MARGO Pet Shop

MARGO Pet Shop Pet Shop

မြောက်ဒဂုံ(၄၈)ရပ်ကွက်ကခွေးဂေဟာမီးလောင်ရာသို့သွားရောက်ကူညီပေးခဲ့ပြီး ရသလောက်တော့ ကယ်ပေးခဲ့တယ်.ခလေးတွေ..ရင်ထဲမကောင်းဘူးဗျာ...
03/01/2024

မြောက်ဒဂုံ(၄၈)ရပ်ကွက်ကခွေးဂေဟာမီးလောင်ရာသို့သွားရောက်ကူညီပေးခဲ့ပြီး ရသလောက်တော့ ကယ်ပေးခဲ့တယ်.
ခလေးတွေ..ရင်ထဲမကောင်းဘူးဗျာ 😭😭
ဝဋ်ရကြွေးရှိခဲ့ရင်ဒီဘဝနဲ့သာကျေပါစေတော့ခလေးတို့ရေ

Crd

မင်္ဂလာပါMARGO Pet Shop မှပြန်လည်ကြိုဆိုပါတယ်🙏🏻ဒီ တစ် ခေါက် မှာ တော့ ရှု ရှူး အ ရမ်း ပေါက် တဲ့ ထိမ်း မ နိုင် တဲ့ က လေးတွ...
27/01/2023

မင်္ဂလာပါMARGO Pet Shop မှပြန်လည်ကြိုဆိုပါတယ်🙏🏻

ဒီ တစ် ခေါက် မှာ တော့ ရှု ရှူး အ ရမ်း ပေါက် တဲ့ ထိမ်း မ နိုင် တဲ့ က လေးတွေ တွက် စိတ် ညစ် နေ ရ တဲ့ ဖီ ဖီ မီ မီ တို့ အ တွက် ...

OKiKO တံ ဆိပ် သေးခင်း Pad Diaper 45 60cm အ ခု 50
ပါ
Ostech တံ ဆိပ် သေးခင်း Pad Diaper 45 60cm အ ခု 50 ပါ

Daili တံ ဆိပ် သေးခင်း Pad Diaper 45 60cm အ ခု 50
ပါ တွေ အ ခု ပဲ Order တင် နိုင် ပါ ပီ နော် 🎉

Yangon မြို့နယ် အ တွင်း Cash On Delivery- ပစ္စည်း ရောက် ငွေ ချေ စ နစ် ဖြင့် ပို့ ပေး ပါ သည်

နယ် မြို့ များ ကို တော့ ဂိတ် အ ရောက် ပို့ စ နစ် ဖြင့် ဝန် ဆောင် မှု ပေး ပါ တယ် 📦(ငွေလွှဲဝင်ပြီး24hours အတွင်းပစ္စည်းပို့ပေးပါသည်)

ကျန် မြို့ နယ် များ ကို တော့ Within 1/2 days အ တွင်း ပစ္စည်း ပို့ ဆောင် ပေး ပါ သည်။

❣အများစျေး လေးတွေလဲ ရှိလို့ Chat Box တွင်စုံစမ်းနိုင်ပါတယ်နော်😍

📌ချိုသာသောစျေးနှုန်း✔️
📌မြန်ဆန်သောဝန်ဆောင်မှု✔️
📌Quality ကောင် ပစ္စည်းမှန် ✔️
MARGO Pet’s food and Accessories Shop မှ အာမခံပါတယ်ရှင့် 💯

💌အသေးစိတ်သိလိုပါက Chat Box သို့ Hi လေးလုပ်လိုက်ပါနော် 💞

Margo pet mark မှ ပိတ်ရက်မရှိရောင်းချပေးနေပါတယ်နော် 😘😘😘

24hours လုံး အ ချိန် မ ရွေး order တင် နိုင် ပါ သည် 📥

🙏🙏🙏 Customer တစ်ဦးစီတိုင်းကိုကျေးဇူးတင်စွာဖြင့်.. 🙏🙏🙏

Save Your Time 🕐
MARGO Pet’s food and Accessories Shop Online

🥰🥰🥰 ချစ်ရတဲ့ Cus တို့ရေ မင်မင်တို့ MARGO Pet Shop မှာ ကြက်သား/ငါးသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ Okiko တံဆိပ်ဖြစ်တဲ့ Dog Snac...
27/01/2023

🥰🥰🥰 ချစ်ရတဲ့ Cus တို့ရေ မင်မင်တို့ MARGO Pet Shop မှာ ကြက်သား/ငါးသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ Okiko တံဆိပ်ဖြစ်တဲ့ Dog Snack လေးတွေအစုံ ရနေပါပြီနော် ယုံကြည်စိတ်ချစွာ လာရောက်၀ယ်ယူ အားပေးနိုင်ပါပြီနော်🥰🥰🥰

🐶🐕🐩ကိုယ့်ရဲ့ချစ်ရတဲ့ Pet လေးတွေ ကျန်းကျန်းမာမာနဲ့ လှပစေဖို့ Thailand Product လေးဖြစ်တဲ့ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ Okiko လေးကျွေးပါနော်🐶🐕🐩

ဆိုင် Phone number
☎️ 09266700096
☎️ 09266700095

မြန်မာနိုင်ငံ အနှံ့Pet ခေါ်ခွင့်ရသော ဟိုတယ်များ🐱🐶မူရင်းရေးသားသူကို credit ပေးပါတယ်တုန်ကလဲ ပြန်လည် မျှဝေပေးတာပါ  ☎️တစ်ချိ...
27/01/2023

မြန်မာနိုင်ငံ အနှံ့Pet ခေါ်ခွင့်ရသော ဟိုတယ်များ🐱🐶
မူရင်းရေးသားသူကို credit ပေးပါတယ်
တုန်ကလဲ ပြန်လည် မျှဝေပေးတာပါ
☎️တစ်ချို့ Hotel တွေ အပြောင်းအလဲ ရှိမှာဆိုးလို့ မသွားခင် ဖုန်းဆက်ပြီးတော့ သေချာအောင်တော့ ထပ်မေးကြည့် စေချင်ပါတယ် ☎️
🏡မေမြို့
✔️ Tea Story
✔️စိန်ခြူး
🙏🏻🙏🏻🙏🏻Bagan
✔️ Popa Mountain Resort
✔️ Heritage Bagan
✔️ Aureum Palace
✔️ Sky Palace Hotel
✔️ Bagan Land Hotel
🏔⛰🏔Kalaw
✔️ The Hotel - Kalaw Hill Lodge
✔️ Kalaw Heritage Hotel
✔️ Hill Top Villa
✔️ Dream Mountain
🗻🏔🛶Inle Lake
✔️ Aureum Palace
✔️ ViewPoint Ecolodge
🏝🌊🌊Chaung Thar
🌊 Amazing Chaungthar
🌊 The Belle Resort
🌊 Coral View
🌊 Akariz
🌊Golden Beach
🏖🌊🌊Ngwe Saung
✔️ Aureum Palace
✔️ ယမုံနာဦး
✔️ Emerald Sea
✔️ Yacht Club
✔️ RIA
✔️ At The Sea

✨✨✨Kalaw Hill Lodge နှင့် Coral View Chaung Thar က FOC လက်ခံပေးသလို အချို့ကတော့ အကောင် အသေး အကြီး ပေါ်မူတည်ပြီး charges ပေးရပါတယ်နော်….🐱🐶

Crd မူရင်postပိုင်ရှင်



MARGO Pet Shop မှအစဉ်အမြဲအား​ပေးကြ​သော မိတ်ဟောင်းမိတ်သစ် Customer များအား ​ကျေးဇူးတုန့်ပြန်​သောအားဖြင့် MARGO Pet Shop မ...
26/01/2023

MARGO Pet Shop မှအစဉ်အမြဲအား​ပေးကြ​သော မိတ်ဟောင်းမိတ်သစ် Customer များအား ​ကျေးဇူးတုန့်ပြန်​သောအားဖြင့် MARGO Pet Shop မှ မည်သည့်အစားအမျိုးအစားကိုမစိုတစ်ထုပ်ဝယ်ယူအားပေးရုံနဲ့ Betta Fish Half Moon (1 ) တစ်ကောင်အား လက်​ဆောင်​ပေးမှာဖြစ်လို့ အမြန်​လေးမှာယူအား​ပေးနိုင်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါတယ်ရှင့် ☺☺☺




Type- Royal Red Blue Halfmoon 💙❤️🤍S*x - MaleBreeding size🇹🇭Thailand Import6️⃣0️⃣0️⃣0️⃣☎️ 09 266 700 096 ☎️ 09 266 700 09...
03/12/2022

Type- Royal Red Blue Halfmoon 💙❤️🤍

S*x - Male

Breeding size

🇹🇭Thailand Import

6️⃣0️⃣0️⃣0️⃣

☎️ 09 266 700 096
☎️ 09 266 700 095


🌚

🍀🌼 အခုမှ ယုန်စမွေးမယ့်သူများဖတ်ရန် 🍀🌼♥ WRITTEN BY..MR.CHUU👉 ယုန်တစ်ကောင်အတွက် မရှိမဖြစ် လိုအပ်သောပစ္စည်းများ စာရင်း ဖြစ်...
01/12/2022

🍀🌼 အခုမှ ယုန်စမွေးမယ့်သူများဖတ်ရန် 🍀🌼

♥ WRITTEN BY..MR.CHUU

👉 ယုန်တစ်ကောင်အတွက် မရှိမဖြစ် လိုအပ်သောပစ္စည်းများ စာရင်း ဖြစ်ပါတယ် ...ပုံအစုံအလင်နဲ့
ပြနိတင်ပေးလိုက်ပါတယ် 😊

(1) မြက်ခြောက် (Timothy & Alfafa နှစ်မျိုးသာအဓိက)

6 လအောက်ဆို နှစ်မျိုးလုံးကျွေး....6 လအထက်ကို
Timothy တစ်မျိုးသာကျွေးပါ..Wheat Grass နှင့်
အခြားမြက်ခြောက်များကိုလည်း အပြောင်းအလဲအနေနဲ့
ရံဖနိရံခါရောကျွေးလို့ရသည်)

(2) အစာခြောက်..( တံဆိပ်အမျိုးမျိုးရှိပါသည်..
Apro ..Bokdok နင့် Smartheart တံဆိပ်များကို
အကျွေးများပါသည်)

(3) မြက်ခြောက်ထည့်သည့်ခွက် ( မမှောက်နိုင်သောခွက်)

(4) အစာခြောက်ခွက် ( မမှောက်နိုင်သောခွက်)

(5) ရေဘူး

(6) လှောင်အိမ် ( ငှက်လှောင်အိမ် သို့ ခွေးအိမ်)

(7) အခင်းပြား (ခြေထောက်မနာစေရန်)

(8)Dry Shampoo / ပေါင်ဒါ

ယုန်လေးများကို တတ်နိုင်လျှင် ရေမချိုးပေးပါနဲ့
Dry Shampoo သို့ ပေါင်ဒါမှုန့်သုံးပြီး သန့်ရှင်းရေး
လုပ်ပေးလို့ ရပါတယ်..

(9) ခေါင်းဘီး

ယုန်ခေါင်းဘီးတွေက ပုံစံအမျိုးမျိုးလာပါတယ်..
သူတို့ကို နေ့စဥ် ခေါင်းဖြီးပေးခြင်းဖြင့် အမွှေးထုံးတွေ
မဖြစ်တော့ဘဲ အမွှေးကျွတ်တာလည်း သက်သာပြီး
အမွှေးလေးတွေပါ လှလာပါလိမ့်မယ်

(10 )လိုအပ်သောဆေးဝါးများ

🌼 အားဆေးအမျိုးမျိုး...

( 1500 တန်အားဆေးအပြာ...Nutritional Paste..
Nutri Plus Gel..Rabbit Care..အစရှိသောဆေးများထဲမှ
တစိမျိုးမျိုးကို ဆောင်ထားနိုင်ပါသည်..အနည်းဆုံး တစ်ပတ်တစ်ခါ ပုံမှနိတိုက်ကျွေးလို့ရပါတယ်)

🌼 ဝမ်းပျက်လျှင်ဆောင်ထားရမည့်ဆေးများ

( ဝမ်းဆေးဘူးအဝါ...Bioflor...BBI ဓာတ်ဆား..
ဂလူးကို့စ်...တတ်နိုင်လျှင် ဒီဆေးတွေအကုန်
ဆောင်ထားပါ..ဝမ်းပျက်လျှင်တိုက်ပါ..
ဆေးတိုက်နည်းအတွက် link သက်သက်ရှိပါသည်)

🌼 Hairball Relief..

( အမွှေးကျွတ်သက်သာစေရနိနှင့်
​လျှာဖြင့်လျက်သောကြောင့် ဗ်ိုက်ထဲရောက်သွားသော
အမွှေးများ ဝမ်းနဲ့အတူ ပြနိထွက်စေရန်တိုက်နိုင်သည်
တစ်ပတ်တစိခါ တိုက်လို့ရပါသည်..

ဆေးမရလျှင် နာနတ်သီး...သဘေ်ာသီး ကျွေးနိုင်သည်
တစိခါကျွေး အထူ လက်နှစ်လုံး..အရှည်လက်တဆစ်)

🌼 နှာစေးပျောက်ဆေးVitaminC..

1500 တန်ဆေးဘူးအနီလေးဖြစ်ပါတယ်..ကလေးတွေ
အအေးပတ်ပြီး နှာစေးလျှင် ရေဘူးထဲ နှစ်စက်သုံးစက်
ထည့်ပြီး နေ့စဥ်တိုက်နိုင်သည်)

🌼ဝဲဆေး သို့ ဂုတ်အစက်ချဆေး

ယုန်လေးတွေဝဲဖြစ်လျှင်သုံးနိုင်သည်..သူတို့ဂုတ်က
အမွှေးကိုဖြဲပြီးအသားပေါ်ချပါ...
ပြွတ်မှာအမှတ်ကလေးတွေပါပါတယ်...
တစ်ခါချ 0.5 Cc...ဝဲ အနည်းအများပေါ်မူတည်ပြီး
3 ရက်တစ်ခါ... 5 ရက်တစိခါ...
တစိပတ် တစ်ခါ....နောက်ပိုင်းကျ တစ်လတစိခါ..
ဝဲပျောကိတဲ့အပြင် အမွှေးတွေပါထူပြီးလှလာပါလိမ့်မယ်
ဆေးစက်ချပြီးတာနဲ့ လက်ညှိုးလေးနဲ့
အသားထဲဝင်အောင် အသာယာပွတ်ပေးပါ....
တခြားယုန်တွေရှိပါက 10 မိနစ်လောက်ခွဲထားပါ..
အချင်းချငိးပြန်လျကိမိပြီး အန္တရာယ်ရှိနိုင်သည်)

🌼 ယုန်မျက်စဥ်း

Aprocin..အစရှိသဖြင့်

🌼 အနာကျက်ဆေးမှုန့်

လူဆေးဆိုငိမှာရောင်းပါသည်..တစ်ဘူးတစ်ထောင်..
သွေးထွက်သံယိုဖြစ်ပါက အနာကျက်ဆေးမှုန့် လေး
သိပ်ပေးလိုက်ရင် ပျောက်ပါတယ်..အရမ်းကောင်းပါတယ်..

🌼 တက်ထွာဆိုက်ကလင်းညှစ်တောင့်

ဒဏ်ရာတွေဘာတွေရရင် သူ့ကို သုံးလို့ရပါတယ်
အိမ်မှာ အချင်းချင်းချကြရင်း
ယုန်လေး ဒဏ်ရာရသွားလို့ ဆရာဝန်က
တက်ထွာဆိုက်ကလင်းညှစ်ဆေးတောင့်လေးပေးတာ
ပျောက်သွားပါတယ်

🌼 အမွှေးလှဆေး
(Procare ဆေးဘူးလေးရှိပါတယ်)

(11)သွားမရှည်စေရန် ကိုက်စရာပစ္စည်းများ

Apple Stick...မြက်ဘောလုံး.. အစရှိသဖြင့်

(12) ကစားစရာအမျိုးမျိုး/ အဝတ်အထည်များ

( ဝယ်လည်းရ....မဝယ်လည်းရပါတယ်)

(13) အိမိသာအိုး

ယုန်လေးတွေ စနစ်တကျ အာပီးတတ်စေရန် 😁
Toilet Train နည်းကတော့ သူတို့ပေါက်ထားတဲ့
ရှူရှူး အီအီးတုံးလေးတွေကို တစ်ရှူးနဲ့သုတ်ပြီး
အိမ်သာအိုးထဲ ထည့်ပေးပါ....နဂိုနေရာကို အနံ့မကျန်
ပါစေနင့်..အနံရှိတဲ့ နေရာကို လာပါလိမ့်မယ်

(14) Woodsheet

( သေးဗနိးတွင်ခင်းရသည်​့ အနံ့စုပ်လွှစာ)

(15) ယုန်ထညိ့သည့်အိတ်

ကျောပိုးအိတ်...ဘေးလွယ်အိတ် အမျိုးမျိုးရှိပါတယ်
ဆေးခနိးပြတာပဲ ဖြစ်ဖြစ်... အပြင်သွားတာပဲ ဖြစ်ဖြစ်
ခေါ်သွားလို့ရအောင် ဆောင်ထားနိုင်ပါသည်

🌺 အဓိက က စားစရာ....နေစရာနဲ့ အရေးပေါ်အတွက်
ဆေးဝါးအစုံအလင်ရှိရင်ရပါပြီ....ကျနိတာကတော့
ချဲ့လျှင်ချဲ့သလောက်ကုန်ပါတယ်..

🌺 🌺 အတွေ့အကြုံပေါ် အခြေ ခံပြီး
လိုရင်းအနှစ်ချုပ်သာ ဖော်ပြခြင်းဖြစ်၍
နောက်ထပ်လိုအပ်တာများရှိပါက နားလည်ခွင့်လွှတ်
ပေးကြပါရနိ မေတ္တာရပ်ခံပါတယ် 🌺🌺

မူရင်းpost ပိုင်ရှင်းအား credit ပေးပါတယ်

 Type- Royal Red Blue Halfmoon 💙❤️🤍S*x - MaleBreeding size🇹🇭Thailand Import6️⃣0️⃣0️⃣0️⃣☎️ 09 266 700 096 ☎️ 09 266 700 0...
30/11/2022



Type- Royal Red Blue Halfmoon 💙❤️🤍

S*x - Male

Breeding size

🇹🇭Thailand Import

6️⃣0️⃣0️⃣0️⃣

☎️ 09 266 700 096
☎️ 09 266 700 095


🌚

လှလိုက်တာဗျာ အနီရဲရဲ​လေး Fin, Form ကြိုက်လွန်းလို့😍အကောင်ကြီးကြီးFormကြီးကြီး😉Type- Red Solid Halfmoon❤S*x - MaleBreedin...
30/11/2022

လှလိုက်တာဗျာ အနီရဲရဲ​လေး

Fin, Form ကြိုက်လွန်းလို့😍

အကောင်ကြီးကြီးFormကြီးကြီး😉

Type- Red Solid Halfmoon❤

S*x - Male

Breeding size

Import from🇹🇭
4️⃣0️⃣0️⃣0️⃣

Cb or Ph-09783371004




ရန်ကုန်မြို့တွင်း Deli ရှိပါသည်။

နယ်စုံပို့ပေးပါသည်

ဂိတ်တင်ခ Deli-2000

ပို့ခ၊ပုံးခ တန်ဆာခ ဝယ်ယူသူဘက်မှရှင်းရပါမည်

☎️ 09 266 700 096

☎️ 09 266 700 095

🍷 Better fish ကို ဖန်လုံးအလှလေးတွေ မွေးရင်အဆင်ပြေပါ့မလား ????ငါ့သားသမီးတွေ ကန်များကျပ်နေမလားဆိုပြီး အမျိုးမျိုးတွေပြီးစိ...
28/11/2022

🍷 Better fish ကို ဖန်လုံးအလှလေးတွေ မွေးရင်
အဆင်ပြေပါ့မလား ????

ငါ့သားသမီးတွေ ကန်များကျပ်နေမလားဆိုပြီး

အမျိုးမျိုးတွေပြီးစိတ်ပူနေတဲ့ ဘော်ဒါတွေအတွက် Fancy ဖန်လုံးလေးနဲ့စွန်မိုက်နေမှုကြီးကိုတချက်သာရှိုးလိုက်တော့ 🍷

ဘယ်လောက် စိတ်ကြည်နူး ဖို့ကောင်းနေလဲဆိုတာ 🍀🍀

ဖန်လုံးလေးတွေ 4” မကနေ 8” အထိ Size စုံ Instock ရပါပြီနော်

စျေးနှုန်း နဲ့ အသေးစိတ်သိလိုပါက Messenger,Comments,Phone ကြိုက်နှစ်သက်ရာကနေ ထပ်မေးလို့ရပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ ။

☎️ 09 266 700 096
☎️ 09 266 700 095

ဗောက်ထခြင်း အ​ရေပြားမှို​စွဲခြင်းအတွက် ​ဆောင်းရာသီ ဝင်လာပြီဆိုတာနှင့် အ​ပြေားယားယံတာ မှိုစွဲတာကလည်း ​နောက်ဆက်တွဲ ကပ်ပြီး...
22/11/2022

ဗောက်ထခြင်း အ​ရေပြားမှို​စွဲခြင်းအတွက်

​ဆောင်းရာသီ ဝင်လာပြီဆိုတာနှင့် အ​ပြေားယားယံတာ မှိုစွဲတာကလည်း ​နောက်ဆက်တွဲ ကပ်ပြီးပါလာ​လေ့ရှိပါတယ် ။

​အ​​ရေပြားဖြစ်တဲ့ပြသနာကို ကုသကြတဲ့အခါ အခု​နောက်ပိုင်း ​သောက်​ဆေး ထိုး​ဆေး​တွေထက် အ​ရေပြားလိမ်း​ဆေး ဖြန်း​ဆေးကို ပိုပြီးအားထားလာကြပါတယ်။

မီးကို​ရေနှင့်ငြိမ်းသိလို ဖြစ်တဲ့​နေရာ တိုက်ရိုက် ကုသမူ​ပေးတဲ့သ​ဘောပါ ။

​စျေးကွက်ထဲမှာ​​တော့ Fungal နှင့်ပက်သက်ပြီး spray လာတာအရမ်းနည်းပါတယ် ။ တစ်ချို့ဆေး​တွေကလည်း အနံ့စွဲတာ အ​ရောင်စွဲတာ​တွေ ရှိပါတယ် ။

ကျွန်​တော်က​တော့ scaling , fungal infection စတဲ့​ရောဂါ​တွေအတွက်ဆိုရင် Fungoo Spray အ​တော်ကြိုက်ပါတယ် ။ အနံ့ကလည်း ​မွှေး​မွှေး​လေးပါ clear colour ဖြစ်လို့ အ​​ရောင်စွမ်းထင်းတာမျိုးမရှိပဲ အာနိသင်လည်း အ​တော်​ကောင်းပါတယ် Chlorhexidine ပါလို့ ဘက်တီးရီးယား​ကြောင့်ဖြစ်တဲ့ ​ရောဂါအတွက်လည်း သုံးလို့ရပါတယ် ။

ကျွန်​တော်က​​တော့ Fungal infection ဖြစ်ရင် ​ရေတစ်ပတ်တစ်ခါချိုး​ပေးခိုင်းပါတယ် ချုိးတဲ့အခါမှာလည်း အ​ရေပြားမှာ ရှိတဲ့ အ​မွှေးအိတ်​လေး​တွေ အရင် ပွင့်သွား​အောင် salicylic acid ပါတဲ့ Oatem shampoo နှင့်အရင်ချိုးပါတယ်။ အ​​မွှေးအိတ်​လေး​တွေအ​ရေပြားမှာ ပိတ်​နေရင် ​ဆေးအာနိသင် မရလုိ့ပါ ။
ပြီးရင် Fungoo shampoo နှင့် ၅မိနစ်​လောက် ထပ်နှပ်ထားပြီး ​ရေချိုး​ပေးပါတယ် ဒါမှ ​ဆေးရဲ့ အာနိသင်ဟာ အ​ရေပြားကို စိမ့်ဝင်တာပါ ။

​နောက်ဆုံးမှာ​​တော့ conditioner ​ကောင်း​ကောင်း​လေးနှင့် နှပ်ပြီးပြန်ချိုးလိုက်ရင် အ​ရေပြား​ရောဂါဟာ တစ်လအတွင်းအ​တော်သိသိသာသာ ​ပျောက်ပါတယ် ။
က​​လေးမယားရ​အောင် Fungoo spray ​လေး​တော့ မနက် ည ဖြန်း​ပေး​ပေါ့ ။ ​ဆေးဖြန်းတဲ့အခါ ပြန်မယက်​အောင် ​ကော်​လာ​လေး​​တော့ တပ်​ပေးပါ ။

မှတ်ချက် အ​ရေပြား​ရောဂါ​သည် အ​ကြောင့်အမျိုးမျိုးကြောင့်ဖြစ်နိုင်သည့်အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာသုံးသင့်ပါသည် ။

မူရင်း post ပိုင်ရှင်အား crd ပေးပါတယ်

ငါးကန် အလှဆင်ရန် 7Colour ရောင်စုံကျောက်စရစ်ခဲလေးတွေ ရောက်တယ်နော် 7Colour ရောင်စုံကျောက် 800g7Colour ရောင်စုံကျောက် 2kg 7...
19/11/2022

ငါးကန် အလှဆင်ရန် 7Colour ရောင်စုံကျောက်စရစ်ခဲလေးတွေ ရောက်တယ်နော်

7Colour ရောင်စုံကျောက် 800g

7Colour ရောင်စုံကျောက် 2kg

7Colour ရောင်စုံကျောက် 4kg

7Colour ရောင်စုံကျောက် 10Kg

ဆိုပြီး size 4 မျိုးခွဲထုပ်ပေးထားပါတယ်နော်

🚘ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မြို့နယ်တိုင်းသို့ အရောက်ပို့ဆောင်ပေးနေပါတယ်ဗျ
🚙 ရန်ကုန်ပြင်ပ အနယ်အနယ်အရပ်ရပ်သို့လည်း Customers များစိတ်တိုင်းကျ အဝေးပြေးဂိတ်ချ/အိမ်အရောက် ဈေးနှုန်းချိုသာမှန်ကန်သော အမြန်ချောပို့ Delivery service ဖြင့်ပို့ဆောင်ပေးလျက်ပါ ။

📦ကားထွက်သည့်မြို့များ ဂိတ်အရောက်ပို့ပေးသည်။
( ⚠️ပို့ခ၊ ဖော့ပုံးခ၊ တန်ဆာခ ရှင်းရမည်။ )

သိလိုပါက Messenger,Comments,Phone ကြိုက်နှစ်သက်ရာကနေ ထပ်မေးလို့ရပါတယ်ဗျာ

Phone number - 09266700096 ☎️
09266700095 ☎️

💸နယ်မှဝယ်ယူအားပေးချင်သော မိတ်ဟောင်း မိတ်သစ် ဖောက်သည်ကြီးများအတွက် Kpay နှင့် လက်ခံပေးပါသည် အပို % လုံးဝ လုံးဝ မယူပါ💸

co2 မလို .....soilမလို.....မီးမလို....အားဆေးမလို ....မြက်ခင်းတုလေးတွေရောက်ပါပြီSize  - 9” x 9”Size  - 23” x 18” Size နှစ...
18/11/2022

co2 မလို .....
soilမလို.....
မီးမလို....
အားဆေးမလို ....
မြက်ခင်းတုလေးတွေရောက်ပါပြီ

Size - 9” x 9”
Size - 23” x 18”

Size နှစ်မျိုးရှိ့ပါတယ် အသေးစိတ်ကို Page Chatbox မှာမေးပေးပါနော်

🚘ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မြို့နယ်တိုင်းသို့ အရောက်ပို့ဆောင်ပေးနေပါတယ်ဗျ
🚙 ရန်ကုန်ပြင်ပ အနယ်အနယ်အရပ်ရပ်သို့လည်း Customers များစိတ်တိုင်းကျ အဝေးပြေးဂိတ်ချ/အိမ်အရောက် ဈေးနှုန်းချိုသာမှန်ကန်သော အမြန်ချောပို့ Delivery service ဖြင့်ပို့ဆောင်ပေးလျက်ပါ ။

သိလိုပါက Messenger,Comments,Phone ကြိုက်နှစ်သက်ရာကနေ ထပ်မေးလို့ရပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ ။

ဆောင်းဝင်လာပြီဆိုတော့ Heater အသုံပြုပုံအကြောင်းလေးတွေပြောပြပေးခြင်လို့ပါHeaterဆိုတာ အလွယ်နည်းနဲ့ပြောရမယ်ဆို အထဲမှာအပူထိန...
18/11/2022

ဆောင်းဝင်လာပြီဆိုတော့ Heater အသုံပြုပုံအကြောင်းလေးတွေပြောပြပေးခြင်လို့ပါ

Heaterဆိုတာ အလွယ်နည်းနဲ့ပြောရမယ်ဆို အထဲမှာအပူထိန်းကိရိယာ Thermostatတပ်ထားပီးလိုအပ်တဲ့အပူချိန်ကိုအလိုလျောက်ဖြတ်တောက်ပေးတဲ့ကိရိယာတစ်ခုပဲဖြစ်ပါတယ်။(ရှင်းသွားပီဟုတ်😝)

"ကျွန်တော်တို့ငါးမွေးလာတာကြာပီဘယ်တော့မှheaterမသုံးခဲ့ဖူးပါဘူးငါးတွေလဲရှင်နေတာပဲလေHeaterသုံးဖို့မလိုပါဘူးကွာလို့ “စောဒကတက်ခြင်တတ်ပြီးပြောခြင်ပြောနိုင်ပါတယ်သို့ပေမယ့်တချို့သောငါလေးတွေဟာ သင့်တော်တဲ့အပူချိန်မရတာနဲ့တင်ရုတ်တရက်မသေဆုံးသွားတာမျိုးမရှိ့ဘူးဆိုပေမယ့်လဲရေအေးမှာအချိန်တော်တန်ကြာနေရတဲ့ငါးတွေမှာလှုပ်ရှားမှုနှေးကွေးလာပီးအတောင်တွေကုတ်လာကာ(ပါရာစိုက်)ဝင်ပီးရောဂါရလွယ်တတ်ပါတယ်

အစာကိုလဲပုံမှန်မစားတော့တာကြောင့်ခန္ဓာကိုယ်ကြီးထွားနှုန်းတွေကိုပါထိခိုက်လာနိုင်ပါတယ်ဒါကြောင့်အပူပိုင်းငါးမျိုးရင်းတွေကိုမွေးမယ်ဆိုရင်ဘယ်ငါးကိုဘယ်အပူချိန်မှာထားရမယ်ဆိုတာကိုတော့အရင်ဆုံးလေ့လာသင့်ပါတယ်

သို့သော် Heaterတွေမှာပါတဲ့အပူချိန်အမှတ်တွေဟာမှန်ကန်ခြင်းမရှိပါဘူးဒါကြောင့်မိမိအသုံးပြုနေတဲ့Heaterအပူချိန်အမှတ်ဘယ်လောက်ဟာငါးကန်ရေအပူချိန်ဘယ်လောက်ထိရှိတယ်ဆိုတာကိုသိထားဖို့လိုပါမယ်နော်

ထို့အတွက်ကြောင့် Heater ထည့်ထားတဲ့ငါးကန်ရေအပူချိန်ကိုလဲမကြာမကြာစစ်ဆေးပေးဖို့လိုအပ်ပါတယ် (ဥပမာ - ငါးကန်ထဲတွင်Thermoneter တချောင်း အမြဲထဲ့ထားခြင် )

Heaterတစ်ခုရဲ့စွမ်းဆောင်ရည်ကိုWattနဲ့တိုင်းတာပီးများသောအားဖြင့်100/200/300wattheaterတွေကိုအလွယ်တစ်ကူဝယ်ယူနိုင်ပါတယ်
ငါးကန်ပေါ်မူတည်ပြီးwattအနည်းအများကိုချိန်ဆပြီးဝယ်ယူဖို့လဲသတိထားရပါမယ်

ဥပမာ300wတပ်
ဖို့လိုတဲ့ကန်မှာ150wနှစ်ချောင်းတပ်ခြင်းကပိုအဆင်ပြေပါတယ်။အကယ်၍300wရှိတဲ့
heaterရဲ့Thermostatပျက်သွားတဲ့အခါအပူချိန်ဖြတ်တောက်ခြင်းရှိတော့မှာမဟုတ်ပါဘူး150wနှစ်ချောင်းတပ်တဲ့ကန်မှာတော့heaterတစ်ခုရဲ့Thermostatပျက်သွားခဲ့ရင်တောင်ကျန်တစ်ချောင်းဆက်ပီးထိန်းထားပေးနိုင်တဲ့အတွက်ကြောင့်ပါ

ကန်ကြီးတွေမှာဆိုရင်လဲwattအရမ်းနည်းတဲ့heaterကိုအသုံးပြုမိတဲ့အခါheaterဟာအချိန်အတန်ကြာအလုပ်လုပ်ရမှာဖြစ်လို့အပူလွန်ပီး Thermostat ပျက်စီးနိုင်ပါတယ်။

ဒီနေရာမှာရေထုမည်မျှတွင်Wattမည်
မျှရှိတဲ့heaterကိုအသုံးပြုရမလဲဆိုတဲ့ပြသနာကိုဖြေရှင်းဖို့လိုလာပါပီ

💯များသောအားဖြင့်တော့ ငါးကန်တွေအတွက်ရေ၁လီတာကို1wattနှုန်းနဲ့အသုံးပြုလေ့ရှိပါတယ်💯

ဥပမာ -
ရေလီတာ100ဆန့်တဲ့ငါးကန်မှာ100w
200လီတာဆန့်ကန်မှာဆို200wဆိုပြီးအစရှိသဖြင့်အသုံးပြုနိုင်ပါတယ်

💯 ဆောင်းတွင်းဘက်ရောက်လာတဲ့အခါမှာငါးကန်ရေကိုheaterနဲ့ထိန်းပီးမွေးသင့်ပါတယ်💯



🐟 Betta သားဖောက်နည်း 🐠__________________________-Betta အမတစ်ကောင်ဟာ အသက် ၃ လကျော်၄လအရွယ်တွင် စပြီး သားဖောက်နိုင်ပါသည်။-အ...
17/11/2022

🐟 Betta သားဖောက်နည်း 🐠
__________________________

-Betta အမတစ်ကောင်ဟာ အသက် ၃ လကျော်၄လအရွယ်တွင် စပြီး သားဖောက်နိုင်ပါသည်။

-အသက် ၃ လ ရှိပြီး ညှပ်ပြီး ကျန်နေခဲ့တဲ့ အမကတော့ မရပါဘူး။(ကျွန်တော့်အထင်၄လကျော်ကအကောင်းဆုံးဖြစ်ပါတယ်။)

-အကောင် ခပ်ထွားထွားနှင့် အရောင်အသွေးလှလှ ငါးမ တစ်ကောင်ကို ရွေးချယ်ပြီး ရေသန့်သန့်မှာ ရေတီ ၊ ပိုးလောက်လန်း စသော အကောင်ရှင်လေးတွေ Betta သီးသန့် အစာလေးတွေကို တစ်ပတ်(သို့မဟုတ်)၂ပတ် သေချာကျွေးပေးထားရပါမယ်။

-သားထောက်ဖို့အဆင်သင့်ဖြစ်နေတဲ့ အမတစ်ကောင်ဟာ ဗိုက်ကလုံးဝန်းနေပြီး ဥ ပြွန်အဖြူလေး အပြင်ကို ပြူထွက်နေတတ်ပါသည်။

-ထိုသို့ဥပြွန်ပြူထွက်နေတဲ့ Bettaအမဟာ သားဖောက်ဖို့ အကောင်းဆုံး အနေအထားရောက်နေပါပြီ။

-သူနှင့် မျိုးစပ်မယ့် အထီးက အမနှင့် အရွယ်အစားတူညီနေဖို့ လိုပါသည်။

-အမ ဥ ပြွန်ကျနေမှ ဖောက်လို့ရပါတယ်။
________________________________________

ဖောက်ရန် သတိပြုသင့်သည့် အချက်များ 🐟

-------------------------------------

-ဖောက်ရန်ကန်ကို အလျား ၁ ပေ အနံ ၁ ပေ အမြင့် ၁ ပေရှိသောကန်ဖြင့် ဖောက်နိုင်ပါသည်။

-Betta အထီးကို အမြှုပ်ထုတ်အားကောင်းသော အရေအသွေးနှင့် ကျန်းမာရေးကောင်းသော အထီးကို ရွေးချယ်ရန် လိုအပ်ပါသည်။

-စိတ်ကြိုက်ရလျှင် အထီးကို ဖောက်ကန်ထဲထည့်၍ ကန်ထောင့်ရေပေါ်တွင် တစ်လက်မ ပတ်လည် ဖယောင်း စက္ကူ သို့မဟုတ် ပလပ်စတစ်ပြားလေးကို ညှပ်၍(မရှိလျှင် ကျွတ်ကျွတ်အိတ် အပါးလေး ညှပ်၍) အထီးအသိုက်လုပ်ရန် ချထားပေးရပါမည်။

-မဖောက်ခင်အချိန်တွင် ဖောက်ကန်အတွင်းသို့ အထီးအားအရင်ထည့်ထားပါ။

-ပြီးလျှင် အမအား ချက်ချင်းမထည့်ပါနှင့်။( အမအား ပုလင်းတစ်ခုခုထဲထည့်၍ အထီးကန်ထဲတွင်အထီးမြင်သာအောင် ထားပါ ) ချက်ချင်းထည့်လိုက်ရင် အထီးက အမကို မယဉ်သေးရင် လိုက်ကိုက်တတ်တာ‌ကြောင့်ဖြစ်ပါတယ်။

-ဒါ့ကြောင့် အထီးကို ဖောက်ကန်ထဲတွင်ထည့်၍ အမအား ပုလင်းတစ်ခုဖြင့်ထည့်ကာ ဖောက်ကန်ထဲထည့်ရပါမည်။ ( ထိုသို့ ၁ ပတ်တိတိထားရပါမည် )

-ပြီးမှ အမအား ကန်ထဲသို့ လွှတ်ရပါမည်။
(⚠️အလွန်အရေးကြီးပါသည်။ ) သတိပြုရမည်။

-ဖောက်မည့်ကန်ကို လူအသွားအလာနည်းသည့်နေရာတွင်ထား၍ ကန်ကို ကတ္ထူစက္ကူ သားဖြင့် ဖုန်းထားပေးရပါမည်။(လေဝင်ရန်ကန် အဝကို အနည်းငယ်ဟထားပေးပါ။

-တစ်ပတ်ခန့်အကြာတွင် အထီး အသိုက်ပြုလုပ်မှု ပြီးစီးသွားပါက နောက်နေ့မနက်စောစောတွင် အမကို အထီးထားသော ဖောက်ကန်ထဲသို့ချပေးထားရပါမည်။

-ကန်ထဲသို့ရောက်လျှင် အမ မှ သားစိတ်တက်ရင်တက်သလို ဥများ စောစွာ ဥချပါမည်။

-အထီးမှ ဥ ချပြီးသော ဥများကို အမြုပ်များအတွင်းသို့ ကိုက်၍ သယ်ထည့်ပေးပါသည်။

-အမကို အနားကပ်မခံတော့ပါက တတ်နိုင်သမျှဖြေးညှင်းစွာ အမအား ပြန်ထုတ်၍ တစ်ခြားကန်တွင်ထားပေးရပါမည်။

-ဖောက်ကန်ကို ခဏခဏ သွားသွားမကြည့်ပါနဲ့။ အန္တရယ်ရှိတယ်လို့ထင်ရင် သူတို့ဥတွေကိုပြန်စားတတ်ပါတယ်။

-ဥပြီး ၃၆ နာရီ အကြာ ( ၁ ရက်ခွဲ ၂ ရက်ခန့် )တွင် အကောင်စပေါက်ပါသည်။ ထို သားပေါက်လေးများသည် ရေးမကူးကြသေးပါ။

-နောက်ထပ် ၄၈ နာရီ ( ၂ ရက်ခန့်) ကြာလျှင်
ရေစကူးပါသည်။

-ထိုအခါ အထီးအား ကန်အတွင်းမှ ထုတ်ပေးရပါမည်။
_____________________________________

အကောင်ပေါက်လေးများအား အစာကျွေးရန် 🐬
---------------------------------

-ငါးလေးများ ရေကူပြီး တစ်ရက်အကြာတွင် ငါးပေါက်ကလေးများ ကို ငုံးဥကို ကျက်နေအောင်ပြုတ်၍ အနှစ်အား လက်သည်းခွံ ပမာဏစာ ဖဲ၍ ကျေးညက်နေအောင် လက်ထဲတွင်ချေပါ ပြီးလျှင် ထို အနှစ်လေးအား အရည်ဖျော်၍ ချကျွေးပါ။

-အောက်စီဂျင် ပျော့ပျော့လေး ပေးထားနိုင်ပါသည်။ ( မကြမ်းပါစေနှင့် )

-အစာကျွေးနေစဉ် မိနစ် ၅၀ ခန့် သို့မဟုတ် နာရီဝက်ခန့် အောက်စီဂျင် အားပိတ်ထားပေးပါ။

-ကန်အဖုံးကို ဖယ်ရှားမပစ်လိုက်ပါနှင့်။(ပိုးကောင်များ မကျရောက်စေရန်)

-၇ ရက်‌‌မြောက်တွင်သားလောင်းများအား အာတီးမီးယား ရေပိုးနီ စကျွေးနိုင်ပါပြီ။

-ရေကို 30 % ခန့် 3ရက်တစ်ခါလဲပေးပါ။(အမြန်ကြီးထွားစေလိုလျှင် 40%ခန့် 1ရက်တစ်ကြိမ်ပုံမှန်လှယ်ပေးပါ။)

-ရေကို အနယ်များ အမှိုက်များမရှိစေပဲ သန့်နေအောင်ထားပါ။

-Oxygen stone တပ်ထားသော လေပိုက်အသေးလေးဖြင့်စုတ်ချပြီး ရေလဲလှယ်ပေးနိုင်ပါသည်။

-ရေတီစပြီး စားနိုင်လျှင် စိတ်ချရပါပြီ။

-သားပေါက်ပြီး Betta အမကို ၂ ပတ်အကြာတွင် နောက်တစ်ကြိမ် သားထပ်ဖောက်နိုင်ပါသည်။(1လကျော်မှဖောက်လျှင်ပိုသင့်တော်ပါသည်။)

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။ 😋
_____________________________________
-နောက်ထပ် betta knowledge တွေထပ်တင်ပေးအုန်းပါမလို့ page‌ကို like လေးလုပ်ပေးကြပါအုန်းခင်ဗျာ🙇
ယခု Post အား ကြိုက်နှစ်သက်လျှင် မိမိ၏ Wall ထဲတွင် သိမ်းထားလိုပါက Like , Share and Save နိုင်သည်။
မိမိကြိုက်နှစ်သက်သော Group များတွင်လည်း
Share နိုင်ပါသည်။ 😄😄

မူရင်းpostပိုင်ရှင်အားCrd ပေးပါတယ်

Filter System အတွက် တော်တော်ကောင်းမွန်တဲ့Bio Ball လေးတွေလဲ ဆိုင်မှာ ဝယ်ယူအားပေးလို့ရပါပြီ💢 Bio Ball ဆိုတာ နားလည်လွယ်အောင...
15/11/2022

Filter System အတွက် တော်တော်ကောင်းမွန်တဲ့
Bio Ball လေးတွေလဲ ဆိုင်မှာ ဝယ်ယူအားပေးလို့ရပါပြီ

💢 Bio Ball ဆိုတာ နားလည်လွယ်အောင်ပြောရရင်
Bacteria လေးတွေနေတဲ့ အိမ်လိုမျိုးလေးပါပဲ

💢 ဒီအလုံးလေးတွေကို Filter Box ထဲမှာထည့်ထားရင်
Pump ကနေ စုပ်တင်လိုက်တဲ့ရေထဲမှာ ပါလာမယ့်
မကောင်းတဲ့ဓတ်တွေဖြစ်တဲ့ Ammonia နဲ့ Nitrate ကို
Bio Ball ထဲမှာရှိတဲ့ Good Bacteria တွေက ချေဖျက်
ဓာတ်ပြယ်စေမှာဖြစ်လို့ တကယ်အသုံးဝင်ပါတယ် ✅

💢 Bio Ball မှမဟုတ်ပဲ တခြား Media တွေထည့်ရင်လဲ
ဒီလိုမျိုး ထပ်တူအကျိုးသက်ရောက်မှုရှိပါတယ် ✅

အိမ်အရောက်လာဝယ်ယူလို့ရသလို
🚘ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မြို့နယ်တိုင်းသို့ အရောက်ပို့ဆောင်ပေးနေပါတယ်ဗျ
🚙 ရန်ကုန်ပြင်ပ အနယ်အနယ်အရပ်ရပ်သို့လည်း Customers များစိတ်တိုင်းကျ အဝေးပြေးဂိတ်ချ/အိမ်အရောက် ဈေးနှုန်းချိုသာမှန်ကန်သော အမြန်ချောပို့ Delivery service ဖြင့်ပို့ဆောင်ပေးလျက်ပါ ။

သိလိုပါက Messenger,Comments,Phone ကြိုက်နှစ်သက်ရာကနေ ထပ်မေးလို့ရပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ ။

🍷 ဖန်လုံးအလှလေးတွေ ဆိုဒ်စုံပြန်ရပါပြီ 🍷ငါးလေးတွေ မွေးတယ်ဆိုတာ 😊 ၊ စိတ်ပျော်ရွှင်ဖို့😄 ၊ စိတ်ပင်ပန်း နွမ်းနယ်မှုလေးတွေကို...
15/11/2022

🍷 ဖန်လုံးအလှလေးတွေ ဆိုဒ်စုံပြန်ရပါပြီ 🍷

ငါးလေးတွေ မွေးတယ်ဆိုတာ 😊 ၊ စိတ်ပျော်ရွှင်ဖို့😄 ၊ စိတ်ပင်ပန်း နွမ်းနယ်မှုလေးတွေကို😕 ကြည့်ရူရင်း ဖြေဖျောက်ဖို့ အတွက်ပဲ ဖြစ်ပါတယ်

ဒါကြောင့် ​ငါးလေးတွေကို မှန်ကန်နဲ့ မွေးတာထက် မိမိ အခန်းထဲမှာ Fancy ဖန်လုံးလေးနဲ့
အပင်အစစ်ကလေးရယ် ရောင်စုံငါးလေးတွေရယ် ဆိုရင်? 🤔

ဘယ်လောက် စိတ်ကြည်နူး ပျော်ရွှင်ဖို့ ကောင်းမလဲ... စိတ်ချမ်းသာဖို့🍀🍀

ဖန်လုံး ​လေးတွေ Size စုံ ရောက်ပါပြီ

အများကြီး ပါတာ မဟုတ်တော့ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး ရွေးနိုင်မှ စိတ်ချရပါမယ်နော် ။

⚠️ အပင််ကန်အလန်းစားဖန်တီးချင်သူများ ၊ရေထဲစိုက်လို့ရတဲ့အပင်အိုးလေးများ လုပ်ချင်သူများ လက်မနှေးဖို့လိုမယ်နော် 🤗

📱 09- 266700096
📱 09- 266700095

📦ကားထွက်သည့်မြို့များ ဂိတ်အရောက်ပို့ပေးသည်။
( ⚠️ပို့ခ၊ ဖော့ပုံးခ၊ တန်ဆာခ ရှင်းရမည်။ )

အိမ်အရောက်လာဝယ်ယူလို့ရသလို
🚘ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မြို့နယ်တိုင်းသို့ အရောက်ပို့ဆောင်ပေးနေပါတယ်ဗျ
🚙 ရန်ကုန်ပြင်ပ အနယ်အနယ်အရပ်ရပ်သို့လည်း Customers များစိတ်တိုင်းကျ အဝေးပြေးဂိတ်ချ/အိမ်အရောက် ဈေးနှုန်းချိုသာမှန်ကန်သော အမြန်ချောပို့ Delivery service ဖြင့်ပို့ဆောင်ပေးလျက်ပါ ။

သိလိုပါက Messenger,Comments,Phone ကြိုက်နှစ်သက်ရာကနေ ထပ်မေးလို့ရပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ဗျာ ။

12/11/2022

ဝမ်းမကောင်းကြသူများ 😂

ကဲ လက်သွက်မယ်နော် Whisper Pet "Tofu" Cat Litter 6L - 9500 MMK (ပထမဆုံလာဝယ်တဲ့ ၁၀ သာ )မူရင် price - 10500 MMK 💢 Tofu ရဲ့ ...
12/11/2022

ကဲ လက်သွက်မယ်နော်

Whisper Pet "Tofu" Cat Litter 6L - 9500 MMK (ပထမဆုံလာဝယ်တဲ့ ၁၀ သာ )

မူရင် price - 10500 MMK

💢 Tofu ရဲ့ အားသာချက်ကတော့ အတောင့်ဖြစ်လို့ ဖုန်/အမှုထခြင်းမရှိပါဘူး

💢 အစေ့မဟုတ်တဲ့ အတွက် ပြန်ကျုံ့ခြင်းသက်သာပြီး အိမ်ကိုသန့် ရှင်းစေပါတယ် ( ကြောင်လေးတွေ ဗန်းထဲက ယက်လိ ု့အပြင်ထွက် ရင်လည်း လှဲကျင်းရလွယ်ကူပါတယ်)

💢 ရေတွင်ပျော်ဝင်သော သတ္တိရှိသောကြောင့် အိမ်သာထဲ လွယ်ကူစွာ စွန့်ပစ်နိုင်ပါတယ်

Scents
—————
Peach 🍑
Rose 🌹
Lavender 💜
Green Tea🍃

🚚ပစည်းရောက် Cash On Delivery ဖြင်လဲပေးချေနိုင်ပါသည်

📲နယ်order များ ငွေလွှဲဝင်ပြီတာနဲ့ ဂိတ်တင်ဖို့ Delivery အပ်ပေးပါမယ်

🚌ဂိတ်တင် Delivery Fees နဲ့ တန်ဆာခ ကို မှာယူသူဖက် မှ ရှင်းပေးရပါမယ်ရှင့်

Betta Fish လေးတွေကိုအစာမကျွေးပဲဘယ်နှရက်ထားလို့ရလဲ ။ 🐠🔥ပျှမ်းမျှအားဖြင့် ၁၀ရက်လောက်ထိဘာမှမကျွေးလဲရပါ ။ ဒါမယ့် အစာအဟာရမရှိ...
12/11/2022

Betta Fish လေးတွေကိုအစာမကျွေးပဲဘယ်နှရက်ထားလို့ရလဲ ။ 🐠🔥

ပျှမ်းမျှအားဖြင့် ၁၀ရက်လောက်ထိဘာမှမကျွေးလဲရပါ ။ ဒါမယ့် အစာအဟာရမရှိတဲ့အခါလူတွေလိုပဲငါးလဲပိန်ခြုံးလာမယ် ၊ ရောဂါတေဝင်လာမယ် ၊ ကြီးထွားဖွံ့ဖြိုးမှုမရှိတော့ဘူး စသဖြင့်ပေါ့ ။

အနည်းဆုံးတော့ ၃ ရက် တစ်ကြိမ်ကျွေးသင့်ပါတယ် ။

Admin ကတော့တစ်ရက်ကို ၂ကြိမ်ကျွေးပါတယ် ထိန်းကျွေးပါတယ် အစာအများကြီးကျွေးတာ ၊ ခနခနကျွေးတာ ( over feeding ) မျိုးလုံးဝမလုပ်ပါဘူး ။ အလွန်အကျွန်မလုပ်ပါနက် အစာမကျွေးပဲထားလို့တော်ရုံမ Thay ပေမယ့် အများကြီးကျွေးပြီးအစာတေမကုန်တာ ၊ ရေပေါ်ပေါ်နေတာ ၊ ရေနက်ပျော်ဝင်ပြီး ရေ quality ကျဆင်းလာတာ ကနေ ရောဂါတေဝင်လာနိင်ပါတယ် Dropsy ဖြစ်နိင်ချေရှိပါတယ် ဒါကြောင့် Over Feeding မလုပ်ကြပါနက် ။ ( တစ်ခါကျွေး ၄စေ့လောက်ပဲကျွေးပါ )
အစာခြောက်ပဲကျွေးနေရင် ၁ပတ်ကို၂ရက်ဆက်တိုက်အူလမ်းကြောင်းရှင်းတဲ့အနေနက်အစာဖျက်ပေးပါဗျ

ငါးတစ်ကောင်နက်တစ်ကောင်စားနိင်ပုံ အစာချေဖျက်နိင်ပုံမတူညီပါဘူး ။ ဒါကြောင့်မိမိငါးလက်ခံနိင်လောက်တဲ့အနေအထားထိပဲကျွေးပါအများကြီးကျွေးလို့အများကြီးလှလာတာမရှိပါဘူး အများကြီးThayကုန်မယ် ။ သူများပြောသလိုအတိအကျလဲလိုက်ကျွေးစရာမလိုပါဘူး ။ ( ရာသီဥတုအေးလျှင် အစာလျော့ကျွေးပါ )

Betta လေးတေဟာ အမဲလိုက်တာကိုပိုကြိုက်နှစ်သက်တဲ့အတွက် အစာရှင်ကိုပိုသဘောကျပါတယ် ။

မူရင်postပိုင်ရှင်အားcrdပေးပါတယ်

MR. CHUN HYPER GROWTH (ရေမြုပ်စာ) 200g လေးတွေရောက်ပါပြီPrice MR. CHUN HYPER GROWTH200g -6000Kyats.အခုတလော အရမ်းနာမည်ကြီး...
11/11/2022

MR. CHUN HYPER GROWTH (ရေမြုပ်စာ) 200g လေးတွေရောက်ပါပြီ

Price MR. CHUN HYPER GROWTH200g -6000Kyats.

အခုတလော အရမ်းနာမည်ကြီးနေပြီး Feedback ကောင်းတွေရ နေတဲ့ အစာတံဆိပ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်ဗျ။ အဲ့ဒိအစာတံဆပ်လေးကတော့ MR.CHUN ပဲဖြစ်ပါတယ်ဗျ။ ငါးလေးတွေက MR.CHUN အစာတစ်ခါစားပြီးသွားရင် MR.CHUN မှ MR.CHUN ဖြစ်နေလို့ နောက်အစာတွေတောင် မစား ချင်တော့ပါဘူးတဲ့ဗျ။ မြန်မာလို အညွှန်းလေးတွေလည်း ပါဝင်တာကြောင့် အလွယ်တကူ နားလည်နိုင်ပါတယ်ဗျ။ ☎ Protein နဲ့ Sprulina ပါဝင်တာကြောင့် လျင်မြန်စွာကြီးထွားစေပြီး အရောင်တက်စေပါတယ်ဗျ။ ရေပေါ်စာ၊ ရေအောက်စာ သီးသန့်ရှိတာကြောင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ဗျ။

 #ဝါးပိုးအစာခြောက်Qualityကောင်းကောင်း/အစာကောင်း ကောင်း ကိုရွေးချယ်မဲ့ မိတ်ဆွေများအတွက်ပါနော်အရောင်ထွက်အားလည်းကောင်း အကော...
11/11/2022

#ဝါးပိုးအစာခြောက်

Qualityကောင်းကောင်း/အစာကောင်း ကောင်း ကိုရွေးချယ်မဲ့ မိတ်ဆွေများအတွက်ပါနော်

အရောင်ထွက်အားလည်းကောင်း အကောင်ကြီးထွားမှုလည်းကောင်းပေါ့

ဒါ့အပြင် Proteinနဲ့ Vitaminများကိုအပြည့်အဝရစေပါတယ်

ဗူးတစ်ဗူးကို အထုပ်ကြီးတစ်ထုပ်ကို 200g ပါပါတယ်ရှင်

Date က လုံးဝ fresh date ပါ

တစ်ဆင့်ပြန်လည်ရောင်းချလိုတဲ့ မိတ်ဆွေများအတွက်လဲလက်ကား ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်

Price-8000Ks

ပုံနောက်ဆုံးကပြထားတဲ့
Arowana (Luckyfish),
ပဲရော့(Blood Parrot fish),
ဖလားဝါးဟွန်း(Flower horn),လိပ်,ငှက်,
ကြွက်(hamster) စသည် အကောင်လေးတွေကိုကျွေးလို့ရတယ်နော်

Mr Chun နဲ့ Uncle Lay တို့ရဲ့ နာမည်ကြီးလူကြိုက်များတယ့် Betta Fish Food ငါးစာထုပ်လေးကို ဝယ်ယူရရှိနိုင်ပါပြီ ။ 10 g တစ်ထု...
10/11/2022

Mr Chun နဲ့ Uncle Lay တို့ရဲ့ နာမည်ကြီးလူကြိုက်များတယ့် Betta Fish Food ငါးစာထုပ်လေးကို ဝယ်ယူရရှိနိုင်ပါပြီ ။

10 g တစ်ထုပ် - ၂၂၀၀ ကျပ်

အစာ size အနေအထား - 0.7 mm

Betta Fish Food ကို မျှင်ပုဇွန်၊တူနာငါးအရသာဖြင့် ထုတ်လုပ်ထားပြီး
Protein 50%
Spirulina 10%
Fat 5%
Fibers 5% ပါဝင်တာမို့ Betta လေးတွေရဲ့ အရောင်အသွေးလှပခြင်းကို အထောက်အကူပြုပေးသည့်အပြင် ငါးသားဖောက်ရာတွင်လဘ်း ပိုမိုကောင်းမွန်စေပါတယ် ။အစာကျွေးတယ့်ခါမှာလည်း ရေပေါ်အဆီဝှေ့တာမျိုးတွေ မဖြစ်စေပါဘူး ။

Review ကောင်းတွေလည်း တော်တော်များများရရှိထားတယ့် ငါးစာကောင်းလေးတစ်ခုပါ ။

Mr.Chun SHRIMP FOOD 15ဂရမ်ပါ ၂၀၀၀ကျပ်ပါMr.Chunပုစွန်စာများတွင်High Grade Protein 50%အပြည့်အဝပါဝင်ပီး၊ပုစွန်များရဲအရောင်အ...
10/11/2022

Mr.Chun
SHRIMP FOOD 15ဂရမ်ပါ ၂၀၀၀ကျပ်ပါ

Mr.Chunပုစွန်စာများတွင်High Grade Protein 50%အပြည့်အဝပါဝင်ပီး၊
ပုစွန်များရဲအရောင်အသွေးများကိုဖြည့်စွက်အစာဖြစ်တဲ့🦠Spirulina & Astaxanthin🔴ပါဝင်ပါသည်။
ပုစွန်များရဲ့လိုအပ်ချက်များဖြစ်သောဗီတာမင်များကိုလဲVitamins :💊D,B-1,B-2,B-4,
B-12,D-3,K-4,C,A,Eဖြည့်စွက်ပါဝင်ပါသည်။
ရေအတွက်ဂေဟစနစ်ကိုလုံးဝမပျက်စီးပါခင်ဗျာ။

⚠️အစာပုံစံမှာအကြေစပုံစံဖြစ်တဲ့အတွက်ပုစွန်သားပေါက်၊ပုစွန်ငယ်၊ပုစွန်ကြီးများစားနိုင်အောင်ပြုလုပ်ပေးထားပါတယ်

⚠️သတိပေးချက်-အစာများကိုအလွန်အကျွံမကျွေးပါနှင့်

⚠️အစာကျွေးနည်း-ပုစွန်အစာများမှာအကြေအစများဖြစ်သည့်အတွင်ဖြူးကျွေးလျှင်ရေပေါတွင်ခတ္တခဏပေါ
နိုင်ပီးအချိန်တစ်ခုရောက်လျှင်ရေထဲသို့မြုပ်သွားပါမည်။ထို့ကြောင်အစာမှုန့်များကိုလက်ဖြင့်ကိုင်၍ရေထဲသို့နစ်ကျွေးရပါမည်။အစာများရေထဲထို့ကျဆင်သွားပါမည်

⚠️ပုစွန်အစာကျွေးဖန်တိုင်နှင့်အစာခွက်များခံကျွေးလျှင်ပိုကောင်ပါသည်

⚠️ပုစွန်သားပေါက်နှုန်းကိုမထိခိုက်ပါ။စမ်းသပ်ချက်အရသားပေါက်နှုန်းပိုကောင်းပါတယ်။gayနေသောပုစွန်ထီးများပါပါကတာဝန်မယူပါ😅😂

Mr.CHUN GUPPY FANCY FISH FOOD(20g)တစ်ထုပ်ရောင်းစျေး-၁၅၀၀ကျပ်⚠️Full Protein-50%ဒေါင်းငါးအမျိုးမျိုးနှင့်ဖန်စီငါးအမျိုးမျိ...
10/11/2022

Mr.CHUN
GUPPY FANCY FISH FOOD(20g)
တစ်ထုပ်ရောင်းစျေး-၁၅၀၀ကျပ်
⚠️Full Protein-50%

ဒေါင်းငါးအမျိုးမျိုးနှင့်ဖန်စီငါးအမျိုးမျိုးကိုကျွေးနိုင်ပါသည်

Mr.Chun Guppy Fancy Food အစာထဲမှာငါးအရောင်အသွေးစိုပြေစေရန်စိမ်းပြာရေညိ(spirulina )နှင့် သဘာဝရေညိမှထုတ်လုပ်သောဂျာမနီနိုင်ငံထုတ်Astaxanthinကိုအသုံးပြုထားပါတယ်။ 🦠Probiotic🦠ပါဝင်တဲ့အတွက်ငါးကန်အတွင်းအကျိုးပြု Bacteria များပေါက်ဖွားမှု့အတွက်အကျိုးပြုသည့်အပြင်ရေထုညစ်ညမ်းမှု့ကိုလျှော့ချပေးပါတယ်။

အစာတွင်အလှမွေးငါးများအတွက်လိုအပ်သော(vitamin)များစွာထည့်သွင်းထုတ်လုပ်ထားပါသည်။ပါဝင်သော vitamin များမှာ vitamin D,D3,B1,B2,B6,B12,K3,C,A,Eဖြည့်စွက် vitaminများစွာကိုထည့်သွင်းထုတ်လုပ်ထားပေးပါတယ်။ထို့ကြောင့်သင်၏အလှမွေးငါးအတွက် vitamin ချို့တည့်မှု့ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

Mr.Chun Guppy Fancy Food
တွင်အသုံးပြုသော အဆီဓာတ်မှာပင်လယ်နက်ငါးအသားမှုန့်မှထွက်ရှိသောသဘာဝငါးဆီများကိုသာ၁၀၀%အသုံးပြုထားပါတယ်။
လူများစားသုံးသောစားဆီစားအုန်ဆီနှင့်ပဲပိစပ်ဆီများနေကြာဆီများလုံးဝမသုံးထားပါ။သဘာဝပင်လယ်ငါးဆီဖြစ်တဲ့အတွက်Omega 3ပါဝင်ပါတယ်ပါကင်အညွန်းထဲးတွင်းထည့်မရေးသားထားပါ။

⚠️ Mr.Chun Fish Food ကုမ္ပဏီမှအလှမွေးငါးစာသီးသန့်ကိုသာထုပ်လုပ်ဖြန့်ဖြူးရောင်ချပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MARGO Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Stores in Yangon

Show All