Twin Twin Online Pet Supply Store

Twin Twin Online Pet Supply Store Pet Food & Accessories
(23)

ကဲ..... မီမီ ဖီဖီ တို့ရေ အိမ်က ကလေးတွေရဲ့ ခြေသည်းခွံ ပုံလေးထဲကလို ဖြစ်ဖူးကြလား? ဖြစ်ဖူးရင် မင်မင် ခြေသည်းအကြောင်းလေး sha...
29/06/2024

ကဲ..... မီမီ ဖီဖီ တို့ရေ အိမ်က ကလေးတွေရဲ့ ခြေသည်းခွံ ပုံလေးထဲကလို ဖြစ်ဖူးကြလား? ဖြစ်ဖူးရင် မင်မင် ခြေသည်းအကြောင်းလေး shareပေး မလို့ပါ......

ပုံထဲက ဘယ်သူ့ ခြေချောင်း‌လေးလဲ၊ မှန်အောင်ဖြေပါ 😁

ကြက်တူရွေး မွေးထားတဲ့ မီမီတွေ အလှမပျက်ဖို့ အတွက် ပထမပုံက ဦးထုပ်လေး ဝယ်ထားဖို့တော့ လိုမယ်နော်၊ အထူးသဖြင့်  ကြက်တော မွေးတဲ...
28/06/2024

ကြက်တူရွေး မွေးထားတဲ့ မီမီတွေ အလှမပျက်ဖို့ အတွက် ပထမပုံက ဦးထုပ်လေး ဝယ်ထားဖို့တော့ လိုမယ်နော်၊ အထူးသဖြင့် ကြက်တော မွေးတဲ့သူတွေဆို ပိုလိုပါတယ်၊ လက်သည်းပါ စူးရင်တော့ ဒုတိယပုံကလို အင်္ကျီဝယ်လိုက်ပါ😆😆😆


photo

Team တံဆိပ်မှကြိုက်တဲ့ မီမီ ဖီဖီ တို့အတွက် Team လိမ်မော် ရောက်ပါပြီ 😁😁😁
28/06/2024

Team တံဆိပ်မှကြိုက်တဲ့ မီမီ ဖီဖီ တို့အတွက် Team လိမ်မော် ရောက်ပါပြီ 😁😁😁

မင်မင် ဆီ chat box က စာပို့လို့ ချက်ချင်းစာ မပြန်ရင် မင်မင် အိမ်မှာ မရှိဘဲ အပြင်ရောက်နေလို့ပါ၊ သိချင်တာကို chat box မှာ ...
27/06/2024

မင်မင် ဆီ chat box က စာပို့လို့ ချက်ချင်းစာ မပြန်ရင် မင်မင် အိမ်မှာ မရှိဘဲ အပြင်ရောက်နေလို့ပါ၊ သိချင်တာကို chat box မှာ စာရေးပို့ထားလို့ရသလို မိမိ ဖုန်းနံပါတ်ပို့ထားပေးရင် အိမ်ရောက်ရင် မင်မင် ပြန်ဆက်သွယ်ပေးပါမယ်😊😊😊

အရမ်းအရေးကြီးရင်တော့ စာချက်ချင်းမပြန်ရင် မင်မင်ဆီ ဖုန်းဆက်လိုက်ပါနော်၊

အပြင်မှာဆို Viber နဲ့ Telegram ဘဲသုံးလို့ ရလို့ပါ💖💖💖

ဒီနေ့ နေ့လည်ကတည်းက ကြိုမပြောမိဘဲ အပြင်ထွက်သွားတာ အိမ်ပြန်ရောက်တာ နောက်ကျလို့ စာပို့ထားတာတွေ အများကြီး ချက်ချင်းမပြန်နိုင်ခဲ့လို့ အားလုံးကို တောင်းပန်ပါတယ်နော်၊ အခု စာတွေ ပြန်ဖြေပေးနေပါတယ်၊


25/06/2024

မင်မင် TikTok ကို follow လုပ်ပြီး ကြိုက်တဲ့ postလေး share ပေးတဲ့သူထဲက တစ်ယောက်ကို Videoထဲက Digital အပူတိုင်းစက်လေး မဲဖောက်ပေးမယ် ပြောထားတာ မဲပေါက်သွားတဲ့ Account ပိုင်ရှင်ကတော့ " Michiko Chan Account" က ဖြစ်ပါတယ် 🥳🥳🥳

မင်မင် Name picker နဲ့ မဲဖောက်ပေးထားတဲ့ video ကတော့ comment မှာ မန့်ပေးထားပါတယ်၊ လက်ဆောင်လေးကို တစ်ပတ်အတွင်း chat box ကနေ ဆက်သွယ်ပြီး လာရောက် ထုတ်ယူပေးပါနော် 🎊🎊🎊

မင်မင် မဲဖောက်ပေးတဲ့အစီအစဥ်မှာ မပါဝင်ပေမဲ့ TikTokမှာ follow လုပ်ပေးတဲ့ သူတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်၊ မင်မင် က TikTok သုံးနေကြ မဟုတ်လို့ သုံးတတ်အောင် လေ့ကျင့်နေဆဲကာလဖြစ်လို့ အကြံပေးချင်တာများ ရှိရင်လည်း chat boxမှာ ပြောပေးကြပါ😁😁😁

Zupreem pellet ဆို ဒီoriginal အထုပ်လေး ခွဲရောင်းပေးပါတယ်၊ မင်မင် ဆီမှာ Zupreem ဝယ်ပြီး မစားမှာ မပူနဲ့နော်❤️❤️❤️100g - 40...
25/06/2024

Zupreem pellet ဆို ဒီoriginal အထုပ်လေး ခွဲရောင်းပေးပါတယ်၊ မင်မင် ဆီမှာ Zupreem ဝယ်ပြီး မစားမှာ မပူနဲ့နော်❤️❤️❤️

100g - 4000ကျပ်

မင်မင် A21 အသစ်ရောက်ရင် Post သိပ်မတင်ဖြစ်တော့ လာဝယ်ရင် A21 ဌက်ပေါက်အစာ ရှိလား မေးကြတယ်၊ A21 က Post မတင်လည်း အသစ်ရောက်လို...
25/06/2024

မင်မင် A21 အသစ်ရောက်ရင် Post သိပ်မတင်ဖြစ်တော့ လာဝယ်ရင် A21 ဌက်ပေါက်အစာ ရှိလား မေးကြတယ်၊

A21 က Post မတင်လည်း အသစ်ရောက်လိုက် ကုန်လိုက်နဲ့ ခွဲရောင်းပေးတာ တစ်ပတ် 2ပုံး 3ပုံးလောက် ကုန်နေလို့ မတင်ဖြစ်တော့တာပါ၊ Chat box မှာ အော်ဒါတင်လို့ ရပါတယ်၊ အခုလည်း ထပ်ရောက်ပါတယ်😁😁😁

ပြည်ကြီးငါးရိုး အစာထိုး Delinature က ထုတ်တဲ့ခရုကျောက်မှုန့် ကျွေးလို့ ရပါတယ်၊ သူ့အကြောင်းရေးထားတာလေး အောက်က link မှာ ဖတ်...
25/06/2024

ပြည်ကြီးငါးရိုး အစာထိုး Delinature က ထုတ်တဲ့ခရုကျောက်မှုန့် ကျွေးလို့ ရပါတယ်၊ သူ့အကြောင်းရေးထားတာလေး အောက်က link မှာ ဖတ်ကြည့်ပါနော်👇👇👇
https://www.facebook.com/share/p/vHpAHWapqcq6iVoA/?mibextid=oFDknk

ဌက်ပေါက်စာဆို Hibari မှဆိုတဲ့သူတွေအတွက် ထပ်ရောက်ပါပြီ 💙💙💙တစ်ထုပ် - 8000ကျပ်
25/06/2024

ဌက်ပေါက်စာဆို Hibari မှဆိုတဲ့သူတွေအတွက် ထပ်ရောက်ပါပြီ 💙💙💙

တစ်ထုပ် - 8000ကျပ်

ရောက်ကုန် ..... ပြန်မျှော်.....ရောက်ကုန် ဆိုတာ Expert Parrot ပါဘဲ 😁😁😁1kg - 16500ကျပ်
25/06/2024

ရောက်ကုန် ..... ပြန်မျှော်.....ရောက်ကုန် ဆိုတာ Expert Parrot ပါဘဲ 😁😁😁

1kg - 16500ကျပ်

ယိုးဒယားနေကြာ အကြားအကြီးတွေ ရောက်ပါပြီ၊ တစ်လက်မဆိုဒ်လေးပါ 🌻🌻🌻1kg - 10500ကျပ်တစ်ပြည် - 7500ကျပ်
25/06/2024

ယိုးဒယားနေကြာ အကြားအကြီးတွေ ရောက်ပါပြီ၊ တစ်လက်မဆိုဒ်လေးပါ 🌻🌻🌻

1kg - 10500ကျပ်
တစ်ပြည် - 7500ကျပ်

24/06/2024

တေးသံ ပြေးလာတာ အသက်ပါ.....

မင်မင် ကလေးတွေတောင် မျက်စိရှေ့တင် ရည်းစားထားတတ်တဲ့ အရွယ်ရောက်ကြပြီ 🙄🙄🙄

မင်မင် Customer ရဲ့ ကလေး တမာအထီးလေး ကီးကီး အိမ်ကို ပထမ တစ်ခါလာတော့ မင်မင် သမီးလေး တာတီး က နောက်က လိုက်တာတဲ့ အဲ့ဒီနေ့ က မင်မင် အိမ်မှာမရှိဘူး၊

ဒီနေ့ ဒုတိယအကြိမ်ပါလာတော့ တာတီးမ မူနေတာ ပုံမှန်ဆို customer လာရင် အောက်မှာ ဝင်ပုန်းနေကြ မင်မင် ဆီ လာဝယ်တဲ့သူတွေဆို သိကြပါတယ်၊ အခုက ဘေးနားက ကောင်လေး နဲ့ အကြည့်ချင်းဆုံနေတာ......

အော်.... အခုခေတ် ကလေးတွေဘဲ မလွယ်တာ မဟုတ်ဘူး၊ ကြက်တူရွေးတွေပါ မလွယ်တော့ဘူး၊ ကိုယ့်သမီးရွေးတဲ့ ကောင်လေးကလည်း ရည်ရည်မွန်မွန်လေး မျက်နှာကလည်း ချစ်စရာလေး ဆိုတော့ 😁😁😁

မောင်လေး ကြက်တော တေးသံ က ဘယ်လိုတွေတောင် စိတ်တွေပူနေလဲ‌ဆိုတာ Video ထဲမှာ ကြည့်ပေးပါနော်🤣🤣🤣

မင်မင် အပြင်သွားတာကြာပြီး အိမ်ပြန်ရောက်ရင် တေးသံ အပြစ်ပေးတာ ခံရပါတယ်၊ အိမ်က အမေတောင် ဘာမှမပြောရဘူး😫😫😫ဘယ်လို အပြစ်ပေးခံရလ...
24/06/2024

မင်မင် အပြင်သွားတာကြာပြီး အိမ်ပြန်ရောက်ရင် တေးသံ အပြစ်ပေးတာ ခံရပါတယ်၊ အိမ်က အမေတောင် ဘာမှမပြောရဘူး😫😫😫

ဘယ်လို အပြစ်ပေးခံရလဲဆိုတော့ ပုံထဲကလို ခေါင်းပေါ်က မဆင်းတော့ဘူး၊ ဒီနေ့ အပြင်ကပြန်လာတာ ညောင်းလို့ ခဏ ကုတင်ပေါ်လှဲနေတာ ခေါင်းပေါ်က ဘယ်လိုမှ ခေါ်မရဘူး၊ နောက်ကို အပြင်အကြာကြီး မထွက်ရဲတော့ပါဘူးဆိုပြီး မင်မင် ငိုရမလို ဖြစ်နေတယ် 😭😭😭

22/06/2024

ကြက်တူရွေး တစ်ကောင် ရက်သားလေး ကတည်းက စကားပြောတတ်တယ်ဆိုတာ တေးသံနဲ့ တွေ့မှ မင်မင် ယုံကြည်ခဲ့တာပါ၊ ရက်20သား‌ကျော် တစ်လမပြည့်ခင် ကတည်းက ခွေးလို အော်တတ်တာပါ၊ မွေးရာပါဗီဇ နဲ့ ဘေးက လမ်းကြောင်းပေးမှုပေါ် မူတည်ပါတယ်☺️☺️☺️

လွန်ခဲ့တဲ့2နှစ်က တင်ထားတဲ့ တေးသံ 4လသားတုန်းက Postလေး memoryပြန်တက်လာလို့ ပြန်share လိုက်တာပါ😁😁😁

မင်မင် ဒီနေ့ share ပေးချင်တာကတော့ ကလေးတွေမှာ အဖြစ်များလို့ မင်မင် ဆီ အမေးအများဆုံး ခြေသည်းကျွတ်တဲ့ အကြောင်းပါ ......လွန်...
22/06/2024

မင်မင် ဒီနေ့ share ပေးချင်တာကတော့ ကလေးတွေမှာ အဖြစ်များလို့ မင်မင် ဆီ အမေးအများဆုံး ခြေသည်းကျွတ်တဲ့ အကြောင်းပါ ......

လွန်ခဲ့ရက် 8ရက်နေ့က မင်မင်ညနေပိုင်း အပြင်က ပြန်ရောက်တော့ ကလေးတွေ အိမ်သန့်ရှင်းရေး လုပ်ပေးရင်း သူတို့ကို တစ်ကောင်ချင်းဆီ ခေါ်ပြီး နမ်းတဲ့အခါ တုန်တုန်ချစ် ခြေချောင်း တစ်ချောင်းက သွေးတွေ ထွက်နေပါတယ်၊ သွေးတွေက အများကြီး ခြောက်နေပြီ၊ သူတို့ ထိုင်တဲ့ တန်းစင်တင်ပေးထားတဲ့ ကော်ပုံးကြီး ပေါ်မှာလည်း သွေးတွေ အများကြီးပေပြီး ခြောက်နေပါတယ်🥹🥹🥹

မင်မင်လန့်သွားပြီး သူ့ခြေချောင်းက သွေးတွေကို ရေအရင် ဆေးပေးလိုက်ပါတယ်၊ ပြီးတော့ ကြည့်လိုက်တဲ့အခါ ခြေသည်း ငုတ်တိုလေးဘဲ ရှိတော့တယ်၊

ချက်ချင်း ဘီတာဒိုင်း(Betadine) လိမ်းပေးတော့ သူစပ်လို့ ထင်တယ် ထွက်ပြေးပါတယ်၊ ဆေးခြောက်တော့ နောက်တစ်ခါ ထပ်ထည့်ပေးပါတယ်၊ နောက်နေ့တော့ ဆေးထပ် မထည့်ပေး ဖြစ်တော့ဘူး၊ ဒါပေမဲ့ နောက်နေ့ ကစပြီး 4/5ရက်လောက် ကလေး လုံးဝအညှော်မမိအောင် သတိထားပါတယ်၊

အောက်က ပထမ ပုံလေးကတော့ ဖြစ်ပြီး နောက်10ရက်ကြာတဲ့ အချိန် ခြေသည်းပြန်ထွက်လာတဲ့ ပုံပါ😊😊😊

💥ခြေချောင်းသွေးထွက်ပြီဆို သတိထားရမှာက ဘာကြောင့်ဖြစ်တာလဲပါ???

မင်မင် က အိမ်မှာ လွှတ်ထားတော့ သူက လှောင်အိမ်တွေပေါ်‌ လျှောက်သွားရင်း ဒုတိယပုံမှာ ပြထားတဲ့အတိုင်း ခြေသည်းက လှောင်အိမ်သံဇကာစပ်ထားတဲ့ ကြားထဲညပ်ပြီး မင်မင် ကလည်း သူတို့နဲ့ မရှိနေတော့ သူ့ဖာသာဆွဲထုတ်ရင်း ညပ်ကျန်ခဲ့တာပါ၊

အပေါ်ခြေသည်းအကြီးက ကျွတ်ကျန်ခဲ့ပေမဲ့ အောက်မှာ ခြေသည်းအတက် ငုတ်တိုလေး ရှိပါတယ်၊ ဒါပေမဲ့ သွေးထွက်ပြီးအနာဖြစ်တဲ့အတွက် အညှော်လုံးဝမိလို့ မရပါဘူး၊

💥အချို့သခင်တွေ ခြေထောက်မှာ သွေးတွေ ထွက်တာတွေ့တယ်၊ ဘာကြောင့်ဖြစ်လဲ မသိဘူးဆိုပြီး လာမေးတဲ့သူတွေအတွက် စဉ်စားရမှာ 2ချက် ရှိပါတယ်၊ ခြေသည်းကျိုးတာလား? ခြေချောင်း ပြတ်တာလား?

ခြေသည်းကျိုးတာဆို ခြေသည်း ပြန်ထွက်ပါတယ်၊ မစိုးရိမ်ရပါဘူး၊ ဒါပေမဲ့ အနာရှိနေတဲ့အချိန် အနာမကြတ်မချင်း ဟင်းချက်တဲ့ အနံ့ အညှော်နံ့တွေ ပေးခံလို့ လုံးဝမရပါဘူး၊ ‌အညှော်မိပြီး သေတယ်ပြောကြတာ အမှန်က ကလေးမှာ ဒဏ်ရာ အနာဖြစ်နေတာ သခင်က မသိဘဲ ဟင်းချက်တဲ့အညှော်နံ့တွေ ရှူမိလို့ပါ၊

💥အချို့က အညှော်မိရင် သေတယ်ဆို ကျွန်မ အိမ်ကကလေးကြတော့ မသေဘူးဆိုပြီး လာပြောတတ်ကြပါတယ်၊

ပုံမှန်အိမ်မှာစားဖို့ ချက်ပြုတ်တာ ကြော်တာလောက်တော့ အနာမရှိတဲ့ ကလေးဆို မသေပါဘူးနော်၊ တချိန်လုံး ငရုတ်သီးကြော်၊ ငါးကြော်၊ အကြော် ကြော်ရောင်းနေတဲ့ အိမ်ဆိုရင်တော့ ကလေးတွေက ဆက်တိုက် အညှော်မိလို့ မရပါ၊

💥ခြေချောင်းပြတ်တယ်လို့ ပြောတဲ့အခါ များသောအားဖြင့် ကြွက်ကိုက်လို့ ပြတ်တာများပါတယ်၊ ခြေချောင်းပြတ်ရင်တော့ ခြေသည်း ပြန်မထွက်ပါဘူး၊ ကြွက်ကိုက်တာ ဆိုရင်တော့ ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်တဲ့ စီနီယာတွေဆီ မေးပြီး ဆေးထည့်ရုံနဲ့မရပါ၊ ပိုးသတ်ဆေး တိုက်ဖို့ လိုအပ်ပါတယ်၊ ကြွက်က ရောဂါပိုးများတဲ့အတွက် ပိုးသတ်ဆေးမတိုက်ရင် ပိုးဝင်ပြီး ကလေး သေတတ်ပါတယ်၊

ဒါကတော့ မင်မင် လက်တွေ့ဖြစ်ခဲ့တဲ့ အတွေ့အကြုံရယ် မင်မင် 3 နှစ်တာအတွင်း Customerတွေ လာမေးကြတဲ့အခါ ဖြေပေးဖြစ်တဲ့ အတွေ့အကြုံတွေအရ ဗဟုသုတရအောင် Share ပေးခြင်း ဖြစ်ပါတယ်၊ နောက်ထပ် သိသင့်တဲ့အချက်များရှိရင် Comment မှာဖြည့်စွတ် အကြံပေးလို့ ရပါတယ်🥰🥰🥰

မင်မင် ရေးထားတဲ့ စာတွေကို လွတ်လပ်စွာ Share လို့ ရပါတယ်၊ Copy ယူရင်တော့ Credit: Twin Twin Online Pet Supply Store လို့ ရေးပေးပါနော်🩵🩵🩵

20/06/2024

မင်မင် ဆီ အမြဲဝယ်နေကြ Customer တွေဆို မင်မင် အကြောင်း အများကြီး သိကြမှာပါ၊ မင်မင် ဆီက လာဝယ်ရင် အတင်းမရောင်းတတ်သလို Customer က ဝယ်မယ်ပြောနေရင်တောင် မလိုရင် မရောင်းဘူး၊ မဝယ်ဖို့ဘဲ ရှင်းပြတယ်😇

အစာတွေ ပစ္စည်းတွေဆိုလည်း မင်မင် ကြိုက်မှ ရောင်းတာပါ၊ အစာဆိုလည်း မင်မင် က အရည်အသွေး နဲ့ ဈေးကြိုက်မှ ရောင်းတာတွေ များပါတယ်၊

မင်မင် အိမ်က ကလေးတွေအတွက် အခြားက အထူးအဆန်းအစာလေးတွေ ဝယ်လို့ ဈေးတန်တာ တွေ့ရင်လည်း Page မှာShare ပေးလို့ နယ်က Customerတွေဆို ရန်ကုန်ကနေ ဝယ်ထည့်ပေးဖို့ အကူအညီတောင်းလို့ ဝယ်ပေးရတတ်ပါတယ်၊

မင်မင် Post တင် share‌ ပေးတဲ့ စားစရာတွေဆို မင်မင် ပါ ထပ်ဝယ် မရအောင် city martမှာ ကုန်ရင်ကုန် မကုန်ရင်ဈေးတက်တာဘဲ၊

ပထမ တစ်ခါက City Mart က စွဲနေပြီ တံဆိပ် သဘာဝဖရုံစေ့ အထုပ်သေး အကြောင်း ပြောပြတာ အခု သဘာဝဖရုံစေ့အထုပ်သေး ဝယ်လို့ မရတော့ဘူး🙄🙄🙄

နောက်တစ်ခါ City Mart မှာ သဘာဝ သစ်ကြားသီး အရမ်းတန်လို့ ပြောပြတာ နောက်တစ်ခါ မင်မင် ကုန်လို့ ထပ်ဝယ်တော့ ဈေး 1500လောက် ထပ်တက်သွားတယ်၊

ဟိုတစ်ပတ်က‌တောင် အရင်က မင်မင် လေးတန်းပြောင်းဖူး အကြောင်း Post တင်ထားတာလေး မြင်ပြီး နယ်က customer တစ်ယောက် အကူအညီ ‌ တောင်းလို့ city martက ဝယ်ပြီး ထည့်ပေးလိုက်ရတယ်၊

အခုတစ်ခါလည်း ပြီးခဲ့အပတ်က နိုင်ငံခြားက ဗာဒံစေ့အကြီး (Almond စေ့) သန်လျင်ဘက်က ညီမလေးက သူ့ကလေးအတွက် လိုချင်တယ်ဆိုလို့ သိမ်ကြီးဈေးက လမ်းကြုံလို့ ဝယ်ပေးရင်း အိမ်က ကလေး‌တွေ အတွက်ပါ ဝယ်ဖြစ်သွားတယ်၊

အဲ့ဒီမှာ သဘာဝအစေ့အဆံတွေ ဈေးအရမ်းတန်တယ်၊ သဘာဝအစေ့အဆံ စားပြီး ဝိတ်ချနေကြတဲ့ မီမီတွေ အတွက် ကလေးလည်းစား မီမီလည်း စားလို့ရလို့ share ပေးလိုက်တာပါ၊

စားလား မစားလားတော့ Video ထဲမှာ ကြည့်လိုက်ပါနော်😋😋😋

Digital အပူတိုင်းစက်လေးကို နောက်2ရက်ကြာမှ မဲဖောက်ပေးမယ်နော်၊ ပါဝင်ချင်တဲ့သူများ ပါဝင်လို့ ရပါသေးတယ်😍😍😍
19/06/2024

Digital အပူတိုင်းစက်လေးကို နောက်2ရက်ကြာမှ မဲဖောက်ပေးမယ်နော်၊ ပါဝင်ချင်တဲ့သူများ ပါဝင်လို့ ရပါသေးတယ်😍😍😍

19/06/2024

မင်မင် ပြီးခဲ့တဲ့အပတ်က မင်မင်ကို မြင်ဖူးတဲ့သူထဲက တစ်ယောက်ကို Millet 500g ဒီနေ့ မဲဖောက်ပေးမယ် ပြောထားတာ မဲပေါက်သွားတဲ့ Account ပိုင်ရှင်ကတော့ "ဗိသုကာ နန်းတော် အိမ်ခြံမြေ Account" ဖြစ်ပါတယ်🎉🎉🎉

မင်မင် ကို chat box က ဆက်သွယ်ပြီး လက်ဆောင်လေးကို တစ်ပတ်အတွင်း လာထုတ်ပေးပါနော်🥳🥳🥳

ဒီနေ့ မင်မင် Page လေး 3နှစ်ပြည့်အနေနဲ့ ဒီနေ့ အော်ဒါတွေထဲက 20000ကျပ်အထက် ကစပြီး လက်ဆောင်လေးတွေ ထည့်ပေးလိုက်ပါတယ်၊ ကြိုမပြ...
19/06/2024

ဒီနေ့ မင်မင် Page လေး 3နှစ်ပြည့်အနေနဲ့ ဒီနေ့ အော်ဒါတွေထဲက 20000ကျပ်အထက် ကစပြီး လက်ဆောင်လေးတွေ ထည့်ပေးလိုက်ပါတယ်၊ ကြိုမပြောထားဘဲ surprise ထည့်ပေးတာပါ😁😁😁

မင်မင် မဲဖောက်ပေးမယ် ပြောထားတဲ့ Post 2ခု ကိုလည်း ဒီနေ့ မဲဖောက်ပေးပါမယ်🥳🥳🥳

18/06/2024

ဒီနေ့မနက်က customerတစ်ယောက် သူ့ကလေးလေး Sun Conure နဲ့ အတူ အစာလာဝယ်တာ သူ့ကလေးလေးအတွက် စားဖို့ ပန်းသီးနဲ့ ပြောင်းဖူး ယူလာတာကို တေးသံ က သူများ ပန်းသီးကို မင်မင် မကျွေးထားသလိုဘဲ သွားစားပါတယ် 🫣🫣🫣

ဈေးသွားရင်လည်း ဈေးသည်တွေက ချစ်လို့ လိမ်မော်သီးကျွေးရင် အရမ်းစားတယ်၊ ရပ်ခိုင်းလို့ မရဘူး၊

Customer ပြန်သွားတော့ အိမ်က ပန်းသီးခွဲကျွေးတော့ ဘယ်လိုစားနေလဲဆိုတာ Video ထဲမှာ ကြည့်ပါနော်😁😁😁

ကလေးတွေကို ခရမ်းဂျွတ်သီး၊ ခရမ်းသီး နဲ့ ခရမ်းချဉ်သီး ကျွေးလို့ ရလား cbမှာမေးထားတဲ့ မီမီတွေအတွက် ဖတ်လို့ရအောင် ပြန်share ပ...
16/06/2024

ကလေးတွေကို ခရမ်းဂျွတ်သီး၊ ခရမ်းသီး နဲ့ ခရမ်းချဉ်သီး ကျွေးလို့ ရလား cbမှာမေးထားတဲ့ မီမီတွေအတွက် ဖတ်လို့ရအောင် ပြန်share ပေးတာပါ၊ ဒီမှာ ဖတ်ကြည့်ပေးပါနော်😊😊😊

16/06/2024

နေ့လည်မှာ မိုးရွာမှ အိပ်တတ်တဲ့ ကြက်တောလေးတွေ ရှိပါတယ်၊ ကြက်တောလေးတွေ မအိပ်ရင် မီမီတွေ လိုက်ထိန်းရတာ မောရပါတယ်⛈️⛈️⛈️

ဒီနေ့ နေ့လည် မိုးမရွာတော့ တေးသံ မအိပ်ဘဲ မင်မင် ကို လိုက်ရှုပ်နေတာနဲ့ အလုပ်လုပ်လို့မရလို့ ကြက်တောထိန်းနည်းအသစ် လုပ်ကြည့်လိုက်ပါတယ်၊ အဆင်ပြေလို့ အားလုံးကို Shareပေးတာပါ😁😁😁

Tok Tok မလေး နှုတ်သီးအခွံလဲတဲ့အကြောင်း ပြီးခဲ့တဲ့လ 15ရက်နေ့က Postတင်ခဲ့တာ ပထမပုံကလိုဖြစ်နေတာ  ဒီနေ့ တစ်လပြည့် ပြောင်းလဲန...
15/06/2024

Tok Tok မလေး နှုတ်သီးအခွံလဲတဲ့အကြောင်း ပြီးခဲ့တဲ့လ 15ရက်နေ့က Postတင်ခဲ့တာ ပထမပုံကလိုဖြစ်နေတာ ဒီနေ့ တစ်လပြည့် ပြောင်းလဲနေမှု ဒုတိယပုံကို ယှဉ်ရိုက်ပြထားတာပါ😍😍😍

https://www.facebook.com/share/v/xWJYzaYDewV1YxjA/?mibextid=oFDknk

ကြက်တူရွေးလေးတွေ သဘာဝအရ နှုတ်သီး ပြောင်းလဲမှုအကြောင်း မင်မင် လေ့လာနေတာ ကိုယ့်အိမ်က ကလေးကို ဘာဆေးမှ လုံးဝမတိုက်ဘဲ အစာကိုဘဲ အာဟာရစုံ‌အောင် ဂရုစိုက်ကျွေး နေ့တိုင်းစောင့်ကြည့်ရင်း ပြောင်းလဲလာမှု အခြေအနေပါ၊ အောက်ပိုင်းက တော်တော်လှပြီး အပေါ်ပိုင်းလေးဘဲ ကျန်ပါတော့တယ်၊

ကလေးတွေက အသက်ကြီးလာတာနဲ့အမျှ တစ်ခုခု အသစ်အပြောင်းအလဲတွေမှာ ကြာတတ်ပါတယ် 🦜🦜🦜

15/06/2024

လွန်ခဲ့တဲ့ 2နှစ်က videoလေး ပြန်တက်လာလို့ ပြန်ကြည့်မှ တေးသံ က ငယ်ငယ်ကတည်းက သူ့ကို ဘာမှမကျွေးထားတဲ့အတိုင်းကို သူများဆီက တောင်းစာနေတာပါလား 😆😆😆

Address

Yangon

Telephone

+959780400387

Website

Alerts

Be the first to know and let us send you an email when Twin Twin Online Pet Supply Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Supplies in Yangon

Show All