသစ်ရောက်ထားတာလေးတွေကို ထိပ်ဆုံးတင်ထားပေးပါတယ်ခဗျ ❤️

Instock Accessories လေးတွေပါခင်ဗျ ..

~ Hamster အတွက်  Cork Bedding ~ Cork ဆိုတာ သိတဲ့သူလဲသိပြီးသလို မသိတဲ့သူတွေအတွက် Oak Bark (၀က်သစ်ချပင်ရဲ့အခေါက်) ကနေ ထုတ်...
07/10/2023

~ Hamster အတွက် Cork Bedding ~

Cork ဆိုတာ သိတဲ့သူလဲသိပြီးသလို မသိတဲ့သူတွေအတွက် Oak Bark (၀က်သစ်ချပင်ရဲ့အခေါက်) ကနေ ထုတ်ယူထားတဲ့ အရမ်းနူးညံ့တဲ့ Material တစ်မျိုးပါပဲဗျ .. အရင်ကဆို သစ်သားပြေးဘီးတွေမှာ Track အနေနဲ့သုံးကြပြီး အများအားဖြင့် ပုလင်းအဖုံး(အဆို့) ‌အနေနဲ့ သုံးကြတာကို တွေ့ဖူးမှာပါ ..Niteangel ရဲ့ ပြေးဘီးတွေမှာ လဲ Track အနေနဲ့ တွေ့နိုင်ပါတယ် ..

အရမ်းနူးညံ့တဲ့အပြင် ရေစုပ်အားလဲ‌ တော်တော်လေးတောင်းတာကြောင့် အနံ့အသက် ကိုပါ သိသိသာသာ ထိန်းချုပ်ပေးနိုင်ပါတယ် .. Cork က Oak အပင်ကနေပဲ ရတဲ့ 100% Natural Material ဖြစ်တာမို့ Hamster တွေ ဝါးမိရင်တောင် အန္တာရာယ် လုံး၀မရှိနိုင်ပါဘူး .. ဒါပေမယ့် Cork ရွေးချယ်တဲ့နေရာမှာတော့ Dust နည်းဖို့ နဲ့ သေချာ သန့်စင်ထားဖို့တော့လိုပါတယ် .. အဲ့တာကြောင့် Admin ကတော့ စိတ်ချရတဲ့ Brand ဖြစ်တဲ့ Bucastate က ထုတ်တဲ့ Cork Bedding ပဲ တင်ထားပေးပါတယ်ခဗျ ..

Cork Bedding ကို Hamster လေးတွေအများစုက တူးဖို့အတွက် အရမ်းသဘောကျကျပါတယ် .. အိမ်က Bibbi ဆို Digging Box ထဲ Cork ပြောင်းထည့်ပေးလိုက်ပြီးချင်းချင်းကို စပါရှယ်ကို တူးပါတယ် .. Video လေးပါရိုက်ထားပေးပါသေးတယ်ဗျ .. မုန့်ကျွေးဖို့ခဏ ထွက်လာပြီး စားပြီးတာနဲ့ Digging Box ထဲကိုတန်း၀င်သွားတာပါ ။။

Cork Bedding ရဲ့ အားသာချက်တွေက ..

👉🏼 Cork Bedding က တခြား Bedding တွေအားလုံးထက် Hamster တွေကို တူးဖို့အတွက် encouraging ဖြစ်စေပါတယ် .. တူးတယ်ဆိုတာ Hamster လေးတွေအတွက် သဘာ၀အတိုင်းဖြစ်စေသလို Exercise ဖြစ်တဲ့ Activity အနေနဲ့ပါ ဖြစ်စေတာကြောင့် Stress ကင်းပြီး ကျန်းမာစေပါတယ် ..

👉🏼 လုံး၀ သဘာ၀အတိုင်းဖြစ်တာမို့ ကန်ကိုခင်းတဲ့အခါ ကိုယ်ဆင်ရင်ဆင်တတ်သလို သဘာ၀ဆန်ဆန် နဲ့ ကြည့်ကောင်းစေပါတယ် .. Digging Box မရှိရင်တောင် Bendy Bridge အကန့်လေးတွေကို ဝိုင်းပြီး တူးဖို့နေရာလေး လုပ်ထားပေးလို့ရပါတယ် ...

👉🏼 ရေစုပ်အားကောင်းတဲ့အပြင် ပတ်၀န်းကျင်က အနံ့အသက်ကိုပါ စုပ်ယူပေးနိုင်ပါတယ် ..

👉🏼 အရမ်းနူးညံ့တာကြောင့် တူးတဲ့အခါ မတော်တဆ ထိခိုက်မိမှာကို လုံး၀ စိတ်ပူစရာမလိုပါဘူး ဗျ

Color ပါတဲ့ Paper‌ လေးတွေ အမေးများကြလို့ Paper Bedding ထဲမှာဆို အနုဆုံး , ရေစုပ်အား အနံ့စုပ်အားအကောင်းဆုံး နဲ့ ဖွလို့အကေ...
07/10/2023

Color ပါတဲ့ Paper‌ လေးတွေ အမေးများကြလို့ Paper Bedding ထဲမှာဆို အနုဆုံး , ရေစုပ်အား အနံ့စုပ်အားအကောင်းဆုံး နဲ့ ဖွလို့အကောင်းဆုံး Marshmallow Paper Bedding လေး တင်ထားပေးပါတယ် ❤️

Edited - Error လေးတွေ Sold Out ဒီကောင်လေးတွေ Error ပါလာလို့ တန်ပြီးသားဈေးကိုမှ တစ်၀က်တောင်မရှိတဲ့ ဈေးနဲ့ ၁ ပုံ ၁ လုံး စီ...
06/10/2023

Edited - Error လေးတွေ Sold Out

ဒီကောင်လေးတွေ Error ပါလာလို့ တန်ပြီးသားဈေးကိုမှ တစ်၀က်တောင်မရှိတဲ့ ဈေးနဲ့ ၁ ပုံ ၁ လုံး စီရမယ်ဗျ .. Error တွေက အလှမပျက် အန္တရာယ် မရှိစေတာမို့ တစ်၀က်ဈေးဆိုတော့ တကယ်ကြီးကိုတန်တာပါ 🥹

အသစ်ဈေး 20000 ကို အခု 9800 တည်းနဲ့ ၂ လုံးပဲ ရပါမယ်ဗျ ..

မကျွတ်တဲ့ဆေးသား ရာသာသစ်အထူသား အကောင်းစားနဲ့ လုပ်ထားတာပါ .. Syrian တကောင်ကောင်းကောင်းဆံ့ပြီး အပေါ်ထပ်တစ်ထပ်ပါ ပါပါသေးတယ် ..

ချစ်ဖို့တော်တော်ကောင်းပြီး တခြား Brandရှိတဲ့ တံဆိပ် တွေကထွက်တဲ့ ဒါမျိုးလေးတွေဆို ဈေး 30000 ၀န်းကျင်မို့ အသစ်ဈေး နဲ့‌တောင် တန်တဲ့ လို့ မြင်မိတာလေးပါ .. အဲ့တာကို အခု 9800 နဲ့ရမှာပါ 😬

04/10/2023

ကိုယ်နိုးနေတာနဲ့ အိပ်နေတဲ့ အဘီ မကို သွားနှိုးပြီး နှောက်ထားတာလေး ပေါ့ 😝

02/10/2023

Aspen 1kg ကို ဈေးကြီးတယ်ထင်တဲ့သူတွေ ဒီ Video ကိုကြည့်ဖြစ်အောင်ကြည့် 😝 26 sec စာပဲရှိပါတယ် ..

Bibbi က Paper ထူးထူးခင်းထားရင်တောင် လွှစာ ပါးပါးဖက်မှာပဲ သွားသွားတူးပြီးအိပ်တတ်တဲ့ လွှစာ ကြိုက်သူမို့ ဒီတစ်ခေါက် Aspen သစ်နုနုလေး ခင်းပေးလိုက်မယ်ဆိုပြီး ခင်းပေးဖြစ်ပါတယ် .. မထင်ထားတာ Aspen 1kg က 3 ပေ ကော်ကန် အတွက် Delikate 2 kg ၂ ထုတ်စာထက်တောင် သိသိသာသာ ပိုထူထူ ရတယ်ဗျ .. Video ထဲမှာသာ ကြည့်တော့ 😬 .. သစ်နုတာရယ် အနံ့နည်းတာရယ် ဖုန် လုံး၀မရှိတာရယ် ကိုတွက်ရင် Aspen 1kg -25500 နဲ့ လွှစာ ၂ ထုတ်စာ 13000 ကို ယှဉ်တွက်ရင် Aspen ဘလောက်ထိ တွက်ချေကိုက်လဲ ဆိုတာ ပိုသိသာတယ် ...

ဒါတောင် delikate 2 ထုတ်တည်းနဲ့ ပြီးတာမဟုတ်ဘူးနော် .. Admin အရင်က Bibbi ကန်ဆင်ရင်သုံးတဲ့ကုန်ကျစားရိတ်တွက်ပြမယ် ... Delikate 2 ထုတ် - 13000 , Bucastate Feather Paper 1 - 13500 , Wow - 8000 ဆို အားလုံးပေါင်း - 34500 ကျတယ် .... လွှစာဖက် 3 လက်မ မပြည့်တပြည့် အထူ နဲ့ Paper ဖက်မှာ 5 လက်မ မပြည့်တပြည့် အထူရတယ် ..

အခုက Aspen 1kg - 25500 နဲ့ BUCASTATE Pepper Pad Brown - 15000 တန်သုံးတယ် အားလုံးပေါင်း 40500 ကျတယ် .. Apsen အထူ အမြင့်ဆုံး ၆ လက်မ , အလယ် ၅ လက်မ နဲ့ ကုန်းအဆင်း အနိမ့်ဆုံးမှာ ၂ လက်မ ထိရတယ် .. Admin က အခင်းခင်းရင် တောင်ကုန်းပုံစံ လျောလေး ခင်းတတ်လို့ အမြင့် ဆုံး အနိမ့်ဆုံး အထူတော့ရှိတယ် .. Bibbi က တနေရာတည်း တူးတတ်တာမို့လို့ သူအိပ်နေကျနေရာကို အထူဆုံးထားပေးထားတာမို့လို့ပါ .. 40500 ကုန်တယ်ဆိုတာ Paper ဖက်ကို အညိုသုံးချင်လို့ 15000 တန်သုံးလိုက်လို့နော် .. ပုံမှန် Wow ပဲသုံးမယ်ဆိုရင် Total - 33500 ပဲကျမယ် .. Delikate ကိုသုံးတုန်းကထက် ပိုသက်သာပြီး Aspen သစ်အကောင်းစားမို့ Hamsters တွေအများကြီးပိုသဘောကျတယ် .. 🩶🩶🩶

တကယ် .. Admin တို့က အပိုလုပ်မပြောတတ်တာ အားလုံးအသိပါပဲ .. အစက Bibbi က လွှစာကြိုက်လို့ ကုန်ရင်ကုန်ပါစေဆိုပြီး မျက်စိမှိတ် 1kg တပုံးလုံး ခင်းချပလိုက်တာ .. အခုက Delikate ထက်တောင် ပိုအကုန်ကျသက်သာလို့ စိတ်ချမ်းသာရတယ် .. Paperအသားပဲ မဟုတ်ပဲ လွှစာကိုပဲ ထူထူခင်းချင်တဲ့သူရှိရင် Apsen ပုံးလိုက်ကို ပိုးစိုးပက်စက် Recommend ပေးတယ်ဗျာ 🥰

စာကြွင်း - အခင်း ခင်းပြီးရင် ဖွမထားပဲ ပြန်ဖိထားပေးရတာမို့ Admin တိုင်းပြတဲ့ 6 လက်မ အထူ 5 လက်မ အထူဆိုတာ ပြန်ဖိထားတာတဲ့ အထူကိုပြော‌တာနော် .. Admin အခင်းအထူကိုပြောရင် ဘယ်တော့မှ ဖွထားတဲ့ အထူကိုမပြောပါ 😬

Nature Scenery လေးဖန်တီးနိုင်ဖို့ ဒါလေးတွေလဲ ရောက်ထားပါတယ် ခင်ဗျ 🩶
28/09/2023

Nature Scenery လေးဖန်တီးနိုင်ဖို့ ဒါလေးတွေလဲ ရောက်ထားပါတယ် ခင်ဗျ 🩶

Address

Building 71 Ground Floor, Ayarwady Street , Ahlone Township
Yangon
11121

Opening Hours

Monday 11:00 - 00:00
Tuesday 11:00 - 00:00
Wednesday 11:00 - 00:00
Thursday 11:00 - 00:00
Friday 11:00 - 00:00
Saturday 11:00 - 00:00
Sunday 11:00 - 00:00

Telephone

+959425117209

Website

Alerts

Be the first to know and let us send you an email when Tiffod House - Hamster Supplies Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tiffod House - Hamster Supplies Store:

Videos

Share

Category

Nearby pet stores & pet services


Other Pet Supplies in Yangon

Show All