08/03/2024
မူရင်း Betta Hugo pageအား crd ပေးပါတယ်
♀ How to identify the gender of betta fish ♂
Betta Fish အထီးအမ ခွဲနည်း
1.Egg Spot
2.Color
3.Vertical Strips
4.Body Shape
5.Fins
6.Beard pattern
7.Flaring
8.Aggression
9.Bubble nests
10. Top view
1.Egg Spot (ဥဆံ)
Betta အထီးအမကို Egg Spot (ဥဆံ)အဖြူရောင် ဆားခဲပုံစံအစေ့အစံ ပါရင် ငါးမ၊ မပါရင်ငါးထီးဆိုပြီး အလွယ်တကူခွဲခြားလို့ရပါတယ်။
အရွယ်ရောက်တဲ့ငါးမတွေမှာ ဗိုက်ပူပြီးဥဆံပြူထွက်နေတတ်သလို အရွယ်မရောက်သေး၊ အရွယ်ရောက်ခါစ ငါးထီးတွေမှာလဲ ချွင်းချက်အနေနဲ့ ဥဆံရှိတတ်လို့ ဒီနည်းနဲ့ပုံသေ သတ်မှတ်လို့မရပါဘူး
2.Color
ငါးထီးတွေက အရောင်ပိုတောက်ပပြီး ငါးမတွေထက်ပိုလှပါတယ် ၊ အမြီး၊ ရေယက်၊ အမြီးအတောင် ကြီးမားပြီးပိုလှပ ပါတယ် ချွင်းချက်အနေနဲ့ နေမကောင်းတာ၊ Stress ဝင်နေရင် အရောင်သိပ်မပေါ်လွင်တော့ပါဘူး ချွင်းချက်အနေနဲ့ အရောင်အရမ်းလှတဲ့ငါးမတွေရှိပါတယ်
3.Vertical Strips
အရွယ်ရောက်ပြီးသားငါးမတွေမှာ ဒေါက်လိုက်အစင်းတွေရှိပါတယ်
(4)Body & (5)Shape & Fins
ငါးထီးတွေမှာ ပိန်ပါးရှည်လျားတဲ့ ခန္ဓာကိုယ်ရှိပြီး အမြီးအတောင်၊ ရေယက်တွေဟာ ကြီးမားပြီးအလွန်လှပ ပါတယ် အရွယ်ရောက်ပြီးသားငါးမတွေမှာ ဗိုက်ပူပြီးဥဆံပြူထွက်နေလေ့ရှိပါတယ် အမြီးအတောင် ကတိုပြီးသေးပါတယ်
(6)Beard pattern & (7)Flaring
ငါးထီးတွေမှာ မုတ်ဆိတ်လို့ခေါ်တဲ့ Ventral fin နှစ်ချောင်းကထူပြီးသိသိသာသာရှည်ပါတယ် Flare တဲ့အခါ တောင်ပံလိုရေထဲမှာ လှုပ်ခတ်နိင်ပါသေးတယ် ငါးမရဲ့ Ventral fin နှစ်ချောင်းက ပါးပြီးတိုပါတယ် မျိုးစိတ်တိုင်းမှာခွဲလို့ရပါတယ်ဗျ Flare ရင်ပြန့်ကားလာတဲ့ ပါးဟက်တွေက ငါးထီးမှာပိုကြီးမားပြီး ညီနေရင်အလွန်လှပလွန်းနေပါပြီ
8.Aggression
အရွယ်ရောက်ခါစ ၂လကျော် ၃လအရွယ်ဆို ငါးအုပ်ထဲမှာ အထီးဖြစ်မယ့်ကောင်လေးတွေ ဗီဇပြပါပြီ ဒါကြောင့် ၄လ ကျော်မှ Breeder တွေက သားဖောက်ခိုင်းတာပါ အသက်အရွယ်ငယ်သေးရင် စိတ်မငြိမ်သေးပဲ ဥတွေပြန်စားတတ်သလို ရန်လိုပြီး အသွက်လက်ဆုံး အရွယ်ပါ
9.Bubble nest = ပူစီဖောင်း၊ ရေမြုပ်၊ အသိုက်
အရွယ်ရောက်ပြီးသားနဲ့ရောက်ခါစ ငါးထီးတွေမှာ Bubble nest အများဆုံးလုပ်ကြပါတယ် အကြောင်းရင်းက ကျန်းမာလို့၊ ရေမြေအနေအထားသဘောကျလို့၊ မိတ်လိုက်မယ့်အရွယ်ရောက်လာလို့ပါ ငါးမတွေလဲ ရံဖန်ရံခါ အသိုက်လုပ်တတ်ကြပါတယ်
10.Top view
Betta တစ်ကောင်ကိုအပေါ်စီးကနေ ကြည့်ရတဲ့ Feelကတော်တော်မိုက်ပါတယ် အပေါ်စီးကနေလဲ အထီးအမခွဲခြားနိင်ပါသေးတယ် အစာမကျွေးထားတဲ့ငါးက ဗိုက်ပူပြီး ခန္ဓာကိုယ်တိုတုတ်နေရင် အမဖြစ်ဖို့များပါတယ်
Bubble nest လုပ်တိုင်းမိန်းမပေးစားရမယ်ဆိုတဲ့ logic ကိုမေ့ထားလိုက်ပါ (အပြည့်အစုံဖတ်ရန်)
https://m.facebook.com/story.php?story_fbid=165787709464500&id=100080998148798&mibextid=Nif5oz
Photos from google.Ctto.