Animal Health

Animal Health Online Veterinary Consultation Clinic

အွန်းလိုင်း တိရစ္ဆာန် ဆေးကုခန်း

တိလေးတွေ အရေပြားရောင်ရမ်းခြင်းဖြစ်တဲ့အခါ
24/12/2024

တိလေးတွေ အရေပြားရောင်ရမ်းခြင်းဖြစ်တဲ့အခါ


24/12/2024

ခွေးကြောင်လေးတွေ ဘာလို့အိမ်ကထွက်ပြေးတာလဲ

❗ သင့်ပေါ့လျော့မှု၊ သင့်လျစ်လျူရှုမှုကြောင့် အာဝုလေးတွေ ရဲ့ အသက်အန္တရာယ် မထိခိုက်ပါစေနဲ့။ခွေးလေးတွေက လူတွေလို သူတို့ခံစာ...
23/12/2024

❗ သင့်ပေါ့လျော့မှု၊ သင့်လျစ်လျူရှုမှုကြောင့် အာဝုလေးတွေ ရဲ့ အသက်အန္တရာယ် မထိခိုက်ပါစေနဲ့။

ခွေးလေးတွေက လူတွေလို သူတို့ခံစားရတာကို မပြောပြတတ်ကြတာကြောင့် သူတို့လေးတွေမှာ ဖြစ်လာတဲ့
အ​ပြောင်းအလဲလေးတွေ လက္ခဏာလေးတွေ အမူအရာလေးတွေကို ဂရုစိုက်နေဖို့လိုအပ်ပါတယ်။


ခွေးလေးတွေကိုကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဘယ်လိုသစ်သီးတွေ ကျွေးမွေးသင့်သလဲ။သရက်သီး - သင့်တင့်စွာ စားသုံးခြင်းက ဗီတာမင် ...
22/12/2024

ခွေးလေးတွေကိုကျန်းမာရေးအတွက်အထောက်အကူပြုတဲ့
ဘယ်လိုသစ်သီးတွေ ကျွေးမွေးသင့်သလဲ။

သရက်သီး
- သင့်တင့်စွာ စားသုံးခြင်းက ဗီတာမင် A ၊ B6 ၊ C နဲ့ E တို့
ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေးပြားနဲ့
မျက်လုံးကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

စတော်ဘယ်ရီသီး
- စတော်ဘယ်ရီသီးလေးတွေကို သင့်တင့်စွာ စားသုံးခြင်းက
အမျှင်ဓာတ်နဲ့ ဗီတာမင် ကြွယ်ဝစေပြီး ခွေးလေးတွေရဲ့
သွားကို သန့်ပြီး ဖြူဖွေးစေတဲ့ enzymes ပါဝင်ပါတယ်။
သဘာဝသကြားဓာတ်ကြောင့်
အများအပြား မကျွေးမိစေရန်တော့လိုအပ်ပါတယ်။

ဖရဲသီး
- ဖရဲသီးမှာဆိုရင် ရေဓာတ်က ၉၂ ရာခိုင်နှုန်းအထိပါဝင်ပြီး
ဗီတာမင် A ၊ B6 ၊ C ဓာတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့်
တိလေးတွေအတွက် သင့်တော်တဲ့
အစားအစာတစ်ခုဖြစ်ပါတယ်။
တိလေးတွေ စားတဲ့အခါ ဖရဲစေ့လေးတွေပါ မစားမိစေဖို့
ဂရုစိုက်ရပါမယ်နော်။

ပန်းသီး
- ဗီတာမင် A နဲ့ C မြင့်မားစွာပါဝင်တာကြောင့်
အစာခြေဖျက်မှုအားကောင်းစေပါတယ်။
အစေ့များ မစားမိစေပါနဲ့။

ငှက်ပျောသီး
- ပိုတက်ဆီယမ်၊ ဘိုင်အိုတင်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်များ
များဝင်ပြီး ခွေးလေးတွေနဲ့ သင့်တော်တဲ့ အစားအစာတစ်မျိုး
ဖြစ်ပါတယ်။ သဘာဝ သကြားဓာတ်ကြောင့်
အများအပြားမကျွေးသင့်ပါ။


ခွေးလေးတွေ ဝမ်းချုပ်ရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို ပြောပြခဲ့ပြီးပြီဆိုတော့ ဘာကြောင့်ဝမ်းချုပ်ရတာလဲ၊ ဘယ်လိုကာကွယ်နိုင်လဲ၊...
21/12/2024

ခွေးလေးတွေ ဝမ်းချုပ်ရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို ပြောပြခဲ့ပြီးပြီဆိုတော့ ဘာကြောင့်ဝမ်းချုပ်ရတာလဲ၊
ဘယ်လိုကာကွယ်နိုင်လဲ၊ ဆိုတာလေးတွေ ဆက်လေ့လာရအောင် 💙

ခွေးလေးတွေ ဝမ်းချုပ်ရခြင်းဟာ စားသောက်မှုပုံစံနဲ့ အဓိက သက်ဆိုင်နေတတ်ပါတယ်။

- အမျှင်ဓာတ်ချို့တဲ့ခြင်းကြောင့်လည်းခွေးလေးတွေဟာ ဝမ်းချုပ်တဲ့ ပြဿနာ ကို ခံစားကြရပါတယ်။ ဒါကြောင့် ကိုယ့်ခွေးလေးတွေဟာ ဝမ်းချုပ်ခြင်းကို ခံစားနေရရင် အမျှင်ဓာတ်ပါတဲ့ အစားအစာလေးတွေ ဦးစားပေးကျွေးသင့်ပါတယ်။

- ရေဓာတ်ခန်းခြောက်ခြင်း ကလည်း ဝမ်းချုပ်စေလို့
တိလေးတွေကို ရေများများတိုက်ဖို့လဲ မမေ့ပါနဲ့။

- အစာကြေမလွယ်သော အစားအစားများ စားမိခြင်း ကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်တတ်ကြပါတယ်။ အစားအစာများကို မမာလွန်းတဲ့ ခပ်ပျော့ပျော့ အစားအစာလေးတွေနဲ့ အရည်ပါသော ဟင်းများကို အဓိက ထားပြီး ကျွေးသင့်ပါတယ်။

- နောက် တစ်ချက်ကတော့ သွားလာလှုပ်ရှားမှု နည်းတဲ့ ခွေးလေးတွေဟာလည်း အူလှုပ်ရှားမှုနည်းပါးပြီး အစာချေလမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။
ဒါ့အပြင် သင့်ခွေးလေးက ထိခိုက်ဒါဏ်ရာ ရလို့ခပ်ကြာကြာ သွားလာလှုပ်ရှားမှုမရှိတာမျိုးကလည်း သင့်ခွေးလေးကို ဝမ်းချုပ်စေပါလိမ့်မယ်။ဒါကြောင့် ခွေးလေးတွေ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရစေဖို့လည်း ဂရုတစိုက်စောင့်ရှောက်သင့်ပါတယ်။

ဝမ်းချုပ်ခြင်းကြောင့် ခွေးလေးတွေဟာ ဝမ်းဗိုက်နာကျင်ပြီးမသက်မသာ ခံစားရခြင်း
ကျောရိုးထိခိုက်မှုများ ဖြစ်ခြင်း၊ အစာခြေလမ်းကြောင်း ပိတ်ဆို့ခြင်းများ ဖြစ်ကာ ခွဲစိတ်ကုသရသည်အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခွေးလေးတွေဟာ ၄၈ နာရီထက်ပိုပြီး ပြင်းထန်စွာနာကျင်ခြင်း၊ အော့အန်ခြင်း မသက်မသာညည်းညူခြင်း ကဲ့သို့ ဝမ်းချုပ်နေသည့် လက္ခဏာများ ပြသလာပါက အချိန်မဆွဲဘဲ တိမွေးကု ဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်သင့်ပါတယ်။


20/12/2024

ကြောင်လေးတွေရုတ်တရက်လူတွေကို ဘာကြောင့်အပြင်းအထန်တိုက်ခိုက်တာလဲ

သားကို စိတ်မပူပါနဲ့ ဟူးမန်းမေမေ သားမှာလည်း သားအရည်အချင်းနဲ့သားပါ 🤣
20/12/2024

သားကို စိတ်မပူပါနဲ့ ဟူးမန်းမေမေ
သားမှာလည်း သားအရည်အချင်းနဲ့သားပါ 🤣


20/12/2024

ခွေးကြောင်‌‌ လေးများရွေ့ပြောင်းသယ်ဆောင်ခြင်းကြောင့် ရရှိလာသော စိတ်ဖိစီးမှုကို ဘယ်လို‌ ‌‌ ဖြေရှင်းကြမလဲ?

ကဲ ဆောင်းဝင်လာပြီဆိုတော့ အအေးကြောက်တဲ့တစ်ချို့တိလေးတွေက ရေသောက်နည်းလာတတ်တာ သတိထားမိကြလား။ဒါဆို တိလေးတွေ ရေသောက်နည်းတဲ့ ပ...
19/12/2024

ကဲ ဆောင်းဝင်လာပြီဆိုတော့ အအေးကြောက်တဲ့တစ်ချို့တိလေးတွေက ရေသောက်နည်းလာတတ်တာ သတိထားမိကြလား။

ဒါဆို တိလေးတွေ ရေသောက်နည်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
မေးခွန်းရှိရင် အဖြေရှိပါတယ်။

အ​ဖြေကိုသိသွားပြီးရင်တော့ ဟူးမန်းတို့ရဲ့တိလေးတွေက ရေဓာတ်ဆုံးရှုံးမှုပြဿနာကို ဆောင်းတွင်းတစ်တွင်းလုံး ​ကောင်းကောင်းမွန်မွန် ဖြတ်ကျော်သွားနိုင်မှာပဲ ဖြစ်ပါတယ်။


စူစူ လေးဟာ ယားနာပြဿနာ ကို ၂လလောက်အလူးအလဲခံစားခဲ့ရပြီး သခင်လည်းစိတ်ပင်ပန်းခဲ့ရပေမယ့် ပြောသမျှ လမ်းညွှန်သမျှကိုစိတ်ရှည်ရှည...
19/12/2024

စူစူ လေးဟာ ယားနာပြဿနာ ကို ၂လလောက်အလူးအလဲခံစားခဲ့ရပြီး သခင်လည်းစိတ်ပင်ပန်းခဲ့ရပေမယ့် ပြောသမျှ လမ်းညွှန်သမျှကိုစိတ်ရှည်ရှည်နဲ့မညည်းမညူပြုစုပေးလို့ ယခုယားနာများသက်သာလာပြီဖြစ်ပါတယ်။

ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာတွေ သင်သိပြီးပြီလား။ခနခနတွေ့နေရလို့ သိနေပေမယ့်လည်း တကယ်ရော ရှောင်ရှားပြီ...
18/12/2024

ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့
အစားအစာတွေ သင်သိပြီးပြီလား။
ခနခနတွေ့နေရလို့ သိနေပေမယ့်လည်း တကယ်ရော ရှောင်ရှားပြီးကျွေးမွေးရဲ့လား။
အာဝုလေးတွေ ကျန်းမာဖို့ ဟူးမန်းတွေက ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။
အသေးစိတ်သိရှိလိုပါက page messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


ဆောင်းရာသီမှာ ခွေးလေးတွေ အအေးမမိဖို့ ဘာတွေသိထားသင့်လဲ။ အကယ်၍ သင့်အနေနဲ့ အောက်တွင်ဖော်ပြထားသော အချက်များထဲမှ အအေးမိလက္ခဏာ...
17/12/2024

ဆောင်းရာသီမှာ ခွေးလေးတွေ အအေးမမိဖို့ ဘာတွေသိထားသင့်လဲ။

အကယ်၍ သင့်အနေနဲ့ အောက်တွင်ဖော်ပြထားသော အချက်များထဲမှ အအေးမိလက္ခဏာ များကို သင့်ခွေးလေးတွေ ဆီမှာတွေ့ရပြီး သံသယရှိပါက တိရစ္ဆာန်အထူးကုဆေးရုံဆေးခန်းများတွင် အမြန်ဆုံး ဆွေးနွေးကုသမှုများ ပြုလုပ်သင့်ပါတယ်။


17/12/2024

ခွေးကြောင်လေးတွေ ဘာလို့ သက်ပြင်းခဏခဏချတာလဲ?

🔔 တိချစ်သူတို့ ဆောင်းရာသီမှာ ဂရုတစိုက်ရှိသင့်တဲ့ အချက်များ
16/12/2024

🔔 တိချစ်သူတို့ ဆောင်းရာသီမှာ ဂရုတစိုက်ရှိသင့်တဲ့ အချက်များ


16/12/2024

ဆောင်းရာသီမှာ ကျောက်ရောဂါ သွေးဝမ်းရောဂါ အသက်ရှူလမ်းကြောင်း ပြဿနာတွေကိုဘယ်လိုကျော်လွှားမလဲ

တိလေးတွေ ဝမ်းချုပ်တဲ့အခါ ပုံမှန်အားဖြင့် မေမေတွေ ဖေဖေတွေက သတိမထားမိတတ်ကြပါဘူး။ ဒီလိုနဲ့ ရောဂါကြီးပြီး ပိုပြဿနာမကြီးရလေအေ...
15/12/2024

တိလေးတွေ ဝမ်းချုပ်တဲ့အခါ ပုံမှန်အားဖြင့်

မေမေတွေ ဖေဖေတွေက သတိမထားမိတတ်ကြပါဘူး။
ဒီလိုနဲ့ ရောဂါကြီးပြီး ပိုပြဿနာမကြီးရလေအောင် လေ့လာထားသင့်ပါတယ်။

ကိုယ့်အတွက် အသုံးဝင်ပြီး လိုအပ်တယ်ဆိုရင် share သွားလို့ရပါတယ်ဗျ။

နောက်ထပ် ကိုယ့်တိလေးတွေနဲ့ပတ်သတ်ပြီး ပြောချင်တာလေးတွေ comment မှာ မန့်ခဲ့ပါအုံး ခင်ဗျ။


14/12/2024

ခွေးကြောင်မွေးထားတဲ့သူတွေ ‌တနေ့မလွဲမသွေ ကြုံရမယ့်အရာတစ်ခု

11/12/2024

ခွေးကြောင်လေးတွေ ဘာကြောင့် တစ်ပတ်မှာ အစာတနပ်နှစ်နပ်မစားတာ၊တစ်ပတ်မှာ အစာ ၂ရက် ၃ရက်မစားတာမျိုးတွေဖြစ်ရတာလဲ?

Address

Riffa

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:30

Telephone

09969867312

Alerts

Be the first to know and let us send you an email when Animal Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Animal Health:

Share